Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-17
(Unicode)

ရှော့ပင်းစင်တာထဲမှာ အရှေ့က သူဌေးသားနောက်လိုက်ပြီး အထုတ်ဆွဲနေသော စက္ကမင်းမြတ်တစ်ယောက် ကြာတော့ လက်အံသေလာသည်။

" ခင်ဗျား ဝယ်လို့မပြီးသေးဘူးလား။ ဒီမှာ အထုတ်တွေလည်း အများကြီး နည်းနည်းပါးပါးကူသယ်ပေးပါဦး။"

" ဒါတွေက မင်းအတွက်ဝယ်တာလေ။ မင်းသယ်ရမှာပေါ့။"

"ခင်ဗျားကို ကျွန်တော် ဝယ်ခိုင်းလား။"

"စက္က လူမြင်ကွင်းကြီးမှာ မရိုင်းစမ်းနဲ့။"

" ရပါတယ်။ ခင်ဗျားက ပိုက်ဆံပေါလို့ ဝယ်ပေးတာဆိုတော့လည်း လက်ခံပေးရမှာပေါ့။"

" မဝယ်ပေးပါဘူး။ ဒါတွေ မင်းရှင်းရမှာ "

" ဘာ ခင်ဗျား "

စက္ကမင်းမြတ် ဒီလူကို အတော်စိတ်ရှုပ်နေပြီ။ ဘုရားသခင်က ဒီလူကို သူ့ကို ဒုက္ခပေးဖို့များစေလွှတ်လိုက်လေသလား။ အောင့်သက်သက်နှင့် ပိုက်ဆံထုတ်ရှင်းလိုက်ရသည်။

" ဒီလို hotelတစ်ခုလုံးကို ဦးစီးပြီး လမ်းသရဲပုံစံဝတ်နေလို့ မင်းကို ဘယ်သူက လေးစားမလဲ။ ဝတ်ပုံစားပုံ သေသေသပ်သပ်ဝတ်စမ်းပါကွ။ ငါဝယ်ပေးလိုက်တာတွေ ဝတ်နော် သိမ်းမထားနဲ့။ နောက်နေ့ငါလာရင် မင်းကို အဲ့ အဝတ်အစားတွေနဲ့ မြင်ချင်တယ်။"

"ဒီမှာ ခင်ဗျား အရမ်းအားနေသလား။ ဘာလဲ ဆေးမှားကုပြီး ဆရာဝန်လိုင်စင်ပြန်သိမ်းခံရလို့ ကျွန်တော့်ကို ဆရာကြီးလာလုပ်နေတာလား။ "

"ဟားဟားး အေးပါ။ မင်းပြောချင်ရာသာပြော မင်းက လူငယ်လေးမို့ ငါခွင့်လွှတ်တယ်။"

ဟန်လင်းညိုက ပြုံးလျက်သာရှိနေသည်မို့ စက္ကပို ခံပြင်းရသည်။ မျက်မှန်အောက်က မျက်လုံးတွေကလည်း ပြုံးလျက်ရှိသည်။

" ဟယ် ကိုကိုပါလား။"

" နွယ် "

သူတို့အနားရောက်လာသော မြန်မာဆန်ဆန်မိန်းကလေးက ဟန်လင်းညိုရဲ့ လက်မောင်းကို ပြေးဖက်သည်။ ဒီလူ့မှာ ချစ်သူရှိတာလားလို့ စက္ကအံ့သြရပြန်သည်။ အင်းပေါ့လေ အသက်ကဖြင့် ဖင်စောင့်နေပြီ ချစ်သူတောင်မရှိဘူးဆို ရှက်စရာမလား။

" စက္က မိတ်ဆက်ပေးရဦးမယ်။ သူက မိုးသားနွယ်တဲ့။"

" အင်း သူက "

နာမည်သာ မိတ်ဆက်ပေးပြီး ပတ်သတ်မှုကို ထပ်ဖြည့်မပြောပြတော့ စက္က ထပ်မေးလိုက်သည်။

" ဟို သူက ငါနဲ့ "

" နွယ်က ကိုကို့ရဲ့ ဇနီးလောင်းပါ။ တွေ့ရတာ ဝမ်းသာပါတယ် အကိုစက္က "

" ဟုတ်ကဲ့ ဝမ်းသာပါတယ် မိုးသားနွယ်နဲ့ဆုံရတာတော့ ဒါပေမဲ့ မင်းဘေးက လူနဲ့ ဆုံခွင့်ရတာတော့ ကျွန်တော်ဝမ်းမသာဘူး။ ကျွန်တော့်ကို ခွင့်ပြုပါဦး။"

" အော် ဟုတ် ဟုတ်ကဲ့ "

မိုးသားနွယ်ကို ပြုံးပြပြီး ဟိုလူ့ကို မျက်စောင်းထိုး၍ ထိုနေရာမှ လှည့်ထွက်ခဲ့သည်။

" ကိုကို သူက တစ်မျိုးပဲနော်။ ကိုကို့ကို အမြင်မကြည်တာလား။ နွယ့်ကို အမြင်မကြည်တာလား မသိဘူး။"

" သူက အဲ့လိုပဲ အစ်ကို့ကို ဆိုးသွမ်းနေကြ နွယ်စိတ်ထဲမထားနဲ့။ နွယ်တစ်ယောက်တည်းလာတာလား။ "

" မဟုတ်ဘူး ဟိုမှာ သူငယ်ချင်းတွေနဲ့။"

" အော် အဲ့တာဆို အစ်ကို သူနဲ့ ပြန်လိုက်တော့မယ်နော်။"

"ဟုတ်ကဲ့ ကိုကို "

နွယ့်ကို ပြုံးပြနှုတ်ဆက်ပြီး စက္ကကို ပြန်လိုက်ရှာရပြန်သည်။

" ဟေ့ စက္က "

စက္ကက တော်တော်လှမ်းလှမ်းရောက်နေရာကနေ သူ့အသံကြားတော့ လှည့်ကြည့်သည်။ အနားကို လျှောက်သွားလိုက်တော့

" ခင်ဗျား မိုးသားနွယ်နဲ့ လိုက်မသွားဘူးလား။"

" ဟင့်အင်း ဘာလို့ လိုက်ရမှာလဲ။ ငါက မင်းနဲ့ လာတာလေ။"

" အော်... ပြန်ကြရအောင် "

" အင်း "

ကားပေါ်ရောက်တော့မှ သူအမောပြေသည်။ တစ်လျှောက်လုံး အထုတ်တွေဆွဲထားရ၍ ညောင်းနေသည်။ ကားမောင်းနေသော ထိုလူကတော့ ပြုံးပြုံးရွှင်ရွှင်။

" ခင်ဗျားမှာ ရည်းစားရှိလိမ့်မယ်လို့ မထင်ထားဘူး။"

" ရည်းစားမဟုတ်ပါဘူး။ "

" ဟင် ခင်ဗျားရဲ့ ဇနီးလောင်းဆို "

" ဇနီးလောင်းဆိုတာ ဟုတ်တယ်လေ။ အမေတို့ စီစဥ်ပေးထားတာ။ ရည်းစားဆိုတာမျိုးလည်း မဟုတ်ဘူး။ ငါဘယ်လို ပြောရမလဲကွာ။ မပြောတတ်ဘူး။"

" အော် ကျွန်တော်နားလည်ပြီ။ ခင်ဗျား သူ့ကို မချစ်ဘူးပေါ့။ "

စက္ကမေးလိုက်တော့ ဟန်လင်းညိုဘာမှ ပြန်မဖြေပဲ ညိမ်နေသည်။ သဘောကတော့ စက္ကပြောတာ မှန်နေသည့် သဘော။

" မချစ်ဘဲနဲ့များဗျာ။ လက်ထပ်နေသေးတယ်။ ကိုယ်ချစ်တဲ့ သူပဲ လက်ထပ်ပေါ့။ တစ်ဖက်မိန်းကလေးလည်း နစ်နာမှာပေါ့။"

" ငါက မငယ်တော့ဘူး စက္က ။ လက်ထပ်သင့်တယ်လို့ ထင်တဲ့လူကို လက်ထပ်တာ။ "

" ခင်ဗျားက မိန်းမတစ်ယောက်ကို ယူတာ တွက်ချက်ကြီးနဲ့ဗျ။ ခင်ဗျား တစ်ချိန်လက်ထပ်ချင်တဲ့ လူမပေါ်လာဘူးလို့ ခင်ဗျားအတတ်ပြောနိုင်လား။"

" စက္က ငါက အဲ့လို လူမျိုးမဟုတ်ဘူး။ အိမ်ထောင်တစ်ခုတည်ဆောက်ပြီးရင်တော့ အပျက်ခံမှာမဟုတ်ဘူး။ ငါ့အိမ်ထောင်ဖက်အပေါ် ငါသစ္စာရှိမှာ။ ငါက နှလုံးသားထက် ဦးနှောက်ကို ဦ်းစားပေးနိုင်တဲ့လူမျိုးမို့ ငါမလုပ်သင့်တာကို ငါမလုပ်ဘူး။"

" ခင်ဗျားက ဘုရားဖြစ်မဲ့ အုတ်နီခဲလား။ နည်းနည်းလေးတောင် မခိုးစားတော့ဘူးပေါ့။ "

" စက္က ခင်ဗျား ခင်ဗျားနဲ့ အစ်ကိုလို့ ယဥ်ယဥ်ကျေးကျေးခေါ်စမ်း။ "

" ဟုတ်ပါပြီ အစ်ကို "

" ဒီလိုမှပေါ့ကွ။"

ပြုံးနေတဲ့ သူ့ကို ကြည့်ပြီး စက္က ဟက်ခနဲ ရီချလိုက်သည်။ အစ်ကိုသိပ်ဖြစ်ချင်နေတဲ့ပုံပဲ။ တစ်ချိန်ခင်ဗျားချစ်တဲ့လူမပေါ်လာဘူးလို့ ခင်ဗျားမပြောနိုင်ပါဘူး။ အဲ့အချိန်ကျမှ စက္ကရေ ကယ်ပါဦးလို့ ဆရာလာတင်ကြည့်ချေချပစ်ဦးမှာ။

စက္ကကို hotelရှေ့ထိ လိုက်ပို့ပေးပြီး သူကတော့ သူ့နေရာသူ ပြန်သွားသည်။

" ဟယ်လို ထက်ခန့် "

"အေး "

" ဒီနေ့မလာနဲ့တော့လို့ ပြောမလို့။ အခြေအနေတွေကမဟန်ဘူး။ barရှေ့မှာတောင် ရုတ်ရုတ်ရုတ်နဲ့။ "

" ငါလည်း မလာတော့ဘူးလို့ မင်းကို ပြောမလို့ပဲ။ "

" အေး ကောင်းတယ်။ တစ်ပတ်လောက်ပျောက်နေကွာ။ "

" အင်း ဒါပဲ။ "

ပုံတစ်ပုံရဲ့ ဂယက်က အတော်ဆိုးသည်။ ဆိုင်ရှေ့ထိ လာပြီး သတင်းယူဖို့ ထိုင်စောင့်နေကြသည့် mediaတွေတောင် ရှိသေးသည်။ စက္က မျက်စောင်းတထိုးထိုးနဲ့သာ hotelထဲဝင်သွားခဲ့သည်။

*********
နေခ ဖုန်းသုံးနေရင်း မောင်က အသုပ်ပုကန်လာချပေးသည်။ နေခလှမ်းကြည့်လိုက်တော့ ပုစွန်ချဥ်တွေ။

" ဟယ် မောင် ဒါ ငါကြိုက်တယ်။"

အနားကို ဘီယာဘူးတွေရော အာလူးကြော်တွေပါ လာချပေးသည်။

" သောက်ရအောင် "

" အင်း ကောင်းတာပေါ့ မောင် "

ဘီယာဘူးတွေ မြင်တော့ နေခ အကြံတစ်ခုရသည်။

" မောင် ငါတို့ ဒီအတိုင်းသောက်ရင် ပြင်းစရာကြီး ဂိမ်းတစ်ခု ကစားရအောင် "

မောင်က ဘာမှ ပြန်မပြောဘဲ ညိမ်နေသည်မို့ လက်ခံသည်ဟု ယူဆလိုက်သည်။

" တစ်ယောက်နဲ့တစ်ယောက်မေးခွန်းတစ်ခုမေးမယ်။ မဖြေနိုင်ရင် တစ်ခွက်သောက်ရမယ်။"

" အင်း "

" ကောင်းပြီ။ မောင့်ကို ဦးစားပေးမယ် မောင်အရင်မေး "

" ငါ့ကို သိလား။ "

" ဟမ် ဟားဟားး မောင်ရယ် သိတာပေါ့။ ငါ့ချစ်သူလေ မောင်ကလည်း ဘယ်လို မေးခွန်းကြီးလဲ။"

" အဲ့လိုမဟုတ်ဘူး။ "

" တော်ပြီ မောင် တစ်ခုပဲ ငါ့အလှည့် အင်းးး မောင် ငါ့ကို ချစ်လား။ "

အမေးချင်ဆုံးမေးခွန်းမို့ အရင်မေးလိုက်သည်။ သို့ပေမယ့် မောင်က အရှေ့က ခွက်ကို ကောက်မော့ချလိုက်ပြီမို့ နေခစိတ်ညစ်သွားသည်။

" ရပါတယ် မောင်မဖြေချင်လည်း မောင့်အလှည့် မောင်မေးတော့ "

" ငါက မင်းကို ဘယ်အတိုင်းအတာအထိ ရိုက်ချနိုင်တဲ့လူလဲဆိုတာ သိလား။"

" သိပါတယ်။ မောင့်ရင်ခွင်ကိုပဲ ကမ္ဘာထင်ပြီး ရှင်သန်နေတဲ့လူမို့ မောင်ကသာ နေရာမပေးတော့ရင် ငါပြိုပျက်သွားမှာ။ "

အချစ်မခံရလည်း နေပါ။ ငါ့ကမ္ဘာလေးထဲမှာ ငါနေခွင့်ရရင် တော်ပါပြီလို့ မောင့်ကို မပြောတော့ပါဘူး။

" ကဲ ငါ့အလှည့် မောင် ဘာလို့ ငါမသိအောင် ခိုးခိုးနမ်းတာလဲ။"

" ဟော .... ဒီတစ်ခါလည်း မဖြေဘူး သောက်ပြန်ပြီ။ အင်းပါ မောင် ငါ့ကို ရှက်တတ်တာ ငါမေ့သွားတယ်။"

" မင်းအမေနဲ့ ငါ့ကိုဆို ဘယ်သူ့ကို ရွေးမလဲ။"

" မောင်ချည်းပဲ သောက်နေရတာ မတရားဘူး ငါလည်း ဒီတစ်ခါသောက်မယ်။ ဒါမဲ့ ငါဒီဘီယာမသောက်ချင်ဘူး။ ငါ့ကို ဒီဘီယာထက် ပိုမူးရစ်စေမဲ့အရာက မောင့်အပြင်တခြားအရာ မရှိဘူးမို့ ငါမ​ဖြေတဲ့အဖြေအတွက် မောင့်ကို နမ်းမယ်။"

မောင့်အရှေ့ကို တိုးကပ်လိုက်ပြီး မောင့်မျက်နှာကို လက်နှစ်ဖက်နှင့် ဖမ်းကိုင်၍ နှုတ်ခမ်းသားကို စုပ်ယူနမ်းရှိုက်လိုက်သည်။ မောင့်နှုတ်ခမ်းသားတွေနဲ့ ဘီယာအရသာပေါင်းလိုက်တော့ ခါးသက်သက်မဆန်ဘဲ နေခအတွက် ချိုမှိန်သည်။

" ဟုတ်ပြီ။ ငါ့အလှည့် ငါအခုနမ်းလိုက်တာ မောင့်ကို ရင်ခုန်စေသလားဟင်။ "

နောက်တစ်ခွက်မော့သောက်လိုက်ပြန်ပြီမို့ နေခစိတ်ဓာတ်ကျသွားသည်။

" ပရိတ်သတ်နဲ့ ငါနဲ့ဆိုရင်ရော။"

" သေချာပေါက် မောင်လေ။ ငါ့မှာ ဘာမှ မရှိရင်တောင် မောင်မရှိလို့ မရဘူး။ ငါ့နှုတ်ခမ်းသားတွေက ချိုလား။ "

" သောက်လိုက်ဦး တစ်ခွက် မဖြေဘူးမလား။ "

" ချိုတယ် "

" ဟောတော် မောင်က ဒီတစ်ခါ ပြန်ဖြေတယ်တော့။"

" ဘာလို့ ငါ့မိသားစုအကြောင်း နည်းနည်းမှ မမေးတာလဲ။ "

" စိတ်မဝင်စားလို့ မောင်ကလွဲပြီး ငါဘာမှ စိတ်မဝင်စားဘူး။ မောင့်ထက် ဘယ်အရာကမှ ငါ့နေရာမှာ ဘောင်မဝင်ခဲ့ဘူး။ မောင်က ငါမငြီးငွေ့နိုင်တဲ့ သင်ခန်းစာပဲ။ "

" အင်း "

အမေးအဖြေပြိုင်ပွဲလေးမှာ နေခက တစ်ခွက်မှ မသောက်လိုက်ရပေမယ့် မောင်ကတော့ မူးပြီး မှောက်သွားသည်။ ဒီလို အခွင့်အရေးကို စောင့်နေတာမို့ နေခပြုံးလိုက်သည်။ မရိုးသားနိုင်တဲ့လူက ရှုံးရတာပဲမောင် ။

(Zawgyi)

ေရွာ့ပင္းစင္တာထဲမွာ အေရွ႕က သူေဌးသားေနာက္လိုက္ၿပီး အထုတ္ဆြဲေနေသာ စကၠမင္းျမတ္တစ္ေယာက္ ၾကာေတာ့ လက္အံေသလာသည္။

" ခင္ဗ်ား ဝယ္လို႔မၿပီးေသးဘူးလား။ ဒီမွာ အထုတ္ေတြလည္း အမ်ားႀကီး နည္းနည္းပါးပါးကူသယ္ေပးပါဦး။"

" ဒါေတြက မင္းအတြက္ဝယ္တာေလ။ မင္းသယ္ရမွာေပါ့။"

"ခင္ဗ်ားကို ကြၽန္ေတာ္ ဝယ္ခိုင္းလား။"

"စကၠ လူျမင္ကြင္းႀကီးမွာ မ႐ိုင္းစမ္းနဲ႔။"

" ရပါတယ္။ ခင္ဗ်ားက ပိုက္ဆံေပါလို႔ ဝယ္ေပးတာဆိုေတာ့လည္း လက္ခံေပးရမွာေပါ့။"

" မဝယ္ေပးပါဘူး။ ဒါေတြ မင္းရွင္းရမွာ "

" ဘာ ခင္ဗ်ား "

စကၠမင္းျမတ္ ဒီလူကို အေတာ္စိတ္ရႈပ္ေနၿပီ။ ဘုရားသခင္က ဒီလူကို သူ႔ကို ဒုကၡေပးဖို႔မ်ားေစလႊတ္လိုက္ေလသလား။ ေအာင့္သက္သက္ႏွင့္ ပိုက္ဆံထုတ္ရွင္းလိုက္ရသည္။

" ဒီလို hotelတစ္ခုလုံးကို ဦးစီးၿပီး လမ္းသရဲပုံစံဝတ္ေနလို႔ မင္းကို ဘယ္သူက ေလးစားမလဲ။ ဝတ္ပုံစားပုံ ေသေသသပ္သပ္ဝတ္စမ္းပါကြ။ ငါဝယ္ေပးလိုက္တာေတြ ဝတ္ေနာ္ သိမ္းမထားနဲ႔။ ေနာက္ေန႔ငါလာရင္ မင္းကို အဲ့ အဝတ္အစားေတြနဲ႔ ျမင္ခ်င္တယ္။"

"ဒီမွာ ခင္ဗ်ား အရမ္းအားေနသလား။ ဘာလဲ ေဆးမွားကုၿပီး ဆရာဝန္လိုင္စင္ျပန္သိမ္းခံရလို႔ ကြၽန္ေတာ့္ကို ဆရာႀကီးလာလုပ္ေနတာလား။ "

"ဟားဟားး ေအးပါ။ မင္းေျပာခ်င္ရာသာေျပာ မင္းက လူငယ္ေလးမို႔ ငါခြင့္လႊတ္တယ္။"

ဟန္လင္းညိဳက ၿပဳံးလ်က္သာရွိေနသည္မို႔ စကၠပို ခံျပင္းရသည္။ မ်က္မွန္ေအာက္က မ်က္လုံးေတြကလည္း ၿပဳံးလ်က္ရွိသည္။

" ဟယ္ ကိုကိုပါလား။"

" ႏြယ္ "

သူတို႔အနားေရာက္လာေသာ ျမန္မာဆန္ဆန္မိန္းကေလးက ဟန္လင္းညိဳရဲ႕ လက္ေမာင္းကို ေျပးဖက္သည္။ ဒီလူ႔မွာ ခ်စ္သူရွိတာလားလို႔ စကၠအံ့ၾသရျပန္သည္။ အင္းေပါ့ေလ အသက္ကျဖင့္ ဖင္ေစာင့္ေနၿပီ ခ်စ္သူေတာင္မရွိဘူးဆို ရွက္စရာမလား။

" စကၠ မိတ္ဆက္ေပးရဦးမယ္။ သူက မိုးသားႏြယ္တဲ့။"

" အင္း သူက "

နာမည္သာ မိတ္ဆက္ေပးၿပီး ပတ္သတ္မႈကို ထပ္ျဖည့္မေျပာျပေတာ့ စကၠ ထပ္ေမးလိုက္သည္။

" ဟို သူက ငါနဲ႔ "

" ႏြယ္က ကိုကို႔ရဲ႕ ဇနီးေလာင္းပါ။ ေတြ႕ရတာ ဝမ္းသာပါတယ္ အကိုစကၠ "

" ဟုတ္ကဲ့ ဝမ္းသာပါတယ္ မိုးသားႏြယ္နဲ႔ဆုံရတာေတာ့ ဒါေပမဲ့ မင္းေဘးက လူနဲ႔ ဆုံခြင့္ရတာေတာ့ ကြၽန္ေတာ္ဝမ္းမသာဘူး။ ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး။"

" ေအာ္ ဟုတ္ ဟုတ္ကဲ့ "

မိုးသားႏြယ္ကို ၿပဳံးျပၿပီး ဟိုလူ႔ကို မ်က္ေစာင္းထိုး၍ ထိုေနရာမွ လွည့္ထြက္ခဲ့သည္။

" ကိုကို သူက တစ္မ်ိဳးပဲေနာ္။ ကိုကို႔ကို အျမင္မၾကည္တာလား။ ႏြယ့္ကို အျမင္မၾကည္တာလား မသိဘူး။"

" သူက အဲ့လိုပဲ အစ္ကို႔ကို ဆိုးသြမ္းေနၾက ႏြယ္စိတ္ထဲမထားနဲ႔။ ႏြယ္တစ္ေယာက္တည္းလာတာလား။ "

" မဟုတ္ဘူး ဟိုမွာ သူငယ္ခ်င္းေတြနဲ႔။"

" ေအာ္ အဲ့တာဆို အစ္ကို သူနဲ႔ ျပန္လိုက္ေတာ့မယ္ေနာ္။"

"ဟုတ္ကဲ့ ကိုကို "

ႏြယ့္ကို ၿပဳံးျပႏႈတ္ဆက္ၿပီး စကၠကို ျပန္လိုက္ရွာရျပန္သည္။

" ေဟ့ စကၠ "

စကၠက ေတာ္ေတာ္လွမ္းလွမ္းေရာက္ေနရာကေန သူ႔အသံၾကားေတာ့ လွည့္ၾကည့္သည္။ အနားကို ေလွ်ာက္သြားလိုက္ေတာ့

" ခင္ဗ်ား မိုးသားႏြယ္နဲ႔ လိုက္မသြားဘူးလား။"

" ဟင့္အင္း ဘာလို႔ လိုက္ရမွာလဲ။ ငါက မင္းနဲ႔ လာတာေလ။"

" ေအာ္... ျပန္ၾကရေအာင္ "

" အင္း "

ကားေပၚေရာက္ေတာ့မွ သူအေမာေျပသည္။ တစ္ေလွ်ာက္လုံး အထုတ္ေတြဆြဲထားရ၍ ေညာင္းေနသည္။ ကားေမာင္းေနေသာ ထိုလူကေတာ့ ၿပဳံးၿပဳံး႐ႊင္႐ႊင္။

" ခင္ဗ်ားမွာ ရည္းစားရွိလိမ့္မယ္လို႔ မထင္ထားဘူး။"

" ရည္းစားမဟုတ္ပါဘူး။ "

" ဟင္ ခင္ဗ်ားရဲ႕ ဇနီးေလာင္းဆို "

" ဇနီးေလာင္းဆိုတာ ဟုတ္တယ္ေလ။ အေမတို႔ စီစဥ္ေပးထားတာ။ ရည္းစားဆိုတာမ်ိဳးလည္း မဟုတ္ဘူး။ ငါဘယ္လို ေျပာရမလဲကြာ။ မေျပာတတ္ဘူး။"

" ေအာ္ ကြၽန္ေတာ္နားလည္ၿပီ။ ခင္ဗ်ား သူ႔ကို မခ်စ္ဘူးေပါ့။ "

စကၠေမးလိုက္ေတာ့ ဟန္လင္းညိဳဘာမွ ျပန္မေျဖပဲ ညိမ္ေနသည္။ သေဘာကေတာ့ စကၠေျပာတာ မွန္ေနသည့္ သေဘာ။

" မခ်စ္ဘဲနဲ႔မ်ားဗ်ာ။ လက္ထပ္ေနေသးတယ္။ ကိုယ္ခ်စ္တဲ့ သူပဲ လက္ထပ္ေပါ့။ တစ္ဖက္မိန္းကေလးလည္း နစ္နာမွာေပါ့။"

" ငါက မငယ္ေတာ့ဘူး စကၠ ။ လက္ထပ္သင့္တယ္လို႔ ထင္တဲ့လူကို လက္ထပ္တာ။ "

" ခင္ဗ်ားက မိန္းမတစ္ေယာက္ကို ယူတာ တြက္ခ်က္ႀကီးနဲ႔ဗ်။ ခင္ဗ်ား တစ္ခ်ိန္လက္ထပ္ခ်င္တဲ့ လူမေပၚလာဘူးလို႔ ခင္ဗ်ားအတတ္ေျပာႏိုင္လား။"

" စကၠ ငါက အဲ့လို လူမ်ိဳးမဟုတ္ဘူး။ အိမ္ေထာင္တစ္ခုတည္ေဆာက္ၿပီးရင္ေတာ့ အပ်က္ခံမွာမဟုတ္ဘူး။ ငါ့အိမ္ေထာင္ဖက္အေပၚ ငါသစၥာရွိမွာ။ ငါက ႏွလုံးသားထက္ ဦးေႏွာက္ကို ဦ္းစားေပးႏိုင္တဲ့လူမ်ိဳးမို႔ ငါမလုပ္သင့္တာကို ငါမလုပ္ဘူး။"

" ခင္ဗ်ားက ဘုရားျဖစ္မဲ့ အုတ္နီခဲလား။ နည္းနည္းေလးေတာင္ မခိုးစားေတာ့ဘူးေပါ့။ "

" စကၠ ခင္ဗ်ား ခင္ဗ်ားနဲ႔ အစ္ကိုလို႔ ယဥ္ယဥ္ေက်းေက်းေခၚစမ္း။ "

" ဟုတ္ပါၿပီ အစ္ကို "

" ဒီလိုမွေပါ့ကြ။"

ၿပဳံးေနတဲ့ သူ႔ကို ၾကည့္ၿပီး စကၠ ဟက္ခနဲ ရီခ်လိုက္သည္။ အစ္ကိုသိပ္ျဖစ္ခ်င္ေနတဲ့ပုံပဲ။ တစ္ခ်ိန္ခင္ဗ်ားခ်စ္တဲ့လူမေပၚလာဘူးလို႔ ခင္ဗ်ားမေျပာႏိုင္ပါဘူး။ အဲ့အခ်ိန္က်မွ စကၠေရ ကယ္ပါဦးလို႔ ဆရာလာတင္ၾကည့္ေခ်ခ်ပစ္ဦးမွာ။

စကၠကို hotelေရွ႕ထိ လိုက္ပို႔ေပးၿပီး သူကေတာ့ သူ႔ေနရာသူ ျပန္သြားသည္။

" ဟယ္လို ထက္ခန္႔ "

"ေအး "

" ဒီေန႔မလာနဲ႔ေတာ့လို႔ ေျပာမလို႔။ အေျခအေနေတြကမဟန္ဘူး။ barေရွ႕မွာေတာင္ ႐ုတ္႐ုတ္႐ုတ္နဲ႔။ "

" ငါလည္း မလာေတာ့ဘူးလို႔ မင္းကို ေျပာမလို႔ပဲ။ "

" ေအး ေကာင္းတယ္။ တစ္ပတ္ေလာက္ေပ်ာက္ေနကြာ။ "

" အင္း ဒါပဲ။ "

ပုံတစ္ပုံရဲ႕ ဂယက္က အေတာ္ဆိုးသည္။ ဆိုင္ေရွ႕ထိ လာၿပီး သတင္းယူဖို႔ ထိုင္ေစာင့္ေနၾကသည့္ mediaေတြေတာင္ ရွိေသးသည္။ စကၠ မ်က္ေစာင္းတထိုးထိုးနဲ႔သာ hotelထဲဝင္သြားခဲ့သည္။

*********
ေနခ ဖုန္းသုံးေနရင္း ေမာင္က အသုပ္ပုကန္လာခ်ေပးသည္။ ေနခလွမ္းၾကည့္လိုက္ေတာ့ ပုစြန္ခ်ဥ္ေတြ။

" ဟယ္ ေမာင္ ဒါ ငါႀကိဳက္တယ္။"

အနားကို ဘီယာဘူးေတြေရာ အာလူးေၾကာ္ေတြပါ လာခ်ေပးသည္။

" ေသာက္ရေအာင္ "

" အင္း ေကာင္းတာေပါ့ ေမာင္ "

ဘီယာဘူးေတြ ျမင္ေတာ့ ေနခ အႀကံတစ္ခုရသည္။

" ေမာင္ ငါတို႔ ဒီအတိုင္းေသာက္ရင္ ျပင္းစရာႀကီး ဂိမ္းတစ္ခု ကစားရေအာင္ "

ေမာင္က ဘာမွ ျပန္မေျပာဘဲ ညိမ္ေနသည္မို႔ လက္ခံသည္ဟု ယူဆလိုက္သည္။

" တစ္ေယာက္နဲ႔တစ္ေယာက္ေမးခြန္းတစ္ခုေမးမယ္။ မေျဖႏိုင္ရင္ တစ္ခြက္ေသာက္ရမယ္။"

" အင္း "

" ေကာင္းၿပီ။ ေမာင့္ကို ဦးစားေပးမယ္ ေမာင္အရင္ေမး "

" ငါ့ကို သိလား။ "

" ဟမ္ ဟားဟားး ေမာင္ရယ္ သိတာေပါ့။ ငါ့ခ်စ္သူေလ ေမာင္ကလည္း ဘယ္လို ေမးခြန္းႀကီးလဲ။"

" အဲ့လိုမဟုတ္ဘူး။ "

" ေတာ္ၿပီ ေမာင္ တစ္ခုပဲ ငါ့အလွည့္ အင္းးး ေမာင္ ငါ့ကို ခ်စ္လား။ "

အေမးခ်င္ဆုံးေမးခြန္းမို႔ အရင္ေမးလိုက္သည္။ သို႔ေပမယ့္ ေမာင္က အေရွ႕က ခြက္ကို ေကာက္ေမာ့ခ်လိုက္ၿပီမို႔ ေနခစိတ္ညစ္သြားသည္။

" ရပါတယ္ ေမာင္မေျဖခ်င္လည္း ေမာင့္အလွည့္ ေမာင္ေမးေတာ့ "

" ငါက မင္းကို ဘယ္အတိုင္းအတာအထိ ႐ိုက္ခ်ႏိုင္တဲ့လူလဲဆိုတာ သိလား။"

" သိပါတယ္။ ေမာင့္ရင္ခြင္ကိုပဲ ကမာၻထင္ၿပီး ရွင္သန္ေနတဲ့လူမို႔ ေမာင္ကသာ ေနရာမေပးေတာ့ရင္ ငါၿပိဳပ်က္သြားမွာ။ "

အခ်စ္မခံရလည္း ေနပါ။ ငါ့ကမာၻေလးထဲမွာ ငါေနခြင့္ရရင္ ေတာ္ပါၿပီလို႔ ေမာင့္ကို မေျပာေတာ့ပါဘူး။

" ကဲ ငါ့အလွည့္ ေမာင္ ဘာလို႔ ငါမသိေအာင္ ခိုးခိုးနမ္းတာလဲ။"

" ေဟာ .... ဒီတစ္ခါလည္း မေျဖဘူး ေသာက္ျပန္ၿပီ။ အင္းပါ ေမာင္ ငါ့ကို ရွက္တတ္တာ ငါေမ့သြားတယ္။"

" မင္းအေမနဲ႔ ငါ့ကိုဆို ဘယ္သူ႔ကို ေ႐ြးမလဲ။"

" ေမာင္ခ်ည္းပဲ ေသာက္ေနရတာ မတရားဘူး ငါလည္း ဒီတစ္ခါေသာက္မယ္။ ဒါမဲ့ ငါဒီဘီယာမေသာက္ခ်င္ဘူး။ ငါ့ကို ဒီဘီယာထက္ ပိုမူးရစ္ေစမဲ့အရာက ေမာင့္အျပင္တျခားအရာ မရွိဘူးမို႔ ငါမ​ေျဖတဲ့အေျဖအတြက္ ေမာင့္ကို နမ္းမယ္။"

ေမာင့္အေရွ႕ကို တိုးကပ္လိုက္ၿပီး ေမာင့္မ်က္ႏွာကို လက္ႏွစ္ဖက္ႏွင့္ ဖမ္းကိုင္၍ ႏႈတ္ခမ္းသားကို စုပ္ယူနမ္းရႈိက္လိုက္သည္။ ေမာင့္ႏႈတ္ခမ္းသားေတြနဲ႔ ဘီယာအရသာေပါင္းလိုက္ေတာ့ ခါးသက္သက္မဆန္ဘဲ ေနခအတြက္ ခ်ိဳမွိန္သည္။

" ဟုတ္ၿပီ။ ငါ့အလွည့္ ငါအခုနမ္းလိုက္တာ ေမာင့္ကို ရင္ခုန္ေစသလားဟင္။ "

ေနာက္တစ္ခြက္ေမာ့ေသာက္လိုက္ျပန္ၿပီမို႔ ေနခစိတ္ဓာတ္က်သြားသည္။

" ပရိတ္သတ္နဲ႔ ငါနဲ႔ဆိုရင္ေရာ။"

" ေသခ်ာေပါက္ ေမာင္ေလ။ ငါ့မွာ ဘာမွ မရွိရင္ေတာင္ ေမာင္မရွိလို႔ မရဘူး။ ငါ့ႏႈတ္ခမ္းသားေတြက ခ်ိဳလား။ "

" ေသာက္လိုက္ဦး တစ္ခြက္ မေျဖဘူးမလား။ "

" ခ်ိဳတယ္ "

" ေဟာေတာ္ ေမာင္က ဒီတစ္ခါ ျပန္ေျဖတယ္ေတာ့။"

" ဘာလို႔ ငါ့မိသားစုအေၾကာင္း နည္းနည္းမွ မေမးတာလဲ။ "

" စိတ္မဝင္စားလို႔ ေမာင္ကလြဲၿပီး ငါဘာမွ စိတ္မဝင္စားဘူး။ ေမာင့္ထက္ ဘယ္အရာကမွ ငါ့ေနရာမွာ ေဘာင္မဝင္ခဲ့ဘူး။ ေမာင္က ငါမၿငီးေငြ႕ႏိုင္တဲ့ သင္ခန္းစာပဲ။ "

" အင္း "

အေမးအေျဖၿပိဳင္ပြဲေလးမွာ ေနခက တစ္ခြက္မွ မေသာက္လိုက္ရေပမယ့္ ေမာင္ကေတာ့ မူးၿပီး ေမွာက္သြားသည္။ ဒီလို အခြင့္အေရးကို ေစာင့္ေနတာမို႔ ေနခၿပဳံးလိုက္သည္။ မ႐ိုးသားႏိုင္တဲ့လူက ရႈံးရတာပဲေမာင္ ။




© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі