အပိုင္း-၂
Unicode...
ကကြိုး
ဟီး ဟီး~~ကျွန်တော့် နာမည်က ကကြိုး ပါ။
ကျွန်တော်က ပျော်ပျော်နေတတ်တဲ့ ေရသူထီးလေးတစ်ယောက်ဖြစ်ပြီးတော့ မြန်မာ-ထိုင်း-လာ အို စတဲ့ သုံး နိုင်ငံထိစပ်ရာ ရေပြင်ဖြစ်သော မဲခေါင်နဲ့ အောက်မဲနမ်(ချောင်ဖယား) မြစ်ရဲ့ နက်ရှိုင်းတဲ့ ရေအောက်ထဲမှာ နေထိုင်ပါ တယ်....ဒါ့အပြင် ကျွန်တော့ ဖခင်က ရေအောက်တိုင်း ပြည်ရဲ့ ဘုရင်တစ်ပါးလည်း ဖြစ်ပါတယ်...ကျွန်တော့်မှာ အစ်မတစ်ယောက်ရှိတယ်...ကျွန်တော့ အစ်မက စည်းကမ်းကြီးတဲ့အပြင် ပူညံပူညံတအား လုပ်ပါတယ်...အာ့ကြောင့် ကျွန်တော် နဲ့ ခဏဏရန်ဖြစ်ရတယ်| စကားများရတယ် ဒါလဲသူကနားငြီးအောင်လုပ်မြဲပဲ... နင်ဒီလိုပြောရတာ မမော ဘူးလား ဆိုတော့ ငါ မှမပြောရင်နင့်ကိုဘယ်သူလာပြောမှာလဲတဲ့...ဒီတော့ ကျွန်တော်မှာ သူ့ပဲကျေးဇူးတင်ရတော့ မလိုလို...မေမေဆုံးသွားပြီးကတည်းက သူကကျွန်တော့်ကို ဆုံးမသလိုလိုနဲ့ ပူညံပူညံလုပ်နေတာ...ဖေဖေ့ကိုပြောတော့ လွှတ်ထားလိုက်ပါသားရယ်တဲ့ သူမွေးလာတုန်းက ဖေဖေသူ့ကိုကျပ်မပြည့်မှန်း မသိခဲ့ဘူးတဲ့ ဒီတော့ ကျွန်တော် လည်း လွှတ်ထားလိုက်တော့တယ်..အင်းလေ ကျပ်မပြည့်တဲ့သူနဲ့ ပြိုင်ပြောလို့ ဟိုကဘာသိမှာလည်းဆိုပြီး ( တကယ်တော့ ဖေဖေတောင် မနိုင်တာ ကျွန်တော်က ဘယ်လိုလုပ်နိုင်မလဲ သိပြီး တော့ပါ TT)
ဒီနေ့ ကျွန်တော် ပျင်းပျင်းနဲ့လျှောက်သွားနေတုန်း ကျောက်ဆောင်အကွယ်မှာ Oarfish( ထိုင်း နဲ့ လာအိုလူမျိုးတွေ ဖယာ့နာဂ(phaya naga)လို့ခေါ် တဲ့ နတ်နဂါး) တစ်ကောင်ကိုတွေ့လို့ မင်းခေါင်းပေါ်က အနီရောင်အမောက်လိုလို ဘာလိုလိုနဲ့ဟာက ဟိုလေ လူသားတွေစီးစီးနေတဲ့ မြင်းဆိုတဲ့အကောင်တွေရဲ့ အမြှီးနဲ့ တူတယ်နော် လို့ပြောမိပါ တယ် ဒေါသတကြီးနဲ့ နောက်ကနေတဟုန်ထိုး လိုက်လာ လို့ပြေးလိုက်ရတာ မောမောနဲ့ ဘယ်နေရာတွေရောက်မှန်းကိုမသိတော့ဘူး .... နောက်တော့ပင်ပန်းပီး အိပ်ပျော်သွားတာ... နိုးလာလို့ ဘေးကိုကြည့်မိတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ နေရာမို့ ရေပြင်ပေါ် တက်ကြည့်မိတယ်....
ဆူညံနေတဲ့အသံတွေအပြင် များပြားလှသောလူတွေ..... ကြောက်ကြောက်နဲ့ကြည့်နေတုန်း ခပ်ဝေးဝေးက ဆိုင်းဘုတ်ကိုကြည့်တော့ .....
~ဘုရားရေ.... မောင်းမကန်ကမ်းခြေတဲ့.... ဒါဆို ငါမြန်မာနိုင်ငံဘက်ရောက်နေတာပေါ့ ..... အိုး ပျော်လိုက်တဲ့ဖြစ်ခြင်း .... ကျွန်တော်ငယ်ငယ်ကတည်းက နန်းတော်နဲ့ ဝေးတဲ့နေရာတွေကို လျှောက်သွားချင်နေတာ ခုတော့ ရောက်ခဲ့ပီပေါ့ ,... နောက်ပြီး ကျွန်တော့မေမေက မြန်မာနိုင်ငံကို ချစ်လို့ဆိုပြီး ကျွန်တော်တို့ မောင်နှမ နှစ်ေယာက်နာမည်ကို မြန်မာလိုေပးထားတာ...ဒါ့အပြင် မေမေပြောပြတဲ့ မြန်မာနိုင်ငံရဲ့ လှပမှုတွေကြောင့် ကျွန်တော်လည်း တစ်ခေါက်လောက် ရောက်ဖူးချင်နေတာ...~
ဒါပေမယ့် ကျွန်တော့် အပျော်တွေ ကြာရှည်မခံခဲ့ပါဘူး.... ရုတ်တရက်ကြီး ရွာချတဲ့ မိုးကြောင့်ပေါ့ ....
~ဟွန်း မုန်းလိုက်တာ... ~
ရေထဲပြန်ဆင်းဖို့ရာပြင်နေတုန်း မျက်ဝန်းထောင့်ကနေမြင်လိုက်ရတဲ့ ကျွန်တော်နဲ့ ရွယ်တူရှိလောက်မယ့် ကောင်လေးတစ်ယောက်....
~အင် မိုးရွာလာလို့ လူတွေအကုန်လုံး သူတို့နေရာကိုပြန်ကုန်ပီလေ သူကတစ်ယောက်တည်း ကျောက်ဆောင်ပေါ်ထိုင်ပီး ဘာလုပ်နေတာပါလိမ့်...~
ကျွန်တော်သေချာကြည့်မိမှ သူ့ခန္ဓာကိုယ်လေး တသိမ့်သိမ့်တုန်နေတာကို တွေ့လိုက်ရတယ်....
~ဟင် သူငိုနေတာပဲ ဘာလို့ပါလိမ့်... ~
သူငိုတာမြင်ရတော့ ကျွန်တော့် ရင်ထဲမှာလည်း အမည်မသိေသာခံစားချက်ကြီးခံစားလိုက်ရတယ်... သူ့ကိုပဲပြေးပြီး နှစ်သိမ့်ပေးချင်သလိုလို| သူ့ရဲ့ ဝမ်းနည်းမှုတွေကိုပဲ မျှဝေခံစားပေးချင်သလိုလို ဖြစ်လာတယ်.... ဒါဘယ်လို ခံစားချက်ကြီးမှန်း ကျွန်တော်ကိုယ်တိုင်တောင် မခန့်မှန်းတတ်တော့ဘူး......
Tbc~~~
------------------*------------------
Zawgyi...
ကႀကိဳး
ကျွန်တော်က ပျော်ပျော်နေတတ်တဲ့ ရေသူထီးလေးတစ်ယောက်ဖြစ်ပြီးတော့ မြန်မာ-ထိုင်း-လာ အို စတဲ့ သုံး နိုင်ငံထိစပ်ရာ ရေပြင်ဖြစ်သော မဲခေါင်နဲ့ အောက်မဲနမ်(ချောင်ဖယား) မြစ်ရဲ့ နက်ရှိုင်းတဲ့ ရေအောက်ထဲမှာ နေထိုင်ပါ တယ်....ဒါ့အပြင် ကျွန်တော့ ဖခင်က ရေအောက်တိုင်း ပြည်ရဲ့ ဘုရင်တစ်ပါးလည်း ဖြစ်ပါတယ်...ကျွန်တော့်မှာ အစ်မတစ်ယောက်ရှိတယ်...ကျွန်တော့ အစ်မက စည်းကမ်းကြီးတဲ့အပြင် ပူညံပူညံတအား လုပ်ပါတယ်...အာ့ကြောင့် ကျွန်တော် နဲ့ ခဏဏရန်ဖြစ်ရတယ်| စကားများရတယ် ဒါလဲသူကနားငြီးအောင်လုပ်မြဲပဲ... နင်ဒီလိုပြောရတာ မမော ဘူးလား ဆိုတော့ ငါ မှမပြောရင်နင့်ကိုဘယ်သူလာပြောမှာလဲတဲ့...ဒီတော့ ကျွန်တော်မှာ သူ့ပဲကျေးဇူးတင်ရတော့ မလိုလို...မေမေဆုံးသွားပြီးကတည်းက သူကကျွန်တော့်ကို ဆုံးမသလိုလိုနဲ့ ပူညံပူညံလုပ်နေတာ...ဖေဖေ့ကိုပြောတော့ လွှတ်ထားလိုက်ပါသားရယ်တဲ့ သူမွေးလာတုန်းက ဖေဖေသူ့ကိုကျပ်မပြည့်မှန်း မသိခဲ့ဘူးတဲ့ ဒီတော့ ကျွန်တော် လည်း လွှတ်ထားလိုက်တော့တယ်..အင်းလေ ကျပ်မပြည့်တဲ့သူနဲ့ ပြိုင်ပြောလို့ ဟိုကဘာသိမှာလည်းဆိုပြီး ( တကယ်တော့ ဖေဖေတောင် မနိုင်တာ ကျွန်တော်က ဘယ်လိုလုပ်နိုင်မလဲ သိပြီး တော့ပါ TT)
~ဘုရားရေ.... မောင်းမကန်ကမ်းခြေတဲ့.... ဒါဆို ငါမြန်မာနိုင်ငံဘက်ရောက်နေတာပေါ့ ..... အိုး ပျော်လိုက်တဲ့ဖြစ်ခြင်း .... ကျွန်တော်ငယ်ငယ်ကတည်းက နန်းတော်နဲ့ ဝေးတဲ့နေရာတွေကို လျှောက်သွားချင်နေတာ ခုတော့ ရောက်ခဲ့ပီပေါ့ ,... နောက်ပြီး ကျွန်တော့မေမေက မြန်မာနိုင်ငံကို ချစ်လို့ဆိုပြီး ကျွန်တော်တို့ မောင်နှမ နှစ်ယောက်နာမည်ကို မြန်မာလိုပေးထားတာ...ဒါ့အပြင် မေမေပြောပြတဲ့ မြန်မာနိုင်ငံရဲ့ လှပမှုတွေကြောင့် ကျွန်တော်လည်း တစ်ခေါက်လောက် ရောက်ဖူးချင်နေတာ...~
~ဟွန်း မုန်းလိုက်တာ... ~
သူငိုတာမြင်ရတော့ ကျွန်တော့် ရင်ထဲမှာလည်း အမည်မသိသောခံစားချက်ကြီးခံစားလိုက်ရတယ်... သူ့ကိုပဲပြေးပြီး နှစ်သိမ့်ပေးချင်သလိုလို| သူ့ရဲ့ ဝမ်းနည်းမှုတွေကိုပဲ မျှဝေခံစားပေးချင်သလိုလို ဖြစ်လာတယ်.... ဒါဘယ်လို ခံစားချက်ကြီးမှန်း ကျွန်တော်ကိုယ်တိုင်တောင် မခန့်မှန်းတတ်တော့ဘူး......

Коментарі