Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-11
(Unicode)

အင်းယားကန်ဘေးပတ်ဝန်းကျင်ရှိ လေရူးတွေက တသုန်သုန်တိုက်ခတ်သည်။ ရေပြင်ဘက်ကို မျက်နှာမူပြီး ခုံတန်းလေးပေါ်၌ နေခနှင့်အတူ ထက်ခန့်ကပါ ရှိနေသည်။ လင်းထိန်သော နေရောင်​သည် စူးခနဲ ဝင်လာသည်။

နေခ မျက်လုံးတွေကို မှေးကျဥ်းထားပြီး မောင့်ကို ဘေးချင်းကပ်ကြည့်လိုက်သည်။ မောင့် မျက်ခွံကြောများကလည်း ထို့နည်းတူ တင်းနေသည်။

" မောင် ငါ့ကို ဘာလို့ ဒီခေါ်လာတာလဲ။"

မောင်က သူ့ကို ပြန်ကြည့်လာသည်။ ဒီလို နေပူပူမှာ ဒုက္ခခံ၍ ခပ်တည်တည်လာထိုင်နေတာက ရယ်ဖို့တော့ ​ကောင်းသည်။ ဘေးက ခုံတွေမှာတောင် ဘာအတွဲမှမရှိဘဲ သူတို့ချည်း ဒီလိုလာထိုင်နေတာမလား။

နေခ ဟက်ခနဲ ထရီချလိုက်တော့ မောင့်အကြည့်စူးစူးကို ရသည်။

" sorry sorry မောင် ငါ လှောင်တာ မဟုတ်ဘူး။ မောင့်ပုံစံက ဘာနဲ့တူနေလဲသိလား။ "

မောင်က ဘာမှပြန်မပြောဘဲ နေခကိုပဲ စိုက်ကြည့်နေတာကြောင့် သူဆက်ပြောသည်။

" အခုမှ ရည်းစားထားဖူးတဲ့ ပထမနှစ်အရွယ် ကျောင်းသားလိုပဲလေ။ ချစ်သူနဲ့ dateလည်း လုပ်ချင်တယ်။ ဒါပေမဲ့ romanticဖြစ်စေမဲ့ နေရာကောင်းကောင်းကိုလည်း မသိဘူး။ အဲ့တော့ ရုပ်ရှင်ထဲက သူမြင်ဖူးနေကျ ကန်ဘောင်ကို ခေါ်လာတယ်။ အင်း အဲ့လိုပဲ။ မောင်လည်း ငါနဲ့ romantic ဆန်ချင်လို့ ဒီခေါ်လာတာမလား ဟမ် "

သူ့စကားအဆုံး မောင့်မျက်နှာက သူခိုးလူမိသလို ပုံစံပျက်သွားပြီး ရေကန်ဘက်ကို ပြန်မျက်နှာမူသွားသည်။

" ဟားဟား မောင်သိလား။ ကလေးရှက်ရင် ခေါင်းငုံ့ပြီး ပုန်းတတ်ကြတယ်။လူကြီးတွေ ရှက်ရင်ကျ စပ်ဖြီးဖြီးကြီးတဲ့ မောင်ရှက်တော့ ငါနဲ့ မျက်နှာချင်းမဆိုင်ရဲတော့ဘဲ မျက်နှာလွှဲတတ်သလား။ "

နေအပူရှိန်က ခေါင်းကို တရိပ်ရိပ်မူးစေသောကြောင့် သူမောင့်လက်မောင်းကို ချိတ်ပြီး မောင့်ပခုံးပေါ် ခေါင်းမှီတင်လိုက်သည်။

" ရှက်နေတာလား မောင် မောင်ရှက်နေသလား "

မောင့်လက်တစ်ဖက်က လေပေါ်ကို မြှောက်လာပြီး သူ့ခေါင်းကို ထိုးနေသော နေရောင်ကို ကာလိုက်သည်။

မောင်က လူစားထိုးခံရသလိုပဲ။ စစတွေ့ချင်းတုန်းကတောင် ဒီလိုမဟုတ်ပါဘူး။ မောင်က ရှက်တတ်လာသည်။ မောင်က အရင်က သူ့ကို ရန်တွေ့ခဲ့သလို မဟုတ်ဘူး။ မောင်က အတူနေပြီးနောက် အဲ့လို မဟုတ်တော့ဘူး။ စကားနည်းလာသည်။ မောင်က သူ့ကို ရယူဖို့ ထပ်ပြီး မတောင်းဆိုတော့ဘူး။ သူ့ကို နမ်းဖို့တောင် မကြိုးစားတော့တာမို့ သူစိတ်ခုနေမိသည်။

မောင့်ဆီက ဘာစကားမှ မကြားရ၍ သူမောင့်ပခုံပေါ်မှာတင် မျက်လုံးများကို မှေးစင်းလိုက်သည်။ သူငြိမ်သွားတာကြာတော့ မောင့်မျက်နှာက သူ့ခေါင်းဖက်ကို လှည့်လာသည်။ သူ့ဆံပင်တွေကို ငုံ့နမ်းလိုက်တာ သတိထားမိတာကြောင့် နေခမျက်လုံးတွေကို ဖွင့်ချလိုက်ပြီး မောင့်အနားမှ ဖယ်ခွာလိုက်သည်။ မောင်ကလည်း ပုံစံမပျက်ပြန်ထိုင်လိုက်ပြီး နေခကို မျက်နှာလွှဲသွားသည်။

" နမ်းလိုက်သလား မောင် "

" နေပူတယ် သွားကြစို့ "

မောင်က အဖြေမပေးဘဲ ပြောချင်ရာပြော၍ သူ့လက်ကို ဆွဲပြီး ခုံတန်းလေးမှ ထရန်ပြင်သည်။ သူကလည်း အသာတကြည် မောင်ဆွဲခေါ်ရာသာ ပါသွားသည်။

" မောင် အခုကရော ဘယ်ကိုထပ်ခေါ်သွားမှာလဲ။ ဒီထက် ပူတဲ့နေရာဆိုရင်တောင် ငါကလိုက်ဖို့ အသင့်ပဲနော်။"

မောင်ရည်ရွယ်သော နေရာက ဘယ်ဆီမှန်းမသိ။ ကားမောင်းနေသော မောင့်မျက်နှာတည်တည်ကိုသာ ဘေးတိုက်ငေးလျက် သိပ်မကြာခင် အတောအတွင်း ကျောက်တော်ကြီးဘုရားကို ပြန်ရောက်လာကြသည်။

" မင်း ရိုက်ကွင်းရှိတယ်မလား။ "

" အင်း ဟုတ်သား မောင်နဲ့ရှိနေတော့ ငါမေ့သွားတယ်။ ဆင်းတော့မယ် မောင် ကားကို ဂရုစိုက်မောင်းပြီး ပြန်နော်။ "

ခါးပတ်ကို ဖြုတ်ပြီး တံခါးကို ဖွင့်၍ ကားပေါ်က အဆင်း မောင်က သူ့အင်္ကျီအစွန်းကို ရုတ်တရက် လှမ်းဆွဲလိုက်သည်။

" ဘာလဲ မောင် "

" မင်း ...."

" အင်း ငါ ဘာဖြစ်လဲ။ "

သူပြန်မေးလိုက်တော့ မောင့်ဆီက အသံတိုးဖျော့ဖျော့ထွက်လာသည်။

" မနက်ဖြန် အားလား။ "

" ဟင့်အင်း မအားဘူး။ "

"အော်...."

သူ့အင်္ကျီစကို လွှတ်ပေးလိုက်သည်။ သူကားပေါ်က ဆင်းပြီး တံခါးပြန်ပိတ်မလို့လုပ်ပြီးမှ ခေါင်းငုံ့နေသော မောင့်ကို ပြန်ကြည့်လိုက်သည်။

" မောင်နဲ့ တွေ့ဖို့ရှိတယ်လေ။ ငါမနက်ဖြန် မောင့်ဆီလာခဲ့မယ်နော်။ "

တံခါးကို ပြန်ပိတ်ပြီး ဘုရားပေါ်တက်ခဲ့သည်။

သူ မောင်နဲ့တွေ့နေတာမို့ မားကို ခဏသူမေ့သွားတာပါ။ ရိုက်ကွင်းကို ရောပေါ့။ သူပျောက်သွား၍ မားတော့ အတော်ခေါင်းပူပြီး ရှာနေမှာပဲ။
ဖုန်းဖွင့်ကြည့်လိုက်မှ မားဆီက missed callတွေ အများကြီး ဝင်ထားတာပဲ။

" ဟယ်လို မား "

" နေခ နေခ မင်းအခုဘယ်မှာလဲ။ ဘယ်ကို ထွက်သွားလိုက်တာလဲ။ ဒီမှာ ပြဿနာတွေ တက်ကုန်ပြီ။ producerတွေရော ခေါင်းမီးတောက်နေပြီ။ ငါ့မှာတော့ တစ်ယောက်တည်းနင့်ပြဿနာတွေ ရှင်းနေရတယ်။ နင်ကတော့ ဘယ်ကို ထွက်သွားတာလဲ။ "

" Sorry မား သားဗိုက်ဆာလာလို့ ခဏထွက်သွားရုံပဲ။ သားအခု ပြန်လာပြီ ဟော မားကို သားလှမ်းမြင်နေရပြီ။"

ဖုန်းကို ချလိုက်ပြီး မားဆီကို လက်လှမ်းပြလိုက်သည်။
မားအနားရောက်တော့ မားရဲ့ မျက်နှာက မာထန်နေသည်။

" သွား ဒါရိုက်တာ စောင့်နေပြီ။"

"ဟုတ် "

မားဆီက အမြန်လစ်မှ မဟုတ်လျှင် မားရဲ့ သြဝါဒတွေကို ထပ်ကြားရနိုင်သည်မို့။

***********
ထက်ခန့် နေခကို လိုက်ပို့ပြီး စက္ကကို သွားတွေ့လိုက်သည်။ အမေထည့်ပေးလိုက်သော ငါးဖယ်ချဥ်တွေ ပုစွန်ချဥ်တွေကို စက္ကက အရမ်းကြိုက်သည်။

" ထက်ခန့် ငါက ဒီဟာလေးတွေမှ ပါပါ့မလားလို့။ ဒါနဲ့ မင်းအခု ပဲခူးက တန်းလာတာပေါ့။ "

" မဟုတ်ဘူး။ ငါ နေခကို သွားတွေ့သေးတယ်။ "

" ဘာ နေခမင်းမြတ်ကို သွားတွေ့ခဲ့တာပေါ့။ သူနေကောင်းရဲ့လား။"

" အင်း "

စက္ကရဲ့ မျက်နှာက အလိုလိုပြုံးသွားပြီးမှ သူ့အနားက ထွက်သွားသည်။

ဒီနေ့တော့ သူပင်ပန်းလာတာမို့ သီချင်းဆိုဖို့ မဖြစ်သေး၍ ဆိုင်မှာလည်းမနားချင် အိမ်ကိုသာ ပြန်ရန် ဆိုင်ပြင်ထွက်ခဲ့သည်။
ဆိုင်ဝ၌ ရစ်သီရစ်သီလုပ်နေသော လူတစ်ဦး ကြောင့် သူအနားသွားလိုက်ပြီး

" ဟို ဘာကိစ္စများရှိလို့လဲဗျ။ "

" အော် အစ်ကိုမေးစရာရှိလို့ ဒီမှာလေ စက္ကမင်းမြတ်ရှိလား။ "

"စက္ကမင်းမြတ်လား။ "

စက္ကက သာမန်လူကို သူ့နာမည်အရှည်ကောက်မပြောပြတတ်၍ ဒီလူကို ယုံလိုက်ရင် ကောင်းမည်ဟု သူတွေးလိုက်သည်။

" မရှိဘူးလား ညီ "

" ရှိတယ်အစ်ကို "

" ဟို သူနဲ့ တွေ့ချင်လို့ "

" အော် အဲ့တာဆို ကျွန်တော့်နောက်လိုက်ခဲ့ "

ထက်ခန့်ဆိုင်ထဲကို တစ်ခေါက်ပြန်ဝင်ရပြန်သည်။ ဟူးးး ဒီနေ့တော့ နားရတော့မှာပဲ။
စက္ကနားနေကျအခန်းဆီကို ခေါ်သွားလိုက်သည်။ အခန်းတံခါးကို ခေါက်လိုက်တော့ စက္ကက ချက်ချင်းဖွင့်ပေးပြီး ဘာလဲဟု မေးငေါ့ပြလာသည်။

" မင်း ဧည့်သည် ထင်တယ်။ "

"ဟမ် "

သူရှောင်ပေးလိုက်တော့ ဟိုအစ်ကိုက စက္ကကို လက်ပြနှုတ်ဆက်သည်။

" ဟို အစ်ကို ဟန်လင်းညိုလေ မှတ်မိလား စက္က "

အခြေအနေတွေက ဘာမှန်းမသိတာမို့ ထက်ခန့် အူတူတူနှင့်ပင် နှစ်ယောက်လုံးကို နှုတ်မဆက်ဘဲ လှည့်ထွက်ခဲ့သည်။

စက္က မိမိအရှေ့ရောက်လာသော ဟိုးတနေ့က လူကို တအံ့တသြကြည့်မိသည်။ ဒီလိုနေရာမျိုးကို သူဘာလာလုပ်တာလဲ။

" အော် မှတ်မိပါတယ်။ အစ်ကို ဒီကို ဘာကိစ္စနဲ့များ "

" အစ်ကို့ကို အထဲဝင်ခွင့်မပေးတော့ဘူးလား။ "

"အာ...ဟုတ်သား လာ လာ "

သူ့အခန်းထဲရောက်တော့ အခန်းပတ်လည်ကို ဝေ့ဝဲကြည့်ပြီး သူကုတင်ပေါ်ထိုင်သည်။ အရှေ့က သူ့ကိုလည်း ပြုံးပြီး ကြည့်သည်။

" ဟို အစ်ကို ဒီကိုလာရင်းကိစ္စ "

"အော်...မင်းကိုလာကြည့်တာလေ။"

" ဗျာ... ကျွန်တော့်ကို "

"အော် ဟိုနေ့က မင်းခြေထောက်သက်သာပြီလားလို့။ ငါဒီဘက်ရောက်ရင်း မင်းကို သတိရလို့ ဝင်လာခဲ့တာ။"

" အော် အဲ့လိုလား။ ဟုတ် ကျွန်တော် သက်သာပါပြီ။ ခြေထောက်က ပြန်ထောက်နိုင်ပြီပဲ။"

"အင်း အင်း ဒါဆိုလည်း ငါပြန်တော့မယ်။ "

"ဗျာ...နေပါဦး။ တစ်ခုခုစားသွားပါလား။"

" ရပါတယ် မလိုပါဘူး။ ငါဆေးခန်းထိုင်စရာလည်း ရှိလို့ မင်းနဲ့ နောက်မှပဲ အေးဆေး ထပ်ဆုံကြတာပေါ့။ "

"ဟုတ်ကဲ့"

လူမှုရေးအရ မရိုင်းချင်၍ ဆိုင်ရှေ့ထိလိုက်ပို့ပေးလိုက်သည်။ ဒီလို နေရာမျိုးအထိ လာပြီး ကိုယ့်ကို လာကြည့်ပေးတယ်ဆိုတော့ စိတ်ဓာတ်လေးက မဆိုးပါဘူး။

(Zawgyi)

အင္းယားကန္ေဘးပတ္ဝန္းက်င္ရွိ ေလ႐ူးေတြက တသုန္သုန္တိုက္ခတ္သည္။ ေရျပင္ဘက္ကို မ်က္ႏွာမူၿပီး ခုံတန္းေလးေပၚ၌ ေနခႏွင့္အတူ ထက္ခန္႔ကပါ ရွိေနသည္။ လင္းထိန္ေသာ ေနေရာင္​သည္ စူးခနဲ ဝင္လာသည္။

ေနခ မ်က္လုံးေတြကို ေမွးက်ဥ္းထားၿပီး ေမာင့္ကို ေဘးခ်င္းကပ္ၾကည့္လိုက္သည္။ ေမာင့္ မ်က္ခြံေၾကာမ်ားကလည္း ထို႔နည္းတူ တင္းေနသည္။

" ေမာင္ ငါ့ကို ဘာလို႔ ဒီေခၚလာတာလဲ။"

ေမာင္က သူ႔ကို ျပန္ၾကည့္လာသည္။ ဒီလို ေနပူပူမွာ ဒုကၡခံ၍ ခပ္တည္တည္လာထိုင္ေနတာက ရယ္ဖို႔ေတာ့ ​ေကာင္းသည္။ ေဘးက ခုံေတြမွာေတာင္ ဘာအတြဲမွမရွိဘဲ သူတို႔ခ်ည္း ဒီလိုလာထိုင္ေနတာမလား။

ေနခ ဟက္ခနဲ ထရီခ်လိုက္ေတာ့ ေမာင့္အၾကည့္စူးစူးကို ရသည္။

" sorry sorry ေမာင္ ငါ ေလွာင္တာ မဟုတ္ဘူး။ ေမာင့္ပုံစံက ဘာနဲ႔တူေနလဲသိလား။ "

ေမာင္က ဘာမွျပန္မေျပာဘဲ ေနခကိုပဲ စိုက္ၾကည့္ေနတာေၾကာင့္ သူဆက္ေျပာသည္။

" အခုမွ ရည္းစားထားဖူးတဲ့ ပထမႏွစ္အ႐ြယ္ ေက်ာင္းသားလိုပဲေလ။ ခ်စ္သူနဲ႔ dateလည္း လုပ္ခ်င္တယ္။ ဒါေပမဲ့ romanticျဖစ္ေစမဲ့ ေနရာေကာင္းေကာင္းကိုလည္း မသိဘူး။ အဲ့ေတာ့ ႐ုပ္ရွင္ထဲက သူျမင္ဖူးေနက် ကန္ေဘာင္ကို ေခၚလာတယ္။ အင္း အဲ့လိုပဲ။ ေမာင္လည္း ငါနဲ႔ romantic ဆန္ခ်င္လို႔ ဒီေခၚလာတာမလား ဟမ္ "

သူ႔စကားအဆုံး ေမာင့္မ်က္ႏွာက သူခိုးလူမိသလို ပုံစံပ်က္သြားၿပီး ေရကန္ဘက္ကို ျပန္မ်က္ႏွာမူသြားသည္။

" ဟားဟား ေမာင္သိလား။ ကေလးရွက္ရင္ ေခါင္းငုံ႔ၿပီး ပုန္းတတ္ၾကတယ္။လူႀကီးေတြ ရွက္ရင္က် စပ္ၿဖီးၿဖီးႀကီးတဲ့ ေမာင္ရွက္ေတာ့ ငါနဲ႔ မ်က္ႏွာခ်င္းမဆိုင္ရဲေတာ့ဘဲ မ်က္ႏွာလႊဲတတ္သလား။ "

ေနအပူရွိန္က ေခါင္းကို တရိပ္ရိပ္မူးေစေသာေၾကာင့္ သူေမာင့္လက္ေမာင္းကို ခ်ိတ္ၿပီး ေမာင့္ပခုံးေပၚ ေခါင္းမွီတင္လိုက္သည္။

" ရွက္ေနတာလား ေမာင္ ေမာင္ရွက္ေနသလား "

ေမာင့္လက္တစ္ဖက္က ေလေပၚကို ေျမႇာက္လာၿပီး သူ႔ေခါင္းကို ထိုးေနေသာ ေနေရာင္ကို ကာလိုက္သည္။

ေမာင္က လူစားထိုးခံရသလိုပဲ။ စစေတြ႕ခ်င္းတုန္းကေတာင္ ဒီလိုမဟုတ္ပါဘူး။ ေမာင္က ရွက္တတ္လာသည္။ ေမာင္က အရင္က သူ႔ကို ရန္ေတြ႕ခဲ့သလို မဟုတ္ဘူး။ ေမာင္က အတူေနၿပီးေနာက္ အဲ့လို မဟုတ္ေတာ့ဘူး။ စကားနည္းလာသည္။ ေမာင္က သူ႔ကို ရယူဖို႔ ထပ္ၿပီး မေတာင္းဆိုေတာ့ဘူး။ သူ႔ကို နမ္းဖို႔ေတာင္ မႀကိဳးစားေတာ့တာမို႔ သူစိတ္ခုေနမိသည္။

ေမာင့္ဆီက ဘာစကားမွ မၾကားရ၍ သူေမာင့္ပခုံေပၚမွာတင္ မ်က္လုံးမ်ားကို ေမွးစင္းလိုက္သည္။ သူၿငိမ္သြားတာၾကာေတာ့ ေမာင့္မ်က္ႏွာက သူ႔ေခါင္းဖက္ကို လွည့္လာသည္။ သူ႔ဆံပင္ေတြကို ငုံ႔နမ္းလိုက္တာ သတိထားမိတာေၾကာင့္ ေနခမ်က္လုံးေတြကို ဖြင့္ခ်လိုက္ၿပီး ေမာင့္အနားမွ ဖယ္ခြာလိုက္သည္။ ေမာင္ကလည္း ပုံစံမပ်က္ျပန္ထိုင္လိုက္ၿပီး ေနခကို မ်က္ႏွာလႊဲသြားသည္။

" နမ္းလိုက္သလား ေမာင္ "

" ေနပူတယ္ သြားၾကစို႔ "

ေမာင္က အေျဖမေပးဘဲ ေျပာခ်င္ရာေျပာ၍ သူ႔လက္ကို ဆြဲၿပီး ခုံတန္းေလးမွ ထရန္ျပင္သည္။ သူကလည္း အသာတၾကည္ ေမာင္ဆြဲေခၚရာသာ ပါသြားသည္။

" ေမာင္ အခုကေရာ ဘယ္ကိုထပ္ေခၚသြားမွာလဲ။ ဒီထက္ ပူတဲ့ေနရာဆိုရင္ေတာင္ ငါကလိုက္ဖို႔ အသင့္ပဲေနာ္။"

ေမာင္ရည္႐ြယ္ေသာ ေနရာက ဘယ္ဆီမွန္းမသိ။ ကားေမာင္းေနေသာ ေမာင့္မ်က္ႏွာတည္တည္ကိုသာ ေဘးတိုက္ေငးလ်က္ သိပ္မၾကာခင္ အေတာအတြင္း ေက်ာက္ေတာ္ႀကီးဘုရားကို ျပန္ေရာက္လာၾကသည္။

" မင္း ႐ိုက္ကြင္းရွိတယ္မလား။ "

" အင္း ဟုတ္သား ေမာင္နဲ႔ရွိေနေတာ့ ငါေမ့သြားတယ္။ ဆင္းေတာ့မယ္ ေမာင္ ကားကို ဂ႐ုစိုက္ေမာင္းၿပီး ျပန္ေနာ္။ "

ခါးပတ္ကို ျဖဳတ္ၿပီး တံခါးကို ဖြင့္၍ ကားေပၚက အဆင္း ေမာင္က သူ႔အက်ႌအစြန္းကို ႐ုတ္တရက္ လွမ္းဆြဲလိုက္သည္။

" ဘာလဲ ေမာင္ "

" မင္း ...."

" အင္း ငါ ဘာျဖစ္လဲ။ "

သူျပန္ေမးလိုက္ေတာ့ ေမာင့္ဆီက အသံတိုးေဖ်ာ့ေဖ်ာ့ထြက္လာသည္။

" မနက္ျဖန္ အားလား။ "

" ဟင့္အင္း မအားဘူး။ "

"ေအာ္...."

သူ႔အက်ႌစကို လႊတ္ေပးလိုက္သည္။ သူကားေပၚက ဆင္းၿပီး တံခါးျပန္ပိတ္မလို႔လုပ္ၿပီးမွ ေခါင္းငုံ႔ေနေသာ ေမာင့္ကို ျပန္ၾကည့္လိုက္သည္။

" ေမာင္နဲ႔ ေတြ႕ဖို႔ရွိတယ္ေလ။ ငါမနက္ျဖန္ ေမာင့္ဆီလာခဲ့မယ္ေနာ္။ "

တံခါးကို ျပန္ပိတ္ၿပီး ဘုရားေပၚတက္ခဲ့သည္။

သူ ေမာင္နဲ႔ေတြ႕ေနတာမို႔ မားကို ခဏသူေမ့သြားတာပါ။ ႐ိုက္ကြင္းကို ေရာေပါ့။ သူေပ်ာက္သြား၍ မားေတာ့ အေတာ္ေခါင္းပူၿပီး ရွာေနမွာပဲ။
ဖုန္းဖြင့္ၾကည့္လိုက္မွ မားဆီက missed callေတြ အမ်ားႀကီး ဝင္ထားတာပဲ။

" ဟယ္လို မား "

" ေနခ ေနခ မင္းအခုဘယ္မွာလဲ။ ဘယ္ကို ထြက္သြားလိုက္တာလဲ။ ဒီမွာ ျပႆနာေတြ တက္ကုန္ၿပီ။ producerေတြေရာ ေခါင္းမီးေတာက္ေနၿပီ။ ငါ့မွာေတာ့ တစ္ေယာက္တည္းနင့္ျပႆနာေတြ ရွင္းေနရတယ္။ နင္ကေတာ့ ဘယ္ကို ထြက္သြားတာလဲ။ "

" Sorry မား သားဗိုက္ဆာလာလို႔ ခဏထြက္သြား႐ုံပဲ။ သားအခု ျပန္လာၿပီ ေဟာ မားကို သားလွမ္းျမင္ေနရၿပီ။"

ဖုန္းကို ခ်လိုက္ၿပီး မားဆီကို လက္လွမ္းျပလိုက္သည္။
မားအနားေရာက္ေတာ့ မားရဲ႕ မ်က္ႏွာက မာထန္ေနသည္။

" သြား ဒါ႐ိုက္တာ ေစာင့္ေနၿပီ။"

"ဟုတ္ "

မားဆီက အျမန္လစ္မွ မဟုတ္လွ်င္ မားရဲ႕ ၾသဝါဒေတြကို ထပ္ၾကားရႏိုင္သည္မို႔။

***********
ထက္ခန္႔ ေနခကို လိုက္ပို႔ၿပီး စကၠကို သြားေတြ႕လိုက္သည္။ အေမထည့္ေပးလိုက္ေသာ ငါးဖယ္ခ်ဥ္ေတြ ပုစြန္ခ်ဥ္ေတြကို စကၠက အရမ္းႀကိဳက္သည္။

" ထက္ခန္႔ ငါက ဒီဟာေလးေတြမွ ပါပါ့မလားလို႔။ ဒါနဲ႔ မင္းအခု ပဲခူးက တန္းလာတာေပါ့။ "

" မဟုတ္ဘူး။ ငါ ေနခကို သြားေတြ႕ေသးတယ္။ "

" ဘာ ေနခမင္းျမတ္ကို သြားေတြ႕ခဲ့တာေပါ့။ သူေနေကာင္းရဲ႕လား။"

" အင္း "

စကၠရဲ႕ မ်က္ႏွာက အလိုလိုၿပဳံးသြားၿပီးမွ သူ႔အနားက ထြက္သြားသည္။

ဒီေန႔ေတာ့ သူပင္ပန္းလာတာမို႔ သီခ်င္းဆိုဖို႔ မျဖစ္ေသး၍ ဆိုင္မွာလည္းမနားခ်င္ အိမ္ကိုသာ ျပန္ရန္ ဆိုင္ျပင္ထြက္ခဲ့သည္။
ဆိုင္ဝ၌ ရစ္သီရစ္သီလုပ္ေနေသာ လူတစ္ဦး ေၾကာင့္ သူအနားသြားလိုက္ၿပီး

" ဟို ဘာကိစၥမ်ားရွိလို႔လဲဗ်။ "

" ေအာ္ အစ္ကိုေမးစရာရွိလို႔ ဒီမွာေလ စကၠမင္းျမတ္ရွိလား။ "

"စကၠမင္းျမတ္လား။ "

စကၠက သာမန္လူကို သူ႔နာမည္အရွည္ေကာက္မေျပာျပတတ္၍ ဒီလူကို ယုံလိုက္ရင္ ေကာင္းမည္ဟု သူေတြးလိုက္သည္။

" မရွိဘူးလား ညီ "

" ရွိတယ္အစ္ကို "

" ဟို သူနဲ႔ ေတြ႕ခ်င္လို႔ "

" ေအာ္ အဲ့တာဆို ကြၽန္ေတာ့္ေနာက္လိုက္ခဲ့ "

ထက္ခန္႔ဆိုင္ထဲကို တစ္ေခါက္ျပန္ဝင္ရျပန္သည္။ ဟူးးး ဒီေန႔ေတာ့ နားရေတာ့မွာပဲ။
စကၠနားေနက်အခန္းဆီကို ေခၚသြားလိုက္သည္။ အခန္းတံခါးကို ေခါက္လိုက္ေတာ့ စကၠက ခ်က္ခ်င္းဖြင့္ေပးၿပီး ဘာလဲဟု ေမးေငါ့ျပလာသည္။

" မင္း ဧည့္သည္ ထင္တယ္။ "

"ဟမ္ "

သူေရွာင္ေပးလိုက္ေတာ့ ဟိုအစ္ကိုက စကၠကို လက္ျပႏႈတ္ဆက္သည္။

" ဟို အစ္ကို ဟန္လင္းညိဳေလ မွတ္မိလား စကၠ "

အေျခအေနေတြက ဘာမွန္းမသိတာမို႔ ထက္ခန္႔ အူတူတူႏွင့္ပင္ ႏွစ္ေယာက္လုံးကို ႏႈတ္မဆက္ဘဲ လွည့္ထြက္ခဲ့သည္။

စကၠ မိမိအေရွ႕ေရာက္လာေသာ ဟိုးတေန႔က လူကို တအံ့တၾသၾကည့္မိသည္။ ဒီလိုေနရာမ်ိဳးကို သူဘာလာလုပ္တာလဲ။

" ေအာ္ မွတ္မိပါတယ္။ အစ္ကို ဒီကို ဘာကိစၥနဲ႔မ်ား "

" အစ္ကို႔ကို အထဲဝင္ခြင့္မေပးေတာ့ဘူးလား။ "

"အာ...ဟုတ္သား လာ လာ "

သူ႔အခန္းထဲေရာက္ေတာ့ အခန္းပတ္လည္ကို ေဝ့ဝဲၾကည့္ၿပီး သူကုတင္ေပၚထိုင္သည္။ အေရွ႕က သူ႔ကိုလည္း ၿပဳံးၿပီး ၾကည့္သည္။

" ဟို အစ္ကို ဒီကိုလာရင္းကိစၥ "

"ေအာ္...မင္းကိုလာၾကည့္တာေလ။"

" ဗ်ာ... ကြၽန္ေတာ့္ကို "

"ေအာ္ ဟိုေန႔က မင္းေျခေထာက္သက္သာၿပီလားလို႔။ ငါဒီဘက္ေရာက္ရင္း မင္းကို သတိရလို႔ ဝင္လာခဲ့တာ။"

" ေအာ္ အဲ့လိုလား။ ဟုတ္ ကြၽန္ေတာ္ သက္သာပါၿပီ။ ေျခေထာက္က ျပန္ေထာက္ႏိုင္ၿပီပဲ။"

"အင္း အင္း ဒါဆိုလည္း ငါျပန္ေတာ့မယ္။ "

"ဗ်ာ...ေနပါဦး။ တစ္ခုခုစားသြားပါလား။"

" ရပါတယ္ မလိုပါဘူး။ ငါေဆးခန္းထိုင္စရာလည္း ရွိလို႔ မင္းနဲ႔ ေနာက္မွပဲ ေအးေဆး ထပ္ဆုံၾကတာေပါ့။ "

"ဟုတ္ကဲ့"

လူမႈေရးအရ မ႐ိုင္းခ်င္၍ ဆိုင္ေရွ႕ထိလိုက္ပို႔ေပးလိုက္သည္။ ဒီလို ေနရာမ်ိဳးအထိ လာၿပီး ကိုယ့္ကို လာၾကည့္ေပးတယ္ဆိုေတာ့ စိတ္ဓာတ္ေလးက မဆိုးပါဘူး။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі