Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-9
(Unicode)

စက္က မမနိုင်ရဲ့ ခြံထဲမှ အလောတကြီးပြေးထွက်လာခဲ့သည်။

ကျွီ.....!

" အာ့ "

ခြံရှေ့ရောက်တော့ ဟိုဘက်လမ်းက ကွေ့လာတဲ့ ကားကို ရုတ်တရက် လှမ်းမြင်လိုက်၍ လန့်သွားပြီး ရှောင်လိုက်ရင်းက ခြေချော်လဲသွားသည်။

ကားပိုင်ရှင်က ကားပေါ်မှဆင်းပြီး သူရှိရာသို့ လျှောက်လာသည်။

" အာ့ ခင်ဗျား.... ကားကို ဘယ်လိုမောင်းတာလဲဗျ။ မဆင်မခြင်ကွေ့ရသလား။"

" ဟို ညီရရဲ့လား။ တကယ်ဆို အစ်ကို မမှားဘူးနော်။ ညီက ရုတ်တရက်ပြေးထွက်လာတာမို့ အစ်ကိုလည်း break နင်းချိန်မရလိုက်ဘူး။ "

ဖုန်တွေဘာတွေခါ၍ ထရပ်လိုက်ပြီးမှ ခြေဆစ်နားက ဆစ်ခနဲ နာနေ၍ ပြန်ထိုင်ချမိသည်။

" အာ့ ခြေထောက်ဘာဖြစ်သွားပြီလဲ မသိဘူး ခင်ဗျားကြောင့် "

သူ ရန်တွေ့နေရင်း အရှေ့က လူကို အကဲခတ်လိုက်တော့ ဝတ်ပုံစားပုံသေသေသပ်သပ်နှင့် ဆံပင်အနက်ရောင်တွေကို အနောက်ကို သိမ်းဖီးထားသည်။

" ဟို ပြန်ထကြည့်ပါလား ညီ အစ်ကို ကူတွဲပေးမယ်လေ။ ပြီးရင် အစ်ကို့ဆေးခန်းလိုက်ခဲ့ပါလား။ အစ်ကို တာဝန်ယူပေးပါ့မယ်။ "

နူးညံ့ညင်သာသော အသံအရပညာတတ်အထက်တန်းစားထဲကမှန်းသိသာသည်။ သူ့ဆေးခန်းဆိုတော့ သူက ဆရာဝန်တစ်ယောက်ပဲ ဖြစ်မှာပေါ့။ စက္ကကို လက်မောင်းက ဆွဲထူမပြီး သူ့ကားပေါ်ကို ခေါ်တင်သည်။
တစ်လမ်းလုံးသူကလည်း စက္ကကို စကားမပြောသလို စက္ကကလည်း ဘာမှမပြောဘဲ ငြိမ်၍ လိုက်ပါလာသည်။
ခဏကြာတော့ မြို့ထဲက နာမည်ကြီး Private ဆေးခန်းတစ်ခုမှာ ကားရပ်လိုက်သည်။

" ရောက်ပြီ။ ညီ ခဏ မဆင်းနဲ့ဦး။"

သူက အရင်ဆင်းပြီး စက္ကဖက်က တံခါးကို ကိုယ်တိုင်လာဖွင့်ပေး၍ စက္ကရဲ့ လက်မောင်းတစ်ဖက်ကို ကူထိန်းပေးလာသည်။ စက္ကအရပ်က ၆ပေအတော်စွန်းသည်မို့ ဘေးက တစ်ယောက်က စက္ကရဲ့ မေးဖျားလောက်သာ ရှိသည်။

" အာ့ ကျွတ် ကျွတ် "

" ညီ ရရဲ့လား။ "

သူ့ဆေးခန်းအဝက ကောင်မလေးတွေက စက္ကနှင့် သူအတူ တွဲဝင်လာတာကို စိတ်ဝင်တစားကြည့်ကြသည်။ အထူးသဖြင့် စက္ကလိုယောကျ်ားပီသပြီး စွဲဆောင်မှုရှိတဲ့ပုံစံမျိုးက ဘယ်မိန်းကလေးမှ မျက်နှာ မလွှဲချင်စရာ။

သူ လှပ်ပေးသော လိုက်ကာအနောက်က ကုတင်တစ်လုံးကို တွေ့သည်။ ထိုကုတင်၌ စက္ကကို ထိုင်စေပြီး သူက အနီးအနားက ဆေးသတ္တာတွေနဲ့ အလုပ်ရှုပ်နေသည်။

စက္ကကို စကားတစ်ခွန်းမှ မဆိုလာပဲ စက္ကရဲ့ ခြေထောက်က အကျောတွေကို သေချာကြည့်ပြီး နှိပ်ပေးလာသည်။ ဒီလိုကျတော့လည်း စက္ကမှာ အလိုလိုနေရင်း အားနာသွားရသည်။ စက္ကရဲ့ ခြေထောက်ကို သူအကြိုက် နှိပ်နယ်ပေးလို့အပြီး စက္ကကို မော့ကြည့်၍ အပြုံးချိုချိုနှင့်ပြုံးပြလာသည်။ ဒီလူဘာလဲဟ။ ပြုံးလိုက်ရင် တခြားလူတွေထပ်ပို တွန့်ကွေးသွားတတ်သော နှုတ်ခမ်းတစ်စုံကို ဒီလူက ပိုင်ဆိုင်ထားသည်။

ဆေးလိမ်းပေးလို့အပြီး သူ့ကို စကားစလာသည်။

" ညီ့ခြေထောက်က နည်းနည်းအဆစ်လွဲသွားတာ။ ဆေးစည်းပေးထားတာမို့ တစ်ရက်နှစ်ရက်နေ သက်သာသွားမှာပါ။ မသက်သာလည်း အစ်ကို့ဆေးခန်းကို ပြန်လာခဲ့လို့ ရတယ်။ "

" ဟုတ်ကဲ့ "

" အစ်ကို့ နာမည်က ဟန်လင်းညို ညီ့နာမည်ကကော "

" စက္က "

"အော..."

နှုတ်ခမ်းတစ်စုံကို အိုပုံစံလုပ်ပြီး ညိမ်သွားတာမို့ စက္က မျက်မှောင်ကြုတ်လိုက်သည်။

" ကျွန်တော့် နာမည်က စက္က စက္ကမင်းမြတ် "

"ဟုတ်ပါပြီကွာ။ မင်းနာမည်က နည်းနည်း တင်စီးသလားလို့ ခံစားရလို့ပါဘာသဘောမှ မဟုတ်ပါဘူး။ "

" အဲ့လို ပြောကြေးဆို အစ်ကို့နာမည်ကလည်း ယောကျ်ားမဆန်ဘူးလေ။ "

"ဟင် ဘာလို့လဲ။ ငါ့အမေက ငါ့ကို အဲ့တိုင်းပေးခဲ့တာပဲ။ ဘယ်လိုဖြစ်ဖြစ် ငါကြိုက်ရင် ရပြီပေါ့  မင်းကြိုက်ဖို့ လိုလား။ "

သူ့ကို ချက်ချင်းရန်ပြန်တွေ့သော ထိုလူက တကယ်ပဲ ဆရာဝန်ရော ဟုတ်စ။ ကလေးကလားနဲ့။

" မင်း အသက်ဘယ်လောက်လဲ။ "

" ၂၈ "

" ငါက ၃၁ ရှိပြီ။ "

"ဗျာ ဟုတ်လို့လား။ "

"ဟုတ်တယ်လေ။ "

ဒီလူ အသက်လိမ်နေတာတော့ မဟုတ်လောက်ပါဘူး။ စက္ကစိတ်ထဲမှာ ဒီလူက သေချာပေါက် အသက်ငယ်မယ်လို့ တွက်ထားတာမို့။ ၃၁တဲ့ နုလိုက်တာ သူများသားသမီးတွေများ ထိပ်စည်းပြောင်းတာတောင် နုတုန်းပျိုတုန်း ငါနဲ့များကွာပါ့။

" အဲ့တာဆို ကျွန်တော်ပြန်လို့ ရပြီလား။"

" ရပြီ ရပြီ ညီ ခဏနေဦး အစ်ကို Taxi ငှားပေးလိုက်မယ်။ ညီ ဘယ်မှာနေတာလဲ။ "

" ကျွန်တော့်ကို အင်းစိန်းလမ်းမကြီးက fantasy Hotelကို ပို့ပေးပါ။ "

စက္ကက သဘောရိုးနဲ့ ပြောလိုက်ပေမယ့် သူက စက္ကကို အထင်သေးသည့် မျက်လုံးများဖြင့် ကြည့်လာသည်။

" ညီရယ် ခြေထောက်က မကောင်းတာကို စားသောက်ဆိုင်ကို ဘာသွားလုပ်မှာလဲ။ အိမ်မှာပဲ ပြန်နားလိုက်ပါလား။ "

" ဟ ခင်ဗျားနဲ့လည်း ခက်ပါ့ ကျွန်တော့်ဆိုင်ကျွန်တော်သွားတာ ဘာဖြစ်လဲ ကျွန်တော့်မှာ အလုပ်ရှိသေးတယ်။ "

" အာ.... အဲ့လိုလား မသိပါဘူး။ sorry အစ်ကို ကားသွားငှားလိုက်ဦးမယ်။ ညီ ခဏထိုင်နေဦးနော်။ "

" ဟုတ်ကဲ့ "

စက္ကရှေ့က လှည့်ထွက်သွားပြီး ခဏအကြာ ကားရပြီဆိုပြီး စက္ကကို ပြန်လာခေါ်သည်။

" ဘာစိတ်မှတော့ မရှိနဲ့ ညီ။ အစ်ကိုလည်း ဆေးခန်းထိုင်ရမှာမို့ Taxi နဲ့ပဲ..."

" အာ... မလိုဘူး ရတယ်။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးပါပဲ။ "

" မသက်သာရင် ပြန်လာခဲ့နော် ညီ "

" ဟုတ်ကဲ့ပါ "

ဆိုင်ကို ပြန်ရောက်တော့ ထော့နဲ့ထော့နဲ့နှင့် ဝင်လာသော သူ့ကို ဆိုင်ဝန်ထမ်းများက ဝိုင်းတွဲပေးကြသည်။

" ရတယ် ရတယ် ငါ့ကို အခန်းထဲပဲ ပို့ပေးကြ "

ထက်ခန့်မရှိတော့ သူ့မှာ အားကိုးစရာ လက်ရုံးဟူ၍ကလည်း မရှိပါ။ ထက်ခန့်နဲ့သူက ကျောင်းနေဘက် ဖြစ်သည်။ စက္ကက ကျောင်းနှစ်နှစ်အောက်ရ၍ တစ်တန်းတည်းအတူတူတက်ဖြစ်ကြသည်။ ထက်ခန့်က အမှန်ဆို သူ့ထက် နှစ်နှစ်ငယ်သည်။ နှစ်ယောက်လုံးရဲ့ မိသားစုအခြေအနေများကလည်း မကောင်းတော့ စက္ကက ၁၀တန်းအောင်ပြီးသည်နှင့် အလုပ်ထွက်လုပ်သည်။

သို့ရာတွင် ထက်ခန့်မှာလည်း ဂုဏ်ထူး၂ဘာသာပါပါလျှက်နှင့် အိမ်ရဲ့ စီးပွားရေးကစဥ့်ကလျားဖြစ်မှုကြောင့် အိမ်ထောင်ဦးစီးနေရာကို ဝင်ယူလိုက်ရ၍ တက္ကသိုလ်ဆက်တက်ဖို့ကို နားထားလျှက် စက္ကနှင့်အတူ အလုပ်ဝင်လုပ်သည်။ စက္ကလုပ်တဲ့ အလုပ်က သိတဲ့အတိုင်း ငွေအလွယ်ရသည့်အလုပ် ထက်ခန့်ကလည်း စက္ကက သူ့ရဲ့ အစ်ကိုဆိုလည်းဟုတ် သူငယ်ချင်းဆိုလည်း ဟုတ်သည်မို့ စက္ကလုပ်သော ဒီအလုပ်ကို လိုက်လုပ်သည်။ ပထမက စက္ကက ထက်ခန့်ကို သူ့လို မဖြစ်ရအောင် တားသည်။ ဒီအလုပ်ဖြင့် စက္ကက အဆင်ပြေနေတာမြင်တော့ သကောင့်သားက တားမရခဲ့ သူ့အမေအတွက် ဆေးဖိုးရရန်ကော လူငယ်ပီပီ သုံးချင်ဖြုန်းချင်လာတာရော လုပ်တော့သည်။ နှစ်ယောက်လုံးအလုပ်တစ်ဖက်နှင့်မို့ အဝေးသင်ဖြင့်သာ ဘွဲ့ယူကြရသည်။ အဆင်ပြေလာတော့လည်း ဒီအလုပ်နဲ့ အသားကျပြီး တတက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန်ပေမို့ မထူးဇာတ်ခင်းပြီး ဒီဘဝနှင့်သာ ဆက်ရှင်သန်လာကြသည်။

******

ပဲခူးကို ရောက်တုန်းရောက်ခိုက် ရွှေမော်တောဘုရားကို အမေနှင့်အတူ သွားဖူးဖြစ်ကြသည်။ ဆည်းလည်းသံလေးများကလည်း တချွင်ချွင်နှင့် အမေရှိနေသော အရပ်သည် ထက်ဦးခန့်အတွက် ပကတိအေးချမ်းမှုတွေ ပေးသည်။

" သား ရန်ကုန်မှာ နေရတာ အဆင်ပြေရဲ့လား။ "

" ဟုတ်ကဲ့ အမေ စက္ကလည်း ရှိနေတာမို့ ကျွန်တော်အဆင်ပြေပါတယ်။ "

"အေးကွယ် စက္ကလေးရော နေကောင်းရဲ့လား။ "

" ဟားဟား အမေရယ် သူက ဒေါင်ဒေါင်မြည်ပါ။ အမေ ဒီမှာ နေရတာ ပျော်ရဲ့လား။ "

ယောဂီဝတ်စုံ အညိုလေးနဲ့ အမေ့မျက်နှာက ပကတိ အေးချမ်းနေသည်။

" အမေပျော်တာပေါ့သားရယ်။ ပျော်တာထက် ဘုရားရိပ်၊ တရားရိပ်မှာ နေရတာဆိုတော့  စိတ်အေးချမ်းတာပေါ့။ တစ်ခါတလေ ညနေစောင်းတိုင်း ဘုရားပေါ်မှာ ပုတီးစိပ်တယ်၊  တရားထိုင်တယ်၊  သားကြီးအတွက် အမျှဝေပေးတယ်လေ။ သားကြီးနောက်ဘဝကြရင် ဒီလိုဘဝမျိုးနှင့် ပြန်မမွေးဖွားရလေအောင် အမေ သားအစ်ကိုအတွက် ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ပေးတယ်။ "

" ကောင်းတာပေါ့ အမေရယ်။ ကိုကြီး နောက်ဘဝကြရင် မြင့်မြတ်တဲ့ဘဝမျိုးနဲ့ မွေးဖွားလာရမှာပါ။ "

" သားလည်း ရန်ကုန်မှာနေတာ အစစအရာရာ ဂရုစိုက်နော်။ ဘုရား  တရားလေးလည်း လုပ် အော် သားပြန်ရင် အမေ ပရိတ်ရေလေး ထည့်ပေးလိုက်ဦးမယ်။ "

"ဟုတ်ကဲ့ပါ အမေ "

အမေရဲ့ ညာလက်က ထက်ဦးခန့်ရဲ့ ခေါင်းကို ပုတ်ပေးပြီး ပြုံးလာ၍ ဆိုလာသည်။

" အမေ့သား နှစ်ယောက်လုံးက အရမ်းလိမ္မာတာ။ "

သေချာတာတော့ အမေက သူ့ကို မြင်ရင် ကိုကြီးကို သတိရတတ်သည်။ အခုလည်း အမေ့စိတ်ထဲ ကိုကြီးကို အရမ်းလွမ်းနေမှာပဲ။

(Zawgyi)

စကၠ မမႏိုင္ရဲ႕ ၿခံထဲမွ အေလာတႀကီးေျပးထြက္လာခဲ့သည္။

ကြၽီ.....!

" အာ့ "

ၿခံေရွ႕ေရာက္ေတာ့ ဟိုဘက္လမ္းက ေကြ႕လာတဲ့ ကားကို ႐ုတ္တရက္ လွမ္းျမင္လိုက္၍ လန္႔သြားၿပီး ေရွာင္လိုက္ရင္းက ေျခေခ်ာ္လဲသြားသည္။

ကားပိုင္ရွင္က ကားေပၚမွဆင္းၿပီး သူရွိရာသို႔ ေလွ်ာက္လာသည္။

" အာ့ ခင္ဗ်ား.... ကားကို ဘယ္လိုေမာင္းတာလဲဗ်။ မဆင္မျခင္ေကြ႕ရသလား။"

" ဟို ညီရရဲ႕လား။ တကယ္ဆို အစ္ကို မမွားဘူးေနာ္။ ညီက ႐ုတ္တရက္ေျပးထြက္လာတာမို႔ အစ္ကိုလည္း break နင္းခ်ိန္မရလိုက္ဘူး။ "

ဖုန္ေတြဘာေတြခါ၍ ထရပ္လိုက္ၿပီးမွ ေျခဆစ္နားက ဆစ္ခနဲ နာေန၍ ျပန္ထိုင္ခ်မိသည္။

" အာ့ ေျခေထာက္ဘာျဖစ္သြားၿပီလဲ မသိဘူး ခင္ဗ်ားေၾကာင့္ "

သူ ရန္ေတြ႕ေနရင္း အေရွ႕က လူကို အကဲခတ္လိုက္ေတာ့ ဝတ္ပုံစားပုံေသေသသပ္သပ္ႏွင့္ ဆံပင္အနက္ေရာင္ေတြကို အေနာက္ကို သိမ္းဖီးထားသည္။

" ဟို ျပန္ထၾကည့္ပါလား ညီ အစ္ကို ကူတြဲေပးမယ္ေလ။ ၿပီးရင္ အစ္ကို႔ေဆးခန္းလိုက္ခဲ့ပါလား။ အစ္ကို တာဝန္ယူေပးပါ့မယ္။ "

ႏူးညံ့ညင္သာေသာ အသံအရပညာတတ္အထက္တန္းစားထဲကမွန္းသိသာသည္။ သူ႔ေဆးခန္းဆိုေတာ့ သူက ဆရာဝန္တစ္ေယာက္ပဲ ျဖစ္မွာေပါ့။ စကၠကို လက္ေမာင္းက ဆြဲထူမၿပီး သူ႔ကားေပၚကို ေခၚတင္သည္။
တစ္လမ္းလုံးသူကလည္း စကၠကို စကားမေျပာသလို စကၠကလည္း ဘာမွမေျပာဘဲ ၿငိမ္၍ လိုက္ပါလာသည္။
ခဏၾကာေတာ့ ၿမိဳ႕ထဲက နာမည္ႀကီး Private ေဆးခန္းတစ္ခုမွာ ကားရပ္လိုက္သည္။

" ေရာက္ၿပီ။ ညီ ခဏ မဆင္းနဲ႔ဦး။"

သူက အရင္ဆင္းၿပီး စကၠဖက္က တံခါးကို ကိုယ္တိုင္လာဖြင့္ေပး၍ စကၠရဲ႕ လက္ေမာင္းတစ္ဖက္ကို ကူထိန္းေပးလာသည္။ စကၠအရပ္က ၆ေပအေတာ္စြန္းသည္မို႔ ေဘးက တစ္ေယာက္က စကၠရဲ႕ ေမးဖ်ားေလာက္သာ ရွိသည္။

" အာ့ ကြၽတ္ ကြၽတ္ "

" ညီ ရရဲ႕လား။ "

သူ႔ေဆးခန္းအဝက ေကာင္မေလးေတြက စကၠႏွင့္ သူအတူ တြဲဝင္လာတာကို စိတ္ဝင္တစားၾကည့္ၾကသည္။ အထူးသျဖင့္ စကၠလိုေယာက်္ားပီသၿပီး စြဲေဆာင္မႈရွိတဲ့ပုံစံမ်ိဳးက ဘယ္မိန္းကေလးမွ မ်က္ႏွာ မလႊဲခ်င္စရာ။

သူ လွပ္ေပးေသာ လိုက္ကာအေနာက္က ကုတင္တစ္လုံးကို ေတြ႕သည္။ ထိုကုတင္၌ စကၠကို ထိုင္ေစၿပီး သူက အနီးအနားက ေဆးသတၱာေတြနဲ႔ အလုပ္ရႈပ္ေနသည္။

စကၠကို စကားတစ္ခြန္းမွ မဆိုလာပဲ စကၠရဲ႕ ေျခေထာက္က အေက်ာေတြကို ေသခ်ာၾကည့္ၿပီး ႏွိပ္ေပးလာသည္။ ဒီလိုက်ေတာ့လည္း စကၠမွာ အလိုလိုေနရင္း အားနာသြားရသည္။ စကၠရဲ႕ ေျခေထာက္ကို သူအႀကိဳက္ ႏွိပ္နယ္ေပးလို႔အၿပီး စကၠကို ေမာ့ၾကည့္၍ အၿပဳံးခ်ိဳခ်ိဳႏွင့္ၿပဳံးျပလာသည္။ ဒီလူဘာလဲဟ။ ၿပဳံးလိုက္ရင္ တျခားလူေတြထပ္ပို တြန္႔ေကြးသြားတတ္ေသာ ႏႈတ္ခမ္းတစ္စုံကို ဒီလူက ပိုင္ဆိုင္ထားသည္။

ေဆးလိမ္းေပးလို႔အၿပီး သူ႔ကို စကားစလာသည္။

" ညီ့ေျခေထာက္က နည္းနည္းအဆစ္လြဲသြားတာ။ ေဆးစည္းေပးထားတာမို႔ တစ္ရက္ႏွစ္ရက္ေန သက္သာသြားမွာပါ။ မသက္သာလည္း အစ္ကို႔ေဆးခန္းကို ျပန္လာခဲ့လို႔ ရတယ္။ "

" ဟုတ္ကဲ့ "

" အစ္ကို႔ နာမည္က ဟန္လင္းညိဳ ညီ့နာမည္ကေကာ "

" စကၠ "

"ေအာ..."

ႏႈတ္ခမ္းတစ္စုံကို အိုပုံစံလုပ္ၿပီး ညိမ္သြားတာမို႔ စကၠ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

" ကြၽန္ေတာ့္ နာမည္က စကၠ စကၠမင္းျမတ္ "

"ဟုတ္ပါၿပီကြာ။ မင္းနာမည္က နည္းနည္း တင္စီးသလားလို႔ ခံစားရလို႔ပါဘာသေဘာမွ မဟုတ္ပါဘူး။ "

" အဲ့လို ေျပာေၾကးဆို အစ္ကို႔နာမည္ကလည္း ေယာက်္ားမဆန္ဘူးေလ။ "

"ဟင္ ဘာလို႔လဲ။ ငါ့အေမက ငါ့ကို အဲ့တိုင္းေပးခဲ့တာပဲ။ ဘယ္လိုျဖစ္ျဖစ္ ငါႀကိဳက္ရင္ ရၿပီေပါ့  မင္းႀကိဳက္ဖို႔ လိုလား။ "

သူ႔ကို ခ်က္ခ်င္းရန္ျပန္ေတြ႕ေသာ ထိုလူက တကယ္ပဲ ဆရာဝန္ေရာ ဟုတ္စ။ ကေလးကလားနဲ႔။

" မင္း အသက္ဘယ္ေလာက္လဲ။ "

" ၂၈ "

" ငါက ၃၁ ရွိၿပီ။ "

"ဗ်ာ ဟုတ္လို႔လား။ "

"ဟုတ္တယ္ေလ။ "

ဒီလူ အသက္လိမ္ေနတာေတာ့ မဟုတ္ေလာက္ပါဘူး။ စကၠစိတ္ထဲမွာ ဒီလူက ေသခ်ာေပါက္ အသက္ငယ္မယ္လို႔ တြက္ထားတာမို႔။ ၃၁တဲ့ ႏုလိုက္တာ သူမ်ားသားသမီးေတြမ်ား ထိပ္စည္းေျပာင္းတာေတာင္ ႏုတုန္းပ်ိဳတုန္း ငါနဲ႔မ်ားကြာပါ့။

" အဲ့တာဆို ကြၽန္ေတာ္ျပန္လို႔ ရၿပီလား။"

" ရၿပီ ရၿပီ ညီ ခဏေနဦး အစ္ကို Taxi ငွားေပးလိုက္မယ္။ ညီ ဘယ္မွာေနတာလဲ။ "

" ကြၽန္ေတာ့္ကို အင္းစိန္းလမ္းမႀကီးက fantasy Hotelကို ပို႔ေပးပါ။ "

စကၠက သေဘာ႐ိုးနဲ႔ ေျပာလိုက္ေပမယ့္ သူက စကၠကို အထင္ေသးသည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္လာသည္။

" ညီရယ္ ေျခေထာက္က မေကာင္းတာကို စားေသာက္ဆိုင္ကို ဘာသြားလုပ္မွာလဲ။ အိမ္မွာပဲ ျပန္နားလိုက္ပါလား။ "

" ဟ ခင္ဗ်ားနဲ႔လည္း ခက္ပါ့ ကြၽန္ေတာ့္ဆိုင္ကြၽန္ေတာ္သြားတာ ဘာျဖစ္လဲ ကြၽန္ေတာ့္မွာ အလုပ္ရွိေသးတယ္။ "

" အာ.... အဲ့လိုလား မသိပါဘူး။ sorry အစ္ကို ကားသြားငွားလိုက္ဦးမယ္။ ညီ ခဏထိုင္ေနဦးေနာ္။ "

" ဟုတ္ကဲ့ "

စကၠေရွ႕က လွည့္ထြက္သြားၿပီး ခဏအၾကာ ကားရၿပီဆိုၿပီး စကၠကို ျပန္လာေခၚသည္။

" ဘာစိတ္မွေတာ့ မရွိနဲ႔ ညီ။ အစ္ကိုလည္း ေဆးခန္းထိုင္ရမွာမို႔ Taxi နဲ႔ပဲ..."

" အာ... မလိုဘူး ရတယ္။ ဘာပဲ ျဖစ္ျဖစ္ ေက်းဇူးပါပဲ။ "

" မသက္သာရင္ ျပန္လာခဲ့ေနာ္ ညီ "

" ဟုတ္ကဲ့ပါ "

ဆိုင္ကို ျပန္ေရာက္ေတာ့ ေထာ့နဲ႔ေထာ့နဲ႔ႏွင့္ ဝင္လာေသာ သူ႔ကို ဆိုင္ဝန္ထမ္းမ်ားက ဝိုင္းတြဲေပးၾကသည္။

" ရတယ္ ရတယ္ ငါ့ကို အခန္းထဲပဲ ပို႔ေပးၾက "

ထက္ခန္႔မရွိေတာ့ သူ႔မွာ အားကိုးစရာ လက္႐ုံးဟူ၍ကလည္း မရွိပါ။ ထက္ခန္႔နဲ႔သူက ေက်ာင္းေနဘက္ ျဖစ္သည္။ စကၠက ေက်ာင္းႏွစ္ႏွစ္ေအာက္ရ၍ တစ္တန္းတည္းအတူတူတက္ျဖစ္ၾကသည္။ ထက္ခန္႔က အမွန္ဆို သူ႔ထက္ ႏွစ္ႏွစ္ငယ္သည္။ ႏွစ္ေယာက္လုံးရဲ႕ မိသားစုအေျခအေနမ်ားကလည္း မေကာင္းေတာ့ စကၠက ၁၀တန္းေအာင္ၿပီးသည္ႏွင့္ အလုပ္ထြက္လုပ္သည္။

သို႔ရာတြင္ ထက္ခန္႔မွာလည္း ဂုဏ္ထူး၂ဘာသာပါပါလွ်က္ႏွင့္ အိမ္ရဲ႕ စီးပြားေရးကစဥ့္ကလ်ားျဖစ္မႈေၾကာင့္ အိမ္ေထာင္ဦးစီးေနရာကို ဝင္ယူလိုက္ရ၍ တကၠသိုလ္ဆက္တက္ဖို႔ကို နားထားလွ်က္ စကၠႏွင့္အတူ အလုပ္ဝင္လုပ္သည္။ စကၠလုပ္တဲ့ အလုပ္က သိတဲ့အတိုင္း ေငြအလြယ္ရသည့္အလုပ္ ထက္ခန္႔ကလည္း စကၠက သူ႔ရဲ႕ အစ္ကိုဆိုလည္းဟုတ္ သူငယ္ခ်င္းဆိုလည္း ဟုတ္သည္မို႔ စကၠလုပ္ေသာ ဒီအလုပ္ကို လိုက္လုပ္သည္။ ပထမက စကၠက ထက္ခန္႔ကို သူ႔လို မျဖစ္ရေအာင္ တားသည္။ ဒီအလုပ္ျဖင့္ စကၠက အဆင္ေျပေနတာျမင္ေတာ့ သေကာင့္သားက တားမရခဲ့ သူ႔အေမအတြက္ ေဆးဖိုးရရန္ေကာ လူငယ္ပီပီ သုံးခ်င္ျဖဳန္းခ်င္လာတာေရာ လုပ္ေတာ့သည္။ ႏွစ္ေယာက္လုံးအလုပ္တစ္ဖက္ႏွင့္မို႔ အေဝးသင္ျဖင့္သာ ဘြဲ႕ယူၾကရသည္။ အဆင္ေျပလာေတာ့လည္း ဒီအလုပ္နဲ႔ အသားက်ၿပီး တတက္စားလည္း ၾကက္သြန္ ႏွစ္တက္စားလည္း ၾကက္သြန္ေပမို႔ မထူးဇာတ္ခင္းၿပီး ဒီဘဝႏွင့္သာ ဆက္ရွင္သန္လာၾကသည္။

******

ပဲခူးကို ေရာက္တုန္းေရာက္ခိုက္ ေ႐ႊေမာ္ေတာဘုရားကို အေမႏွင့္အတူ သြားဖူးျဖစ္ၾကသည္။ ဆည္းလည္းသံေလးမ်ားကလည္း တခြၽင္ခြၽင္ႏွင့္ အေမရွိေနေသာ အရပ္သည္ ထက္ဦးခန္႔အတြက္ ပကတိေအးခ်မ္းမႈေတြ ေပးသည္။

" သား ရန္ကုန္မွာ ေနရတာ အဆင္ေျပရဲ႕လား။ "

" ဟုတ္ကဲ့ အေမ စကၠလည္း ရွိေနတာမို႔ ကြၽန္ေတာ္အဆင္ေျပပါတယ္။ "

"ေအးကြယ္ စကၠေလးေရာ ေနေကာင္းရဲ႕လား။ "

" ဟားဟား အေမရယ္ သူက ေဒါင္ေဒါင္ျမည္ပါ။ အေမ ဒီမွာ ေနရတာ ေပ်ာ္ရဲ႕လား။ "

ေယာဂီဝတ္စုံ အညိဳေလးနဲ႔ အေမ့မ်က္ႏွာက ပကတိ ေအးခ်မ္းေနသည္။

" အေမေပ်ာ္တာေပါ့သားရယ္။ ေပ်ာ္တာထက္ ဘုရားရိပ္၊ တရားရိပ္မွာ ေနရတာဆိုေတာ့  စိတ္ေအးခ်မ္းတာေပါ့။ တစ္ခါတေလ ညေနေစာင္းတိုင္း ဘုရားေပၚမွာ ပုတီးစိပ္တယ္၊  တရားထိုင္တယ္၊  သားႀကီးအတြက္ အမွ်ေဝေပးတယ္ေလ။ သားႀကီးေနာက္ဘဝၾကရင္ ဒီလိုဘဝမ်ိဳးႏွင့္ ျပန္မေမြးဖြားရေလေအာင္ အေမ သားအစ္ကိုအတြက္ ကုသိုလ္ေကာင္းမႈေတြ အမ်ားႀကီး လုပ္ေပးတယ္။ "

" ေကာင္းတာေပါ့ အေမရယ္။ ကိုႀကီး ေနာက္ဘဝၾကရင္ ျမင့္ျမတ္တဲ့ဘဝမ်ိဳးနဲ႔ ေမြးဖြားလာရမွာပါ။ "

" သားလည္း ရန္ကုန္မွာေနတာ အစစအရာရာ ဂ႐ုစိုက္ေနာ္။ ဘုရား  တရားေလးလည္း လုပ္ ေအာ္ သားျပန္ရင္ အေမ ပရိတ္ေရေလး ထည့္ေပးလိုက္ဦးမယ္။ "

"ဟုတ္ကဲ့ပါ အေမ "

အေမရဲ႕ ညာလက္က ထက္ဦးခန္႔ရဲ႕ ေခါင္းကို ပုတ္ေပးၿပီး ၿပဳံးလာ၍ ဆိုလာသည္။

" အေမ့သား ႏွစ္ေယာက္လုံးက အရမ္းလိမၼာတာ။ "

ေသခ်ာတာေတာ့ အေမက သူ႔ကို ျမင္ရင္ ကိုႀကီးကို သတိရတတ္သည္။ အခုလည္း အေမ့စိတ္ထဲ ကိုႀကီးကို အရမ္းလြမ္းေနမွာပဲ။


© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі