အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၁၉
Zawgyi...

"အခုဆိုရင္ ကြၽန္ေတာ္တို႔ေရတြက္ရမိသေလာက္ မဲေတြက ညီတူညီမ်ွပဲျဖစ္ေနတယ္ အကယ္၍ မဲထည့္ထားတဲ့သူေတြရဲ႕ ရွယ္ယာအနည္းအမ်ားနဲ႔ ခြဲရမယ္ဆိုရင္ေတာ့ ကိုဘုန္းျမတ္ဘက္က သာေနပါတယ္"

တိတ္ဆိတ္ေနေသာ အစည္းအေဝးကို ႁဖိဳခြင္းလိုက္သည့္ အသံ။
ထိုစဥ္ ရွယ္ယာရွင္တစ္ဦးမွ ထေျပာလာေလသည္။

"ဒါဆို ရွယ္ယာနဲ႔ပဲခြဲလိုက္ၾကတာေပါ့"
"ဟာ ဒီလိုေတာ့ ဘယ္ျဖစ္မွာလဲ ကိုဘုန္းျမတ္ဘက္က ရွယ္ယာ သာတယ္ေျပာရေအာင္ ကိုမုန္းမာန္ဘက္က မိဘေတြရဲ႕ ရွယ္ယာေတြက်န္ေသးတာပဲဟာ"
"ဒါေပမယ့္ ကိုမုန္းမာန္က ထုတ္မျပႏုိင္ဘူးေလ ေနာက္ၿပီး မိဘက သူ႔ကိုလႊဲခဲ့လားဆိုတာ ဘယ္လိုယံုရမွာလဲ အခုေတာင္ သူ႔မိဘကမလႊဲခဲ့လို႔ ဘာမွထုတ္မျပတာလားမွ မသိတာ"

တစ္ေယာက္တစ္ေပါက္ျဖင့္ အျငင္းပြားေနျခင္းကို အဆံုးသတ္လုိက္သည္က

"ခဏေနပါဦး ကြၽန္ေတာ္ေရာ မဲေပးလို႔ရေသးလား"

အသံလာရာဆီသို႔ ဝိုင္းၾကည့္လိုက္ၾကေတာ့..

"ေရွ႕ေနႀကီး"

မုန္းမာန္၏နႈတ္မွ ဝမ္းသာအားရထြက္လာသည့္အသံ။

"မဲေပးရေအာင္ ခင္ဗ်ားနဲ႔မဆုိင္ဘူးေလ"

ရွယ္ယာရွင္တစ္ေယာက္မွဝင္ေျပာလိုက္ေလရာ

"ဟုတ္ပါတယ္ ကြၽန္ေတာ္နဲ႔ေတာ့ မဆိုင္ပါဘူး ဒါေပမယ့္ ကြၽန္ေတာ္က မုန္းမာန္မိဘေတြရဲ႕ ေသတမ္းစာအရေရာ ထိန္းသိမ္းေပးထားရတဲ့ ရွယ္ယာေတြအရေရာ ေပါင္းရင္ သက္ဆိုင္မယ္လို႔ထင္ပါတယ္ ဒါေၾကာင့္ ကြၽန္ေတာ့္ကို မဲေပးခြင့္ေပးပါ"

ထိုအခါၿငိမ္က်သြားသည့္လူမ်ား။
ဘုန္းျမတ္အာကာမွာေတာ့ ေရွ႕ေနႀကီးေရာက္လာကတည္းက သူ႔အနီးနားရွိ ခန္႔ညားအား ေဒါသတႀကီးျဖင့္ ၾကည့္ေနသည္မွာ ေပါက္ထြက္မတတ္ပင္။ခန္႔ညားမွာလည္း သူေသခ်ာဖမ္းေခၚထားပါလ်က္နဲ႔ အခုလိုေရာက္လာေသာေၾကာင့္ ကိုယ့္အျပစ္နွင့္ကိုယ္ ရင္မဆိုင္ရဲဘဲ ေခါင္းငံု႔ထားလိုက္ေလသည္။

"ဟုတ္ကဲ့ ဒါဆို မဲအေနနဲ႔ေရာ ရွယ္ယာအေနနဲ႔ပါဆို ကိုမုန္းမာန္ကပဲ CEO ျဖစ္သြားပါတယ္ ခင္ဗ်"

မဲခြဲေပးသည့္ ေကာင္ေလး၏စကားၾကားၿပီးေနာက္ လက္ခုပ္ထတီးၾကေသာ အခ်ိဳ႕ရွယ္ယာရွင္မ်ား။အခ်ိဳ႕ကေတာ့ သူတို႔ထည့္တဲ့သူမရသျဖင့္ မအီမလည္ ရွံု႔မဲ့ေနၾကသည့္ မ်က္နွာႀကီးမ်ားျဖင့္။

"Congratulation မုန္းမာန္ ဒီပြဲမွာမင္းနိုင္ပါတယ္"ဟုေျပာၿပီး လက္ဆြဲနႈတ္ဆက္လာသည့္ ဦးငယ္။

"အခုကစၿပီး အၿမဲတမ္း ကြၽန္ေတာ္ပဲနိုင္ေစရမယ္ ဦးငယ္"

ၿပီးေနာက္ ဘုန္းျမတ္အာကာတစ္ေယာက္ ေဒါသတႀကီးျဖင့္ အခန္းထဲမွ ထြက္သြားေလေတာ့သည္။
____________________

အခန္းတစ္ခုထဲ၌..

"ငါက မင္းကိုယံုၿပီး ခိုင္းခဲ့တာေလ ခန႔့္ညား အခုေတာ့မင္းအသံုးမက်လို႔ ငါႀကိဳးစားထားသမ်ွေတြ အကုန္အလကားျဖစ္ကုန္ၿပီကြ မင္းသိရဲ႕လား"

ခန္႔ညားမွာေတာ့ သူ႔အျပစ္ေၾကာင့္ ေခါင္းငံု႔လ်က္ျဖင့္သာ။

"ဟိတ္ေကာင္ ငါမင္းကို ေမးေနတာ ဘယ္လိုျဖစ္တာလဲလို႔ အခုမွ စကားမေျပာတတ္ေတာ့တာလားကြ ဟမ္"

"........"

"ဟာ ဒီေကာင္ ကဲကြာ ခြပ္ ခြပ္ ခြပ္"

ဘုန္းျမတ္အာကာမွာ သူ႔ေရွ႕ရွိမတုန္မလႈပ္ဘဲ ေခါင္းပဲငံု႔ထားသည့္ ခန္႔ညားအား ေဒါသတႀကီးျဖင့္ လက္သီးနဲ႔ထထိုးပါေတာ့သည္။

"ေျဖေလ ခြပ္ ေျဖစမ္းလို႔ ငါမင္းကိုေျပာေနတယ္"

ခန္႔ညားသည္ နႈတ္ခမ္းေထာင့္စြန္းရွိ ေသြးစအခ်ိဳ႕အား လက္ဖမိုးျဖင့္ သုတ္လိုက္ၿပီးေနာက္

"ေတာင္း ေတာင္းပန္ပါတယ္ Boss"
"ငါၾကားခ်င္တာ အဲ့စကားမဟုတ္ဘူး ခန္႔ညား"
"ကြၽန္ေတာ္တို႔ေစာင့္ခိုင္းထားတဲ့ လူေတြအလစ္မွာ ထြက္ေျပးသြားတယ္လို႔ သိရပါတယ္ Boss"
"ေတာက္ ေတာ္ေတာ္ေစာက္သံုးမက်တဲ့သူေတြ ဟာ ကဲကြာ"

*ခြမ္း*

စားပြဲေပၚ၌အလွတင္ထားသည့္ ပန္းအိုးအားဆြဲယူကာ အေဝးသို႔ပစ္ေပါက္လိုက္သည္ေၾကာင့္ ခန္႔ညားစိုးရိမ္တႀကီးျဖင့္ Boss အနားသို႔ေျပးသြားမိသည္။

"ဟင္ Boss Boss လက္ထိခိုက္သြားေသးလား ကြၽန္ေတာ့္ကိုျပပါဦး"
"ရတယ္ ဖယ္ ငါဘာမွမျဖစ္ဘူး မင္းသာ ငါ့အေရွ႕က အခုထြက္သြားစမ္းခန္႔ညား မင္းမ်က္နွာကိုငါမျမင္ခ်င္ဘူး"

ခန္႔ညား Boss ပုတ္ထုတ္လိုက္သည့္ သူ႔လက္ကေလးအား ကိုင္လ်က္ အနားမွထြက္လာခဲ့ေလသည္။

မ်က္နွာငယ္ျဖင့္ထြက္သြားေသာ ေကာင္ေလးအား အေၾကာင္းမဲ့ျကည့္ေနရာမွ သတိျပန္ဝင္လာကာ မ်က္နွာလႊဲလိုက္သူတစ္ဦး။
____________________
"အခုလိုအခ်ိန္မွီေရာက္လာလို႔ ေဖာ္မျပတတ္ေအာင္ကို ေက်းဇူးတင္ပါတယ္ ေရွ႕ေနႀကီး"
"မလိုပါဘူး ေမာင္မုန္းမာန္ရယ္ ဦးကသာ ေတာင္းပန္ရမွာပါ "
"ဒါနဲ႔ အေစာပိုင္းတုန္းက ေရွ႕ေနႀကီးကို ဆက္သြယ္လို႔မရဘူးလို႔ေျပာတယ္ ဘယ္လိုျဖစ္တာလဲ ေရွ႕ေနႀကီး"

စကားေျပာရင္း ရံုးခန္းေရွ႕သို႔ေရာက္လာေသာေၾကာင့္ ေရွ႕ေနႀကီးအား အခန္းထဲသို႔ အရင္ဝင္ထိုင္ေစကာ အတြင္းေရးမွဴးအား ေဖ်ာ္ရည္တစ္ခြက္ယူလာေပးရန္ မွာၿပီးေနာက္ အခန္းထဲဝင္လာေလသည္။

"အင္းးးး ေျပာရရင္ေတာ့ လြန္ခဲ့တဲ့ ရက္အနည္းငယ္ကပဲ စတယ္လို႔ေျပာရမွာေပါ့ ဦးကို ေနာက္ေယာင္ခံလိုက္ေနတဲ့ လူတစ္ဦးရွိတယ္ စိတ္ထင္တာပဲလို႔ေတြးၿပီး သတိလက္လြတ္ေနခဲ့မိတာ တစ္ေန႔က်ေတာ့ ၿခိမ္းေျခာက္စာပါေရာက္လာတယ္ ေသတမ္းစာကို လႊဲေျပာင္းေပးဖို႔ အမွန္ေတာ့ ဦးလဲအဲ့စာရရခ်င္း ေမာင္မုန္းမာန္ရဲ႕မိဘေတြဆီကို ေျပာျပဖို႔ သြားဖို႔ရာပဲ ၾကားထဲမွာအေၾကာင္းကိစၥအခ်ိဳ႕ေၾကာင့္ ၾကာသြားတာ ဒီၾကားထဲ အဲ့လူထပ္ေပၚမလာတာေၾကာင့္လဲ ပါတာေပါ့ ဒီေန႔ေမာင္မုန္းမာန္ရဲ႕ မိဘေတြဆံုးၿပီဆိုတဲ့သတင္းၾကားေတာ့ ဦးလဲမင္းဆီအလာ လမ္းမွာ အနက္ေရာင္ဝတ္စံုဝတ္ထားတဲ့လူေတြ ဖမ္းတာခံရတာပဲ သတိရေတာ့ ဂိုေထာင္တစ္ခုထဲမွာ သူတို႔ေျပာတဲ့ ဒီေန႔ရွယ္ယာရွင္အစည္းအေဝးမွာ သူတို႔Bossနိုင္ရင္ ေအာင္ပြဲခံမယ့္အေၾကာင္းၾကားၿပီး ဦးလဲ သူတို႔အလစ္မွာ ထြက္ေျပးလာခဲ့လိုက္တာ"

ၿပီးေနာက္ အတြင္းေရးမွဴးမေလး လာခ်ေပးသြားသည့္ ေဖ်ာ္ရည္အား ေမာ့ေသာက္လိုက္ေလသည္။

မုန္းမာန္အေတြးထဲမွာေတာ့ သူတို႔ Boss နိုင္ရင္ဆိုတဲ့ စကားႀကီးကသာ ႀကီးစိုးလ်က္။

ေသခ်ာပါသည္ ဒါဦးငယ္လက္ခ်က္ဆိုတာ။
________________________
လယ္ထဲကျပန္ေရာက္ကတည္းက အေမ့ကိုေသခ်ာျပဳစုေပးေနမိသည္။အခုမွေသခ်ာၾကည့္မိတာ အေမခုတစ္ေလာ ပိန္သြားသည္ပင္။

"အေမ ေခါင္းက အရမ္းကိုက္ေနရင္ သားတို႔ေဆးခန္းသြားရေအာင္လား"
"ေနပါေစ သားရယ္ အေမတို႔မွာ ဘယ္ကပိုက္ဆံရွိလို႔လဲ သားရဲ႕"
"အာ အေမကလဲ သားစုထားတာေတြ ရွိပါတယ္ဗ် လာပါ ေဆးခန္းသြားရေအာင္ေနာ္"

ကႀကိဳးအား အိမ္ေစာင့္ခိုင္းၿပီး အေမ့အား ေဆးခန္းပို႔ဖို႔ရာ ထြက္လာခဲ့ေလသည္။

ေဆးခန္း၌..

"ဒီက ညီ ဆရာနဲ႔ ခဏ စကားေျပာရေအာင္"
"ဟုတ္ ဆရာ အေမ့ ဒီနားမွာ ထိုင္ေစာင့္ဦးေနာ္"

အေမ့အား ေဆးခန္းအျပင္ရွိ ခံုအလြတ္၌ ထိုင္ေစၿပီး သူလဲ ဆရာေခၚရာဆီသြားလိုက္သည္။

"ဆရာ အေမက ရိုးရိုးေခါင္းကိုက္တာပဲမို႔လား ဟင္"
"အင္းးး ညီ့အေမမွာ ဦးေနွာက္အက်ိတ္ကင္ဆာ ျဖစ္ေနၿပီ ဆရာတို႔အျမန္ခြဲစိတ္မွျဖစ္မယ္ မဟုတ္ရင္ ၃ လေတာင္မခံနိုင္ေလာက္ေတာ့ဘူး"
"ဗ်ာ ဒါ ဒါဆို ကြၽန္ေတာ္ဘာဆက္လုပ္ရမလဲ ဆရာ"
"အေကာင္းဆံုးက ေဆးရံုတစ္ခုမွာ အျမန္ခြဲစိတ္တာပဲ"
"ခြဲစိတ္တာက ဘယ္ေလာက္ ေလာက္က်မလဲဆရာ "
"အဲ့တာကေတာ့ ဆရာလဲမမွန္းတတ္ဘူး ေဆးရံုက ယူတဲ့အေပၚမွာ မူတည္တယ္"
"ဟုတ္ ဟုတ္ကဲ့ပါ ဆရာ"

ေဆးခန္းက ျပန္လာကတည္းက မွိုင္ေနတဲ့ ဟိန္းသူအားၾကည့္ၿပီး ကႀကိဳးမေနတတ္ေတာ့ေပ။

"အကို ဘာျဖစ္ေနတာလဲဟင္ ေနမေကာင္ဘူးလား"
"ဘာမွမျဖစ္ပါဘူး ကႀကိဳးရာ"
"အကိုမလိမ္ပါနဲ႔ အကိုတစ္ခုခုျဖစ္ေနတယ္လို႔ ကြၽန္ေတာ္ ခံစားမိေနတယ္"
"ကႀကိဳး"
"အင္း ေျပာေလ အကို"

ဟိန္းသူတိုးတိုးေလးေခၚၿပီးမွ ေျပာသင့္မေျပာသင့္ စဥ္းစားေနမိသည္။

"အကိုကလည္း ေခၚၿပီးဘာမွလဲမေျပာဘူး ေျပာပါဆိုေန"
"ကႀကိဳး အေမကေလ ဦးေနွာက္အႀကိတ္ကင္ဆာတဲ့"
"အဲ့တာ ဘယ္လိုမ်ိဳးလဲ ဟင္ အကို"
"အဲ့တာက မခြဲစိတ္ရင္ ၃ လေလာက္ပဲ အသက္ရွင္မယ္တဲ့"
"အာ့ဆို ခြဲစိတ္ရေအာင္ေလအကို ကြၽန္ေတာ္အေမ့ကိုေတာ့ မဆံုးရွံုးခ်င္ေတာ့ဘူး"

ေျပာရင္း မ်က္ရည္ဝဲလာသည့္ ေကာင္ငယ္ေလးအားၾကည့္ရင္း သူပါ ငိုခ်င္လာသည္။

"ဒါေပမယ့္ ခြဲစိတ္ဖို႔ ပိုက္ဆံအမ်ားႀကီးကုန္မွာတဲ့ ငါ့မွာ အဲ့ေလာက္မရွိဘူး အေဖ့ေျမကြက္ေလးကို ေရာင္းရမွာ နွေျမာေပမယ့္ ငါ့မွာအဲ့တစ္ခုပဲရွိတာ"
"ဒါဆို ကြၽန္ေတာ္လဲ အိမ္ေရွ႕က ကိုမင္းမင္းတို႔လို ပိုက္ဆံရေအာင္ အလုပ္ထြက္လုပ္မယ္ေလ အကို"

ဟိန္းသူ ဒီ အသားျဖဴျဖဴ လူေကာင္ေသးေသးေကာင္ေလးအား အလုပ္မခိုင္းရက္ေပ။

"မျဖစ္ပါဘူး ကႀကိဳးရာ"
"ဒါဆို အကိုေျပာတဲ့ သူေဌးဆိုတာကေရာ"
"အင္းးး သူေဌးဆီ ေငြသြားေခ်းရင္ေကာင္းမလား"
"သြားရေအာင္ေနာ္ အကို ေနာက္မွ ကြၽန္ေတာ္ေရာ ပိုက္ဆံရွာၿပီး ဆပ္ေပးမယ္ေလေနာ္"
"ေအးပါကြာ သြားၾကတာေပါ့"
_____________________
အေမ့ကို အိမ္မွာ ဖိုးလံုးတို႔အား ၾကည့္ခိုင္းထားၿပီး သူတို႔နွစ္ေယာက္လံုး သူေဌးဆီထြက္လာခဲ့ေလသည္။

"ေဟာ ဟိန္းသူတို႔ပါလား လာၾကေလ ထိုင္ၾကဦး ေဟ့ မိညိဳေရ အၾကမ္းရည္ေလးနဲ႔ လက္ဖက္ေလး လုပ္ပါဦး ဘာလဲ အေႂကြးလာဆပ္တာလားကြ"

သူေဌး၏ အေမးအား ဟိန္းသူအားနာနာျဖင့္ျပန္ေျပာမိသည္က..

"မဟုတ္ပါဘူး သူေဌးရယ္ ဟို ကြၽန္ေတာ့အေမက ကင္ဆာျဖစ္ေနလို႔ ခြဲစိတ္ရမွာ အဲ့တာ ေငြေခ်းလို႔ရမလားလို႔ပါ"
"ဒီမွာ ဟိန္းသူ မင္းကမ်က္နွာေျပာင္လွေခ်လား အရင္အေႀကြးေတာင္မဆပ္နိုင္ေသးဘဲနဲ႔ ငါ့ဆီေငြထပ္ေခ်းတယ္ ဟုတ္လား"
"ဟို ေတာင္းပန္ပါတယ္ သူေဌးရယ္ ကြၽန္ေတာ့္ကိုကူညီပါ"
"ေဟ့ ဒီနွစ္ေကာင္ကို အခုခ်က္ခ်င္း ငါ့ၿခံထဲက ေမာင္ထုတ္လိုက္ၾကစမ္း ေအး ထပ္ေျပာဦးမယ္ ဒီလေနာက္ဆံုးထားၿပီး ငါ့အေႂကြးကိုျပန္ဆပ္ရင္ဆပ္ မဟုတ္ရင္ မင္းလယ္ကြက္ေရာ မင္းအိမ္ေရာကို သိမ္းပစ္မယ္ နားလည္လား"
"ေတာင္းပန္ပါတယ္ သူေဌးရယ္ အဲ့လိုမလုပ္ပါနဲ႔"
"ဟုတ္ပါတယ္ သူေဌးရယ္ ကြၽန္ေတာ္တို႔ကို ကူညီပါ"
"ေဟ့ေကာင္ေတြ ဘာလုပ္ေနၾကတာလဲ ငါ့ၿခံထဲက ျမန္ျမန္ထုတ္လိုက္ၾကစမ္း"

သန္မာသည့္ လက္မ်ားျဖင့္ ဖမ္းခ်ဳပ္ကာ ၿခံျပင္နွင္ထုတ္ရန္ ႀကိဳပမ္းေနသည့္ လူမ်ားအၾကားမွ ေတာင္းပန္တိုးလ်ွိုးေနၾကသည့္ ေကာင္ေလးနွစ္ေယာက္။

ထိုစဥ္ အနက္ေရာင္ ကားတစ္စီး ၿခံထဲသို႔ေမာင္းဝင္လာေလသည္။
ထိုကားေပၚမွ ဆင္းလာသည့္ အရပ္ရွည္ရွည္ ေထာင္ေထာင္ေမာင္းေမာင္းလူတစ္ေယာက္။

"ဟာ Boss"

အခုန သူတို႔အား ေမာင္းထုတ္ခိုင္းေနေသာ သူေဌးဆိုသူမွာ ထိုသူ႔အားျမင္သည္နွင့္ အေျပးအလႊား ႀကိဳဆိုေတာ့သည္။

"ဘာေတြျဖစ္နၾကတာလဲ"

ထိုအနက္ေရာင္လူသား၏ အေမးစကား။

"ဟို ကြၽန္ေတာ့္ဆီ အေႂကြးတင္ေနတဲ့အျပင္ ပိုက္ဆံထပ္ၿပီး လာေခ်းတဲ့သူေတြပါ Boss အေရးမႀကီးပါဘူး ဟိတ္ေကာင္ေတြ ဘာလုပ္ေနတာလဲ ျမန္ျမန္ထုတ္ေလ"
"ဟုတ္ကဲ့ သူေဌး"
"ခဏ"

ထိုသူ၏ စကားသံေၾကာင့္ ေမာင္းထုတ္ေနရာမွ ရပ္တန္႔သြားသည့္ လူအခ်ိဳ႕။

"ဘာ ဘာလို႔လဲ Boss"
"လာ ထိုင္ပါဦး"

သူတို႔နွစ္ေယာက္အား ခံုကိုေမးေငါ့ျပကာ ထိုင္ခိုင္းသျဖင့္ ဝင္ထိုင္လိုက္ေလသည္။

"ေျပာပါဦး ဘယ္ေလာက္လိုတာလဲ"
"ဟို ဘယ္ေလာက္လဲေတာ့ အတိအက်မသိေသးပါဘူး အေမ့ရဲ႕ ခြဲစိတ္ခကိုၾကည့္ရဦးမွာပါ"
"Ok သိန္း ၁၀၀ ေပးမယ္ အဆင္ေျပလား"
"ဗ်ာ ဟို ဟုတ္ ဟုတ္ ေျပပါတယ္ Boss"
"ေနာက္ၿပီး သူ႔ဆီက အေႂကြးလဲ ဆပ္စရာမလိုေတာ့ဘူး"
"ဗ်ာ"

သူေဌးအား ေမးေငါ့ကာ ေျပာလိုက္သည့္သူေၾကာင့္ နွစ္ေယာက္လံုး တအံ့တၾသျဖစ္ေနမိသည္။

"ဟို ဒါဆို အခု သိန္း၁၀၀ ကို ဘယ္ခ်ိန္ျပန္ဆပ္ရမလဲ Boss"
"ရတယ္ျပန္မဆပ္နဲ႔"
"ေက်း ေက်းဇူးႀကီးလွပါေပတယ္ Boss"
"ဒါေပမယ့္ အေပးရွိရင္ အယူဆိုတာလည္း ရွိတယ္ေနာ္"
"ဟုတ္ကဲ့ Boss လိုခ်င္ရင္ ကြၽန္ေတာ့္အသက္ကိုေတာင္ ေပးရဲပါတယ္"
"ဟား ႀကိဳက္သြားၿပီ ဒါေပမယ့္ ငါလိုခ်င္တာမင္းအသက္မဟုတ္ဘူး အရုပ္ေလးလိုလွေနတဲ့ ဒီေကာင္မေလး"
"ဗ်ာ"
"ဟမ္"

ဟိန္းသူ Boss စကားနွင့္ ရမၼက္ေတြျပည့္ေနသည့္ မ်က္လံုးအၾကည့္ေတြေၾကာင့္ တုန္လႈပ္သြားမိသည္။Boss က ကႀကိဳးကို မိန္းကေလးလို႔ထင္ေနတာပဲ။

"Boss သူက မိန္းကေလးမဟုတ္ဘူး ေနာက္ၿပီး သူ႔ကိုလဲ Boss ကိုမေပးနိုင္ပါဘူး"
"တိတ္စမ္း မင္းက ငါ့ေငြက်လိုခ်င္ၿပီး ငါေတာင္းတာေတာ့မေပးခ်င္လို႔ မိန္းကေလးမဟုတ္ပါဘူးလို႔ေတာင္ လိမ္ေျပာတယ္ေပါ့ ဟုတ္လား"
"ကြၽန္ေတာ္တကယ္ေျပာေနတာပါ Boss အကယ္၍ သူ႔ကိုေပးရမွ ဒီေငြရမယ္ဆို ကြၽန္ေတာ္မယူေတာ့ဘူး ခြင့္ျပဳပါဦး"

ေျပာၿပီး ကႀကိဳးလက္အား ဆြဲကာ ထလိုက္သည္နွင့္တစ္ၿပိဳင္နက္ အနားသို႔ေရာက္လာၿပီး ကႀကိဳးအား သူ႔အနားမွဆြဲေခၚသြားၾကသည့္ လူအခ်ိဳ႕။

"အ အကိုေရ လုပ္ပါဦး ကြၽန္ေတာ့္ကို သူတို႔ေခၚသြားၿပီ"

ဟိန္းသူေၾကာင္အေနရာမွ ကႀကိဳးအသံေၾကာင့္ သတိဝင္လာကာ ေျပးဆြဲပါေတာ့သည္။

"ေဟ့လူေတြ လႊတ္ လႊတ္စမ္း ခင္ဗ်ားတို႔"
"အ နာတယ္အကိုေရ'

ကိုယ့္ထက္ အားႀကီးသည့္သူေတြ ဖမ္းခ်ဳပ္ကာ ဆြဲေခၚသြားသည္ေၾကာင့္ လက္ေမာင္းေတြပါ နာက်င္လာလို႔ ေအာ္မိေတာ့ အကိုက အေျပးလာဆြဲေခၚသည္။

ထိုစဥ္ Boss နွင့္ပါလာသူအခ်ိဳ႕က အကို႔အား ဝိုင္းရိုက္နွက္ၾကေလသည္။

"ေျဖာင္း ခြပ္ အင့္ ခြပ္ အ"
"ေတာ္ ေတာ္ၾကပါေတာ့ အကို႔ကို မလုပ္ပါနဲ႔ေတာ့ ကြၽန္ေတာ္လိုက္ခဲ့ပါ့မယ္"
"အဟက္ အစကတည္းက ဒီလိုျဖစ္ရမွာ"ဟု ေျပာၿပီးေနာက္ ဒဏ္ရာမ်ားျဖင့္ လဲက်ေနေသာ အကို႔နားသြားကာ

"မင္းသိေအာင္ ေျပာျပရဦးမယ္ ငါဆိုတဲ့ စိုင္းေကာင္းျမတ္ထူးက လိုခ်င္တဲ့အရာမွန္သမ်ွကို မရရေအာင္လဲယူတတ္သလို မေပးရင္လဲ လုယူတတ္တယ္ဆိုတာ ၿမဲၿမဲမွတ္ထား"

ေျပာၿပီး အကို႔ခနၶာကိုယ္ေပၚသို႔ ေငြစကၠဴအခ်ိဳ႕ျဖန္႔ခ်လိုက္ကာ သူ႔အား ကားထဲအတင္းထိုးသြင္းကာ ေမာင္းထြက္သြားေလေတာ့သည္။

"အကို"
"ကႀကိဳး"

ကားေပၚမွ ကႀကိဳး၏ေခၚသံေၾကာင့္ ဟိန္းသူနာက်င္ေနသည့္ၾကားမွ ျပန္ေခၚမိေလသည္။

"အေမ့ကို ေစာင့္ေရွာက္ေပးေနာ္ ေနာက္ၿပီး အကိုလဲက်န္းမာေအာင္ေန"

တစ္စတစ္စေဝးကြာသြားသည့္ ကားေလးအားၾကည့္ရင္း..

"ေစာင့္ေနပါကႀကိဳး ဒီအကိုက ညီ့ကိုေသခ်ာေပါက္ ျပန္လာေခၚမွာကို"

Tbc...
--------------*----------------
ကိုယ့္စိတ္အထင္ ကိုယ္စာအေရးအသားမေကာင္းဘူးထင္တယ္ ပထမဆံုးေရးတာမို႔ မေကာင္းရင္ ေတာင္းပန္ပါတယ္ viewer ကလည္း နည္းနည္းေလးတင္ vote မေပးခ်င္ေနပါ viewer ေလးတိုးလာရင္ကို ေပ်ာ္ပါၿပီ😿
_________________________

Unicode...

"အခုဆိုရင် ကျွန်တော်တို့ရေတွက်ရမိသလောက် မဲတွေက ညီတူညီမျှပဲဖြစ်နေတယ် အကယ်၍ မဲထည့်ထားတဲ့သူတွေရဲ့ ရှယ်ယာအနည်းအများနဲ့ ခွဲရမယ်ဆိုရင်တော့ ကိုဘုန်းမြတ်ဘက်က သာနေပါတယ်"

တိတ်ဆိတ်နေသော အစည်းအဝေးကို ဖြိုခွင်းလိုက်သည့် အသံ။
ထိုစဉ် ရှယ်ယာရှင်တစ်ဦးမှ ထပြောလာလေသည်။

"ဒါဆို ရှယ်ယာနဲ့ပဲခွဲလိုက်ကြတာပေါ့"
"ဟာ ဒီလိုတော့ ဘယ်ဖြစ်မှာလဲ ကိုဘုန်းမြတ်ဘက်က ရှယ်ယာ သာတယ်ပြောရအောင် ကိုမုန်းမာန်ဘက်က မိဘတွေရဲ့ ရှယ်ယာတွေကျန်သေးတာပဲဟာ"
"ဒါပေမယ့် ကိုမုန်းမာန်က ထုတ်မပြနိုင်ဘူးလေ နောက်ပြီး မိဘက သူ့ကိုလွှဲခဲ့လားဆိုတာ ဘယ်လိုယုံရမှာလဲ အခုတောင် သူ့မိဘကမလွှဲခဲ့လို့ ဘာမှထုတ်မပြတာလားမှ မသိတာ"

တစ်ယောက်တစ်ပေါက်ဖြင့် အငြင်းပွားနေခြင်းကို အဆုံးသတ်လိုက်သည်က

"ခဏနေပါဦး ကျွန်တော်ရော မဲပေးလို့ရသေးလား"

အသံလာရာဆီသို့ ဝိုင်းကြည့်လိုက်ကြတော့..

"ရှေ့နေကြီး"

မုန်းမာန်၏နှုတ်မှ ဝမ်းသာအားရထွက်လာသည့်အသံ။

"မဲပေးရအောင် ခင်ဗျားနဲ့မဆိုင်ဘူးလေ"

ရှယ်ယာရှင်တစ်ယောက်မှဝင်ပြောလိုက်လေရာ

"ဟုတ်ပါတယ် ကျွန်တော်နဲ့တော့ မဆိုင်ပါဘူး ဒါပေမယ့် ကျွန်တော်က မုန်းမာန်မိဘတွေရဲ့ သေတမ်းစာအရရော ထိန်းသိမ်းပေးထားရတဲ့ ရှယ်ယာတွေအရရော ပေါင်းရင် သက်ဆိုင်မယ်လို့ထင်ပါတယ် ဒါကြောင့် ကျွန်တော့်ကို မဲပေးခွင့်ပေးပါ"

ထိုအခါငြိမ်ကျသွားသည့်လူများ။
ဘုန်းမြတ်အာကာမှာတော့ ရှေ့နေကြီးရောက်လာကတည်းက သူ့အနီးနားရှိ ခန့်ညားအား ဒေါသတကြီးဖြင့် ကြည့်နေသည်မှာ ပေါက်ထွက်မတတ်ပင်။ခန့်ညားမှာလည်း သူသေချာဖမ်းခေါ်ထားပါလျက်နဲ့ အခုလိုရောက်လာသောကြောင့် ကိုယ့်အပြစ်နှင့်ကိုယ် ရင်မဆိုင်ရဲဘဲ ခေါင်းငုံ့ထားလိုက်လေသည်။

"ဟုတ်ကဲ့ ဒါဆို မဲအနေနဲ့ရော ရှယ်ယာအနေနဲ့ပါဆို ကိုမုန်းမာန်ကပဲ CEO ဖြစ်သွားပါတယ် ခင်ဗျ"

မဲခွဲပေးသည့် ကောင်လေး၏စကားကြားပြီးနောက် လက်ခုပ်ထတီးကြသော အချို့ရှယ်ယာရှင်များ။အချို့ကတော့ သူတို့ထည့်တဲ့သူမရသဖြင့် မအီမလည် ရှုံ့မဲ့နေကြသည့် မျက်နှာကြီးများဖြင့်။

"Congratulation မုန်းမာန် ဒီပွဲမှာမင်းနိုင်ပါတယ်"ဟုပြောပြီး လက်ဆွဲနှုတ်ဆက်လာသည့် ဦးငယ်။

"အခုကစပြီး အမြဲတမ်း ကျွန်တော်ပဲနိုင်စေရမယ် ဦးငယ်"

ပြီးနောက် ဘုန်းမြတ်အာကာတစ်ယောက် ဒေါသတကြီးဖြင့် အခန်းထဲမှ ထွက်သွားလေတော့သည်။
____________________

အခန်းတစ်ခုထဲ၌..

"ငါက မင်းကိုယုံပြီး ခိုင်းခဲ့တာလေ ခန့်ညား အခုတော့မင်းအသုံးမကျလို့ ငါကြိုးစားထားသမျှတွေ အကုန်အလကားဖြစ်ကုန်ပြီကွ မင်းသိရဲ့လား"

ခန့်ညားမှာတော့ သူ့အပြစ်ကြောင့် ခေါင်းငုံ့လျက်ဖြင့်သာ။

"ဟိတ်ကောင် ငါမင်းကို မေးနေတာ ဘယ်လိုဖြစ်တာလဲလို့ အခုမှ စကားမပြောတတ်တော့တာလားကွ ဟမ်"

"........"

"ဟာ ဒီကောင် ကဲကွာ ခွပ် ခွပ် ခွပ်"

ဘုန်းမြတ်အာကာမှာ သူ့ရှေ့ရှိမတုန်မလှုပ်ဘဲ ခေါင်းပဲငုံ့ထားသည့် ခန့်ညားအား ဒေါသတကြီးဖြင့် လက်သီးနဲ့ထထိုးပါတော့သည်။

"ဖြေလေ ခွပ် ဖြေစမ်းလို့ ငါမင်းကိုပြောနေတယ်"

ခန့်ညားသည် နှုတ်ခမ်းထောင့်စွန်းရှိ သွေးစအချို့အား လက်ဖမိုးဖြင့် သုတ်လိုက်ပြီးနောက်

"တောင်း တောင်းပန်ပါတယ် Boss"
"ငါကြားချင်တာ အဲ့စကားမဟုတ်ဘူး ခန့်ညား"
"ကျွန်တော်တို့စောင့်ခိုင်းထားတဲ့ လူတွေအလစ်မှာ ထွက်ပြေးသွားတယ်လို့ သိရပါတယ် Boss"
"တောက် တော်တော်စောက်သုံးမကျတဲ့သူတွေ ဟာ ကဲကွာ"

*ခွမ်း*

စားပွဲပေါ်၌အလှတင်ထားသည့် ပန်းအိုးအားဆွဲယူကာ အဝေးသို့ပစ်ပေါက်လိုက်သည်ကြောင့် ခန့်ညားစိုးရိမ်တကြီးဖြင့် Boss အနားသို့ပြေးသွားမိသည်။

"ဟင် Boss Boss လက်ထိခိုက်သွားသေးလား ကျွန်တော့်ကိုပြပါဦး"
"ရတယ် ဖယ် ငါဘာမှမဖြစ်ဘူး မင်းသာ ငါ့အရှေ့က အခုထွက်သွားစမ်းခန့်ညား မင်းမျက်နှာကိုငါမမြင်ချင်ဘူး"

ခန့်ညား Boss ပုတ်ထုတ်လိုက်သည့် သူ့လက်ကလေးအား ကိုင်လျက် အနားမှထွက်လာခဲ့လေသည်။

မျက်နှာငယ်ဖြင့်ထွက်သွားသော ကောင်လေးအား အကြောင်းမဲ့ကြည့်နေရာမှ သတိပြန်ဝင်လာကာ မျက်နှာလွှဲလိုက်သူတစ်ဦး။
____________________
"အခုလိုအချိန်မှီရောက်လာလို့ ဖော်မပြတတ်အောင်ကို ကျေးဇူးတင်ပါတယ် ရှေ့နေကြီး"
"မလိုပါဘူး မောင်မုန်းမာန်ရယ် ဦးကသာ တောင်းပန်ရမှာပါ "
"ဒါနဲ့ အစောပိုင်းတုန်းက ရှေ့နေကြီးကို ဆက်သွယ်လို့မရဘူးလို့ပြောတယ် ဘယ်လိုဖြစ်တာလဲ ရှေ့နေကြီး"

စကားပြောရင်း ရုံးခန်းရှေ့သို့ရောက်လာသောကြောင့် ရှေ့နေကြီးအား အခန်းထဲသို့ အရင်ဝင်ထိုင်စေကာ အတွင်းရေးမှူးအား ဖျော်ရည်တစ်ခွက်ယူလာပေးရန် မှာပြီးနောက် အခန်းထဲဝင်လာလေသည်။

"အင်းးးး ပြောရရင်တော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ စတယ်လို့ပြောရမှာပေါ့ ဦးကို နောက်ယောင်ခံလိုက်နေတဲ့ လူတစ်ဦးရှိတယ် စိတ်ထင်တာပဲလို့တွေးပြီး သတိလက်လွတ်နေခဲ့မိတာ တစ်နေ့ကျတော့ ခြိမ်းခြောက်စာပါရောက်လာတယ် သေတမ်းစာကို လွှဲပြောင်းပေးဖို့ အမှန်တော့ ဦးလဲအဲ့စာရရချင်း မောင်မုန်းမာန်ရဲ့မိဘတွေဆီကို ပြောပြဖို့ သွားဖို့ရာပဲ ကြားထဲမှာအကြောင်းကိစ္စအချို့ကြောင့် ကြာသွားတာ ဒီကြားထဲ အဲ့လူထပ်ပေါ်မလာတာကြောင့်လဲ ပါတာပေါ့ ဒီနေ့မောင်မုန်းမာန်ရဲ့ မိဘတွေဆုံးပြီဆိုတဲ့သတင်းကြားတော့ ဦးလဲမင်းဆီအလာ လမ်းမှာ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူတွေ ဖမ်းတာခံရတာပဲ သတိရတော့ ဂိုထောင်တစ်ခုထဲမှာ သူတို့ပြောတဲ့ ဒီနေ့ရှယ်ယာရှင်အစည်းအဝေးမှာ သူတို့Bossနိုင်ရင် အောင်ပွဲခံမယ့်အကြောင်းကြားပြီး ဦးလဲ သူတို့အလစ်မှာ ထွက်ပြေးလာခဲ့လိုက်တာ"

ပြီးနောက် အတွင်းရေးမှူးမလေး လာချပေးသွားသည့် ဖျော်ရည်အား မော့သောက်လိုက်လေသည်။

မုန်းမာန်အတွေးထဲမှာတော့ သူတို့ Boss နိုင်ရင်ဆိုတဲ့ စကားကြီးကသာ ကြီးစိုးလျက်။

သေချာပါသည် ဒါဦးငယ်လက်ချက်ဆိုတာ။
________________________
လယ်ထဲကပြန်ရောက်ကတည်းက အမေ့ကိုသေချာပြုစုပေးနေမိသည်။အခုမှသေချာကြည့်မိတာ အမေခုတစ်လော ပိန်သွားသည်ပင်။

"အမေ ခေါင်းက အရမ်းကိုက်နေရင် သားတို့ဆေးခန်းသွားရအောင်လား"
"နေပါစေ သားရယ် အမေတို့မှာ ဘယ်ကပိုက်ဆံရှိလို့လဲ သားရဲ့"
"အာ အမေကလဲ သားစုထားတာတွေ ရှိပါတယ်ဗျ လာပါ ဆေးခန်းသွားရအောင်နော်"

ကကြိုးအား အိမ်စောင့်ခိုင်းပြီး အမေ့အား ဆေးခန်းပို့ဖို့ရာ ထွက်လာခဲ့လေသည်။

ဆေးခန်း၌..

"ဒီက ညီ ဆရာနဲ့ ခဏ စကားပြောရအောင်"
"ဟုတ် ဆရာ အမေ့ ဒီနားမှာ ထိုင်စောင့်ဦးနော်"

အမေ့အား ဆေးခန်းအပြင်ရှိ ခုံအလွတ်၌ ထိုင်စေပြီး သူလဲ ဆရာခေါ်ရာဆီသွားလိုက်သည်။

"ဆရာ အမေက ရိုးရိုးခေါင်းကိုက်တာပဲမို့လား ဟင်"
"အင်းးး ညီ့အမေမှာ ဦးနှောက်အကျိတ်ကင်ဆာ ဖြစ်နေပြီ ဆရာတို့အမြန်ခွဲစိတ်မှဖြစ်မယ် မဟုတ်ရင် ၃ လတောင်မခံနိုင်လောက်တော့ဘူး"
"ဗျာ ဒါ ဒါဆို ကျွန်တော်ဘာဆက်လုပ်ရမလဲ ဆရာ"
"အကောင်းဆုံးက ဆေးရုံတစ်ခုမှာ အမြန်ခွဲစိတ်တာပဲ"
"ခွဲစိတ်တာက ဘယ်လောက် လောက်ကျမလဲဆရာ "
"အဲ့တာကတော့ ဆရာလဲမမှန်းတတ်ဘူး ဆေးရုံက ယူတဲ့အပေါ်မှာ မူတည်တယ်"
"ဟုတ် ဟုတ်ကဲ့ပါ ဆရာ"

ဆေးခန်းက ပြန်လာကတည်းက မှိုင်နေတဲ့ ဟိန်းသူအားကြည့်ပြီး ကကြိုးမနေတတ်တော့ပေ။

"အကို ဘာဖြစ်နေတာလဲဟင် နေမကောင်ဘူးလား"
"ဘာမှမဖြစ်ပါဘူး ကကြိုးရာ"
"အကိုမလိမ်ပါနဲ့ အကိုတစ်ခုခုဖြစ်နေတယ်လို့ ကျွန်တော် ခံစားမိနေတယ်"
"ကကြိုး"
"အင်း ပြောလေ အကို"

ဟိန်းသူတိုးတိုးလေးခေါ်ပြီးမှ ပြောသင့်မပြောသင့် စဉ်းစားနေမိသည်။

"အကိုကလည်း ခေါ်ပြီးဘာမှလဲမပြောဘူး ပြောပါဆိုနေ"
"ကကြိုး အမေကလေ ဦးနှောက်အကြိတ်ကင်ဆာတဲ့"
"အဲ့တာ ဘယ်လိုမျိုးလဲ ဟင် အကို"
"အဲ့တာက မခွဲစိတ်ရင် ၃ လလောက်ပဲ အသက်ရှင်မယ်တဲ့"
"အာ့ဆို ခွဲစိတ်ရအောင်လေအကို ကျွန်တော်အမေ့ကိုတော့ မဆုံးရှုံးချင်တော့ဘူး"

ပြောရင်း မျက်ရည်ဝဲလာသည့် ကောင်ငယ်လေးအားကြည့်ရင်း သူပါ ငိုချင်လာသည်။

"ဒါပေမယ့် ခွဲစိတ်ဖို့ ပိုက်ဆံအများကြီးကုန်မှာတဲ့ ငါ့မှာ အဲ့လောက်မရှိဘူး အဖေ့မြေကွက်လေးကို ရောင်းရမှာ နှမြောပေမယ့် ငါ့မှာအဲ့တစ်ခုပဲရှိတာ"
"ဒါဆို ကျွန်တော်လဲ အိမ်ရှေ့က ကိုမင်းမင်းတို့လို ပိုက်ဆံရအောင် အလုပ်ထွက်လုပ်မယ်လေ အကို"

ဟိန်းသူ ဒီ အသားဖြူဖြူ လူကောင်သေးသေးကောင်လေးအား အလုပ်မခိုင်းရက်ပေ။

"မဖြစ်ပါဘူး ကကြိုးရာ"
"ဒါဆို အကိုပြောတဲ့ သူဌေးဆိုတာကရော"
"အင်းးး သူဌေးဆီ ငွေသွားချေးရင်ကောင်းမလား"
"သွားရအောင်နော် အကို နောက်မှ ကျွန်တော်ရော ပိုက်ဆံရှာပြီး ဆပ်ပေးမယ်လေနော်"
"အေးပါကွာ သွားကြတာပေါ့"
_____________________
အမေ့ကို အိမ်မှာ ဖိုးလုံးတို့အား ကြည့်ခိုင်းထားပြီး သူတို့နှစ်ယောက်လုံး သူဌေးဆီထွက်လာခဲ့လေသည်။

"ဟော ဟိန်းသူတို့ပါလား လာကြလေ ထိုင်ကြဦး ဟေ့ မိညိုရေ အကြမ်းရည်လေးနဲ့ လက်ဖက်လေး လုပ်ပါဦး ဘာလဲ အကြွေးလာဆပ်တာလားကွ"

သူဌေး၏ အမေးအား ဟိန်းသူအားနာနာဖြင့်ပြန်ပြောမိသည်က..

"မဟုတ်ပါဘူး သူဌေးရယ် ဟို ကျွန်တော့အမေက ကင်ဆာဖြစ်နေလို့ ခွဲစိတ်ရမှာ အဲ့တာ ငွေချေးလို့ရမလားလို့ပါ"
"ဒီမှာ ဟိန်းသူ မင်းကမျက်နှာပြောင်လှချေလား အရင်အကြွေးတောင်မဆပ်နိုင်သေးဘဲနဲ့ ငါ့ဆီငွေထပ်ချေးတယ် ဟုတ်လား"
"ဟို တောင်းပန်ပါတယ် သူဌေးရယ် ကျွန်တော့်ကိုကူညီပါ"
"ဟေ့ ဒီနှစ်ကောင်ကို အခုချက်ချင်း ငါ့ခြံထဲက မောင်ထုတ်လိုက်ကြစမ်း အေး ထပ်ပြောဦးမယ် ဒီလနောက်ဆုံးထားပြီး ငါ့အကြွေးကိုပြန်ဆပ်ရင်ဆပ် မဟုတ်ရင် မင်းလယ်ကွက်ရော မင်းအိမ်ရောကို သိမ်းပစ်မယ် နားလည်လား"
"တောင်းပန်ပါတယ် သူဌေးရယ် အဲ့လိုမလုပ်ပါနဲ့"
"ဟုတ်ပါတယ် သူဌေးရယ် ကျွန်တော်တို့ကို ကူညီပါ"
"ဟေ့ကောင်တွေ ဘာလုပ်နေကြတာလဲ ငါ့ခြံထဲက မြန်မြန်ထုတ်လိုက်ကြစမ်း"

သန်မာသည့် လက်များဖြင့် ဖမ်းချုပ်ကာ ခြံပြင်နှင်ထုတ်ရန် ကြိုပမ်းနေသည့် လူများအကြားမှ တောင်းပန်တိုးလျှိုးနေကြသည့် ကောင်လေးနှစ်ယောက်။

ထိုစဉ် အနက်ရောင် ကားတစ်စီး ခြံထဲသို့မောင်းဝင်လာလေသည်။
ထိုကားပေါ်မှ ဆင်းလာသည့် အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းလူတစ်ယောက်။

"ဟာ Boss"

အခုန သူတို့အား မောင်းထုတ်ခိုင်းနေသော သူဌေးဆိုသူမှာ ထိုသူ့အားမြင်သည်နှင့် အပြေးအလွှား ကြိုဆိုတော့သည်။

"ဘာတွေဖြစ်နကြတာလဲ"

ထိုအနက်ရောင်လူသား၏ အမေးစကား။

"ဟို ကျွန်တော့်ဆီ အကြွေးတင်နေတဲ့အပြင် ပိုက်ဆံထပ်ပြီး လာချေးတဲ့သူတွေပါ Boss အရေးမကြီးပါဘူး ဟိတ်ကောင်တွေ ဘာလုပ်နေတာလဲ မြန်မြန်ထုတ်လေ"
"ဟုတ်ကဲ့ သူဌေး"
"ခဏ"

ထိုသူ၏ စကားသံကြောင့် မောင်းထုတ်နေရာမှ ရပ်တန့်သွားသည့် လူအချို့။

"ဘာ ဘာလို့လဲ Boss"
"လာ ထိုင်ပါဦး"

သူတို့နှစ်ယောက်အား ခုံကိုမေးငေါ့ပြကာ ထိုင်ခိုင်းသဖြင့် ဝင်ထိုင်လိုက်လေသည်။

"ပြောပါဦး ဘယ်လောက်လိုတာလဲ"
"ဟို ဘယ်လောက်လဲတော့ အတိအကျမသိသေးပါဘူး အမေ့ရဲ့ ခွဲစိတ်ခကိုကြည့်ရဦးမှာပါ"
"Ok သိန်း ၁၀၀ ပေးမယ် အဆင်ပြေလား"
"ဗျာ ဟို ဟုတ် ဟုတ် ပြေပါတယ် Boss"
"နောက်ပြီး သူ့ဆီက အကြွေးလဲ ဆပ်စရာမလိုတော့ဘူး"
"ဗျာ"

သူဌေးအား မေးငေါ့ကာ ပြောလိုက်သည့်သူကြောင့် နှစ်ယောက်လုံး တအံ့တသြဖြစ်နေမိသည်။

"ဟို ဒါဆို အခု သိန်း၁၀၀ ကို ဘယ်ချိန်ပြန်ဆပ်ရမလဲ Boss"
"ရတယ်ပြန်မဆပ်နဲ့"
"ကျေး ကျေးဇူးကြီးလှပါပေတယ် Boss"
"ဒါပေမယ့် အပေးရှိရင် အယူဆိုတာလည်း ရှိတယ်နော်"
"ဟုတ်ကဲ့ Boss လိုချင်ရင် ကျွန်တော့်အသက်ကိုတောင် ပေးရဲပါတယ်"
"ဟား ကြိုက်သွားပြီ ဒါပေမယ့် ငါလိုချင်တာမင်းအသက်မဟုတ်ဘူး အရုပ်လေးလိုလှနေတဲ့ ဒီကောင်မလေး"
"ဗျာ"
"ဟမ်"

ဟိန်းသူ Boss စကားနှင့် ရမ္မက်တွေပြည့်နေသည့် မျက်လုံးအကြည့်တွေကြောင့် တုန်လှုပ်သွားမိသည်။Boss က ကကြိုးကို မိန်းကလေးလို့ထင်နေတာပဲ။

"Boss သူက မိန်းကလေးမဟုတ်ဘူး နောက်ပြီး သူ့ကိုလဲ Boss ကိုမပေးနိုင်ပါဘူး"
"တိတ်စမ်း မင်းက ငါ့ငွေကျလိုချင်ပြီး ငါတောင်းတာတော့မပေးချင်လို့ မိန်းကလေးမဟုတ်ပါဘူးလို့တောင် လိမ်ပြောတယ်ပေါ့ ဟုတ်လား"
"ကျွန်တော်တကယ်ပြောနေတာပါ Boss အကယ်၍ သူ့ကိုပေးရမှ ဒီငွေရမယ်ဆို ကျွန်တော်မယူတော့ဘူး ခွင့်ပြုပါဦး"

ပြောပြီး ကကြိုးလက်အား ဆွဲကာ ထလိုက်သည်နှင့်တစ်ပြိုင်နက် အနားသို့ရောက်လာပြီး ကကြိုးအား သူ့အနားမှဆွဲခေါ်သွားကြသည့် လူအချို့။

"အ အကိုရေ လုပ်ပါဦး ကျွန်တော့်ကို သူတို့ခေါ်သွားပြီ"

ဟိန်းသူကြောင်အနေရာမှ ကကြိုးအသံကြောင့် သတိဝင်လာကာ ပြေးဆွဲပါတော့သည်။

"ဟေ့လူတွေ လွှတ် လွှတ်စမ်း ခင်ဗျားတို့"
"အ နာတယ်အကိုရေ'

ကိုယ့်ထက် အားကြီးသည့်သူတွေ ဖမ်းချုပ်ကာ ဆွဲခေါ်သွားသည်ကြောင့် လက်မောင်းတွေပါ နာကျင်လာလို့ အော်မိတော့ အကိုက အပြေးလာဆွဲခေါ်သည်။

ထိုစဉ် Boss နှင့်ပါလာသူအချို့က အကို့အား ဝိုင်းရိုက်နှက်ကြလေသည်။

"ဖြောင်း ခွပ် အင့် ခွပ် အ"
"တော် တော်ကြပါတော့ အကို့ကို မလုပ်ပါနဲ့တော့ ကျွန်တော်လိုက်ခဲ့ပါ့မယ်"
"အဟက် အစကတည်းက ဒီလိုဖြစ်ရမှာ"ဟု ပြောပြီးနောက် ဒဏ်ရာများဖြင့် လဲကျနေသော အကို့နားသွားကာ

"မင်းသိအောင် ပြောပြရဦးမယ် ငါဆိုတဲ့ စိုင်းကောင်းမြတ်ထူးက လိုချင်တဲ့အရာမှန်သမျှကို မရရအောင်လဲယူတတ်သလို မပေးရင်လဲ လုယူတတ်တယ်ဆိုတာ မြဲမြဲမှတ်ထား"

ပြောပြီး အကို့ခန္ဓာကိုယ်ပေါ်သို့ ငွေစက္ကူအချို့ဖြန့်ချလိုက်ကာ သူ့အား ကားထဲအတင်းထိုးသွင်းကာ မောင်းထွက်သွားလေတော့သည်။

"အကို"
"ကကြိုး"

ကားပေါ်မှ ကကြိုး၏ခေါ်သံကြောင့် ဟိန်းသူနာကျင်နေသည့်ကြားမှ ပြန်ခေါ်မိလေသည်။

"အမေ့ကို စောင့်ရှောက်ပေးနော် နောက်ပြီး အကိုလဲကျန်းမာအောင်နေ"

တစ်စတစ်စဝေးကွာသွားသည့် ကားလေးအားကြည့်ရင်း..

"စောင့်နေပါကကြိုး ဒီအကိုက ညီ့ကိုသေချာပေါက် ပြန်လာခေါ်မှာကို"

Tbc...
--------------*----------------
ကိုယ့်စိတ်အထင် ကိုယ်စာအရေးအသားမကောင်းဘူးထင်တယ် ပထမဆုံးရေးတာမို့ မကောင်းရင် တောင်းပန်ပါတယ် viewer ကလည်း နည်းနည်းလေးတင် vote မပေးချင်နေပါ viewer လေးတိုးလာရင်ကို ပျော်ပါပြီ😿
_________________________



© Kout Tay,
книга «My Heart For You».
အပိုင္း-၂၀
Коментарі