Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-19
(Unicode)

ဟန်လင်းညို နောက်နေ့ကျ စိတ်ပြေသွားသည်။ စက္ကကို ပြောလိုက်မိတာ လွန်သွားပြီလားလို့ ပြန်တွေးမိပေမယ့် သူလည်း ကိုယ့်သူငယ်ချင်းရှေ့ ကိုယ့်ကို ရိုင်းသွားတာပဲဟု ခပ်ချဥ်ချဥ်တွေးလိုက်သေးသည်။ သို့ပေမယ့်လည်း သူက လူကြီးတစ်ယောက်မလား။ အစစအရာရာ သူပဲ လျော့ပေးလိုက်တာ ကောင်းပါသည်။ နောက်ရက် ဆေးခန်းနားတဲ့နေ့မှ စက္ကဆီသွားပြီး လူရှေ့သူရှေ့ စကားပြောမရိုင်းသင့်ကြောင်း ဆုံးမပေးရဦးမည်။

" ဟယ်လို သား "

"ဟုတ် အမေ ပြောလေ။"

" သား ဆေးခန်းပိတ်တဲ့နေ့တစ်ရက်လောက် အမေ့ကို အကူအညီတစ်ခုလောက်ပေးလို့ ရလား။"

"အာ...ရတာပေါ့ အမေရဲ့။"

" ပဲခူးမြို့က ဘိုးဘွားရိပ်သာကိုလေ ကင်ဆာရောဂါနဲ့ဆိုင်တဲ့ ဟောပြောပွဲလေးလုပ်ကြမှာ အဲ့မှာ သားကို နွယ့်အမေက လာစေချင်နေတာ။"

"အော်... ဟုတ်ကဲ့ ရပါတယ်။"

"အေးအေး အဲ့တာဆို ကျေးဇူးပါ သားရယ်။ သားကိုလည်း နွယ့်အမေက ပိုပြီး လေးစားတန်ဖိုးထားသွားတာပေါ့။"

" ဟုတ်ကဲ့။ သားသွားပေးပါ့မယ်။"

နွယ့်အမေက တောင်းတဲ့အကူအညီဆိုတော့ သူ့မှာ ငြင်းလို့လည်း မကောင်း၍ လက်ခံရတော့မည်။ ပိတ်ရက်လေး စက္ကဆီသွားမလို့တွေးထားပြီးခါမှကွာ။ သူအကြံတစ်ခုရသွားသည်။ စက္ကကို မနက်ဖြန်ညနေဝင်ပြောပြီး ပိတ်ရက်ကျပဲခူးကို သူနှင့်အတူခေါ်သွားလိုက်ရင် ကောင်းတာပဲ။ သူလည်း တစ်ယောက်တည်းကားမောင်းစရာ မလိုတော့ဘူးလို့ တွေးမိသည်။

**********

မောင့်အခန်းမှာ နေနေတာ ၄ရက်ကျော်သွားပြီမို့ နေခ အပြင်ထွက်ချင်လာသည်။ မောင်နဲ့အတူ ရုပ်ရှင်သွားကြည့်ချင်သည်။ လျှောက်သွားချင်သည်။

" မောင် "

မောင့်ရင်ခွင်ထဲကနေ ချွဲကြည့်သည်။

" ငါတို့ ရုပ်ရှင်သွားကြည့်ရအောင်လေ။"

မောင်က သူ့ကိုယ်လုံးကို ရင်ခွင်ထဲထည့်ထားပြီး ငြိမ်သက်နေသည်။

" မောင်သိလား။ ငါပျင်းလာပြီ။"

" အင်း "

" တကယ်နော် "

" အင်း "

" ဒါဆို ခုပဲသွားကြမယ် အဝတ်အစားလဲ "

အဝတ်အစားလဲပြီး နှစ်ယောက်အတူ ရုပ်ရှင်ရုံကို သွားကြသည်။ ပိတ်ရက်မဟုတ်တော့ လူလည်းနည်းသည်။ အတွဲခုံလက်မှတ်ကို ယူလိုက်ပြီး အထဲကို ဝင်လိုက်တော့ အေးခနဲ။ နေခ မောင့်လက်မောင်းကို ဖက်ထားလိုက်သည်။

သရဲကားယူလိုက်သည်က နေခရဲ့ အကြံဖြစ်သည်။ တစ်ချိန်လုံး ကြောက်တယ်ဆိုပြီး မောင့်ရင်ခွင်ထဲဝင်နေရမည်။ ကိုယ့်အကြံနဲ့ကိုယ်ကတော့ ဟုတ်နေတာပဲ ရုပ်ရှင်စမပြခင် အချိန်ထိပေါ့။

" အားးးးးးးးး"

သရဲက ရုတ်တရက်ဘွားခနဲ ထွက်လာတော့ နေခ ထိတ်ခနဲ လန့်သွားပေမယ့် ဘေးက မောင့်အော်သံအကျယ်ကြီးကြောင့် ပိုတောင်လန့်သွားရသည်။ ကိုယ်တိုင်က ရုပ်ရှင်ရိုက်လာတာမို့ ရုပ်ရှင်ကို ရုပ်ရှင်ဟုသာ မြင်သည်။ မကြောက်တတ်။ မောင့်ကို ကြည့်လိုက်တော့ စောနက အော်လိုက်တာ သူမဟုတ်သည့်အတိုင်း မျက်လုံးမှိတ်ထားသည်။ အရှေ့ကလူတွေက လှည့်ကြည့်တော့ နေခ ရယ်လိုက်သည်။

" မောင် သရဲကြောက်တတ်တာလား။"

နေခက မောင့်အနားတိုးတိုးလေးကပ်ပြောလိုက်သောကြောင့် နေခဆီ မောင့်မျက်စောင်းက ဒိုင်းခနဲ။

" မကြောက်ဘူး။"

" ဒါဆို ဘာလို့ မျက်လုံးကြီးမှိတ်ထားတာလဲ။ ဖွင့်ကြည့်လေ။"

နေခစကားကြောင့် မောင့်မျက်လုံးတွေ ဖွင့်လိုက်သည်။ နေခက ဘေးချင်ကပ်စိုက်ကြည့်နေတာ မြင်တော့ မောင်ကရုပ်ရှင်ကို ဆက်ကြည့်သည်။ သရဲပေါ်လာခါနီးတီးလုံးသံပေါ်လာတော့ မောင့်ကိုယ်လေးမသိမသာတုန်လာသည်။

" အားးးးး"

"ဟားဟားးဟားး"

မောင်အော်တာကြည့်ပြီး နေခရယ်လိုက်သည်။ မောင်ကတော့ အနည်းငယ်ရှက်သွားသည့်ပုံ ရသည်။

" လာပါ ထ ပြန်ရအောင် မကြည့်နဲ့တော့။ "

" မပြန်ဘူး။"

" လာပါ မောင်မကြည့်ရဲဘဲနဲ့။"

" ကြည့်ရဲတယ်။"

" ဒါမဲ့ ငါကြောက်တယ် မကြည့်ချင်တော့ဘူး။ ပြန်ရအောင် "

မောင်က သူ့ကို မယုံသလိုကြည့်လာပြီးမှ လက်ခံလိုက်သည်။ သူကတော့ တဟီးဟီးနဲ့ မောင့်လက်ကို ဆုပ်ကိုင်ပြီး အပြင်ကို ထွက်ခဲ့သည်။
မုန့်တွေ လှည့်ပတ်စားပြီး မိုးချုပ်မှ အခန်းကို ပြန်ခဲ့ကြသည်။

" မောင် ရေအတူချိုးရအောင် "

ရေပန်းအောက်မှာ မောင်က သူ့ခန္ဓာကိုယ်ကို အနောက်မှ ဖက်ထားသည်။ အဝတ်မရှိတဲ့ ခန္ဓာကိုယ်နှစ်ခုရဲ့ ပူးကပ်မှုကြောင့် နေခ ရင်တွေတရစပ်ခုန်လှုပ်နေသည်။ ဆပ်ပြာရဲ့မွှေးရနံ့နှင့်အတူ မောင့်အနမ်းများက နေခကျောပေါ် ပြန့်ကျဲလို့။ မောင်က နေခမရိပ်မိလေအောင် ခပ်ဖွဖွမြည်သော အနမ်းများကို ပေးသည်။ ခါးနားကို လာထောက်ခြင်းခံရသောအသိကြောင့် နေခပြုံးလိုက်သည်။

ထို့နောက် မောင့်ရှေ့ကို လှည့်၍ ဒူးထောက်ထိုင်ချလိုက်ပြီး မောင့်ကို ငုံထွေး၍ ပြုစုမိသည်။

" အင်းးးး"

ပထမက တွန်းထုတ်ပေမယ့် နောက်ကျတော့ ညည်းသံလေးတွေထွက်လာပြီး မောင်သည် အာခံတွင်းထဲကို ပို၍တိုးဝှေ့လာပါသည်။ အဆုံးသတ်၌ မောင့်အချစ်တွေက သူ့နှုတ်ခမ်းဝမှ ရင်ဘတ်ကို စီးကျသွားပြီး ရေပန်းက ရေစက်လေးများဖြင့် သန့်ရှင်းပေးသည်။

" ချစ်တယ် မောင် "

မောင် အရင် ရေချိုးခန်းထဲက ထွက်သွားတော့ သူ့စိတ်တွေကိုလည်း သူဖြေလျော့မိသည်။

" အာ့ မောင် "

ရေချိုးပြီး ထွက်လာတော့ ပေါင်လောက်ရှိသော မောင့်အင်္ကျီအပွကြီးကို ယူဝတ်လိုက်သည်။ ခုတင်ပေါ်က မောင့်အနားကို သွားထိုင်လိုက်သည်။

" ဆံပင်တွေ ရေခြောက်အောင်သုတ်လေ။"

" မောင်သုတ်ပေးပါ။ "

မောင်က တဘတ်ကို ယူလိုက်ပြီး နေခရဲ့ ဆံပင်တွေကို သုတ်ပေးသည်။

" ဆံပင်ရှည်ထားရတာ ကြိုက်လို့လား။"

"ဟင် "

မောင်ပြောလိုက်တော့ ဂုတ်ထိဝဲကျနေသော ဆံပင်တွေကို သူပြန်ကိုင်ကြည့်လိုက်ပြီး

" အင်း ကြိုက်တယ်။ ငါတန်ဖိုးထားရတဲ့သူ ကိုယ်တိုင်ထိန်းသိမ်းပြီး ပုံသွင်းပေးထားတာမို့ ဒီပုံလေးအတိုင်းပဲ ထားမိတာ။ သူကလည်း ငါ့ကို ဒီဆံပင်နဲ့ လိုက်တယ်တဲ့။"

" ဘယ်သူလဲ။ "

" အော် ငါ့အရင်က Stylistလေ။ ဆုံးသွားတာတော့ ၅နှစ်ကျော်ပြီ။ သူဆုံးပြီးကတည်းက ငါ့အနားမှာ ဘယ်သူ့ကိုမှ အလုပ်မလုပ်ခိုင်းတော့ဘူး။ "

" နွေဦးခန့်မလား။ မင်း stylistက "

"ဟယ် မောင်သိနေတယ်။ ဟုတ်တယ် ဟုတ်တယ် သူပဲ။ ငါ့ကိုဆို အရမ်းချစ်ပြီး အလိုလိုက်တာ။"

" အော် .."

" အာ့ မောင် ငါ့ဆံပင်တွေကို ဆွဲနှုတ်နေတာလား။ နာလိုက်တာ။"

" ဟမ် အင်း ဆောရီး"

" ရပါတယ်။ "

နေခရဲ့ ဆံပင်တွေကို ထိတွေ့နေသော မောင့်လက်တွေ ပိုကြမ်းလာတာကို နေခ သတိထားမိသည်။

" အေးနေတာကို ဘာလို့ ပေါင်တိုလေးဝတ်ထားတာလဲ။"

" မောင်ဖက်ထားရင် ငါနွေးသွားမှာမို့ "

မောင့်ရင်ခွင်ထဲတိုးဝှေ့တော့ မောင်က တင်းတင်းကျပ်ကျပ်ဖက်လိုက်ပြီး မလုံမလဲဖြစ်နေသော အောက်ပိုင်းကို သူ့ခြေထောက်အောက် ဆွဲသိမ်းပြီး နွေးထွေးစေသည်။ မောင်သည် ခြေထောက်တွေကိုပါ ဆွဲဖက်ထားတယ်လို့ ဆိုမလား။

" မောင် ငါမနက်ဖြန်တော့ ပြန်မှ ရမယ်နဲ့တူတယ်။"

" ဟမ် "

"ဟုတ်တယ်မောင်ရဲ့ မားက စိတ်ပူနေလိမ့်မယ်။"

" သေချာလား။"

" အွန်း "

" မင်းပြန်သွားရင် မင်းအမေက ပြန်လွှတ်တော့မှာ မဟုတ်ဘူး။ "

" ဟင် မောင် မားရဲ့အကြောင်းဘယ်လိုလုပ်သိ "

မားရဲ့ စိတ်ဓာတ်ကို နေခအပြင်သိတဲ့ တစ်ယောက်တိုးလာပြီပဲ။

" စိတ်မပူနဲ့မောင် ငါ့စိတ်ကို ဘယ်သူမှ တားလို့ မရဘူး။ မားအတင်းတားရင် ငါသတ်သေပြလိုက်မှာ။ "

မောင့်ရဲ့ မျက်လုံးတွေက ပြူးသွားပြီး သူ့ကို စိုက်ကြည့်သည်။ သူပြန်ကြည့်လိုက်တော့ ကြည့်နေတုန်း။

" ဟားဟားဟားး မောင်ရယ် တုံးလိုက်တာ။ တကယ်သတ်သေမလားလို့။ မောင်နဲ့တောင် မပေါင်းရသေးဘူး။ ငါကမင်းသားလေ ဟဲဟဲ သရုပ်ဆောင်မှာပေါ့။"

နေခရှင်းပြလိုက်မှ မောင်က စိတ်အေးသွားပုံ မျက်နှာလွှဲသွားသည်။

" ဒါမဲ့ "

နေခပြောမဲ့ စကားကို မောင်စိတ်ဝင်စားရဲ့လား ကြည့်လိုက်ပြီးမှ ဆက်ပြောသည်။

" မောင်က မချစ်ဘူးဆိုရင်တော့ ငါပြန်မလာတော့ပါဘူး။ မောင်နဲ့ ဝေးဝေးမှာပဲ နေမှာပေါ့။ အဲ့တော့ မောင်က ချစ်လားဟင်။ "

" ညာဏ်မဆင်နဲ့။ "

မျက်နှာရိပ်မျက်နှာကဲနဲ့ ပြောလိုက်သော နေခရဲ့စကားကို မောင်က တစ်ခွန်းတည်းပြန်တုံ့ပြန်လိုက်သော စကားကြောင့် နေခရှုံ့မဲ့သွားသည်။ မောင်ဆိုသည့်လူသားသည် ငါမောင့်အနားက နည်းနည်းမှ မဝေးနိုင်တာကို နားလည်ထားပုံ ရသည်။ မောင်သူ့ကို ကြည့်မနေမှန်းသိပေမယ့် နေခမျက်နှာကို ဆူပုတ်ထားလိုက်သည်။

" ဟင် မောင် ရယ်လိုက်တာလား။"

မောင်က သူ့မျက်နှာအမူအရာကို မျက်လုံးထောင့်က မြင်ပြီး ရီလိုက်တာကို သူသေချာမြင်လိုက်တာမို့။ နောက်ပြီး ခနဲ့ခြင်းကင်းသော ရယ်ခြင်း။ တစ်စုံတစ်ခုကို သဘောကျ၍ ရယ်ခြင်းမျိုး။

" အိပ်တော့ နေခ "

"ဟွန့် မောင်ဝန်မခံရင် မအိပ်ဘူး။"

ထိုင်ပြီး ဆူပုတ်နေသာ သူ့ကို မောင်က သူ့အားကြီးဖြင့် ဆွဲလှဲ၍ အိပ်စေသည်။

သိလား မောင် မောင့်ကို ငါဘယ်တော့မှ ကျောခိုင်းပြီး မနေနိုင်ဘူး။ မောင့်ဘက်ကို လှည့်ပြီး မောင်နဲ့မျက်နှာချင်းဆိုင် နှစ်ယောက်အတူတူ အရာအားလုံးကို ကျောခိုင်းထားကြမယ်။ ငါလေ မောင်ထင်တာထက် မောင့်ကို အများကြီးပိုချစ်တယ်။

************

sekeဆိုပြီး သန်သန်မာမာယောကျ်ား၂ယောက်ကြိုက်တာမျိုးရေးထားတာအသစ်လေး ရှိတယ်။ တက္ကသိုလ်စတက်ထဲကနေ လုပ်ငန်းရှင်ကြီးဖြစ်တဲ့အထိ အမျိုးမျိုးမွှေပြီး ဘိန်းတွေရောင်း အစိုးရကို လူလည်လုပ်ပြီး အချင်းချင်းလက်ဖဝါးရိုက် အဲ့လို ခပ်မိုက်မိုက် ခန့်ချောဘဲကြီး၂ကောင်ပေါ့။ ဖတ်ပေးကြပါဦးလို့ စျေးဗန်းပါ။

(Zawgyi)

ဟန္လင္းညိဳ ေနာက္ေန႔က် စိတ္ေျပသြားသည္။ စကၠကို ေျပာလိုက္မိတာ လြန္သြားၿပီလားလို႔ ျပန္ေတြးမိေပမယ့္ သူလည္း ကိုယ့္သူငယ္ခ်င္းေရွ႕ ကိုယ့္ကို ႐ိုင္းသြားတာပဲဟု ခပ္ခ်ဥ္ခ်ဥ္ေတြးလိုက္ေသးသည္။ သို႔ေပမယ့္လည္း သူက လူႀကီးတစ္ေယာက္မလား။ အစစအရာရာ သူပဲ ေလ်ာ့ေပးလိုက္တာ ေကာင္းပါသည္။ ေနာက္ရက္ ေဆးခန္းနားတဲ့ေန႔မွ စကၠဆီသြားၿပီး လူေရွ႕သူေရွ႕ စကားေျပာမ႐ိုင္းသင့္ေၾကာင္း ဆုံးမေပးရဦးမည္။

" ဟယ္လို သား "

"ဟုတ္ အေမ ေျပာေလ။"

" သား ေဆးခန္းပိတ္တဲ့ေန႔တစ္ရက္ေလာက္ အေမ့ကို အကူအညီတစ္ခုေလာက္ေပးလို႔ ရလား။"

"အာ...ရတာေပါ့ အေမရဲ႕။"

" ပဲခူးၿမိဳ႕က ဘိုးဘြားရိပ္သာကိုေလ ကင္ဆာေရာဂါနဲ႔ဆိုင္တဲ့ ေဟာေျပာပြဲေလးလုပ္ၾကမွာ အဲ့မွာ သားကို ႏြယ့္အေမက လာေစခ်င္ေနတာ။"

"ေအာ္... ဟုတ္ကဲ့ ရပါတယ္။"

"ေအးေအး အဲ့တာဆို ေက်းဇူးပါ သားရယ္။ သားကိုလည္း ႏြယ့္အေမက ပိုၿပီး ေလးစားတန္ဖိုးထားသြားတာေပါ့။"

" ဟုတ္ကဲ့။ သားသြားေပးပါ့မယ္။"

ႏြယ့္အေမက ေတာင္းတဲ့အကူအညီဆိုေတာ့ သူ႔မွာ ျငင္းလို႔လည္း မေကာင္း၍ လက္ခံရေတာ့မည္။ ပိတ္ရက္ေလး စကၠဆီသြားမလို႔ေတြးထားၿပီးခါမွကြာ။ သူအႀကံတစ္ခုရသြားသည္။ စကၠကို မနက္ျဖန္ညေနဝင္ေျပာၿပီး ပိတ္ရက္က်ပဲခူးကို သူႏွင့္အတူေခၚသြားလိုက္ရင္ ေကာင္းတာပဲ။ သူလည္း တစ္ေယာက္တည္းကားေမာင္းစရာ မလိုေတာ့ဘူးလို႔ ေတြးမိသည္။

**********

ေမာင့္အခန္းမွာ ေနေနတာ ၄ရက္ေက်ာ္သြားၿပီမို႔ ေနခ အျပင္ထြက္ခ်င္လာသည္။ ေမာင္နဲ႔အတူ ႐ုပ္ရွင္သြားၾကည့္ခ်င္သည္။ ေလွ်ာက္သြားခ်င္သည္။

" ေမာင္ "

ေမာင့္ရင္ခြင္ထဲကေန ခြၽဲၾကည့္သည္။

" ငါတို႔ ႐ုပ္ရွင္သြားၾကည့္ရေအာင္ေလ။"

ေမာင္က သူ႔ကိုယ္လုံးကို ရင္ခြင္ထဲထည့္ထားၿပီး ၿငိမ္သက္ေနသည္။

" ေမာင္သိလား။ ငါပ်င္းလာၿပီ။"

" အင္း "

" တကယ္ေနာ္ "

" အင္း "

" ဒါဆို ခုပဲသြားၾကမယ္ အဝတ္အစားလဲ "

အဝတ္အစားလဲၿပီး ႏွစ္ေယာက္အတူ ႐ုပ္ရွင္႐ုံကို သြားၾကသည္။ ပိတ္ရက္မဟုတ္ေတာ့ လူလည္းနည္းသည္။ အတြဲခုံလက္မွတ္ကို ယူလိုက္ၿပီး အထဲကို ဝင္လိုက္ေတာ့ ေအးခနဲ။ ေနခ ေမာင့္လက္ေမာင္းကို ဖက္ထားလိုက္သည္။

သရဲကားယူလိုက္သည္က ေနခရဲ႕ အႀကံျဖစ္သည္။ တစ္ခ်ိန္လုံး ေၾကာက္တယ္ဆိုၿပီး ေမာင့္ရင္ခြင္ထဲဝင္ေနရမည္။ ကိုယ့္အႀကံနဲ႔ကိုယ္ကေတာ့ ဟုတ္ေနတာပဲ ႐ုပ္ရွင္စမျပခင္ အခ်ိန္ထိေပါ့။

" အားးးးးးးးး"

သရဲက ႐ုတ္တရက္ဘြားခနဲ ထြက္လာေတာ့ ေနခ ထိတ္ခနဲ လန္႔သြားေပမယ့္ ေဘးက ေမာင့္ေအာ္သံအက်ယ္ႀကီးေၾကာင့္ ပိုေတာင္လန္႔သြားရသည္။ ကိုယ္တိုင္က ႐ုပ္ရွင္႐ိုက္လာတာမို႔ ႐ုပ္ရွင္ကို ႐ုပ္ရွင္ဟုသာ ျမင္သည္။ မေၾကာက္တတ္။ ေမာင့္ကို ၾကည့္လိုက္ေတာ့ ေစာနက ေအာ္လိုက္တာ သူမဟုတ္သည့္အတိုင္း မ်က္လုံးမွိတ္ထားသည္။ အေရွ႕ကလူေတြက လွည့္ၾကည့္ေတာ့ ေနခ ရယ္လိုက္သည္။

" ေမာင္ သရဲေၾကာက္တတ္တာလား။"

ေနခက ေမာင့္အနားတိုးတိုးေလးကပ္ေျပာလိုက္ေသာေၾကာင့္ ေနခဆီ ေမာင့္မ်က္ေစာင္းက ဒိုင္းခနဲ။

" မေၾကာက္ဘူး။"

" ဒါဆို ဘာလို႔ မ်က္လုံးႀကီးမွိတ္ထားတာလဲ။ ဖြင့္ၾကည့္ေလ။"

ေနခစကားေၾကာင့္ ေမာင့္မ်က္လုံးေတြ ဖြင့္လိုက္သည္။ ေနခက ေဘးခ်င္ကပ္စိုက္ၾကည့္ေနတာ ျမင္ေတာ့ ေမာင္က႐ုပ္ရွင္ကို ဆက္ၾကည့္သည္။ သရဲေပၚလာခါနီးတီးလုံးသံေပၚလာေတာ့ ေမာင့္ကိုယ္ေလးမသိမသာတုန္လာသည္။

" အားးးးး"

"ဟားဟားးဟားး"

ေမာင္ေအာ္တာၾကည့္ၿပီး ေနခရယ္လိုက္သည္။ ေမာင္ကေတာ့ အနည္းငယ္ရွက္သြားသည့္ပုံ ရသည္။

" လာပါ ထ ျပန္ရေအာင္ မၾကည့္နဲ႔ေတာ့။ "

" မျပန္ဘူး။"

" လာပါ ေမာင္မၾကည့္ရဲဘဲနဲ႔။"

" ၾကည့္ရဲတယ္။"

" ဒါမဲ့ ငါေၾကာက္တယ္ မၾကည့္ခ်င္ေတာ့ဘူး။ ျပန္ရေအာင္ "

ေမာင္က သူ႔ကို မယုံသလိုၾကည့္လာၿပီးမွ လက္ခံလိုက္သည္။ သူကေတာ့ တဟီးဟီးနဲ႔ ေမာင့္လက္ကို ဆုပ္ကိုင္ၿပီး အျပင္ကို ထြက္ခဲ့သည္။
မုန္႔ေတြ လွည့္ပတ္စားၿပီး မိုးခ်ဳပ္မွ အခန္းကို ျပန္ခဲ့ၾကသည္။

" ေမာင္ ေရအတူခ်ိဳးရေအာင္ "

ေရပန္းေအာက္မွာ ေမာင္က သူ႔ခႏၶာကိုယ္ကို အေနာက္မွ ဖက္ထားသည္။ အဝတ္မရွိတဲ့ ခႏၶာကိုယ္ႏွစ္ခုရဲ႕ ပူးကပ္မႈေၾကာင့္ ေနခ ရင္ေတြတရစပ္ခုန္လႈပ္ေနသည္။ ဆပ္ျပာရဲ႕ေမႊးရနံ႔ႏွင့္အတူ ေမာင့္အနမ္းမ်ားက ေနခေက်ာေပၚ ျပန္႔က်ဲလို႔။ ေမာင္က ေနခမရိပ္မိေလေအာင္ ခပ္ဖြဖြျမည္ေသာ အနမ္းမ်ားကို ေပးသည္။ ခါးနားကို လာေထာက္ျခင္းခံရေသာအသိေၾကာင့္ ေနခၿပဳံးလိုက္သည္။

ထို႔ေနာက္ ေမာင့္ေရွ႕ကို လွည့္၍ ဒူးေထာက္ထိုင္ခ်လိုက္ၿပီး ေမာင့္ကို ငုံေထြး၍ ျပဳစုမိသည္။

" အင္းးးး"

ပထမက တြန္းထုတ္ေပမယ့္ ေနာက္က်ေတာ့ ညည္းသံေလးေတြထြက္လာၿပီး ေမာင္သည္ အာခံတြင္းထဲကို ပို၍တိုးေဝွ႔လာပါသည္။ အဆုံးသတ္၌ ေမာင့္အခ်စ္ေတြက သူ႔ႏႈတ္ခမ္းဝမွ ရင္ဘတ္ကို စီးက်သြားၿပီး ေရပန္းက ေရစက္ေလးမ်ားျဖင့္ သန္႔ရွင္းေပးသည္။

" ခ်စ္တယ္ ေမာင္ "

ေမာင္ အရင္ ေရခ်ိဳးခန္းထဲက ထြက္သြားေတာ့ သူ႔စိတ္ေတြကိုလည္း သူေျဖေလ်ာ့မိသည္။

" အာ့ ေမာင္ "

ေရခ်ိဳးၿပီး ထြက္လာေတာ့ ေပါင္ေလာက္ရွိေသာ ေမာင့္အက်ႌအပြႀကီးကို ယူဝတ္လိုက္သည္။ ခုတင္ေပၚက ေမာင့္အနားကို သြားထိုင္လိုက္သည္။

" ဆံပင္ေတြ ေရေျခာက္ေအာင္သုတ္ေလ။"

" ေမာင္သုတ္ေပးပါ။ "

ေမာင္က တဘတ္ကို ယူလိုက္ၿပီး ေနခရဲ႕ ဆံပင္ေတြကို သုတ္ေပးသည္။

" ဆံပင္ရွည္ထားရတာ ႀကိဳက္လို႔လား။"

"ဟင္ "

ေမာင္ေျပာလိုက္ေတာ့ ဂုတ္ထိဝဲက်ေနေသာ ဆံပင္ေတြကို သူျပန္ကိုင္ၾကည့္လိုက္ၿပီး

" အင္း ႀကိဳက္တယ္။ ငါတန္ဖိုးထားရတဲ့သူ ကိုယ္တိုင္ထိန္းသိမ္းၿပီး ပုံသြင္းေပးထားတာမို႔ ဒီပုံေလးအတိုင္းပဲ ထားမိတာ။ သူကလည္း ငါ့ကို ဒီဆံပင္နဲ႔ လိုက္တယ္တဲ့။"

" ဘယ္သူလဲ။ "

" ေအာ္ ငါ့အရင္က Stylistေလ။ ဆုံးသြားတာေတာ့ ၅ႏွစ္ေက်ာ္ၿပီ။ သူဆုံးၿပီးကတည္းက ငါ့အနားမွာ ဘယ္သူ႔ကိုမွ အလုပ္မလုပ္ခိုင္းေတာ့ဘူး။ "

" ေႏြဦးခန္႔မလား။ မင္း stylistက "

"ဟယ္ ေမာင္သိေနတယ္။ ဟုတ္တယ္ ဟုတ္တယ္ သူပဲ။ ငါ့ကိုဆို အရမ္းခ်စ္ၿပီး အလိုလိုက္တာ။"

" ေအာ္ .."

" အာ့ ေမာင္ ငါ့ဆံပင္ေတြကို ဆြဲႏႈတ္ေနတာလား။ နာလိုက္တာ။"

" ဟမ္ အင္း ေဆာရီး"

" ရပါတယ္။ "

ေနခရဲ႕ ဆံပင္ေတြကို ထိေတြ႕ေနေသာ ေမာင့္လက္ေတြ ပိုၾကမ္းလာတာကို ေနခ သတိထားမိသည္။

" ေအးေနတာကို ဘာလို႔ ေပါင္တိုေလးဝတ္ထားတာလဲ။"

" ေမာင္ဖက္ထားရင္ ငါေႏြးသြားမွာမို႔ "

ေမာင့္ရင္ခြင္ထဲတိုးေဝွ႔ေတာ့ ေမာင္က တင္းတင္းက်ပ္က်ပ္ဖက္လိုက္ၿပီး မလုံမလဲျဖစ္ေနေသာ ေအာက္ပိုင္းကို သူ႔ေျခေထာက္ေအာက္ ဆြဲသိမ္းၿပီး ေႏြးေထြးေစသည္။ ေမာင္သည္ ေျခေထာက္ေတြကိုပါ ဆြဲဖက္ထားတယ္လို႔ ဆိုမလား။

" ေမာင္ ငါမနက္ျဖန္ေတာ့ ျပန္မွ ရမယ္နဲ႔တူတယ္။"

" ဟမ္ "

"ဟုတ္တယ္ေမာင္ရဲ႕ မားက စိတ္ပူေနလိမ့္မယ္။"

" ေသခ်ာလား။"

" အြန္း "

" မင္းျပန္သြားရင္ မင္းအေမက ျပန္လႊတ္ေတာ့မွာ မဟုတ္ဘူး။ "

" ဟင္ ေမာင္ မားရဲ႕အေၾကာင္းဘယ္လိုလုပ္သိ "

မားရဲ႕ စိတ္ဓာတ္ကို ေနခအျပင္သိတဲ့ တစ္ေယာက္တိုးလာၿပီပဲ။

" စိတ္မပူနဲ႔ေမာင္ ငါ့စိတ္ကို ဘယ္သူမွ တားလို႔ မရဘူး။ မားအတင္းတားရင္ ငါသတ္ေသျပလိုက္မွာ။ "

ေမာင့္ရဲ႕ မ်က္လုံးေတြက ျပဴးသြားၿပီး သူ႔ကို စိုက္ၾကည့္သည္။ သူျပန္ၾကည့္လိုက္ေတာ့ ၾကည့္ေနတုန္း။

" ဟားဟားဟားး ေမာင္ရယ္ တုံးလိုက္တာ။ တကယ္သတ္ေသမလားလို႔။ ေမာင္နဲ႔ေတာင္ မေပါင္းရေသးဘူး။ ငါကမင္းသားေလ ဟဲဟဲ သ႐ုပ္ေဆာင္မွာေပါ့။"

ေနခရွင္းျပလိုက္မွ ေမာင္က စိတ္ေအးသြားပုံ မ်က္ႏွာလႊဲသြားသည္။

" ဒါမဲ့ "

ေနခေျပာမဲ့ စကားကို ေမာင္စိတ္ဝင္စားရဲ႕လား ၾကည့္လိုက္ၿပီးမွ ဆက္ေျပာသည္။

" ေမာင္က မခ်စ္ဘူးဆိုရင္ေတာ့ ငါျပန္မလာေတာ့ပါဘူး။ ေမာင္နဲ႔ ေဝးေဝးမွာပဲ ေနမွာေပါ့။ အဲ့ေတာ့ ေမာင္က ခ်စ္လားဟင္။ "

" ညာဏ္မဆင္နဲ႔။ "

မ်က္ႏွာရိပ္မ်က္ႏွာကဲနဲ႔ ေျပာလိုက္ေသာ ေနခရဲ႕စကားကို ေမာင္က တစ္ခြန္းတည္းျပန္တုံ႔ျပန္လိုက္ေသာ စကားေၾကာင့္ ေနခရႈံ႕မဲ့သြားသည္။ ေမာင္ဆိုသည့္လူသားသည္ ငါေမာင့္အနားက နည္းနည္းမွ မေဝးႏိုင္တာကို နားလည္ထားပုံ ရသည္။ ေမာင္သူ႔ကို ၾကည့္မေနမွန္းသိေပမယ့္ ေနခမ်က္ႏွာကို ဆူပုတ္ထားလိုက္သည္။

" ဟင္ ေမာင္ ရယ္လိုက္တာလား။"

ေမာင္က သူ႔မ်က္ႏွာအမူအရာကို မ်က္လုံးေထာင့္က ျမင္ၿပီး ရီလိုက္တာကို သူေသခ်ာျမင္လိုက္တာမို႔။ ေနာက္ၿပီး ခနဲ႔ျခင္းကင္းေသာ ရယ္ျခင္း။ တစ္စုံတစ္ခုကို သေဘာက်၍ ရယ္ျခင္းမ်ိဳး။

" အိပ္ေတာ့ ေနခ "

"ဟြန္႔ ေမာင္ဝန္မခံရင္ မအိပ္ဘူး။"

ထိုင္ၿပီး ဆူပုတ္ေနသာ သူ႔ကို ေမာင္က သူ႔အားႀကီးျဖင့္ ဆြဲလွဲ၍ အိပ္ေစသည္။

သိလား ေမာင္ ေမာင့္ကို ငါဘယ္ေတာ့မွ ေက်ာခိုင္းၿပီး မေနႏိုင္ဘူး။ ေမာင့္ဘက္ကို လွည့္ၿပီး ေမာင္နဲ႔မ်က္ႏွာခ်င္းဆိုင္ ႏွစ္ေယာက္အတူတူ အရာအားလုံးကို ေက်ာခိုင္းထားၾကမယ္။ ငါေလ ေမာင္ထင္တာထက္ ေမာင့္ကို အမ်ားႀကီးပိုခ်စ္တယ္။

************

sekeဆိုၿပီး သန္သန္မာမာေယာက်္ား၂ေယာက္ႀကိဳက္တာမ်ိဳးေရးထားတာအသစ္ေလး ရွိတယ္။ တကၠသိုလ္စတက္ထဲကေန လုပ္ငန္းရွင္ႀကီးျဖစ္တဲ့အထိ အမ်ိဳးမ်ိဳးေမႊၿပီး ဘိန္းေတြေရာင္း အစိုးရကို လူလည္လုပ္ၿပီး အခ်င္းခ်င္းလက္ဖဝါး႐ိုက္ အဲ့လို ခပ္မိုက္မိုက္ ခန႔္ေခ်ာဘဲႀကီး၂ေကာင္ေပါ့။ ဖတ္ေပးၾကပါဦးလို႔ ေစ်းဗန္းပါ။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі