Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-3
(Unicode)

လွန်ခဲ့တဲ့ 2015ခုနှစ်လောက်က နေခတို့ အိမ်မှာပေါ့။ နေခ နှင့်အတူ နွေဦးပါ နေခရဲ့ အခန်းထဲမှာ အတူရှိနေခဲ့သည်။

" ဟားဟား နေနေက ဒီလိုလေးဝတ်လိုက်တော့လည်း သိပ်လှတာပဲ။"

"အမယ် နွေဦးရဲ့ မျက်လုံးထဲမှာ နေနေက အရမ်းလှတယ်ပေါ့။"

"အင်းပေါ့လို့။ လှတယ် သိပ်လှတယ်။"

နွေဦ်းဆင်ပေးသော ပေါင်လောက်ရှိသည့် ကြိုးတစ်လုံးဂါဝန်လေးကို ဝတ်ပြီး ဂါဝန်အစွန်းကို လက်နှစ်ဖက်လေးနဲ့ ကား၍ ဟိုပြေး ဒီပြေးဆော့နေသော နေခကို သဘောတကျ ရယ်နေသော နွေဦး

" နေခ ဒါဘာတွေ လုပ်နေတာလဲ။"

"ဟင် မား "

ရုတ်တရက် အခန်းထဲကို ဝင်လာသော မားရဲ့ အသံကြောင့် နေခရော နွေဦးပါ လန့်သွားသည်။

" ဒါဘယ်လိုတွေ ပြုမူနေထိုင်နေတာလဲလို့ ! နေခမင်းမြတ် ငါမေးနေတာ ဖြေစမ်း။"

ခြေစုံပေါက်၍ အော်နေသော မားကြောင့် နေခနှင့်အတူ နွေဦ်းကလည်း တုန်လှုပ်နေသည်။

" နွေဦး အခြောက်မ ကောင်မ ညည်း ညည်း ငါ့သားကို ဘယ်လိုဇာတ်သွင်းနေတာလဲ ဟမ် "

"ဟိုလေ နွေဦ်း ရှင်းပြပါရစေ။ တကယ်တော့လေ။ အဲ့အင်္ကျီက နွေဦးဝတ်မယ်ဆိုတော့ နေနေက "

"တော်စမ်း ဘာနေနေလဲ။ နေခမင်းမြတ်   ငါ့သား နေခမင်းမြတ် နိုင်ငံကျော်မင်းသား! "

"မား ဒါက သားတို့ စနောက်ပြီး ဝတ်ကြည့်ကြတာပါ။ သား အပြစ်ပါ။ နွေဦ်းနဲ့  မဆိုင်ပါဘူး။"

"တော်စမ်း နေခ မင်းရဲ့ ဒီလို ဝတ်စားပုံကို Mediaတွေ မြင်သွားရင် မင်းဘယ်လို ဖြေရှင်းမလဲ။ မဖြစ်ဘူး။ မဖြစ်ဘူး။ နွေဦး နင်အလုပ်ထွက်တော့"

"အဲ့လိုတော့ မလုပ်ပါနဲ့ အန်တီရယ်။ နွေဦးမှာ ဒီမိတ်ကပ်ပြင်တာအပြင် တခြားဘာအလုပ်မှ မရှိဘူး။ နွေဦ်း ဒီအလုပ်ကို ဆက်မလုပ်ရင် နွေဦးရဲ့ မိသားစု ထမင်းငတ်သွားမှာပေါ့။"

"မား သား ကြားထဲက တောင်းပန်ပါတယ်။ နွေဦးကို အလုပ်မထုတ်ပါနဲ့နော်။ "

"နေခမင်းမြတ် မင်းဝင်မပါစမ်းနဲ့။ ဒီအတိုင်းဆက်ထားရင် မင်းလည်း သူ့လို အခြောက်မဖြစ်လာလိမ့်မယ်။ ငါ့အရှက်ကို အကြီးကြီး ခွဲကြတော့ မလို့လား ဟမ် ။ နွေဦး ငါက မိခင်တစ်ယောက်နော်။ ငါ့သားနဲ့ ပတ်သတ်လာရင် ငါက လူပါသတ်ရဲတယ်။ နင် အခုချက်ချင်း ထွက်သွားလိုက် "

"အန်တီရယ် နွေဦးလေ "

"သွား အခြောက်မ "

မားရဲ့ ခြေထောက်ကို ဖက်ပြီး ငို၍ တောင်းပန်နေသော နွေဦးကို မားက ကန်ထုတ်လိုက်သည်။

နွေဦးက မား ခြေထောက်ကို ထပ်ဖက်သည်။ မားက ထပ်ကန်ထုတ်သည်။

နောက်ဆုံးတော့ နွေဦးလက်လျော့သွားပြီး အိမ်ထဲမှ ထွက်သွားခဲ့သည်။ နွေဦးက မဆုံးခင်အချိန်အထိ နေခအနားမှာ အလုပ်ဆက်လုပ်ဖို့ မားကို အကြိမ်ကြိမ်လာတောင်းပန်ခဲ့သော်လည်း မားက ခွင့်မပြုခဲ့ပေ။ နွေဦးရဲ့ နောက်ဆုံးခရီးတောင် နေခမှာ သွားမတွေ့ခဲ့ရ။ နွေဦး လာသေးလားလို့ မေးမှ မားက နွေဦးဆုံးတာ တစ်လကျော်ပြီဟု သူ့ကို အသိပေးခဲ့သည်။

" ကိုနေခ မင်းသမီးက ရိုက်ဖို့ အဆင်သင့် ဖြစ်ပြီတဲ့။"

"အော် အေး ကျွန်တော် လာခဲ့ပါ့မယ်။ "

ဘာရယ်မဟုတ် ထက်ဦးခန့်ကို စတွေ့တဲ့ အချိန်မှာ လွန်ခဲ့တဲ့ ၅နှစ်က သူ့အနားက ထွက်သွားသော နွေဦးအကြောင်းကို ပြန်တွေးမိသည်။

ရိုက်ကွင်းနေရာရောက်ပြန်တော့ မင်းသမီးနဲ့ ဒါရိုက်တာ ပြသနာဖြစ်နေတာ တွေ့ရပြန်သည်။

"ဟာ မင်းသမီး ဒီsceneက ဒီ မိတ်ကပ်looks မဟုတ်ဘူးလေ။ ဟေ့ ဟို မိတ်ကပ်ဆရာကလည်း မင်းသမီးကို ဘယ်လိုလုပ်ပေးလိုက်တာလဲ။ "

နေခ အနားရောက်လာတော့ ဒါရိုက်တာက နေခကို အားနာသွားသည်။

" ဟို မင်းသားရယ် "

"ခင်ဗျားတို့က ဘာတွေလည်းဗျ။ အလုပ်ကို ဘယ်လိုတွေ လုပ်နေကြတာလဲ။ ဒါရိုက်တာလုပ်နေပြီး ခင်ဗျားက လိုက်ကြည့်ပြီး ပြောရမှာ မဟုတ်ဘူးလား။ အခုတော့ ကျွန်တော်ရောက်လာပြီးမှ "

"မင်းသားရယ် နည်းနည်းလောက်သည်းခံပေးပါ။ ဒီမင်းသမီးက အသစ်လေးမို့ "

"ဟုတ်တယ်။ မင်းသမီးအသစ်ကို ကျွန်တော့်လို နာမည်ကြီးမင်းသားက ဘာကိစ္စစောင့်ပေးရမှာလဲ။ ဒီနေ့ break တယ်။ မနက်ဖြန်ဒါမျိုးမဖြစ်စေနဲ့။ ကျွန်တော်သွားပြီ။"

ဒီအတိုင်းပဲလေ။ နေခမင်းမြတ်ဆိုတဲ့ ကျွန်တော့်ရဲ့ မာန က အဲ့လိုပဲ။ ဘယ်သူ့မှ မငဲ့ဘူး။ ဘယ်သူ့ကိုမှလည်း စိတ်မရှည်ဘူး။ ပြောပြီး ကျောခိုင်းထွက်လာခဲ့သည်။ အနောက်က ဒါရိုက်တာကြီးရဲ့ အသံကိုလည်း ဂရုမစိုက်နိုင်ဘူး။

"ဟို အဲ့လို မလုပ်ပါနဲ့ မင်းသား။ ဒီနေ့ ဒီ scene အပြီးရိုက်ရမှာမို့ "

" ပြောမနေနဲ့တော့။ ခင်ဗျားမင်းသားက သူ့ကားပေါ်တောင် ရောက်တော့မယ်။ အလကားပါကွာ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူနေတာ။ သူ့အမေမျက်နှာကြောင့်သာ မဟုတ်ရင် ဒီလောကထဲမှာ ဒီစိတ်ဓာတ်နဲ့ ဘယ်အချိန် ကန်ထုတ်ခံရမလဲ မသိဘူး။"

"ရှူး ရှူး ကြားသွားမှဖြင့်ကွာ။"

နေခမင်းမြတ်က နားပါးတယ်နော်။ မျက်မှန်ကို ချွတ်ပြီး ပြောတဲ့ လူရဲ့ မျက်နှာကို တစ်ချက်ပဲ လှည့်ကြည့်လိုက်တယ်။ နောက်နေ့ ခင်ဗျားထမင်းအိုးကွဲပြီတာမှတ်။
___________

ပုံမှန်လုပ်နေကျအလုပ်တစ်ခုပဲ။ ငွေယူတယ် အိပ်ပေးတယ်။ သူလည်း သူ့အလိုဆန္ဒအတွက် ငွေပေးပြီးယူတယ်။ ကိုယ်ကလည်း ငွေအတွက် တခြားလူရဲ့ ဆန္ဒကို ​ဖြည့်ဆည်းပေးရသည်ပေါ့။ ဘာခံစားချက်မှ မပါတဲ့ လိင်ဆက်ဆံမှုအောက်မှာ စိတ်လွှာကို တံခါးရဲ့ အပြင်ဘက်မှာ ချထားခဲ့ပြီးသား။

"ထက်ခန့် နောက်အပတ်မမရဲ့ ယောကျ်ားက သင်္ဘောဆင်းလာမှာမို့ မမ၂ပတ်လောက် ခြေချုပ်မိလိမ့်မယ်။ "

"ဟုတ်ကဲ့ မမ။ ကျွန်တော် သိပါတယ်။"

"အင့် ၆သိန်း "

"ဟုတ်ကဲ့ ကျွန်တော် သွားပြီ။"

မမကမ်းပေးတဲ့ ပိုက်ဆံကို ယူပြီး စိတ်ဝိဉာဥ်သေဆုံးနေတဲ့ အခန်းထဲမှ ထွက်ခဲ့သည်။

အပြင်ရောက်မှ သူ့စိတ်တွေက လွတ်လပ်ပေါ့ပါးသွားသည်။ လက်ထဲ၌ ကိုင်ထားသော ငွေထုပ်ကို ကြည့်လိုက်ပြီး ပိုပြီးကျစ်ကျစ်ဆုပ်ကိုင်လိုက်သည်။ ပြီးပြီ။

ညနေပိုင်းဆိုင်မှာ သီချင်း၂ပုဒ်လောက်ပြန်ဆိုပေးရဦးမည်။ ထို့ကြောင့် ဆိုင်ကိုပဲ ထွက်ခဲ့သည်။

ဆိုင်ရှေ့ရောက်တော့ တွေ့ပြန်ပြီ။

ကျစ်!

နေခ ဒီနေ့လည်း သူ့ကို ထပ်လာစောင့်မိသည်။ မနေ့က စိတ်ဆိုးဒေါသထွက်ပြီး ပြန်ခဲ့ပေမယ့် ဒီနေ့ ရိုက်ကွင်းတစ်လျှောက်လုံး သူ့စိတ်တွေက ထက်ဦးခန့် ဆိုသူဆီမှာသာ။ သူ့ကိုယ်သူလည်း ဘာကြောင့် ဒီကောင်လေးကို အသည်းအမဲလိုက်ချင်နေလည်း သူမသိပါ။ နွေဦးနဲ့ တူတဲ့ ဒီကောင်လေး နောက်ပြီး အင်း နောက်ပြီး ခံစားချက်လေးတစ်ခုကြောင့်ပေါ့။

" ထက်ဦးခန့် "

သူ့ကိုကျော်ပြီး ဆိုင်ထဲဝင်ဖို့ ခြေလှမ်းစပြုနေသော ထက်ဦးခန့်ကို လက်မောင်းမှ ဖမ်းဆွဲလိုက်သည်။

" ဘာလဲ။ မနေ့က မင်းကို ငါအပြတ်ပြောပြီးပြီမလား။"

" ထက်ဦးခန့် ငါ ငါလေ "

သူ့လက်မောင်းကို ဆွဲပြီး ဘာပြောရမှန်းမသိတဲ့ မိမိကိုယ်မိမိလည်း ရှက်မိပြန်သည်။ ဘာလို့ ဒီလို ယောကျ်ားတစ်ယောက်အပေါ်မှ သိမ်ငယ်နေရတာလဲ။

" ပြောစရာမရှိရင် လွှတ် နေခမင်းမြတ် "

" ငါ ရှိတယ် "

" ဘာလဲ "

" မင်းလေ မင်း "

"အင်း "

ဘာဆက်ပြောရမလဲ။ ဒီလူကို ဒီအတိုင်း မိမိရှေ့မှာ တချိန်လုံးရှိစေချင်တာမျိုးလေ။

" ငါနဲ့ အတူရှိပေးပါလားလို့။"

"အဟက် ဘာလဲ။ ငါ့ကို ထပ်သတ်ဦးမလို့လား။"

"ဟမ် "

သူ မိမိနားမလည်တဲ့ စကားတွေကို ထပ်ပြောပြန်ပြီ။ သူ့မျက်လုံးတွေကို မော့ကြည့်ပြီး အဖြေရှာနေတုန်း သူကလည်း သိမ်ငယ်နေတဲ့ မိမိမျက်ဝန်းများကို စူးရှစွာ စိုက်ကြည့်နေသည်။ သူ့မျက်လုံးတွေက တကယ့်ကို အသက်မပါပါလား။

" အတူနေပေးရမယ်။ ဘယ်လို အဓိပ္ပာယ်လဲ။ "

ဘာပြန်ဖြေရမှာလဲ။ ကိုယ်ချစ်တဲ့လူကို တစိမ့်စိမ့်ထိုင်ကြည့်ချင်နေတာမျိုးကိုလေ။ ဘယ်လို စကားနဲ့ သူ့ကို ခိုင်းနှိုင်းပြရင် ကောင်းမလဲ။

" ဟို ဒီတိုင်း မင်းလည်း အားတဲ့ အချိန် ငါလည်း အားတဲ့အချိန် မုန့်သွားစားတာ ဖြစ်ဖြစ် လျှောက်သွားကြတာပဲ ဖြစ်ဖြစ်ပေါ့။ "

" အဲ့ဒီအတွက် ငါက ဘယ်လောက်ရမှာလဲ။"

" မင်း ငွေလိုချင်တာလား။ ငါပေးမယ်လေ။ မင်းလိုချင်သလောက်တောင်း ဒီအတိုင်းငါ့အနားမှာ ရှိနေပေး။ "

" ဟင့်အင်း "

သူ့လက်မောင်းကို ဆုပ်ကိုင်ထားသော မိမိလက်ကို ဆွဲဖြုတ်ချလိုက်ပြီး သူ့လက်နှစ်ဖက်က မိမိဆံပင်တွေကို ပွတ်သပ်လာ၍ မိမိကို ညုသလို ရီဝေဝေကြည့်လာသည်။

" ငါ မင်းရဲ့ အသွေးအသားကို လိုချင်တယ်....."

တစ်လုံးချင်းပြောလာသော သူ့စကားတွေကြောင့် သူ့လက်ထဲက ရုန်းထွက်မိသည်။ ဒီလို လူတစ်ယောက်နဲ့မှ သွားပတ်သတ်မိတဲ့ မိမိအမှားက အခု မိမိရဲ့ ယောကျ်ားသိက္ခာကိုပါ ဆွဲချခြင်း ခံလိုက်ရပါလား။ လက်မခံနိုင်ဘူး။ ဒီတစ်ကြိမ်လည်း သူ့အနားက ပြေးထွက်သွားမိသည်။

အနောက်က မိမိကို ဟားနေတဲ့ သူ့ရယ်သံတွေကိုလည်း ကြားပါရဲ့။


(Zawgyi)

လြန္ခဲ့တဲ့ 2015ခုႏွစ္ေလာက္က ေနခတို႔ အိမ္မွာေပါ့။ ေနခ ႏွင့္အတူ ေႏြဦးပါ ေနခရဲ႕ အခန္းထဲမွာ အတူရွိေနခဲ့သည္။

" ဟားဟား ေနေနက ဒီလိုေလးဝတ္လိုက္ေတာ့လည္း သိပ္လွတာပဲ။"

"အမယ္ ေႏြဦးရဲ႕ မ်က္လုံးထဲမွာ ေနေနက အရမ္းလွတယ္ေပါ့။"

"အင္းေပါ့လို႔။ လွတယ္ သိပ္လွတယ္။"

ေႏြဦ္းဆင္ေပးေသာ ေပါင္ေလာက္ရွိသည့္ ႀကိဳးတစ္လုံးဂါဝန္ေလးကို ဝတ္ၿပီး ဂါဝန္အစြန္းကို လက္ႏွစ္ဖက္ေလးနဲ႔ ကား၍ ဟိုေျပး ဒီေျပးေဆာ့ေနေသာ ေနခကို သေဘာတက် ရယ္ေနေသာ ေႏြဦး

" ေနခ ဒါဘာေတြ လုပ္ေနတာလဲ။"

"ဟင္ မား "

႐ုတ္တရက္ အခန္းထဲကို ဝင္လာေသာ မားရဲ႕ အသံေၾကာင့္ ေနခေရာ ေႏြဦးပါ လန္႔သြားသည္။

" ဒါဘယ္လိုေတြ ျပဳမူေနထိုင္ေနတာလဲလို႔ ! ေနခမင္းျမတ္ ငါေမးေနတာ ေျဖစမ္း။"

ေျခစုံေပါက္၍ ေအာ္ေနေသာ မားေၾကာင့္ ေနခႏွင့္အတူ ေႏြဦ္းကလည္း တုန္လႈပ္ေနသည္။

" ေႏြဦး အေျခာက္မ ေကာင္မ ညည္း ညည္း ငါ့သားကို ဘယ္လိုဇာတ္သြင္းေနတာလဲ ဟမ္ "

"ဟိုေလ ေႏြဦ္း ရွင္းျပပါရေစ။ တကယ္ေတာ့ေလ။ အဲ့အက်ႌက ေႏြဦးဝတ္မယ္ဆိုေတာ့ ေနေနက "

"ေတာ္စမ္း ဘာေနေနလဲ။ ေနခမင္းျမတ္   ငါ့သား ေနခမင္းျမတ္ ႏိုင္ငံေက်ာ္မင္းသား! "

"မား ဒါက သားတို႔ စေနာက္ၿပီး ဝတ္ၾကည့္ၾကတာပါ။ သား အျပစ္ပါ။ ေႏြဦ္းနဲ႔  မဆိုင္ပါဘူး။"

"ေတာ္စမ္း ေနခ မင္းရဲ႕ ဒီလို ဝတ္စားပုံကို Mediaေတြ ျမင္သြားရင္ မင္းဘယ္လို ေျဖရွင္းမလဲ။ မျဖစ္ဘူး။ မျဖစ္ဘူး။ ေႏြဦး နင္အလုပ္ထြက္ေတာ့"

"အဲ့လိုေတာ့ မလုပ္ပါနဲ႔ အန္တီရယ္။ ေႏြဦးမွာ ဒီမိတ္ကပ္ျပင္တာအျပင္ တျခားဘာအလုပ္မွ မရွိဘူး။ ေႏြဦ္း ဒီအလုပ္ကို ဆက္မလုပ္ရင္ ေႏြဦးရဲ႕ မိသားစု ထမင္းငတ္သြားမွာေပါ့။"

"မား သား ၾကားထဲက ေတာင္းပန္ပါတယ္။ ေႏြဦးကို အလုပ္မထုတ္ပါနဲ႔ေနာ္။ "

"ေနခမင္းျမတ္ မင္းဝင္မပါစမ္းနဲ႔။ ဒီအတိုင္းဆက္ထားရင္ မင္းလည္း သူ႔လို အေျခာက္မျဖစ္လာလိမ့္မယ္။ ငါ့အရွက္ကို အႀကီးႀကီး ခြဲၾကေတာ့ မလို႔လား ဟမ္ ။ ေႏြဦး ငါက မိခင္တစ္ေယာက္ေနာ္။ ငါ့သားနဲ႔ ပတ္သတ္လာရင္ ငါက လူပါသတ္ရဲတယ္။ နင္ အခုခ်က္ခ်င္း ထြက္သြားလိုက္ "

"အန္တီရယ္ ေႏြဦးေလ "

"သြား အေျခာက္မ "

မားရဲ႕ ေျခေထာက္ကို ဖက္ၿပီး ငို၍ ေတာင္းပန္ေနေသာ ေႏြဦးကို မားက ကန္ထုတ္လိုက္သည္။

ေႏြဦးက မား ေျခေထာက္ကို ထပ္ဖက္သည္။ မားက ထပ္ကန္ထုတ္သည္။

ေနာက္ဆုံးေတာ့ ေႏြဦးလက္ေလ်ာ့သြားၿပီး အိမ္ထဲမွ ထြက္သြားခဲ့သည္။ ေႏြဦးက မဆုံးခင္အခ်ိန္အထိ ေနခအနားမွာ အလုပ္ဆက္လုပ္ဖို႔ မားကို အႀကိမ္ႀကိမ္လာေတာင္းပန္ခဲ့ေသာ္လည္း မားက ခြင့္မျပဳခဲ့ေပ။ ေႏြဦးရဲ႕ ေနာက္ဆုံးခရီးေတာင္ ေနခမွာ သြားမေတြ႕ခဲ့ရ။ ေႏြဦး လာေသးလားလို႔ ေမးမွ မားက ေႏြဦးဆုံးတာ တစ္လေက်ာ္ၿပီဟု သူ႔ကို အသိေပးခဲ့သည္။

" ကိုေနခ မင္းသမီးက ႐ိုက္ဖို႔ အဆင္သင့္ ျဖစ္ၿပီတဲ့။"

"ေအာ္ ေအး ကြၽန္ေတာ္ လာခဲ့ပါ့မယ္။ "

ဘာရယ္မဟုတ္ ထက္ဦးခန္႔ကို စေတြ႕တဲ့ အခ်ိန္မွာ လြန္ခဲ့တဲ့ ၅ႏွစ္က သူ႔အနားက ထြက္သြားေသာ ေႏြဦးအေၾကာင္းကို ျပန္ေတြးမိသည္။

႐ိုက္ကြင္းေနရာေရာက္ျပန္ေတာ့ မင္းသမီးနဲ႔ ဒါ႐ိုက္တာ ျပသနာျဖစ္ေနတာ ေတြ႕ရျပန္သည္။

"ဟာ မင္းသမီး ဒီsceneက ဒီ မိတ္ကပ္looks မဟုတ္ဘူးေလ။ ေဟ့ ဟို မိတ္ကပ္ဆရာကလည္း မင္းသမီးကို ဘယ္လိုလုပ္ေပးလိုက္တာလဲ။ "

ေနခ အနားေရာက္လာေတာ့ ဒါ႐ိုက္တာက ေနခကို အားနာသြားသည္။

" ဟို မင္းသားရယ္ "

"ခင္ဗ်ားတို႔က ဘာေတြလည္းဗ်။ အလုပ္ကို ဘယ္လိုေတြ လုပ္ေနၾကတာလဲ။ ဒါ႐ိုက္တာလုပ္ေနၿပီး ခင္ဗ်ားက လိုက္ၾကည့္ၿပီး ေျပာရမွာ မဟုတ္ဘူးလား။ အခုေတာ့ ကြၽန္ေတာ္ေရာက္လာၿပီးမွ "

"မင္းသားရယ္ နည္းနည္းေလာက္သည္းခံေပးပါ။ ဒီမင္းသမီးက အသစ္ေလးမို႔ "

"ဟုတ္တယ္။ မင္းသမီးအသစ္ကို ကြၽန္ေတာ့္လို နာမည္ႀကီးမင္းသားက ဘာကိစၥေစာင့္ေပးရမွာလဲ။ ဒီေန႔ break တယ္။ မနက္ျဖန္ဒါမ်ိဳးမျဖစ္ေစနဲ႔။ ကြၽန္ေတာ္သြားၿပီ။"

ဒီအတိုင္းပဲေလ။ ေနခမင္းျမတ္ဆိုတဲ့ ကြၽန္ေတာ့္ရဲ႕ မာန က အဲ့လိုပဲ။ ဘယ္သူ႔မွ မငဲ့ဘူး။ ဘယ္သူ႔ကိုမွလည္း စိတ္မရွည္ဘူး။ ေျပာၿပီး ေက်ာခိုင္းထြက္လာခဲ့သည္။ အေနာက္က ဒါ႐ိုက္တာႀကီးရဲ႕ အသံကိုလည္း ဂ႐ုမစိုက္ႏိုင္ဘူး။

"ဟို အဲ့လို မလုပ္ပါနဲ႔ မင္းသား။ ဒီေန႔ ဒီ scene အၿပီး႐ိုက္ရမွာမို႔ "

" ေျပာမေနနဲ႔ေတာ့။ ခင္ဗ်ားမင္းသားက သူ႔ကားေပၚေတာင္ ေရာက္ေတာ့မယ္။ အလကားပါကြာ ဆပ္ျပာေကာင္းလို႔ ေခါင္းေပါင္းျဖဴေနတာ။ သူ႔အေမမ်က္ႏွာေၾကာင့္သာ မဟုတ္ရင္ ဒီေလာကထဲမွာ ဒီစိတ္ဓာတ္နဲ႔ ဘယ္အခ်ိန္ ကန္ထုတ္ခံရမလဲ မသိဘူး။"

"ရႉး ရႉး ၾကားသြားမွျဖင့္ကြာ။"

ေနခမင္းျမတ္က နားပါးတယ္ေနာ္။ မ်က္မွန္ကို ခြၽတ္ၿပီး ေျပာတဲ့ လူရဲ႕ မ်က္ႏွာကို တစ္ခ်က္ပဲ လွည့္ၾကည့္လိုက္တယ္။ ေနာက္ေန႔ ခင္ဗ်ားထမင္းအိုးကြဲၿပီတာမွတ္။
___________

ပုံမွန္လုပ္ေနက်အလုပ္တစ္ခုပဲ။ ေငြယူတယ္ အိပ္ေပးတယ္။ သူလည္း သူ႔အလိုဆႏၵအတြက္ ေငြေပးၿပီးယူတယ္။ ကိုယ္ကလည္း ေငြအတြက္ တျခားလူရဲ႕ ဆႏၵကို ​ျဖည့္ဆည္းေပးရသည္ေပါ့။ ဘာခံစားခ်က္မွ မပါတဲ့ လိင္ဆက္ဆံမႈေအာက္မွာ စိတ္လႊာကို တံခါးရဲ႕ အျပင္ဘက္မွာ ခ်ထားခဲ့ၿပီးသား။

"ထက္ခန္႔ ေနာက္အပတ္မမရဲ႕ ေယာက်္ားက သေဘၤာဆင္းလာမွာမို႔ မမ၂ပတ္ေလာက္ ေျခခ်ဳပ္မိလိမ့္မယ္။ "

"ဟုတ္ကဲ့ မမ။ ကြၽန္ေတာ္ သိပါတယ္။"

"အင့္ ၆သိန္း "

"ဟုတ္ကဲ့ ကြၽန္ေတာ္ သြားၿပီ။"

မမကမ္းေပးတဲ့ ပိုက္ဆံကို ယူၿပီး စိတ္ဝိဉာဥ္ေသဆုံးေနတဲ့ အခန္းထဲမွ ထြက္ခဲ့သည္။

အျပင္ေရာက္မွ သူ႔စိတ္ေတြက လြတ္လပ္ေပါ့ပါးသြားသည္။ လက္ထဲ၌ ကိုင္ထားေသာ ေငြထုပ္ကို ၾကည့္လိုက္ၿပီး ပိုၿပီးက်စ္က်စ္ဆုပ္ကိုင္လိုက္သည္။ ၿပီးၿပီ။

ညေနပိုင္းဆိုင္မွာ သီခ်င္း၂ပုဒ္ေလာက္ျပန္ဆိုေပးရဦးမည္။ ထို႔ေၾကာင့္ ဆိုင္ကိုပဲ ထြက္ခဲ့သည္။

ဆိုင္ေရွ႕ေရာက္ေတာ့ ေတြ႕ျပန္ၿပီ။

က်စ္!

ေနခ ဒီေန႔လည္း သူ႔ကို ထပ္လာေစာင့္မိသည္။ မေန႔က စိတ္ဆိုးေဒါသထြက္ၿပီး ျပန္ခဲ့ေပမယ့္ ဒီေန႔ ႐ိုက္ကြင္းတစ္ေလွ်ာက္လုံး သူ႔စိတ္ေတြက ထက္ဦးခန္႔ ဆိုသူဆီမွာသာ။ သူ႔ကိုယ္သူလည္း ဘာေၾကာင့္ ဒီေကာင္ေလးကို အသည္းအမဲလိုက္ခ်င္ေနလည္း သူမသိပါ။ ေႏြဦးနဲ႔ တူတဲ့ ဒီေကာင္ေလး ေနာက္ၿပီး အင္း ေနာက္ၿပီး ခံစားခ်က္ေလးတစ္ခုေၾကာင့္ေပါ့။

" ထက္ဦးခန္႔ "

သူ႔ကိုေက်ာ္ၿပီး ဆိုင္ထဲဝင္ဖို႔ ေျခလွမ္းစျပဳေနေသာ ထက္ဦးခန္႔ကို လက္ေမာင္းမွ ဖမ္းဆြဲလိုက္သည္။

" ဘာလဲ။ မေန႔က မင္းကို ငါအျပတ္ေျပာၿပီးၿပီမလား။"

" ထက္ဦးခန္႔ ငါ ငါေလ "

သူ႔လက္ေမာင္းကို ဆြဲၿပီး ဘာေျပာရမွန္းမသိတဲ့ မိမိကိုယ္မိမိလည္း ရွက္မိျပန္သည္။ ဘာလို႔ ဒီလို ေယာက်္ားတစ္ေယာက္အေပၚမွ သိမ္ငယ္ေနရတာလဲ။

" ေျပာစရာမရွိရင္ လႊတ္ ေနခမင္းျမတ္ "

" ငါ ရွိတယ္ "

" ဘာလဲ "

" မင္းေလ မင္း "

"အင္း "

ဘာဆက္ေျပာရမလဲ။ ဒီလူကို ဒီအတိုင္း မိမိေရွ႕မွာ တခ်ိန္လုံးရွိေစခ်င္တာမ်ိဳးေလ။

" ငါနဲ႔ အတူရွိေပးပါလားလို႔။"

"အဟက္ ဘာလဲ။ ငါ့ကို ထပ္သတ္ဦးမလို႔လား။"

"ဟမ္ "

သူ မိမိနားမလည္တဲ့ စကားေတြကို ထပ္ေျပာျပန္ၿပီ။ သူ႔မ်က္လုံးေတြကို ေမာ့ၾကည့္ၿပီး အေျဖရွာေနတုန္း သူကလည္း သိမ္ငယ္ေနတဲ့ မိမိမ်က္ဝန္းမ်ားကို စူးရွစြာ စိုက္ၾကည့္ေနသည္။ သူ႔မ်က္လုံးေတြက တကယ့္ကို အသက္မပါပါလား။

" အတူေနေပးရမယ္။ ဘယ္လို အဓိပၸာယ္လဲ။ "

ဘာျပန္ေျဖရမွာလဲ။ ကိုယ္ခ်စ္တဲ့လူကို တစိမ့္စိမ့္ထိုင္ၾကည့္ခ်င္ေနတာမ်ိဳးကိုေလ။ ဘယ္လို စကားနဲ႔ သူ႔ကို ခိုင္းႏႈိင္းျပရင္ ေကာင္းမလဲ။

" ဟို ဒီတိုင္း မင္းလည္း အားတဲ့ အခ်ိန္ ငါလည္း အားတဲ့အခ်ိန္ မုန္႔သြားစားတာ ျဖစ္ျဖစ္ ေလွ်ာက္သြားၾကတာပဲ ျဖစ္ျဖစ္ေပါ့။ "

" အဲ့ဒီအတြက္ ငါက ဘယ္ေလာက္ရမွာလဲ။"

" မင္း ေငြလိုခ်င္တာလား။ ငါေပးမယ္ေလ။ မင္းလိုခ်င္သေလာက္ေတာင္း ဒီအတိုင္းငါ့အနားမွာ ရွိေနေပး။ "

" ဟင့္အင္း "

သူ႔လက္ေမာင္းကို ဆုပ္ကိုင္ထားေသာ မိမိလက္ကို ဆြဲျဖဳတ္ခ်လိုက္ၿပီး သူ႔လက္ႏွစ္ဖက္က မိမိဆံပင္ေတြကို ပြတ္သပ္လာ၍ မိမိကို ညဳသလို ရီေဝေဝၾကည့္လာသည္။

" ငါ မင္းရဲ႕ အေသြးအသားကို လိုခ်င္တယ္....."

တစ္လုံးခ်င္းေျပာလာေသာ သူ႔စကားေတြေၾကာင့္ သူ႔လက္ထဲက ႐ုန္းထြက္မိသည္။ ဒီလို လူတစ္ေယာက္နဲ႔မွ သြားပတ္သတ္မိတဲ့ မိမိအမွားက အခု မိမိရဲ႕ ေယာက်္ားသိကၡာကိုပါ ဆြဲခ်ျခင္း ခံလိုက္ရပါလား။ လက္မခံႏိုင္ဘူး။ ဒီတစ္ႀကိမ္လည္း သူ႔အနားက ေျပးထြက္သြားမိသည္။

အေနာက္က မိမိကို ဟားေနတဲ့ သူ႔ရယ္သံေတြကိုလည္း ၾကားပါရဲ႕။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі