Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-15
(Unicode)

အင်တာနက်ပေါ်မှာ တက်လာသော သတင်းများကို ကြည့်ရင်း နေခလက်ဖျားတွေ တုန်နေသည်။

ဒီပုံက ဘယ်ကနေဘယ်လို လိုင်းပေါ်ရောက်သွားရတာလဲ။သူ့အနောက်ကို နောက်ယောင်ခံလိုက်နေသော mediaများရှိလိမ့်မည်ဟု မထင်ထားခဲ့။ အခုလောက်ဆို ဒီပုံတွေ ဒီသတင်းတွေကို မားကသိပြီး ပွဲကြမ်းနေလောက်ပြီ။

"မောင်ရေ ဘယ်လိုလုပ်ကြမတုန်း "

ဖုန်းကို မောင့်အရှေ့ထိုးပြလိုက်သည်။ မောင်က ဖုန်းကို လှမ်းယူပြီး အခြေအနေကို ခေတ္တကြည့်ပြီးနောက် ဖုန်းကို ပိတ်လိုက်သည်။

" မကြည့်နဲ့တော့ "

"ဟင် မောင်ကလည်း ဒီအခြေအနေကြီးကို ဘယ်လိုရှင်းမလဲလို့။ ငါအခု အိမ်ပြန်ရင် မားက "

" မပြန်နဲ့ "

"ဟင် "

မောင်တကယ်များပြောနေတာလား။ မောင်မပြန်နဲ့ဆိုလည်း မပြန်တော့ပါဘူး။ မား သူ့ဘာသူရှင်းပါစေ။ မောင့်အနားမှာ နေရမှာ ဘယ်လောက်ပျော်စရာကောင်းလဲ။

မောင့်အိပ်ရာပေါ် ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်း  သူ့ကို ကျောခိုင်းပြီးထိုင်နေသော မောင့်ခါးကို အနောက်က ဖက်လိုက်သည်။

" မောင်....ငါဖွင့်ပြောလိုက်ရမလား။ ငါတို့ချစ်သူတွေ ဆိုတာကိုလေ။"

" မပြောနဲ့ "

" ဟင် ဘာလို့လဲ မောင်ရဲ့။ တစ်ချိန်ကျရင် ​အားလုံးသိကုန်မှာပဲ မဟုတ်လား။ အခုကတည်းက..."

" မပြောနဲ့! "

မောင် ဘာကို ခါးခါးသီးသီးဖြစ်နေရတာလဲ။ ငါနဲ့ချစ်သူဖြစ်ရတာကို မောင်က ရှက်နေသည်လား။ ငါမေ့သွားတာပဲ မောင်က ငါ့ကို ချစ်ပါတယ်လို့ ဖွင့်တောင်မပြောဖူးသေးတဲ့ဟာ။

" ရပါတယ် မောင် အကြောင်းပြချက်တွေလည်း မလိုတော့ဘူး။ မောင်စိတ်ရှိတိုင်းသာ လုပ်ပါ။ "

မောင့်ကို ဖက်တွယ်ထားမိတဲ့ လက်ကို လွှတ်ချလိုက်ပြီး ကျောခိုင်းထားတဲ့ မောင့်ကို ပြန်ကျောခိုင်းပြီး အိပ်လိုက်သည်။ အိပ်ပျော်နေရင်တော့ ငါမနာကျင်တော့လောက်ဘူးမလား မောင် ။ ဒါပေမယ့် မောင့်ကိုချစ်ရတာ ပင်ပန်းတယ်လို့ တစ်ခါမှ မယူဆဖူးဘူး။

အိပ်ပျော်ခါနီးဆဲဆဲတွင် ခန္ဓာကိုယ်ပေါ်လွှမ်းခြုံလာသော စောင်ထူထူလေးရဲ့ အထိအတွေ့ကြောင့် ပြုံးလိုက်မိသေးသည်။ မောင် ငါ့ကို တစ်ချိန်သေချာပေါက်ပြန်ချစ်လာမှာပါ။ ငါကလည်း ချစ်အောင် လုပ်မှာမို့။

မောင်လွှမ်းခြုံပေးခဲ့သော အနွေးဓာတ်ကြောင့် အချိန်ကြာမြင့်စွာ အိပ်ပျော်သွားသည်ထင်ပါရဲ့။ မောင့်လက်ဖျားလေးတွေနဲ့ ထိတွေ့ခံလိုက်ရပြီးမှ လူကနိုးလာသည်။

"ဟင် မောင် "

" ထတော့ ညစာစားရအောင် "

" အွန်း "

ခေါက်ခုံလေးတစ်ခုပေါ်၌ တင်ထားသော အသီးအရွက်ကြော်တွေ ဆီပြန်ဟင်းတွေက မောင်ဘယ်က သွားဝယ်လာတာပါလိမ့်။ ပုံမှန်ဆို ဒီလိုဆိုင်တွေက မစားတတ်တဲ့ ငါက မောင်ဝယ်ပေးထားတာဆိုတော့ သဘောကျသည်။

မောင်က ထမင်းပူပူတွေကို သူ့ပုကန်ထဲခပ်ထည့်ပေးသည်။ ဆိုင်ကဝယ်လာတာပေမယ့် ဟင်းတွေက သူ့ပါးစပ်ထဲခံတွင်းတွေ့လှသည်။

" မောင် ဒါတွေ ဘယ်ကဝယ်လာတာလဲ။"

" ချက်ထားတာ။ "

"ဟင် မောင် "

အသားတုံးကို ဖဲ့ရင်း မောင့်ကို အံ့သြမှုအစုံနဲ့ ပြန်မော့ကြည့်မိပြန်သည်။ ဒီဟင်းတွေက မောင်ကိုယ်တိုင်ချက်ထားတာတဲ့လား။ ဒါကြောင့်မို့ ဒီလောက်ကောင်းနေတာကိုး။

" ဟင်းးး နေခမင်းမြတ်တို့ကတော့ တကယ်ကံကောင်းတာပဲ။ ဒီလိုချက်တတ်ပြုတ်တတ် အချုပ်အလုပ်တော်တဲ့ မိန်းမမျိုးရထားတာလေ။ ခွီးးး "

အားရပါးရရီနေသော သူ့ကို မောင်က မျက်မှောင်ကုတ်ပြီး စိုက်ကြည့်နေတာ မြင်မှ သူမျက်နှာပိုးသတ်လိုက်သည်။

" အဟမ်း "

ချောင်းဟမ့်လိုက်ပြီး ထမင်းဆက်စားနေတော့ မောင့်ဆီက အသံထွက်လာသည်။

" ဘယ်သူက မိန်းမလဲ။ "

စားနေရင်းဇွန်းလေးကို အသာချ ရေခွက်ကို ကောက်သောက်လိုက်ပြီး လည်ချောင်းအရင်ရှင်းလိုက်သည်။

" ထက်ဦးခန့်က နေခမင်းမြတ်ရဲ့ မိန်းမလေ။ "

မောင့်မျက်နှာက အတော်စိတ်ဆိုးနေပြီမှန်း နေခခန့်မှန်းမိသည်။ သို့ပေမဲ့ မောင်ဒီလို ဖြစ်နေတဲ့ပုံက တည်ငြိမ်ပြီး ခံစားချက်မဲ့နေတဲ့ ပုံထက်ကြည့်ကောင်းတာမို့ သူဆက်စဖို့ရန် ကြံဆမိသည်။

" ကိုယ့်ယောကျ်ားအတွက် ထမင်းဟင်းတွေ ချက်ပေးတာတို့ သိုးမွှေးထိုးတာတို့က မိန်းမတွေပဲ လုပ်တာမလား။ အဲ့ကြောင့် မောင်က ငါ့မိန်းမလို့ ပြောတာပေါ့။"

မောင့်မျက်နှာနီလာမှန်းသိရက်နဲ့ ရေတစ်ငုံထပ်ငုံလိုက်သည်။

" ဒါပေမဲ့ မင်း ဟိုနေ့က ငါလုပ်တာ ခံပြီးသွားပြီ! "

" အဟွတ် အဟွတ် အဟွတ် "

ငုံထားသော ရေတွေပြန်ထွက်လာပြီး ရင်ဘတ်တောင်စိုသွားသည်။

" အားးးး မောင် ဘယ်လိုကြီးပြောချလိုက်တာလဲ။"

မောင့်မျက်လုံးတွေက သူ့ကို စူးစိုက်ကြည့်နေရင်း ပြောထွက်လာတဲ့ စကားတစ်လုံးတည်းနဲ့ အနိုင်ပိုင်းသွားသည်။

" အား ရှက်လိုက်တာ။ တော်ပြီ ပန်းကန်တွေ မောင်ပဲ ဆေးတော့ ငါ ပြန်အိပ်တော့မယ်။"

မောင့်ကို စပြီး အရှက်သဲရတာက သူပါပဲ။ မောင်အခန်းထဲပြန်ဝင်လာတော့ စောင်ခေါင်းမြီးခြုံပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။ မောင် သူ့ဘေး၌ ဝင်လှဲလိုက်တာကို သူသိသည်။ တစ်ကိုယ်လုံးစောင်အပြည့်ပတ်ထားသောကြောင့် မောင့်အမြင်မှာသူက ပိုးတုံးလုံးနှင့်ပင် တူနေလိမ့်မည်။ စောင်ထဲမှာနေရင်း သူမွန်းကြပ်လာသည်။ ပူလာသည်။ မောင့်မျက်နှာကို ကြည့်ချင်လာသည်။ ဘေးက မောင်က ငြိမ်နေတော့ ခေါင်းမြီးခြုံထားသော စောင်ကို ခါးအောက်လျော့ချလိုက်သည်။

" ဟူးး အခုမှပဲ အသက်ရှူဝတော့တယ်။"

မောင်က သူ့ဘက်ခန္ဓာကိုယ်ကို စောင်းအိပ်နေပြီး ငြိမ်သက်နေသည်။
မောင့်မျက်တောင်လေးတွေကို လက်နဲ့ထိချင်လာ၍ မောင့်ပါးလေးကို လက်လှမ်းလိုက်သည်။ သို့ပေမယ့် မောင်က ရုတ်တရက်မျက်လုံးဖွင့်လာသည်။

" မောင် အိပ်မပျော်သေးဘူးလား။ "

မောင်က စောင်ကို ဆွဲယူလိုက်ပြီး နှစ်ယောက်လုံးရဲ့ ပခုံးအထိခြုံလိုက်သည်။
ထို့နောက် နေခအနောက်က အခန်းမီးကို လှမ်းပိတ်လိုက်တာမို့ အခန်းက မှောင်မဲသွားသည်။

" ဟင် မောင် "

မောင့်အနားတိုးကပ်၍ မောင့်ကို ဖက်ထားလိုက်သည်။ အတော်ကြာတဲ့အထိ နေခအိပ်မပျော် တစ်ညနေလုံးအိပ်ထား၍ ပိုဆိုးသည်။ ဘေးနားမှာ မောင်ကရှိနေ၍ အပျော်လွန်ပြီး အိပ်မပျော်နိုင်တာလည်း ပါသည်။

" မောင်... မောင်... မောင်!  "

မောင်က သူခေါ်တာကို မထူးတော့ အိပ်သွားပြီလားမသိဘူး။ မောင်အိပ်နေတာမှန်မမှန်စမ်းသပ်ရအောင် လက်ကို မောင့်ခါးနားသို့ တဖြည်းဖြည်းအောက်လျောလာလိုက်သည်။ မောင့်ဘောင်းဘီဇစ်ကို ဆွဲချဖို့ လုပ်တော့ မောင်က သူ့လက်ကို ဖမ်းကိုင်လိုက်သည်။

" အိပ်တော့ နေခ "

" ဟွန်းးး "

သူ့လက်နှစ်ဖက်လုံးကို ပူးပြီး သူ့ခန္ဓာကိုယ်ကို မောင်က အဆော့မက်နေတဲ့ ကလေးလေးတစ်ယောက်ကို သိပ်သလိုမျိုး ချုပ်ပြီး ဖက်ထားလိုက်သည်။ သူ့မှာတော့ မောင်ချုပ်ထားသည်ကို  အသက်ရှူမကြပ်သည့်အပြင် ရင်တွေ တထိတ်ထိတ်ခုန်နေတော့သည်။

*********
အဆက်အသွယ်မရဘဲ တစ်ညလုံးပျောက်နေသော သားဖြစ်သူကြောင့် ဒေါ်မေခအလွန်စိတ်ပူနေသည်။ Media တချို့က သူ့ကုမ္ပဏီအောက်မှာ စုပြုံပြီး ရောက်နေကြပြီ။

" နေခမင်းမြတ်ရယ် ဖုန်းလေးတော့ ကိုင်ပါလား။ အခုတော့ ငါဘယ်လို ညှိရမလဲ။ "

ပြဿနာက သူတစ်ယောက်ထဲဖြေရှင်းလို့ ရတာမျိုးမဟုတ်။ interviewကို လက်ခံဖြေလိုက်ပြီးမှ သားဖြစ်သူက ပေါ်လာရင် ကချော်ကချွတ်ဖြစ်သွားရုံသာ ရှိလိမ့်မည်။

စိတ်အေးအေးထားလိုက်ပြီး လက်ခံတွေ့ဆုံဖို့သာ ပြင်ရတော့သည်။ သူကုမ္ပဏီအောက်ကို ဆင်းလာတာ မြင်တာနဲ့ သတင်းထောက်တွေကဝိုင်းလာသည်။ ဘေးက လုံခြုံရေးတောင် မနိုင်လောက်အောင် ဖြစ်နေသည်။

" ဒေါ်မေခ ခဏလေးပါ။ အခု နေခမင်းမြတ်ရဲ့ ဓာတ်ပုံနဲ့ ပတ်သတ်ပြီး တစ်ခုခုပြောပေးပါဦး။"

"ဟုတ်ပါတယ်။ တကယ်ပဲ သူက ယောကျ်ားချင်းတွဲနေတာလဲ။ နောက်ပြီး fantasy barက ကောင်လေးနဲ့က ဘယ်အခြေအနေတွေထိ ရောက်နေကြတာလဲ။ ဖြေပေးပါ။ "

မိုက်တွေနဲ့ အတင်းတိုးဝေ့ပြီး ထိုးမေးနေကြတော့ ဒေါ်မေခအတော်စိတ်ပျက်လာသည်။ အတော် ethicမရှိတဲ့ လူတွေပဲ။ သူတို့ သတင်းရရေးအတွက်ပဲ ရှေးရှုနေကြတာ။ နည်းနည်းပါးပါးလူလိုလေးနားလည်ပေးကြပါဦးလား။ တစ်ဖက်လူရဲ့ ကိုယ်ရေးကိုယ်တာကို အဲ့ထိလောက်တောင်စိတ်ဝင်စားနေရလား။

" ခဏ ခဏနေကြပါဦး။ ဒီသတင်းတွေက ဘယ်ကရလာကြတာလဲ။ ဒီမတိကျတဲ့ မှုန်ဝါးဝါးပုံလေးတစ်ပုံအတွက်နဲ့ ကျွန်မသားကို ဘယ်လိုတောင်ဆွဲတွေးရက်နိုင်ကြတာလဲ။"

"fantasyက အဆိုတော် ကောင်လေးနဲ့ကရော ဘယ်လို ပတ်သတ်ကြတာလဲ။"

"ဒီမှာ နေခမင်းမြတ်က နိုင်ငံကျော်မင်းသားနော်။ ဒီလိုအဆင့်အတန်းမရှိတဲ့ နေရာကို သွားစရာအကြောင်းမရှိဘူး။ နောက်ပြီး အဲ့ပုံမတက်လာခင်ကတည်းက သားကရှူတင်ပြီးပြီးချင်းညတွင်းချင်း ဘန်ကောက်ကို သူ့မန်နေဂျာနဲ့ ထွက်သွားခဲ့တာ။ ဒီလို မတိကျပဲ စွပ်စွဲတဲ့သဘောပြောနေမယ််ဆိုရင် သူ့မန်နေဂျာကတစ်ဆင့်ရှင်တို့ကို တရားစွဲရလိမ့်မယ်နော်။"

ခပ်မာမာလေသံနဲ့ပြောခဲ့လိုက်ပြီး တည်တည်ငြိမ်ငြိမ်ကားပေါ်တက်ခဲ့လိုက်သည်။ ဒီသတင်းတွေက မဟုတ်မှန်လို့ သူတို့ဘက်က တုန်လှုပ်ခြင်း မလျဥ်းမရှိဆိုတာမျိုး ပြုမူခဲ့သည်။ အရေးကြီးတာက ပျောက်နေတဲ့ နေခမင်းမြတ်ကို မီဒီယာတွေ မတွေ့သွားဖို့ဖြစ်သည်။ ဘန်ကောက်ရောက်နေတယ်လို့ လိမ်ထားတာမို့ ဒီမြေမှာ နေခကို သူတို့ရှာတွေ့သွားလို့ မဖြစ်ပါ။ သားကို အမြန်ဆက်သွယ်ပြီး ရှောင်နေဖို့ ပြောထားဦးမှပါ။

(Zawgyi)

အင္တာနက္ေပၚမွာ တက္လာေသာ သတင္းမ်ားကို ၾကည့္ရင္း ေနခလက္ဖ်ားေတြ တုန္ေနသည္။

ဒီပုံက ဘယ္ကေနဘယ္လို လိုင္းေပၚေရာက္သြားရတာလဲ။သူ႔အေနာက္ကို ေနာက္ေယာင္ခံလိုက္ေနေသာ mediaမ်ားရွိလိမ့္မည္ဟု မထင္ထားခဲ့။ အခုေလာက္ဆို ဒီပုံေတြ ဒီသတင္းေတြကို မားကသိၿပီး ပြဲၾကမ္းေနေလာက္ၿပီ။

"ေမာင္ေရ ဘယ္လိုလုပ္ၾကမတုန္း "

ဖုန္းကို ေမာင့္အေရွ႕ထိုးျပလိုက္သည္။ ေမာင္က ဖုန္းကို လွမ္းယူၿပီး အေျခအေနကို ေခတၱၾကည့္ၿပီးေနာက္ ဖုန္းကို ပိတ္လိုက္သည္။

" မၾကည့္နဲ႔ေတာ့ "

"ဟင္ ေမာင္ကလည္း ဒီအေျခအေနႀကီးကို ဘယ္လိုရွင္းမလဲလို႔။ ငါအခု အိမ္ျပန္ရင္ မားက "

" မျပန္နဲ႔ "

"ဟင္ "

ေမာင္တကယ္မ်ားေျပာေနတာလား။ ေမာင္မျပန္နဲ႔ဆိုလည္း မျပန္ေတာ့ပါဘူး။ မား သူ႔ဘာသူရွင္းပါေစ။ ေမာင့္အနားမွာ ေနရမွာ ဘယ္ေလာက္ေပ်ာ္စရာေကာင္းလဲ။

ေမာင့္အိပ္ရာေပၚ ဟိုလွိမ့္ဒီလွိမ့္လုပ္ရင္း  သူ႔ကို ေက်ာခိုင္းၿပီးထိုင္ေနေသာ ေမာင့္ခါးကို အေနာက္က ဖက္လိုက္သည္။

" ေမာင္....ငါဖြင့္ေျပာလိုက္ရမလား။ ငါတို႔ခ်စ္သူေတြ ဆိုတာကိုေလ။"

" မေျပာနဲ႔ "

" ဟင္ ဘာလို႔လဲ ေမာင္ရဲ႕။ တစ္ခ်ိန္က်ရင္ ​အားလုံးသိကုန္မွာပဲ မဟုတ္လား။ အခုကတည္းက..."

" မေျပာနဲ႔! "

ေမာင္ ဘာကို ခါးခါးသီးသီးျဖစ္ေနရတာလဲ။ ငါနဲ႔ခ်စ္သူျဖစ္ရတာကို ေမာင္က ရွက္ေနသည္လား။ ငါေမ့သြားတာပဲ ေမာင္က ငါ့ကို ခ်စ္ပါတယ္လို႔ ဖြင့္ေတာင္မေျပာဖူးေသးတဲ့ဟာ။

" ရပါတယ္ ေမာင္ အေၾကာင္းျပခ်က္ေတြလည္း မလိုေတာ့ဘူး။ ေမာင္စိတ္ရွိတိုင္းသာ လုပ္ပါ။ "

ေမာင့္ကို ဖက္တြယ္ထားမိတဲ့ လက္ကို လႊတ္ခ်လိုက္ၿပီး ေက်ာခိုင္းထားတဲ့ ေမာင့္ကို ျပန္ေက်ာခိုင္းၿပီး အိပ္လိုက္သည္။ အိပ္ေပ်ာ္ေနရင္ေတာ့ ငါမနာက်င္ေတာ့ေလာက္ဘူးမလား ေမာင္ ။ ဒါေပမယ့္ ေမာင့္ကိုခ်စ္ရတာ ပင္ပန္းတယ္လို႔ တစ္ခါမွ မယူဆဖူးဘူး။

အိပ္ေပ်ာ္ခါနီးဆဲဆဲတြင္ ခႏၶာကိုယ္ေပၚလႊမ္းၿခဳံလာေသာ ေစာင္ထူထူေလးရဲ႕ အထိအေတြ႕ေၾကာင့္ ၿပဳံးလိုက္မိေသးသည္။ ေမာင္ ငါ့ကို တစ္ခ်ိန္ေသခ်ာေပါက္ျပန္ခ်စ္လာမွာပါ။ ငါကလည္း ခ်စ္ေအာင္ လုပ္မွာမို႔။

ေမာင္လႊမ္းၿခဳံေပးခဲ့ေသာ အေႏြးဓာတ္ေၾကာင့္ အခ်ိန္ၾကာျမင့္စြာ အိပ္ေပ်ာ္သြားသည္ထင္ပါရဲ႕။ ေမာင့္လက္ဖ်ားေလးေတြနဲ႔ ထိေတြ႕ခံလိုက္ရၿပီးမွ လူကႏိုးလာသည္။

"ဟင္ ေမာင္ "

" ထေတာ့ ညစာစားရေအာင္ "

" အြန္း "

ေခါက္ခုံေလးတစ္ခုေပၚ၌ တင္ထားေသာ အသီးအ႐ြက္ေၾကာ္ေတြ ဆီျပန္ဟင္းေတြက ေမာင္ဘယ္က သြားဝယ္လာတာပါလိမ့္။ ပုံမွန္ဆို ဒီလိုဆိုင္ေတြက မစားတတ္တဲ့ ငါက ေမာင္ဝယ္ေပးထားတာဆိုေတာ့ သေဘာက်သည္။

ေမာင္က ထမင္းပူပူေတြကို သူ႔ပုကန္ထဲခပ္ထည့္ေပးသည္။ ဆိုင္ကဝယ္လာတာေပမယ့္ ဟင္းေတြက သူ႔ပါးစပ္ထဲခံတြင္းေတြ႕လွသည္။

" ေမာင္ ဒါေတြ ဘယ္ကဝယ္လာတာလဲ။"

" ခ်က္ထားတာ။ "

"ဟင္ ေမာင္ "

အသားတုံးကို ဖဲ့ရင္း ေမာင့္ကို အံ့ၾသမႈအစုံနဲ႔ ျပန္ေမာ့ၾကည့္မိျပန္သည္။ ဒီဟင္းေတြက ေမာင္ကိုယ္တိုင္ခ်က္ထားတာတဲ့လား။ ဒါေၾကာင့္မို႔ ဒီေလာက္ေကာင္းေနတာကိုး။

" ဟင္းးး ေနခမင္းျမတ္တို႔ကေတာ့ တကယ္ကံေကာင္းတာပဲ။ ဒီလိုခ်က္တတ္ျပဳတ္တတ္ အခ်ဳပ္အလုပ္ေတာ္တဲ့ မိန္းမမ်ိဳးရထားတာေလ။ ခြီးးး "

အားရပါးရရီေနေသာ သူ႔ကို ေမာင္က မ်က္ေမွာင္ကုတ္ၿပီး စိုက္ၾကည့္ေနတာ ျမင္မွ သူမ်က္ႏွာပိုးသတ္လိုက္သည္။

" အဟမ္း "

ေခ်ာင္းဟမ့္လိုက္ၿပီး ထမင္းဆက္စားေနေတာ့ ေမာင့္ဆီက အသံထြက္လာသည္။

" ဘယ္သူက မိန္းမလဲ။ "

စားေနရင္းဇြန္းေလးကို အသာခ် ေရခြက္ကို ေကာက္ေသာက္လိုက္ၿပီး လည္ေခ်ာင္းအရင္ရွင္းလိုက္သည္။

" ထက္ဦးခန္႔က ေနခမင္းျမတ္ရဲ႕ မိန္းမေလ။ "

ေမာင့္မ်က္ႏွာက အေတာ္စိတ္ဆိုးေနၿပီမွန္း ေနခခန္႔မွန္းမိသည္။ သို႔ေပမဲ့ ေမာင္ဒီလို ျဖစ္ေနတဲ့ပုံက တည္ၿငိမ္ၿပီး ခံစားခ်က္မဲ့ေနတဲ့ ပုံထက္ၾကည့္ေကာင္းတာမို႔ သူဆက္စဖို႔ရန္ ႀကံဆမိသည္။

" ကိုယ့္ေယာက်္ားအတြက္ ထမင္းဟင္းေတြ ခ်က္ေပးတာတို႔ သိုးေမႊးထိုးတာတို႔က မိန္းမေတြပဲ လုပ္တာမလား။ အဲ့ေၾကာင့္ ေမာင္က ငါ့မိန္းမလို႔ ေျပာတာေပါ့။"

ေမာင့္မ်က္ႏွာနီလာမွန္းသိရက္နဲ႔ ေရတစ္ငုံထပ္ငုံလိုက္သည္။

" ဒါေပမဲ့ မင္း ဟိုေန႔က ငါလုပ္တာ ခံၿပီးသြားၿပီ! "

" အဟြတ္ အဟြတ္ အဟြတ္ "

ငုံထားေသာ ေရေတြျပန္ထြက္လာၿပီး ရင္ဘတ္ေတာင္စိုသြားသည္။

" အားးးး ေမာင္ ဘယ္လိုႀကီးေျပာခ်လိုက္တာလဲ။"

ေမာင့္မ်က္လုံးေတြက သူ႔ကို စူးစိုက္ၾကည့္ေနရင္း ေျပာထြက္လာတဲ့ စကားတစ္လုံးတည္းနဲ႔ အႏိုင္ပိုင္းသြားသည္။

" အား ရွက္လိုက္တာ။ ေတာ္ၿပီ ပန္းကန္ေတြ ေမာင္ပဲ ေဆးေတာ့ ငါ ျပန္အိပ္ေတာ့မယ္။"

ေမာင့္ကို စၿပီး အရွက္သဲရတာက သူပါပဲ။ ေမာင္အခန္းထဲျပန္ဝင္လာေတာ့ ေစာင္ေခါင္းၿမီးၿခဳံၿပီး အိပ္ခ်င္ေယာင္ေဆာင္လိုက္သည္။ ေမာင္ သူ႔ေဘး၌ ဝင္လွဲလိုက္တာကို သူသိသည္။ တစ္ကိုယ္လုံးေစာင္အျပည့္ပတ္ထားေသာေၾကာင့္ ေမာင့္အျမင္မွာသူက ပိုးတုံးလုံးႏွင့္ပင္ တူေနလိမ့္မည္။ ေစာင္ထဲမွာေနရင္း သူမြန္းၾကပ္လာသည္။ ပူလာသည္။ ေမာင့္မ်က္ႏွာကို ၾကည့္ခ်င္လာသည္။ ေဘးက ေမာင္က ၿငိမ္ေနေတာ့ ေခါင္းၿမီးၿခဳံထားေသာ ေစာင္ကို ခါးေအာက္ေလ်ာ့ခ်လိုက္သည္။

" ဟူးး အခုမွပဲ အသက္ရႉဝေတာ့တယ္။"

ေမာင္က သူ႔ဘက္ခႏၶာကိုယ္ကို ေစာင္းအိပ္ေနၿပီး ၿငိမ္သက္ေနသည္။
ေမာင့္မ်က္ေတာင္ေလးေတြကို လက္နဲ႔ထိခ်င္လာ၍ ေမာင့္ပါးေလးကို လက္လွမ္းလိုက္သည္။ သို႔ေပမယ့္ ေမာင္က ႐ုတ္တရက္မ်က္လုံးဖြင့္လာသည္။

" ေမာင္ အိပ္မေပ်ာ္ေသးဘူးလား။ "

ေမာင္က ေစာင္ကို ဆြဲယူလိုက္ၿပီး ႏွစ္ေယာက္လုံးရဲ႕ ပခုံးအထိၿခဳံလိုက္သည္။
ထို႔ေနာက္ ေနခအေနာက္က အခန္းမီးကို လွမ္းပိတ္လိုက္တာမို႔ အခန္းက ေမွာင္မဲသြားသည္။

" ဟင္ ေမာင္ "

ေမာင့္အနားတိုးကပ္၍ ေမာင့္ကို ဖက္ထားလိုက္သည္။ အေတာ္ၾကာတဲ့အထိ ေနခအိပ္မေပ်ာ္ တစ္ညေနလုံးအိပ္ထား၍ ပိုဆိုးသည္။ ေဘးနားမွာ ေမာင္ကရွိေန၍ အေပ်ာ္လြန္ၿပီး အိပ္မေပ်ာ္ႏိုင္တာလည္း ပါသည္။

" ေမာင္... ေမာင္... ေမာင္!  "

ေမာင္က သူေခၚတာကို မထူးေတာ့ အိပ္သြားၿပီလားမသိဘူး။ ေမာင္အိပ္ေနတာမွန္မမွန္စမ္းသပ္ရေအာင္ လက္ကို ေမာင့္ခါးနားသို႔ တျဖည္းျဖည္းေအာက္ေလ်ာလာလိုက္သည္။ ေမာင့္ေဘာင္းဘီဇစ္ကို ဆြဲခ်ဖို႔ လုပ္ေတာ့ ေမာင္က သူ႔လက္ကို ဖမ္းကိုင္လိုက္သည္။

" အိပ္ေတာ့ ေနခ "

" ဟြန္းးး "

သူ႔လက္ႏွစ္ဖက္လုံးကို ပူးၿပီး သူ႔ခႏၶာကိုယ္ကို ေမာင္က အေဆာ့မက္ေနတဲ့ ကေလးေလးတစ္ေယာက္ကို သိပ္သလိုမ်ိဳး ခ်ဳပ္ၿပီး ဖက္ထားလိုက္သည္။ သူ႔မွာေတာ့ ေမာင္ခ်ဳပ္ထားသည္ကို  အသက္ရႉမၾကပ္သည့္အျပင္ ရင္ေတြ တထိတ္ထိတ္ခုန္ေနေတာ့သည္။

*********
အဆက္အသြယ္မရဘဲ တစ္ညလုံးေပ်ာက္ေနေသာ သားျဖစ္သူေၾကာင့္ ေဒၚေမခအလြန္စိတ္ပူေနသည္။ Media တခ်ိဳ႕က သူ႔ကုမၸဏီေအာက္မွာ စုၿပဳံၿပီး ေရာက္ေနၾကၿပီ။

" ေနခမင္းျမတ္ရယ္ ဖုန္းေလးေတာ့ ကိုင္ပါလား။ အခုေတာ့ ငါဘယ္လို ညႇိရမလဲ။ "

ျပႆနာက သူတစ္ေယာက္ထဲေျဖရွင္းလို႔ ရတာမ်ိဳးမဟုတ္။ interviewကို လက္ခံေျဖလိုက္ၿပီးမွ သားျဖစ္သူက ေပၚလာရင္ ကေခ်ာ္ကခြၽတ္ျဖစ္သြား႐ုံသာ ရွိလိမ့္မည္။

စိတ္ေအးေအးထားလိုက္ၿပီး လက္ခံေတြ႕ဆုံဖို႔သာ ျပင္ရေတာ့သည္။ သူကုမၸဏီေအာက္ကို ဆင္းလာတာ ျမင္တာနဲ႔ သတင္းေထာက္ေတြကဝိုင္းလာသည္။ ေဘးက လုံၿခဳံေရးေတာင္ မႏိုင္ေလာက္ေအာင္ ျဖစ္ေနသည္။

" ေဒၚေမခ ခဏေလးပါ။ အခု ေနခမင္းျမတ္ရဲ႕ ဓာတ္ပုံနဲ႔ ပတ္သတ္ၿပီး တစ္ခုခုေျပာေပးပါဦး။"

"ဟုတ္ပါတယ္။ တကယ္ပဲ သူက ေယာက်္ားခ်င္းတြဲေနတာလဲ။ ေနာက္ၿပီး fantasy barက ေကာင္ေလးနဲ႔က ဘယ္အေျခအေနေတြထိ ေရာက္ေနၾကတာလဲ။ ေျဖေပးပါ။ "

မိုက္ေတြနဲ႔ အတင္းတိုးေဝ့ၿပီး ထိုးေမးေနၾကေတာ့ ေဒၚေမခအေတာ္စိတ္ပ်က္လာသည္။ အေတာ္ ethicမရွိတဲ့ လူေတြပဲ။ သူတို႔ သတင္းရေရးအတြက္ပဲ ေရွးရႈေနၾကတာ။ နည္းနည္းပါးပါးလူလိုေလးနားလည္ေပးၾကပါဦးလား။ တစ္ဖက္လူရဲ႕ ကိုယ္ေရးကိုယ္တာကို အဲ့ထိေလာက္ေတာင္စိတ္ဝင္စားေနရလား။

" ခဏ ခဏေနၾကပါဦး။ ဒီသတင္းေတြက ဘယ္ကရလာၾကတာလဲ။ ဒီမတိက်တဲ့ မႈန္ဝါးဝါးပုံေလးတစ္ပုံအတြက္နဲ႔ ကြၽန္မသားကို ဘယ္လိုေတာင္ဆြဲေတြးရက္ႏိုင္ၾကတာလဲ။"

"fantasyက အဆိုေတာ္ ေကာင္ေလးနဲ႔ကေရာ ဘယ္လို ပတ္သတ္ၾကတာလဲ။"

"ဒီမွာ ေနခမင္းျမတ္က ႏိုင္ငံေက်ာ္မင္းသားေနာ္။ ဒီလိုအဆင့္အတန္းမရွိတဲ့ ေနရာကို သြားစရာအေၾကာင္းမရွိဘူး။ ေနာက္ၿပီး အဲ့ပုံမတက္လာခင္ကတည္းက သားကရႉတင္ၿပီးၿပီးခ်င္းညတြင္းခ်င္း ဘန္ေကာက္ကို သူ႔မန္ေနဂ်ာနဲ႔ ထြက္သြားခဲ့တာ။ ဒီလို မတိက်ပဲ စြပ္စြဲတဲ့သေဘာေျပာေနမယ္္ဆိုရင္ သူ႔မန္ေနဂ်ာကတစ္ဆင့္ရွင္တို႔ကို တရားစြဲရလိမ့္မယ္ေနာ္။"

ခပ္မာမာေလသံနဲ႔ေျပာခဲ့လိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္ကားေပၚတက္ခဲ့လိုက္သည္။ ဒီသတင္းေတြက မဟုတ္မွန္လို႔ သူတို႔ဘက္က တုန္လႈပ္ျခင္း မလ်ဥ္းမရွိဆိုတာမ်ိဳးျ  ျပဳမူခဲ့သည္။ အေရးႀကီးတာက ေပ်ာက္ေနတဲ့ ေနခမင္းျမတ္ကို မီဒီယာေတြ မေတြ႕သြားဖို႔ျဖစ္သည္။ ဘန္ေကာက္ေရာက္ေနတယ္လို႔ လိမ္ထားတာမို႔ ဒီေျမမွာ ေနခကို သူတို႔ရွာေတြ႕သြားလို႔ မျဖစ္ပါ။ သားကို အျမန္ဆက္သြယ္ၿပီး ေရွာင္ေနဖို႔ ေျပာထားဦးမွပါ။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі