အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၁၅
Zawgyi...

At K Construction & Home Decoration Co.LTD

*Ringing*

"ဟယ္လို..."
"မင္းလာေနၿပီလား"
"ေအး ငါအခုပဲ ရံုးဆင္း ဆင္းခ်င္းထြက္လာေတာ့မွာ"
"ဘာလို႔လဲ"
"ငါမင္းကိုေျပာတဲ့ ဟိုတစ္ေန႔က လူေလ"
"ေအးေလ"
"အဲ့တာေလ"
"ဟား ဟိတ္ေကာင္ စကားပုလႅင္ခံမေနနဲ႔ လိုရင္းကိုပဲေျပာ"
"သူ ေပ်ာက္သြားလို႔ကြ"
"ဘာ"
"ငါလဲ သူ႔ကို တစ္ေနကုန္ေစာင့္ၾကည့္ေနတာပဲ ဒါေပမယ့္ မေန႔ညက သူ႔အိမ္ေရွ႕ ကားအနက္ေရာင္တစ္စီးလာရပ္ၿပီးတဲ့ေနာက္ သူ႔ကိုမေတြ႕ရေတာ့ဘူးကြ"
"ဟာ မင္းက လိုက္မစံုစမ္းဘူးလား"
"မစံုစမ္းဘဲ ေနမလားကြ ငါလဲ သူ႔ေဘးအိမ္ကလူေတြေမးၾကည့္တာေပါ့ ဘယ္သူပဲျဖစ္ျဖစ္ မသိဘူးဆိုၿပီး ေခါင္းပဲခါေနေတာ့တာ"
"ဟာကြာ... ေတာက္.. "

*ဒုန္း..ခြမ္း..*

မုန္းမာန္လည္း ကိုယ့္ေဒါသကိုယ္ မထိန္းခ်ဳပ္နိုင္ဘဲ ေဘးနားရွိစားပြဲေပၚမွ ပန္းအိုးအား နရံသို႔ပစ္ေပါက္လိုက္ေလသည္။

"ဘာလို႔လဲ ဘာလို႔မ်ားလဲ နွစ္ေတြအၾကာႀကီး စံုစမ္းခဲ့ရတဲ့ လူက ခုမွဘာလို႔ ထပ္ေပ်ာက္သြားရျပန္တာလဲ ေဖေဖနဲ႔ ေမေမအတြက္ တရားမ်ွတမႈရွိေစခ်င္ၿပီ"
"အားးးးးးး"

*ဒုန္း*

စားပြဲခံုအား ေျခေထာက္ျဖင့္ကန္လိုက္သည့္ အသံ။

"ဟဲ့ သား မုန္းမာန္ ဘာျဖစ္တာလဲသားရယ္ ေမေမ့ကိုေျပာပါဦး"

ရံုးခန္းထဲမွ အသံေတြေၾကာင့္ အလန္႔တၾကား ေျပးဝင္လာေသာ ေမေမသည္ သူ႔အား ရင္ခြင္ထဲထည့္ကာ ေခါင္းေလးကိုပြတ္သပ္ေပးရင္း ေမးလာခဲ့သည္။

"ေမေမ သားေလ သားေမေမနဲ႔ေဖေဖအတြက္ တရားမ်ွတမႈေပးနိုင္ေတာ့မယ့္အခ်ိန္မွာ အဲ့သက္ေသက ေပ်ာက္သြားျပန္ၿပီ"
"ေၾသာ္ သားရယ္ အျပစ္လုပ္ထားတဲ့ သူက အျပစ္ဒဏ္ကိုေတာ့ ခံရမွာေပါ့ကြယ္ သူ႔အခ်ိန္မက်ေသးလို႔ေနမွာပါ ခဏေတာ့ ေစာင့္ၾကည့္လိုက္ပါဦး ေနာ္"
"ဟုတ္ ေမေမ"
"ကဲ လာ အိမ္ျပန္ရေအာင္ ေမေမ သားႀကိဳက္တဲ့ ရွမ္းေခါက္ဆြဲကို တိုဟူးေလးနဲ႔ လုပ္ခိုင္းထားတယ္ အဲ့တာစားၿပီးရင္ ေရမိုးခ်ိဳးၿပီး အိပ္ေရးဝဝအိပ္လိုက္ေနာ္ ၿပီးမွ ဘာဆက္လုပ္ရမလဲ စဥ္းစား ဟုတ္ၿပီလား"
"ဟုတ္ကဲ့ ေမေမ"
"လာ သြားရေအာင္"

မုန္းမာန္လည္း ေမေမေခၚေဆာင္ရာ ေနာက္သို႔လိုက္ခဲ့ေလသည္။
------------------------------
ပင္လယ္ကမ္းစပ္က ႐ြာေလးတစ္႐ြာ၌...

"အား ကြၽတ္ ကြၽတ္ ေခါင္းကလည္း နာလိုက္တာကြာ"

တကြၽတ္ကြၽတ္ စုတ္သပ္ရင္း နိုးထလာတဲ့ ေကာင္ငယ္ေလးတစ္ေယာက္...
မ်က္လံုးအား ေနရာအစံုသို႔ေဝ့ဝဲၾကည့္လိုက္ေစၿပီးေနာက္ ေက်ာက္ေဆာင္အနည္းငယ္နွင့္ အသံငယ္မ်ားကို ၾကားလိုက္ရေလသည္။

"ဟာ ငါဘယ္ေနရာ ေရာက္ေနျပန္ၿပီလဲ"

အလန္႔တၾကားျဖင့္ ထိုင္ေနရာမွ ထလိုက္ေလရာ အားနည္းေနေသာ ကိုယ္ခနၶာေအာက္ပိုင္းနွင့္အတူ သူျမင္ဖူးေသာ လူေျခေထာက္နွစ္ေခ်ာင္း။

"အားးးးး အု.. ဝု.."

ရုတ္တရက္ ထေအာ္ၿပီးမွ ကိုယ့္ကိုကိုယ္ သတိရသြားကာ ပါးစပ္အား လက္ျဖင့္ျပန္အုပ္လုိက္ေလသည္။

"အီး ဟီး ေဖေဖေရ မမေရ ကယ္ပါဦး ဒီမယ္ သားအျမႇီးကို ဘယ္သူခိုးသြားတာလဲမသိဘူး ၿပီးေတာ့ သားကို လူေျခေထာက္ႀကီး တပ္ေပးသြားတယ္ ၿဗဲ"

ေျခေထာက္နွစ္ေခ်ာင္းအား ဆင္းကာငိုေနေသာ ေကာင္ငယ္ေလးက အခုမွ ေပါင္နွစ္ဖက္ၾကား၌ရွိေနေသာ အရာကိုျမင္သြားေလသည္။

"အင္ ဒါဘာေခ်ာင္းလဲ ပင္လယ္ဇင္ေယာ္ငွက္ေျပာျပတဲ့ လူေတြအရမ္းႀကိဳက္တယ္ဆိုတဲ့ hotdog ဆိုတာ ဒါလားမသိဘူး ဟုတ္မယ္ထင္တယ္ သူေျပာတာ အနီေရာင္အေခ်ာင္းလို႔ ေျပာတယ္ ငါလဲစားၾကည့္လိုက္ရမလား"

ခဏတာ စဥ္းစားၿပီးေနာက္ အားရပါးရျဖင့္ ထိုအေခ်ာင္းအား ကိုက္ခ်လိုက္ေလရာ....

"ေအာင္မေလးဗ် အေမရ နာလိုက္တာ hotdog က စားရင္ နာလို႔လား ခုဟာႀကီးက နာလိုက္တာ"
"ေတာ္ၿပီ ဒီအေခ်ာင္းကို ေနာက္မွ စပ္စုေတာ့မယ္ ခုေတာ့ ဟိုေကာင္မေလးေတြ ပတ္ထားသလိုမ်ိဳးဟာႀကီး ရွာလိုက္ဦးမယ္"

မလွမ္းမကမ္းတြင္ ေရဆင္းခ်ိဳးေနၾကေသာ ပ်ိဳမဒီတစ္သိုက္အား ေက်ာက္ေဆာင္မ်ားအၾကားမွ ေခ်ာင္းၾကည့္ရင္း တိုးတိုးေလးေျပာလိုက္ေလသည္။

ေကာင္မေလးေတြအကုန္ ေရထဲဆင္းသြားမွ သူလည္း ထိုေနရာသို႔ တိတ္တိတ္ေလးသြားလိုက္ၿပီးေနာက္ ကမ္းေပၚတြင္တင္ထားခဲ့ေသာ အဝတ္မ်ားအား ယူကာ ေက်ာက္ေဆာင္အေနာက္ဘက္သို႔ ျပန္သြားလိုက္ေလသည္။

"ငါျမင္ဘူးသေလာက္ ဒီေသးေသးတိုတိုေလးက အေပၚမွာပတ္ရမွာထင္တယ္။ဒီအရွည္ႀကီးကို ေအာက္မွာပတ္ ဟင္ ေအာက္ျပန္က်သြားၿပီ ဒါႀကီးကို ဘယ္လိုပတ္ရမွာလဲ"
"ဟင္ ဒီရွည္ရွည္ေလးက ဘယ္လိုႀကီးလဲ အခုနလို အက်ယ္ႀကီး အႀကီးႀကီးလဲမဟုတ္ဘူး ဒါေလးက က်ဥ္းၿပီးနည္းနည္းတိုတယ္"
"ေနပါဦး ဒီတိုတိုေလးက ဘာလို႔ကြာက်ေနရတာလဲ။ဒီေဖာင္းေဖာင္းေလးေတြပါတဲ့ ဟာကေရာ ဘာလဲ။"
"အာ ငါသိၿပီ ဒီေဖာင္းေဖာင္းကို ဒီလိုလ်ွို ေဟာ ကြာမက်ေတာ့ဘူး။ၿပီးရင္ ရွည္ရွည္ေလးကိုလဲ လ်ွို။အုိေက ကြာမက်ေတာ့ဘူးကြ ေရးးးး"

ၿပီးေနာက္ ေက်ာက္ေဆာင္အေနာက္မွ ခပ္တည္တည္ျဖင့္ ထြက္လာေလသည္။ဘယ္ကို သြားရမွန္းမသိေသာေၾကာင့္ ေျခဦးတည့္ရာသာ ေလ်ွာက္လာေသာ္လည္း အခ်ိဳ႕ေသာ လူသားမ်ား၏ ကြက္ၾကည့္ကြက္ၾကည့္ျဖင့္ ၾကည့္ေနသည္ကို သတိထားမိေလေတာ့

'ငါမ်ား အျမႇီးျပန္ေပါက္လာသလား'ဟုဆိုကာ ကိုယ့္တင္ပါးကိုယ္ စမ္းၾကညးည့္ေသာ္လည္း
'ဟင့္ ဘာအျမႇီးမွမရွိပါဘူး'
ကိုယ့္အေတြးနဲ႔ကိုယ္ နႈတ္ခမ္းဆူမိေလသည္။

Tbc.......
--------------------*-----------------------


Unicode...

At K Construction & Home Decoration Co.LTD

*Ringing*

"ဟယ်လို..."
"မင်းလာနေပြီလား"
"အေး ငါအခုပဲ ရုံးဆင်း ဆင်းချင်းထွက်လာတော့မှာ"
"ဘာလို့လဲ"
"ငါမင်းကိုပြောတဲ့ ဟိုတစ်နေ့က လူလေ"
"အေးလေ"
"အဲ့တာလေ"
"ဟား ဟိတ်ကောင် စကားပုလ္လင်ခံမနေနဲ့ လိုရင်းကိုပဲပြော"
"သူ ပျောက်သွားလို့ကွ"
"ဘာ"
"ငါလဲ သူ့ကို တစ်နေကုန်စောင့်ကြည့်နေတာပဲ ဒါပေမယ့် မနေ့ညက သူ့အိမ်ရှေ့ ကားအနက်ရောင်တစ်စီးလာရပ်ပြီးတဲ့နောက် သူ့ကိုမတွေ့ရတော့ဘူးကွ"
"ဟာ မင်းက လိုက်မစုံစမ်းဘူးလား"
"မစုံစမ်းဘဲ နေမလားကွ ငါလဲ သူ့ဘေးအိမ်ကလူတွေမေးကြည့်တာပေါ့ ဘယ်သူပဲဖြစ်ဖြစ် မသိဘူးဆိုပြီး ခေါင်းပဲခါနေတော့တာ"
"ဟာကွာ... တောက်.. "

*ဒုန်း..ခွမ်း..*

မုန်းမာန်လည်း ကိုယ့်ဒေါသကိုယ် မထိန်းချုပ်နိုင်ဘဲ ဘေးနားရှိစားပွဲပေါ်မှ ပန်းအိုးအား နရံသို့ပစ်ပေါက်လိုက်လေသည်။

"ဘာလို့လဲ ဘာလို့များလဲ နှစ်တွေအကြာကြီး စုံစမ်းခဲ့ရတဲ့ လူက ခုမှဘာလို့ ထပ်ပျောက်သွားရပြန်တာလဲ ဖေဖေနဲ့ မေမေအတွက် တရားမျှတမှုရှိစေချင်ပြီ"
"အားးးးးးး"

*ဒုန်း*

စားပွဲခုံအား ခြေထောက်ဖြင့်ကန်လိုက်သည့် အသံ။

"ဟဲ့ သား မုန်းမာန် ဘာဖြစ်တာလဲသားရယ် မေမေ့ကိုပြောပါဦး"

ရုံးခန်းထဲမှ အသံတွေကြောင့် အလန့်တကြား ပြေးဝင်လာသော မေမေသည် သူ့အား ရင်ခွင်ထဲထည့်ကာ ခေါင်းလေးကိုပွတ်သပ်ပေးရင်း မေးလာခဲ့သည်။

"မေမေ သားလေ သားမေမေနဲ့ဖေဖေအတွက် တရားမျှတမှုပေးနိုင်တော့မယ့်အချိန်မှာ အဲ့သက်သေက ပျောက်သွားပြန်ပြီ"
"သြော် သားရယ် အပြစ်လုပ်ထားတဲ့ သူက အပြစ်ဒဏ်ကိုတော့ ခံရမှာပေါ့ကွယ် သူ့အချိန်မကျသေးလို့နေမှာပါ ခဏတော့ စောင့်ကြည့်လိုက်ပါဦး နော်"
"ဟုတ် မေမေ"
"ကဲ လာ အိမ်ပြန်ရအောင် မေမေ သားကြိုက်တဲ့ ရှမ်းခေါက်ဆွဲကို တိုဟူးလေးနဲ့ လုပ်ခိုင်းထားတယ် အဲ့တာစားပြီးရင် ရေမိုးချိုးပြီး အိပ်ရေးဝဝအိပ်လိုက်နော် ပြီးမှ ဘာဆက်လုပ်ရမလဲ စဉ်းစား ဟုတ်ပြီလား"
"ဟုတ်ကဲ့ မေမေ"
"လာ သွားရအောင်"

မုန်းမာန်လည်း မေမေခေါ်ဆောင်ရာ နောက်သို့လိုက်ခဲ့လေသည်။
------------------------------
ပင်လယ်ကမ်းစပ်က ရွာလေးတစ်ရွာ၌...

"အား ကျွတ် ကျွတ် ခေါင်းကလည်း နာလိုက်တာကွာ"

တကျွတ်ကျွတ် စုတ်သပ်ရင်း နိုးထလာတဲ့ ကောင်ငယ်လေးတစ်ယောက်...
မျက်လုံးအား နေရာအစုံသို့ဝေ့ဝဲကြည့်လိုက်စေပြီးနောက် ကျောက်ဆောင်အနည်းငယ်နှင့် အသံငယ်များကို ကြားလိုက်ရလေသည်။

"ဟာ ငါဘယ်နေရာ ရောက်နေပြန်ပြီလဲ"

အလန့်တကြားဖြင့် ထိုင်နေရာမှ ထလိုက်လေရာ အားနည်းနေသော ကိုယ်ခန္ဓာအောက်ပိုင်းနှင့်အတူ သူမြင်ဖူးသော လူခြေထောက်နှစ်ချောင်း။

"အားးးးး အု.. ဝု.."

ရုတ်တရက် ထအော်ပြီးမှ ကိုယ့်ကိုကိုယ် သတိရသွားကာ ပါးစပ်အား လက်ဖြင့်ပြန်အုပ်လိုက်လေသည်။

"အီး ဟီး ဖေဖေရေ မမရေ ကယ်ပါဦး ဒီမယ် သားအမြှီးကို ဘယ်သူခိုးသွားတာလဲမသိဘူး ပြီးတော့ သားကို လူခြေထောက်ကြီး တပ်ပေးသွားတယ် ဗြဲ"

ခြေထောက်နှစ်ချောင်းအား ဆင်းကာငိုနေသော ကောင်ငယ်လေးက အခုမှ ပေါင်နှစ်ဖက်ကြား၌ရှိနေသော အရာကိုမြင်သွားလေသည်။

"အင် ဒါဘာချောင်းလဲ ပင်လယ်ဇင်ယော်ငှက်ပြောပြတဲ့ လူတွေအရမ်းကြိုက်တယ်ဆိုတဲ့ hotdog ဆိုတာ ဒါလားမသိဘူး ဟုတ်မယ်ထင်တယ် သူပြောတာ အနီရောင်အချောင်းလို့ ပြောတယ် ငါလဲစားကြည့်လိုက်ရမလား"

ခဏတာ စဉ်းစားပြီးနောက် အားရပါးရဖြင့် ထိုအချောင်းအား ကိုက်ချလိုက်လေရာ....

"အောင်မလေးဗျ အမေရ နာလိုက်တာ hotdog က စားရင် နာလို့လား ခုဟာကြီးက နာလိုက်တာ"
"တော်ပြီ ဒီအချောင်းကို နောက်မှ စပ်စုတော့မယ် ခုတော့ ဟိုကောင်မလေးတွေ ပတ်ထားသလိုမျိုးဟာကြီး ရှာလိုက်ဦးမယ်"

မလှမ်းမကမ်းတွင် ရေဆင်းချိုးနေကြသော ပျိုမဒီတစ်သိုက်အား ကျောက်ဆောင်များအကြားမှ ချောင်းကြည့်ရင်း တိုးတိုးလေးပြောလိုက်လေသည်။

ကောင်မလေးတွေအကုန် ရေထဲဆင်းသွားမှ သူလည်း ထိုနေရာသို့ တိတ်တိတ်လေးသွားလိုက်ပြီးနောက် ကမ်းပေါ်တွင်တင်ထားခဲ့သော အဝတ်များအား ယူကာ ကျောက်ဆောင်အနောက်ဘက်သို့ ပြန်သွားလိုက်လေသည်။

"ငါမြင်ဘူးသလောက် ဒီသေးသေးတိုတိုလေးက အပေါ်မှာပတ်ရမှာထင်တယ်။ဒီအရှည်ကြီးကို အောက်မှာပတ် ဟင် အောက်ပြန်ကျသွားပြီ ဒါကြီးကို ဘယ်လိုပတ်ရမှာလဲ"
"ဟင် ဒီရှည်ရှည်လေးက ဘယ်လိုကြီးလဲ အခုနလို အကျယ်ကြီး အကြီးကြီးလဲမဟုတ်ဘူး ဒါလေးက ကျဉ်းပြီးနည်းနည်းတိုတယ်"
"နေပါဦး ဒီတိုတိုလေးက ဘာလို့ကွာကျနေရတာလဲ။ဒီဖောင်းဖောင်းလေးတွေပါတဲ့ ဟာကရော ဘာလဲ။"
"အာ ငါသိပြီ ဒီဖောင်းဖောင်းကို ဒီလိုလျှို ဟော ကွာမကျတော့ဘူး။ပြီးရင် ရှည်ရှည်လေးကိုလဲ လျှို။အိုကေ ကွာမကျတော့ဘူးကွ ရေးးးး"

ပြီးနောက် ကျောက်ဆောင်အနောက်မှ ခပ်တည်တည်ဖြင့် ထွက်လာလေသည်။ဘယ်ကို သွားရမှန်းမသိသောကြောင့် ခြေဦးတည့်ရာသာ လျှောက်လာသော်လည်း အချို့သော လူသားများ၏ ကွက်ကြည့်ကွက်ကြည့်ဖြင့် ကြည့်နေသည်ကို သတိထားမိလေတော့

'ငါများ အမြှီးပြန်ပေါက်လာသလား'ဟုဆိုကာ ကိုယ့်တင်ပါးကိုယ် စမ်းကြညးည့်သော်လည်း
'ဟင့် ဘာအမြှီးမှမရှိပါဘူး'
ကိုယ့်အတွေးနဲ့ကိုယ် နှုတ်ခမ်းဆူမိလေသည်။

Tbc.......
--------------------*-----------------------


© Kout Tay,
книга «My Heart For You».
အပိုင္း-၁၆
Коментарі