အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၃၀
Zawgyi...

"သားငယ္ သားငယ္ေလးေရ"

"ဗ်ာ ႀကီးေမ"

မုန္းမာန္ ကုမၸဏီသြားခါနီး ႀကီးေမေခၚသံေၾကာင့္ ျပန္ထူးလိုက္ေလသည္။

"သားကိုေခၚတာမဟုတ္ဘူး သားငယ္ကိုေခၚတာ"

"အင္ သားငယ္ဆိုတာ ကြၽန္ေတာ့္ကိုေခၚတာမဟုတ္လို႔ ဘယ္သူ႔ကိုေခၚတာလဲ ႀကီးေမရဲ႕"

မုန္းမာန္ သူ႔ကိုယ္သူ လက္ညႇိုးျပန္ထိုးကာ ႀကီးေမကိုေမးလိုက္ေလသည္။

"ေဟာ့ေတာ္ ဘယ္သူရွိရမွာလဲ ကႀကိဳးကိုေပါ့"

ႀကီးေမအေျပာေၾကာင့္ မုန္းမာန္မွာ ပါးစပ္အေဟာင္းသားျဖင့္ ႀကီးေမကို ေငးၾကည့္ေနမိသည္။ႀကီးေမနဲ႔ ကႀကိဳးနဲ႔ ဘယ္အခ်ိန္ကမ်ား ဒီေလာက္ထိရင္းနွီးသြားပါလိမ့္။

"သြား ႀကီးေမရဲ႕သားငယ္ကို သြားေခၚေပးဦး "

"ကြၽန္ေတာ္ကလား"

မုန္းမာန္ တအံ့တၾသေမးမိသည္။

"အင္းေလ ဒီနားဘယ္သူရွိလို႔လဲ သြားစမ္းပါသားရယ္ ဒီေကာင္ေလး အခုတစ္ေလာ ဘာမွသိပ္ဟက္ဟက္ပတ္ပတ္မစားလို႔ ႀကီးေမေစာင့္ေႂကြးမလို႔ သြားေခၚေခ် ပန္းၿခံထဲမွာထင္တယ္ ႀကီးေမ ထမင္းစားခန္းထဲက ေစာင့္ေနမယ္"

ေျပာၿပီး ထမင္းစားခန္းထဲ တန္းဝင္သြားသည့္ႀကီးေမေၾကာင့္ မုန္းမာန္လဲ ပန္းၿခံထဲသို႔ ထြက္လာခဲ့လိုက္သည္။

ႀကီးေမေျပာသည့္အတိုင္းပင္ ကႀကိဳးတစ္ေယာက္ ဧကရာဇ္ပင္ႀကီးေအာက္ရွိ ထိုင္ခံုျဖဴေလးေပၚတြင္ ထိုင္ေနေလသည္။တီရွပ္အျဖဴေရာင္ေလးနွင့္ ဒူးေလာက္ရွိေသာ ေဘာင္းဘီတိုအျဖဴေရာင္ေလးကို တြဲဖက္ဝတ္ဆင္ထားၿပီး ေဘးပတ္ပတ္လည္၌ ဧကရာဇ္ပန္းအခ်ိဳ႕ေႂကြက်ေနေသာေၾကာင့္ အေဝးကျမင္ေနရသူအဖို႔ အျဖဴေရာင္နတ္သားေလး ထိုင္ေနသည့္အတိုင္းပင္။

"ကႀကိဳး ႀကီးေမေခၚေနတယ္"

အနားသို႔ေလ်ွာက္သြားကာ ေျပာလိုက္ေတာ့ စိုလဲ့ေနေသာ မ်က္ဝန္းအခ်ိဳ႕ျဖင့္ ေမာ့ၾကည့္လာသူေလး။

ထိုမ်က္ဝန္းမ်ားအား မ်က္ကြယ္ျပဳကာ သူ႔တာဝန္အရ ေျပာၿပီးသည္နွင့္ လွည့္ထြက္ရန္ျပင္လိုက္စဥ္ တစ္စံုတစ္ခုအား သတိရလိုက္ေသာေၾကာင့္ ေနာက္လွည့္၍ေျပာလိုက္ေလသည္။

"ဒါနဲ႔ မင္းကိုယ္မင္း အမႈက ကြင္းလံုးကြၽတ္လြတ္သြားတယ္ ထင္မေနနဲ႔ဦးေနာ္ အခုထိစံုစမ္းေနဆဲမို႔ ခဏလႊတ္ေပးထားတာ အမႈမွန္ေပၚတဲ့ေန႔ မင္းသတ္ခဲ့တာေသခ်ာသြားရင္ မင္းလဲ ေႏြ႕ေနာက္ကိုလိုက္ဖို႔သာ ျပင္ထားလိုက္ေတာ့"

ကႀကိဳး လွည့္ထြက္သြားသူ၏ ေနာက္ေက်ာျပင္ေလးအား မ်က္ရည္အခ်ိဳ႕ျဖင့္ ေငးၾကည့္ေနမိသည္။ခူက အခုတစ္ေလာ ဘာမွလဲ မစားခ်င္သလို တစ္ခါတစ္ေလ ဘာကိုသိမ္ငယ္လို႔ သိမ္ငယ္ေနမွန္းမသိသည့္အျပင္ ခုေတာ့ ဝမ္းနည္းမႈေတြပါ ထပ္ေပါင္းလာေလသည္။

မ်က္ရည္အခ်ိဳ႕အား မ်က္ေတာင္ရွည္ေကာ့ေကာ့ေလးမ်ားျဖင့္ ပုတ္ခတ္သိမ္းဆည္းလိုက္ၿပီး အိမ္ထဲသို႔ ဝင္လာခဲ့လိုက္သည္။

_________________

"ေဟာ သားငယ္ လာ ဒီနားလာထိုင္"

ကႀကိဳး ႀကီးေမေဘးသို႔ ဝင္ထိုင္လိုက္ေတာ့ ႀကီးေမက ေကာ္ဖီတစ္ခြက္ငွဲ႔ေပးေလသည္။

"ေကာ္ဖီေသာက္ဦး သားငယ္ မုန္႔ေလးေရာစား သား ခုတစ္ေလာ ဘာမွလဲဟုတ္တိပတ္တိမစားဘူး ဘာလို႔လဲသားရဲ႕ မုန္႔ေတြမႀကိဳက္လို႔လား"

ႀကီးေမ အေမးကို အရင္မေျဖဘဲ ႀကီးေမ ခါးအား သူ႔လက္နွစ္ဖက္ျဖင့္ အရင္ဖက္ထားလိုက္ၿပီးမွ

"မဟုတ္ပါဘူး ႀကီးေမရဲ႕ သား မအီမလည္ႀကီးျဖစ္ၿပီး စားခ်င္စိတ္မရွိလို႔ပါ"

"ဒါဆို သားက ဘာစားခ်င္ေနတာလဲ"

"ဟင့္အင္း သားမသိဘူး တစ္ခုခုေတာ့ တစ္ခုခုပဲ အင္း ဘယ္လိုေျပာရမလဲ ခ်ဥ္ေပါင္႐ြက္လို အရသာမ်ိဳး"

"ခ်ဥ္ေပါင္႐ြက္လို ဟုတ္လား သား အာ့ဆို ခ်ဥ္တာစားခ်င္တာလား"

"အင္း ဟုတ္ေလာက္မယ္ ႀကီးေမ"

"ဒါဆို မနက္ျဖန္က်ရင္ ႀကီးေမ ခ်ဥ္ေပါင္႐ြက္ေၾကာ္ေပးမယ္ေလ"

"ဟုတ္ ႀကီးေမ ဒါနဲ႔ ႀကီးေမ သားကို ဟင္းခ်က္နည္း သင္ေပးဦးေနာ္ ေတာ္ၾကာ ခုဟင္းေတြက သားမခ်က္မွန္းသိသြားလို႔ ကိုမုန္းမာန္က ႀကီးေမကို ဆူလိမ့္မယ္"

"ဟာ့ ဟား သူက ႀကီးေမကို ဘယ္လိုလုပ္ဆူရဲမွာလဲ သားရဲ႕"

"ဟင္ ဘာျဖစ္လို႔လဲ"

"ႀကီးေမက သူ႔ထက္ႀကီးလို႔ေပါ့ကြဲ႕"

"ဟုတ္လား အာ့ဆို သူက ခနၶာကိုယ္ႀကီးတဲ့သူေတြကို ေၾကာက္တယ္ေပါ့ေနာ္ ဟုတ္လား ႀကီးေမ ဒါဆို သားလဲ အခုကစၿပီး အႀကီးႀကီးျဖစ္ေအာင္လုပ္ေတာ့မယ္ ေနာ္ ႀကီးေမ"

ကႀကိဳးအေျပာေၾကာင့္ သူမ တဟားဟား ရယ္မိေလသည္။ဒီကေလးက သူမရဲ႕ ဝဝဖိုင့္ဖိုင့္ခနၶာကိုယ္ေၾကာင့္လို႔ ထင္ေနတာကိုး။ဒီေကာင္ေလးဟာေလ မ်က္နွာျမင္ ခ်စ္ခင္ပါေစ၊ အသံၾကားသနားပါေစ ဆိုတဲ့ ဆုေတာင္းမ်ား ေတာင္းခဲ့ေလသလား။သူ႔ေျပာပံုဆိုပံုေလးကိုက ခ်စ္ဖို႔ေကာင္းေနတာမ်ိဳး။

"ကႀကိဳးေရ ကႀကိဳး"

"ဗ်ာ"

အိမ္ေရွ႕က ေခၚသံေၾကာင့္ ကႀကိဳး ထူးလိုက္ေလသည္။ႀကီးေမနဲ႔သူ အိမ္ေရွ႕သို႔ထြက္လာခဲ့ေတာ့ ဝင္လာသူက ဦးငယ္။

"ဦးငယ္ ပါလား ကိုခန္႔ညားေရာ မပါဘူးလား"

"မပါဘူး ကႀကိဳးေရ သူ ေတာင္ႀကီးဘက္ကို အလုပ္ကိစၥနဲ႔သြားတယ္"

"ေၾသာ္ လာ ထိုင္ဦး ဦးငယ္ အပူလား အေအးလား"

"ရပါတယ္ကြာ မေသာက္ေတာ့ပါဘူး ကိုယ္က မင္းတစ္ေယာက္ထဲ ပ်င္းေနမွာဆိုးလို႔ ဒီဘက္လဲ ကိစၥတစ္ခုနဲ႔ လာရင္း မင္းဆီဝင္လာလိုက္တာ"

"အာ ဟုတ္သားပဲ ဦးငယ္ ဒါ ႀကီးေမတဲ့ ႀကီးေမ ဒါက ကိုမုန္းမာန္ရဲ႕ ဦးငယ္"

ႀကီးေမသည္ ဦးငယ္အား ၿပံဳးျပကာျဖင့္ အသိအမွတ္ျပာလိုက္ေလသည္။

"ဒါနဲ႔ မင္းတို႔ လက္ထပ္ထားတာ ၁ လျပည့္ေတာ့မယ္ အခုထိ လက္ထပ္လက္စြပ္မရွိေသးဘူးလား"

ေရွ႕က လူငယ္ေလးစကားေၾကာင့္ သူမ အံ့ၾသသြားမိေလသည္။သားမုန္းမာန္ေျပာေတာ့ သားငယ္က အိမ္အကူဆိုၿပီး ခုေတာ့ လက္ထပ္ထားတယ္တဲ့။

"လက္ထပ္ လက္စြပ္ဆိုတာ ဘာလဲ ဦးငယ္ရဲ႕"

"ဟာ သူကလဲ မင္းအပိုင္ မင္းကလည္း သူ႔အပိုင္ဆိုတာာမ်ိဳးကို ေဖာ္ျပထားတဲ့ လက္စြပ္ေလ"

"ဟင့္အင္း သူက မဝယ္ေပးပါဘူး"

မ်က္နွာေလး မွိုင္က်သြားသည့္ ကႀကိဳးေၾကာင့္ အာကာၿပံဳးလိုက္ေလသည္။တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္ မုန္းမာန္ဟာ ေယာက်္ားေလးတစ္ေယာက္နဲ႔ လက္ထပ္ထားပါတယ္ဆိုတာကို ထုတ္ေဖာ္ဖို႔ရာ လက္ထပ္လက္စြပ္ကလည္း သက္ေသျပဖို႔အတြက္ တစ္က႑ပါဝင္ရမည္ ျဖစ္ေသာေၾကာင့္ ေမးလိုက္ျခင္းျဖစ္သည္။

"အာ့ဆိုလည္း ဦးငယ္ ရံုးသြားရင္ မုန္းမာန္ကို ဝယ္ေပးဖို႔ရာ ေျပာလိုက္မယ္ေလ ေနာ္"

"တကယ္လား ဦးငယ္"

"ဟာ တကယ္ေပါ့ ကိုယ္ဘယ္တုန္းက မင္းကို လိမ္ညာခဲ့ဖူးလို႔လဲ ေျပာရင္ေျပာတဲ့အတိုင္းျဖစ္ေအာင္ လုပ္ေပးတာ မင္းအသိပါ ဥပမာ မင္းတို႔ လက္ထပ္တာကိုပဲၾကည့္ေတာ့"

ထိုအခါမွ ေကာင္ငယ္ေလးက ၾကည္လင္ဝင္းပလာသည့္ မ်က္နွာေလးျဖင့္

"ဟုတ္ ေက်းဇူးပါ ဦးငယ္ ေသခ်ာေျပာေပးေနာ္ ဦးငယ္"

"ေအးပါကြာ စိတ္ခ် ဒါဆို ကိုယ္လဲျပန္ေတာ့မယ္ မင္းလဲအေဖာ္ရွိၿပီဆိုေတာ့ ႀကီးေမ ကြၽန္ေတာ္ ျပန္လိုက္ပါဦးမယ္"

"ေအးပါကြယ္ ေအးပါ"

"ဟုတ္ ေကာင္းေကာင္းျပန္ပါ ဦးငယ္"

ထိုလူငယ္ ျပန္သြားသည္နွင့္ သူမ ကႀကိဳးအား အေၾကာင္းစံု စတင္ေမးျမန္းရေတာ့သည္။

"သားငယ္ ႀကီးေမကို အမွန္အတိုင္းေျပာျပ သားငယ္နဲ႔ သားမုန္းမာန္က တကယ္ပဲ လက္ထပ္ထားတာလား"

ႀကီးေမအေမးေၾကာင့္ ကႀကိဳးေခါင္းေလးငံု႔၊ ေအာက္နႈတ္ခမ္းေလး ဖိကိုက္ထားကာျဖင့္ ေျဖလိုက္ေလသည္။

"ဟုတ္ ဟုတ္ပါတယ္ ႀကီးေမ"

"ဒါဆို ဘာလို႔ သားငယ္ကို အိမ္အကူလို႔ေျပာတာလဲ ေနာက္ၿပီး လက္ထပ္ထားတယ္ဆိုၿပီး ဘာလို႔တူတူမေနၾကတာလဲ"

"သူ သူက သားကို မုန္းေနလို႔ပါ"

"ဘယ္လို"

"အဟင့္ ဟုတ္တယ္ ႀကီးေမ သူက သားကိုအရမ္းမုန္းေနတာ သားက သူ႔ခ်စ္သူကို သတ္တယ္ထင္ၿပီး မုန္းေနတာ"

"သူ႔ခ်စ္သူ ဟုတ္လား သား"

"ဟုတ္ပါတယ္ ႀကီးေမ မမေႏြပါ"

"ေႏြ ဟုတ္လား သား ဒါဆို နန္းေႏြေပါ့ ဘုရား ဘုရား ကံမေကာင္းလိုက္တာ နန္းေႏြရယ္"

"ႀကီးေမ သား သား မမကို မသတ္ပါဘူး ႀကီးေမ မမက သူ႔ဘာသူ သူ႔ဗိုက္ကို ဓားနဲ႔ထိုးလိုက္တာပါ အဲ့တာကို သားက ဓားကို နႈတ္ေပးေနခ်ိန္ ကိုမုန္းမာန္က ေတြ႕သြားၿပီး သား သတ္လိုက္တယ္လို႔ ထင္ေနတာပါ ႀကီးေမ သားတကယ္ေျပာတာပါ သားကို ယံုေပးပါေနာ္ ႀကီးေမ"

"ေအးပါကြယ္ ေအးပါ ႀကီးေမက သားငယ္ကို ယံုပါတယ္ကြယ္ ေနာ္"

"ဒါေပမယ့္ ကိုမုန္းမာန္ကေတာ့ သားကို မယံုဘူး"

"သားရယ္ သူလဲ ေရွာ႕အႀကီးႀကီးရသြားလို႔ လက္မခံနိုင္ေသးတာေနမွာပါ အမႈမွန္သာေပၚလာရင္ သူမယံုလို႔မရပါဘူး ေနာ္ ဘာမွစိတ္ထဲ ထားမေနနဲ႔ သားမွမသတ္ခဲ့တဲ့ဟာကို "

"ဟုတ္ ႀကီးေမ"

သူမေရွ႕မွာ ေခါင္းေလးငံု႔လ်က္ မ်က္ရည္က်ေနသည့္ ေကာင္ေလးကိုၾကည့္ရင္း သူမ သက္ျပင္းေမာခ်မိသည္။ဒီေလာက္ ျဖဴစင္တဲ့ကေလးေလးကိုမွ ဘာလို႔မ်ား ကံတရားက မ်က္နွာသာမေပးပါလိမ့္။သားငယ္ကို ႀကီးေမယံုပါတယ္ သားငယ္ရယ္။ႀကီးေမမယံုရဲတာ ေနာက္ျဖစ္လာမယ့္ ကံၾကမၼာကိုပါ သားရယ္။

Tbc...
----------------*---------------

Unicode...

"သားငယ် သားငယ်လေးရေ"

"ဗျာ ကြီးမေ"

မုန်းမာန် ကုမ္ပဏီသွားခါနီး ကြီးမေခေါ်သံကြောင့် ပြန်ထူးလိုက်လေသည်။

"သားကိုခေါ်တာမဟုတ်ဘူး သားငယ်ကိုခေါ်တာ"

"အင် သားငယ်ဆိုတာ ကျွန်တော့်ကိုခေါ်တာမဟုတ်လို့ ဘယ်သူ့ကိုခေါ်တာလဲ ကြီးမေရဲ့"

မုန်းမာန် သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးကာ ကြီးမေကိုမေးလိုက်လေသည်။

"ဟော့တော် ဘယ်သူရှိရမှာလဲ ကကြိုးကိုပေါ့"

ကြီးမေအပြောကြောင့် မုန်းမာန်မှာ ပါးစပ်အဟောင်းသားဖြင့် ကြီးမေကို ငေးကြည့်နေမိသည်။ကြီးမေနဲ့ ကကြိုးနဲ့ ဘယ်အချိန်ကများ ဒီလောက်ထိရင်းနှီးသွားပါလိမ့်။

"သွား ကြီးမေရဲ့သားငယ်ကို သွားခေါ်ပေးဦး "

"ကျွန်တော်ကလား"

မုန်းမာန် တအံ့တသြမေးမိသည်။

"အင်းလေ ဒီနားဘယ်သူရှိလို့လဲ သွားစမ်းပါသားရယ် ဒီကောင်လေး အခုတစ်လော ဘာမှသိပ်ဟက်ဟက်ပတ်ပတ်မစားလို့ ကြီးမေစောင့်ကြွေးမလို့ သွားခေါ်ချေ ပန်းခြံထဲမှာထင်တယ် ကြီးမေ ထမင်းစားခန်းထဲက စောင့်နေမယ်"

ပြောပြီး ထမင်းစားခန်းထဲ တန်းဝင်သွားသည့်ကြီးမေကြောင့် မုန်းမာန်လဲ ပန်းခြံထဲသို့ ထွက်လာခဲ့လိုက်သည်။

ကြီးမေပြောသည့်အတိုင်းပင် ကကြိုးတစ်ယောက် ဧကရာဇ်ပင်ကြီးအောက်ရှိ ထိုင်ခုံဖြူလေးပေါ်တွင် ထိုင်နေလေသည်။တီရှပ်အဖြူရောင်လေးနှင့် ဒူးလောက်ရှိသော ဘောင်းဘီတိုအဖြူရောင်လေးကို တွဲဖက်ဝတ်ဆင်ထားပြီး ဘေးပတ်ပတ်လည်၌ ဧကရာဇ်ပန်းအချို့ကြွေကျနေသောကြောင့် အဝေးကမြင်နေရသူအဖို့ အဖြူရောင်နတ်သားလေး ထိုင်နေသည့်အတိုင်းပင်။

"ကကြိုး ကြီးမေခေါ်နေတယ်"

အနားသို့လျှောက်သွားကာ ပြောလိုက်တော့ စိုလဲ့နေသော မျက်ဝန်းအချို့ဖြင့် မော့ကြည့်လာသူလေး။

ထိုမျက်ဝန်းများအား မျက်ကွယ်ပြုကာ သူ့တာဝန်အရ ပြောပြီးသည်နှင့် လှည့်ထွက်ရန်ပြင်လိုက်စဉ် တစ်စုံတစ်ခုအား သတိရလိုက်သောကြောင့် နောက်လှည့်၍ပြောလိုက်လေသည်။

"ဒါနဲ့ မင်းကိုယ်မင်း အမှုက ကွင်းလုံးကျွတ်လွတ်သွားတယ် ထင်မနေနဲ့ဦးနော် အခုထိစုံစမ်းနေဆဲမို့ ခဏလွှတ်ပေးထားတာ အမှုမှန်ပေါ်တဲ့နေ့ မင်းသတ်ခဲ့တာသေချာသွားရင် မင်းလဲ နွေ့နောက်ကိုလိုက်ဖို့သာ ပြင်ထားလိုက်တော့"

ကကြိုး လှည့်ထွက်သွားသူ၏ နောက်ကျောပြင်လေးအား မျက်ရည်အချို့ဖြင့် ငေးကြည့်နေမိသည်။ခူက အခုတစ်လော ဘာမှလဲ မစားချင်သလို တစ်ခါတစ်လေ ဘာကိုသိမ်ငယ်လို့ သိမ်ငယ်နေမှန်းမသိသည့်အပြင် ခုတော့ ဝမ်းနည်းမှုတွေပါ ထပ်ပေါင်းလာလေသည်။

မျက်ရည်အချို့အား မျက်တောင်ရှည်ကော့ကော့လေးများဖြင့် ပုတ်ခတ်သိမ်းဆည်းလိုက်ပြီး အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။

_________________

"ဟော သားငယ် လာ ဒီနားလာထိုင်"

ကကြိုး ကြီးမေဘေးသို့ ဝင်ထိုင်လိုက်တော့ ကြီးမေက ကော်ဖီတစ်ခွက်ငှဲ့ပေးလေသည်။

"ကော်ဖီသောက်ဦး သားငယ် မုန့်လေးရောစား သား ခုတစ်လော ဘာမှလဲဟုတ်တိပတ်တိမစားဘူး ဘာလို့လဲသားရဲ့ မုန့်တွေမကြိုက်လို့လား"

ကြီးမေ အမေးကို အရင်မဖြေဘဲ ကြီးမေ ခါးအား သူ့လက်နှစ်ဖက်ဖြင့် အရင်ဖက်ထားလိုက်ပြီးမှ

"မဟုတ်ပါဘူး ကြီးမေရဲ့ သား မအီမလည်ကြီးဖြစ်ပြီး စားချင်စိတ်မရှိလို့ပါ"

"ဒါဆို သားက ဘာစားချင်နေတာလဲ"

"ဟင့်အင်း သားမသိဘူး တစ်ခုခုတော့ တစ်ခုခုပဲ အင်း ဘယ်လိုပြောရမလဲ ချဉ်ပေါင်ရွက်လို အရသာမျိုး"

"ချဉ်ပေါင်ရွက်လို ဟုတ်လား သား အာ့ဆို ချဉ်တာစားချင်တာလား"

"အင်း ဟုတ်လောက်မယ် ကြီးမေ"

"ဒါဆို မနက်ဖြန်ကျရင် ကြီးမေ ချဉ်ပေါင်ရွက်ကြော်ပေးမယ်လေ"

"ဟုတ် ကြီးမေ ဒါနဲ့ ကြီးမေ သားကို ဟင်းချက်နည်း သင်ပေးဦးနော် တော်ကြာ ခုဟင်းတွေက သားမချက်မှန်းသိသွားလို့ ကိုမုန်းမာန်က ကြီးမေကို ဆူလိမ့်မယ်"

"ဟာ့ ဟား သူက ကြီးမေကို ဘယ်လိုလုပ်ဆူရဲမှာလဲ သားရဲ့"

"ဟင် ဘာဖြစ်လို့လဲ"

"ကြီးမေက သူ့ထက်ကြီးလို့ပေါ့ကွဲ့"

"ဟုတ်လား အာ့ဆို သူက ခန္ဓာကိုယ်ကြီးတဲ့သူတွေကို ကြောက်တယ်ပေါ့နော် ဟုတ်လား ကြီးမေ ဒါဆို သားလဲ အခုကစပြီး အကြီးကြီးဖြစ်အောင်လုပ်တော့မယ် နော် ကြီးမေ"

ကကြိုးအပြောကြောင့် သူမ တဟားဟား ရယ်မိလေသည်။ဒီကလေးက သူမရဲ့ ဝဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြောင့်လို့ ထင်နေတာကိုး။ဒီကောင်လေးဟာလေ မျက်နှာမြင် ချစ်ခင်ပါစေ၊ အသံကြားသနားပါစေ ဆိုတဲ့ ဆုတောင်းများ တောင်းခဲ့လေသလား။သူ့ပြောပုံဆိုပုံလေးကိုက ချစ်ဖို့ကောင်းနေတာမျိုး။

"ကကြိုးရေ ကကြိုး"

"ဗျာ"

အိမ်ရှေ့က ခေါ်သံကြောင့် ကကြိုး ထူးလိုက်လေသည်။ကြီးမေနဲ့သူ အိမ်ရှေ့သို့ထွက်လာခဲ့တော့ ဝင်လာသူက ဦးငယ်။

"ဦးငယ် ပါလား ကိုခန့်ညားရော မပါဘူးလား"

"မပါဘူး ကကြိုးရေ သူ တောင်ကြီးဘက်ကို အလုပ်ကိစ္စနဲ့သွားတယ်"

"သြော် လာ ထိုင်ဦး ဦးငယ် အပူလား အအေးလား"

"ရပါတယ်ကွာ မသောက်တော့ပါဘူး ကိုယ်က မင်းတစ်ယောက်ထဲ ပျင်းနေမှာဆိုးလို့ ဒီဘက်လဲ ကိစ္စတစ်ခုနဲ့ လာရင်း မင်းဆီဝင်လာလိုက်တာ"

"အာ ဟုတ်သားပဲ ဦးငယ် ဒါ ကြီးမေတဲ့ ကြီးမေ ဒါက ကိုမုန်းမာန်ရဲ့ ဦးငယ်"

ကြီးမေသည် ဦးငယ်အား ပြုံးပြကာဖြင့် အသိအမှတ်ပြာလိုက်လေသည်။

"ဒါနဲ့ မင်းတို့ လက်ထပ်ထားတာ ၁ လပြည့်တော့မယ် အခုထိ လက်ထပ်လက်စွပ်မရှိသေးဘူးလား"

ရှေ့က လူငယ်လေးစကားကြောင့် သူမ အံ့သြသွားမိလေသည်။သားမုန်းမာန်ပြောတော့ သားငယ်က အိမ်အကူဆိုပြီး ခုတော့ လက်ထပ်ထားတယ်တဲ့။

"လက်ထပ် လက်စွပ်ဆိုတာ ဘာလဲ ဦးငယ်ရဲ့"

"ဟာ သူကလဲ မင်းအပိုင် မင်းကလည်း သူ့အပိုင်ဆိုတာာမျိုးကို ဖော်ပြထားတဲ့ လက်စွပ်လေ"

"ဟင့်အင်း သူက မဝယ်ပေးပါဘူး"

မျက်နှာလေး မှိုင်ကျသွားသည့် ကကြိုးကြောင့် အာကာပြုံးလိုက်လေသည်။တစ်နေ့နေ့ တစ်ချိန်ချိန် မုန်းမာန်ဟာ ယောက်ျားလေးတစ်ယောက်နဲ့ လက်ထပ်ထားပါတယ်ဆိုတာကို ထုတ်ဖော်ဖို့ရာ လက်ထပ်လက်စွပ်ကလည်း သက်သေပြဖို့အတွက် တစ်ကဏ္ဍပါဝင်ရမည် ဖြစ်သောကြောင့် မေးလိုက်ခြင်းဖြစ်သည်။

"အာ့ဆိုလည်း ဦးငယ် ရုံးသွားရင် မုန်းမာန်ကို ဝယ်ပေးဖို့ရာ ပြောလိုက်မယ်လေ နော်"

"တကယ်လား ဦးငယ်"

"ဟာ တကယ်ပေါ့ ကိုယ်ဘယ်တုန်းက မင်းကို လိမ်ညာခဲ့ဖူးလို့လဲ ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင် လုပ်ပေးတာ မင်းအသိပါ ဥပမာ မင်းတို့ လက်ထပ်တာကိုပဲကြည့်တော့"

ထိုအခါမှ ကောင်ငယ်လေးက ကြည်လင်ဝင်းပလာသည့် မျက်နှာလေးဖြင့်

"ဟုတ် ကျေးဇူးပါ ဦးငယ် သေချာပြောပေးနော် ဦးငယ်"

"အေးပါကွာ စိတ်ချ ဒါဆို ကိုယ်လဲပြန်တော့မယ် မင်းလဲအဖော်ရှိပြီဆိုတော့ ကြီးမေ ကျွန်တော် ပြန်လိုက်ပါဦးမယ်"

"အေးပါကွယ် အေးပါ"

"ဟုတ် ကောင်းကောင်းပြန်ပါ ဦးငယ်"

ထိုလူငယ် ပြန်သွားသည်နှင့် သူမ ကကြိုးအား အကြောင်းစုံ စတင်မေးမြန်းရတော့သည်။

"သားငယ် ကြီးမေကို အမှန်အတိုင်းပြောပြ သားငယ်နဲ့ သားမုန်းမာန်က တကယ်ပဲ လက်ထပ်ထားတာလား"

ကြီးမေအမေးကြောင့် ကကြိုးခေါင်းလေးငုံ့၊ အောက်နှုတ်ခမ်းလေး ဖိကိုက်ထားကာဖြင့် ဖြေလိုက်လေသည်။

"ဟုတ် ဟုတ်ပါတယ် ကြီးမေ"

"ဒါဆို ဘာလို့ သားငယ်ကို အိမ်အကူလို့ပြောတာလဲ နောက်ပြီး လက်ထပ်ထားတယ်ဆိုပြီး ဘာလို့တူတူမနေကြတာလဲ"

"သူ သူက သားကို မုန်းနေလို့ပါ"

"ဘယ်လို"

"အဟင့် ဟုတ်တယ် ကြီးမေ သူက သားကိုအရမ်းမုန်းနေတာ သားက သူ့ချစ်သူကို သတ်တယ်ထင်ပြီး မုန်းနေတာ"

"သူ့ချစ်သူ ဟုတ်လား သား"

"ဟုတ်ပါတယ် ကြီးမေ မမနွေပါ"

"နွေ ဟုတ်လား သား ဒါဆို နန်းနွေပေါ့ ဘုရား ဘုရား ကံမကောင်းလိုက်တာ နန်းနွေရယ်"

"ကြီးမေ သား သား မမကို မသတ်ပါဘူး ကြီးမေ မမက သူ့ဘာသူ သူ့ဗိုက်ကို ဓားနဲ့ထိုးလိုက်တာပါ အဲ့တာကို သားက ဓားကို နှုတ်ပေးနေချိန် ကိုမုန်းမာန်က တွေ့သွားပြီး သား သတ်လိုက်တယ်လို့ ထင်နေတာပါ ကြီးမေ သားတကယ်ပြောတာပါ သားကို ယုံပေးပါနော် ကြီးမေ"

"အေးပါကွယ် အေးပါ ကြီးမေက သားငယ်ကို ယုံပါတယ်ကွယ် နော်"

"ဒါပေမယ့် ကိုမုန်းမာန်ကတော့ သားကို မယုံဘူး"

"သားရယ် သူလဲ ရှော့အကြီးကြီးရသွားလို့ လက်မခံနိုင်သေးတာနေမှာပါ အမှုမှန်သာပေါ်လာရင် သူမယုံလို့မရပါဘူး နော် ဘာမှစိတ်ထဲ ထားမနေနဲ့ သားမှမသတ်ခဲ့တဲ့ဟာကို "

"ဟုတ် ကြီးမေ"

သူမရှေ့မှာ ခေါင်းလေးငုံ့လျက် မျက်ရည်ကျနေသည့် ကောင်လေးကိုကြည့်ရင်း သူမ သက်ပြင်းမောချမိသည်။ဒီလောက် ဖြူစင်တဲ့ကလေးလေးကိုမှ ဘာလို့များ ကံတရားက မျက်နှာသာမပေးပါလိမ့်။သားငယ်ကို ကြီးမေယုံပါတယ် သားငယ်ရယ်။ကြီးမေမယုံရဲတာ နောက်ဖြစ်လာမယ့် ကံကြမ္မာကိုပါ သားရယ်။

Tbc...
----------------*---------------



© Kout Tay,
книга «My Heart For You».
အပိုင္း-၃၁
Коментарі