Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-4
(Unicode)

ကားရိုက်နားတဲ့ရက်မို့ နေခမင်းမြတ်အပြင်ထွက်ဖို့ မားကို ချောင်းနေသည်။
မားက ဒီနေ့အပြင်မသွားဘူးလား။ ဒီအတိုင်းထွက်သွားပြန်ရင်လည်း မားက ဘယ်လဲ ဆိုပြီးမေးဦးမည်။ မားက အခုခြံထဲက ရေကူးကန်ဘေးမှာ ထိုင်ပြီး စာဖတ်နေတာ။ ခက်ဇော်ကို လှမ်းခေါ်ပြီး သွားရင်လည်း ခက်ဇော်က သူ့ကို မသင်္ကာဖြစ်ဦးမည်။ မထူးပါဘူး။ သူ မားရှေ့က ခပ်တည်တည်ပဲ ထွက်သွားလိုက်တာ ​ကောင်းပါတယ်။

သူဂိုဒေါင်ထဲက ကားကို ထုတ်တော့ မားက ဖတ်လက်စ စာအုပ်ကို အရှေ့က ခုံပေါ်တင်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ သူ့ကားဘေးလျှောက်လာသည်။

" သား အခုကရော ဘယ်လဲ။"

"ဟို ဟိုနားဒီနားပေါ့။ မုန့်လေးဘာလေးထွက်စားမလားလို့။"

သူက ကားပေါ်မှာ မားက သူ့ကားဘေးမှာ ရပ်ပြီး ​ပြောနေခြင်း ဖြစ်သည်။

"သားနေခ ဘာလို့ မနေ့က ရှူတင်Break လိုက်ရတာလဲ။ မနေ့က ရှူတင်မန်နေဂျာက မားကို ဖုန်းလှမ်းဆက်ပြီး ပြောတယ်။ မနေ့က ညနေတုန်းက သားအိမ်ပြန်လည်း နောက်ကျတယ်။ ဘယ်တွေလျှောက်သွားပြီး ဘာတွေ လုပ်နေတာလဲ သား မားက သားကို ယုံကြည်လို့ ရှူတင်ကို တစ်ယောက်တည်း လွှတ်တာနော်။ အခု မားရဲ့ ယုံကြည်ချက်ကို အလွဲသုံးစားလုပ်သွားတာပဲ။ သား ခြေလှမ်းတွေ မှားလို့ မရဘူးနော်။"

"မားရယ် သားဘယ်မှ မသွားပါဘူး။ ဒီလိုပဲ စိတ်လွတ်ကိုယ်လွတ်ကားပတ်မောင်းတာပဲ ရှိတာ။ "

"အေး အဲ့တာကိုပဲ အဓိက စိတ်မချတာဟေးးး။ ဟိုတစ်နေ့က မားမှော်ဘီရောက်နေတုန်းကလည်း သား သားရဲ့ဘေဘီလေးကို ထုတ်သွားပြီး ညမှ ပြန်ရောက်လာတယ်ဆို။"

"ဟင် မားဘယ်လိုလုပ်။"

" ဒီမယ်သား မားက သားအနားမှာ မရှိရင်တောင် သားအကြောင်းတွေ ကြားပြီးသား သားသတိထားနေပါလို့ပဲ မား​ပြောချင်တယ်။ အခု သွားစရာရှိတာကို မြန်မြန်သွား မြန်မြန်ပြန်လာခဲ့။ ကားကိုလည်း ဂရုစိုက်မောင်း "

" ဟုတ်ကဲ့ပါ မား "

မားဘေးကနေ ကားကို ဖြည်းဖြည်းလေး မောင်းသွားပြီးမှ အိမ်နဲ့ ဝေးရာရောက်တော့ အရှိန်တင်လိုက်သည်။
ဒီလို မားဆီက အခွင့်အရေးရဖို့ ကျားကုတ်ကျားခဲ ကြိုးစားထားရတာ။ စိတ်ချပါ မားရေ။ သားဒီနေ့ နောက်ကျမှာပါ။

မားက မာနကြီးသလို အကြောတင်းသလို သားကလည်း မားလိုပဲလေ။ ဒါပေမဲ့ တစ်ယောက်သော သူအတွက်ကတော့ ဘယ်ဟုတ်ပါ့မလဲ။

ဘယ်လို စကားနဲ့ပဲ ထိုးနှက်ခံရခံရ နေ့မကူးဘူး ဒီလူ့အနားပြန်သွားချင်တာပဲ သိတယ်။ မာနက ဘယ်မှာလဲ။ သိက္ခာဆိုတာ ဘယ်လို စာလုံးပေါင်းပါသလဲ။ နေခ တကယ်နားမလည်တော့ဘူး။

ဆိုင်ကို လာပြီးခါမှ သူရှိပါ့မလားလို့ စိတ်ပူမိပြန်သည်။ ဟိုတခါကလို အသက်ကြီးကြီးမိန်းမတွေနဲ့များ ပါသွားပြီလား။ နောက်တခါ သူ့ဖုန်းနံပါတ်တောင်းထားရမည်။

ဒီဆိုင်ကိုလာတိုင်း ရုပ်ဖျက်လာနေကြပေမယ့် သူရုပ်ဖျက်နေကျပုံကို အဲ့ကောင်တာက ကောင်မလေးတွေတောင် မှတ်မိနေကြပြီ။

တွေ့ပါပြီ။ ထက်ဦးခန့် ဆိုတဲ့သူ စင်နားမှာ ကောင်လေးတစ်ယောက်နဲ့ စကားရပ်ပြောနေသည်။ သူတို့အနားကို လျှောက်သွားလိုက်တော့ သူတို့ပြောနေတာတွေ တစ်စွန်းတစ်စကြားသည်။

" ထက်ခန့် မင်းနေမကောင်းလည်း သွားနားတော့။ ဒီနေ့ ငါလိုက်လိုက်မယ်။"

" ထားလိုက်ပါ။ ငါ့အလှည့်ပဲလေ။"

"မလိုဘူး ထက်ခန့် ငါတို့ဆီမှာ အဲ့လို မရှိဘူး။ မင်းပြန်နားလိုက်တာ ကောင်းမယ်။ ဖြစ်နိုင်ရင် မင်းအမေဆီပဲ ပြန်လိုက်ပါ။ "

"အေးပါကွာ။ ကျေးဇူးပါပဲ။"

သူ့အနားကို မိမိရောက်နေတာ သူမသိ သူ့သူငယ်ချင်းနဲ့ စကားပြောပြီး လှည့်အထွက် မိမိကို ဝင်တိုက်မိပြီးမှ ပြန်ကြည့်လာသည်။

" ဆောရီးပါ။"

မိမိကို ကျောခိုင်းပြီး ထွက်သွားပြန်သည်။ မိမိနှင့် တခါမှ မဆုံဖူး မသိဖူးသလိုမျိုး ဘယ်လိုတောင် လျစ်လျူရှုလိုက်တာလဲ ထက်ဦးခန့်ရယ်....။

"ထက်ဦးခန့် ထက်ဦးခန့် ငါ့ကို စောင့်ဦးလေ "

ဆိုင်ပြင်ရောက်မှ မိမိကို စိတ်ရှုပ်သလိုမျိုး လှည့်ကြည့်လာသည်။

" ဘာလာလုပ်ပြန်ပြီလဲ နေခမင်းမြတ် "

" ငါ မင်းအနားမှာ လာနေတာလေ။ မင်းနဲ့ အတူ..... "

မိမိထက်အဆမတန်ရှည်သော သူ့အရပ်ကြောင့် မော့ကြည့်ပြီးကို ပြောရသည်။
သူ့နှုတ်ခမ်းတွေက မိမိကို လှောင်သလို ပြုလာပြန်သည်။

" မင်းမှာ ကားပါလား "

"ဟမ် "

တကယ်မတွက်ထားမိတာ။ ထက်ဦးခန့်က သူ့ကို ဒီလိုမျိုး လက်ခံ ပြန်ပြောလာလိမ့်မယ်လို့ ။

" အင်း ပါတယ်လေ "

" ကားသော့ပေး "

" ဟမ် "

" ကားသော့ပေးလို့ "

" အင်း ရော့ "

သူတောင်းနေသော ကားသော့ကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။

" ဘယ်မှာလဲ ကားက "

"ဟိုနားမှာ ရပ်ထားတဲ့ အဖြူလေး "

ညွှန်ပြလိုက်တော့ မိမိကားနားကို ထွက်သွားသော သူ့ကို လှမ်းကြည့်နေမိသည်။

" လာလေ "

"ဟမ် "

" မလိုက်ဘူးလား "

" အင်း လိုက်မှာပေါ့"

မိမိမှာ သူ့အနားနေချင်လွန်းလို့ သူ့ဘေးကို ပြေးပြီးတောင် သွားမိသည်။

သူက ကားမောင်းသူဘက်မှာ ထိုင်လိုက်တော့ မိမိကလည်း တစ်ဖက်မှာ ထိုင်လိုက်သည်။ သူ မိမိကို ဘယ်နေရာခေါ်သွားမလို့ပါလဲ။

သူက ကားမောင်းနေရင်းနဲ့ မိမိကို တစ်ချက်မှ လှည့်မကြည့် မိမိကသာ ဘေးက ထိုင်ရင်း သူ့ကို ငေးရတာ အမော။
သူဘယ်ဆီကို မောင်းနေတာလဲ ဂရုမစိုက်နိုင်ဘူး။ အနားမှာ ရှိနေချိန်လေး သူ့မျက်နှာသာ တစိမ့်စိမ့်ကြည့်ချင်မိသည်။

သူကားရပ်လိုက်တော့ မိမိလည်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်မိသည်။ သူရပ်လိုက်တာ လူနေအိမ်ခြေသိပ်မရှိတဲ့ နေရာတစ်ခု

" ဆင်းလေ "

" အင်း "

သူကတော့ ကားတံခါးဖွင့်ပြီး အရင်ဆင်းသွားသည်။ နေခလည်း အနောက်မှ လိုက်ဆင်းလိုက်သည်။

" ထက်ဦးခန့် ဒါဘယ်နေရာလဲဟင်။"

" ငါ့အိမ် ငါ့အနောက်လိုက်ခဲ့ "

" အင်း"

သူတက်သွားတဲ့ တိုက်က ဟောင်းနွမ်းနေတာမို့ ရေညှိမဲမဲတွေတောင် တက်နေသည်။ သူနေတဲ့နေရာက တိုက်ခန်းတစ်ခု

" ငါဒီမှာ နေတာ "

နေတယ်သာ ပြောတာ ဘာပရိဘောဂမှလည်း မရှိ အခန်းလေးကလည်း ကျဥ်းကျဥ်းလေး ထိုင်စရာခုံတောင်မရှိပါ။ ကြမ်းပေါ်မှာသာ ကျုံ့ကျုံ့လေး ထိုင်လိုက်ပြီး မတ်တပ်ရပ်နေသော သူ့ကို မော့ကြည့်ရသေးသည်။ သူက မိမိရှေ့ပင်မရှောင် အင်္ကျီကို လှန်ချွတ်လိုက်တာမို့ အလိုလို မျက်နှာလွှဲလျက်သား။

ပြန်မော့ကြည့်လိုက်တော့လည်း ခုထိအင်္ကျီမဝတ်သေး အင်္ကျီကျွတ်နဲ့ မိမိရှေ့နေမလို့လား။ မိမိအရှေ့မှာ လာထိုင်တော့ ဘယ်လိုစိတ်နဲ့ မော့ကြည့်ရမလဲ။
သူက မိမိ ပုခုံးကို လက်နဲ့ ဆုပ်ကိုင်လိုက်ပြီး မိမိမျက်နှာကို သေချာစိုက်ကြည့်နေသည်။ ပခုံးကို ဆုပ်ကိုင်ထားသော သူ့လက်တွေက ပူနေသည်။ အော် စောနပြောနေတာ သူနေမှ မကောင်းတာပဲ။ မိမိက သူ့မျက်လုံးတွေကို မကြည့်ရဲတာမို့ သူ့ရင်ဘတ်က အမွှေးတွေကိုသာ ကြည့်နေသည်။ တိတ်ဆိတ်နေတဲ့ အခန်းတစ်ခုထဲရှိ ဒီအခြေအနေကို ဘယ်လိုထွက်ပေါက်ရှာရမလဲ။

" မင်း ငါ့အနားကို ဘယ်လို ရည်ရွယ်ချက်နဲ့ ချဥ်းကပ်လာလဲတော့ မသိပေမယ့် ငါက ကောင်းတဲ့ အကောင်မဟုတ်ဘူး နေခမင်းမြတ် မင်းနောင်တရလိမ့်မယ်နော်။"

ဘာကိုနောင်တရရမှာလဲ။ ဒါ ငါ့ရွေးချယ်မှုမလား။ ထက်ဦးခန့်ရဲ့ မျက်လုံးတွေကို ရဲရဲတင်းတင်းပြန်မော့ကြည့်လိုက်သည်။

" ငါသိတယ် ထက်ဦးခန့်က ဘယ်လိုလူမျိုးလဲဆိုတာ ဘာအလုပ်ကို လုပ်နေလဲဆိုတာရော။ ဒါပေမယ့် ငါမလွန်ဆန်နိုင်ဘူး မင်းနဲ့ဝေးရာနေဖို့ နောက်ပြီး မင်းကို "

မိမိစကားကို ဆုံးအောင်ပြောခွင့်တောင်မရလိုက် သူက ဖြတ်ပြောလာသည်။

"အဟက် မဝေးနိုင်ရင် ဒီထက်နီးလိုက်ကြတာပေါ့ "

မိမိခန္ဓာကိုယ်ကို အုပ်မိုးလာတာမို့ လန့်ပြီး သူ့ကို တွန်းထုတ်လိုက်သည်။

" ဘာကြောက်နေတာလဲ နေခမင်းမြတ် ငါ့ဆီလာတာ ငါ့ကို လိုချင်လို့ မဟုတ်ဘူးလား "

" ဟို ငါ အဲ့လို ဘယ်သူနဲ့မှ တခါမှ မနေခဲ့ဘူးလို့ပါ "

ဟန်ဆောင်နေတာလဲ မပါသလို မရိုးသားခဲ့တာလည်း မောင့် အပေါ်မရှိပါဘူး။ အသွေးအသားတွေကို ပေးဆပ်ခဲ့မှုအပေါ် မောင့်အပေါ်ချစ်တဲ့ စိတ်တွေပဲ ရှိခဲ့သည်။ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပွတ်တိုက်ထိခတ်ခံရတဲ့ အတွင်းသားတွေကတောင် မောင့်အပေါ်ထားတဲ့ အချစ်တွေကို မပွန်းပဲ့စေခဲ့ဘူး။ ကျွန်တော်က ဝိုင်ပါ မောင်ခြေဆေးဖို့ရာ ဝိုင်ပေါ့...။

(Zawgyi)

ကား႐ိုက္နားတဲ့ရက္မို႔ ေနခမင္းျမတ္အျပင္ထြက္ဖို႔ မားကို ေခ်ာင္းေနသည္။
မားက ဒီေန႔အျပင္မသြားဘူးလား။ ဒီအတိုင္းထြက္သြားျပန္ရင္လည္း မားက ဘယ္လဲ ဆိုၿပီးေမးဦးမည္။ မားက အခုၿခံထဲက ေရကူးကန္ေဘးမွာ ထိုင္ၿပီး စာဖတ္ေနတာ။ ခက္ေဇာ္ကို လွမ္းေခၚၿပီး သြားရင္လည္း ခက္ေဇာ္က သူ႔ကို မသကၤာျဖစ္ဦးမည္။ မထူးပါဘူး။ သူ မားေရွ႕က ခပ္တည္တည္ပဲ ထြက္သြားလိုက္တာ ​ေကာင္းပါတယ္။

သူဂိုေဒါင္ထဲက ကားကို ထုတ္ေတာ့ မားက ဖတ္လက္စ စာအုပ္ကို အေရွ႕က ခုံေပၚတင္လိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္နဲ႔ သူ႔ကားေဘးေလွ်ာက္လာသည္။

" သား အခုကေရာ ဘယ္လဲ။"

"ဟို ဟိုနားဒီနားေပါ့။ မုန္႔ေလးဘာေလးထြက္စားမလားလို႔။"

သူက ကားေပၚမွာ မားက သူ႔ကားေဘးမွာ ရပ္ၿပီး ​ေျပာေနျခင္း ျဖစ္သည္။

"သားေနခ ဘာလို႔ မေန႔က ရႉတင္Break လိုက္ရတာလဲ။ မေန႔က ရႉတင္မန္ေနဂ်ာက မားကို ဖုန္းလွမ္းဆက္ၿပီး ေျပာတယ္။ မေန႔က ညေနတုန္းက သားအိမ္ျပန္လည္း ေနာက္က်တယ္။ ဘယ္ေတြေလွ်ာက္သြားၿပီး ဘာေတြ လုပ္ေနတာလဲ သား မားက သားကို ယုံၾကည္လို႔ ရႉတင္ကို တစ္ေယာက္တည္း လႊတ္တာေနာ္။ အခု မားရဲ႕ ယုံၾကည္ခ်က္ကို အလြဲသုံးစားလုပ္သြားတာပဲ။ သား ေျခလွမ္းေတြ မွားလို႔ မရဘူးေနာ္။"

"မားရယ္ သားဘယ္မွ မသြားပါဘူး။ ဒီလိုပဲ စိတ္လြတ္ကိုယ္လြတ္ကားပတ္ေမာင္းတာပဲ ရွိတာ။ "

"ေအး အဲ့တာကိုပဲ အဓိက စိတ္မခ်တာေဟးးး။ ဟိုတစ္ေန႔က မားေမွာ္ဘီေရာက္ေနတုန္းကလည္း သား သားရဲ႕ေဘဘီေလးကို ထုတ္သြားၿပီး ညမွ ျပန္ေရာက္လာတယ္ဆို။"

"ဟင္ မားဘယ္လိုလုပ္။"

" ဒီမယ္သား မားက သားအနားမွာ မရွိရင္ေတာင္ သားအေၾကာင္းေတြ ၾကားၿပီးသား သားသတိထားေနပါလို႔ပဲ မား​ေျပာခ်င္တယ္။ အခု သြားစရာရွိတာကို ျမန္ျမန္သြား ျမန္ျမန္ျပန္လာခဲ့။ ကားကိုလည္း ဂ႐ုစိုက္ေမာင္း "

" ဟုတ္ကဲ့ပါ မား "

မားေဘးကေန ကားကို ျဖည္းျဖည္းေလး ေမာင္းသြားၿပီးမွ အိမ္နဲ႔ ေဝးရာေရာက္ေတာ့ အရွိန္တင္လိုက္သည္။
ဒီလို မားဆီက အခြင့္အေရးရဖို႔ က်ားကုတ္က်ားခဲ ႀကိဳးစားထားရတာ။ စိတ္ခ်ပါ မားေရ။ သားဒီေန႔ ေနာက္က်မွာပါ။

မားက မာနႀကီးသလို အေၾကာတင္းသလို သားကလည္း မားလိုပဲေလ။ ဒါေပမဲ့ တစ္ေယာက္ေသာ သူအတြက္ကေတာ့ ဘယ္ဟုတ္ပါ့မလဲ။

ဘယ္လို စကားနဲ႔ပဲ ထိုးႏွက္ခံရခံရ ေန႔မကူးဘူး ဒီလူ႔အနားျပန္သြားခ်င္တာပဲ သိတယ္။ မာနက ဘယ္မွာလဲ။ သိကၡာဆိုတာ ဘယ္လို စာလုံးေပါင္းပါသလဲ။ ေနခ တကယ္နားမလည္ေတာ့ဘူး။

ဆိုင္ကို လာၿပီးခါမွ သူရွိပါ့မလားလို႔ စိတ္ပူမိျပန္သည္။ ဟိုတခါကလို အသက္ႀကီးႀကီးမိန္းမေတြနဲ႔မ်ား ပါသြားၿပီလား။ ေနာက္တခါ သူ႔ဖုန္းနံပါတ္ေတာင္းထားရမည္။

ဒီဆိုင္ကိုလာတိုင္း ႐ုပ္ဖ်က္လာေနၾကေပမယ့္ သူ႐ုပ္ဖ်က္ေနက်ပုံကို အဲ့ေကာင္တာက ေကာင္မေလးေတြေတာင္ မွတ္မိေနၾကၿပီ။

ေတြ႕ပါၿပီ။ ထက္ဦးခန္႔ ဆိုတဲ့သူ စင္နားမွာ ေကာင္ေလးတစ္ေယာက္နဲ႔ စကားရပ္ေျပာေနသည္။ သူတို႔အနားကို ေလွ်ာက္သြားလိုက္ေတာ့ သူတို႔ေျပာေနတာေတြ တစ္စြန္းတစ္စၾကားသည္။

" ထက္ခန္႔ မင္းေနမေကာင္းလည္း သြားနားေတာ့။ ဒီေန႔ ငါလိုက္လိုက္မယ္။"

" ထားလိုက္ပါ။ ငါ့အလွည့္ပဲေလ။"

"မလိုဘူး ထက္ခန္႔ ငါတို႔ဆီမွာ အဲ့လို မရွိဘူး။ မင္းျပန္နားလိုက္တာ ေကာင္းမယ္။ ျဖစ္ႏိုင္ရင္ မင္းအေမဆီပဲ ျပန္လိုက္ပါ။ "

"ေအးပါကြာ။ ေက်းဇူးပါပဲ။"

သူ႔အနားကို မိမိေရာက္ေနတာ သူမသိ သူ႔သူငယ္ခ်င္းနဲ႔ စကားေျပာၿပီး လွည့္အထြက္ မိမိကို ဝင္တိုက္မိၿပီးမွ ျပန္ၾကည့္လာသည္။

" ေဆာရီးပါ။"

မိမိကို ေက်ာခိုင္းၿပီး ထြက္သြားျပန္သည္။ မိမိႏွင့္ တခါမွ မဆုံဖူး မသိဖူးသလိုမ်ိဳး ဘယ္လိုေတာင္ လ်စ္လ်ဴရႈလိုက္တာလဲ ထက္ဦးခန္႔ရယ္....။

"ထက္ဦးခန္႔ ထက္ဦးခန္႔ ငါ့ကို ေစာင့္ဦးေလ "

ဆိုင္ျပင္ေရာက္မွ မိမိကို စိတ္ရႈပ္သလိုမ်ိဳး လွည့္ၾကည့္လာသည္။

" ဘာလာလုပ္ျပန္ၿပီလဲ ေနခမင္းျမတ္ "

" ငါ မင္းအနားမွာ လာေနတာေလ။ မင္းနဲ႔ အတူ..... "

မိမိထက္အဆမတန္ရွည္ေသာ သူ႔အရပ္ေၾကာင့္ ေမာ့ၾကည့္ၿပီးကို ေျပာရသည္။
သူ႔ႏႈတ္ခမ္းေတြက မိမိကို ေလွာင္သလို ျပဳလာျပန္သည္။

" မင္းမွာ ကားပါလား "

"ဟမ္ "

တကယ္မတြက္ထားမိတာ။ ထက္ဦးခန္႔က သူ႔ကို ဒီလိုမ်ိဳး လက္ခံ ျပန္ေျပာလာလိမ့္မယ္လို႔ ။

" အင္း ပါတယ္ေလ "

" ကားေသာ့ေပး "

" ဟမ္ "

" ကားေသာ့ေပးလို႔ "

" အင္း ေရာ့ "

သူေတာင္းေနေသာ ကားေသာ့ကို သူ႔လက္ထဲ ထည့္ေပးလိုက္သည္။

" ဘယ္မွာလဲ ကားက "

"ဟိုနားမွာ ရပ္ထားတဲ့ အျဖဴေလး "

ၫႊန္ျပလိုက္ေတာ့ မိမိကားနားကို ထြက္သြားေသာ သူ႔ကို လွမ္းၾကည့္ေနမိသည္။

" လာေလ "

"ဟမ္ "

" မလိုက္ဘူးလား "

" အင္း လိုက္မွာေပါ့"

မိမိမွာ သူ႔အနားေနခ်င္လြန္းလို႔ သူ႔ေဘးကို ေျပးၿပီးေတာင္ သြားမိသည္။

သူက ကားေမာင္းသူဘက္မွာ ထိုင္လိုက္ေတာ့ မိမိကလည္း တစ္ဖက္မွာ ထိုင္လိုက္သည္။ သူ မိမိကို ဘယ္ေနရာေခၚသြားမလို႔ပါလဲ။

သူက ကားေမာင္းေနရင္းနဲ႔ မိမိကို တစ္ခ်က္မွ လွည့္မၾကည့္ မိမိကသာ ေဘးက ထိုင္ရင္း သူ႔ကို ေငးရတာ အေမာ။
သူဘယ္ဆီကို ေမာင္းေနတာလဲ ဂ႐ုမစိုက္ႏိုင္ဘူး။ အနားမွာ ရွိေနခ်ိန္ေလး သူ႔မ်က္ႏွာသာ တစိမ့္စိမ့္ၾကည့္ခ်င္မိသည္။

သူကားရပ္လိုက္ေတာ့ မိမိလည္း ေဘးပတ္ဝန္းက်င္ကို အကဲခတ္မိသည္။ သူရပ္လိုက္တာ လူေနအိမ္ေျခသိပ္မရွိတဲ့ ေနရာတစ္ခု

" ဆင္းေလ "

" အင္း "

သူကေတာ့ ကားတံခါးဖြင့္ၿပီး အရင္ဆင္းသြားသည္။ ေနခလည္း အေနာက္မွ လိုက္ဆင္းလိုက္သည္။

" ထက္ဦးခန္႔ ဒါဘယ္ေနရာလဲဟင္။"

" ငါ့အိမ္ ငါ့အေနာက္လိုက္ခဲ့ "

" အင္း"

သူတက္သြားတဲ့ တိုက္က ေဟာင္းႏြမ္းေနတာမို႔ ေရညႇိမဲမဲေတြေတာင္ တက္ေနသည္။ သူေနတဲ့ေနရာက တိုက္ခန္းတစ္ခု

" ငါဒီမွာ ေနတာ "

ေနတယ္သာ ေျပာတာ ဘာပရိေဘာဂမွလည္း မရွိ အခန္းေလးကလည္း က်ဥ္းက်ဥ္းေလး ထိုင္စရာခုံေတာင္မရွိပါ။ ၾကမ္းေပၚမွာသာ က်ဳံ႕က်ဳံ႕ေလး ထိုင္လိုက္ၿပီး မတ္တပ္ရပ္ေနေသာ သူ႔ကို ေမာ့ၾကည့္ရေသးသည္။ သူက မိမိေရွ႕ပင္မေရွာင္ အက်ႌကို လွန္ခြၽတ္လိုက္တာမို႔ အလိုလို မ်က္ႏွာလႊဲလ်က္သား။

ျပန္ေမာ့ၾကည့္လိုက္ေတာ့လည္း ခုထိအက်ႌမဝတ္ေသး အက်ႌကြၽတ္နဲ႔ မိမိေရွ႕ေနမလို႔လား။ မိမိအေရွ႕မွာ လာထိုင္ေတာ့ ဘယ္လိုစိတ္နဲ႔ ေမာ့ၾကည့္ရမလဲ။
သူက မိမိ ပုခုံးကို လက္နဲ႔ ဆုပ္ကိုင္လိုက္ၿပီး မိမိမ်က္ႏွာကို ေသခ်ာစိုက္ၾကည့္ေနသည္။ ပခုံးကို ဆုပ္ကိုင္ထားေသာ သူ႔လက္ေတြက ပူေနသည္။ ေအာ္ ေစာနေျပာေနတာ သူေနမွ မေကာင္းတာပဲ။ မိမိက သူ႔မ်က္လုံးေတြကို မၾကည့္ရဲတာမို႔ သူ႔ရင္ဘတ္က အေမႊးေတြကိုသာ ၾကည့္ေနသည္။ တိတ္ဆိတ္ေနတဲ့ အခန္းတစ္ခုထဲရွိ ဒီအေျခအေနကို ဘယ္လိုထြက္ေပါက္ရွာရမလဲ။

" မင္း ငါ့အနားကို ဘယ္လို ရည္႐ြယ္ခ်က္နဲ႔ ခ်ဥ္းကပ္လာလဲေတာ့ မသိေပမယ့္ ငါက ေကာင္းတဲ့ အေကာင္မဟုတ္ဘူး ေနခမင္းျမတ္ မင္းေနာင္တရလိမ့္မယ္ေနာ္။"

ဘာကိုေနာင္တရရမွာလဲ။ ဒါ ငါ့ေ႐ြးခ်ယ္မႈမလား။ ထက္ဦးခန္႔ရဲ႕ မ်က္လုံးေတြကို ရဲရဲတင္းတင္းျပန္ေမာ့ၾကည့္လိုက္သည္။

" ငါသိတယ္ ထက္ဦးခန္႔က ဘယ္လိုလူမ်ိဳးလဲဆိုတာ ဘာအလုပ္ကို လုပ္ေနလဲဆိုတာေရာ။ ဒါေပမယ့္ ငါမလြန္ဆန္ႏိုင္ဘူး မင္းနဲ႔ေဝးရာေနဖို႔ ေနာက္ၿပီး မင္းကို "

မိမိစကားကို ဆုံးေအာင္ေျပာခြင့္ေတာင္မရလိုက္ သူက ျဖတ္ေျပာလာသည္။

"အဟက္ မေဝးႏိုင္ရင္ ဒီထက္နီးလိုက္ၾကတာေပါ့ "

မိမိခႏၶာကိုယ္ကို အုပ္မိုးလာတာမို႔ လန္႔ၿပီး သူ႔ကို တြန္းထုတ္လိုက္သည္။

" ဘာေၾကာက္ေနတာလဲ ေနခမင္းျမတ္ ငါ့ဆီလာတာ ငါ့ကို လိုခ်င္လို႔ မဟုတ္ဘူးလား "

" ဟို ငါ အဲ့လို ဘယ္သူနဲ႔မွ တခါမွ မေနခဲ့ဘူးလို႔ပါ "

ဟန္ေဆာင္ေနတာလဲ မပါသလို မ႐ိုးသားခဲ့တာလည္း ေမာင့္ အေပၚမရွိပါဘူး။ အေသြးအသားေတြကို ေပးဆပ္ခဲ့မႈအေပၚ ေမာင့္အေပၚခ်စ္တဲ့ စိတ္ေတြပဲ ရွိခဲ့သည္။ အရွိန္အဟုန္ျပင္းျပင္းနဲ႔ ပြတ္တိုက္ထိခတ္ခံရတဲ့ အတြင္းသားေတြကေတာင္ ေမာင့္အေပၚထားတဲ့ အခ်စ္ေတြကို မပြန္းပဲ့ေစခဲ့ဘူး။ ကြၽန္ေတာ္က ဝိုင္ပါ ေမာင္ေျခေဆးဖို႔ရာ ဝိုင္ေပါ့...။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (1)
park minchan
Part-4
ႀကိဳက္​လုိက္​တာ 😭
Відповісти
2020-10-18 20:50:21
1