အပိုင္း-၅
Unicode...
"မုန်းမာန်ရေ...."
"ဗျာ....."
မုန်းမာန်တစ်ယောက် ပန်းပင်များအား ရေလောင်းနေရင်းမှ လှမ်းထူးလိုက်လေသည်။
"သား ကျောင်းမသွားသေးဘူးလားကွဲ့... ကျောင်းနောက်ကျတော့မယ်လေ....မနေ့ကလဲ ကျောင်းပျက်ထားတဲ့ဟာ...သွား သွား အင်္ကျီသွားလဲချည်... ကြီးမေ ဒါတွေကို မောင်ထူးကို ခိုင်းထားလိုက်မယ် သွား သား...."
"ဟိုလေ ကြီးမေ သားလေ.."
"ဪဒီကလေး ဟိုတွေ ဒီတွေ လုပ်မနေနဲ့ မမနန်း လာရင် ကြီးမေ ကြည့်ကျက်ပြောထားလိုက်မယ်.. သားသာ အင်္ကျီသွားလဲချည်..."
"ဟို အဲ့လိုမဟုတ် ကြီးမေ...
"ကဲ သွားပါဆိုနေမှ...."
"ဟုတ် ကြီးမေ.."
တကယ်တော့ ကျွန်တော့်ကို အန်တီနန်းဆူမှာ ကြောက်လို့မဟုတ်ပါဘူး.. ကျွန်တော် ကျောင်းတက်ရမှာကို ကြောက်နေတာပါ။ အန်တီနန်းနဲ့ ကျွန်တော့်ဦးဦးငယ်တို့ရဲ့သား စိုင်းကောင်းမြတ်ထူးနဲ့ သူ့အပေါင်းအပါတွေက ကျွန်ေတာ့်ကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ကြတယ်။ဟက်.. တကယ်တော့ အန်တီနန်းနဲ့ ဦးဦးငယ်တို့က အန်တီနန်း ဖေဖေနဲ့ မင်္ဂလာမေဆောင်ခင်ကတည်းက လက်ထပ်ထားကြပြီး စိုင်းကောင်းမြတ်ထူးကို မွေးထားကြတာ။ ဖေဖေဆုံးတော့ ဘူးပေါ်သလိုပေါ်လာပြီး မုဆိုးမတစ်ယောက်ဖြစ်သွားလို့ ဦးဦးငယ်နဲ့ပဲ လက်ထပ်လိုက်ရသလိုလို လုပ်ပစ်လိုက်ကြတယ်။ ကျွန်တော် အခုလို ဒီအိမ်ကြီးရဲ့ ကျွန်တစ်ယောက်သာသာ ဘဝရောက်နေရခြင်းရဲ့ အဓိကတရားခံတွေထဲမှာ ဦးဦးငယ်လဲပါပါတယ်။အစကတော့ ကျွန်တော်အရမ်းအံ့ဩမိတယ်..ဦးဦးငယ်ကကျွန်တော့်ကို အရမ်းချစ်တဲ့ဟာ ဒီလိုမလုပ်လောက်ပါဘူးလို့ထင်ခဲ့မိတယ်။
ကျွန်တော်အမှားကြီးမှားသွားခဲ့တယ်.. ဦးဦးငယ်ကိုယ်တိုင် ကျွန်တော့်ကို အိမ်ပေါ်ကနေ နှင်ချခဲ့တယ်။ကျွန်တော်သာ ခုချိန်အိမ်ပေါ်ကဆင်းသွားရင် ဘယ်မှာနေရမှန်းလဲမသိသလို ဘယ်လိုနေထိုင်စားသောက်ရမှန်းမသိလို့ ဦးဦးငယ်ရဲ့ခြေသလုံးကို ဖက်ပီးတောင်းပန်ခဲ့ရတယ်။ဒါတောင် ဦးဦးငယ်က ကျွန်တော့်ကို အိမ်ကထွက်သွားဖို့ပဲပြောနေခဲ့တာ။ဒါပေမယ့် အန်တီနန်းရဲ့ အိမ်မှာထားရင်လည်းထားလိုက်ပါ နန်းတို့ လက်တိုလက်တောင်း ခိုင်းစရာရှိရင်လည်း ခိုင်းလို့ရတာပေါ့ ဆိုတဲ့စကားကြောင့် ကျွန်တော် ဒီအိမ်ကြီးမှာ ဆက်နေခဲ့ရခြင်း ဖြစ်သည်။အဲ့ကတည်းက ကျွန်တော်သိခဲ့တာ ဖေဖေဆုံးတော့ ငါ့မှာ အားကိုးစရာ ဦးဦးငယ်တစ်ယောက်လုံးရှိသေးတယ်ဆိုတဲ့ စိတ်က လေထဲမွာတင် တစ်စဆီ ပျောက်ကွယ်သွားပီဆိုတာကို။အရင်ကလို
ကျွန်တော့်ကို ချစ်တဲ့ ဦးဦးငယ်ဆိုတာ မရှိတော့ဘူး.....
သူ့မိန်းမကို အရမ်းချစ်တဲ့ ဦးဦးငယ်ပဲရှိတော့တယ်။
အရင်ကလို ကျွန်တော့်လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးတဲ့ ဦးဦးငယ်ဆိုတာ မရှိတော့ဘူး....
သူ့သားလိုအင်ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးမယ့် ဦးဦးငယ်ပဲရှိတော့တယ်။
အခုတော့လည်း ကျွန်တော်နေသားကျနေပါပြီ ဒီလိုဘဝမျိုးမှာ.......
Tbc
-------------------*--------------------
Zawgyi...
"မုန်းမာန်ရေ...."
"ဗျာ....."
"သား ကျောင်းမသွားသေးဘူးလားကွဲ့... ကျောင်းနောက်ကျတော့မယ်လေ....မနေ့ကလဲ ကျောင်းပျက်ထားတဲ့ဟာ...သွား သွား အင်္ကျီသွားလဲချည်... ကြီးမေ ဒါတွေကို မောင်ဦးကို ခိုင်းထားလိုက်မယ် သွား သား...."
"ဟိုလေ ကြီးမေ သားလေ.."
"ကဲ သွားပါဆိုနေမှ...."
"ဟုတ် ကြီးမေ.."