Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-13
(Unicode)

အသက်က ၃၀ကျော်နေပြီဆိုပေမယ့် ဒီလိုမျိုးတော့ ဟန်လင်းညိုတို့က သည်းမခံနိုင်ပါ။

" ဒီမှာ ငါ့မိတ်ဆွေနဲ့ နေ့လည်စာလာစားရင်း မင်းကိုတွေ့တာ ငါ ဒီအတိုင်းထားပစ်ခဲ့ရင် မင်းအဲ့မှာ ခွေခေါက်ပြီး ဆက်အိပ်နေမှာလေ။ ငါ့ကို ကျေးဇူးတင်လိုက် "

" ဘာလို့ တင်ရမှာလဲ ကျွန်တော့်ဆိုင်ပဲ ကျွန်တော် အိပ်ချင်တဲ့ နေရာမှာ အိပ်ချင်သလို အိပ်မှာပေါ့။"

သူ့ကို ပိုပြီး ရန်တွေ့လာတာမို့ ဟန်လင်းညို အရှေ့က ငမူးကို ပြူးကြည့်လိုက်ပြီး သူ့ရှေ့ဝင်ထိုင်လိုက်သည်။

" မင်း မူးနေတုန်းလား။ မင်းအဲ့လို အိပ်နေရင် မင်းကို မင်းသူဌေးအလုပ်ဖြုတ်မှာပေါ့ကွ။"

" ဘာလို့ ဖြုတ်ရမှာလဲ။ကျွန်တော်က သူဠေးပဲ ဟာ။"

"ဟင်...... မင်းတကယ်ပြောနေတာလား။"

တကယ်ပဲ ဒီကလေကချေဒီဇိုင်းနဲ့ ဂျစ်ကန်ကောင်က အဲ့ဟိုတယ်နဲ့ဆိုင်ရဲ့ ပိုင်ရှင်တဲ့လား။ မဖြစ်နိုင်တာကြီး သူ့ကို ပေါ့ပျက်ပျက်လူငယ်လို့သာ မြင်နေတဲ့ ကိုယ့်အတွက် အနည်းငယ် ကတိကအောက်။ သူ့ဆိုင်မှာ သူမူးပြီးအိပ်နေတာကို ငါက စေတနာအပြည့်နဲ့ ခေါ်လာပေးခဲ့တာလား။

" ဟို အင်း ထားလိုက်ပါ။ ငါက မင်းအလုပ်ဖြုတ်ခံရမှာဆိုးလို့ စေတနာနဲ့ ခေါ်လာတာပဲလေ။ ငါ့အပြစ်မဟုတ်ဘူး မူးနေတဲ့ မင်းအပြစ် "

ခေါင်းက မူးနောက်နေရတဲ့ ကြားထဲ အရှေ့က အူကြောင်ကြောင်လုပ်ပြနေသော ထိုလူကို စက္ကစိုက်ကြည့်နေလိုက်သည်။ ဘယ်လိုပုံစံနဲ့များ ဆရာဝန်ဖြစ်လာတာလဲ။ တကယ့် အူကြောင်ကြွက်။

" ကျစ်"

" အော် မင်းမူးနေတုန်းမလား။ ငါ သံပုရာရည်လေးဖျော်ပေးမယ်။"

ဒီလိုကျတော့လည်း မဆိုးပါဘူး။ အလိုက်သိသား။

မီးဖိုခန်းထဲဝင်သွားပြီး ခဏအကြာ သံပုရာရည်ခွက်နှင့်အတူ ပြန်ထွက်လာသည်။

" ရော့ ဒါလေးသောက်လိုက် မင်းခေါင်းကြည်သွားလိမ့်မယ်။"

" အင်း"

သူ သံပုရာရည်မော့သောက်နေတုန်း အရှေ့က ခြေချိတ်ထိုင်လိုက်ပြီး သူ့ကို တရားရသလို ခေါင်းတညိမ့်ညိမ့်လုပ်ပြီး ကြည့်နေသည်။

" မင်းတို့ လူငယ်တွေ ဒီလိုမျိုးအလုပ်ချိန်ကို မလေးမစားနဲ့ သောက်လိုက်စားလိုက်..."

"ဟိုး ဟိုးနေဦး။ ခင်ဗျားတရားချမလို့လား။ ကျွန်တော် ခေါင်းမူးနေလို့ ခဏပြန်အိပ်ဦးမယ်။ ခင်ဗျားပြောချင် ကျွန်တော် နိုးမှ ပြော။ "

" မင်း ! "

ဒေါသထွက်ပြီး မျက်နှာရဲသွားသော အရှေ့က လူကို ဂရုမစိုက်ဘဲ ဆိုဖာပေါ်ပြန်လှဲချလိုက်၍ မျက်လုံးမှိတ်လိုက်သည်။ အနားက ထထွက်သွားတာကို သိလိုက်ပေမယ့် ဂရုမစိုက်ဘဲ နေလိုက်သည်။

**********

ထက်ခန့်နှင့် နေခဆိုင်အပြင်ထွက်လာတော့ စက္ကကို မတွေ့တော့၍ ထက်ခန့်စိတ်ပူသွားသည်။ barက ကောင်လေးက စက္ကမူးနေ၍ အိမ်ပြန်လိုက်ပို့လိုက်ပါကြောင်းပြောလာသည်မို့ ထက်ခန့်ရင်ပူသွားရပြန်သည်။ စက္ကက အဲ့လို အရက်သောက်ပြီး အိမ်ပြန်တတ်ခြင်းမျိုးမရှိ။
သူ့အဖေစိတ်ပူမည်ဆိုး၍ ဖခင်ရှေ့၌ သောက်စားမူးရစ်ပြသူတစ်ဦးမဟုတ်။ အခု မူးနေလို့ အိမ်ပြန်လိုက်ပို့လိုက်တာ သိရင် သူ့ကို ပြဿနာရှာတော့မည်။

" ဘာလို့ အိမ်ပြန်ပို့ရတာလဲ။ အခန်းထဲပို့ထားလည်း ရတာကို "

"မသိဘူးဗျ။ အစ်ကိုတစ်ယောက်က သူပြန်ပို့ပေးမယ်ဆိုပြီး ခေါ်သွားတာ။ "

"ဟာ အဲ့လို လက်လွှတ်စပယ် လွှတ်လိုက်ရလား။ လူကောင်းလား လူဆိုးလားမသိဘဲနဲ့။ ဘာလို့ ထည့်လိုက်ရတာလဲ။"

မောင်က ဟောက်နေသောကြောင့် အရှေ့က ကောင်လေးမျက်နှာကလည်း မကောင်းတော့၍ နေခ မောင့်လက်ကို ဆွဲပြီး ဝင်ပြောလိုက်သည်။

" မောင်ရယ် သိပ်စိတ်ပူမနေပါနဲ့။ သူလည်း မသိလို့ ထည့်လိုက်တာ နေမှာပါ နော်။ "

" ထားတော့ ထားတော့ မင်းအလုပ်မင်းသွားလုပ်လို့ရပြီ။ "

မောင်က သူ့လက်ကို ဆုပ်ကိုင်ပြီး ဆိုင်ပြင်ကို ဆွဲခေါ်လာသည်။ အနောက်ကနေ မောင့်ကျောပြင်ကို ကြည့်ရတာ ဘယ်လောက် စိတ်ချမ်းသာစရာကောင်းလဲ။ မောင့်ကျောပြင်ကျယ်ကျယ်က နေခအတွက်တော့ ဆွဲဆောင်မှုရှိလွန်းသည်။

ကားနားရောက်တော့ မောင်ဆက်မသွားတော့ဘဲ ရပ်လိုက်တာမို့ မောင့်ကိုသာ အာရုံစိုက်ပြီး လျှောက်နေတဲ့နေခတစ်ယောက် မောင့်ကျောပြင်ကို ဝင်တိုက်တော့သည်။

" အာ့ မောင် နာသွားလား။"

မောင်က သူ့ဘက်ပြန်လှည့်ကြည့်မလာဘဲ ရပ်နေတာမို့ သူမောင့်ကိုကျော်ပြီး အရှေ့ကို ကြည့်လိုက်သည်။

" ဘယ်သူလဲ မောင် "

ခေတ်ဆန်စွာဝတ်စားဆင်ယင်ထားတဲ့ အမျိုးသမီးကြီးက မောင့်ကို ပြုံး၍ ကြည့်နေသည်။ သူမဆိုးထားတဲ့ နှုတ်ခမ်းနီရင့်ရင့်ကြောင့် သူမရဲ့ပုံစံက ထက်မြတ်ဟန်ပေါ်နေသည်။

" ထက်ခန့် ဘာကြောင်ကြည့်နေတာလဲ။ မမ ပိုလှလာလို့လား။"

မောင့်အမူအရာမတုန်မလှုပ်ကြောင့် နေခ မောင့်ရှေ့ပိတ်ရပ်လိုက်ပြီး ထိုအမျိုးသမီးကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။

" ခင်ဗျားဘယ်သူလဲ။"

"ဟ ဟ ထက်ခန့် ဒီကောင်လေးက မင်း သူငယ်ချင်းအသစ်လား။ မင်းနဲ့ ငါ့ရဲ့ ပတ်သတ်မှုကို မသိဘူးဆိုတော့လေ။"

ဘာပတ်သတ်မှုလဲ။ သူတို့ကြားဘာတွေ ရှိနေလို့ ငါမသိရတာလဲ။ မောင့်ကို အားကိုးတကြီးကြည့်မိတော့လည်း မောင့်မျက်လုံးတွေက မူမမှန်။

" မမ ကျွန်တော်နောက်မှ ပြန်ဆက်သွယ်လိုက်ပါ့မယ်။"

" ထက်ခန့် မမကို မင်းဘယ်နှစ်ကြိမ် ဒီလို ရှောင်ထွက်ဖူးလို့လဲ။ ဘာလဲ မမ မင်းကို လာမတွေ့တာကြာလို့ စိတ်ဆိုးနေတာလား။"

" မမ ကျွန်တော် တောင်းပန်..."

" မောင် ဘာတွေလဲ။ ငါ့ကို ရှင်းပြပါဦး။ ဒီမိန်းမကရော မောင်နဲ့ ဘယ်လိုပတ်သတ်တာလဲ။"

မောင်က သူ့လက်ကို ဆွဲပြီး ရှောင်ထွက်ရန် ပြင်နေတော့ ထိုအမျိုးသမီးက မောင့်လက်တစ်ဖက်ကို ပြန်ဆွဲသည်။

" ခင်ဗျား ဘာလုပ်တာလဲ။ လွှတ် "

နေခကိုယ်တိုင် မောင့်လက်မောင်းကို ဆုပ်ကိုင်ထားသော ထိုမိန်းမလက်ကို ပုတ်ချလိုက်သည်။

" မင်းက ဘာလေးလဲ။ ထက်ခန့်ကို ဘာလို့ မောင်လို့ ခေါ်ရတာလဲ။ မင်းက အခြောက်လား။ ငါက ထက်ခန့်ရဲ့ အလုပ်ရှင်နော်။ မင်းတို့ကြားမှာ ဘာကိစ္စရှိရှိ ထက်ခန့်က အချိန်တန်ရင် ငါ့ဆီလာပေးရမှာပဲ။"

"အဲ့တာတွေ ကျွန်တော်စိတ်မဝင်စားဘူး။အခု ခင်ဗျားသိထားဖို့က ကျွန်တော်က မောင့်ရဲ့ လက်ရှိချစ်သူ ခင်ဗျားထိချင်တိုင်းထိ ကိုင်ချင်တိုင်းကိုင်လို့ ရတဲ့လူ မဟုတ်တော့ဘူး။"

" နေခ တော်ပြီ။ သွားရအောင် "

" ဟုတ်လား။ ဒါပေမဲ့ ငါနဲ့သူနဲ့က ထိချင်တိုင်းထိပြီးသွားပြီလေ။ မင်းက သူ့ချစ်သူဆိုတဲ့ အမည်နာမပဲရှိတာ။ ငါက သူ့အလုပ်ရှင် သူ့ကို ပိုင်တယ်။ "

" ခင်ဗျားစောက်ပါးစပ်ကို ပိတ်ထားလိုက်! အခုချိန်ကစပြီး ထက်ဦးခန့်ဆိုတဲ့လူက ကျွန်တော့်အပိုင် ခင်ဗျားဆီဘယ်တော့မှ ရောက်လာမယ် မထင်နဲ့။ လာ မောင် သွားမယ်။"

ဒီလို မိန်းမစားကပဲ ငါ့လူကို လာလုချင်နေသေးတာလား။ အောက်တန်းစားမ ကိုယ့်အဆင့်နဲ့ ကိုယ်မနေဘူး။

ဒီလိုကိုယ့်အပိုင်လို့ သတ်မှတ်ထားတဲ့ မောင်နဲ့ ပတ်သတ်လာရင် အစစအရာရာ အတ္တကြီးမှာပဲ။ နေခမင်းမြတ်က မောင့်ရဲ့ အကြည့်လေးတစ်ချက်တောင် တခြားလူကို မစွန့်ကြဲစေချင်ဘူး။ အဲ့လိုပဲ မောင် ငါက တခြားလူကို အရှုံးမပေးတတ်ဘူး။ အနိုင်လိုချင်တယ်။ ဒါပေမဲ့ မောင့်ကိုတော့ မဟုတ်ဘူး။ မောင့်ဆီမှာ ငါက အများကြီး ကျရှုံးချင်နေသေးတာ။

*******

မောင့်အိမ်ရောက်သည်အထိ နေခ မောင်နှင့်ထိုမိန်းမရဲ့ ပတ်သတ်မှုကို သင်္ကာမကင်းဖြစ်မိသည်။ မောင်က ငါနဲ့ ချစ်သူဖြစ်နေစဥ် အတောအတွင်း ဒီလို တခြားမိန်းမတွေနဲ့ ပတ်သတ်နေသေးတာလား။ မောင့်အလုပ်ကို တားချင်ပေမယ့် နေခ မဝံ့မရဲ။

" မောင် "

မောင်က သူ့ဘက်ကို စောင်းငဲ့ကြည့်သည်။

" မောင် အရင်လို အဲ့လိုမိန်းမတွေနဲ့.."

" ဟင့်အင်း "

" ဘာဟင့်အင်းလဲ။ "

" မပတ်သတ်ဘူး။"

"ရေးးး သေချာတယ်နော်။ မောင် ကတိ"

မောင့်လက်သန်းကို ဆွဲချိတ်ပြီး လက်မချင်းပူးကပ်၍ ကတိသစ္စာပြုလိုက်သည်။ အရင်က မောင်ပြုခဲ့သမျှကို ငါနားလည်ခွင့်လွှတ်နိုင်ပေမယ့် အခုတော့ အဆင်မပြေဘူး မောင် ။ မချစ်လို့နားမလည်ပေးနိုင်တာ မဟုတ်ပေမယ့် ချစ်မိလို့ တွန့်တိုနေရတာပါ။

*******

စက္က ကြည်ကြည်လင်လင်နိုးလာသည်။
မတ်တပ်ထရပ်၍ အကြောဆန့်ပြီး ဖုန်းက နာရီကြည့်လိုက်တော့ ၅နာရီခွဲပြီမို့ အိမ်ပြန်ချိန်တောင် နောက်ကျနေပြီ။
ဟိုလူကို သူ့အခန်းမှာ သွားရှာလိုက်တော့ စာကျက်နေတာတွေ့ရသည်။

" အစ်ကို ကျွန်တော်ပြန်တော့မယ်။"

စာအုပ်ကို လက်ကချလိုက်ပြီး သူ့ကို ပြုံးပြလာသည်။

" မင်းနိုးပြီပေါ့။ ငါ့ကားနဲ့ပဲ မင်းအိမ်ကို လိုက်ပို့ပေးမယ် လာ "

အချိန်ကလည်း နောက်ကျနေပြီမို့ စက္ကမငြင်းလိုက်ဘဲ သဘောတူလိုက်သည်။

အိမ်ရှေ့ကားရပ်တော့ သူကအိမ်ထဲကို လှမ်းကြည့်သည်။

" အိမ်ထဲဝင်ဦးမလား။"

"ဟင့်အင်း အိမ်မှတ်မိပြီပဲ နောက်မှ အေးဆေးလာခဲ့မှာပေါ့။"

" ဗျာ ခင်ဗျားလာဦးမယ်။"

" ဘာလဲ လာလို့မရဘူးလား။ လာမှာပဲ။ ​ကျေးဇူးကန်းကောင် ငါ့ကားပေါ်က အခုချက်ချင်းဆင်း။"

" ဆင်းမှာပါ။ ခင်ဗျားအနား တစ်စက္ကန့်လေးတောင် နေချင်တာမဟုတ်ဘူး။"

ကားပေါ်က ကော့ကော့ကျော့ကျော့ဆင်းလာခဲ့သည်။ တကယ်ပါ။ တခြားလူတွေနဲ့ လေပေးဖြောင့်ပေမယ့် ဒီလူနဲ့ကျမှ ဘာလို့ တစ်စက်မှ မတည့်လည်း မသိဘူး။

(Zawgyi)

အသက္က ၃၀ေက်ာ္ေနၿပီဆိုေပမယ့္ ဒီလိုမ်ိဳးေတာ့ ဟန္လင္းညိဳတို႔က သည္းမခံႏိုင္ပါ။

" ဒီမွာ ငါ့မိတ္ေဆြနဲ႔ ေန႔လည္စာလာစားရင္း မင္းကိုေတြ႕တာ ငါ ဒီအတိုင္းထားပစ္ခဲ့ရင္ မင္းအဲ့မွာ ေခြေခါက္ၿပီး ဆက္အိပ္ေနမွာေလ။ ငါ့ကို ေက်းဇူးတင္လိုက္ "

" ဘာလို႔ တင္ရမွာလဲ ကြၽန္ေတာ့္ဆိုင္ပဲ ကြၽန္ေတာ္ အိပ္ခ်င္တဲ့ ေနရာမွာ အိပ္ခ်င္သလို အိပ္မွာေပါ့။"

သူ႔ကို ပိုၿပီး ရန္ေတြ႕လာတာမို႔ ဟန္လင္းညိဳ အေရွ႕က ငမူးကို ျပဴးၾကည့္လိုက္ၿပီး သူ႔ေရွ႕ဝင္ထိုင္လိုက္သည္။

" မင္း မူးေနတုန္းလား။ မင္းအဲ့လို အိပ္ေနရင္ မင္းကို မင္းသူေဌးအလုပ္ျဖဳတ္မွာေပါ့ကြ။"

" ဘာလို႔ ျဖဳတ္ရမွာလဲ။ကြၽန္ေတာ္က သူေဠးပဲ ဟာ။"

"ဟင္...... မင္းတကယ္ေျပာေနတာလား။"

တကယ္ပဲ ဒီကေလကေခ်ဒီဇိုင္းနဲ႔ ဂ်စ္ကန္ေကာင္က အဲ့ဟိုတယ္နဲ႔ဆိုင္ရဲ႕ ပိုင္ရွင္တဲ့လား။ မျဖစ္ႏိုင္တာႀကီး သူ႔ကို ေပါ့ပ်က္ပ်က္လူငယ္လို႔သာ ျမင္ေနတဲ့ ကိုယ့္အတြက္ အနည္းငယ္ ကတိကေအာက္။ သူ႔ဆိုင္မွာ သူမူးၿပီးအိပ္ေနတာကို ငါက ေစတနာအျပည့္နဲ႔ ေခၚလာေပးခဲ့တာလား။

" ဟို အင္း ထားလိုက္ပါ။ ငါက မင္းအလုပ္ျဖဳတ္ခံရမွာဆိုးလို႔ ေစတနာနဲ႔ ေခၚလာတာပဲေလ။ ငါ့အျပစ္မဟုတ္ဘူး မူးေနတဲ့ မင္းအျပစ္ "

ေခါင္းက မူးေနာက္ေနရတဲ့ ၾကားထဲ အေရွ႕က အူေၾကာင္ေၾကာင္လုပ္ျပေနေသာ ထိုလူကို စကၠစိုက္ၾကည့္ေနလိုက္သည္။ ဘယ္လိုပုံစံနဲ႔မ်ား ဆရာဝန္ျဖစ္လာတာလဲ။ တကယ့္ အူေၾကာင္ႂကြက္။

" က်စ္"

" ေအာ္ မင္းမူးေနတုန္းမလား။ ငါ သံပုရာရည္ေလးေဖ်ာ္ေပးမယ္။"

ဒီလိုက်ေတာ့လည္း မဆိုးပါဘူး။ အလိုက္သိသား။

မီးဖိုခန္းထဲဝင္သြားၿပီး ခဏအၾကာ သံပုရာရည္ခြက္ႏွင့္အတူ ျပန္ထြက္လာသည္။

" ေရာ့ ဒါေလးေသာက္လိုက္ မင္းေခါင္းၾကည္သြားလိမ့္မယ္။"

" အင္း"

သူ သံပုရာရည္ေမာ့ေသာက္ေနတုန္း အေရွ႕က ေျခခ်ိတ္ထိုင္လိုက္ၿပီး သူ႔ကို တရားရသလို ေခါင္းတညိမ့္ညိမ့္လုပ္ၿပီး ၾကည့္ေနသည္။

" မင္းတို႔ လူငယ္ေတြ ဒီလိုမ်ိဳးအလုပ္ခ်ိန္ကို မေလးမစားနဲ႔ ေသာက္လိုက္စားလိုက္..."

"ဟိုး ဟိုးေနဦး။ ခင္ဗ်ားတရားခ်မလို႔လား။ ကြၽန္ေတာ္ ေခါင္းမူးေနလို႔ ခဏျပန္အိပ္ဦးမယ္။ ခင္ဗ်ားေျပာခ်င္ ကြၽန္ေတာ္ ႏိုးမွ ေျပာ။ "

" မင္း ! "

ေဒါသထြက္ၿပီး မ်က္ႏွာရဲသြားေသာ အေရွ႕က လူကို ဂ႐ုမစိုက္ဘဲ ဆိုဖာေပၚျပန္လွဲခ်လိုက္၍ မ်က္လုံးမွိတ္လိုက္သည္။ အနားက ထထြက္သြားတာကို သိလိုက္ေပမယ့္ ဂ႐ုမစိုက္ဘဲ ေနလိုက္သည္။

**********

ထက္ခန္႔ႏွင့္ ေနခဆိုင္အျပင္ထြက္လာေတာ့ စကၠကို မေတြ႕ေတာ့၍ ထက္ခန္႔စိတ္ပူသြားသည္။ barက ေကာင္ေလးက စကၠမူးေန၍ အိမ္ျပန္လိုက္ပို႔လိုက္ပါေၾကာင္းေျပာလာသည္မို႔ ထက္ခန္႔ရင္ပူသြားရျပန္သည္။ စကၠက အဲ့လို အရက္ေသာက္ၿပီး အိမ္ျပန္တတ္ျခင္းမ်ိဳးမရွိ။
သူ႔အေဖစိတ္ပူမည္ဆိုး၍ ဖခင္ေရွ႕၌ ေသာက္စားမူးရစ္ျပသူတစ္ဦးမဟုတ္။ အခု မူးေနလို႔ အိမ္ျပန္လိုက္ပို႔လိုက္တာ သိရင္ သူ႔ကို ျပႆနာရွာေတာ့မည္။

" ဘာလို႔ အိမ္ျပန္ပို႔ရတာလဲ။ အခန္းထဲပို႔ထားလည္း ရတာကို "

"မသိဘူးဗ်။ အစ္ကိုတစ္ေယာက္က သူျပန္ပို႔ေပးမယ္ဆိုၿပီး ေခၚသြားတာ။ "

"ဟာ အဲ့လို လက္လႊတ္စပယ္ လႊတ္လိုက္ရလား။ လူေကာင္းလား လူဆိုးလားမသိဘဲနဲ႔။ ဘာလို႔ ထည့္လိုက္ရတာလဲ။"

ေမာင္က ေဟာက္ေနေသာေၾကာင့္ အေရွ႕က ေကာင္ေလးမ်က္ႏွာကလည္း မေကာင္းေတာ့၍ ေနခ ေမာင့္လက္ကို ဆြဲၿပီး ဝင္ေျပာလိုက္သည္။

" ေမာင္ရယ္ သိပ္စိတ္ပူမေနပါနဲ႔။ သူလည္း မသိလို႔ ထည့္လိုက္တာ ေနမွာပါ ေနာ္။ "

" ထားေတာ့ ထားေတာ့ မင္းအလုပ္မင္းသြားလုပ္လို႔ရၿပီ။ "

ေမာင္က သူ႔လက္ကို ဆုပ္ကိုင္ၿပီး ဆိုင္ျပင္ကို ဆြဲေခၚလာသည္။ အေနာက္ကေန ေမာင့္ေက်ာျပင္ကို ၾကည့္ရတာ ဘယ္ေလာက္ စိတ္ခ်မ္းသာစရာေကာင္းလဲ။ ေမာင့္ေက်ာျပင္က်ယ္က်ယ္က ေနခအတြက္ေတာ့ ဆြဲေဆာင္မႈရွိလြန္းသည္။

ကားနားေရာက္ေတာ့ ေမာင္ဆက္မသြားေတာ့ဘဲ ရပ္လိုက္တာမို႔ ေမာင့္ကိုသာ အာ႐ုံစိုက္ၿပီး ေလွ်ာက္ေနတဲ့ေနခတစ္ေယာက္ ေမာင့္ေက်ာျပင္ကို ဝင္တိုက္ေတာ့သည္။

" အာ့ ေမာင္ နာသြားလား။"

ေမာင္က သူ႔ဘက္ျပန္လွည့္ၾကည့္မလာဘဲ ရပ္ေနတာမို႔ သူေမာင့္ကိုေက်ာ္ၿပီး အေရွ႕ကို ၾကည့္လိုက္သည္။

" ဘယ္သူလဲ ေမာင္ "

ေခတ္ဆန္စြာဝတ္စားဆင္ယင္ထားတဲ့ အမ်ိဳးသမီးႀကီးက ေမာင့္ကို ၿပဳံး၍ ၾကည့္ေနသည္။ သူမဆိုးထားတဲ့ ႏႈတ္ခမ္းနီရင့္ရင့္ေၾကာင့္ သူမရဲ႕ပုံစံက ထက္ျမတ္ဟန္ေပၚေနသည္။

" ထက္ခန္႔ ဘာေၾကာင္ၾကည့္ေနတာလဲ။ မမ ပိုလွလာလို႔လား။"

ေမာင့္အမူအရာမတုန္မလႈပ္ေၾကာင့္ ေနခ ေမာင့္ေရွ႕ပိတ္ရပ္လိုက္ၿပီး ထိုအမ်ိဳးသမီးကို စူးစူးစိုက္စိုက္ၾကည့္လိုက္သည္။

" ခင္ဗ်ားဘယ္သူလဲ။"

"ဟ ဟ ထက္ခန္႔ ဒီေကာင္ေလးက မင္း သူငယ္ခ်င္းအသစ္လား။ မင္းနဲ႔ ငါ့ရဲ႕ ပတ္သတ္မႈကို မသိဘူးဆိုေတာ့ေလ။"

ဘာပတ္သတ္မႈလဲ။ သူတို႔ၾကားဘာေတြ ရွိေနလို႔ ငါမသိရတာလဲ။ ေမာင့္ကို အားကိုးတႀကီးၾကည့္မိေတာ့လည္း ေမာင့္မ်က္လုံးေတြက မူမမွန္။

" မမ ကြၽန္ေတာ္ေနာက္မွ ျပန္ဆက္သြယ္လိုက္ပါ့မယ္။"

" ထက္ခန္႔ မမကို မင္းဘယ္ႏွစ္ႀကိမ္ ဒီလို ေရွာင္ထြက္ဖူးလို႔လဲ။ ဘာလဲ မမ မင္းကို လာမေတြ႕တာၾကာလို႔ စိတ္ဆိုးေနတာလား။"

" မမ ကြၽန္ေတာ္ ေတာင္းပန္..."

" ေမာင္ ဘာေတြလဲ။ ငါ့ကို ရွင္းျပပါဦး။ ဒီမိန္းမကေရာ ေမာင္နဲ႔ ဘယ္လိုပတ္သတ္တာလဲ။"

ေမာင္က သူ႔လက္ကို ဆြဲၿပီး ေရွာင္ထြက္ရန္ ျပင္ေနေတာ့ ထိုအမ်ိဳးသမီးက ေမာင့္လက္တစ္ဖက္ကို ျပန္ဆြဲသည္။

" ခင္ဗ်ား ဘာလုပ္တာလဲ။ လႊတ္ "

ေနခကိုယ္တိုင္ ေမာင့္လက္ေမာင္းကို ဆုပ္ကိုင္ထားေသာ ထိုမိန္းမလက္ကို ပုတ္ခ်လိုက္သည္။

" မင္းက ဘာေလးလဲ။ ထက္ခန္႔ကို ဘာလို႔ ေမာင္လို႔ ေခၚရတာလဲ။ မင္းက အေျခာက္လား။ ငါက ထက္ခန္႔ရဲ႕ အလုပ္ရွင္ေနာ္။ မင္းတို႔ၾကားမွာ ဘာကိစၥရွိရွိ ထက္ခန္႔က အခ်ိန္တန္ရင္ ငါ့ဆီလာေပးရမွာပဲ။"

"အဲ့တာေတြ ကြၽန္ေတာ္စိတ္မဝင္စားဘူး။အခု ခင္ဗ်ားသိထားဖို႔က ကြၽန္ေတာ္က ေမာင့္ရဲ႕ လက္ရွိခ်စ္သူ ခင္ဗ်ားထိခ်င္တိုင္းထိ ကိုင္ခ်င္တိုင္းကိုင္လို႔ ရတဲ့လူ မဟုတ္ေတာ့ဘူး။"

" ေနခ ေတာ္ၿပီ။ သြားရေအာင္ "

" ဟုတ္လား။ ဒါေပမဲ့ ငါနဲ႔သူနဲ႔က ထိခ်င္တိုင္းထိၿပီးသြားၿပီေလ။ မင္းက သူ႔ခ်စ္သူဆိုတဲ့ အမည္နာမပဲရွိတာ။ ငါက သူ႔အလုပ္ရွင္ သူ႔ကို ပိုင္တယ္။ "

" ခင္ဗ်ားေစာက္ပါးစပ္ကို ပိတ္ထားလိုက္! အခုခ်ိန္ကစၿပီး ထက္ဦးခန္႔ဆိုတဲ့လူက ကြၽန္ေတာ့္အပိုင္ ခင္ဗ်ားဆီဘယ္ေတာ့မွ ေရာက္လာမယ္ မထင္နဲ႔။ လာ ေမာင္ သြားမယ္။"

ဒီလို မိန္းမစားကပဲ ငါ့လူကို လာလုခ်င္ေနေသးတာလား။ ေအာက္တန္းစားမ ကိုယ့္အဆင့္နဲ႔ ကိုယ္မေနဘူး။

ဒီလိုကိုယ့္အပိုင္လို႔ သတ္မွတ္ထားတဲ့ ေမာင္နဲ႔ ပတ္သတ္လာရင္ အစစအရာရာ အတၱႀကီးမွာပဲ။ ေနခမင္းျမတ္က ေမာင့္ရဲ႕ အၾကည့္ေလးတစ္ခ်က္ေတာင္ တျခားလူကို မစြန္႔ႀကဲေစခ်င္ဘူး။ အဲ့လိုပဲ ေမာင္ ငါက တျခားလူကို အရႈံးမေပးတတ္ဘူး။ အႏိုင္လိုခ်င္တယ္။ ဒါေပမဲ့ ေမာင့္ကိုေတာ့ မဟုတ္ဘူး။ ေမာင့္ဆီမွာ ငါက အမ်ားႀကီး က်ရႈံးခ်င္ေနေသးတာ။

*******

ေမာင့္အိမ္ေရာက္သည္အထိ ေနခ ေမာင္ႏွင့္ထိုမိန္းမရဲ႕ ပတ္သတ္မႈကို သကၤာမကင္းျဖစ္မိသည္။ ေမာင္က ငါနဲ႔ ခ်စ္သူျဖစ္ေနစဥ္ အေတာအတြင္း ဒီလို တျခားမိန္းမေတြနဲ႔ ပတ္သတ္ေနေသးတာလား။ ေမာင့္အလုပ္ကို တားခ်င္ေပမယ့္ ေနခ မဝံ့မရဲ။

" ေမာင္ "

ေမာင္က သူ႔ဘက္ကို ေစာင္းငဲ့ၾကည့္သည္။

" ေမာင္ အရင္လို အဲ့လိုမိန္းမေတြနဲ႔.."

" ဟင့္အင္း "

" ဘာဟင့္အင္းလဲ။ "

" မပတ္သတ္ဘူး။"

"ေရးးး ေသခ်ာတယ္ေနာ္။ ေမာင္ ကတိ"

ေမာင့္လက္သန္းကို ဆြဲခ်ိတ္ၿပီး လက္မခ်င္းပူးကပ္၍ ကတိသစၥာျပဳလိုက္သည္။ အရင္က ေမာင္ျပဳခဲ့သမွ်ကို ငါနားလည္ခြင့္လႊတ္ႏိုင္ေပမယ့္ အခုေတာ့ အဆင္မေျပဘူး ေမာင္ ။ မခ်စ္လို႔နားမလည္ေပးႏိုင္တာ မဟုတ္ေပမယ့္ ခ်စ္မိလို႔ တြန္႔တိုေနရတာပါ။

*******

စကၠ ၾကည္ၾကည္လင္လင္ႏိုးလာသည္။
မတ္တပ္ထရပ္၍ အေၾကာဆန္႔ၿပီး ဖုန္းက နာရီၾကည့္လိုက္ေတာ့ ၅နာရီခြဲၿပီမို႔ အိမ္ျပန္ခ်ိန္ေတာင္ ေနာက္က်ေနၿပီ။
ဟိုလူကို သူ႔အခန္းမွာ သြားရွာလိုက္ေတာ့ စာက်က္ေနတာေတြ႕ရသည္။

" အစ္ကို ကြၽန္ေတာ္ျပန္ေတာ့မယ္။"

စာအုပ္ကို လက္ကခ်လိုက္ၿပီး သူ႔ကို ၿပဳံးျပလာသည္။

" မင္းႏိုးၿပီေပါ့။ ငါ့ကားနဲ႔ပဲ မင္းအိမ္ကို လိုက္ပို႔ေပးမယ္ လာ "

အခ်ိန္ကလည္း ေနာက္က်ေနၿပီမို႔ စကၠမျငင္းလိုက္ဘဲ သေဘာတူလိုက္သည္။

အိမ္ေရွ႕ကားရပ္ေတာ့ သူကအိမ္ထဲကို လွမ္းၾကည့္သည္။

" အိမ္ထဲဝင္ဦးမလား။"

"ဟင့္အင္း အိမ္မွတ္မိၿပီပဲ ေနာက္မွ ေအးေဆးလာခဲ့မွာေပါ့။"

" ဗ်ာ ခင္ဗ်ားလာဦးမယ္။"

" ဘာလဲ လာလို႔မရဘူးလား။ လာမွာပဲ။ ​ေက်းဇူးကန္းေကာင္ ငါ့ကားေပၚက အခုခ်က္ခ်င္းဆင္း။"

" ဆင္းမွာပါ။ ခင္ဗ်ားအနား တစ္စကၠန္႔ေလးေတာင္ ေနခ်င္တာမဟုတ္ဘူး။"

ကားေပၚက ေကာ့ေကာ့ေက်ာ့ေက်ာ့ဆင္းလာခဲ့သည္။ တကယ္ပါ။ တျခားလူေတြနဲ႔ ေလေပးေျဖာင့္ေပမယ့္ ဒီလူနဲ႔က်မွ ဘာလို႔ တစ္စက္မွ မတည့္လည္း မသိဘူး။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі