Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-25
(Unicode)

ဒီနေ့က ပဲခူးကို သွားရမည့်ရက်မို့ ဟန်လင်းညိုစောစောပြင်ဆင်ရသည်။ သူ  စက္ကကို သွားခေါ်ဖို့အလုပ် အမေ့ဆီကဖုန်းဝင်လာသည်။

" ဟယ်လို အမေပြောလေ "

" သားရေ နွယ်ကလေ သားနဲ့လိုက်ချင်လို့တဲ့ အဲ့တာ တစ်ခါတည်းဝင်ခေါ်ခဲ့လိုက်နော် "

" အမေတို့အိမ်နဲ့ နီးတာကို အမေတို့ပဲ ခေါ်ခဲ့လိုက်လေ "

" မဟုတ်ဘူး သားရဲ့ အမေတို့က မနေ့ကတည်းက ပဲခူးရောက်နေတာ "

"အော် ဟုတ်လား သားဝင်ခေါ်ခဲ့ပါ့မယ် "

"အေးအေး "

စက္ကနဲ့ နှစ်ယောက်အတူအေးဆေးသွားချင်ပါတယ်ဆိုမှ အမေတို့က တာဝန်တစ်ခုလွှဲပေးလိုက်ပြန်ပြီ။ စက္ကစောင့်နေရမည်ဆို၍ သူ စက္ကဆီ အရင်သွားလိုက်သည်။

" ဟျောင့် အလှူသွားမှာကို ငါစီစဥ်ပေးသလို မဝတ်ဘူး "

"ဟာဗျာ အစ်ကိုကလည်း စိတ်ကျဉ်းကျပ်တယ် "

" မရဘူး မင်းရဲ့ ဂျင်းဘောင်းဘီအမဲကိုလည်းကြည့်ဦး ဒူးနေရာမှာ အပြဲတွေနဲ့ တကယ့်လမ်းသရဲစတိုင်နဲ့ သွားအခုလဲ "

" မလဲချင်တော့ဘူးဗျာ "

" မရဘူး ငါကိုယ်တိုင်လဲပေးမယ် လာခဲ့ "

စက္ကကို ဂုတ်ကဆွဲခေါ်ပြီး အဝတ်အစားလဲခိုင်းရသည်။

" အဲ့ style pantsကို ဝတ် ရော့ ဒီအင်္ကျီ  လာ ငါ့အနား "

အစ်ကိုက သူ့စပို့စ်ရှပ်၌ပါသော ကြယ်သီးနှစ်လုံးကို သူကိုယ်တိုင်တပ်ပေးသည်။ အစ်ကို့အရပ်က သူ့မေးဖျားလောက်သာရှိသည်။ အင်္ကျီကြယ်သီးတပ်ပေးနေသော အစ်ကို့ကို ကြည့်ရင်း စက္ကအသက်ရှူနှုန်းတွေ မြန်လာသည်။ တပ်လို့ပြီးသွားတော့ အစ်ကိုကလည်း သူ့ကို ပြန်မော့ကြည့်လာပြီး သူစိုက်ကြည့်နေတာသိတော့ ဟိုဘက်လှည့်ပြီး ကျောခိုင်းလိုက်သည်။

" အခုမှပဲ လူရုပ်ပေါက်သွားတော့တယ် သွားကြမယ် "

" ဟုတ် "

အစ်ကိုက သူကိုယ်တိုင်ကားမောင်းသည်။ အစ်ကိုမောင်းနေတဲ့ ဘက်က ပဲခူးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတော့ စက္ကမနေနိုင်တော့ဘဲ မေးလိုက်၏။

" ဘယ်သွားနေတာလဲ အစ်ကို "

" နွယ့်ကို သွားခေါ်မလို့ "

" ဟမ် ကျွန်တော်တို့ နှစ်ယောက်ပဲ သွားမှာ မဟုတ်ဘူးလား "

" အစကတော့အဲ့လိုပဲ ဒီနေ့မနက်မှ နွယ်လိုက်ချင်တယ်ပြောလို့ "

" အော်...."

စက္က ဘာစကားမှဆက်ပြောချင်စိတ်မရှိ။ သူ့ဇနီးလောင်းကို သူပွဲထုတ်နေတာပဲ သူပြောပိုင်ခွင့်မရှိဘူးလေ။

အစ်ကိုက ခြံတစ်ခြံရှေ့မှာ ကားရပ်လိုက်တော့ မိုးသားနွယ်ဆိုတဲ့ ကောင်မလေးက သူတို့ကားအနားကို ရောက်လာပြီး သူထိုင်တဲ့ဘက်မှာ ရပ်လိုက်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မြန်မာဆန်ဆန်လေးကို ခေတ်မီအောင် ဝတ်တတ်သော သူမက အစ်ကို့ဇနီးလောင်းဖြစ်ထိုက်ပါသည်။ အစ်ကို့ဘေးမှာ ထိုင်နေရာကနေ စက္ကတံခါးဖွင့်၍ နောက်ခန်းကို နေရာပြောင်းထိုင်ဖို့ ပြင်လိုက်သည်။

" စက္က ဘာလုပ်တာလဲ "

" သူ အစ်ကို့နားမှာ ထိုင်မှာမလား "

" နေပါ အဲ့အတိုင်း "

အစ်ကိုက စက္ကဘေးရှိကားမှန်ကို ချလိုက်ပြီး မိုးသားနွယ်ကို လှမ်းပြောလိုက်သည်။

" နွယ် အနောက်မှာပဲထိုင်လိုက်နော် "

ပြောပြီးတော့ အစ်ကိုက ကားမှန်ကို ပြန်တင်လိုက်သည်။ စက္ကဘေးနားရပ်နေသော သူမ ရှက်သွားပုံရသည်။ ထို့နောက် သူမက အနောက်မှာပဲ ဝင်ထိုင်လိုက်သည်။

" ကိုကို မနက်စာစားခဲ့လား "

" အော် ဟုတ်ကဲ့ အစ်ကိုစားပြီးပြီ ဒါနဲ့
စက္ကမင်းမနက်က ဘာစားထားလဲ "

" ကျွန်တော်လည်း စားပြီးပါပြီ " 

" အေးအေး စားပြီးရင်ပြီးရော ဟိုရောက်ရင် ငါအလုပ်ရှုပ်ချင်ရှုပ်မှာမို့ မင်းအဆာခံနေရမှာစိုးလို့ "

" ရပါတယ် "

မိုးသားနွယ် အနောက်မှာထိုင်ရင်း စိတ်အားငယ်လာသည်။ ကိုကိုက သူမကို  အဆင်ပြေရဲ့လားလို့ တစ်ချက်တောင်မမေးဘူး။ ဘာမဟုတ်တဲ့လူကျတော့ ဂရုစိုက်တတ်လိုက်တာ။ နွယ် ဘယ်ချိန်မှ ကိုကို့ရဲ့ အာရုံစိုက်မှုကို ရမှာလဲ။

" စက္က ဟိုရောက်ရင် လျှောက်မသွားနဲ့နော် နောက်ပြီး နေခရဲ့ အမေရှိနေမှာသိတယ်မလား "

စက္က သဘောပေါက်လိုက်သည်။ အစ်ကိုက တစိမ်းရှေ့မို့ အထာနဲ့ပြောနေတာ။ မင်းအမေလို့မသုံးဘဲ နေခအမေလို့ ပြောင်းသုံးပေးသည်။

" အန်တီမေခလည်း ရှိတာလား ကိုကို "

"ဟုတ်တယ် နွယ် သူတို့သူငယ်ချင်းတွေ အကုန်ရှိတယ် "

"အော်... အန်တီမေခဆိုမှ ကိုကိုကြားပြီးပြီလား နေခမင်းမြတ်လေ ခြောက်နေတာတဲ့တော် အမယ်လေး မထင်ရဘူး "

" နွယ် ! "

မိုးသားနွယ်ရဲ့ စကားကြောင့် အစ်ကိုက သူ့ကို အားနာသွားပုံရသည်။ သူ့ကို အကြည့်ဖြင့် တောင်းပန်သည်။ သူကလည်း ရပါတယ်ဟု ခေါင်းညိတ်ပြလိုက်သည်။

" ကိုကိုကလည်း နွယ်ဆို သူနဲ့ ငယ်ငယ်ကတည်းကဆော့နေကြပါ မထင်ရဘူး တကယ် အဲ့နေ့က လိုင်းပေါ်က vdမကြည့်လိုက်ရင် နွယ်ဖြင့် ယုံမှာမဟုတ်ဘူး သိလား သူ့အမေရော သူ့သားရော ကြီးကြီးကျယ်ကျယ်နဲ့ နွယ်တော့ကြည့်မရဘူး "

" မိုးသားနွယ် ငါမင်းကို တော်တော့လို့! "

စက္ကရဲ့ လက်တွေ ဆုပ်ထားမှန်းသိတော့ ဟန်လင်းညိုဒေါသထွက်ပြီး အော်လိုက်သည်။ မိုးသားနွယ်လည်း ကိုကိုက သူ့ကို အဲ့လိုမအော်ဖူးတော့ လန့်သွားမိသည်။

" ကိုကိုမအော်ပါနဲ့  နွယ်က ကိုကို့ရဲ့ ဇနီးလောင်းနော် နွယ်က အဲ့လိုအခြောက်တွေ မုန်းတာ နွယ့်အပြစ်လား "

" မင်းပါးစပ်ကို ပိတ်ထားလိုက်တော့ ငါဒေါသမထွက်ချင်ဘူး "

တစိမ်းတစ်ယောက်ရှေ့မှာ ဒီလိုအပြောခံရတော့ မိုးသားနွယ်စိတ်မကောင်းဖြစ်မိသည်။ နောက်ပြီး ကိုကိုဘာလို့ ဒီလောက်ထိဒေါသထွက်ရတာလဲ မိုးသားနွယ်သိချင်သည်။ သို့ပေမယ့် ဘာစကားမှ ဆက်မပြောတော့ဘဲ ညိမ်နေလိုက်သည်။

~~~~~~~~
" ကျောက်ကပ်ကင်ဆာနှစ်မျိုးရှိတယ်ဗျ ပထမတစ်ခုက Wilms´s Tumor လို့ခေါ်တဲ့ အသက်လေးနှစ်ကတည်းက စဖြစ်တတ်တဲ့ ကင်ဆာနဲ့ အသက်ကြီးမှ ဖြစ်တတ်တဲ့ ကင်ဆာရယ်ပေါ့ "

ဘိုးဘွားရိပ်သာရှိ အဆောက်အဦးရှေ့မြက်ခင်းပြင်တွင် ထိုင်ခုံလေးများချ၍ အဘိုး၊ အဘွားများက ထိုင်ကြသည်။ စင်ပေါ်၌ ဆရာဝန်များ တစ်ယောက်ပြီးတစ်ယောက် ဆေးဘက်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအနေနဲ့ ဝေငှနေကြသည်။ အခုပြောနေတာက ဟန်လင်းညိုဖြစ်သည်။ စက္ကကတော့ ဟန်လင်းညိုနေရာချပေးထားသော လူအုပ်ရဲ့ နောက်ဆုံးခုံလွတ်တွေရှိတဲ့နေရာမှာ တစ်ယောက်တည်းအေးဆေးထိုင်နေသည်။

"ဘယ်လိုလက္ခဏာပြလဲဆိုရင် ယောကျ်ားတွေမှာ ပိုဖြစ်တတ်တဲ့ ရောဂါတစ်ခုပါ ဆီးထဲမှာ သွေးပါတစ်ချက် မပါတစ်ချက်ဖြစ်တတ်ပါတယ် ဆီးပြွန်ကနေ တစ်ချက်တစ်ချက်နာတာ ဝမ်းဗိုက်ဘေးဆွဲခံထားရသလို ဖြစ်တာ ခြေထောက်သွေးပြန်ကြောဖောင်းကားတာတွေ ဖြစ်တတ်ပါတယ် "

" ကျောက်ကပ် ခွဲစိတ်တဲ့အခါမှာ ခါးဘက်ကနေ အောက်နဲ့ရှေ့ဘက်ကို တစောင်းအရာပေးပြီး ခွဲစိတ်တာရယ်၊ ဝမ်းဗိုက်ကနေ ခွဲစိတ်တာရယ်ဆိုပြီး ရှိပါတယ် တစ်ခါတစ်ရံ ကျောက်ကပ်တစ်ခုလုံးကို မထုတ်ဘဲ ရောဂါဖြစ်တဲ့ အပိုင်းကို ခွဲထုတ်တာလည်း ရှိပါတယ် "

အစ်ကိုတည်တည်ငြိမ်ငြိမ်ရှင်းပြနေသော စကားများကို အဘိုး၊ အဘွားများနည်းတူ သူလည်း နားထောင်နေသည်။ သူ့အနားရောက်ရင်သာ ဘာမှမဟုတ်တာ စင်ပေါ်မှာတော့ အရမ်းကြည့်ကောင်းပြီး တောက်ပနေသည်။

" စက္က "

" ဟင် အန်တီ "

အမေက အနားရောက်လာတော့ သူချက်ချင်းထရပ်လိုက်သည်။

" ငါနဲ့ ခဏလိုက်ခဲ့စမ်း "

" ဗျာ ဟုတ်ကဲ့ "

အမေခေါ်သွားသော နောက်ကို သူလိုက်သွားလိုက်သည်။ အမေခေါ်သွားတာ ဟောပြောပွဲရဲ့ တစ်ဖက်က ဧည့်သည်တွေလည်း မရှိသည့်နေရာ ။

တစ်နေရာရောက်တော့ အမေက သူ့ကို ကျောခိုင်းပြီး ရပ်နေသည်။ အမေဘာများပြောချင်နေလည်းမသိ။ သက်ပြင်းတွေ ခဏခဏချနေသည်။ ထို့နောက် အမေက သူ့ဘက်လှည့်လာသည်။

အမေ့မျက်လုံးတွေမှာ မျက်ရည်တွေဝဲလို့ သူ့ကို သေချာစိုက်ကြည့်နေသည်။ ထို့နောက် သူ့ပခုံးနှစ်ဖက်ကို ကိုင်လိုက်ပြီး ငိုချသည်။ စက္က ရုတ်တရက် အမေငိုတာမြင်ရတော့ ပျာယာခတ်သွားသည်။

" အန်တီ ဘာလို့ ငိုတာလဲ "

" သား...."

"ဗျာ "

အမေက သူ့ကို အမေ့သားဆိုတာ သိသွားတာလား။ သူအံ့သြမိ၍ နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။

" မင်းအဖေရဲ့ နာမည်က ဦးမင်းမြတ်မလား "

"ဟို "

" ဟုတ်ပါတယ် မင်းက ငါ့သားပါ "

" မဟုတ်ဘူး ကျွန်တော်က အန်တီ့သားမဟုတ်ဘူး အန်တီလူမှားနေပြီ ဟားဟား ကျွန်တော်သွားတော့မယ် "

စက္ကကိုယ်တိုင်လည်း မျက်ရည်ကျလာသည်။ ဒီလို အခြေအနေကြီးနဲ့ အမေ့သား မဖြစ်ချင်ဘူး။ စက္က ကျောခိုင်းလိုက်ပြီး အမေ့အနားမှ အမြန်ထွက်သွားဖို့ ပြင်သည်။

" သားက အမေ့သားလေ အမေ့ကို မမှတ်မိဘူးလား "

" မသိဘူး "

" သား အမေ့ကို စိတ်နာနေလို့မလား အမေမှားခဲ့တာတွေကို အမေတောင်းပန်ပါတယ် "

" ကျွန်တော်စိတ်မနာခဲ့ပါဘူး ဒါပေမယ့် အမေပြောခဲ့သလို ကျွန်တော်က ရွံစရာကောင်းတဲ့ကောင်ပါ ကျွန်တော့်အသွေးအသားတွေက မသန့်စင်ဘူး ကျွန်တော့်ကို သားလို့ မသတ်မှတ်ပါနဲ့တော့ အမေတန်ဖိုးထားတဲ့ ဂုဏ်သိက္ခာကို ကျွန်တော့်လိုလူက ဖျက်ဆီးပစ်မယ့်လူပါ အမေသတ်မှတ်ထားသလို ကျွန်တော်ရော အဖေရောက သေသွားပြီလို့ ဒီကမ္ဘာပေါ်မှာ မရှိခဲ့တာလို့ပဲ ဆက်ပြီး သတ်မှတ်ထားလိုက်ပါ အမေ့ဂုဏ်သိက္ခာနဲ့အရှက်တရားအတွက် ပြောတာပါ ကျွန်တော်စိတ်နာလို့ မဟုတ်ဘူး "

" ဟင့်အင်း ဟင့်အင်း မဖြစ်နိုင်ဘူး သားရယ် အမေ့ဆီ ပြန်လာပါ မဖြစ်နိုင်ဘူး ဘာလို့ အမေ့သားက သေရမှာလဲ အမေ သားကို သေသွားပြီလို့ မသတ်မှတ်ထားပါဘူး "

စက္က အမေ့အနားက အမြန်ဆုံးထွက်သွားလိုက်သည်။ အမေကတော့ နေရာမှာတင် ငိုယိုပြီး ကျန်ခဲ့သည်။

ဟောပြောပွဲနားပြန်ရောက်တော့ အစ်ကိုကလည်း သူ့အနားကို ပြေးလာသည်။

" ဟျောင့် စက္က မင်းဘယ်တွေလျှောက်သွားနေတာလဲ ငါပြီးလို့ မင်းကိုလိုက်ရှာနေတာ ဟင် မင်းငိုနေတာလား "

" ဟင့်အင်း "

" မျက်လုံးတွေ ရဲနေလို့ ဒီမှာလူရှုပ်တယ် လာ ကားထဲသွားရအောင် "

ကားထဲရောက်တော့လည်း မှိုင်တွေနေသည့်စက္ကကို သူနားမလည်နိုင်သလိုကြည့်နေသည်။

" အစ်ကို "

"ပြော ဘာတွေ ဖြစ်လာလဲ "

" အမေ သိသွားပြီ "

" ဟမ် ဘာကိုလဲ မင်းတို့သားအမိဆိုတာလား "

" အင်း "

" မင်းအဖေကိုသွားတွေ့ပြီး မေးလိုက်တာထင်တယ် "

"မသိဘူး မနေ့က အလုပ်သမားစာရင်းတွေတောင်းတာ အဲ့တာသိချင်လို့ထင်တယ် "

" သိတော့လည်းသိပေါ့ ကိုယ့်သားကိုယ်အမြင်စောင်းနေတာ နောက်ဆုံးတော့သိသွားတာပဲမလား "

စက္ကက ပျော်ရမည့်ကိစ္စကို ဝမ်းနည်းနေတယ်ဆိုတော့ ဟန်လင်းညိုနားမလည်နိုင်ဖြစ်ရပြန်ပြီ။

" မင်းက ဘာဖြစ်နေတာလဲ "

" ပတ်ဝန်းကျင်အမြင်မှာ ကျွန်တော်က အမေ့သားဆိုပြီး အမေချပြလို့ ကောင်းတဲ့ကောင်မဟုတ်ဘူး "

" စိတ်အားမငယ်ပါနဲ့စက္ကရာ ငါရှိပါတယ်မင်းဘေးမှာ "

" အစ်ကိုကလည်း အချိန်တန်ရင်ထားသွားမှာလေ "

ဒီကောင်လေးဘာတွေလျှောက်တွေးနေတယ် မသိ။ ဟိုဘက်ခုံကနေ ဟန်လင်းညိုရဲ့ခါးကိုကုန်းပြီး လှမ်းဖက်လာသည်။ သူလည်း ဒီကောင်ဆိုးလေးကြောင့် ပျော်ရ၊ ဝမ်းနည်းရနှင့် စိတ်ခံစားမှုပေါင်းစုံ အမြဲခံစားရသည်။

~~~~~~
A/N
ကျောက်ကပ်ကင်ဆာကို အေးကမ္ဘာဒေါက်တာချစ်ရဲ့ ဆီးနှင့်ကျောက်ကပ်ရောဂါများနှင့် အခြားဆေးဆောင်းပါးများစာအုပ်မှ ကောက်နုတ်ထားပါသည်။ ထို့ကြောင့် ဒေါက်တာဇွဲကောင်းချစ်ကို လေးစားစွာဖြင့် Credit ပေးပါသည်။

(Zawgyi)

ဒီေန႔က ပဲခူးကို သြားရမည့္ရက္မို႔ ဟန္လင္းညိဳေစာေစာျပင္ဆင္ရသည္။ သူ  စကၠကို သြားေခၚဖို႔အလုပ္ အေမ့ဆီကဖုန္းဝင္လာသည္။

" ဟယ္လို အေမေျပာေလ "

" သားေရ ႏြယ္ကေလ သားနဲ႔လိုက္ခ်င္လို႔တဲ့ အဲ့တာ တစ္ခါတည္းဝင္ေခၚခဲ့လိုက္ေနာ္ "

" အေမတို႔အိမ္နဲ႔ နီးတာကို အေမတို႔ပဲ ေခၚခဲ့လိုက္ေလ "

" မဟုတ္ဘူး သားရဲ႕ အေမတို႔က မေန႔ကတည္းက ပဲခူးေရာက္ေနတာ "

"ေအာ္ ဟုတ္လား သားဝင္ေခၚခဲ့ပါ့မယ္ "

"ေအးေအး "

စကၠနဲ႔ ႏွစ္ေယာက္အတူေအးေဆးသြားခ်င္ပါတယ္ဆိုမွ အေမတို႔က တာဝန္တစ္ခုလႊဲေပးလိုက္ျပန္ၿပီ။ စကၠေစာင့္ေနရမည္ဆို၍ သူ စကၠဆီ အရင္သြားလိုက္သည္။

" ေဟ်ာင့္ အလႉသြားမွာကို ငါစီစဥ္ေပးသလို မဝတ္ဘူး "

"ဟာဗ်ာ အစ္ကိုကလည္း စိတ္က်ဥ္းက်ပ္တယ္ "

" မရဘူး မင္းရဲ႕ ဂ်င္းေဘာင္းဘီအမဲကိုလည္းၾကည့္ဦး ဒူးေနရာမွာ အၿပဲေတြနဲ႔ တကယ့္လမ္းသရဲစတိုင္နဲ႔ သြားအခုလဲ "

" မလဲခ်င္ေတာ့ဘူးဗ်ာ "

" မရဘူး ငါကိုယ္တိုင္လဲေပးမယ္ လာခဲ့ "

စကၠကို ဂုတ္ကဆြဲေခၚၿပီး အဝတ္အစားလဲခိုင္းရသည္။

" အဲ့ style pantsကို ဝတ္ ေရာ့ ဒီအက်ႌ  လာ ငါ့အနား "

အစ္ကိုက သူ႔စပို႔စ္ရွပ္၌ပါေသာ ၾကယ္သီးႏွစ္လုံးကို သူကိုယ္တိုင္တပ္ေပးသည္။ အစ္ကို႔အရပ္က သူ႔ေမးဖ်ားေလာက္သာရွိသည္။ အက်ႌၾကယ္သီးတပ္ေပးေနေသာ အစ္ကို႔ကို ၾကည့္ရင္း စကၠအသက္ရႉႏႈန္းေတြ ျမန္လာသည္။ တပ္လို႔ၿပီးသြားေတာ့ အစ္ကိုကလည္း သူ႔ကို ျပန္ေမာ့ၾကည့္လာၿပီး သူစိုက္ၾကည့္ေနတာသိေတာ့ ဟိုဘက္လွည့္ၿပီး ေက်ာခိုင္းလိုက္သည္။

" အခုမွပဲ လူ႐ုပ္ေပါက္သြားေတာ့တယ္ သြားၾကမယ္ "

" ဟုတ္ "

အစ္ကိုက သူကိုယ္တိုင္ကားေမာင္းသည္။ အစ္ကိုေမာင္းေနတဲ့ ဘက္က ပဲခူးနဲ႔ ဆန္႔က်င္ဘက္ျဖစ္ေနေတာ့ စကၠမေနႏိုင္ေတာ့ဘဲ ေမးလိုက္၏။

" ဘယ္သြားေနတာလဲ အစ္ကို "

" ႏြယ့္ကို သြားေခၚမလို႔ "

" ဟမ္ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ပဲ သြားမွာ မဟုတ္ဘူးလား "

" အစကေတာ့အဲ့လိုပဲ ဒီေန႔မနက္မွ ႏြယ္လိုက္ခ်င္တယ္ေျပာလို႔ "

" ေအာ္...."

စကၠ ဘာစကားမွဆက္ေျပာခ်င္စိတ္မရွိ။ သူ႔ဇနီးေလာင္းကို သူပြဲထုတ္ေနတာပဲ သူေျပာပိုင္ခြင့္မရွိဘူးေလ။

အစ္ကိုက ၿခံတစ္ၿခံေရွ႕မွာ ကားရပ္လိုက္ေတာ့ မိုးသားႏြယ္ဆိုတဲ့ ေကာင္မေလးက သူတို႔ကားအနားကို ေရာက္လာၿပီး သူထိုင္တဲ့ဘက္မွာ ရပ္လိုက္သည္။ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ ျမန္မာဆန္ဆန္ေလးကို ေခတ္မီေအာင္ ဝတ္တတ္ေသာ သူမက အစ္ကို႔ဇနီးေလာင္းျဖစ္ထိုက္ပါသည္။ အစ္ကို႔ေဘးမွာ ထိုင္ေနရာကေန စကၠတံခါးဖြင့္၍ ေနာက္ခန္းကို ေနရာေျပာင္းထိုင္ဖို႔ ျပင္လိုက္သည္။

" စကၠ ဘာလုပ္တာလဲ "

" သူ အစ္ကို႔နားမွာ ထိုင္မွာမလား "

" ေနပါ အဲ့အတိုင္း "

အစ္ကိုက စကၠေဘးရွိကားမွန္ကို ခ်လိုက္ၿပီး မိုးသားႏြယ္ကို လွမ္းေျပာလိုက္သည္။

" ႏြယ္ အေနာက္မွာပဲထိုင္လိုက္ေနာ္ "

ေျပာၿပီးေတာ့ အစ္ကိုက ကားမွန္ကို ျပန္တင္လိုက္သည္။ စကၠေဘးနားရပ္ေနေသာ သူမ ရွက္သြားပုံရသည္။ ထို႔ေနာက္ သူမက အေနာက္မွာပဲ ဝင္ထိုင္လိုက္သည္။

" ကိုကို မနက္စာစားခဲ့လား "

" ေအာ္ ဟုတ္ကဲ့ အစ္ကိုစားၿပီးၿပီ ဒါနဲ႔
စကၠမင္းမနက္က ဘာစားထားလဲ "

" ကြၽန္ေတာ္လည္း စားၿပီးပါၿပီ " 

" ေအးေအး စားၿပီးရင္ၿပီးေရာ ဟိုေရာက္ရင္ ငါအလုပ္ရႈပ္ခ်င္ရႈပ္မွာမို႔ မင္းအဆာခံေနရမွာစိုးလို႔ "

" ရပါတယ္ "

မိုးသားႏြယ္ အေနာက္မွာထိုင္ရင္း စိတ္အားငယ္လာသည္။ ကိုကိုက သူမကို  အဆင္ေျပရဲ႕လားလို႔ တစ္ခ်က္ေတာင္မေမးဘူး။ ဘာမဟုတ္တဲ့လူက်ေတာ့ ဂ႐ုစိုက္တတ္လိုက္တာ။ ႏြယ္ ဘယ္ခ်ိန္မွ ကိုကို႔ရဲ႕ အာ႐ုံစိုက္မႈကို ရမွာလဲ။

" စကၠ ဟိုေရာက္ရင္ ေလွ်ာက္မသြားနဲ႔ေနာ္ ေနာက္ၿပီး ေနခရဲ႕ အေမရွိေနမွာသိတယ္မလား "

စကၠ သေဘာေပါက္လိုက္သည္။ အစ္ကိုက တစိမ္းေရွ႕မို႔ အထာနဲ႔ေျပာေနတာ။ မင္းအေမလို႔မသုံးဘဲ ေနခအေမလို႔ ေျပာင္းသုံးေပးသည္။

" အန္တီေမခလည္း ရွိတာလား ကိုကို "

"ဟုတ္တယ္ ႏြယ္ သူတို႔သူငယ္ခ်င္းေတြ အကုန္ရွိတယ္ "

"ေအာ္... အန္တီေမခဆိုမွ ကိုကိုၾကားၿပီးၿပီလား ေနခမင္းျမတ္ေလ ေျခာက္ေနတာတဲ့ေတာ္ အမယ္ေလး မထင္ရဘူး "

" ႏြယ္ ! "

မိုးသားႏြယ္ရဲ႕ စကားေၾကာင့္ အစ္ကိုက သူ႔ကို အားနာသြားပုံရသည္။ သူ႔ကို အၾကည့္ျဖင့္ ေတာင္းပန္သည္။ သူကလည္း ရပါတယ္ဟု ေခါင္းညိတ္ျပလိုက္သည္။

" ကိုကိုကလည္း ႏြယ္ဆို သူနဲ႔ ငယ္ငယ္ကတည္းကေဆာ့ေနၾကပါ မထင္ရဘူး တကယ္ အဲ့ေန႔က လိုင္းေပၚက vdမၾကည့္လိုက္ရင္ ႏြယ္ျဖင့္ ယုံမွာမဟုတ္ဘူး သိလား သူ႔အေမေရာ သူ႔သားေရာ ႀကီးႀကီးက်ယ္က်ယ္နဲ႔ ႏြယ္ေတာ့ၾကည့္မရဘူး "

" မိုးသားႏြယ္ ငါမင္းကို ေတာ္ေတာ့လို႔! "

စကၠရဲ႕ လက္ေတြ ဆုပ္ထားမွန္းသိေတာ့ ဟန္လင္းညိဳေဒါသထြက္ၿပီး ေအာ္လိုက္သည္။ မိုးသားႏြယ္လည္း ကိုကိုက သူ႔ကို အဲ့လိုမေအာ္ဖူးေတာ့ လန္႔သြားမိသည္။

" ကိုကိုမေအာ္ပါနဲ႔  ႏြယ္က ကိုကို႔ရဲ႕ ဇနီးေလာင္းေနာ္ ႏြယ္က အဲ့လိုအေျခာက္ေတြ မုန္းတာ ႏြယ့္အျပစ္လား "

" မင္းပါးစပ္ကို ပိတ္ထားလိုက္ေတာ့ ငါေဒါသမထြက္ခ်င္ဘူး "

တစိမ္းတစ္ေယာက္ေရွ႕မွာ ဒီလိုအေျပာခံရေတာ့ မိုးသားႏြယ္စိတ္မေကာင္းျဖစ္မိသည္။ ေနာက္ၿပီး ကိုကိုဘာလို႔ ဒီေလာက္ထိေဒါသထြက္ရတာလဲ မိုးသားႏြယ္သိခ်င္သည္။ သို႔ေပမယ့္ ဘာစကားမွ ဆက္မေျပာေတာ့ဘဲ ညိမ္ေနလိုက္သည္။

~~~~~~~~
" ေက်ာက္ကပ္ကင္ဆာႏွစ္မ်ိဳးရွိတယ္ဗ် ပထမတစ္ခုက Wilms´s Tumor လို႔ေခၚတဲ့ အသက္ေလးႏွစ္ကတည္းက စျဖစ္တတ္တဲ့ ကင္ဆာနဲ႔ အသက္ႀကီးမွ ျဖစ္တတ္တဲ့ ကင္ဆာရယ္ေပါ့ "

ဘိုးဘြားရိပ္သာရွိ အေဆာက္အဦးေရွ႕ျမက္ခင္းျပင္တြင္ ထိုင္ခုံေလးမ်ားခ်၍ အဘိုး၊ အဘြားမ်ားက ထိုင္ၾကသည္။ စင္ေပၚ၌ ဆရာဝန္မ်ား တစ္ေယာက္ၿပီးတစ္ေယာက္ ေဆးဘက္ဆိုင္ရာ အေၾကာင္းအရာမ်ားကို ဗဟုသုတအေနနဲ႔ ေဝငွေနၾကသည္။ အခုေျပာေနတာက ဟန္လင္းညိဳျဖစ္သည္။ စကၠကေတာ့ ဟန္လင္းညိဳေနရာခ်ေပးထားေသာ လူအုပ္ရဲ႕ ေနာက္ဆုံးခုံလြတ္ေတြရွိတဲ့ေနရာမွာ တစ္ေယာက္တည္းေအးေဆးထိုင္ေနသည္။

"ဘယ္လိုလကၡဏာျပလဲဆိုရင္ ေယာက်္ားေတြမွာ ပိုျဖစ္တတ္တဲ့ ေရာဂါတစ္ခုပါ ဆီးထဲမွာ ေသြးပါတစ္ခ်က္ မပါတစ္ခ်က္ျဖစ္တတ္ပါတယ္ ဆီးႁပြန္ကေန တစ္ခ်က္တစ္ခ်က္နာတာ ဝမ္းဗိုက္ေဘးဆြဲခံထားရသလို ျဖစ္တာ ေျခေထာက္ေသြးျပန္ေၾကာေဖာင္းကားတာေတြ ျဖစ္တတ္ပါတယ္ "

" ေက်ာက္ကပ္ ခြဲစိတ္တဲ့အခါမွာ ခါးဘက္ကေန ေအာက္နဲ႔ေရွ႕ဘက္ကို တေစာင္းအရာေပးၿပီး ခြဲစိတ္တာရယ္၊ ဝမ္းဗိုက္ကေန ခြဲစိတ္တာရယ္ဆိုၿပီး ရွိပါတယ္ တစ္ခါတစ္ရံ ေက်ာက္ကပ္တစ္ခုလုံးကို မထုတ္ဘဲ ေရာဂါျဖစ္တဲ့ အပိုင္းကို ခြဲထုတ္တာလည္း ရွိပါတယ္ "

အစ္ကိုတည္တည္ၿငိမ္ၿငိမ္ရွင္းျပေနေသာ စကားမ်ားကို အဘိုး၊ အဘြားမ်ားနည္းတူ သူလည္း နားေထာင္ေနသည္။ သူ႔အနားေရာက္ရင္သာ ဘာမွမဟုတ္တာ စင္ေပၚမွာေတာ့ အရမ္းၾကည့္ေကာင္းၿပီး ေတာက္ပေနသည္။

" စကၠ "

" ဟင္ အန္တီ "

အေမက အနားေရာက္လာေတာ့ သူခ်က္ခ်င္းထရပ္လိုက္သည္။

" ငါနဲ႔ ခဏလိုက္ခဲ့စမ္း "

" ဗ်ာ ဟုတ္ကဲ့ "

အေမေခၚသြားေသာ ေနာက္ကို သူလိုက္သြားလိုက္သည္။ အေမေခၚသြားတာ ေဟာေျပာပြဲရဲ႕ တစ္ဖက္က ဧည့္သည္ေတြလည္း မရွိသည့္ေနရာ ။

တစ္ေနရာေရာက္ေတာ့ အေမက သူ႔ကို ေက်ာခိုင္းၿပီး ရပ္ေနသည္။ အေမဘာမ်ားေျပာခ်င္ေနလည္းမသိ။ သက္ျပင္းေတြ ခဏခဏခ်ေနသည္။ ထို႔ေနာက္ အေမက သူ႔ဘက္လွည့္လာသည္။

အေမ့မ်က္လုံးေတြမွာ မ်က္ရည္ေတြဝဲလို႔ သူ႔ကို ေသခ်ာစိုက္ၾကည့္ေနသည္။ ထို႔ေနာက္ သူ႔ပခုံးႏွစ္ဖက္ကို ကိုင္လိုက္ၿပီး ငိုခ်သည္။ စကၠ ႐ုတ္တရက္ အေမငိုတာျမင္ရေတာ့ ပ်ာယာခတ္သြားသည္။

" အန္တီ ဘာလို႔ ငိုတာလဲ "

" သား...."

"ဗ်ာ "

အေမက သူ႔ကို အေမ့သားဆိုတာ သိသြားတာလား။ သူအံ့ၾသမိ၍ ေနာက္ကို ေျခတစ္လွမ္းဆုတ္လိုက္သည္။

" မင္းအေဖရဲ႕ နာမည္က ဦးမင္းျမတ္မလား "

"ဟို "

" ဟုတ္ပါတယ္ မင္းက ငါ့သားပါ "

" မဟုတ္ဘူး ကြၽန္ေတာ္က အန္တီ့သားမဟုတ္ဘူး အန္တီလူမွားေနၿပီ ဟားဟား ကြၽန္ေတာ္သြားေတာ့မယ္ "

စကၠကိုယ္တိုင္လည္း မ်က္ရည္က်လာသည္။ ဒီလို အေျခအေနႀကီးနဲ႔ အေမ့သား မျဖစ္ခ်င္ဘူး။ စကၠ ေက်ာခိုင္းလိုက္ၿပီး အေမ့အနားမွ အျမန္ထြက္သြားဖို႔ ျပင္သည္။

" သားက အေမ့သားေလ အေမ့ကို မမွတ္မိဘူးလား "

" မသိဘူး "

" သား အေမ့ကို စိတ္နာေနလို႔မလား အေမမွားခဲ့တာေတြကို အေမေတာင္းပန္ပါတယ္ "

" ကြၽန္ေတာ္စိတ္မနာခဲ့ပါဘူး ဒါေပမယ့္ အေမေျပာခဲ့သလို ကြၽန္ေတာ္က ႐ြံစရာေကာင္းတဲ့ေကာင္ပါ ကြၽန္ေတာ့္အေသြးအသားေတြက မသန္႔စင္ဘူး ကြၽန္ေတာ့္ကို သားလို႔ မသတ္မွတ္ပါနဲ႔ေတာ့ အေမတန္ဖိုးထားတဲ့ ဂုဏ္သိကၡာကို ကြၽန္ေတာ့္လိုလူက ဖ်က္ဆီးပစ္မယ့္လူပါ အေမသတ္မွတ္ထားသလို ကြၽန္ေတာ္ေရာ အေဖေရာက ေသသြားၿပီလို႔ ဒီကမာၻေပၚမွာ မရွိခဲ့တာလို႔ပဲ ဆက္ၿပီး သတ္မွတ္ထားလိုက္ပါ အေမ့ဂုဏ္သိကၡာနဲ႔အရွက္တရားအတြက္ ေျပာတာပါ ကြၽန္ေတာ္စိတ္နာလို႔ မဟုတ္ဘူး "

" ဟင့္အင္း ဟင့္အင္း မျဖစ္ႏိုင္ဘူး သားရယ္ အေမ့ဆီ ျပန္လာပါ မျဖစ္ႏိုင္ဘူး ဘာလို႔ အေမ့သားက ေသရမွာလဲ အေမ သားကို ေသသြားၿပီလို႔ မသတ္မွတ္ထားပါဘူး "

စကၠ အေမ့အနားက အျမန္ဆုံးထြက္သြားလိုက္သည္။ အေမကေတာ့ ေနရာမွာတင္ ငိုယိုၿပီး က်န္ခဲ့သည္။

ေဟာေျပာပြဲနားျပန္ေရာက္ေတာ့ အစ္ကိုကလည္း သူ႔အနားကို ေျပးလာသည္။

" ေဟ်ာင့္ စကၠ မင္းဘယ္ေတြေလွ်ာက္သြားေနတာလဲ ငါၿပီးလို႔ မင္းကိုလိုက္ရွာေနတာ ဟင္ မင္းငိုေနတာလား "

" ဟင့္အင္း "

" မ်က္လုံးေတြ ရဲေနလို႔ ဒီမွာလူရႈပ္တယ္ လာ ကားထဲသြားရေအာင္ "

ကားထဲေရာက္ေတာ့လည္း မႈိင္ေတြေနသည့္စကၠကို သူနားမလည္ႏိုင္သလိုၾကည့္ေနသည္။

" အစ္ကို "

"ေျပာ ဘာေတြ ျဖစ္လာလဲ "

" အေမ သိသြားၿပီ "

" ဟမ္ ဘာကိုလဲ မင္းတို႔သားအမိဆိုတာလား "

" အင္း "

" မင္းအေဖကိုသြားေတြ႕ၿပီး ေမးလိုက္တာထင္တယ္ "

"မသိဘူး မေန႔က အလုပ္သမားစာရင္းေတြေတာင္းတာ အဲ့တာသိခ်င္လို႔ထင္တယ္ "

" သိေတာ့လည္းသိေပါ့ ကိုယ့္သားကိုယ္အျမင္ေစာင္းေနတာ ေနာက္ဆုံးေတာ့သိသြားတာပဲမလား "

စကၠက ေပ်ာ္ရမည့္ကိစၥကို ဝမ္းနည္းေနတယ္ဆိုေတာ့ ဟန္လင္းညိဳနားမလည္ႏိုင္ျဖစ္ရျပန္ၿပီ။

" မင္းက ဘာျဖစ္ေနတာလဲ "

" ပတ္ဝန္းက်င္အျမင္မွာ ကြၽန္ေတာ္က အေမ့သားဆိုၿပီး အေမခ်ျပလို႔ ေကာင္းတဲ့ေကာင္မဟုတ္ဘူး "

" စိတ္အားမငယ္ပါနဲ႔စကၠရာ ငါရွိပါတယ္မင္းေဘးမွာ "

" အစ္ကိုကလည္း အခ်ိန္တန္ရင္ထားသြားမွာေလ "

ဒီေကာင္ေလးဘာေတြေလွ်ာက္ေတြးေနတယ္ မသိ။ ဟိုဘက္ခုံကေန ဟန္လင္းညိဳရဲ႕ခါးကိုကုန္းၿပီး လွမ္းဖက္လာသည္။ သူလည္း ဒီေကာင္ဆိုးေလးေၾကာင့္ ေပ်ာ္ရ၊ ဝမ္းနည္းရႏွင့္ စိတ္ခံစားမႈေပါင္းစုံ အၿမဲခံစားရသည္။

~~~~~~
A/N
ေက်ာက္ကပ္ကင္ဆာကို ေအးကမာၻေဒါက္တာခ်စ္ရဲ႕ ဆီးႏွင့္ေက်ာက္ကပ္ေရာဂါမ်ားႏွင့္ အျခားေဆးေဆာင္းပါးမ်ားစာအုပ္မွ ေကာက္ႏုတ္ထားပါသည္။ ထို႔ေၾကာင့္ ေဒါက္တာဇြဲေကာင္းခ်စ္ကို ေလးစားစြာျဖင့္ Credit ေပးပါသည္။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі