အပိုင်း-၃၂
Zawgyi...
"လာ သွားမယ်"
"အား!"
"တောက်! ဟာကွာ မင်း"
*ဖြန်း*
"ဘာ!"
__________________
"ဟုတ်ကဲ့ပါ ဆရာ"
"..."
"ဘာလဲ"
__________________
"အွန့် သောက်လိုက်"
"ဘာကြီးလဲ"
*vibration*
_________________
"ဘာကိစ္စလဲ"
"အဲ့တော့"
"တကယ်လား ကိုကို"
"အင်း ဘယ်နေ့လဲဆိုတော့....."
_________________
"သောက်ပြီးသွားပြီလား"
"ဟုတ်"
"လာ ကိုယ်ပြပေးမယ်"
"ဖုန်းကို ကြည့်လေ"
Tbc...
-----------------*---------------
_________________________
Unicode...
"လာ သွားမယ်"
ထပ်မံ ဆွဲခေါ်လာသည့်လက်အား ကကြိုး ကုန်းကိုက်လိုက်လေသည်။
"အား!"
မုန်းမာန် သွားရာအကွင်းလိုက် ဖြစ်နေသည့် သူ့လက်အား အုပ်ကိုင်ရင်း ကကြိုးအား ဒေါသတကြီး စူးစိုက်ကြည့်နေမိသည်။
"ငါ မင်းကိုပြောနေတယ်နော် ကကြိုး အဲ့ကလေးကို လုံးဝမလိုချင်ဘူးလို့ နောက်ပြီး ကလေးရှိတာကိုလဲ ငါမယုံဘူး မင်းရဲ့ လိမ်ညာနေတဲ့လုပ်ဇာတ်တွေကို အခုထဲက ရပ်တန်းကရပ်သင့်နေပြီ ကကြိုး"
ကကြိုး သူ့အောက်နှုတ်ခမ်းအား ဖိကိုက်ရင်းဖြင့်
"ခင်ဗျားက ကျွန်တော် ဘာပြောပြော ဘယ်တုန်းက ယုံဖူးလို့လဲ အမြဲ ခင်ဗျားစိတ် ခင်ဗျားသဘောပဲ ကျွန်တော့်ဘက်ကိုရော တစ်ခါလောက်ငဲ့ကြည့်ပေးဖူးလို့လား ဒီကလေးကို ခင်ဗျားမမွေးခိုင်းရင်တောင် ကျွန်တော်ကတော့ ရအောင်မွေးမယ် လုံးဝဖျက်မချနိုင်ဘူး နောက်ပြီး ကျွန်တော်က ဘာလို့ကိုယ်ဝန်မဆောင်နိုင်ရမှာလဲ ယောက်ျားလေးဖြစ်ပေမယ့်လဲ ခင်ဗျားတို့လိုလူသားမျိုး မဟုတ်လို့ ကိုယ်ဝန်ဆောင်လို့ရတယ် အဲ့တာ ခင်ဗျားသိလား မသိဘဲနဲ့ ဘာလို့ကျွန်တော့်ကို လိမ်တယ်လို့ပြောနေရတာလဲ အဟင့် ဟင့် အီး ဟီး.. မဖျက်ချနိုင်ဘူး လုံးဝမဖျက်ချနိုင်ဘူး သိလား အရူးကြီးရဲ့ မုန်းတယ်သိလား ခင်ဗျားကိုအရမ်းမုန်းတယ် အီး ဟီး.. အင့် ရွှတ်.."
"တောက်! ဟာကွာ မင်း"
ရှိုက်သံများပင် ထွက်သည်အထိငိုရင်း သူ့အား လက်သီးဆုပ်လေးများဖြင့် ထုလာသည့်ကောင်လေးအား မုန်းမာန် စိတ်တိုတိုဖြင့် တွန်းထုတ်မိသည်။ကြမ်းပြင်ပေါ် အပုံလိုက်လေး လဲကျသွားသူအား ရပ်ကြည့်နေမိစဉ်
*ဖြန်း*
ပူထူသွားသော ပါးတစ်ဖက်နှင့်အတူ အံ့သြတကြီး လှည့်ကြည့်လိုက်မိတော့ သူ့ကိုရိုက်သူက ကြီးမေ။
"မင်း မင်းအဲ့လောက်တောင် လူစိတ်မရှိရလား မုန်းမာန် ဟင် ငါ ငါက ဒီလောက်ကောင်းကောင်းမွန်မွန် ဆုံးမခဲ့ပါရဲ့နဲ့ ခုမှအစပြုနေတုန်းရှိတဲ့ ကိုယ့်ရင်သွေးကို သတ်ဖို့ကြိုးစားနေတာ မင်း လူမှဟုတ်ရဲ့လား မုန်းမာန် ဟင် ငါမေးနေတယ်လေ ဖြေစမ်းပါ"
"အဲ့ကလေးကို ကျွန်တော်မလိုချင်ဘူး ကြီးမေ"
"ဘာ!"
"ကျွန်တော်မှ သူ့ကိုမချစ်နိုင်တာ အဲ့တော့ သူနဲ့ရတဲ့ကလေးကိုလည်း ကျွန်တော်မလိုချင်ဘူး နောက်ပြီး သူလိမ်တာဆို ဘယ်လိုလုပ်မလဲ ကြီးမေ"
"လိမ်ရအောင် အဲ့ဆရာဝန်က မင်းကိုယ်တိုင်ပို့လိုက်တာမဟုတ်ဘူးလား ငါရှေ့မှာတင် စစ်ဆေးပြီးပြောခဲ့တာ ဟဲ့"
"ဘာပဲဖြစ်ဖြစ် သူ ဒီကလေးကိုလုံးဝမမွေးရဘူး ကြီးမေ ကျွန်တော်ကတော့ မရရအောင် ဖျက်ချခိုင်းရမှာပဲ"
"မင်း မင်း မိုက်လှချည်လား မုန်းမာန် ကိုယ့်သွေးသားကိုတောင် ပြန်သတ်ရက်တယ် ဘုရား ဘုရား အမလေး ခေါင်းတွေမူးလိုက်တာ"
ပြောရင်းဆိုရင်း နဖူး၌ ချွေးစေးတွေထွက်လာပြီး သူမခေါင်းအား လက်နှစ်ဖက်ဖြင့်ထိန်းကိုင်ကာ ယိုင်နဲ့လာပါသောကြီးမေ။
"ကြီးမေ ကြီးမေ သတိထားပါဦး ကြီးမေ"
မုန်းမာန် အလျင်အမြန် ကြီးမေအားပွေ့ကာ ကားဆီသွားရန်ပြင်လိုက်ပြီးမှ အနောက်ရှိ ကကြိုးအား ငဲ့စောင်းကြည့်ကာ ပြောလိုက်လေသည်။
"မင်းနဲ့ငါနဲ့ ကိစ္စမပြီးပြတ်သေးဘူး ကကြိုး"
__________________
"ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး အဓိကက စိတ်ကြောင့်ပါ စိတ်ဖိစီးမှုတွေ၊ ဒေါသတွေထွက်လာတဲ့အခါမှာ ခေါင်းမူးတာက ဖြစ်တတ်တဲ့ လက္ခဏာတွေထဲမှာပါဝင်ပါတယ် လူနာကို အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင်ထားပေးပါ နောက်တစ်ခု သတိပေးချင်တာက လူနာက နှလုံးရောဂါအစပြုနေပြီမို့ ရှေ့လျောက်မပေါ့လျော့ဘဲ သတိထားပေးပါ"
"ဟုတ်ကဲ့ပါ ဆရာ"
ဆေးခန်းက ပြန်လာသည့်တိုင် သူ့ကိုစကားတစ်ခွန်းမှ ပြောမလာဘဲ ဧည့်ခန်းထဲတွင် မျက်နှာလွှဲကာ ထိုင်နေသည့် ကြီးမေကြောင့် မုန်းမာန် ဂဏာမငြိမ်ဖြစ်နေရသည်။
"ကြီးမေ ဒီမှာ သောက်ဖို့ရာဆေးတွေ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ဦးနော်ကြီးမေ ကြီးမေ ဘာဖြစ်နေတယ်ဆိုတာ မပြောရင် ကျွန်တော်ကသိမှာမဟုတ်ဘူး အာ့ကြောင့် ကြီးမေကိုယ်တိုင်လဲ ဂရုစိုက်ဖို့လိုတယ် နော် ကြီးမေ"
"..."
"ကြီးမေ ကြီးမေလို့ သားပြောနေတယ်လေ ကြီးမေ"
"ဘာလဲ"
ဆူအောင့်အောင့်ထွက်လာသည့် အသံကြောင့် မုန်းမာန်ပြုံးလိုက်လေသည်။
"သား ကကြိုးဗိုက်ထဲက ကလေးကို ကြီးမေသဘောအတိုင်း မဖျက်ချခိုင်းတော့ဘူးနော် ကြီးမေ အဲ့လိုပြောမိလို့လဲ တောင်းပန်ပါတယ်နော် ကြီးမေ"
"အဲ့စကားက ကြီးမေကိုပြောရမှာမဟုတ်ဘူး သား သားငယ်လေးကိုပြောရမှာ သူဘယ်လောက်တောင် ခံစားနေရမလဲ"
"ဟုတ်ပါပြီ ကြီးမေရယ် သားပြောလိုက်ပါ့မယ် ခုတော့ ကြီးမေက ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်နော် လာ သား အခန်းထဲလိုက်ပို့မယ်"
"အေးပါ သားငယ်လေးကို သေချာတောင်းပန်လိုက်နော် ပြီးတော့ မင်း သားငယ်ကို အရင်ကထက်ပိုပြီးနွေးထွေးပေးပါ သားရယ်"
"ဟုတ်ကဲ့ပါ ကြီးမေရယ် ဘာမှနောက်ဆံတင်းမနေပါနဲ့ သား သေချာပြောလိုက်ပါ့မယ်"
မုန်းမာန် ကြီးမေအား အခန်းထဲပြန်ပို့ပြီးနောက် အောက်ထပ်သို့ တစ်ဖန်ဆင်းလာကာ ဆေးဆိုင်တစ်ခုမှ ဝင်ဝယ်လာသော ဆေးတောင့်လေးနှင့် ရေတစ်ခွက်အားယူပြီးနောက် အပေါ်ထပ်က တစ်ယောက်သောသူရှိရာဆီသို့ တက်လာခဲ့လိုက်သည်။
__________________
"အွန့် သောက်လိုက်"
စိတ်ရောလူရော ပင်ပန်းနေသည်မို့ အိပ်ယာပေါ်လှဲနေစဉ် အခန်းထဲ ဝင်လာသူကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ရေတစ်ခွက်ကမ်းပေးလာသူ။
"ဘာကြီးလဲ"
"အားဆေး ကိုယ်ဝန်ဆောင်တွေ သောက်သင့်တယ်"
အခုနလေးတင် ကလေးကိုဖျက်ချဖို့ပြောနေသူက ရုတ်တရက်ကြီး အားဆေးလာပေးသည်ဆိုတာက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမယ့် ကကြိုးမှာတော့ အလွန်ပင်ပျော်သွားမိသည်။
'ဒါဆို သူငါ့ကလေးကို ဖျက်မချခိုင်းတော့ဘူးပေါ့ ပျော်လိုက်တာ အာ့ကြောင့် ကလေးအဖေကြီးကို ချစ်နေရတာ'
ကကြိုးတစ်ယောက် ဝမ်းသာအားရဖြင့် မုန်းမာန်ပေးသော ဆေးနှင့် ရေအား လှမ်းယူလိုက်လေသည်။
*vibration*
မုန်းမာန် ဝင်လာသည့် ဖုန်းအား တစ်ချက်ကြည့်ကာ ကကြိုးခေါင်းလေးကို ဖွဖွလေးပုတ်၍ပြောလိုက်လေသည်။
"ကိုယ်ဖုန်းသွားပြောလိုက်ဦးမယ် ဆေးသောက်ထားနှင့် နော်"
ကကြိုးမှာ သူ့ကိုပြုံးပြကာပြောလာသည့် မုန်းမာန်ကြောင့် ရေခွက်ကိုင်ရင်း ငေးကြည့်နေမိသည်။
'အခုသူငါ့ကို ပြုံးပြလိုက်တာလား သူက ငါ့ကို.. တစ်ခါမှပြုံးမပြဖူးတဲ့သူက ငါ့ကိုပြုံးပြတယ် ဟား အခုချိန်မှာသေသွားရင်တောင် သေပျော်နေပါပြီ ချောရက်လိုက်တာ ခင်ဗျားရယ်'
ကကြိုးလည်း ပြုံးကာ ခေါင်းငြိမ့်ပြလိုက်လေသည်။
_________________
"ဘာကိစ္စလဲ"
"ကိုကိုကလဲ ကြာလိုက်တာ ဖုန်းကိုင်မှာကိုမကိုင်ဘဲ ဘာလုပ်နေတာလဲ"
"အဲ့တာ ငါ့ကိစ္စ မင်းနဲ့မဆိုင်ဘူး ပြောစရာရှိတာပြော"
" ဖေဖေကပြောတယ် လက်မထပ်ခင် အရင်ဆုံး စေ့စပ်ပွဲလုပ်ကြရအောင်တဲ့"
"အဲ့တော့"
"ဆူးဘက်ကတော့ ဖြစ်နိုင်ရင်အမြန်ဆုံး လုပ်ချင်တယ် ကိုကို့သဘောကရော"
မုန်းမာန် တစ်ခဏမျှစဉ်းစားပြီးနောက်
"ကိုယ်တို့ စေ့စပ်ပွဲရော လက်ထပ်ပွဲရော တစ်ခါထဲလုပ်လိုက်ရင်မကောင်းဘူးလား ဆူး"
ချက်ချင်းကြီး အသံချိုချိုလေးနှင့် သူမနာမည်ကိုပါ ထုတ်ဖော်ကာ ခေါ်လာသည့် ကိုကို့ကြောင့် သူမပျော်သွားမိသည်။
"တကယ်လား ကိုကို"
"အင်းလေ ဆူး သဘောကျရဲ့လား"
"ဟုတ် ကိုကို ဒါဆို ဘယ်နေ့လုပ်ကြမလဲ ကိုကို"
"အင်း ဘယ်နေ့လဲဆိုတော့....."
_________________
"သောက်ပြီးသွားပြီလား"
"ဟုတ်"
သူ့အား ကုတင်ပေါ်မှနေ၍ အလှပဆုံး ပြုံးပြလာသူ။
sorry ကကြိုး နောင်တစ်ချိန်ရောက်လာမယ့် နာကျင်မှုတွေအတွက် ငါပြန်ပေးနိုင်မယ့်အရာက အခုချိန်ခဏလေးအတွင်းမှာ မင်းကို ပြုံးပျော်နေစေဖို့ပဲ။ပြီးမှ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ပေါ့ အဟက်။
တစ်ဖြည်းဖြည်း သူ့အနားသို့လျှောက်လာကာ ကုတင်စွန်းတွင်ထိုင်လိုက်သူကြောင့် ကကြိုးရင်ထဲကြည်နူးသွားသည်မှာအမှန်ပင်။
"ရော့ မင်းအတွက် ကိုယ်ဝယ်လာခဲ့တာ"
သူ့လက်ထဲသို့ ထည့်ပေးလာသည့် လေးထောင့်ဆန်ဆန်အရာတစ်ခုအား ကကြိုး စိုက်ကြည့်မိသည်။
"အဲ့ထဲမှာ ကိုယ့်ဖုန်းနံပါတ်နဲ့ အိမ်ဖုန်းနံပါတ်ထည့်ပေးထားတယ် လိုတာရှိရင် ကိုယ့်ဆီ အချိန်မရွေးဆက်လိုက် နော်"
"ဟုတ် ဒါနဲ့ ကျွန်တော်က ဘယ်လိုသုံးရမှာလဲ ဟင်"
"လာ ကိုယ်ပြပေးမယ်"
ပြောရင်းဆိုရင်း အနားသို့တိုးကပ်လာကာ ဖုန်းလေးအား လက်လွှဲယူလိုက်သူကြောင့် ကကြိုး ရင်ဖိုသွားမိသည်။
ဖုန်းကိုသေချာကြည့်နေသည့် မျက်ဝန်းတွေကအစ လက်လေးထောက်ကာ သေချာသင်ပေးနေသည်အဆုံး ကျွန်တော့်မှာ မြတ်နိုးရသည်။
ဖုန်းကိုမကြည့်ဘဲ သူ့ကိုကြည့်နေသူကြောင့် မုန်းမာန်လှည့်ကြည့်လိုက်သည်။
"ဖုန်းကို ကြည့်လေ"
"ဟင့်အင်း ကျွန်တော် ခင်ဗျားကို နမ်းချင်တယ်"
Tbc...
-----------------*---------------
အပိုင်းတွေသာများလာတယ် အခုထိပြန်ဖတ်ရင်တောင် ဘာမှန်းမသိသောကျွန်မပါ။
အခုထိ စိတ်မပျက်သေးဘဲ ဖတ်ပေးကြတဲ့ ကလေးတွေကို ကျေးဇူးပါရှင့်💜

Коментарі