အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၎
အပိုင်း-၅
အပိုင်း-၆
အပိုင်း-၇
အပိုင်း-၈
အပိုင်း-၉
အပိုင်း-၁၀
အပိုင်း-၁၁
အပိုင်း-၁၂
အပိုင်း-၁၃
အပိုင်း-၁၄
အပိုင်း-၁၅
အပိုင်း-၁၆
အပိုင်း-၁၇
အပိုင်း-၁၈
အပိုင်း-၁၉
အပိုင်း-၂၀
အပိုင်း-၂၁
အပိုင်း-၂၂
အပိုင်း-၂၃
အပိုင်း-၂၄
အပိုင်း-၂၅
အပိုင်း-၂၆
အပိုင်း-၂၇
အပိုင်း-၂၈
အပိုင်း-၂၉
အပိုင်း-၃၀
အပိုင်း-၃၁
အပိုင်း-၃၂
အပိုင်း-၃၃
အပိုငျး_၃၄
အပိုင်း_၃၅
အပိုင်း_၃၆
အပိုင်း_၃၇
အပိုင်း-၃၈
အပိုင်း-၉
ရေအောက်နန်းတော်တွင်......

ဖွင့်ထားသော နန်းတော် တံခါးရွက်အား အနောက်မှနေ၍ ဆွဲလိုက် တွန်းလိုက်ဖြင့် အပြင်သို့ ချောင်းမြောင်းနေသော ကောင်ငယ်လေးတစ်ယောက်....

"ဟွန့်.. အဲ့ဒီ ငါ့အမဆိုတဲ့ ဟာကြီးကို မုန်းလိုက်တာ... သူ့ကြောင့် ငါ အပြင်မထွက်ရတာ..ဖေဖေကလည်း သူ့သမီးစကားဆို ဘယ်တော့မှ မပယ်ရှားဘူး... ငါပြောရင်သာ ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်နဲ့....တစ်ယောက်မှ အကျင့်မကောင်းကြဘူး.. ငါ့ကို အခန်းထဲပိတ်ထားကြတယ်...ဘာပဲဖြစ်ဖြစ် ငါဒီနေ့တော့ အပြင်ကိုရောက်အောင်ထွက်မယ်.."

*အင်းး...ထွက်မယ်လို့သာပြောတာ ငါ့အခန်းရှေ့က ရေသူထီးအစောင့်နှစ်ယောက်က သေရင်တောင်ခွာမယ့်ပုံမပေါ်ဘူး..*

ထို့နောက် အခန်းထဲသို့ ဝေ့ဝဲကြည့်လိုက်လေရာ...အလှအနေနဲ့ ထိုးထားသော ကျောက်ခတ်လေးများအားတွေ့လိုက်ရလေသည်။
ထိုကျောက်ခတ်လေးများထဲမှ တစ်ခတ်အားယူ၍ အခန်းတံခါးနားသို့ တစ်ဖန်ပြန်သွားလိုက်လေသည်။ပြီးနောက် အစောင့်နှစ်ယောက်နှင့် အလှမ်းဝေးသော နေရာသို့ ကျောက်ခတ်လေးအား ပစ်လိုက်လေရာ ဒုတ် ဟူသော အသံနှင့်အတူ နှစ်ယောက်သား အလန့်တကြားပြေးကာ သွားကြည့်ကြလေတော့သည်။ထိုအခါမှ သူလည်း အနောက်မှနေ၍ အသာအယာလေး ကုပ်ကုပ် ကုပ်ကုပ်ဖြင့် အပြင်သို့ ပြေးထွက်ခဲ့လေတော့သည်။

"ရေး...ရို့..ရို့...ငါအပြင်ရောက်ပီကွ...ပျော်လိုက်တာ.."

"ငါ့ကို အခန်းထဲမှာ အကြာကြီးပိတ်ထားတဲ့အတွက် ဒီနေ့တော့ အတိုးရော အရင်းရောပါပေါင်းပီး အပြင်မှာ အပြတ်လျှောက်သွားပစ်မယ်.."

*ဒါနဲ့ ဒီနေ့ ဘယ်သွားရင်ကောင်းမလဲ..အွန်န်န်...စဥ်းစားစမ်း...စဥ်းစား...ဟာ...ဟိုမှာ..fiveပါလား...သူတို့တွေ အုပ်စုလိုက်ကြီး ဘယ်သွားမလို့ပါလိမ့်..ငါသွားမေးကြည့်ဦးမှ..*

ကကြိုးလည်း ခပ်လှမ်းလှမ်းမှာ မြင်နေရသော five ဆိုသည့် ငါးအဝါရောင်လေးအနားသို့သွားလိုက်ကာ..

"ဟေ့ကောင် five "

"ဟာ ကကြိုး..မင်းဘယ်သွားမလို့လဲ.."

"အာ..ငါလား..မသိသေးပါဘူးကွာ..ဘယ်သွားရမှန်း..ဒါနဲ့ မင်းတို့ကရော အုပ်စုလိုက်ကြီး ဘယ်သွားကြမလို့လဲကွ.."

"ငါတို့လား..ငါတို့က သန္တာကျောက်တန်းတွေဆီသွားမလို့လေ.."

"အမ်..သန္တာကျောက်တန်း..ဟုတ်လား..ငါတစ်ခါမှ မမြင်ဖူးဘူးကွ.."

"ဒါဆို မင်းလိုက်ချင်ရင် လိုက်ခဲ့ပါ့လား.."

"အေး လိုက်ခဲ့မယ်..အဲ့တာဘယ်လိုမျိုးလဲ ငါသိချင်တယ်"

"မင်းမသိရင် ငါသိသလောက်တော့ ပြောပြမယ်ကွာ"

"အာ့ဆိုလည်း ဆိုစမ်းပါဦးကွ"

"ဒါဆို ငါမင်းကို သန္တာကျောက်တန်းတွေပေါ်ပေါက်လာပုံကနေ စပြောပြမယ်....

..သန္တာကျောက်တန်းတွေဖြစ်ပေါ်လာဖို့ သန္တာကောင်လေးတွေလိုအပ်တယ်ကွ..

..သန္တာကောင်(coral)လေးတွေက အစုလိုက်အပြုံလိုက်နေထိုင်ကြရာကနေ သူတို့သေဆုံးတဲ့အခါကျရင် ထုံးကျောက်ပုံသဏ္ဍာန်ပြောင်းသွားပီး သန္တာကျောက်တန်း(coral-reef)အဖြစ်ပြောင်းသွားကြတာကွ...

..နောက်ပီး အဲ့ဒီ သန္တာကောင်လေးတွေက သန္တာကျောက်တန်းတွေထဲမှာပဲ နေထိုင်ကြတာ..

..သူတို့ အသက်ရှင်နေထိုင်ဖို့အတွက် နေရောင်ခြည်ကိုလည်း လိုအပ်တာမို့လို့ သူတို့တွေအကုန်လုံးက ရေတိမ်ပိုင်းမှာပဲနေကြတာကွ.."

"ဒါကြောင့် ငါတို့နေတဲ့ မြစ်ထဲမှာမရှိတော့ ငါမမြင်ဖူးတာကိုး"

"..ပီးတော့ သန္တာကျောက်တန်းတွေက ပင်လယ်သမုဒ္ဒရာတွေမှာ ဖြစ်ပေါ်တတ်တဲ့ လှိုင်းဒဏ်| လေဒဏ်တွေရဲ့ အရှိန်ကို လျော့ချပေးတဲ့အပြင် မုန်တိုင်းအရှိန်ကိုလည်း လျော့ချပေးတယ်...

..နောက် အားပြင်းတဲ့မြေငလျင်ကြီးတွေလှုပ်လို့ ပင်လယ်သမုဒ္ဒရာကြမ်းပြင်တွေ အက်ကွဲလာတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ ဧရာမဆူနာမီ ရေလှိုင်းလုံးကြီးတွေရဲ့ အရှိန်ကို လျော့ချပေးသေးတယ်ကွ.."

"ဒါနဲ့ အဲ့သန္တာကျောက်တန်းတွေက ဘယ်လိုပုံစံလေးတွေလဲဟင်"

"အင်း... ဘယ်လိုပြောရမလဲ

...သူတို့က အမျိုးအစား အမျိုးမျိုးလည်း ရှိသလို ပုံသဏ္ဍာန်အမျိုးမျိုးလည်းရှိတယ်ကွ... ငါလဲသေချာမသိဘူး...ဒါပေမယ့် အရောင်အသွေးစုံစုံလင်လင်ရှိတယ်ကွ...အဖြူ | ပန်းရောင် | အဝါ| အညို | အပြာ| အစိမ်းရောင်... အဲ့တာတွေအပြင် တစ်ခြားအရောင်တွေလည်း ရှိသေးတယ်ကွ...

...ပီးတော့ သန္တာကျောက်တန်းတွေထဲမှာ သန္တာကောင်လေးတွေအပြင် ငါးတို့၊ ပုစွန်တို့၊ ပင်လယ်လိပ်တို့လို အခြားရေနေသတ္တဝါလေးတွေလည်း နေထိုင်ကြတယ်ကွ...ဟီး ဟီး...သားပေါက်ပီး သားလောင်းလေးတွေ ကျက်စားဖို့ရာအတွက်လေကွာ...

အာ့ကြောင့် ငါလဲ သွားလေ့လာမလို့... ငါ့ကလေးတွေမွေးလာရင် ဘယ်လိုနေရမလဲသိအောင်..."

"အမ်... အာ့ဆို မင်းက သွားလေ့လာမလို့ ဆိုတော့ တစ်ခါမှမရောက်ဖူးဘူးပေါ့... မရောက်ဖူးဘဲနဲ့ ငါ့ကိုပြောပြနေတာပေါ့လေ... မင်းပြောပြတာတွေက မှန်ရောမှန်ရဲ့လားကွာ...အကုန် ရမ်းရွှီးနေတာမို့လား..."

"ဟာ ဟေ့ အဲ့လိုတော့လာမပြောနဲ့... ငါ့မှာ ဒီအကြောင်းတွေသိအောင် ပင်လယ်ဇင်ယော်ငှက်တစ်ကောင်ကို မေးထားရတာကွ"

"သူပြောတာတွေက မှန်ပါ့မလားဟ"

"ငါ့အထင်တော့ မှန်မယ်ထင်တယ်... သူက ခဏတိုင်း လူတွေအနားကို သွားနေတာဆိုတော့ ဟုတ်လောက်မယ်လို့တော့ထင်တာပဲ.."

"မင်းပြောပြသလို ဟုတ်လား မဟုတ်လားဆိုတာ ဟိုရောက်မှ သေချာကြည့်ကြတာပေါ့ကွာ.... ဒါနဲ့ မင်းရဲ့ သန္တာကျောက်တန်းတွေဆီက မရောက်သေးဘူးလား ကြာလိုက်တာကွာ.."

"ကြာဦးမယ်လေကွာ.. ငါတို့က ဖူးခက်ထိသွားမှာဆိုတော့.."

"အမ်.. ဘာ ဖူးခက်ထိ ဟုတ်လား.."

"အင်း.. ဟုတ်တယ်လေကွာ.. ခုတောင် ထိုင်းပင်လယ်ကွေ့ရောက်နေပီ... နည်းနည်းလောက်ဆက်သွားရင် ရောက်ပါပီကွ.."

"ဟင်းးး...အာ့ဆိုလည်း ဆက်သွားပေဦးတော့ပေါ့.."

"‌ဪ.. ဒါနဲ့ မင်းသိလား..ငါ့တို့ ထိုင်းက သန္တာကျောက်တန်းတွေထက် မြန်မာနိုင်ငံ| တနင်္သာရီတိုင်းက သန္တာကျောက်တန်းတွေက ပိုလှတယ်လို့ပြောတယ်ကွ.."

"ဘာလဲ အဲ့တာလဲ ဟိုငှက်ကပြောတာပဲလား.."

"ဟီး ဟီး... ဟုတ်တယ်...အယ် ပီးတော့ပြောပြရဦးမယ်...

...သန္တာကျောက်တန်းတွေက လူတွေအသုံးပြုတဲ့ ငါးဖမ်းပိုက်ကွန်တွေကြောင့် ကျိုးပဲ့ပျက်စီး ကုန်ကြတယ်တဲ့..."

"ဟွန့်.. အဲ့တာတော့ လူတေွက မကောင်းပါဘူး..သဘာဝအလှတရားတွေကို ဖျက်စီးပစ်ကြတယ်.... သူတို့ ပစ္စည်းမဟုတ်တိုင်း.."

"လူတွေက ဘာကောင်းလို့လဲကွာ.. ငါတို့နေထိုင်တဲ့ ရေပြင်ထဲကို အမှိုက်တွေ| ပလပ်စတစ်ပစ္စည်းတွေနဲ့ အခြားစွန့်ပစ်ပစ္စည်းတေွကို လွှင့်ပစ်ကြတယ်... ဒါကိုမသိတဲ့ ငါတို့လို ‌ေရသတ္တဝါတွေက အစာထင်ပီးစားကြ ပီးတော့ သေကြနဲ့ သူတို့မို့ မစာမနာလုပ်ရက်ကြတယ်...တော်တော် ရက်စက်ကြတဲ့ လူတွေ..."

"ဟုတ်ပါရဲ့ကွာ.."

"ဟာ ကကြိုး ‌ေဟ့ကောင် ဟိုမှာကြည့်စမ်း ငါတို့ရောက်ပီကွ.."

"ဟာ ဟုတ်သားပဲ.... ဝါး... လှလိုက်တာကွာ.... မင်းပြောတဲ့အတိုင်းပါလားကွ.."

"လာ ငါတို့ ဟိုဘက်နားသွားကြည့်ရအောင်.."

ကကြိုးလည်း five ခေါ်သွားရာနောက်သို့ လိုက်ကြည့်လိုက်လေရာ...

အရမ်းကို လှပသည်ထက်ပို၍ လှပသော သန္တာကျောက်တန်းများအပြင် ရောင်စုံငါးမျိုးစိတ်များ| ပုစွန်များ| ပင်လယ်လိပ်များ| ခုံးကောင်များ| ပင်လယ်ရေမြုပ်ကောင်များ|sea horse များ အပြင် အခြားသော ရေနေသတ္တဝါမျိုးစိတ်ပေါင်းများစွာကိုပါ တွေ့ရလေသည်။

"မင်းသိလား five ငါတော့ ငါ့ဘဝတစ်လျောက်လုံး ဒီလောက်လှပတဲ့ နေရာမျိုး မတွေ့ဖူးဘူးကွ"

"ငါရောပဲ ကကြိုး... ငါတော့ ခုကစပီး ငါးမလေးတွေကို လိုက်တော့မယ်ကွာ.."

"မင်းက ဘာလုပ်ဖို့လိုက်မှာလဲ.."

"ဟီး... မြန်မြန် သားပေါက်အောင်လုပ်ပီး ဒီမှာ လာနေမလို့ပေါ့ကွ.."

"အပိုတွေ ဟေ့ကောင် မင်းသာနေချင်တဲ့ ဆန္ဒရှိရင် လိုက်စရာကိုမလိုဘူး ခုနေခဲ့လို့ရတယ်.."

"ဟာ မင်းကလဲ တစ်ယောက်ထဲတော့ မနေချင်ပါဘူး.. ငါလဲ မိသားစုလေးနဲ့နေချင်တာပေါ့ကွ.. ဟဲဟဲ.."

"ဟွန့် လာသေးတယ်"

ထိုနေ့က ကကြိုးတစ်ယောက် ဖူးခက်မှာပျော်နေသလောက် နန်းတော်ကအခန်းရှေ့မှာ ကကြိုးပျောက်သွားလို့ ခေါင်းမီးတောက်နေတဲ့ အစောင့်နှစ်ယောက်လဲ ရှိလေရဲ့။

Tbc.

--------------*------------ 

ရေအောက်နန်းတော်တွင်......







'ဒါနဲ့ ဒီနေ့ ဘယ်သွားရင်ကောင်းမလဲ..အွန်န်န်...စဉ်းစားစမ်း...စဉ်းစား...ဟာ...ဟိုမှာ..fiveပါလား...သူတို့တွေ အုပ်စုလိုက်ကြီး ဘယ်သွားမလို့ပါလိမ့်..ငါသွားမေးကြည့်ဉီးမှ..'


"ဟေ့ကောင် five "








"အာ့ဆိုလည်း ဆိုစမ်းပါဉီးကွ"


..သန္တာကျောက်တန်းတြွေဖစ်ပေါ်လာဖို့ သန္တာကောင်လေးတွေလိုအပ်တယ်ကွ..








"အင်း... ဘယ်လိုပြောရမလဲ









"ကြာဉီးမယ်လေကွာ.. ငါတို့က ဖူးခက်ထိသွားမှာဆိုတော့.."



"ဟင်းးး...အာ့ဆိုလည်း ဆက်သွားပေဉီးတော့ပေါ့.."



"ဟီး ဟီး... ဟုတ်တယ်...အယ် ပီးတော့ပြောပြရဉီးမယ်...


"ဟွန့်.. အဲ့တာတော့ လူတွေက မကောင်းပါဘူး..သဘာဝအလှတရားတွေကို ဖျက်စီးပစ်ကြတယ်.... သူတို့ ပစ္စည်းမဟုတ်တိုင်း.."

"လူတွေက ဘာကောင်းလို့လဲကွာ.. ငါတို့နေထိုင်တဲ့ ရေပြင်ထဲကို အမှိုက်တွေ| ပလပ်စတစ်ပစ္စည်းတွေနဲ့ အခြားစွန့်ပစ်ပစ္စည်းတွေကို လွှင့်ပစ်ကြတယ်... ဒါကိုမသိတဲ့ ငါတို့လို ‌ရေသတ္တဝါတွေက အစာထင်ပီးစားကြ ပီးတော့ သေကြနဲ့ သူတို့မို့ မစာမနာလုပ်ရက်ကြတယ်...တော်တော် ရက်စက်ကြတဲ့ လူတွေ..."

"ဟုတ်ပါရဲ့ကွာ.."

"ဟာ ကကြိုး ‌ဟေ့ကောင် ဟိုမှာကြည့်စမ်း ငါတို့ရောက်ပီကွ.."











"ဟွန့် လာသေးတယ်"


Tbc.

--------------*------------ 

© Kout Tay,
книга «My Heart For You».
အပိုင်း-၁၀
Коментарі