Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-1
(Unicode)

"အခု ကိုနေခ ရဲ့ ဆံပင်ပုံစံနဲ့ ပတ်သတ်ပြီး ပရိတ်သတ်တွေက အထင်အမြင်အမျိုးမျိုး သုံးသပ်နေကြတယ်ပေါ့နော်။ ကိုနေခ အနေနဲ့ကကော ကိုယ့် Hair style နဲ့ ပတ်သတ်ပြီး ဘယ်လိုများ ပြောချင်လဲ။"

Presenter မလေးဆီက အမေးကြောင့် နေခမင်းမြတ်တစ်ယောက် ဂုတ်ထိရှည်နေသော ငွေရောင်ဆံပင်တွေကို လက်နဲ့ သပ်တင်လိုက်သည်။

" ဟားဟား ဒါကျွန်တော့်ရဲ့ အရင် stylistရဲ့ ပြင်ဆင်မှုပေါ့နော်။ သူက သူ့အမြင်နဲ့ ပြင်ဆင်ပေးခဲ့တာပဲ။ နောက်ပိုင်း ဒီ ဒီဇိုင်းကို ပိုပြီး ကျွန်တော့် ပရိတ်သတ်တွေက သဘောကျကျတော့ ကျွန်တော်လည်း မပြောင်းဖြစ်ခဲ့တာပါ။"

ပိုင်တခွန်နဲ့ ဆံပင်အရောင်ပဲ ကွာပြီး ဆံပင်ပုံစံက တစ်ထပ်တည်းဆိုတော့ နေခမင်းမြတ်ကို ပိုင်တခွန်ရဲ့ ညီလို့တောင် တချို့တွေက အထင်မှားနေကြပြီ။

"ဒါဆို နောက်ထပ်မေးခွန်းတစ်ခုကျန်သေးပါတယ်။ ဒီမေးခွန်းကတော့ အနောက်မှာပါလာတဲ့ ကိုနေခရဲ့ အမေ မကြားအောင်ဖြေရမဲ့မေးခွန်းပဲ။"

နေခမင်းမြတ် ဒီအစီအစဥ်ကို ပါဝင်ရိုက်ကူးရမည်ဟု မားဆီက ညွှန်ကြားခံရတည်းက စိတ်ရှုပ်နေတာ။ မားကလည်း ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုကြီး တွန်းပို့ရတာလဲ။ သူ့အဖို့ ဒီလိုမျိုး programme တွေက တကယ့်ကိုအခက်တွေ့စေသည်။ ပရိသတ်ရဲ့ မေးချင်ရာမေးထားတဲ့ မေးခွန်းတွေကို live နဲ့ ထုတ်လွှင့်ပြသပြီး ဖြေပေးရတာမို့ အမှားပါလို့မရ။ အခုလည်း ဘာတွေ အရစ်ရှည်ပြီး ထပ်မေးကြဦးမလို့လဲ။ တကယ်ထွက်ပြေးပစ်ချင်တာ။

" မလုပ်ပါနဲ့ဗျ။ ကျွန်တော့်မားက လွယ်တာမဟုတ်ဘူး။ အိမ်ရောက်မှ ကျွန်တော့်ကို ရိုက်နေပါ့မယ်။"

အပြုံးတုတွေနဲ့ စိတ်မပါဘဲ ဟန်ဆောင်ပြနေရတာ သူတကယ်ပင်ပန်းနေပြီ။

"ဟီးဟီး မေးခွန်းက အခုလက်ရှိ ကိုနေခက single ပဲလားတဲ့။ ချစ်သူရှိနေပြီလား။ ရှိပြီဆို အလင်းပြပေးပါတဲ့။ မရှိသေးဘူးဆိုရင်လည်း ကိုနေခရဲ့ စိတ်ကူးထဲက မိန်းကလေးပုံစံလေး သိချင်ပါတယ်တဲ့။"

"ဟို ဒါကတော့ တစ်သတ်မှတ်ထဲရယ်လို့ မရှိပါဘူး။ အရေးအကြီးဆုံးက ကိုယ့်ကိုချစ်ဖို့ရယ် သစ္စာရှိဖို့ရယ် ကိုယ်ကျင့်သိက္ခာကောင်းတဲ့ သူပေါ့။ အဲ့လိုလူမျိုးလို့ပဲ ဆိုလိုရမှာပဲ။"

"ကဲ နောက်ဆုံအနေနဲ့ ဒီအစီအစဥ်လေးကို နှုတ်ဆက်စကားလေးပြောပေးပါဦး။"

"ဟုတ်ကဲ့။ ဒီနေ့ ဒီအစီအစဥ်လေးကို ဖိတ်ကြားပေးပြီး ပရိသတ်တွေနဲ့ ရင်နှီးခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနုပညာအလုပ်တွေလည်း ဆက်လက်အားပေးကြပါဦး။ အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ။"

"ယုမွန်တို့ဘက်ကလည်း ဒီလို အချိန်ပေးပြီး လာရောက်ပေးတဲ့ အတွက် ကိုနေခကို အထူးကျေးဇူးတင်ရှိပါတယ်။ အနုပညာလုပ်ငန်းတွေနဲ့ ပရိသတ်ကို ဒီထက်မက ချပြနိုင်ပါစေနော်။"

"ဟုတ်ကဲ့ပါ။"

ရုပ်သံအစီအစဥ်ပြီးတော့ မွန်ကြပ်နေတဲ့ စိတ်ကို ဆက်ပြီး မထိန်းနိုင် စတူဒီယိုထဲမှ ခပ်သွက်သွက်ပြန်ထွက်လာခဲ့သည်။

သူအနုပညာလောကကို စဝင်လာခဲ့တာ 2010ခုနှစ်လောက်က မော်ဒယ်တစ်ယောက်အနေနဲ့ စဝင်လာခဲ့တာ။မားက အနုပညာလောကမှာ နာမည်ကြီး ထုတ်လုပ်သူတစ်ယောက်မို့ သူက ဒီလောကထဲကို လွယ်လင့်တကူ ထိစပ်ဝင်ဆန့်ခဲ့သည်။ ပိုက်ဆံနှင့် အာဏာရှိတဲ့ မားရဲ့ လက်အောက်မှာ သူအပါအဝင် မည်သူမှ မလွန်ဆန်ရဲကြပါ။ သူစမွေးလာကတည်းက မားက သူ့ရဲ့ idolပဲ။ သူက မားကို ကြည့်ပြီး ကြီးပြင်းလာတာ။ သူ့ရဲ့ နေ့စဥ်ဘဝတွေမှာ မားပြောသမျှကို ခေါင်းတဆတ်ဆတ်ညိတ်ပြီး ရှင်သန်လာတာ။ မားရဲ့ သြဇာအာဏာက သူ့ဆီပါ ကူးလာပြီး သူ့ဘဝက အားလုံးရဲ့ ဟိုးအမြင့်ဆုံးမှာ ရပ်တည်နေတာပဲလို့တောင် ခံယူထားသည်။ သူက အခုမြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်ယောက်မို့ သူ့အနုပညာ​ကြေးကလည်း ပေါပေါပဲပဲမဟုတ်ဘူး။

အသားဖြူဖြူ အရပ်ရှည်ရှည်ပိန်ပိန်နှင့်အတူ ဂုတ်ထိရှည်သော ငွေရောင်ဆံပင်တွန့်တွန့်က လူကို ရှင်းကျော့စေသည်။

ကုမ္ပဏီအောက်မှာ အသင့်စောင့်နေသော ကားထဲကို ခပ်သွက်သွက်ဝင်လိုက်ပြီး မားဘေး၌ ကပ်ထိုင်လိုက်သည်။

"သားနေခ နောက်တစ်ခေါက် အင်တာဗျူးတွေကျရင် ပြုံးပြုံးရွှင်ရွှင်နေပါလို့ မား ပြောချင်တယ်။ မင်းမှာ မားရှိနေလို့ မင်းရဲ့ တိုးတက်မှုတွေ ဆက်ရှိနေတာပဲ။ စိတ်ခံစားချက်တွေ ဦးစားပေးမနေနဲ့။ မားမကြိုက်ဘူး။ သားက ဒီအပိုင်းမှာ professional တစ်ယောက်ဖြစ်နေပြီ။ ဒီလို စိတ်မကြည်တိုင်း မျက်နှာပျက်နေပုံမျိုးနဲ့ဆို မင်းက ရိုက်ချခံရတာကြာပေါ့။မားရဲ့ သားက စိတ်ခံစားချက်ကို ဦးစားပေးနေတာမျိုး မားမကြိုက်ဘူး။ သေလောက်အောင် ပင်ပန်းနေရင်တောင် မင်းက ပြုံးနေရမှာပဲ။ မားပြောတာ နားလည်လား။"

"ဟုတ်ကဲ့ပါ မား။ သား နောက်တစ်ခါအဲ့လို မဖြစ်စေရပါဘူး။"

ထိုမျှသာပြောပြီး ipadကို ဖွင့်၍ အင်တာနက်ပေါ်က သတင်းတွေကို ဖတ်နေလိုက်သည်။

နေ့တစ်နေ့တာရဲ့ အလုပ်တွေကတော့ နေခအတွက် ဒါပဲ။ ဟန်ဆောင်မျက်နှာဖုံးတွေ တပ်မယ်။ မားရဲ့ အဆူအငေါက်ခံမယ်။ ကြာလေ လူက ဒီအလုပ်ကို မွန်းကြပ်လာလေ။ ထွက်ပြေးချင်လာလေ။

******

"တီ....တောင် "

ဧည့်ခံထဲက မားကတော့ ခြံတံခါးသံကို ကြားချင်မှ ကြားမည်။ ဒါပေမဲ့ ဝရန်တာက ထွက်ရပ်ပြီး စောင့်နေတဲ့ နေခကတော့ မြောက်ကြွမြောက်ကြွနှင့် အခုချိန်လောက်ဆို ခက်ဇော်က သူ့မားကို သူ့အစားခွင့်တောင်းပေးနေလောက်ပြီ။
သူ့မှာ တစ်ခုခုဆို ဒီငယ်သူငယ်ချင်းကြီးပဲ အားကိုးနေရတာ။

သူအပေါ်ထပ်က ဆင်းလာလိုက်ပြီး သူ့မားနဲ့ ခက်ဇော်ကြားဝင်ထိုင်လိုက်သည်။

"သား ခက်ဇော်က အပြင်သွားမလို့ လာခေါ်တာတဲ့။ မင်းလိုက်သွားမှာလား။"

"အော် ဟုတ်ကဲ့ မား။ ဟို ခက်ဇော်က ကျန်ခဲ့တဲ့တစ်ပတ်ထဲက ကြိုပြောထားတာမို့ "

"အင်းပါ။ သားက အခုလိုမျိုးကျ တက်ကြွနေလိုက်တာ။ မနက်က အင်တာဗျူးမှာနဲ့တော့ တခြားဆီပဲနော်။ သွားချင်လည်း သွားပါ။ မား ခက်ဇော်နဲ့တော့ စိတ်ချပါတယ်။ ရုပ်ဖျက်သွားနော် သား "

"ဟုတ်ကဲ့ပါ မား "

မားက သူ့ကို ခက်ဇော်နဲ့တော့ စိတ်ချတာမို့ ခက်ဇော်ကို သူအားကိုးနေကြပါ။

" မင်းရဲ့ မားကလည်းကွာ အတော်ပြောရခက်တာပဲ။ ဘယ်တွေသွားမှာလဲ။ ဘယ်သူတွေ ထပ်ပါသေးလဲ ဆိုပြီး ငါ့ရစ်လိုက်တာမှ "

"ဟားဟား ငါ့ မားက အဲ့လိုပဲကို ဒါနဲ့ မင်းလိမ်မှ ဖြေလိုက်ရဲ့လား။"

"အသေအချာပဲပေါ့။ မုန့်ထွက်စားရင်း ကားပတ်စီးရုံပဲလို့ ပြောလိုက်တာ။"

"ဒါဆို ငါတို သွားမဲ့ "

"စိတ်မပူနဲ့။ ငါသွားအောင်းနေကြဆိုင်ရှိတယ်။ အေးဆေး ညိမ့်တယ်။"

"အိုကေပါ သားကြီး "

ခက်ဇော်နဲ့ အပြင်သွားတိုင်း ခက်ဇော်ကပဲ ကားမောင်းနေကြ မားက သူ့ကို ကားမောင်း သင်ပေးထားပေမယ့် ကားမောင်းခွင့်တော့မပေး။ ဘာလို့ဆို စိတ်မချလို့ ဒါပါပဲ။

နေခ ခက်ဇော်ခေါ်လာသော ဒီဆိုင်ကို ရောက်နေတာ နာရီဝက်လောက်ရှိပြီ။ ဆိုင် ဆိုပေမယ့် စားသောက်ဆိုင် အထူးသဖြင့် ပိုက်ဆံရှိလူတန်းစားတွေရဲ့ အလှူဒါနပြုတဲ့ နေရာပေါ့။ ဘယ်နေရာလှူလှူ အလှူဒါနပဲမလား။ Stageစင်ပေါ်က ကောင်မလေးက ဆိုနေတာ ၃ပုဒ်ရှိပြီ။ ပန်းကုံးတွေကြောင့် သူမရဲ့ ဂုတ်ကလည်း ကျိုးကျတော့မည်။ ခနအကြာတော့ သူမကို ခေါ်တဲ့ ဝိုင်းရှိသွား၍ ဆင်းသွားသည်။

နေခနဲ့ ခက်ဇော်တို့ နှစ်ယောက်လုံးက all black နှင့်မို့ maskကလည်း တပ်ထားသေး မှောင်ခို ဂိုဏ်းက လိုလိုနဲ့ ဘယ်သူမှ မမှတ်မိ။ နေခက ဂုတ်ပေါ်ကျနေသော ဆံပင်ကို စုစည်း၍ ဦးထုပ်ပါထပ်ဆောင်းထားသေး။

" ထက်ခန့် ! ထက်ခန့် !"

"ဦးခန့်! ဦးခန့်!"

ရုတ်တရက်အသံတွေ ဆူထွက်လာလို့ နေခဘေးပတ်လည်ကို လှည့်ကြည့်လိုက်သည်။

အသက်ကြီးကြီးအမျိုးသမီးတွေက ထက်ခန့်ဆိုပြီးအော်နေကြပြီး အသက်ငယ်ငယ်နုနုလေးတွေက ဦးခန့်ဆိုပဲ။

မတွေးချင်လည်း ပြန်တွေးနေမိ~~~~
မေ့ရင်လည်း ပြန်သတိရပြီး~~~~
အမှတ်မရှိသေးဘူး ငါ လွမ်းဆွတ်~~~

မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ~~~~
မှားနေလည်း ငါဆက်မှားပြီ~~~
ဒုက္ခများကုန်ပြီ.....ဟီး~~ဟား~~

ဒီလိုဆိုင်မျိုးမှာ ယောကျ်ားလေးအဆိုရှင်ရှိတာက သိပ်မဆန်းပါဘူး။ ဆန်းတာက ဆိုင်ထဲရှိ အမျိုးသမီးတွေအားလုံးကို စွဲဆောင်ထားနိုင်သော သူ့အသံ ဖြစ်သည်။

"နေခ နေခ အဲ့ဒီတစ်ယောက်ပေါ့။"

ခက်ဇော်က လက်ကုတ်ပြီး ပြောတာတောင် သူ့မှာ ပြန်စိတ်မဝင်စားအား

ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နှစ်ခဲ့~~
ဖြတ်တောက်တိုင်းလည်း ဖြတ်ဖို့ခက်တဲ့
သံယောဇဥ်
သံယောဇဥ်... သံယောဇဥ် ငါလေ အပျက်ပျက်နဲ့ သွေးထွက်ခဲ့တယ်~~~

သံယောဇဥ် သံယောဇဥ် လူကို အရူးတစ်ပိုင်း ဖြစ်စေတဲ့....
သံယောဇဥ် သံယောဇဥ် နေမြင့်လို့ အရူးရင့်ခဲ့တယ်....
ဒီ သံယောဇဥ်...ဒီသံယောဇဥ်
ဒီသံယောဇဥ် ဒီသံယောဇဥ်
အို....သံယောဇဥ်~~~

သီချင်းတစ်ပုဒ်သာဆိုပြီး မိတ်ကပ်အဖွေးသားနဲ့ ဂါဝန်အတိုဝတ်ပြီး ထိုင်နေတဲ့ အမျိုးသမီးကြီးရှိရာ ဝိုင်းဆီ ရောက်သွားသော ထိုကောင်လေး....

ဒါတောင် ဒီကောင်လေးကို အားပေးနေတဲ့ အသံတွေက မရပ်သေးပါ။

"နေခ ကြည့် အဲ့ဒီကောင်က ဒီဆိုင်မှာ တကယ့်ချူဆီကြီးလေ။ အသက်ငယ်ငယ်နဲ့ မင်း ကြည့်နေ ကြည့်နေ သူအဲ့ဘွားတော်ကြီးနဲ့ ခနနေဆိုင်ထဲက ထွက်သွားလိမ့်မယ်။ "

ခက်ဇော်အပြောကြောင့် သူထိုကောင်လေးကို ပြန်ကြည့်မိသည်။ ခက်ဇော်ပြောတဲ့အတိုင်း ခနနေတော့ အဲ့မိန်းမကြီးလက်ကို ဆွဲပြီး ထွက်သွားသည်။ ဆိုင်ထဲရှိ ကျန်ရစ်ခဲ့သော တချို့က ဝိုး ဝါးနဲ့။

" တစ်နေ့ တစ်ယောက်နှုန်းနဲ့ ဘွားတော်ကြီးတွေဆီက ချူနေတာ။ ဒီဆိုင်မှာ အဲ့လိုကောင် ၂ယောက်ရှိတယ်။ အသက်တွေက ငယ်ငယ်လေးတွေနဲ့ကွာ။ ငါတို့ထက်တောင် ငယ်မလားပဲ။"

"နာမည်က..."

" ထက်ဦးခန့်တဲ့ "

ထွက်သွားသော သူ့ရဲ့ ကျောပြင်တစ်ဆုံးလိုက်ကြည့်မိသည်။ ထက်ဦးခန့်တဲ့လား။

A/N သောကြာနေ့ upမယ် ဒါပဲ။

(Zawgyi)

"အခု ကိုေနခ ရဲ႕ ဆံပင္ပုံစံနဲ႔ ပတ္သတ္ၿပီး ပရိတ္သတ္ေတြက အထင္အျမင္အမ်ိဳးမ်ိဳး သုံးသပ္ေနၾကတယ္ေပါ့ေနာ္။ ကိုေနခ အေနနဲ႔ကေကာ ကိုယ့္ Hair style နဲ႔ ပတ္သတ္ၿပီး ဘယ္လိုမ်ား ေျပာခ်င္လဲ။"

Presenter မေလးဆီက အေမးေၾကာင့္ ေနခမင္းျမတ္တစ္ေယာက္ ဂုတ္ထိရွည္ေနေသာ ေငြေရာင္ဆံပင္ေတြကို လက္နဲ႔ သပ္တင္လိုက္သည္။

" ဟားဟား ဒါကြၽန္ေတာ့္ရဲ႕ အရင္ stylistရဲ႕ ျပင္ဆင္မႈေပါ့ေနာ္။ သူက သူ႔အျမင္နဲ႔ ျပင္ဆင္ေပးခဲ့တာပဲ။ ေနာက္ပိုင္း ဒီ ဒီဇိုင္းကို ပိုၿပီး ကြၽန္ေတာ့္ ပရိတ္သတ္ေတြက သေဘာက်က်ေတာ့ ကြၽန္ေတာ္လည္း မေျပာင္းျဖစ္ခဲ့တာပါ။"

ပိုင္တခြန္နဲ႔ ဆံပင္အေရာင္ပဲ ကြာၿပီး ဆံပင္ပုံစံက တစ္ထပ္တည္းဆိုေတာ့ ေနခမင္းျမတ္ကို ပိုင္တခြန္ရဲ႕ ညီလို႔ေတာင္ တခ်ိဳ႕ေတြက အထင္မွားေနၾကၿပီ။

"ဒါဆို ေနာက္ထပ္ေမးခြန္းတစ္ခုက်န္ေသးပါတယ္။ ဒီေမးခြန္းကေတာ့ အေနာက္မွာပါလာတဲ့ ကိုေနခရဲ႕ အေမ မၾကားေအာင္ေျဖရမဲ့ေမးခြန္းပဲ။"

ေနခမင္းျမတ္ ဒီအစီအစဥ္ကို ပါဝင္႐ိုက္ကူးရမည္ဟု မားဆီက ၫႊန္ၾကားခံရတည္းက စိတ္ရႈပ္ေနတာ။ မားကလည္း ဘယ္လိုရည္႐ြယ္ခ်က္နဲ႔ ဒီလိုႀကီး တြန္းပို႔ရတာလဲ။ သူ႔အဖို႔ ဒီလိုမ်ိဳး programme ေတြက တကယ့္ကိုအခက္ေတြ႕ေစသည္။ ပရိသတ္ရဲ႕ ေမးခ်င္ရာေမးထားတဲ့ ေမးခြန္းေတြကို live နဲ႔ ထုတ္လႊင့္ျပသၿပီး ေျဖေပးရတာမို႔ အမွားပါလို႔မရ။ အခုလည္း ဘာေတြ အရစ္ရွည္ၿပီး ထပ္ေမးၾကဦးမလို႔လဲ။ တကယ္ထြက္ေျပးပစ္ခ်င္တာ။

" မလုပ္ပါနဲ႔ဗ်။ ကြၽန္ေတာ့္မားက လြယ္တာမဟုတ္ဘူး။ အိမ္ေရာက္မွ ကြၽန္ေတာ့္ကို ႐ိုက္ေနပါ့မယ္။"

အၿပဳံးတုေတြနဲ႔ စိတ္မပါဘဲ ဟန္ေဆာင္ျပေနရတာ သူတကယ္ပင္ပန္းေနၿပီ။

"ဟီးဟီး ေမးခြန္းက အခုလက္ရွိ ကိုေနခက single ပဲလားတဲ့။ ခ်စ္သူရွိေနၿပီလား။ ရွိၿပီဆို အလင္းျပေပးပါတဲ့။ မရွိေသးဘူးဆိုရင္လည္း ကိုေနခရဲ႕ စိတ္ကူးထဲက မိန္းကေလးပုံစံေလး သိခ်င္ပါတယ္တဲ့။"

"ဟို ဒါကေတာ့ တစ္သတ္မွတ္ထဲရယ္လို႔ မရွိပါဘူး။ အေရးအႀကီးဆုံးက ကိုယ့္ကိုခ်စ္ဖို႔ရယ္ သစၥာရွိဖို႔ရယ္ ကိုယ္က်င့္သိကၡာေကာင္းတဲ့ သူေပါ့။ အဲ့လိုလူမ်ိဳးလို႔ပဲ ဆိုလိုရမွာပဲ။"

"ကဲ ေနာက္ဆုံအေနနဲ႔ ဒီအစီအစဥ္ေလးကို ႏႈတ္ဆက္စကားေလးေျပာေပးပါဦး။"

"ဟုတ္ကဲ့။ ဒီေန႔ ဒီအစီအစဥ္ေလးကို ဖိတ္ၾကားေပးၿပီး ပရိသတ္ေတြနဲ႔ ရင္ႏွီးခြင့္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ့္အႏုပညာအလုပ္ေတြလည္း ဆက္လက္အားေပးၾကပါဦး။ အားလုံးပဲ က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။"

"ယုမြန္တို႔ဘက္ကလည္း ဒီလို အခ်ိန္ေပးၿပီး လာေရာက္ေပးတဲ့ အတြက္ ကိုေနခကို အထူးေက်းဇူးတင္ရွိပါတယ္။ အႏုပညာလုပ္ငန္းေတြနဲ႔ ပရိသတ္ကို ဒီထက္မက ခ်ျပႏိုင္ပါေစေနာ္။"

"ဟုတ္ကဲ့ပါ။"

႐ုပ္သံအစီအစဥ္ၿပီးေတာ့ မြန္ၾကပ္ေနတဲ့ စိတ္ကို ဆက္ၿပီး မထိန္းႏိုင္ စတူဒီယိုထဲမွ ခပ္သြက္သြက္ျပန္ထြက္လာခဲ့သည္။

သူအႏုပညာေလာကကို စဝင္လာခဲ့တာ 2010ခုႏွစ္ေလာက္က ေမာ္ဒယ္တစ္ေယာက္အေနနဲ႔ စဝင္လာခဲ့တာ။မားက အႏုပညာေလာကမွာ နာမည္ႀကီး ထုတ္လုပ္သူတစ္ေယာက္မို႔ သူက ဒီေလာကထဲကို လြယ္လင့္တကူ ထိစပ္ဝင္ဆန္႔ခဲ့သည္။ ပိုက္ဆံႏွင့္ အာဏာရွိတဲ့ မားရဲ႕ လက္ေအာက္မွာ သူအပါအဝင္ မည္သူမွ မလြန္ဆန္ရဲၾကပါ။ သူစေမြးလာကတည္းက မားက သူ႔ရဲ႕ idolပဲ။ သူက မားကို ၾကည့္ၿပီး ႀကီးျပင္းလာတာ။ သူ႔ရဲ႕ ေန႔စဥ္ဘဝေတြမွာ မားေျပာသမွ်ကို ေခါင္းတဆတ္ဆတ္ညိတ္ၿပီး ရွင္သန္လာတာ။ မားရဲ႕ ၾသဇာအာဏာက သူ႔ဆီပါ ကူးလာၿပီး သူ႔ဘဝက အားလုံးရဲ႕ ဟိုးအျမင့္ဆုံးမွာ ရပ္တည္ေနတာပဲလို႔ေတာင္ ခံယူထားသည္။ သူက အခုျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းမင္းသားတစ္ေယာက္မို႔ သူ႔အႏုပညာ​ေၾကးကလည္း ေပါေပါပဲပဲမဟုတ္ဘူး။

အသားျဖဴျဖဴ အရပ္ရွည္ရွည္ပိန္ပိန္ႏွင့္အတူ ဂုတ္ထိရွည္ေသာ ေငြေရာင္ဆံပင္တြန္႔တြန္႔က လူကို ရွင္းေက်ာ့ေစသည္။

ကုမၸဏီေအာက္မွာ အသင့္ေစာင့္ေနေသာ ကားထဲကို ခပ္သြက္သြက္ဝင္လိုက္ၿပီး မားေဘး၌ ကပ္ထိုင္လိုက္သည္။

"သားေနခ ေနာက္တစ္ေခါက္ အင္တာဗ်ဴးေတြက်ရင္ ၿပဳံးၿပဳံး႐ႊင္႐ႊင္ေနပါလို႔ မား ေျပာခ်င္တယ္။ မင္းမွာ မားရွိေနလို႔ မင္းရဲ႕ တိုးတက္မႈေတြ ဆက္ရွိေနတာပဲ။ စိတ္ခံစားခ်က္ေတြ ဦးစားေပးမေနနဲ႔။ မားမႀကိဳက္ဘူး။ သားက ဒီအပိုင္းမွာ professional တစ္ေယာက္ျဖစ္ေနၿပီ။ ဒီလို စိတ္မၾကည္တိုင္း မ်က္ႏွာပ်က္ေနပုံမ်ိဳးနဲ႔ဆို မင္းက ႐ိုက္ခ်ခံရတာၾကာေပါ့။မားရဲ႕ သားက စိတ္ခံစားခ်က္ကို ဦးစားေပးေနတာမ်ိဳး မားမႀကိဳက္ဘူး။ ေသေလာက္ေအာင္ ပင္ပန္းေနရင္ေတာင္ မင္းက ၿပဳံးေနရမွာပဲ။ မားေျပာတာ နားလည္လား။"

"ဟုတ္ကဲ့ပါ မား။ သား ေနာက္တစ္ခါအဲ့လို မျဖစ္ေစရပါဘူး။"

ထိုမွ်သာေျပာၿပီး ipadကို ဖြင့္၍ အင္တာနက္ေပၚက သတင္းေတြကို ဖတ္ေနလိုက္သည္။

ေန႔တစ္ေန႔တာရဲ႕ အလုပ္ေတြကေတာ့ ေနခအတြက္ ဒါပဲ။ ဟန္ေဆာင္မ်က္ႏွာဖုံးေတြ တပ္မယ္။ မားရဲ႕ အဆူအေငါက္ခံမယ္။ ၾကာေလ လူက ဒီအလုပ္ကို မြန္းၾကပ္လာေလ။ ထြက္ေျပးခ်င္လာေလ။

******

"တီ....ေတာင္ "

ဧည့္ခံထဲက မားကေတာ့ ၿခံတံခါးသံကို ၾကားခ်င္မွ ၾကားမည္။ ဒါေပမဲ့ ဝရန္တာက ထြက္ရပ္ၿပီး ေစာင့္ေနတဲ့ ေနခကေတာ့ ေျမာက္ႂကြေျမာက္ႂကြႏွင့္ အခုခ်ိန္ေလာက္ဆို ခက္ေဇာ္က သူ႔မားကို သူ႔အစားခြင့္ေတာင္းေပးေနေလာက္ၿပီ။
သူ႔မွာ တစ္ခုခုဆို ဒီငယ္သူငယ္ခ်င္းႀကီးပဲ အားကိုးေနရတာ။

သူအေပၚထပ္က ဆင္းလာလိုက္ၿပီး သူ႔မားနဲ႔ ခက္ေဇာ္ၾကားဝင္ထိုင္လိုက္သည္။

"သား ခက္ေဇာ္က အျပင္သြားမလို႔ လာေခၚတာတဲ့။ မင္းလိုက္သြားမွာလား။"

"ေအာ္ ဟုတ္ကဲ့ မား။ ဟို ခက္ေဇာ္က က်န္ခဲ့တဲ့တစ္ပတ္ထဲက ႀကိဳေျပာထားတာမို႔ "

"အင္းပါ။ သားက အခုလိုမ်ိဳးက် တက္ႂကြေနလိုက္တာ။ မနက္က အင္တာဗ်ဴးမွာနဲ႔ေတာ့ တျခားဆီပဲေနာ္။ သြားခ်င္လည္း သြားပါ။ မား ခက္ေဇာ္နဲ႔ေတာ့ စိတ္ခ်ပါတယ္။ ႐ုပ္ဖ်က္သြားေနာ္ သား "

"ဟုတ္ကဲ့ပါ မား "

မားက သူ႔ကို ခက္ေဇာ္နဲ႔ေတာ့ စိတ္ခ်တာမို႔ ခက္ေဇာ္ကို သူအားကိုးေနၾကပါ။

" မင္းရဲ႕ မားကလည္းကြာ အေတာ္ေျပာရခက္တာပဲ။ ဘယ္ေတြသြားမွာလဲ။ ဘယ္သူေတြ ထပ္ပါေသးလဲ ဆိုၿပီး ငါ့ရစ္လိုက္တာမွ "

"ဟားဟား ငါ့ မားက အဲ့လိုပဲကို ဒါနဲ႔ မင္းလိမ္မွ ေျဖလိုက္ရဲ႕လား။"

"အေသအခ်ာပဲေပါ့။ မုန္႔ထြက္စားရင္း ကားပတ္စီး႐ုံပဲလို႔ ေျပာလိုက္တာ။"

"ဒါဆို ငါတို သြားမဲ့ "

"စိတ္မပူနဲ႔။ ငါသြားေအာင္းေနၾကဆိုင္ရွိတယ္။ ေအးေဆး ညိမ့္တယ္။"

"အိုေကပါ သားႀကီး "

ခက္ေဇာ္နဲ႔ အျပင္သြားတိုင္း ခက္ေဇာ္ကပဲ ကားေမာင္းေနၾက မားက သူ႔ကို ကားေမာင္း သင္ေပးထားေပမယ့္ ကားေမာင္းခြင့္ေတာ့မေပး။ ဘာလို႔ဆို စိတ္မခ်လို႔ ဒါပါပဲ။

ေနခ ခက္ေဇာ္ေခၚလာေသာ ဒီဆိုင္ကို ေရာက္ေနတာ နာရီဝက္ေလာက္ရွိၿပီ။ ဆိုင္ ဆိုေပမယ့္ စားေသာက္ဆိုင္ အထူးသျဖင့္ ပိုက္ဆံရွိလူတန္းစားေတြရဲ႕ အလႉဒါနျပဳတဲ့ ေနရာေပါ့။ ဘယ္ေနရာလႉလႉ အလႉဒါနပဲမလား။ Stageစင္ေပၚက ေကာင္မေလးက ဆိုေနတာ ၃ပုဒ္ရွိၿပီ။ ပန္းကုံးေတြေၾကာင့္ သူမရဲ႕ ဂုတ္ကလည္း က်ိဳးက်ေတာ့မည္။ ခနအၾကာေတာ့ သူမကို ေခၚတဲ့ ဝိုင္းရွိသြား၍ ဆင္းသြားသည္။

ေနခနဲ႔ ခက္ေဇာ္တို႔ ႏွစ္ေယာက္လုံးက all black ႏွင့္မို႔ maskကလည္း တပ္ထားေသး ေမွာင္ခို ဂိုဏ္းက လိုလိုနဲ႔ ဘယ္သူမွ မမွတ္မိ။ ေနခက ဂုတ္ေပၚက်ေနေသာ ဆံပင္ကို စုစည္း၍ ဦးထုပ္ပါထပ္ေဆာင္းထားေသး။

" ထက္ခန္႔ ! ထက္ခန္႔ !"

"ဦးခန္႔! ဦးခန္႔!"

႐ုတ္တရက္အသံေတြ ဆူထြက္လာလို႔ ေနခေဘးပတ္လည္ကို လွည့္ၾကည့္လိုက္သည္။

အသက္ႀကီးႀကီးအမ်ိဳးသမီးေတြက ထက္ခန္႔ဆိုၿပီးေအာ္ေနၾကၿပီး အသက္ငယ္ငယ္ႏုႏုေလးေတြက ဦးခန္႔ဆိုပဲ။

မေတြးခ်င္လည္း ျပန္ေတြးေနမိ~~~~
ေမ့ရင္လည္း ျပန္သတိရၿပီး~~~~
အမွတ္မရွိေသးဘူး ငါ လြမ္းဆြတ္~~~

မျဖစ္ခ်င္ခဲ့တာေတြ ျဖစ္ကုန္ၿပီ~~~~
မွားေနလည္း ငါဆက္မွားၿပီ~~~
ဒုကၡမ်ားကုန္ၿပီ.....ဟီး~~ဟား~~

ဒီလိုဆိုင္မ်ိဳးမွာ ေယာက်္ားေလးအဆိုရွင္ရွိတာက သိပ္မဆန္းပါဘူး။ ဆန္းတာက ဆိုင္ထဲရွိ အမ်ိဳးသမီးေတြအားလုံးကို စြဲေဆာင္ထားႏိုင္ေသာ သူ႔အသံ ျဖစ္သည္။

"ေနခ ေနခ အဲ့ဒီတစ္ေယာက္ေပါ့။"

ခက္ေဇာ္က လက္ကုတ္ၿပီး ေျပာတာေတာင္ သူ႔မွာ ျပန္စိတ္မဝင္စားအား

႐ုန္းထြက္ရင္းနဲ႔ ဆက္ဆက္ႏွစ္ခဲ့~~
ျဖတ္ေတာက္တိုင္းလည္း ျဖတ္ဖို႔ခက္တဲ့
သံေယာဇဥ္
သံေယာဇဥ္... သံေယာဇဥ္ ငါေလ အပ်က္ပ်က္နဲ႔ ေသြးထြက္ခဲ့တယ္~~~

သံေယာဇဥ္ သံေယာဇဥ္ လူကို အ႐ူးတစ္ပိုင္း ျဖစ္ေစတဲ့....
သံေယာဇဥ္ သံေယာဇဥ္ ေနျမင့္လို႔ အ႐ူးရင့္ခဲ့တယ္....
ဒီ သံေယာဇဥ္...ဒီသံေယာဇဥ္
ဒီသံေယာဇဥ္ ဒီသံေယာဇဥ္
အို....သံေယာဇဥ္~~~

သီခ်င္းတစ္ပုဒ္သာဆိုၿပီး မိတ္ကပ္အေဖြးသားနဲ႔ ဂါဝန္အတိုဝတ္ၿပီး ထိုင္ေနတဲ့ အမ်ိဳးသမီးႀကီးရွိရာ ဝိုင္းဆီ ေရာက္သြားေသာ ထိုေကာင္ေလး....

ဒါေတာင္ ဒီေကာင္ေလးကို အားေပးေနတဲ့ အသံေတြက မရပ္ေသးပါ။

"ေနခ ၾကည့္ အဲ့ဒီေကာင္က ဒီဆိုင္မွာ တကယ့္ခ်ဴဆီႀကီးေလ။ အသက္ငယ္ငယ္နဲ႔ မင္း ၾကည့္ေန ၾကည့္ေန သူအဲ့ဘြားေတာ္ႀကီးနဲ႔ ခနေနဆိုင္ထဲက ထြက္သြားလိမ့္မယ္။ "

ခက္ေဇာ္အေျပာေၾကာင့္ သူထိုေကာင္ေလးကို ျပန္ၾကည့္မိသည္။ ခက္ေဇာ္ေျပာတဲ့အတိုင္း ခနေနေတာ့ အဲ့မိန္းမႀကီးလက္ကို ဆြဲၿပီး ထြက္သြားသည္။ ဆိုင္ထဲရွိ က်န္ရစ္ခဲ့ေသာ တခ်ိဳ႕က ဝိုး ဝါးနဲ႔။

" တစ္ေန႔ တစ္ေယာက္ႏႈန္းနဲ႔ ဘြားေတာ္ႀကီးေတြဆီက ခ်ဴေနတာ။ ဒီဆိုင္မွာ အဲ့လိုေကာင္ ၂ေယာက္ရွိတယ္။ အသက္ေတြက ငယ္ငယ္ေလးေတြနဲ႔ကြာ။ ငါတို႔ထက္ေတာင္ ငယ္မလားပဲ။"

"နာမည္က..."

" ထက္ဦးခန္႔တဲ့ "

ထြက္သြားေသာ သူ႔ရဲ႕ ေက်ာျပင္တစ္ဆုံးလိုက္ၾကည့္မိသည္။ ထက္ဦးခန္႔တဲ့လား။

A/N ေသာၾကာေန႔ upမယ္ ဒါပဲ။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі