အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၂၈
Zawgyi...

ညသည္ အေတာ္ပင္ နက္လာၿပီျဖစ္သည္။
ဧည့္ခန္းေရွ႕က နံရံတြင္ကပ္ထားသည့္ နာရီႀကီး၏ ဘယ္နွခ်က္ေျမာက္မွန္းမသိေသာ အသံကိုနားစိုက္ေထာင္ရင္း ေငးေမာၾကည့္ေနမိသည္။

သူမ်ားေတြလို ဘယ္နွနာရီရွိပါၿပီဟု ေျပာရေအာင္လည္း ကႀကိဳး စာမဖတ္တတ္သလို ေရးလည္းမေရးတတ္။ထူးဆန္းတာတစ္ခုက သူ လူေတြရဲ႕စကားကို အလိုလိုနားလည္ေနျခင္းပင္။

"စိတ္ပူလိုက္တာ ခင္ဗ်ားရယ္ အျပင္မွာဒီေလာက္ေမွာင္ေနတာကို ျပန္မလာေသးဘူး"

အရင္ အေမတို႔နဲ႔ေနခဲ့စဥ္က အကို ညမိုးခ်ဳပ္တဲ့အထိ ျပန္မေရာက္တိုင္း အေမေျပာေလ့ရွိတဲ့စကားကို အခုေတာ့ ကႀကိဳးေျပာေနရၿပီ။

အိမ္ထဲသို႔ စူးရွစြာတိုးဝင္လာသည့္ အလင္းေရာင္ေၾကာင့္ ကႀကိဳးလွည့္ၾကည့္မိေတာ့ အိမ္ေရွ႕ၿခံတံခါးနားတြင္ ရပ္ထားေသာ ကားတစ္စီး။

*ပြမ္ ပြမ္ ပြမ္*

ဟြန္းတီးသံအက်ယ္ႀကီးေၾကာင့္ သတိဝင္လာကာ ၿခံတံခါးနားသို႔ အျမန္ေျပးရသည္။အရင္ေန႔ေတြက သူတံခါးမပိတ္ဘဲ ထားေသာေၾကာင့္ မုန္းမာန္ တစ္ခါတည္းေမာင္းဝင္လာေပမယ့္ အခုတစ္ေလာ စိတ္အားငယ္သလိုျဖစ္ေနတတ္သည့္အျပင္ ေမွာင္လာတာနဲ႔အမ်ွ ေၾကာက္စိတ္အနည္းငယ္ ဝင္လာတတ္သျဖင့္ ရွိသမ်ွအေပါက္ အကုန္ပိတ္ထားကာ အိမ္ေရွ႕တံခါးမႀကီးတစ္ခုပင္ ခ်န္ထားတတ္သည္။

အလ်င္အျမန္ ေသာ့ဖြင့္ကာ တံခါးကို ေဘးသို႔တြန္းဖြင့္လိုက္ေတာ့ ကားအားတရၾကမ္းေမာင္းဝင္လာသည့္ မုန္းမာန္။

အရင္လို သူ႔ကိုပင္လွည့္မၾကည့္ဘဲ အိမ္အေပၚထပ္သို႔ ကမွဴးရွဴးထိုး တက္သြားေလသည္။

"သူ႔အနားက ခ်ဥ္စူးစူးအနံ႔ႀကီးက မခံနိုင္ေလာက္ေအာင္ကို ဆိုးရြားလိုက္တာ"

'အခုမွစဥ္းစားမိတယ္ ဒီအနံ႔က သူငါ့ကို နာေအာင္လုပ္တုန္းက ရတဲ့အနံလိုပဲ ေနာက္ၿပီး Tine နဲ႔ ငါနဲ႔ေရျပင္ေပၚတက္တုန္းက ေသာက္ခဲ့တဲ့ဟာနဲ႔အနံ႔တူသလိုပဲ ဟား Tine ကိုလြမ္းလိုက္တာကြာ'

ကိုယ့္အေတြးနဲ႔ကိုယ္ ၿခံတံခါးအားေသာ့ခတ္၊ တံခါးမႀကီးကိုလည္း ေသာ့ခတ္ကာ စတိုခန္းေလးထဲ ဝင္လာလိုက္သည္။ဒီေန႔အတြက္ သူပင္ပန္းေနၿပီေလ။

ေကာ့ၫႊတ္ေနေသာ မ်က္ေတာင္ရွည္အခ်ိဳ႕ပင္ စင္းက်လာေလၿပီ။မၾကာမီအခ်ိန္အတြင္း၌ သူအိပ္ေပ်ာ္ေတာ့မည္။ေက်ာျပင္က ဒဏ္ရာအခ်ိဳ႕၏ နာက်င္မႈကိုပင္ သူမသိေတာ့။

အေပၚထပ္ရွိ မုန္းမာန္အခန္းထဲက ယူလာသည့္ ေမြ့ယာေပၚတြင္ ဇိမ္က်က်အိပ္ေမာက်ေနသည့္ ေကာင္ေလးတစ္ေယာက္ စတိုခန္းထဲတြင္ ရွိေလသည္။
__________________

*ဒုန္း*

အခန္းတံခါးအားေဆာင့္ပိတ္ကာ ကုတ္အက်ၤီအား ခြၽတ္၍ ကုတင္ေပၚပစ္တင္လိုက္ၿပီး သူလဲ ေနာက္ျပန္လွဲခ်လိုက္ေလသည္။

"အ"

အရင္က အိစက္ေနသည့္ ေမြ့ယာက ဒီေန႔မွ မာေက်ာေနသည္မွာ ဘယ္လိုျဖစ္ရတာပါလိမ့္။

အလ်င္အျမန္ ကုန္းရုန္းထကာ ကုတင္ေပၚကိုၾကည့္လိုက္ေတာ့ ေမြြ႕ယာ၊ ေစာင္အစ ေခါင္းအံုးအဆံုး ဘာတစ္ခုမွရွိမေနေသာ သူ႔ကုတင္အလြတ္ႀကီး။

"ဟား ဒီေကာင္ေလး ငါသူ႔ကိုယူသြားခိုင္းတာ ဒါေတြေရာမဟုတ္ဘူးေလ ဒီေကာင္ကေတာ့လား"

ေျပာရင္းဆိုရင္း စိတ္တိုလာကာ ေအာက္ထပ္ရွိ ကႀကိဳးေနသည့္ စတိုခန္းဆီသို႔ ထြက္လာခဲ့လိုက္သည္။

စတိုခန္းတံခါးအား တြန္းဖြင့္ကာ ဝင္လာလိုက္ေတာ့ သူ႔ေမြ့ယာေပၚတြင္ အားရပါးရ ေျခေထာက္နွစ္ေခ်ာင္းအား ၿဖဲကားကာ အိပ္ေပ်ာ္ေနသည့္ေကာင္ေလး။

အနားသြားကာ လႈပ္နွိုးၿပီး တစ္ခုခုလုပ္မည္ဟု စိတ္ပိုင္းျဖတ္ကာ သြားလိုက္ေသာ္လည္း ပါးေဖာင္းေဖာင္းေလး နွစ္ဖက္ၾကားက စူေထာ္ေနသည့္ နႈတ္ခမ္းပါးရဲရဲေလးေၾကာင့္ တံေတြးအခ်ိဳ႕အားမ်ိဳခ်လိုက္ေလသည္။

"အင္း မဟုတ္လဲ သူအိပ္ေနၿပီပဲ သူသံုးၿပီးသား ငါလဲျပန္မသံုးခ်င္ေတာ့ ထားလိုက္ပါေတာ့ ဒီတစ္ခါေတာ့ ေနာက္တစ္ခါဒါမ်ိဳးလာလုပ္ရင္ မင္းမလြယ္ဘူးမွတ္"

တိုးတိုးေလးေရ႐ြတ္ၿပီး ျပန္ရန္ တံခါးဝဆီသို႔သြားၿပီးကာမွ ေနာက္ျပန္လွည့္လာသည့္ မုန္းမာန္။

*ႁပြတ္*

ကႀကိဳးရဲ႕ စူေထာ္ေနတဲ့ နႈတ္ခမ္းပါးအား တစ္ခ်က္ငံု႔နမ္းလိုက္ၿပီးေနာက္

"တစ္ခုမဟုတ္ရင္ တစ္ခုေတာ့ ျပန္လုပ္ရမွာပဲ မဟုတ္ဘူးလား"

ကိုယ့္ဘာသာ တစ္ေယာက္ထဲေျပာၿပီး ထြက္လာခဲ့လိုက္ေလသည္။

အခန္းထဲက အိမ္မက္ကမၻာထဲ စီးေမ်ာေနတဲ့ ေကာင္ငယ္ေလးကေတာ့ မသိလိုက္ေပ။

___________________

"ဝါးးး!!!"

ခဏမ်ွ သမ္းေဝၿပီးေနာက္ အိပ္ယာေပၚမွထကာ မ်က္ႏွာသစ္ရန္ ထြက္လာခဲ့လိုက္သည္။

မ်က္ႏွာသစ္ၿပီးထြက္လာစဉ္ အိမ္တံခါးမႀကီးဆီ အၾကၫ့္ေရာက္သြားေလသည္။

"ဟင္ အိမ္ထဲဘယ္သူဝင္တာလဲ တံခါးႀကီးကလဲပြင့္ေနတယ္ တစ္အိမ္လံုးမွာလည္း ႏွစ္ေယာက္ထဲပဲရိွတဲ့ဟာ ဒီအခ်ိန္ ကိုမုန္းမာန္ေတာ့ မထေလာက္ေသးပါဘူး အာ့ဆို ဘယ္သူလဲ မသိဘူး"

ကႀကိဳး အျမန္ပင္ မ်က္ႏွာသုတ္ကာ အိမ္ထဲသို႔ပတ္ခ်ာလည္ လိုက္ရွာပါေသာ္လည္း လူရိပ္ေတာင္ မျမင္ရေပ။

"ဘယ္သူလဲမသိဘူး ကိုမုန္းမာန္ကို သြား‌ေျပာဦးမွပါ"

အေပၚထပ္သို႔ အေျပးတက္လာကာ မုန္းမာန္အခန္းကို ဖြင့္ၾကၫ့္လိုက္ေတာ့ ရိွမေနေသာေၾကာင့္ ဦးေနွာက္အား အလ်င္အျမန္အလုပ္ေပးလိုက္ေလသည္။

"အာ ငါေမ့ေနတာပဲ သူဒီေန့သြားစရာရိွတယ္လို႔ ‌ေျပာထားတာကို"

ေခါင္းတစ္ဆတ္ဆတ္ၿငိမ့္ကာ အေပၚထပ္မွဆင္းလာခဲ့လိုက္သည္။

"ဟင့္ မုန္းလိုက္တာ ခရီးသြားတာကို ငါ့ကိုႏိႈးမသြားဘူး ဘယ္ႏွရက္ၾကာမွာမွန္းလဲ မသိဘူး အနည္းဆံုး မ်က္ႏွာေလးေတာ့ ျမင္ခ်င္ေသးတာေပါ့ အဟင့္ လူဆိုးႀကီး မုန္းတယ္ မုန္းတယ္ သိလား"

ကႀကိဳး ‌ေလွကား‌ေပၚမွ‌ေျခေဆာင့္ဆင္းကာ အက်ယ္ႀကီးေအာ္လိုက္ေလသည္။

____________________

၆ နာရီေက်ာ္‌ေက်ာ္ခန႔္ေမာင္းႏွင္ၿပီးေနာက္ ေရာက္ရိွလာသၫ့္ ၿမိဳ႔။

သူ ဒီကိုမေရာက္ခဲ့တာ အေတာ္ပင္ၾကာခဲ့ၿပီ။
အရာရာတိုင္းသည္ပင္ ေျပာင္းလဲေနေပၿပီ။

'အင္းးး ေရာက္တုန္းေရာက္ခိုက္ ၿမိဳင္ေဟဝန္စံအိမ္ႀကီးဆီ ခဏေလာက္ အလည္သြားရင္ေကာင္းမလား'

"Boss တည္းမယ့္ ဟိုတယ္ကို‌ေရာက္ပါၿပီ"

ဒရိုင္ဘာ၏ ေျပာစကားေၾကာင့္ မုန္းမာန္ ကားထဲမွထြက္ကာ ဟိုတယ္အား တစ္ခ်က္ၾကၫ့္လိုက္ေလသည္။

*Vibration*

"ဟယ္လို"

"Boss မနက္ျဖန္ ၉ နာရီ (×××) ဟိုတယ္မွာ ေလလံပြဲလုပ္မွာပါရွင့္ စံုစမ္းခိုင္းထားတဲ့လူကိုလည္း Boss ေရာက္ေနၿပီျဖစ္ေၾကာင္း အသိေပးၿပီးပါၿပီ မနက္ျဖန္ သူတို႔ ဟိုတယ္ေရ႔ွမွာ ေစာင့္ႀကိဳေနပါလိမ့္မယ္"

"အိုေက မင္းသာ ငါေစာင့္ၾကၫ့္ခိုင္းထားတာကို ေသခ်ာၾကၫ့္ထားေပး"

"ဟုတ္ကဲ့ Boss"

ထို႔ေနာက္ အဆက္အသြယ္ျပတ္ေတာက္သြားၿပီျဖစ္သၫ့္ ဖုန္းေလးအား အက်ႌအိတ္ကပ္ထဲထၫ့္ကာ ဟိုတယ္ထဲသို႔ဝင္လာခဲ့လိုက္သည္။

အခန္းထဲ၌ အေညာင္းေျပ အညာေျပ ေျခလက္ဆန႔္ကာ ခဏနားၿပီးေနာက္ ေရခ်ိဳးရန္ ေရခ်ိဳးခန္းထဲဝင္လာခဲ့လိုက္သည္။

ေမြးပြတဘတ္တစ္ထည္အား ခါး၌ပတ္ကာ အခန္းထဲရိွ ဝန္ထမ္းတစ္ေယာက္လာပို႔သြားသၫ့္ အေအးခြက္အား ကိုင္ကာေသာက္ရင္း ေတာင္ႀကီးၿမိဳ႔၏ ၿမိဳ႔အလွရႈခင္းကို ေငးေမာေနလိုက္သည္။

"အား အခုမွလနဆန္းသြားေတာ့တယ္"

ကႀကိဳးထၫ့္ေပးလိုက္သၫ့္ ခရီးေဆာင္အိတ္အားဖြင့္ကာ အဝတ္အစားလဲရန္ျပင္လိုက္သည္။

"ဟာ ဒါဘာေတြလဲ"

သူ႔ခရီးေဆာင္အိတ္ထဲ အဝတ္အစားေတြပါမယ္ထင္ခဲ့ေပမယ့္ အခုေတာ့ ေခါင္းအံုးတစ္လံုး၊ ေစာင္ႏွင့္ အိပ္ယာခင္းတထည္အား ထၫ့္ေပးလိုက္သၫ့္ ကႀကိဳး။

"ဟား ဒီေကာင္ေတာ့လား"

ေနာက္ဆံုးေတာ့ ျပန္စစ္မၾကၫ့္ခဲ့သၫ့္ ကိုယ့္အျပစ္ပဲဟုေတြးကာ ေျဖသိမ့္လိုက္ေလသည္။

"အခုေတာ့ ငါဘာဝတ္ၿပီးထြက္ရမလဲကို အရင္စဉ္းစားရမယ္"

*Ringing*

"အမိန႔္ရိွပါ Boss"

"ဟို ကြၽန္ေတာ့္ကို အဝတ္အစား တစ္စံုေလာက္ဝယ္ေပးပါဦး"

"ဗ်ာ ဪ ဟုတ္ ဆိုဒ္ ဘယ္ေလာက္ထဲကလဲ Boss ေနာက္ၿပီး ဘယ္လိုပံုအမ်ိဳးအစားထဲက ဝယ္ခဲ့ရမလဲ"

"ဆိုဒ္က (×××) ေပါ့ေပါ့ပါးပါးျဖစ္တဲ့ အဝတ္အစားမ်ိဳးပဲ ဝယ္ခဲ့ပါ"

"ဟုတ္ကဲ့ Boss"

က်သြားသၫ့္ ဖုန္းေလးအားၾကၫ့္ရင္ မုန္းမာန္ ကႀကိဳးကိုသာ က်ိန္ဆဲပစ္လိုက္ခ်င္ေတာ့သည္။
__________________

ေလလံပြဲလုပ္မၫ့္ ဟိုတယ္ေရ႔ွသို႔ ကားရပ္လိုက္သည္ႏွင့္ အနားသို႔ေျပးလာကာ ႀကိဳဆိုေနသၫ့္ လူတစ္ဦး။ဒါသူ့အတြင္းေရးမွဴးေျပာသၫ့္ စံုစမ္းခိုင္းထားသၫ့္ လူျဖစ္လိမ့္မည္။

ခဏအၾကာ၌ ေလလံပြဲစတင္လာကာ ထိုေျမကြက္ကိုလိုခ်င္သၫ့္ လူမ်ားမွာ တစ္ေယာက္ၿပီးတစ္ေယာက္ လုယက္ကာ ေလလံဆြဲၾကေတာ့သည္။

ေျမကြက္ရဲ႕ တည္ေနရာက ဘက္ေပါင္းစံုအတြက္ ဗ်ဴးပြိဳင့္လည္းျဖစ္၊ မိန္းလမ္းမႀကီးနွင့္လည္း နီးသည့္အျပင္ တကယ့္ေနရာေကာင္းျဖစ္တာေၾကာင့္ လိုခ်င္သူမ်ားမွာ ဒုနဲ႔ေဒးပင္။

"ကဲ ေနာက္ဆံုးအေနနဲ႔ သိန္း ၁၃၀၀နဲ႔ ေဈးျပတ္သြပါၿပီ"

*ဒုန္း ဒုန္း*

"ခဏ.. ကြၽန္ေတာ္ သိန္း ၁၅၀၀ ေပးတယ္"

"ဟင္"

"ဟမ္"

"ဟာ"

"ကဲ သိန္း ၁၅၀၀ တဲ့ ဘယ္သူပိုေပးဖို႔ရာ ရွိေသးလဲ ဘယ္သူရွိေသးလဲ"

တစ္ေယာက္မွ ထပ္ထြက္လာသည့္ အသံမရွိတာေၾကာင့္ ေနာက္ဆံုးေတာ့ ေျမကြက္ပိုင္ရွင္ဟာ မုန္းမာန္ျဖစ္လာခဲ့သည္။

"congratulation ပါဗ်ာ"

ဟိုတယ္သို႔ျပန္ရန္ ျပင္ဆင္ေနမိစဥ္ လက္ဆြဲနႈတ္ဆက္လာသည့္ လူတစ္ဦးေၾကာင့္ သူလဲ လူမႈေရးအရ နႈတ္ဆက္ရျပန္သည္။

"ဟိုတယ္ကိုပဲ ေမာင္းရမွာလား Boss "

"သြားစရာတစ္ေနရာရွိေသးတယ္ အဲ့ကိုအရင္ေမာင္းေပးပါ"

"ဟုတ္ကဲ့ Boss"

ကားေပၚ၌ မွိန္းလိုက္လာခဲ့စဥ္ တစ္ေနရာအေရာက္၌ ရပ္တန္႔သြားေသာေၾကာင့္ ခ်က္ခ်င္းမ်က္လံုးပြင့္လာေလသည္။

သူ႔အေရွ႕ရွိ ဒရိုင္ဘာမွ ကားအျပင္သို႔ထြက္ရန္ ျပင္ဆင္ေနေသာေၾကာင့္ လွမ္းေမးလိုက္ေလသည္။

"ဘာျဖစ္တာလဲ"

"ဟို ျဖတ္ေျပးလာတဲ့ ကေလးတစ္ေယာက္ကို တိုက္လိုက္မိသလားလို႔ ဆင္းၾကည့္မလို႔ Boss"

ကေလးကို တိုက္မိတယ္ဆိုေသာေၾကာင့္ မုန္းမာန္ပါ ဆင္းၾကည့္လိုက္ေလသည္။ငိုမဲ့မဲ့မ်က္နွာျဖင့္ ေၾကာက္လန္႔ေနသည့္ ကေလးငယ္အား ျမင္လိုက္ရေတာ့ မဆီမဆိုင္ တစ္ေယာက္ေသာသူအား သတိရမိပါရဲ႕။

'မျဖစ္ေသးဘူး မုန္းမာန္ မင္းစိတ္ထိန္းစမ္း အဲ့တာ မင္းခ်စ္သူကိုသတ္ခဲ့တဲ့သူ မင္းမုန္းရမယ့္သာ'

"ဘာတဲ့လဲ"

ကေလးငယ္အား ေမးျမန္းေနသည့္ ဒရိုင္ဘာအနားသြားကာ ေမးလိုက္ေလသည္။

"ထိခိုက္မိတဲ့ေနရာ မရွိပါဘူး Boss လန္႔ၿပီး လဲက်သြားယံုတင္ပါ"

"ေၾသာ္ အာ့ဆိုလဲ ကေလးကိုေတာ့ သူ႔အိမ္ အရင္လိုက္ပို႔ရေအာင္ "

"ဟုတ္ကဲ့ Boss"

ကားေလးအား မူလဦးတည္ခ်က္ေျပာင္းကာ ကေလးငယ္အိမ္သို႔ ေမာင္းနွင္ခဲ့ေလသည္။

ကေလးငယ္သည္ သူတို႔နွစ္ေယာက္အား ပ်ဥ္ေထာင္အိမ္ေလးထဲသို႔ ေခၚသြားၿပီး သူ၏မိခင္ဆိုသူနွင့္ မိတ္ဆက္ေပးကာ အက်ိဳးသင့္အေၾကာင္းသင့္ေျပာၿပီး ျပန္ထြက္ရန္ျပင္လိုက္စဥ္ မ်က္ဝန္းေထာင့္မွ အသက္ ၆၀ ခန္႔ရွိမည့္ အမ်ိဳးသမီးႀကီးအား ျမင္လိုက္ရေသာေၾကာင့္ မုန္းမာန္ေသခ်ာၾကည့္လိုက္မိေလသည္။

တစ္ျဖည္းျဖည္း သူ႔ဘက္လွည့္လာသည့္ မ်က္နွာေၾကာင့္ မုန္းမာန္ၾကည့္ေနရာမွ ဝမ္းသားအားရျဖင့္ေျပးဖက္လိုက္ေလသည္။

"ႀကီးေမ"

"ဟင္ သား သား မုန္းမာန္လားဟင္ မုန္းမာန္ အသံေလးနဲ႔တူလိုက္တာကြယ္"

"ဟုတ္ပါတယ္ ႀကီးေမ ကြၽန္ေတာ္မုန္းမာန္ပါ"

"အမေလး ဘုရားရွင္ရဲ႕ေက်းဇူးေတာ္ေၾကာင့္ ငါ့သားေလး အသက္ရွင္ေနေသးတာကို ျမင္ေတြ႕ခဲ့ရၿပီ ႀကီးေမ ေသေပ်ာ္ပါၿပီ သားရယ္ ႀကီးေမ ေသေပ်ာ္ပါၿပီ"

"ဟာ ႀကီးေမကလည္း နိမိတ္မရွိနိမာမရွိ ဘာေတြေလ်ွာက္ေျပာေနတာလဲ"

"သားရယ္ ႀကီးေမမွာ သားေပ်ာက္သြားကတည္းက ဘယ္ေလာက္ေတာင္ ပူပန္ခဲ့ရသလဲ ငါ့သားေလးကို သူတို႔တကယ္ပဲ ေရာင္းစားပစ္လိုက္ၾကတာလား ဘာေတြလုပ္ပစ္လိုက္ၾကတာလဲဆိုၿပီး ၿကီးေမမွာ ေသာကေရာက္ေနခဲ့ရတာ"

"စိတ္မပူပါနဲ႔ေတာ့ ႀကီးေမရဲ႕ သား ေကာင္းေကာင္းမြန္မြန္ ေန ေနရပါတယ္ ႀကီးေမေရာ ဘယ္လိုလုပ္ဒီကိုေရာက္ေနတာလဲ စံအိမ္မွာမေနေတာ့ဘူးလား"

"အင္း သားကိုေခၚသြားကတည္းက ႀကီးေမလည္း အဲ့က အလုပ္ထြက္ၿပီး တူမေလးနဲ႔တူတူေနေနတာေပါ့ကြယ္"

"အာ့ဆို ႀကီးေမသားနဲ႔လိုက္ခဲ့ပါေနာ္ ေနာ္လို႔ ႀကီးေမ"

"ေအးပါကြယ္ ေအးပါ"

"အာ့ဆို ႀကီးေမ ပစၥည္းေတြထည့္ၿပီးရင္ ကြၽန္ေတာ္ စံအိမ္ႀကီးကို ခဏေတာ့သြားၾကည့္ခ်င္ေသးတယ္"

"သား သေဘာပါကြယ္ ႀကီးေမလည္း မေရာက္တာၾကာၿပီပဲဟာ သြားၾကည့္ၾကတာေပါ့"

မုန္းမာန္တစ္ေယာက္ ႀကီးေမအားေခၚၿပီး စံအိမ္ႀကီးဆီသို႔ ခဏေတာ့ သြားၾကည့္ခဲ့ေသးသည္။စံအိမ္ႀကီးကေတာ့ အရင္အတိုင္း ေျပာင္းလဲမႈမရွိေသးေပ။တစ္ခ်ိန္ခ်ိန္မွာေတာ့ ေျပာင္းလဲမႈေတြ ရွိလာမည္မွာ အမွန္အကန္ပင္ ျဖစ္သည္။

Tbc...
------------------*----------------

Unicode...

ညသည် အတော်ပင် နက်လာပြီဖြစ်သည်။
ဧည့်ခန်းရှေ့က နံရံတွင်ကပ်ထားသည့် နာရီကြီး၏ ဘယ်နှချက်မြောက်မှန်းမသိသော အသံကိုနားစိုက်ထောင်ရင်း ငေးမောကြည့်နေမိသည်။

သူများတွေလို ဘယ်နှနာရီရှိပါပြီဟု ပြောရအောင်လည်း ကကြိုး စာမဖတ်တတ်သလို ရေးလည်းမရေးတတ်။ထူးဆန်းတာတစ်ခုက သူ လူတွေရဲ့စကားကို အလိုလိုနားလည်နေခြင်းပင်။

"စိတ်ပူလိုက်တာ ခင်ဗျားရယ် အပြင်မှာဒီလောက်မှောင်နေတာကို ပြန်မလာသေးဘူး"

အရင် အမေတို့နဲ့နေခဲ့စဉ်က အကို ညမိုးချုပ်တဲ့အထိ ပြန်မရောက်တိုင်း အမေပြောလေ့ရှိတဲ့စကားကို အခုတော့ ကကြိုးပြောနေရပြီ။

အိမ်ထဲသို့ စူးရှစွာတိုးဝင်လာသည့် အလင်းရောင်ကြောင့် ကကြိုးလှည့်ကြည့်မိတော့ အိမ်ရှေ့ခြံတံခါးနားတွင် ရပ်ထားသော ကားတစ်စီး။

*ပွမ် ပွမ် ပွမ်*

ဟွန်းတီးသံအကျယ်ကြီးကြောင့် သတိဝင်လာကာ ခြံတံခါးနားသို့ အမြန်ပြေးရသည်။အရင်နေ့တွေက သူတံခါးမပိတ်ဘဲ ထားသောကြောင့် မုန်းမာန် တစ်ခါတည်းမောင်းဝင်လာပေမယ့် အခုတစ်လော စိတ်အားငယ်သလိုဖြစ်နေတတ်သည့်အပြင် မှောင်လာတာနဲ့အမျှ ကြောက်စိတ်အနည်းငယ် ဝင်လာတတ်သဖြင့် ရှိသမျှအပေါက် အကုန်ပိတ်ထားကာ အိမ်ရှေ့တံခါးမကြီးတစ်ခုပင် ချန်ထားတတ်သည်။

အလျင်အမြန် သော့ဖွင့်ကာ တံခါးကို ဘေးသို့တွန်းဖွင့်လိုက်တော့ ကားအားတရကြမ်းမောင်းဝင်လာသည့် မုန်းမာန်။

အရင်လို သူ့ကိုပင်လှည့်မကြည့်ဘဲ အိမ်အပေါ်ထပ်သို့ ကမှူးရှူးထိုး တက်သွားလေသည်။

"သူ့အနားက ချဉ်စူးစူးအနံ့ကြီးက မခံနိုင်လောက်အောင်ကို ဆိုးရွားလိုက်တာ"

'အခုမှစဉ်းစားမိတယ် ဒီအနံ့က သူငါ့ကို နာအောင်လုပ်တုန်းက ရတဲ့အနံလိုပဲ နောက်ပြီး Tine နဲ့ ငါနဲ့ရေပြင်ပေါ်တက်တုန်းက သောက်ခဲ့တဲ့ဟာနဲ့အနံ့တူသလိုပဲ ဟား Tine ကိုလွမ်းလိုက်တာကွာ'

ကိုယ့်အတွေးနဲ့ကိုယ် ခြံတံခါးအားသော့ခတ်၊ တံခါးမကြီးကိုလည်း သော့ခတ်ကာ စတိုခန်းလေးထဲ ဝင်လာလိုက်သည်။ဒီနေ့အတွက် သူပင်ပန်းနေပြီလေ။

ကော့ညွှတ်နေသော မျက်တောင်ရှည်အချို့ပင် စင်းကျလာလေပြီ။မကြာမီအချိန်အတွင်း၌ သူအိပ်ပျော်တော့မည်။ကျောပြင်က ဒဏ်ရာအချို့၏ နာကျင်မှုကိုပင် သူမသိတော့။

အပေါ်ထပ်ရှိ မုန်းမာန်အခန်းထဲက ယူလာသည့် မွေ့ယာပေါ်တွင် ဇိမ်ကျကျအိပ်မောကျနေသည့် ကောင်လေးတစ်ယောက် စတိုခန်းထဲတွင် ရှိလေသည်။
__________________

*ဒုန်း*

အခန်းတံခါးအားဆောင့်ပိတ်ကာ ကုတ်အင်္ကျီအား ချွတ်၍ ကုတင်ပေါ်ပစ်တင်လိုက်ပြီး သူလဲ နောက်ပြန်လှဲချလိုက်လေသည်။

"အ"

အရင်က အိစက်နေသည့် မွေ့ယာက ဒီနေ့မှ မာကျောနေသည်မှာ ဘယ်လိုဖြစ်ရတာပါလိမ့်။

အလျင်အမြန် ကုန်းရုန်းထကာ ကုတင်ပေါ်ကိုကြည့်လိုက်တော့ မွေ့ယာ၊ စောင်အစ ခေါင်းအုံးအဆုံး ဘာတစ်ခုမှရှိမနေသော သူ့ကုတင်အလွတ်ကြီး။

"ဟား ဒီကောင်လေး ငါသူ့ကိုယူသွားခိုင်းတာ ဒါတွေရောမဟုတ်ဘူးလေ ဒီကောင်ကတော့လား"

ပြောရင်းဆိုရင်း စိတ်တိုလာကာ အောက်ထပ်ရှိ ကကြိုးနေသည့် စတိုခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။

စတိုခန်းတံခါးအား တွန်းဖွင့်ကာ ဝင်လာလိုက်တော့ သူ့မွေ့ယာပေါ်တွင် အားရပါးရ ခြေထောက်နှစ်ချောင်းအား ဖြဲကားကာ အိပ်ပျော်နေသည့်ကောင်လေး။

အနားသွားကာ လှုပ်နှိုးပြီး တစ်ခုခုလုပ်မည်ဟု စိတ်ပိုင်းဖြတ်ကာ သွားလိုက်သော်လည်း ပါးဖောင်းဖောင်းလေး နှစ်ဖက်ကြားက စူထော်နေသည့် နှုတ်ခမ်းပါးရဲရဲလေးကြောင့် တံတွေးအချို့အားမျိုချလိုက်လေသည်။

"အင်း မဟုတ်လဲ သူအိပ်နေပြီပဲ သူသုံးပြီးသား ငါလဲပြန်မသုံးချင်တော့ ထားလိုက်ပါတော့ ဒီတစ်ခါတော့ နောက်တစ်ခါဒါမျိုးလာလုပ်ရင် မင်းမလွယ်ဘူးမှတ်"

တိုးတိုးလေးရေရွတ်ပြီး ပြန်ရန် တံခါးဝဆီသို့သွားပြီးကာမှ နောက်ပြန်လှည့်လာသည့် မုန်းမာန်။

*ပြွတ်*

ကကြိုးရဲ့ စူထော်နေတဲ့ နှုတ်ခမ်းပါးအား တစ်ချက်ငုံ့နမ်းလိုက်ပြီးနောက်

"တစ်ခုမဟုတ်ရင် တစ်ခုတော့ ပြန်လုပ်ရမှာပဲ မဟုတ်ဘူးလား"

ကိုယ့်ဘာသာ တစ်ယောက်ထဲပြောပြီး ထွက်လာခဲ့လိုက်လေသည်။

အခန်းထဲက အိမ်မက်ကမ္ဘာထဲ စီးမျောနေတဲ့ ကောင်ငယ်လေးကတော့ မသိလိုက်ပေ။

___________________

"ဝါးးး!!!"

ခဏမျှ သမ်းဝေပြီးနောက် အိပ်ယာပေါ်မှထကာ မျက်နှာသစ်ရန် ထွက်လာခဲ့လိုက်သည်။

မျက်နှာသစ်ပြီးထွက်လာစဉ် အိမ်တံခါးမကြီးဆီ အကြည့်ရောက်သွားလေသည်။

"ဟင် အိမ်ထဲဘယ်သူဝင်တာလဲ တံခါးကြီးကလဲပွင့်နေတယ် တစ်အိမ်လုံးမှာလည်း နှစ်ယောက်ထဲပဲရှိတဲ့ဟာ ဒီအချိန် ကိုမုန်းမာန်တော့ မထလောက်သေးပါဘူး အာ့ဆို ဘယ်သူလဲ မသိဘူး"

ကကြိုး အမြန်ပင် မျက်နှာသုတ်ကာ အိမ်ထဲသို့ပတ်ချာလည် လိုက်ရှာပါသော်လည်း လူရိပ်တောင် မမြင်ရပေ။

"ဘယ်သူလဲမသိဘူး ကိုမုန်းမာန်ကို သွား‌ပြောဦးမှပါ"

အပေါ်ထပ်သို့ အပြေးတက်လာကာ မုန်းမာန်အခန်းကို ဖွင့်ကြည့်လိုက်တော့ ရှိမနေသောကြောင့် ဦးနှောက်အား အလျင်အမြန်အလုပ်ပေးလိုက်လေသည်။

"အာ ငါမေ့နေတာပဲ သူဒီနေ့သွားစရာရှိတယ်လို့ ‌ပြောထားတာကို"

ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာ အပေါ်ထပ်မှဆင်းလာခဲ့လိုက်သည်။

"ဟင့် မုန်းလိုက်တာ ခရီးသွားတာကို ငါ့ကိုနှိုးမသွားဘူး ဘယ်နှရက်ကြာမှာမှန်းလဲ မသိဘူး အနည်းဆုံး မျက်နှာလေးတော့ မြင်ချင်သေးတာပေါ့ အဟင့် လူဆိုးကြီး မုန်းတယ် မုန်းတယ် သိလား"

ကကြိုး ‌လှေကား‌ပေါ်မှ‌ခြေဆောင့်ဆင်းကာ အကျယ်ကြီးအော်လိုက်လေသည်။

____________________

၆ နာရီကျော်‌ကျော်ခန့်မောင်းနှင်ပြီးနောက် ရောက်ရှိလာသည့် မြို့။

သူ ဒီကိုမရောက်ခဲ့တာ အတော်ပင်ကြာခဲ့ပြီ။
အရာရာတိုင်းသည်ပင် ပြောင်းလဲနေပေပြီ။

'အင်းးး ရောက်တုန်းရောက်ခိုက် မြိုင်ဟေဝန်စံအိမ်ကြီးဆီ ခဏလောက် အလည်သွားရင်ကောင်းမလား'

"Boss တည်းမယ့် ဟိုတယ်ကို‌ရောက်ပါပြီ"

ဒရိုင်ဘာ၏ ပြောစကားကြောင့် မုန်းမာန် ကားထဲမှထွက်ကာ ဟိုတယ်အား တစ်ချက်ကြည့်လိုက်လေသည်။

*Vibration*

"ဟယ်လို"

"Boss မနက်ဖြန် ၉ နာရီ (×××) ဟိုတယ်မှာ လေလံပွဲလုပ်မှာပါရှင့် စုံစမ်းခိုင်းထားတဲ့လူကိုလည်း Boss ရောက်နေပြီဖြစ်ကြောင်း အသိပေးပြီးပါပြီ မနက်ဖြန် သူတို့ ဟိုတယ်ရှေ့မှာ စောင့်ကြိုနေပါလိမ့်မယ်"

"အိုကေ မင်းသာ ငါစောင့်ကြည့်ခိုင်းထားတာကို သေချာကြည့်ထားပေး"

"ဟုတ်ကဲ့ Boss"

ထို့နောက် အဆက်အသွယ်ပြတ်တောက်သွားပြီဖြစ်သည့် ဖုန်းလေးအား အင်္ကျီအိတ်ကပ်ထဲထည့်ကာ ဟိုတယ်ထဲသို့ဝင်လာခဲ့လိုက်သည်။

အခန်းထဲ၌ အညောင်းပြေ အညာပြေ ခြေလက်ဆန့်ကာ ခဏနားပြီးနောက် ရေချိုးရန် ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်။

မွေးပွတဘတ်တစ်ထည်အား ခါး၌ပတ်ကာ အခန်းထဲရှိ ဝန်ထမ်းတစ်ယောက်လာပို့သွားသည့် အအေးခွက်အား ကိုင်ကာသောက်ရင်း တောင်ကြီးမြို့၏ မြို့အလှရှုခင်းကို ငေးမောနေလိုက်သည်။

"အား အခုမှလနဆန်းသွားတော့တယ်"

ကကြိုးထည့်ပေးလိုက်သည့် ခရီးဆောင်အိတ်အားဖွင့်ကာ အဝတ်အစားလဲရန်ပြင်လိုက်သည်။

"ဟာ ဒါဘာတွေလဲ"

သူ့ခရီးဆောင်အိတ်ထဲ အဝတ်အစားတွေပါမယ်ထင်ခဲ့ပေမယ့် အခုတော့ ခေါင်းအုံးတစ်လုံး၊ စောင်နှင့် အိပ်ယာခင်းတထည်အား ထည့်ပေးလိုက်သည့် ကကြိုး။

"ဟား ဒီကောင်တော့လား"

နောက်ဆုံးတော့ ပြန်စစ်မကြည့်ခဲ့သည့် ကိုယ့်အပြစ်ပဲဟုတွေးကာ ဖြေသိမ့်လိုက်လေသည်။

"အခုတော့ ငါဘာဝတ်ပြီးထွက်ရမလဲကို အရင်စဉ်းစားရမယ်"

*Ringing*

"အမိန့်ရှိပါ Boss"

"ဟို ကျွန်တော့်ကို အဝတ်အစား တစ်စုံလောက်ဝယ်ပေးပါဦး"

"ဗျာ ဪ ဟုတ် ဆိုဒ် ဘယ်လောက်ထဲကလဲ Boss နောက်ပြီး ဘယ်လိုပုံအမျိုးအစားထဲက ဝယ်ခဲ့ရမလဲ"

"ဆိုဒ်က (×××) ပေါ့ပေါ့ပါးပါးဖြစ်တဲ့ အဝတ်အစားမျိုးပဲ ဝယ်ခဲ့ပါ"

"ဟုတ်ကဲ့ Boss"

ကျသွားသည့် ဖုန်းလေးအားကြည့်ရင် မုန်းမာန် ကကြိုးကိုသာ ကျိန်ဆဲပစ်လိုက်ချင်တော့သည်။
__________________

လေလံပွဲလုပ်မည့် ဟိုတယ်ရှေ့သို့ ကားရပ်လိုက်သည်နှင့် အနားသို့ပြေးလာကာ ကြိုဆိုနေသည့် လူတစ်ဦး။ဒါသူ့အတွင်းရေးမှူးပြောသည့် စုံစမ်းခိုင်းထားသည့် လူဖြစ်လိမ့်မည်။

ခဏအကြာ၌ လေလံပွဲစတင်လာကာ ထိုမြေကွက်ကိုလိုချင်သည့် လူများမှာ တစ်ယောက်ပြီးတစ်ယောက် လုယက်ကာ လေလံဆွဲကြတော့သည်။

မြေကွက်ရဲ့ တည်နေရာက ဘက်ပေါင်းစုံအတွက် ဗျူးပွိုင့်လည်းဖြစ်၊ မိန်းလမ်းမကြီးနှင့်လည်း နီးသည့်အပြင် တကယ့်နေရာကောင်းဖြစ်တာကြောင့် လိုချင်သူများမှာ ဒုနဲ့ဒေးပင်။

"ကဲ နောက်ဆုံးအနေနဲ့ သိန်း ၁၃၀၀နဲ့ ဈေးပြတ်သွပါပြီ"

*ဒုန်း ဒုန်း*

"ခဏ.. ကျွန်တော် သိန်း ၁၅၀၀ ပေးတယ်"

"ဟင်"

"ဟမ်"

"ဟာ"

"ကဲ သိန်း ၁၅၀၀ တဲ့ ဘယ်သူပိုပေးဖို့ရာ ရှိသေးလဲ ဘယ်သူရှိသေးလဲ"

တစ်ယောက်မှ ထပ်ထွက်လာသည့် အသံမရှိတာကြောင့် နောက်ဆုံးတော့ မြေကွက်ပိုင်ရှင်ဟာ မုန်းမာန်ဖြစ်လာခဲ့သည်။

"congratulation ပါဗျာ"

ဟိုတယ်သို့ပြန်ရန် ပြင်ဆင်နေမိစဉ် လက်ဆွဲနှုတ်ဆက်လာသည့် လူတစ်ဦးကြောင့် သူလဲ လူမှုရေးအရ နှုတ်ဆက်ရပြန်သည်။

"ဟိုတယ်ကိုပဲ မောင်းရမှာလား Boss "

"သွားစရာတစ်နေရာရှိသေးတယ် အဲ့ကိုအရင်မောင်းပေးပါ"

"ဟုတ်ကဲ့ Boss"

ကားပေါ်၌ မှိန်းလိုက်လာခဲ့စဉ် တစ်နေရာအရောက်၌ ရပ်တန့်သွားသောကြောင့် ချက်ချင်းမျက်လုံးပွင့်လာလေသည်။

သူ့အရှေ့ရှိ ဒရိုင်ဘာမှ ကားအပြင်သို့ထွက်ရန် ပြင်ဆင်နေသောကြောင့် လှမ်းမေးလိုက်လေသည်။

"ဘာဖြစ်တာလဲ"

"ဟို ဖြတ်ပြေးလာတဲ့ ကလေးတစ်ယောက်ကို တိုက်လိုက်မိသလားလို့ ဆင်းကြည့်မလို့ Boss"

ကလေးကို တိုက်မိတယ်ဆိုသောကြောင့် မုန်းမာန်ပါ ဆင်းကြည့်လိုက်လေသည်။ငိုမဲ့မဲ့မျက်နှာဖြင့် ကြောက်လန့်နေသည့် ကလေးငယ်အား မြင်လိုက်ရတော့ မဆီမဆိုင် တစ်ယောက်သောသူအား သတိရမိပါရဲ့။

'မဖြစ်သေးဘူး မုန်းမာန် မင်းစိတ်ထိန်းစမ်း အဲ့တာ မင်းချစ်သူကိုသတ်ခဲ့တဲ့သူ မင်းမုန်းရမယ့်သာ'

"ဘာတဲ့လဲ"

ကလေးငယ်အား မေးမြန်းနေသည့် ဒရိုင်ဘာအနားသွားကာ မေးလိုက်လေသည်။

"ထိခိုက်မိတဲ့နေရာ မရှိပါဘူး Boss လန့်ပြီး လဲကျသွားယုံတင်ပါ"

"သြော် အာ့ဆိုလဲ ကလေးကိုတော့ သူ့အိမ် အရင်လိုက်ပို့ရအောင် "

"ဟုတ်ကဲ့ Boss"

ကားလေးအား မူလဦးတည်ချက်ပြောင်းကာ ကလေးငယ်အိမ်သို့ မောင်းနှင်ခဲ့လေသည်။

ကလေးငယ်သည် သူတို့နှစ်ယောက်အား ပျဉ်ထောင်အိမ်လေးထဲသို့ ခေါ်သွားပြီး သူ၏မိခင်ဆိုသူနှင့် မိတ်ဆက်ပေးကာ အကျိုးသင့်အကြောင်းသင့်ပြောပြီး ပြန်ထွက်ရန်ပြင်လိုက်စဉ် မျက်ဝန်းထောင့်မှ အသက် ၆၀ ခန့်ရှိမည့် အမျိုးသမီးကြီးအား မြင်လိုက်ရသောကြောင့် မုန်းမာန်သေချာကြည့်လိုက်မိလေသည်။

တစ်ဖြည်းဖြည်း သူ့ဘက်လှည့်လာသည့် မျက်နှာကြောင့် မုန်းမာန်ကြည့်နေရာမှ ဝမ်းသားအားရဖြင့်ပြေးဖက်လိုက်လေသည်။

"ကြီးမေ"

"ဟင် သား သား မုန်းမာန်လားဟင် မုန်းမာန် အသံလေးနဲ့တူလိုက်တာကွယ်"

"ဟုတ်ပါတယ် ကြီးမေ ကျွန်တော်မုန်းမာန်ပါ"

"အမလေး ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့် ငါ့သားလေး အသက်ရှင်နေသေးတာကို မြင်တွေ့ခဲ့ရပြီ ကြီးမေ သေပျော်ပါပြီ သားရယ် ကြီးမေ သေပျော်ပါပြီ"

"ဟာ ကြီးမေကလည်း နိမိတ်မရှိနိမာမရှိ ဘာတွေလျှောက်ပြောနေတာလဲ"

"သားရယ် ကြီးမေမှာ သားပျောက်သွားကတည်းက ဘယ်လောက်တောင် ပူပန်ခဲ့ရသလဲ ငါ့သားလေးကို သူတို့တကယ်ပဲ ရောင်းစားပစ်လိုက်ကြတာလား ဘာတွေလုပ်ပစ်လိုက်ကြတာလဲဆိုပြီး ကြီးမေမှာ သောကရောက်နေခဲ့ရတာ"

"စိတ်မပူပါနဲ့တော့ ကြီးမေရဲ့ သား ကောင်းကောင်းမွန်မွန် နေ နေရပါတယ် ကြီးမေရော ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ စံအိမ်မှာမနေတော့ဘူးလား"

"အင်း သားကိုခေါ်သွားကတည်းက ကြီးမေလည်း အဲ့က အလုပ်ထွက်ပြီး တူမလေးနဲ့တူတူနေနေတာပေါ့ကွယ်"

"အာ့ဆို ကြီးမေသားနဲ့လိုက်ခဲ့ပါနော် နော်လို့ ကြီးမေ"

"အေးပါကွယ် အေးပါ"

"အာ့ဆို ကြီးမေ ပစ္စည်းတွေထည့်ပြီးရင် ကျွန်တော် စံအိမ်ကြီးကို ခဏတော့သွားကြည့်ချင်သေးတယ်"

"သား သဘောပါကွယ် ကြီးမေလည်း မရောက်တာကြာပြီပဲဟာ သွားကြည့်ကြတာပေါ့"

မုန်းမာန်တစ်ယောက် ကြီးမေအားခေါ်ပြီး စံအိမ်ကြီးဆီသို့ ခဏတော့ သွားကြည့်ခဲ့သေးသည်။စံအိမ်ကြီးကတော့ အရင်အတိုင်း ပြောင်းလဲမှုမရှိသေးပေ။တစ်ချိန်ချိန်မှာတော့ ပြောင်းလဲမှုတွေ ရှိလာမည်မှာ အမှန်အကန်ပင် ဖြစ်သည်။

Tbc...
------------------*----------------






© Kout Tay,
книга «My Heart For You».
အပိုင္း-၂၉
Коментарі