အပိုင်း-၃၁
Zawgyi...
"ဘာပြောမလို့လဲ ကြီးမေ"
"ဟုတ်ပါတယ် ကြီးမေ"
"ဒါပေမယ့် ကြီးမေ.."
_________________
"အ.. နာတယ်.. အင့်"
"အား!!!!"
____________________
"အ"
"ဟုတ် ကြီးမေ"
"ဝပြီလား သားရဲ့"
"ဟုတ် ကြီးမေ "
"ဟင် အင်း"
"ဟုတ်"
*ချလွမ်*
"ဘာဖြစ်တာလဲ သားရဲ့"
*Ringing*
"ဟယ်လို"
"သား မုန်းမာန်"
"ဗျာ ကြီးမေ "
"အေး အေး သား"
___________________
"ဆရာ ရောက်နေပြီ သား"
"ဘာလို့လဲ ဆရာရဲ့"
"ရှင်" "ဗျာ"
"ဟုတ် ဟုတ်ကဲ့ပါဆရာ"
*Ringing*
"ဟယ်လို"
"ဟယ်လို"
"ဟယ်လို"
"ဟယ် ဟယ်လို"
"ဘာ!!!!"
________________
"ထ ထစမ်း"
"ဘယ် ဘယ်သွားမလို့လဲ"
Tbc...
---------------*---------------
Unicode...
"သား မုန်းမာန် ကြီးမေဆီလာဦး"
ကုမ္ပဏီကပြန်ရောက်ရောက်ချင်း အိမ်ထဲဝင်လာသည့်သူ့ကို ကြီးမေလှမ်းခေါ်သောကြောင့် အနားသို့ဝင်ထိုင်လိုက်လေသည်။
"ဘာပြောမလို့လဲ ကြီးမေ"
ကြီးမေသည် သူ့အား တည်တည်ငြိမ်ငြိမ်ကြည့်လျက် မေးလာသည်။
"သား ကုမ္ပဏီကပြန်လာတာ ပင်ပန်းနေမှန်းသိပါတယ် ဒါပေမယ့် မမေးမဖြစ်လို့ မေးရမယ် သား.. သားနဲ့ သားငယ်နဲ့က လက်ထပ်ထားကြတာဆို ဟုတ်လား ကြီးမေကို အမှန်အတိုင်းဖြေနော်"
"ဟုတ်ပါတယ် ကြီးမေ"
"ဘာလို့ အခန်းခွဲအိပ်ကြတာလဲ လင်မယားတွေဆိုတာ အခန်းခွဲမအိပ်ရဘူးသား စိတ်ဆိုးနေတုန်းဆိုထားတော့ အခုတော့ သက်သက်ခွဲအိပ်ကြတာ သားငယ်က မိန်းကလေးမဟုတ်ပေမယ့် သူ့အတွက်လဲ ငဲ့ကြည့်ပေးဦးလေ သူဘယ်လောက်ခံစားနေရမလဲ သားရယ်"
"သား သူ့ကိုချစ်လို့ လက်ထပ်ခဲ့တာမဟုတ်ဘူး ကြီးမေ"
"သား ချစ်ချစ် မချစ်ချစ် လင်ရယ်မယားရယ်ဖြစ်လာရင် တစ်ကုတင်ထဲ တစ်အိပ်ယာထဲ တူတူအိပ်ရတယ်သား ခုချိန်မချစ်နိုင်ရင်တောင် တစ်နေ့နေ့တစ်ချိန်ချိန် ချစ်လာမှာပဲ သား"
"သားအတွက်တော့ မဖြစ်နိုင်ဘူးကြီးမေ သား သူ့ကိုလုံးဝမချစ်နိုင်ဘူး သူက သူက နွေ့ကိုသတ်ခဲ့တဲ့ လူသတ်သမား ကြီးမေ"
"အဲ့လိုပြောဖို့ရာအတွက် သားမှာ သတ်သေရှိလို့လား သတ်သေမရှိဘဲမစွပ်စွဲနဲ့ သား ပြောတဲ့သူထက် ခံရတဲ့သူက ပိုပြီးနာကျင်ရတယ် သား"
"ဒါပေမယ့် ကြီးမေ.."
"တော်လိုက်တော့ သား ဒီနေ့ကစပြီး သားငယ်နဲ့ အတူတူအိပ်ရမယ် နောက်ပြီး သားငယ်အတွက်လိုအပ်တာမှန်သမျှသားဖြည့်စည်းပေးရမယ် လက်ထပ်ပြီးတာ ၁ လပြည့်တော့မယ် အခုထိ သားငယ်မှာ လက်ထပ်လက်စွပ်မရှိသေးဘူး နောက်ပြီး အခုလို ခေတ်ကြီးမှာ အရေးရယ်အကြောင်းရယ်ရှိလာရင် ဆက်ဖို့ရာ ဖုန်းတစ်လုံးမရှိဘူး သူများသားသမီးကို ယူထားရင် အနည်းဆုံးတော့ ပြည့်ပြည့်စုံစုံမထားနိုင်ရင်တောင် သူများနည်းတူ တင့်တောင်းတင့်တယ် ထားရမယ် သား ကြီးမေ ဒါပဲပြောချင်တယ်"
သူ့အားပြောပြီး အပေါ်ထပ်တက်သွားသည့် ကြီးမေကို ကြည့်နေမိစဉ် ထမင်းစားခန်းထဲက အရိပ်လေးကိုတွေ့လိုက်ရသောကြောင့် အခုန မကျေနပ်ချက်တွေအကုန်လုံး ထိုသူ့ဆီသို့ ဦးတည်ချက်ပြောင်းသွားလေသည်။
_________________
"အ.. နာတယ်.. အင့်"
ထမင်းဝိုင်းပြင်ဆင်နေစဉ် လက်ကောက်ဝတ်ကိုအတင်းကိုင်ဆွဲကာ ခေါ်လာသူကြောင့် နာကျင်လွန်း၍ အသံထွက်အော်မိစဉ် အိပ်ယာပေါ်သို့ အရှိန်ဖြင့်တွန်းချလိုက်လေသည်။
"မင်း ကြီးမေကို ငါတို့လက်ထပ်ထားတဲ့အကြောင်း ပြောလိုက်တာလား ဟုတ်လား ပြောစမ်း"
အိပ်ယာပေါ်မှ ထထိုင်လိုက်စဉ် ပုခုံးနှစ်ဖက်အား သူ့လက်နှစ်ဖက်ဖြင့် ဖိကိုင်ကာ ပြောလာသူကြောင့် မော့ကြည့်လိုက်လေသည်။
"ဟုတ်တယ် ဘာဖြစ်လို့လဲ ကျွန်တော့်မှာပြောပိုင်ခွင့်မရှိဘူးလား "
"မရှိဘူးကွ မရှိဘူး အခုမင်းပြောလိုက်တော့ ဘာဆက်ဖြစ်လာလဲ သိလား မင်းနဲ့တစ်ခန်းထဲအတူတူအိပ်ရမယ်တဲ့ မဖြစ်နိုင်ဘူး ကကြိုး လုံးဝမဖြစ်နိုင်ဘူး ငါ့ချစ်သူကိုသတ်ထားတဲ့သူနဲ့ တစ်အိမ်ထဲနေရတာတင် လုံလောက်နေပါပြီ တစ်ခန်းထဲတော့မနေပါရစေနဲ့"
ကကြိုး ခါးထောက်ကာ မတ်တပ်ရပ်ကြည့်နေသည့် မုန်းမာန်အား မျက်ရည်အဝိုင်းသားဖြင့် မော့ကြည့်လိုက်ရင်း ပြောလိုက်လေသည်။
"ကျွန်တော့်ကို အရမ်းမုန်းနေတာလား ဟင် ဟုတ်လား ဒါပေမယ့် ဘယ်လိုလုပ်မလဲ ကျွန်တော်ကတော့ ကြီးမေစကားကို မပယ်ရှားနိုင်ဘူး"
"ဟက် မင်းက အဲ့လိုလား ဒါဆိုလဲ မင်းသဘောလေ ဒီနေ့ကစပြီး မင်းငါ့အကြောင်း သိစေရမယ်"
စကားဆုံးသည်နှင့် အနားသို့ကပ်လာသူကြောင့် အလန့်တကြားဖြင့် နောက်သို့ဆုတ်မိလေသည်။
"ကို ကိုမုန်းမာန် ခင်ဗျား ဘာလုပ်မလို့လဲ"
"ငါလား ငါ မင်းကို အပြစ်ပေးမလို့လေ"
မဲ့ပြုံးပြုံးကာ အနားသို့ ပိုတိုးကပ်လာသူကြောင့် ကကြိုးတုန်လှုပ်နေမိသည်။
ထိုစဉ် သူ့အင်္ကျီကို ဆွဲဖြဲလာသည့် လက်တွေကြောင့် အတင်းရုန်းကန်နေမိသည်။
"ဟင့် ဟင့်အင်း မလုပ်ပါနဲ့ ဟင့်အင်း"
"မင်း သိပ်နောက်ကျသွားပြီ ကောင်လေး"
ငြင်းဆန်နေမှုတွေကိုပင် အဖက်မလုပ်သည့်သူနှင့် အတင်းတွန်းထိုးကာ ရုန်းကန်နေသူကြား ထုထည်ကြီးမားသည့် အမှောင်ထုသည် ဝါးမျိုသွားပြီးနောက် အသံကျယ်ကျယ်တစ်ခုကိုတော့ ချန်ရစ်ခဲ့လေသည်။
"အား!!!!"
____________________
သူနိုးလာပြီ။တိတိကျကျပြောရရင် သူသတိရလာပြီဖြစ်သည်။ညက နာကျင်မှုတွေကို ပေးစွမ်းသူ၏ အသက်ရှူသံပြင်းပြင်းကို နားထောင်ကာ ရုန်းကန်ရင်း သူ့မေ့မျောသွားခြင်းဖြစ်သည်။
"အ"
ခန်းစီးကြားကနေ အတင်းတိုးဝင်လာသည့် နေရောင်နုနုကြောင့် အလျင်စလိုထလိုက်မိတော့ အောက်ပိုင်းက မျက်ကနဲ့နာကျင်သွားရသည်။
မျက်ဝန်းတွေကို အလုပ်ပေးမိတော့ အိပ်ယာဖြူဖြူပေါ်မှာ စွန်းထင်းနေသည့် အနီရောင်သွေးကွက်များ။
မျက်နှာလွှဲလိုက်ပြီး အသာအယာ အိပ်ယာပေါ်မှထကာ ရေချိုးခန်းထဲသို့ ဝင်လိုက်လေသည်။
ထမင်းစားခန်းထဲ ဝင်လိုက်သည်နှင့် သတင်းစာဖတ်ရင်း ကော်ဖီသောက်နေသည့် သူ့ကိုမြင်လိုက်ရသောကြောင့် ခန္ဓာကိုယ်က အနည်းငယ် တုန်သွားမိလေသည်။
"ဟော သားငယ် နိုးလာပြီလား လာ ကော်ဖီသောက်"
စကားစလာသည့် ကြီးမေအနားသို့ သတိလက်လွတ်ဝင်ထိုင်လိုက်မိတော့ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားလေသည်။
"ဘာဖြစ်လို့လဲ သားရဲ့ နေမကောင်းဘူးဆို သားမုန်းမာန်ပြောတာ ဟုတ်လား ခေါင်းတွေ ဘာတွေကိုက်နေသေးလား"
"မ မကိုက်ပါဘူး ကြီးမေ သား သက်သာသွားပါပြီ"
"ဟုတ်လား ဒါဆိုလဲ စားတော့ ကြည့်ပါဦး တစ်နေ့တစ်ခြား မျက်နှာလေး ချောင်လာလိုက်တာ များများစား သား"
"ဟုတ် ကြီးမေ"
"သား သွားတော့မယ် ကြီးမေ"
ပြောရင်း နေရာမှထရပ်လိုက်ကာ လက်ဆွဲအိတ်ကို ကောက်ကိုင်လိုက်လေသည့် သူ့အား မရဲတရဲမော့ကြည့်လာသူ။
"ဝပြီလား သားရဲ့"
"ဟုတ် ကြီးမေ "
"အေးပါ ဒါဆိုလဲ ကားကိုဖြေးဖြေးမောင်းနော် ဒရိုင်ဘာခေါ်ဆိုလဲ မခေါ်ဘူး ဒီကောင်လေးကတော့ ကတ်တီးကတ်တတ်နဲ့"
ကကြိုး ထွက်သွားသူ၏ ကျောပြင်အား မျက်စိတစ်ဆုံးငေးကြည့်ပြီးမှ သက်ပြင်းမောချလိုက်လေသည်။
"သြော် ဒါနဲ့ သား ကြိုက်မယ်ထင်တဲ့ ဟင်းတွေ ကြီးမေ ချက်ထားတယ် ကော်ဖီမသောက်ချင်ရင် ထမင်းစားမလား သားငယ်"
"ဟင် အင်း"
ကကြိုး ယောင်ယောင်နနဖြင့် ခေါင်းငြိမ့်လိုက်လေသည်။
"ဒီမှာလေ သားရဲ့ ပုစွန်ဆီပြန်လေးရယ်၊ သီးစုံချဉ်ဟင်းလေးရယ်၊ ပန်းဂေါ်ဖီကြော်ရယ် နောက်ပြီး သား အားရှိအောင် ကြက်ဥလေးလဲ ခရမ်းချဉ်သီးအနှစ်လေးနဲ့ ဖောက်ထည့်ပြီး ချက်ထားတယ် သြော် ဒီမှာ ကြက်သားကြော် ကျန်သေးတယ်"
"စုံနေတာပဲ ကြီးမေ နောက်နေ့ ကြီးမေ ထမချက်ပါနဲ့ သားပဲထချက်ပါ့မယ် သားကိုလဲသင်ပေးလေ နော် ကြီးမေ"
"ဟုတ်ပါပြီ သားရယ် ကဲ ခုတော့ စားလိုက်ဦး ကြီးမေ ထမင်းထည့်ပေးမယ်"
"ဟုတ်"
ကကြိုး ခုံမှာပြန်ထိုင်ကာ ထမင်းစားရန်ပြင်လိုက်ကာမှ သူ့ရှေ့က ဟင်းပွဲထဲရှိ ပုစွန်တွေကို မြင်လိုက်ရသောကြောင့် လက်ထဲက ကိုင်ထားသည့် ဇွန်းလေးပင် ပြုတ်ကျသွားလေသည်။
*ချလွမ်*
"ဘာဖြစ်တာလဲ သားရဲ့"
"ဟင် သြော် ဘာမှမဟုတ်ပါဘူး ကြီးမေ သားလက်ထဲက လွတ်ကျသွားလို့ရယ် ဘာမှမဖြစ်ဘူး"
ကကြိုး ဇွန်းလေးအား ကောက်ကိုင်လိုက်ပြီး တွေးနေမိသည်။
'သနားစရာ ငါတို့ရေနေသတ္တဝါလေးတွေ လူတွေက ရက်စက်လိုက်တာ သူတို့မှာလဲ မိသားစုဆိုတာ ရှိသေးတဲ့ဟာကို လူတွေက ကိုယ်စားဖို့ရာ ကိုယ်ဗိုက်ပြည့်ဖို့ရာပဲ ကြည့်တယ် တစ်ကိုယ်ကောင်း ဆန်လိုက်ကြတာ သူ့တို့တစ်ခါစားဖို့အတွက် ငါတို့ရေနေသတ္တဝါတွေက အသက်တွေအများကြီးပေးရတယ် လူတွေမကောင်းဘူး ဟင့်အင်း ငါလဲ ငါ့မျိုးနွယ်ကို သစ္စာမဖောက်နိုင်ဘူး ငါမင်းတို့ကို လုံးဝမစားဘူး အဲ့တာ ငါ့ကတိ'
"ဘာလုပ်နေတာလဲ သားရဲ့ စားလေ"
သူ့ဆံစလေးအား သပ်တင်ပေးရင်း ပြောလာသည့် ကြီးမေကြောင့် သူလှည့်ပြုံးပြကာ စားရန်ပြင်လိုက်လေသည်။
ထမင်း တစ်ဇွန်းစားတိုင်း ရင်ထဲက မအီမသာဖြစ်လာသည့်အပြင် ပျို့တက်လာမှုကြောင့် ကြီးမေ မသိစေရန် ထိန်းပါသော်လည်း နောက်ဆုံး မရတော့သဖြင့် ဘေစင်ရှိရာသို့ အပြေးအလွှားသွားကာ ထိုးအန်ရတော့သည်။
"ဟဲ့ ဟဲ့ ဘာဖြစ်တာလဲ သားငယ်"
အနားရောက်လာသည့် ကြီးမေက ကျောပြင်ကို သပ်ချပေးရင်း မေးလေသည်။
"ဘာမှမဖြစ်တော့ပါဘူး ကြီးမေ"
အစာတွေ ကုန်သည်အထိ အန်ပြီးသည်နှင့် ကြီးမေအား ပြောကာ ဆက်စားရန်ပြင်လိုက်သော်လည်း ထိုဟင်းပွဲတွေမြင်သည်နှင့် ပျို့တက်လာကာ ခဏတိုင်းအန်နေမှုကြောင့် ကြာတော့ လူပင် ဖြူဖျော့ဖျော့သာ ကျန်တော့သည်။
"မဖြစ်တော့ပါဘူး သားငယ်ရယ်"
ပြောပြောဆိုဆို ကြီးမေသည် ဧည့်ခန်းထဲသို့ ထွက်သွားလေသည်။
*Ringing*
"ဟယ်လို"
"သား မုန်းမာန်"
"ဗျာ ကြီးမေ "
"အိမ်ကို ဆရာဝန်တစ်ယောက်လောက် အမြန်လွှတ်ပေးဦး သား"
"ကြီးမေ ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"
"ကြီးမေ မဟုတ်ဘူး သားရဲ့ သားငယ်လေး ဖြစ်နေတာ လူလဲ ဖြူဖျော့နေတာပဲ မြန်မြန်လေး လွှတ်လိုက်ပါ သားရယ်"
"ဟုတ် ကြီးမေ သား မိသားစု ဆရာဝန်ကို ခေါ်လိုက်ပါ့မယ်"
"အေး အေး သား"
ကြီးမေ ဖုန်းကျသွားသည်နှင့် သူလဲ မေမေတို့ရှိစဉ်က ပြနေကျဖြစ်သည့် ဆရာဝန်ဝန်ဆီသို့ ဖုန်းလှမ်းဆက်လိုက်လေသည်။အတွေးထဲမှာလဲ မနေ့ညက အကြောင်းတွေကသာ နေရာယူလျက်ရှိ၏။
'ငါ မနေ့က သူမေ့သွားတဲ့အထိ ကြမ်းမိသွားလို့များလား မသိဘူး ဟူးစ်'
___________________
"ဆရာ ရောက်နေပြီ သား"
အိပ်ယာထဲတွင် အားလျော့ကာ လဲနေသည့် ကကြိုးအား သတိပေးစကားပြောလိုက်လေသည်။
လှဲအိပ်နေရာမှ ထရန်ပြင်လိုက်တော့ ဆရာက သက်သာသလို နေပါဟု ပြောသောကြောင့် ကုတင်ခေါင်းရင်းအား ကျောအောက်မှ ခေါင်းအုံးလေးခုကာ မှီနေလိုက်သည်။
ဆရာသည် သူ့နားကျပ်ဖြင့် ကကြိုး ဗိုက်အား အတန်ငယ် စမ်းသပ်ပြီးသည့်နောက် ပြောလာလေသည်။
"ဘာမှ စိုးရိမ်စရာမရှိပါဘူး ဗျာ အရမ်းလဲ စိတ်ပူမနေပါနဲ့"
"ဆရာကသာ စိတ်မပူဖို့ပြောနေတာ သားငယ်က တစ်နေ့တစ်ခြား မျက်နှာတွေ ချောင်ကျနေပြီ"
"အဟင်း တကယ်က စိတ်မပူရဘဲ ဝမ်းသာရမှာဗျ"
ဆရာ့စကားကြောင့် ကကြိုးကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။
"ဘာလို့လဲ ဆရာရဲ့"
"ဒီကောင်လေးမှာ ကိုယ်ဝန်ရှိနေတာဗျ"
"ရှင်" "ဗျာ"
"ဆ ဆရာ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူက ယောက်ျားလေး လေ"
"ဟုတ်ပါတယ် ဒါပေမယ့် အချို့ယောက်ျားလေးတွေကတော့ ၁၀၀ မှာ ၁ ယောက်တော့ ဖြစ်နိုင်ချေရှိပါတယ် နောက်ပြီး male pregnant မို့ ပိုပြီး ဂရုစိုက်မယ် ဗျ"
"ဟုတ် ဟုတ်ကဲ့ပါဆရာ"
ဆရာပြန်သွားပြီးသည်အထိ ကကြိုး ငူငူငိုင်ငိုင်ကြီးဖြစ်နေမိသည်။
"သားငယ် ဒါဝမ်းသာစရာသတင်းလေ သားတို့နှစ်ယောက်ရဲ့ သွေးသားလေး စရောက်လာပြီလေ သားရဲ့.. သားမုန်းမာန်ဆီ ဖုန်းဆက်ပြောလိုက်ဦးလေ သား"
"ဟင် ဟုတ်သားပဲကြီးမေ သား သား သူ့ကိုဖုန်းဆက်ပြောရဦးမယ်"
"ဟဲ့ သားရဲ့ ဖြေးဖြေးဆင်းလေ"
ကြီးမေ အော်ပြောသည်ကိုပင် မကြားနိုင်ဘဲ အောက်ထပ်ရှိ ဧည့်ခန်းရှိရာဆီ အပြေးအလွှား ဆင်းသွားမိသည်။
*Ringing*
"ဟယ်လို"
"ဟယ်လို"
"ဟယ်လို"
"ကျွတ် ဘာလဲကွာ ကြီးမေလား ကကြိုးလား ဟယ်လို"
သူ့အသံကြားသည်နှင့် ဘယ်ကစပြောရမှန်းမသိအောင်ထိ ကကြိုးပျော်နေသည်။
"ဟယ် ဟယ်လို"
အတန်ကြာမှ ထွက်ပေါ်လာသည့် အသံကြောင့် မုန်းမာန် ဒေါသထွက်မိလေသည်။
"ဖုန်းခေါ်ပြီး မင်းဘာလုပ်နေတာလဲ ငါ့ကို အားယားနေတယ်လို့ မင်းထင်နေတာလား ဟမ်"
"ဟို ဟို ကျွန်တော့်မှာ ကိုယ်ဝန်ရှိနေပြီ"
"ဘာ!!!!"
ကျယ်လောင်သည့် အာမေဋိတ်သံ တစ်ခွန်းနှင့်အတူ ဖုန်းလေးသည်လည်း လက်ထဲမှလွတ်ကျသွားကာ သူလည်း ထိုင်နေရာမှ ထမိသည်အထိပင်။
'မဖြစ်နိုင်ဘူး ဒါလုံးဝမဖြစ်နိုင်ဘူး သူ သူက ယောက်ျားလေးလေ နောက်ပြီး ငါ့ချစ်သူကိုသတ်ထားတဲ့သူ ဟင့်အင်း လုံးဝ ဒီလိုမဖြစ်ရဘူး'
မုန်းမာန် ချက်ချင်းပင် ကုတ်အင်္ကျီလေးအားဆွဲယူကာ ကားပါကင်ရှိရာသို့ဆင်းလာပြီး ကားအား တရကြမ်းမောင်းနှင်ကာ အိမ်သို့အမြန်ပြန်လာခဲ့လေသည်။
တစ်ဖက်က ကကြိုးကတော့ မုန်းမာန်အပျော်လွန်သည်အထင်နှင့် နှစ်လိုဖွယ် ပြုံးနေမိသည်။
________________
အိမ်ရောက်သည်နှင့် အပေါ်ထပ်သို့ ကမူးရှူးထိုးဖြင့်အပြေးတက်လာသူ။
"ထ ထစမ်း"
အိပ်ယာပေါ်တွင်လှဲကာ သူ့ဗိုက်လေးအား အသာအယာ ပွတ်သပ်နေစဉ် သူ့လက်အားအတင်းဆွဲ၍ ထခိုင်းသူကြောင့် မတ်တပ်ထရပ်လိုက်မိသည်။
သူထလာသည်နှင့် အောက်ထပ်သို့ ချက်ချင်းလက်ဆွဲခေါ်လာသူကြောင့် ကကြိုး အတင်းရုန်းထွက်လိုက်လေသည်။သူ့လက်ကောက်ဝတ်တွေလဲ နာကျင်နေပြီ ဖြစ်သည်။
"ဘယ် ဘယ်သွားမလို့လဲ"
"သွားဖျက်ချမလို့ မင်းရဲ့ အဲ့ဒီကိုယ်ဝန်ကို အခုချက်ချင်းသွားဖျက်ချမယ် လာ လိုက်ခဲ့"
ပြောကာ တစ်ဖန် လက်ဆွဲလာသူကြောင့် ကကြိုး ရှေင်လိုက်လေသည်။
"ဟင့်အင်း ဘာလို့ဖျက်ချရမှာလဲ ဖျက်မချနိုင်ပါဘူး"
"အေး မင်းမဖျက်ချနိုင်ပေမယ့် ငါကတော့ လုပ်ရမှာပဲ အဲ့ကလေးကို ငါမလိုချင်ဘူး လူသတ်သမားနဲ့ရထားတဲ့ သွေးသားကို ငါမလိုချင်ဘူး ငါချစ်တဲ့သူရဲ့ သွေးသားပဲ လိုချင်တယ် သွားမယ် လာခဲ့ အခုချက်ချင်းသွားမယ်"
ကကြိုး မုန်းမာန်အား မျက်ရည်တွေတွေကျရင်းဖြင့် ကြည့်နေမိသည်။
'ရက်စက်လိုက်တာ ခင်ဗျားရယ် လုပ်ရက်လိုက်တာ ကျွန်တော့်မှာတော့ ခင်ဗျားလဲ ကျွန်တော့်လို ဝမ်းသာသွားတယ်ထင်နေခဲ့တာ တကယ်တော့ ကျွန်တော်က အရူးပဲ ကိုယ့်ကိုမချစ်တာသိရက်နဲ့ မိုက်ရူးရဲဆန်နေမိတာ မျှော်လင့်ချက်မဲ့နေတဲ့အရာကို ခုထိမျှော်မှန်းနေမိတာ အဲ့လောက်တောင် ကျွန်တော့်ကို မုန်းနေရလား အဲ့လောက်တောင် ကျွန်တော်နဲ့ရတဲ့ သွေးသားအထိကိုပဲ..'