Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-5
(Unicode)

လျှပ်စစ်မီးထိန်လင်းစွာ ထွန်းထားတဲ့အခန်းထဲ ကုတင်ပေါ်က နေခရယ် ဘေးမှာရပ်နေတဲ့ မားရယ် မားဘေးက ခုံမှာထိုင်နေတဲ့ မိသားစုဒေါက်တာရယ် ရှိကြသည်။

"အဖျားက ၁၁၀တောင်ပါလား ကျွန်တော် ဆေးတစ်လုံးထိုးပေးခဲ့မယ် လူနာကို ရက်အနည်းငယ်ပေးနားလိုက်ပါ။ လိုအပ်တဲ့ ဆေးတွေလည်း ပေးခဲ့တာမို့ အာဟာရရှိတာတစ်ခုခုကျွေးပြီးမှ တိုက်ပေးပါ။"

ဒေါက်တာကတော့ နေခကိုပြုံးပြရင်း မားကို စကားဆိုသည်။

"ဟုတ်ကဲ့ပါ ဒေါက်တာညွှန်ကြားတဲ့အတိုင်း သားကို ဂရုစိုက်လိုက်ပါ့မယ် "

"ဟုတ်ကဲ့ ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး။"

" ဟုတ်ကဲ့ပါ ဒေါက်တာ "

ဆရာဝန်က ပြန်ထွက်သွားတော့ သားရဲ့ သူငယ်ချင်းခက်ဇော်က ပြန်ဝင်လာသည်။

" အန်တီ နေခရဲ့ အခြေအနေ "

" ရိုးရိုးဖျားတာပါပဲ။ အဖျားနည်နည်းကြီးသွားရုံပဲ သားသူငယ်ချင်းအနားမှာနေဦး။ အန်တီ ဒေါက်တာ့ကို ပြန်ပို့ပေးလိုက်ဦးမယ်။"

"ဟုတ်ကဲ့ပါ အန်တီ "

အန်တီမေခထွက်သွားတော့ သူ့အရှေ့က နေခရဲ့ တင်ပါးကို တစ်ချက်လောက်အားရပါးရကန်လိုက်သည်။

" အာ့ ဟျောင့် ဘာလုပ်တာလဲ။"

"မင်းပြောစမ်း မင်းဒီရက်ပိုင်း ငါ့ကို အဆက်အသွယ်ဖြတ်ပြီး ဟိုကောင့်ဆီရောက်ရောက်သွားနေတယ်မလား။ "

"ဟင် ဘယ်ကောင်လဲ။ "

"ဘာအခုမှ မသိချင်ယောင်ဆောင်နေရတာလဲ။ မင်းအဲ့ဆိုင်ကို လာနေတာ ငါတွေ့တယ်ကွ။ ငါမင်းနဲ့သူ အတူထွက်သွားကတည်းက ငါအဲ့ဆိုင်ထဲမှာ ရှိတယ်။ မင်းတို့ကို လှမ်းအကဲခတ်နေတာ ပြောစမ်း မင်းတို့က ဘာအခြေအနေတွေလဲ။"

"ဖြေးဖြေး​ပြောလည်း ဒီစကားပါပဲကွာ။  ဘယ်နှယ့် နေမကောင်းတဲ့ ငါ့ကို ကန်ရတာလဲ။"

"အော်ရှင်းပါဦး။ မနေ့ညနေက မင်းအဲ့ဆိုင်ကို ​လာတုန်းက တက်ကြွနေတာပါ။ ဘာလို့ ကောက်ခါငင်ခါကြီးဖျားသွားရတာလဲ ဟမ် ဖြေ ဖြေ ခွေးသားလေး "

"ဟင် မင်းကလည်း ဘယ်လိုစကားကြီးလဲ။ "

" ဘာတွေ မလုံမလဲဖြစ်နေရတာလဲ။"

"ဘာမှမဟုတ်ဘူး လုံတယ် မနေ့ကကွာ သူက ဖျားနေတာလေ။ ငါ ငါ သူ့ဆီက ကူးတာပေါ့။ "

" အဲ့လို ကူးရတဲ့ အထိ မင်းတို့က ဘယ်လောက်တောင် ပူးကပ်နေခဲ့လို့လဲ ဟမ် "

"ဟာ့ ခက်ဇော် မင်းစကားတွေ လွန်လာပြီနော် သွား သွား ငါ့အနားမလာနဲ့။ နေမကောင်းတဲ့ကြားထဲ "

ပါးစပ်က ပွစိပွစိပြောနေရာမှ ခက်ဇော်ကို မျက်စောင်းထိုးပြီး စောင်ကို ခေါင်းထိဆွဲချုံလိုက်သည်။

ခက်ဇော်လည်း အခန်းထဲမှထွက်လာလိုက်ပြီး နေခအမေဆီသွားတွေ့သည်။

" ထိုင်ဦး ခက်ဇော် "

"ဟုတ်ကဲ့ အန်တီ"

အန်တီမေခမျက်နှာက မအီမသာပေမို့ သူလည်း လက်ဖဝါး၂ဖက်ကို ပွတ်သပ်၍ ငြိမ်နေမိသည်။

" သားသူငယ်ချင်း နေခက ခြေလမ်းတွေပျက်နေတယ် သားရယ် မနေ့ကလည်း ည၈နာရီလောက်မှ အိမ်ပြန်လာတယ်။ ရောက်ရောက်ချင်းလည်း သူ့အခန်းထဲပဲဝင်သွားလိုက်တာ ညစာတောင်မစားဘူး။ မနက်ကျတော့ မင်းမြင်တဲ့ အတိုင်းဖျားနေတာပဲလေ။"

"သူဘယ်သွားတာလဲ အန်တီမမေးဘူးလား။"

"မေးတာပေါ့သားရယ်။ အဖြေက အတိအကျမရှိဘူး။ ဟိုဟို ဒီဒီနဲ့ ဒီကလေးတစ်ယောက်နဲ့ ဘယ်လိုတွေ ဖြစ်နေမှန်းကို အန်တီလည်း မသိပါဘူး။ "

" ဟုတ် ဒီရက်ပိုင်းသူ့ကို အေးဆေးပေးနားလိုက်ပါ။ "

" စိတ်ချသား သားသူငယ်ချင်းကို အန်တီဘယ်မှ မထွက်စေရဘူး။"

အောက်ထပ်က မားနဲ့ ခက်ဇော် ပြောနေတဲ့အသံတွေကို သူစောင်အောက်ကနေ ကြားတာပေါ့။ မနေ့က သူ ထက်ဦးခန့်ရဲ့ တိုက်ခန်းမှာ အချိန်အတော်ကြာနေခဲ့လိုက်လို့ သူအိမ်ပြန်နောက်ကျခဲ့သည်။ အမှန်ဆို ထက်ဦးခန့်ရဲ့အနားမှာ နေသည့်အချိန်တိုင်းသူစိတ်ပေါ့ပါးရသည်။ ထက်ဦးခန့်ဆီက မပြန်ချင်ပြန်ချင်နှင့် ပြန်လာခဲ့ရသည်အထိ။

ထက်ဦးခန့်နှင့် အတူတူနေမိသောကြောင့် အဖျားက သူ့ဆီကို ကူးသွားရသည်။ အဖျားကြီးတာမို့ ရက်အတော်ကြာနားရမည်ဆိုတော့ သူ ထက်ဦးခန့်ကို လွမ်းနေတော့မှာပဲ။ အိပ်ရာပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်လုပ်မိတော့ သူ့ခါးအောက်ပိုင်းက ပြန်နာလာပြန်သည်။

"ကျစ် ဘာလို့ ခုထိနာနေသေးတာလဲ။"

ဆံပင်တွေကိုဆွဲဖွမိတော့ သူ့ခေါင်းက ငွေရောင်ဆံပင်တွေ ပိုရှုပ်ထွေးပြီး ပွသွားသည်။

ဟူးးး ဒီတစ်ခါလည်း ဖုန်းနံပါတ်တောင်းထားဖို့ ထပ်မေ့သွားပြန်ပြီ...။

***********

နေညိုရင် တို့ဝေးရမယ် သိထားလည်း
နောက်ဆုံးစကားတွေ ငါမပြောချင်~~~~

အလှဆုံးမင်းရဲ့ မျက်ဝန်းက မိုးတွေဆွေဦးမလား....

တူညီစွာ ရင်ထဲရှိတဲ့ စိတ်ကူးများ....
နင်မြိုသိပ်လိုက်ပါ အချစ်ဆုံးရာ~~~

အလှဆုံးမင်းရဲ့ နှုတ်ခမ်းက... လွင့်ပျံလာမဲ့စကား.....

နာရီသံပုံမှန်လည်တာ ကြောက်ရွံလို့နေပြီ~~~~

ဒီလိုသာ နာကျင်စွာ အဆုံးသတ်ရမှာလား....မတွေးရဲတယ် ~~~

နေညိုရင် ငါတို့ခွဲရမယ် အချိန်တွေရပ်ဆိုင်းထားချင်လည်း~~~~

ပြင်ဆင်နိုင်ခွင့်မရှိလေသော ဘဝတွေရယ် ဆွေးရတယ်~~~~

ယုံကြည်ပါ ငါပြောခဲ့ပါရစေ~~~
တချိန်ချိန်မှာ ဆုံစည်းကြမယ်လို့ ~~~
နာကျင်စွာနှုတ်ဆက်ရသော ခဏတွေကို မုန်းမိတယ်~~~~~~~

ဖြောင်း ဖြောင်း​ ဖြောင်း!

မျက်ခွံများကို ဖြေးညင်းစွာဖွင့်လိုက်ပြီး အရှေ့က ပရိတ်သတ်ကို ကြည့်လိုက်တော့ အားလုံးရဲ့ လက်ခုပ်သံက ဆိုင်ထဲ ဆူညံစွာ....

"ထက်ခန့်! ထက်ခန့် !"

လူအများအော်နေတဲ့ ကြားမှ မြင်နေကြမျက်နှာကို ဝေ့ဝဲရှာမိတော့ မတွေ့  ဂီတာကို ဘေးကို ကပ်ထောင်လိုက်ပြီး ခပ်တည်တည်နဲ့ စင်ပေါ်က ဆင်းခဲ့သည်။

" ထက်ခန့် ဘယ်လဲ။"

"ဆိုင်အပြင် ခဏ "

ဆိုင်အပြင်ထွက်ရန်ပြင်နေသော သူ့ကို စက္ကက လှမ်းခေါ်ပြီး စကားပြောသည်။

"မင်းမမကို သွားရှာမို့လဲ။ ဒီနေ့ သူ ဆိုင်လာတာ မတွေ့ဘူးနော်။ "

"မမလား အင်း သူနောက်အပတ်ထိလာသေးမှာ မဟုတ်ဘူး။"

" အာ.... မင်းတို့ခြင်း ပြသနာဖြစ်ထားလို့လား။"

"မဟုတ်ပါဘူး။ သူ့အမျိုးသား သင်္ဘောက ပြန်ဆင်းလာလို့ "

"အော်...ဟားဟား အင်းပေါ့လေ။ သူလည်း ငွေထုတ်စက်ကို ကြောက်ရမှာပေါ့။ "

စက္ကရဲ့ အပြောကို သူသဘောတကျ နှုတ်ခမ်းမဲ့၍ ပြုံးလိုက်ပြီး ထောက်ခံလိုက်သည်။

ဆိုင်အပြင်ဘက်ကို ကြည့်လိုက်တော့ မိုးရိပ်မိုးသားတွေ ရှိနေသည်။

" အင်းးး သူ မအားလို့ နေမှာပါ..."

******

"အဟွတ် အဟွတ် "

ခြံထဲကို စဝင်လာတာနဲ့ အဖေ့ရဲ့ ချောင်းသံကို ကြားရသည်။ အဖေက ခြံရှေ့မြက်ခင်းပေါ်မှာ အမှီပါတဲ့ ပလက်စတစ်ကော်ခုံလေးပေါ် ထိုင်နေပြီး သူ့အပြန်ကို စောင့်နေကြပါ။

"အဖေ လေစိမ်းတွေတိုက်မယ်လေ သားပြန်လာတာကို အမြဲထွက်စောင့်မနေပါနဲ့။ အနွေးထည်က ပါးလိုက်တာ အဖေရယ်။ "

"အဖေမချမ်းပါဘူး။ သားပြန်လာတာ အဖေထွက်စောင့်နေကြပဲလေ။ "

" အဖေ ဆေးမှန်မှန်မသောက်ဘူးလား မိငြိမ်းက အဖေ့ကို ဆေးမှန်မှန်မတိုက်ဘူးလား "

"တိုက်ပါတယ် သားရဲ့။ ဒါနဲ့ ဒီနေ့ရော သားညီလေးကို ထပ်တွေ့သေးလား။"

"ဟင့်အင်း။ ဒီနေ့တော့ သူဆိုင်လာတာမတွေ့ဘူး အဖေရဲ့။ သူက အနုပညာရှင်လေ မအားမလပ်တဲ့ အချိန်အခါလည်း ရှိမှာပေါ့။ "

"အင်းပါသားရယ်။ နောက်တစ်ခေါက်လာရင်လည်း ဟိုနေ့ကလို သားဖုန်းနဲ့ သူ့မျက်နှာလေးကို အနီးကပ်ရိုက်ထားလိုက်ပါဦး။"

"ဟုတ်ကဲ့ပါ အဖေ။ ကဲ အိမ်ထဲဝင်ရအောင် "

အဖေ့ကို ကူတွဲပြီး တိုက်ပုလေးဆီသို့ တဖြေးဖြေးလှမ်းဝင်လာခဲ့သည်။ တစ်ချိန်တော့ ညီလေးရယ် အမေရယ် သားတို့သားအဖရယ် အတူပြန်နေနိုင်မှာပါ။

*******

" သား ဘယ်လဲ။ "
အခန်းထဲကနေ ခြေတစ်လှမ်းမျှသာ လှမ်းရသေးသည်။ မားရဲ့ အသံကို ကြားရပြီ။ မားက သူ့အခန်းရှေ့မှာ တစ်ချိန်လုံးစောင့်နေတာတော့ မဟုတ်ဘူးမလား။

"ဟီးးး"

"နေခ "

ပြုံးပြီး မားကို လှည့်ကြည့်လိုက်တော့ မားရဲ့ မျက်နှာ​ကျောတင်းတင်းကြောင့် သူ့မျက်နှာပါ တည်သွားရသည်။

" နေခမင်းမြတ် နေထိုင်မကောင်းနေတာတောင် မင်းက ဘယ်တွေသွားချင်နေတာလဲ။ အပြင်မှာ ဘာတွေ အဲ့လောက်အရေးကြီးတဲ့ အရာရှိနေလို့လဲ။"

"အာ....ဟားဟား မားကလည်း သားအောက်ထပ်ဆင်းပြီး တစ်ခုခုစားမလို့ပါ။ ဟီးးးး"

စကားရောဖောရောနဲ့ ရေခဲသေတ္တာဆီသို့ အပြေးသွားလိုက်ပြီး အထဲက ပန်းသီးတစ်လုံး နှိုက်လိုက်သည်။

ပန်းသီးလေးကိုင်၍ အခန်းထဲကို ရှုံ့မဲ့မဲ့ ပြန်ဝင်ခဲ့ရသည်။

"ထက်ဦးခန့်ရေ ငါတော့ တစ်နေ့လေးမတွေ့ရရင်တောင် အရူးလိုဖြစ်နေပြီ။ ဒီ နေမကောင်းတာကြီးကလည်း အမြန်ပျောက်ပါစေတော့။"

(Zawgyi)

လွ်ပ္စစ္မီးထိန္လင္းစြာ ထြန္းထားတဲ့အခန္းထဲ ကုတင္ေပၚက ေနခရယ္ ေဘးမွာရပ္ေနတဲ့ မားရယ္ မားေဘးက ခုံမွာထိုင္ေနတဲ့ မိသားစုေဒါက္တာရယ္ ရွိၾကသည္။

"အဖ်ားက ၁၁၀ေတာင္ပါလား ကြၽန္ေတာ္ ေဆးတစ္လုံးထိုးေပးခဲ့မယ္ လူနာကို ရက္အနည္းငယ္ေပးနားလိုက္ပါ။ လိုအပ္တဲ့ ေဆးေတြလည္း ေပးခဲ့တာမို႔ အာဟာရရွိတာတစ္ခုခုေကြၽးၿပီးမွ တိုက္ေပးပါ။"

ေဒါက္တာကေတာ့ ေနခကိုၿပဳံးျပရင္း မားကို စကားဆိုသည္။

"ဟုတ္ကဲ့ပါ ေဒါက္တာၫႊန္ၾကားတဲ့အတိုင္း သားကို ဂ႐ုစိုက္လိုက္ပါ့မယ္ "

"ဟုတ္ကဲ့ ဒါဆို ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး။"

" ဟုတ္ကဲ့ပါ ေဒါက္တာ "

ဆရာဝန္က ျပန္ထြက္သြားေတာ့ သားရဲ႕ သူငယ္ခ်င္းခက္ေဇာ္က ျပန္ဝင္လာသည္။

" အန္တီ ေနခရဲ႕ အေျခအေန "

" ႐ိုး႐ိုးဖ်ားတာပါပဲ။ အဖ်ားနည္နည္းႀကီးသြား႐ုံပဲ သားသူငယ္ခ်င္းအနားမွာေနဦး။ အန္တီ ေဒါက္တာ့ကို ျပန္ပို႔ေပးလိုက္ဦးမယ္။"

"ဟုတ္ကဲ့ပါ အန္တီ "

အန္တီေမခထြက္သြားေတာ့ သူ႔အေရွ႕က ေနခရဲ႕ တင္ပါးကို တစ္ခ်က္ေလာက္အားရပါးရကန္လိုက္သည္။

" အာ့ ေဟ်ာင့္ ဘာလုပ္တာလဲ။"

"မင္းေျပာစမ္း မင္းဒီရက္ပိုင္း ငါ့ကို အဆက္အသြယ္ျဖတ္ၿပီး ဟိုေကာင့္ဆီေရာက္ေရာက္သြားေနတယ္မလား။ "

"ဟင္ ဘယ္ေကာင္လဲ။ "

"ဘာအခုမွ မသိခ်င္ေယာင္ေဆာင္ေနရတာလဲ။ မင္းအဲ့ဆိုင္ကို လာေနတာ ငါေတြ႕တယ္ကြ။ ငါမင္းနဲ႔သူ အတူထြက္သြားကတည္းက ငါအဲ့ဆိုင္ထဲမွာ ရွိတယ္။ မင္းတို႔ကို လွမ္းအကဲခတ္ေနတာ ေျပာစမ္း မင္းတို႔က ဘာအေျခအေနေတြလဲ။"

"ေျဖးေျဖး​ေျပာလည္း ဒီစကားပါပဲကြာ။  ဘယ္ႏွယ့္ ေနမေကာင္းတဲ့ ငါ့ကို ကန္ရတာလဲ။"

"ေအာ္ရွင္းပါဦး။ မေန႔ညေနက မင္းအဲ့ဆိုင္ကို ​လာတုန္းက တက္ႂကြေနတာပါ။ ဘာလို႔ ေကာက္ခါငင္ခါႀကီးဖ်ားသြားရတာလဲ ဟမ္ ေျဖ ေျဖ ေခြးသားေလး "

"ဟင္ မင္းကလည္း ဘယ္လိုစကားႀကီးလဲ။ "

" ဘာေတြ မလုံမလဲျဖစ္ေနရတာလဲ။"

"ဘာမွမဟုတ္ဘူး လုံတယ္ မေန႔ကကြာ သူက ဖ်ားေနတာေလ။ ငါ ငါ သူ႔ဆီက ကူးတာေပါ့။ "

" အဲ့လို ကူးရတဲ့ အထိ မင္းတို႔က ဘယ္ေလာက္ေတာင္ ပူးကပ္ေနခဲ့လို႔လဲ ဟမ္ "

"ဟာ့ ခက္ေဇာ္ မင္းစကားေတြ လြန္လာၿပီေနာ္ သြား သြား ငါ့အနားမလာနဲ႔။ ေနမေကာင္းတဲ့ၾကားထဲ "

ပါးစပ္က ပြစိပြစိေျပာေနရာမွ ခက္ေဇာ္ကို မ်က္ေစာင္းထိုးၿပီး ေစာင္ကို ေခါင္းထိဆြဲခ်ဳံလိုက္သည္။

ခက္ေဇာ္လည္း အခန္းထဲမွထြက္လာလိုက္ၿပီး ေနခအေမဆီသြားေတြ႕သည္။

" ထိုင္ဦး ခက္ေဇာ္ "

"ဟုတ္ကဲ့ အန္တီ"

အန္တီေမခမ်က္ႏွာက မအီမသာေပမို႔ သူလည္း လက္ဖဝါး၂ဖက္ကို ပြတ္သပ္၍ ၿငိမ္ေနမိသည္။

" သားသူငယ္ခ်င္း ေနခက ေျခလမ္းေတြပ်က္ေနတယ္ သားရယ္ မေန႔ကလည္း ည၈နာရီေလာက္မွ အိမ္ျပန္လာတယ္။ ေရာက္ေရာက္ခ်င္းလည္း သူ႔အခန္းထဲပဲဝင္သြားလိုက္တာ ညစာေတာင္မစားဘူး။ မနက္က်ေတာ့ မင္းျမင္တဲ့ အတိုင္းဖ်ားေနတာပဲေလ။"

"သူဘယ္သြားတာလဲ အန္တီမေမးဘူးလား။"

"ေမးတာေပါ့သားရယ္။ အေျဖက အတိအက်မရွိဘူး။ ဟိုဟို ဒီဒီနဲ႔ ဒီကေလးတစ္ေယာက္နဲ႔ ဘယ္လိုေတြ ျဖစ္ေနမွန္းကို အန္တီလည္း မသိပါဘူး။ "

" ဟုတ္ ဒီရက္ပိုင္းသူ႔ကို ေအးေဆးေပးနားလိုက္ပါ။ "

" စိတ္ခ်သား သားသူငယ္ခ်င္းကို အန္တီဘယ္မွ မထြက္ေစရဘူး။"

ေအာက္ထပ္က မားနဲ႔ ခက္ေဇာ္ ေျပာေနတဲ့အသံေတြကို သူေစာင္ေအာက္ကေန ၾကားတာေပါ့။ မေန႔က သူ ထက္ဦးခန္႔ရဲ႕ တိုက္ခန္းမွာ အခ်ိန္အေတာ္ၾကာေနခဲ့လိုက္လို႔ သူအိမ္ျပန္ေနာက္က်ခဲ့သည္။ အမွန္ဆို ထက္ဦးခန္႔ရဲ႕အနားမွာ ေနသည့္အခ်ိန္တိုင္းသူစိတ္ေပါ့ပါးရသည္။ ထက္ဦးခန္႔ဆီက မျပန္ခ်င္ျပန္ခ်င္ႏွင့္ ျပန္လာခဲ့ရသည္အထိ။

ထက္ဦးခန္႔ႏွင့္ အတူတူေနမိေသာေၾကာင့္ အဖ်ားက သူ႔ဆီကို ကူးသြားရသည္။ အဖ်ားႀကီးတာမို႔ ရက္အေတာ္ၾကာနားရမည္ဆိုေတာ့ သူ ထက္ဦးခန္႔ကို လြမ္းေနေတာ့မွာပဲ။ အိပ္ရာေပၚမွာ ဟိုလွိမ့္ဒီလွိမ့္လုပ္မိေတာ့ သူ႔ခါးေအာက္ပိုင္းက ျပန္နာလာျပန္သည္။

"က်စ္ ဘာလို႔ ခုထိနာေနေသးတာလဲ။"

ဆံပင္ေတြကိုဆြဲဖြမိေတာ့ သူ႔ေခါင္းက ေငြေရာင္ဆံပင္ေတြ ပိုရႈပ္ေထြးၿပီး ပြသြားသည္။

ဟူးးး ဒီတစ္ခါလည္း ဖုန္းနံပါတ္ေတာင္းထားဖို႔ ထပ္ေမ့သြားျပန္ၿပီ...။

***********

ေနညိဳရင္ တို႔ေဝးရမယ္ သိထားလည္း
ေနာက္ဆုံးစကားေတြ ငါမေျပာခ်င္~~~~

အလွဆုံးမင္းရဲ႕ မ်က္ဝန္းက မိုးေတြေဆြဦးမလား....

တူညီစြာ ရင္ထဲရွိတဲ့ စိတ္ကူးမ်ား....
နင္ၿမိဳသိပ္လိုက္ပါ အခ်စ္ဆုံးရာ~~~

အလွဆုံးမင္းရဲ႕ ႏႈတ္ခမ္းက... လြင့္ပ်ံလာမဲ့စကား.....

နာရီသံပုံမွန္လည္တာ ေၾကာက္႐ြံလို႔ေနၿပီ~~~~

ဒီလိုသာ နာက်င္စြာ အဆုံးသတ္ရမွာလား....မေတြးရဲတယ္ ~~~

ေနညိဳရင္ ငါတို႔ခြဲရမယ္ အခ်ိန္ေတြရပ္ဆိုင္းထားခ်င္လည္း~~~~

ျပင္ဆင္ႏိုင္ခြင့္မရွိေလေသာ ဘဝေတြရယ္ ေဆြးရတယ္~~~~

ယုံၾကည္ပါ ငါေျပာခဲ့ပါရေစ~~~
တခ်ိန္ခ်ိန္မွာ ဆုံစည္းၾကမယ္လို႔ ~~~
နာက်င္စြာႏႈတ္ဆက္ရေသာ ခဏေတြကို မုန္းမိတယ္~~~~~~~

ေျဖာင္း ေျဖာင္း​ ေျဖာင္း!

မ်က္ခြံမ်ားကို ေျဖးညင္းစြာဖြင့္လိုက္ၿပီး အေရွ႕က ပရိတ္သတ္ကို ၾကည့္လိုက္ေတာ့ အားလုံးရဲ႕ လက္ခုပ္သံက ဆိုင္ထဲ ဆူညံစြာ....

"ထက္ခန္႔! ထက္ခန္႔ !"

လူအမ်ားေအာ္ေနတဲ့ ၾကားမွ ျမင္ေနၾကမ်က္ႏွာကို ေဝ့ဝဲရွာမိေတာ့ မေတြ႕  ဂီတာကို ေဘးကို ကပ္ေထာင္လိုက္ၿပီး ခပ္တည္တည္နဲ႔ စင္ေပၚက ဆင္းခဲ့သည္။

" ထက္ခန္႔ ဘယ္လဲ။"

"ဆိုင္အျပင္ ခဏ "

ဆိုင္အျပင္ထြက္ရန္ျပင္ေနေသာ သူ႔ကို စကၠက လွမ္းေခၚၿပီး စကားေျပာသည္။

"မင္းမမကို သြားရွာမို႔လဲ။ ဒီေန႔ သူ ဆိုင္လာတာ မေတြ႕ဘူးေနာ္။ "

"မမလား အင္း သူေနာက္အပတ္ထိလာေသးမွာ မဟုတ္ဘူး။"

" အာ.... မင္းတို႔ျခင္း ျပသနာျဖစ္ထားလို႔လား။"

"မဟုတ္ပါဘူး။ သူ႔အမ်ိဳးသား သေဘၤာက ျပန္ဆင္းလာလို႔ "

"ေအာ္...ဟားဟား အင္းေပါ့ေလ။ သူလည္း ေငြထုတ္စက္ကို ေၾကာက္ရမွာေပါ့။ "

စကၠရဲ႕ အေျပာကို သူသေဘာတက် ႏႈတ္ခမ္းမဲ့၍ ၿပဳံးလိုက္ၿပီး ေထာက္ခံလိုက္သည္။

ဆိုင္အျပင္ဘက္ကို ၾကည့္လိုက္ေတာ့ မိုးရိပ္မိုးသားေတြ ရွိေနသည္။

" အင္းးး သူ မအားလို႔ ေနမွာပါ..."

******

"အဟြတ္ အဟြတ္ "

ၿခံထဲကို စဝင္လာတာနဲ႔ အေဖ့ရဲ႕ ေခ်ာင္းသံကို ၾကားရသည္။ အေဖက ၿခံေရွ႕ျမက္ခင္းေပၚမွာ အမွီပါတဲ့ ပလက္စတစ္ေကာ္ခုံေလးေပၚ ထိုင္ေနၿပီး သူ႔အျပန္ကို ေစာင့္ေနၾကပါ။

"အေဖ ေလစိမ္းေတြတိုက္မယ္ေလ သားျပန္လာတာကို အၿမဲထြက္ေစာင့္မေနပါနဲ႔။ အေႏြးထည္က ပါးလိုက္တာ အေဖရယ္။ "

"အေဖမခ်မ္းပါဘူး။ သားျပန္လာတာ အေဖထြက္ေစာင့္ေနၾကပဲေလ။ "

" အေဖ ေဆးမွန္မွန္မေသာက္ဘူးလား မိၿငိမ္းက အေဖ့ကို ေဆးမွန္မွန္မတိုက္ဘူးလား "

"တိုက္ပါတယ္ သားရဲ႕။ ဒါနဲ႔ ဒီေန႔ေရာ သားညီေလးကို ထပ္ေတြ႕ေသးလား။"

"ဟင့္အင္း။ ဒီေန႔ေတာ့ သူဆိုင္လာတာမေတြ႕ဘူး အေဖရဲ႕။ သူက အႏုပညာရွင္ေလ မအားမလပ္တဲ့ အခ်ိန္အခါလည္း ရွိမွာေပါ့။ "

"အင္းပါသားရယ္။ ေနာက္တစ္ေခါက္လာရင္လည္း ဟိုေန႔ကလို သားဖုန္းနဲ႔ သူ႔မ်က္ႏွာေလးကို အနီးကပ္႐ိုက္ထားလိုက္ပါဦး။"

"ဟုတ္ကဲ့ပါ အေဖ။ ကဲ အိမ္ထဲဝင္ရေအာင္ "

အေဖ့ကို ကူတြဲၿပီး တိုက္ပုေလးဆီသို႔ တေျဖးေျဖးလွမ္းဝင္လာခဲ့သည္။ တစ္ခ်ိန္ေတာ့ ညီေလးရယ္ အေမရယ္ သားတို႔သားအဖရယ္ အတူျပန္ေနႏိုင္မွာပါ။

*******

" သား ဘယ္လဲ။ "
အခန္းထဲကေန ေျခတစ္လွမ္းမွ်သာ လွမ္းရေသးသည္။ မားရဲ႕ အသံကို ၾကားရၿပီ။ မားက သူ႔အခန္းေရွ႕မွာ တစ္ခ်ိန္လုံးေစာင့္ေနတာေတာ့ မဟုတ္ဘူးမလား။

"ဟီးးး"

"ေနခ "

ၿပဳံးၿပီး မားကို လွည့္ၾကည့္လိုက္ေတာ့ မားရဲ႕ မ်က္ႏွာ​ေက်ာတင္းတင္းေၾကာင့္ သူ႔မ်က္ႏွာပါ တည္သြားရသည္။

" ေနခမင္းျမတ္ ေနထိုင္မေကာင္းေနတာေတာင္ မင္းက ဘယ္ေတြသြားခ်င္ေနတာလဲ။ အျပင္မွာ ဘာေတြ အဲ့ေလာက္အေရးႀကီးတဲ့ အရာရွိေနလို႔လဲ။"

"အာ....ဟားဟား မားကလည္း သားေအာက္ထပ္ဆင္းၿပီး တစ္ခုခုစားမလို႔ပါ။ ဟီးးးး"

စကားေရာေဖာေရာနဲ႔ ေရခဲေသတၱာဆီသို႔ အေျပးသြားလိုက္ၿပီး အထဲက ပန္းသီးတစ္လုံး ႏႈိက္လိုက္သည္။

ပန္းသီးေလးကိုင္၍ အခန္းထဲကို ရႈံ႕မဲ့မဲ့ ျပန္ဝင္ခဲ့ရသည္။

"ထက္ဦးခန္႔ေရ ငါေတာ့ တစ္ေန႔ေလးမေတြ႕ရရင္ေတာင္ အ႐ူးလိုျဖစ္ေနၿပီ။ ဒီ ေနမေကာင္းတာႀကီးကလည္း အျမန္ေပ်ာက္ပါေစေတာ့။"

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі