အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၆
Unicode...

~အင်း..ငါဒီ‌နေ့ဘယ်ဆီသွားရင် ကောင်းမလဲ...~

ကကြိုးတစ်ယောက် နန်းတော်အပြင်သို့ထွက်လာကာ ဘာတွေပတ်မွှေရမလဲစဥ်းစားနေတုန်း သူ၏သူငယ်ချင်း Tine ကို တွေ့လိုက်ရလေသည်။

"ဟာ ဟေ့ကောင် Tine ဘယ်သွားမလို့လဲကွ..."

"‌ဪ ကကြိုးပါလား..ငါလည်းပျင်းလို့ထွက်လာတာပါကွာ ဘယ်ကိုသွားရမလဲကို မသိပါဘူး..."

"အာ ဒါဆို ငါသိပြီ ငါတို့ ရေပြင်ပေါ်မှာ ဘာတွေရှိလဲ သွားကြည့်ရအောင်.."

"ဟာ ဖြစ်ပါ့မလားကွ ငါတို့က ငယ်သေးတယ်လေ တော်ကြာ ဘုရင်ကြီးသိသွားလို့ ငါတို့အပြစ်ပေးခံနေရပါဦးမယ်.."

"ရပါတယ်ကွ မင်းကလဲ ငါတစ်ယောက်လုံး ပါနေတဲ့ဟာ ဘာမှမဖြစ်ပါဘူးကွာ ငါသွားနေကြပါကွ.."

"ငါကလဲ အဲ့ဒီ ငါတစ်ယောက်လုံးပါတယ်ဆိုတာကြီးကိုပဲ ကြောက်နေရတာကွ.. မဖြစ်သေးပါဘူးကွာ ငါမသွားရဲဘူးဟ.."

"မင်းကလဲကွာ ကြောက်စရာမရှိ ကြံဖန်ကြောက်နေတယ် ဘာမှမဖြစ်ပါဘူးဆိုနေမှ လိုက်ခဲ့ပါကွာ ငါပျင်းနေလို့ပါဆိုနေ သူငယ်ချင်းလေးကလဲ ‌ဒီတစ်ခါတည်းပါကွာ နော် နော် နော်....."

Tineတစ်ယောက်စိတ်ညစ်စွာနဲ့ ခေါင်းပဲကုတ်နေလေတော့သည်။

"မင်းသွားဖူးတာသေချာတယ်နော်..."

"သေချာပါတယ်ဆိုမှကွာ..."

"အေး အဲ့ဒါဆိုလဲ ငါဒီတစ်ခါပဲလိုက်ပေးနိုင်မယ် နောက်တစ်ခါလာမခေါ်နဲ့ လာသွားမယ်...."

"လာပြီ လာပြီ ဟီး ဟီး..."

"ရုပ်ကိုက ဒါမျိုးကျတော့ ဖြီးနေတာပဲ ဟွန့်......."

"မင်းကလဲကွာ ငါက အချိန်တိုင်းဖြီးနေတာပဲဟာ..."

"ကိုယ့်ကိုကိုယ်သိပြီးရော..."

ဒီလိုနဲ့ ကကြိုးတို့နှစ်ယောက် ရေပြင်ပေါ်သို့ရောက်လာကြလေသည်။

ကကြိုးတစ်ယောက် ရေပြင်ပေါ်တွင် မျှောနေသော ပုလင်းတစ်ပုလင်းအားမြင်လိုက်ရသောအခါ

"ဟေ့ကောင် Tine ဒီမယ်ကြည့်စမ်း ဒါဘာပုလင်းလဲမသိဘူး ဖွင့်ကြည့်ရအောင်..."

"ဟာ နေဦး အထဲမှာ အရည်တွေလဲပါတယ်ကွ ဘာအရည်တွေလဲ မင်းသိလို့လား တော်ကြာ အဆိပ်ရည်တွေ ဘာတွေဖြစ်နေရင် ဘယ်လိုလုပ်မလဲကွ..."

"အဲ့လိုတော့ မဟုတ်လောက်ပါဘူးကွ လူတွေက ဘာလို့အဆိပ်ရည်တွေထည့်မှာလဲ သူတို့ကသူများတွေထိခိုက်အောင်တော့ မလုပ်လောက်ကြပါဘူးကွ မင်းပေါက်ကရတွေမပြောစမ်းနဲ့..."

"ဟ ကကြိုး မင်းလူတွေအကြောင်းကိုလည်း မသိပဲနဲ့ သူတို့မှာ ကောင်းတဲ့လူလဲရှိသလို မကောင်းတဲ့လူတွေလဲရှိတယ်လို့ ငါ့မေမေကပြောထားတယ်ကွ တစ်ယောက်ယောက်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ထည့်ထားရင် ဘယ်လိုလုပ်မလဲ...."

"အာ ဘာပဲဖြစ်ဖြစ်ကွာ ငါကတော့ ဖွင့်ကြည့်မယ်.."

"အေး ပြောမရလဲ ဖွင့်ကွာ..."

ကကြိုးတစ်ယောက် ပုလင်းအဖုံးကိုဖွင့်ပြီးသည့်နောက်...

"Tine ဘာနံ့ကြီးလဲ မင်းသိလား ချဥ်စူးစူးနဲ့ကွ..."

"အေး ငါလဲ အနံ့ရနေတယ်.."

"ဟင် ဒီပုလင်းထဲကပဲကွ..."

"ဟမ် ဟုတ်လို့လားကွ မင်းကလဲ.."

"ဪ ဟုတ်ပါတယ်ဆိုမှ ဒီမှာ မင်းအနံ့ခံကြည့်ပါ့လား..."

"အေး ဟုတ်တယ်ဟ ဘယ်လိုအနံ့ကြီးမှန်းလဲမသိဘူးနော်..."

"ငါ ငါ သောက်ကြည့်လိုက်ရမလား..."

"ဘာ!!!!"

"ဖြေးဖြေးအော်ပါဟ မင်းကလဲ ငါလန့်သေသွားတော့မှာပဲ..."

"အေး မင်းကလန့်သေရုံလေး ငါကတော့ မိုးကြိုးအဆင်းတစ်ရာ အပစ်ခံလိုက်ရပီလို့ထင်နေတာကွ... ဘယ့်နှယ် ဘာမှန်းမသိတဲ့အရည်တွေကို သောက်ချင်နေတယ်...အဖုံးပြန်ပိတ် ပြီးရင်ပေး အဲ့ပုလင်း ငါ့ကို..."

"မင်းကဘာလုပ်မလို့လဲ.."

"မင်းသောက်မှာစိုးလို့ ငါသိမ်းထားမလို့လေကွ.."

"အာ မင်းကလဲ ငါကဘာလို့သောက်ရမှာလဲ ဘာအရည်တေွမှန်းမသိပဲနဲ့...တော်ကြာ ငါသေသွားရင်ဘယ်လိုလုပ်မလဲ ..အဲ့အစား ဒီပုလင်းကို ငါပဲယူခဲ့မယ်နော်....."

"အေး မသောက်ဘူးလို့ မင်းပြောတာနော် နောက်မှသောက်ထားရင် ငါနဲ့တွေ့မယ်.."

"မသောက်ပါဘူးဆိုကွာ မင်းကလဲ.."

"ပြီးရော..."

ကကြိုးတစ်ယောက် ပါးစပ်ကသာ မသောက်ဘူးပြောနေတာ Tine လစ်တာနဲ့ လက်က ပုလင်းအဖုံးကို ဖွင့်ပီးသား

နည်းနည်းလောက်စမ်းသောက်ကြည့်လိုက်ရာ ချဥ်စူးစူးပြင်းရှရှခါးသက်သက်အရသာနှင့်အတူ လည်ချောင်းထဲ ဝင်သွားသည့်အရည်တွေက ပုလင်းဖင်ကပ်ပဲကျန်တော့သည်။

"ကကြိုး ဟိုမှာကြည့်စမ်း လူသားကောင်မလေးတွေက လှလည်းလှတယ် ချစ်စရာလည်းကောင်းတယ်ဟ...

ငါသာကြီးလာလို့ လူသားဖြစ်ရင် ဘယ်လောက်ကောင်းမလဲ...မင်းတွေးကြည့်စမ်း ငါ့ဘေးမှာ ကောင်မလေးတွေဝိုင်းဝိုင်းလည်နေတဲ့ပုံကို...."

"အွန် ဘယ်မှာလဲ...."

မူမမှန်သည့်အသံနဲ့ ပြန်ပြောလာသူကို Tine စိတ်ပေါက်ပေါက်နဲ့ လှည့်ကြည့်လိုက်သောအခါ...

ကျောက်ဆောက်ကိုဖက်ပီး အိပ်နေသော ကကြိုး။

"ဟ ဒီကောင်ဘယ်လိုဖြစ်ရတာလဲ အရင်ကဒီလိုမဟုတ်ပါဘူး နောက်ပီးသွားချင်နေတာ သူမဟုတ်ဘူးလား ခုတော့အိပ်တောင်ပျော်နေ‌သေးတယ် အိပ်ချင်ရင်လည်းပြောပါတော့လား ခုတော့ ငါရဲ့လူသားဖြစ်ချင်တဲ့ စိတ်ကူးတောင်ဘယ်ပျောက်သွားလဲမသိဘူး ဟူး...."

ထိုနေ့က Tine တစ်ယောက် ကကြိုးအားတွဲပီး နန်းတော်သို့ပြန်လာခဲ့ရသည့်အပြင် သူမသိအောင် ဘယ်အချိန်ကဘယ်လိုသောက်၍ မူးပြီးအိပ်လာသည့်အကောင်ကြောင့် ရေပြင်ပေါ်သွားတာ သိသွားကြလို့ တော်တော်အဆူခံလိုက်ရလေတော့သည်။

Tbc

--------------*-----------------


Zawgyi...

~အင္း..ငါဒီ‌ေန့ဘယ္ဆီသြားရင္ ေကာင္းမလဲ...~

ကႀကိဳးတစ္ေယာက္ နန္းေတာ္အျပင္သို႔ထြက္လာကာ ဘာေတြပတ္ေမႊရမလဲစဥ္းစားေနတုန္း သူ၏သူငယ္ခ်င္း Tine ကို ေတြ့လိုက္ရေလသည္။

"ဟာ ေဟ့ေကာင္ Tine ဘယ္သြားမလို႔လဲကြ..."

"‌ဪ ကႀကိဳးပါလား..ငါလည္းပ်င္းလို႔ထြက္လာတာပါကြာ ဘယ္ကိုသြားရမလဲကို မသိပါဘူး..."

"အာ ဒါဆို ငါသိၿပီ ငါတို႔ ေရျပင္ေပၚမွာ ဘာေတြရိွလဲ သြားၾကၫ့္ရေအာင္.."

"ဟာ ျဖစ္ပါ့မလားကြ ငါတို႔က ငယ္ေသးတယ္ေလ ေတာ္ၾကာ ဘုရင္ႀကီးသိသြားလို႔ ငါတို႔အျပစ္ေပးခံေနရပါဦးမယ္.."

"ရပါတယ္ကြ မင္းကလဲ ငါတစ္ေယာက္လံုး ပါေနတဲ့ဟာ ဘာမွမျဖစ္ပါဘူးကြာ ငါသြားေနၾကပါကြ.."

"ငါကလဲ အဲ့ဒီ ငါတစ္ေယာက္လံုးပါတယ္ဆိုတာႀကီးကိုပဲ ေၾကာက္ေနရတာကြ.. မျဖစ္ေသးပါဘူးကြာ ငါမသြားရဲဘူးဟ.."

"မင္းကလဲကြာ ေၾကာက္စရာမရိွ ႀကံဖန္ေၾကာက္ေနတယ္ ဘာမွမျဖစ္ပါဘူးဆိုေနမွ လိုက္ခဲ့ပါကြာ ငါပ်င္းေနလို႔ပါဆိုေန သူငယ္ခ်င္းေလးကလဲ ‌ဒီတစ္ခါတည္းပါကြာ ေနာ္ ေနာ္ ေနာ္....."

Tineတစ္ေယာက္စိတ္ညစ္စြာနဲ႔ ေခါင္းပဲကုတ္ေနေလေတာ့သည္။

"မင္းသြားဖူးတာေသခ်ာတယ္ေနာ္..."

"ေသခ်ာပါတယ္ဆိုမွကြာ..."

"ေအး အဲ့ဒါဆိုလဲ ငါဒီတစ္ခါပဲလိုက္ေပးႏိုင္မယ္ ေနာက္တစ္ခါလာမေခၚနဲ႔ လာသြားမယ္...."

"လာၿပီ လာၿပီ ဟီး ဟီး..."

"ရုပ္ကိုက ဒါမ်ိဳးက်ေတာ့ ၿဖီးေနတာပဲ ဟြန႔္......."

"မင္းကလဲကြာ ငါက အခ်ိန္တိုင္းၿဖီးေနတာပဲဟာ..."

"ကိုယ့္ကိုကိုယ္သိၿပီးေရာ..."

ဒီလိုနဲ႔ ကႀကိဳးတို႔ႏွစ္ေယာက္ ေရျပင္ေပၚသို႔ေရာက္လာၾကေလသည္။

ကႀကိဳးတစ္ေယာက္ ေရျပင္ေပၚတြင္ ေမ်ွာေနေသာ ပုလင္းတစ္ပုလင္းအားျမင္လိုက္ရေသာအခါ

"ေဟ့ေကာင္ Tine ဒီမယ္ၾကၫ့္စမ္း ဒါဘာပုလင္းလဲမသိဘူး ဖြင့္ၾကၫ့္ရေအာင္..."

"ဟာ ေနဦး အထဲမွာ အရည္ေတြလဲပါတယ္ကြ ဘာအရည္ေတြလဲ မင္းသိလို႔လား ေတာ္ၾကာ အဆိပ္ရည္ေတြ ဘာေတျြဖစ္ေနရင္ ဘယ္လိုလုပ္မလဲကြ..."

"အဲ့လိုေတာ့ မဟုတ္ေလာက္ပါဘူးကြ လူေတြက ဘာလို႔အဆိပ္ရည္ေတြထၫ့္မွာလဲ သူတို႔ကသူမ်ားေတြထိခိုက္ေအာင္ေတာ့ မလုပ္ေလာက္ၾကပါဘူးကြ မင္းေပါက္ကရေတြမေျပာစမ္းနဲ႔..."

"ဟ ကႀကိဳး မင္းလူေတြအေၾကာင္းကိုလည္း မသိပဲနဲ႔ သူတို႔မွာ ေကာင္းတဲ့လူလဲရိွသလို မေကာင္းတဲ့လူေတြလဲရိွတယ္လို႔ ငါ့ေမေမကေျပာထားတယ္ကြ တစ္ေယာက္ေယာက္ကို ထိခိုက္ေစလိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ထၫ့္ထားရင္ ဘယ္လိုလုပ္မလဲ...."

"အာ ဘာပဲျဖစ္ျဖစ္ကြာ ငါကေတာ့ ဖြင့္ၾကၫ့္မယ္.."

"ေအး ေျပာမရလဲ ဖြင့္ကြာ..."

ကႀကိဳးတစ္ေယာက္ ပုလင္းအဖံုးကိုဖြင့္ၿပီးသၫ့္ေနာက္...

"Tine ဘာနံ႔ႀကီးလဲ မင္းသိလား ခ်ဥ္စူးစူးနဲ႔ကြ..."

"ေအး ငါလဲ အနံ႔ရေနတယ္.."

"ဟင္ ဒီပုလင္းထဲကပဲကြ..."

"ဟမ္ ဟုတ္လို႔လားကြ မင္းကလဲ.."

"ဪ ဟုတ္ပါတယ္ဆိုမွ ဒီမွာ မင္းအနံ႔ခံၾကၫ့္ပါ့လား..."

"ေအး ဟုတ္တယ္ဟ ဘယ္လိုအနံ႔ႀကီးမွန္းလဲမသိဘူးေနာ္..."

"ငါ ငါ ေသာက္ၾကၫ့္လိုက္ရမလား..."

"ဘာ!!!!"

"ေျဖးေျဖးေအာ္ပါဟ မင္းကလဲ ငါလန႔္ေသသြားေတာ့မွာပဲ..."

"ေအး မင္းကလန႔္ေသရံုေလး ငါကေတာ့ မိုးႀကိဳးအဆင္းတစ္ရာ အပစ္ခံလိုက္ရပီလို႔ထင္ေနတာကြ... ဘယ့္ႏွယ္ ဘာမွန္းမသိတဲ့အရည္ေတြကို ေသာက္ခ်င္ေနတယ္...အဖံုးျပန္ပိတ္ ၿပီးရင္ေပး အဲ့ပုလင္း ငါ့ကို..."

"မင္းကဘာလုပ္မလို႔လဲ.."

"မင္းေသာက္မွာစိုးလို႔ ငါသိမ္းထားမလို႔ေလကြ.."

"အာ မင္းကလဲ ငါကဘာလို႔ေသာက္ရမွာလဲ ဘာအရည္ေတြမွန္းမသိပဲနဲ႔...ေတာ္ၾကာ ငါေသသြားရင္ဘယ္လိုလုပ္မလဲ ..အဲ့အစား ဒီပုလင္းကို ငါပဲယူခဲ့မယ္ေနာ္....."

"ေအး မေသာက္ဘူးလို႔ မင္းေျပာတာေနာ္ ေနာက္မွေသာက္ထားရင္ ငါနဲ႔ေတြ့မယ္.."

"မေသာက္ပါဘူးဆိုကြာ မင္းကလဲ.."

"ၿပီးေရာ..."

ကႀကိဳးတစ္ေယာက္ ပါးစပ္ကသာ မေသာက္ဘူးေျပာေနတာ Tine လစ္တာနဲ႔ လက္က ပုလင္းအဖံုးကို ဖြင့္ပီးသား

နည္းနည္းေလာက္စမ္းေသာက္ၾကၫ့္လိုက္ရာ ခ်ဥ္စူးစူးျပင္းရွရွခါးသက္သက္အရသာႏွင့္အတူ လည္ေခ်ာင္းထဲ ဝင္သြားသၫ့္အရည္ေတြက ပုလင္းဖင္ကပ္ပဲက်န္ေတာ့သည္။

"ကႀကိဳး ဟိုမွာၾကၫ့္စမ္း လူသားေကာင္မေလးေတြက လွလည္းလွတယ္ ခ်စ္စရာလည္းေကာင္းတယ္ဟ...

ငါသာႀကီးလာလို႔ လူသားျဖစ္ရင္ ဘယ္ေလာက္ေကာင္းမလဲ...မင္းေတြးၾကၫ့္စမ္း ငါ့ေဘးမွာ ေကာင္မေလးေတြဝိုင္းဝိုင္းလည္ေနတဲ့ပံုကို...."

"အြန္ ဘယ္မွာလဲ...."

မူမမွန္သၫ့္အသံနဲ႔ ျပန္ေျပာလာသူကို Tine စိတ္ေပါက္ေပါက္နဲ႔ လွၫ့္ၾကၫ့္လိုက္ေသာအခါ...

ေက်ာက္ေဆာက္ကိုဖက္ပီး အိပ္ေနေသာ ကႀကိဳး။

"ဟ ဒီေကာင္ဘယ္လိုျဖစ္ရတာလဲ အရင္ကဒီလိုမဟုတ္ပါဘူး ေနာက္ပီးသြားခ်င္ေနတာ သူမဟုတ္ဘူးလား ခုေတာ့အိပ္ေတာင္ေပ်ာ္ေန‌ေသးတယ္ အိပ္ခ်င္ရင္လည္းေျပာပါေတာ့လား ခုေတာ့ ငါရဲ့လူသားျဖစ္ခ်င္တဲ့ စိတ္ကူးေတာင္ဘယ္ေပ်ာက္သြားလဲမသိဘူး ဟူး...."

ထိုေန့က Tine တစ္ေယာက္ ကႀကိဳးအားတြဲပီး နန္းေတာ္သို႔ျပန္လာခဲ့ရသၫ့္အျပင္ သူမသိေအာင္ ဘယ္အခ်ိန္ကဘယ္လိုေသာက္၍ မူးၿပီးအိပ္လာသၫ့္အေကာင္ေၾကာင့္ ေရျပင္ေပၚသြားတာ သိသြားၾကလို႔ ေတာ္ေတာ္အဆူခံလိုက္ရေလေတာ့သည္။

Tbc

--------------*-----------------



© Kout Tay,
книга «My Heart For You».
အပိုင္း-၇
Коментарі