အပိုင်း_၃၇
Zawgyi...
*ဖျောက်**ဖျောက်*
*အဟမ်း*
"ဘာလို့လဲ"
"ဘာကို.."
"ဘာလို့လဲလို့"
"..."
*ဘုန်း**ဘုန်း*
"မုန်းလို့"
_________________
________________
"ကြွပါ.. ကြွပါ"
"ဟုတ်ကဲ့"
*ဘာကြောင့်များလဲ*
Tbc...
---------------------*--------------------
Unicode...
*ဖျောက်**ဖျောက်*
တစ်ဖျောက်ဖျောက်မြည်နေသော ရေကျသံကြောင့် ကျောပေးထားရာမှ နောက်ကိုလှည့်ကြည့်လိုက်တော့ ရေချိုးခန်းသုံးတဘက်အား ခါးစပ်မှာပတ်ထားကာ ရေချိုးပြီး ထွက်လာသူ။
သေချာကြည့်မိမှ မောင့်ဝမ်းဗိုက်တစ်လျောက်မှာ သူ့လိုဗိုက်ပူပူလေးရှိရမည့်အစား အဖုအထစ်များကသာ နေရာယူလျက်ရှိ၏။
ရေစိုနေသော ဆံပင်မှရေစက်များက ကြမ်းပြင်ပေါ်သို့ကျနေသည့်အပြင် ရေမသုတ်ဘဲ ထွက်လာသောကြောင့် မောင့်ရဲ့တောင့်တင်းနေသော ရင်အုပ်ပြင်ကျယ်ကျယ်မှာ ရေစက်များတွဲလွဲခိုနေသည်က သူ့အား ညှို့ယူဖမ်းစားလိုက်သလို တဒင်္ဂငေးမောသွားမိစေသည်။
*အဟမ်း*
မောင့်ရဲ့ ချောင်းဟန့်သံကြားမှ အတွေးရေယာဉ်ကြောက ပျက်တောက်သွားသည့် သူ့ကိုယ်သူအား အခုမှသတိထားမိသည်။
'မောင်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုစီကတောင် ကျွန်တော့်ကို ညှို့ယူဖမ်းစားနိုင်လွန်းရင် မောင်ဆိုတဲ့ လူသားတစ်ယောက်လုံးကသာဆိုလျှင် ကျွန်တော် ရူးတောင်သွားမလားပဲ'
"ဒီ.. ဒီနားလာခဲ့ ကျွန်တော် ခေါင်းရေသုတ်ပေးမယ်"
သူ့အား စူးစိုက်ကြည့်နေသည့် မောင့်ကြောင့် အရှက်ပြေ ပါးစပ်ထဲရှိတဲ့ဟာ ပြောမိပြောရာ ပြောလိုက်လေသည်။
ဗီဒီုထဲမှ တဘက်တစ်ထည်အား ထုတ်ယူကာ မောင့်ခေါင်းအား ရေသုတ်ပေးနေမိသည်။
"ဘာလို့လဲ"
အဆုံးအစ မရှိသော သူ့စကားကြောင့် မောင်က ခေါင်းမော့ကာ ကြည့်လာလေသည်။
မောင့်မျက်ဝန်းများကို အနီးကပ်စူးစိုက်ကြည့်လိုက်ရသောကြောင့် ရှေ့ဆက်ပြောရမည့်စကားများပင် ပျောက်ရှကုန်သည်။
"ဘာလို့.. ဘာလို့ အဲ့ဆေးကိုတိုက်ရတာလဲ"
"ဘာကို.."
မောင်က နားမလည်သလို မျက်ခုံးတွန့်ကာ စဉ်းစားပြီးသည့်နောက် တစ်စုံတစ်ခုအား အမှတ်ရသွားသလိုဖြင့် ထိုင်နေရမှ ထကာ သူ့အဝတ်ဗီရိုအား ဆွဲဖွင့်ကာ အဝတ်လဲရန် ပြင်နေလေသည်။
"ဘာလို့လဲလို့"
"..."
အခုထိ နှုတ်ဆိတ်နေသည့် မောင့်အား သူ ဆွဲကိုင်လှုပ်ရမ်းပစ်လိုက်ချင်သည်။
"ဘာလို့ အဲ့ဆေးတိုက်ရတာလဲ.. ဘာလို့လဲ.. ဟင့်.. ဘာလို့လဲ"
*ဘုန်း**ဘုန်း*
မနေနိုင်သည့်အဆုံး အဝတ်လဲရန်ပြင်နေသည့် မောင့်ကျောပြင်အား သူ လက်သီးဆုတ်များဖြင့် ထုကာ မေးမိသည်။
"မုန်းလို့"
မောင့်အဖြေစကားကြောင့် မောင့်ကျောပြင်အား တရစပ်ထုနေသည့် သူ့လက်သီးဆုတ်များက အားမရှိသလို သစ္စာဖောက်ကာ ရပ်တန့်သွားလေသည်။
"သေလောက်အောင် မုန်းလို့"
သူ့ဘက်သို့လှည့်ကာ ပုခုံးကိုကိုင်ကာ လှုပ်ရမ်း၍ပြောလာသည့် မောင်။
"ငါ့ချစ်သူကို သတ်ပြီး ငါ့ရင်သွေးကို လွယ်ထားရလို့ မင်းကို အပြစ်က ရှောင်ဖယ်ပေးမယ်ထင်လို့လား.. အဟက် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး.. မင်းရဲ့သွေးတစ်ဝက်ပါနေတဲ့ အဲ့ကလေးကိုလဲ ငါမလိုချင်ဘူး.. အဲ့အစား ငါ့ချစ်သူကိုပဲ ပြန်ခေါ်လာပေးပါလား.. မင်းကြောင့် မင်းသတ်လိုက်တဲ့ ငါ့ချစ်သူကိုပဲ ပြန်ခေါ်လာပေးပါလား.. ဘာမဟုတ်တဲ့ အဲ့ကလေးကိုလဲ ငါအလိုမရှိသလို အဲ့ကလေးကိုမွေးမယ့် မင်းကိုလဲ ငါက ဟောဒီ အသည်းထဲကနေကို မုန်းတာမို့လို့ ငါ့ချစ်သူအတွက် အပြစ်ကြွေးဆပ်ရင်ဆပ် ဒါမှမဟုတ် ငါ့အနားကနေ တစ်ဘဝလုံး ပျောက်ကွယ်သွားပေးပါလား.. ငါတောင်းဆိုပါတယ်.."
ပြောပြီးအခန်းအပြင်သို့ ထွက်သွားသူအား ကကြိုးမတားမိသလို သူကိုယ်တိုင်လဲ ငိုဖို့ပင် မေ့နေသည်အထိ။နောက်ဆုံး ပင်ပန်းနေပြီဖြစ်သောကြောင့် မျက်ဝန်းများအား မှိတ်ပစ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည်လည်း ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားလေတော့သည်။
*ကျွန်တော်လည်း မောင့်ကို...*
_________________
"အား.. Boss ခန္ဓာကိုယ်ကြီးကလဲ နင့်နေတာပဲ.. ဟူး.."
သက်ပြင်းသဲ့သဲ့ချကာ ခန့်ညား Boss အား အဝတ်အစား လဲပေးရန် ပြင်ရလေသည်။
အဝတ်လဲနေစဉ်အတွင်း အတင်းရုန်းကာ ဖယ်ထုတ်နေသူကြောင့် တော်တော်နှင့်မပြီး။
သေချာစောင်ခြုံပေးကာ အခန်းထဲမှထွက်ရန်ပြင်လိုက်စဉ် လက်ကိုဆွဲထားသောကြောင့် အနောက်သို့လှည့်ကြည့်မိတော့ သူ့အားရီဝေနေသည့် မျက်ဝန်းများဖြင့် ကြည့်နေသူ။ရုတ်တစ်ရက် လက်အားဆောင့်ဆွဲလိုက်သောကြောင့် သူ့မျက်နှာနှင့် Boss မျက်နှာမှာ အနီးဆုံးရှိနေသည့်အပြင် သူ့နှုတ်ခမ်းများမှာလည်း Boss နှုတ်ခမ်းများဖြင့် ထိကပ်လျက်ရှိ၏။
Boss ကိုကြည့်မိတော့ မျက်ဝန်းများမှိတ်ကာ အိပ်စက်နေသည်မှာ သူဘာမျှမသိသည့်အတိုင်း။ခန့်ညားမှာတော့ တစ်ကိုယ်လုံး ရှိန်တိန်းဖိန်းတိန်းဖြစ်လာသောကြောင့် အခန်းထဲမှ အလျင်အမြန် ပြေးထွက်မိသည် အထိပင်။
အခန်းတံခါးအား ပိတ်ကာ သူ့ဘယ်ဘက်ရင်အုံက သတ္တဝါလေးအား အသာအယာစမ်းမိသည်။
'အသက်ဝင်လာတာများ စည်းမရှိကမ်းမရှိ'
ထိုနေ့က ခန့်ညားတစ်ယောက် အိမ်ပြန်ရောက်သည်အထိ ဗရမ်းဗတာခုန်နေသော သူ့နှလုံးသားလေးကြောင့် အိပ်မက်များ လှခဲ့လေသည်။
________________
"ကြွပါ.. ကြွပါ"
"ဟာ ကိုမုန်းမာန်ဝင့်ထည်ပါလား.. အခုလိုလာရောက်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ"
"ဟုတ်ကဲ့"
"ဟာ ကိုမုန်းမာန်ရေ ဘေးကအချောအလှလေးပါလားဗျ ဘယ်လိုလဲ စားရတော့မှာလားဗျို့"
ပွဲအတွင်းရောက်သည်နှင့် လူအချို့၏အမေးစကားကြောင့် မုန်းမာန်မှာ အပြုံးဖြင့်သာ တုန့်ပြန်လိုက်သည်။
"ဟယ် ဒါ Sun Construction က ဦးနေဇော်ရဲ့ သမီးလေးမလား.. အဟင်း မောင်မုန်းမာန်တို့တော့ လူရွေးတော်လှချည်လား နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လိုက်တာနော်"
"ဟုတ်ပါ့ဗျာ ဦးနေဇော်လဲ သမက်အရွေးတော်တယ်ဗျို့"
ထိုလူစကားကြောင့် ခပ်လှမ်းလှမ်းမှာ မိတ်ဆွေအချို့ဖြင့် စကားပြောနေသည့် ဦးနေဇော်က လှည့်ကြည့်ကာ သူတို့အနားသို့ လျှောက်လာလေသည်။
"ဖေဖေပါရောက်နေတာလား မေမေရောပါလား"
"ဟုတ်ပါ့ဗျာ သမီးမေမေတော့မပါဘူး နေသိပ်မကောင်းလို့တဲ့"
"ဟင် မေမေက သမီးကို ဘာတစ်ခွန်းမှလဲမပြောဘူး"
"ကဲ အဲ့တာကို အိမ်ရောက်မှမေးတော့ ခုတော့ ကိုယ့်ကိုယ်မိတ်ဆက်လိုက်ဦးလေ"
"သြော် ဟုတ် သမီးက ဆူးနှင်းဆီပါ မကြာခင် ကိုကိုနဲ့ လက်ထပ်တော့မယ့်သူပေါ့"
ဆူး ကိုကို့အား မော့ကြည့်ကာ ပြောလိုက်တော့ လူအချို့၏ အာမေဋိတ်သံများ၊ လက်ခုပ်လက်ဝါးတီးသံများ၊ ချီးမွမ်းသံများဖြင့် ဆူညံသွားလေသည်။
"ဝိုး""ရွှီ""ဖြောင်း.. ဖြောင်း"
"တကယ်ကို လိုက်ဖက်တဲ့အတွဲပဲဟေ့"
"နှစ်ယောက်လုံးကလဲ ချောချောလှလှလေးတွေပါလား.. မွေးလာမယ့်ကလေးလေးတွေက ချစ်စရာကောင်းနေမှာ အမှန်ပဲ"
"ဦးနေဇော်လည်း ဒီလိုထူးချွန်တဲ့ သမက်ကိုရထားလို့ ဂုဏ်ယူပါတယ်ဗျာ"
"မောင်မုန်းမာန်ရေ congratulation ပါဗျာ"
"ကိုမုန်းမာန်ကြီး စွံသွားတာ အားကျတယ်ဗျို့"
အားလုံးက ပျော်ရွှင်နေသလောက် မပျော်ရွင်နိုင်သည်မှာ သူကိုယ်တိုင်ပင်။
ရင်ထဲက လေးပင်ကာ စူးနစ်နေသည့် ခံစားချက်က သူ့ရဲ့လက်ရှိအခြေအနေကို လှောင်ပြောင်နေသည့်နှယ်။
*ဘာကြောင့်များလဲ*

Коментарі