Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-14
(Unicode)

စက္ကကို ပြန်ပို့ပေးပြီးတော့ ဟန်လင်းညို သူ့ကွန်ဒိုကို မပြန်သေးဘဲ အဖေနဲ့အမေကို မတွေ့ရတာကြာ၍ အိမ်ကို ပြန်မိသည်။ ဆေးခန်းနဲ့ အိမ်က အနည်းငယ်လှမ်း၍ မြို့ထဲမှာတင် ကွန်ဒိုတစ်ခုဝယ်ပြီး တစ်ယောက်တည်းနေထိုင်ခဲ့သည်။ အသက်၃၀ကျော်ယောကျာ်းတစ်ယောက်ဖြစ်နေပြီမို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီဆိုသော သဘောကိုဆောင်ချင်သည်။ အဖေက ကုမ္ပဏီတစ်ခုလုံးကို ဦးစီးလုပ်ကိုင်နေတာမို့ မိဘတွေအတွက် ဘယ်သောအခါမှ စိတ်မပူရ။ အဖေနဲ့ အမေရယ် သူရယ်ပဲ ရှိတာမို့ မိသားစုဘဝက ခြောက်ကပ်ကပ်ဖြစ်နေသည်ကအမှန်။ အိမ်ထောင်ပြုဖို့ကျတော့လည်း သူ့မှာ ချစ်သူရည်းစားဟူ၍ မရှိ။ အဖေနဲ့ အမေကတော့ အိမ်ထောင်ပြုခိုင်းနေပြီ။

" အမေ "

"ဟယ် သားပြန်လာတယ်။"

အမေက သူ့ကို မြင်တော့ ပြေးဖက်ရှာသည်။

" ဟယ် ကိုကို "

" အတော်ပဲ နွယ်က အမေတို့အဖို့ မုန့်လာပို့ပေးတာ။"

"အော် နွယ်လည်း ရောက်နေတာပဲ။"

နွယ်လို့ အတိုကောက်ခေါ်တဲ့ မိုးသားနွယ်ဆိုတာ သူနဲ့ဆွေမျိုးမတော်စပ်ပေမယ့် မိဘချင်းရင်းနှီးတော့ အမေက မျက်စိကျပြီး သူမနဲ့ သဘောတူနေတာ ဖြစ်သည်။ နွယ်က သူ့ထက်၈နှစ်လောက်ငယ်ပေမယ့် နွယ်က မြန်မာမှုကို အလေးထားပြီး အိန္ဒြေကြီးသော မိန်းကလေးဖြစ်သည်။ သူအိမ်မှာ မရှိချိန်တိုင်းသူ့မိဘနှစ်ပါးကို အဖော်လာပြုပေးနေကျမို့ အမေက သူမနဲ့ ဟန်လင်းညိုကို အများကြီးနီးစပ်စေချင်သည်။ သူ့ဘက်ကတော့ နွယ့်ကို ကိုယ့်ညီမအရင်းတစ်ယောက်လို တန်ဖိုးထားသည်။ နွယ်က သူမငြင်းပယ်နိုင်လောက်အောင် အဖက်ဖက်က ပြည့်စုံသောမိန်းကလေး ဖြစ်သည်။

" အဖေရော အမေ "

" သားအဖေက ပြန်မရောက်သေးဘူး။ ခဏနေပြန်လာလိမ့်မယ်။ "

"အော် ....."

" ကိုကိုရော့ နွယ်ကိုယ်တိုင်လုပ်ထားတဲ့ မုန့်လေး စားကြည့် "

" အင်း"

နွယ်ပုကန်နဲ့ ယူလာသော မုန့်ချိုကို အနည်းငယ်စားကြည့်ပြီး စားကောင်းကြောင်းခေါင်းညိတ်ပြလိုက်သည်။

" သား ဒီည ဒီမှာပဲ အိပ်သွားမယ်မလား။"

"ဟုတ်ကဲ့ အမေ ၇နာရီတောင်ထိုးပြီဆိုတော့ ဒီမှာ အိပ်သွားမယ်။"

" အော် ဒါဆို နွယ့်ကို အိပ်ပြန်လိုက်ပို့ပေးလိုက်ပါလား သား မှောင်နေပြီမို့ "

"ဟုတ်ကဲ့ အမေ သားလိုက်ပို့ပေးလိုက်ပါ့မယ်။ လာ နွယ် "

" ဟုတ်ကဲ့ ကိုကို "

နွယ်က သူတို့ရဲ့ တစ်လမ်းကျော်မှာနေတာမို့ လမ်းလျှောက်ပြီးသာလိုက်ပို့ဖြစ်သည်။

" ကိုကို ဒီမှာပဲ ပြန်လာနေပါလား။"

"အင်း အစ်ကိုလည်း နေချင်ပါတယ်။ ဒါပေမဲ့ သွားရလာရတာ အဆင်မပြေဘူးလေ။"

" အင်းပေါ့။"

လမ်းလျှောက်နေရင်း နှစ်ယောက်ကြားက လေထုက ပြန်တိတ်ဆိတ်သွားပြန်သည်။

" ဟော ရောက်ပြီ။ ကိုကို လိုက်ပို့ပေးတာ ကျေးဇူးပဲနော်။ ဂရုစိုက်ပြန် "

" အင်း bye bye "

နှုတ်ဆက်ပြီး ပြန်အလှည့် နွယ်က သူ့ကို ရုတ်တရက် လှမ်းခေါ်သည်။

" ကိုကို "

"ဟင် "

" ကိုကို နွယ့်ကို အဆက်အသွယ်မဖြတ်ထားပါနဲ့လား။ နွယ်တို့က တချိန်လက်ထပ်ရမဲ့လူတွေလေ။ တစ်ယောက်နဲ့တစ်ယောက် ဒီထက်ပိုပြီး ရင်းရင်းနှီးနှီးတိုင်တိုင်ပင်ပင်ရှိသင့်တယ် မဟုတ်ဘူးလား။"

" အင်းပါ။ နွယ်ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ အစ်ကိုက မအားတာများတယ်လေ။ စိတ်ချပါ။ အစ်ကိုတို့က တချိန်လက်ထပ်ရမှာပဲ ဒီလိုနှစ်ယောက်ကြားကိစ္စတွေက မလိုပါဘူး။ "

ပြုံးပြရင်း ကျောခိုင်းလှည့်ထွက်ခဲ့သည်။ တကယ်ဆို သူ့ဘဝကြီးက အထီးကျန်ဆန်လိုက်တာ။ သူ့အသက်က လူပျိုကြီးစာရင်းပင် ဝင်လုပြီ။ ဒီလိုမျိုးလူငယ်တွေနဲ့အတူ အပျော်အပါးအချိန်ပေးဖို့ သူ့စိတ်အစဥ်က မဆောင်တော့ဘူး။ ကိုယ်လက်ထပ်မဲ့မိန်းကလေးကို အားနာပေမယ့်လည်း မတတ်နိုင်ဘူးပေါ့။

*******
(omo~omo ဒါ နေခမင်းမြတ်ကြီးမလား )

(ငါ့အထင်မဟုတ်လောက်ဘူးထင်တယ်နော် )

( ပထမအလွှာက အမျိုးသမီး စကားကို ဆင်ခြင်ပြော ငါတို့နေခက မာနမင်းသားနော်။ ကြမ်းကြမ်းရမ်းရမ်း အဟင်း )

(ဒီမှာ အလွှာတွေထည့်ပြောမနေနဲ့ နင်တို့ရဲ့ မာနမင်းသားကြီးက ဟိုက ကောင်လေးရင်ခွင်ထဲမှာ မြုတ်နေတာ မမြင်ဘူးလား )

( အမလေးသေပါပြီ ဒါဘယ်လိုတောင်ဖက်ထားတာလဲ သူဆိုတာ သေချာနေပြီကို ငါ့ရဲ့ဝါရင့်နှလုံးသားကြီးက ဒီအခြေအနေကို ကောင်းကောင်းကြီးခံစားမိနေတယ် )

( သေရင် သွားသေလိုက်ပါအမ shipperဆိုပြီး ဖင်စယားတော့မယ်မလား သူ့ကို အားမနာရင်တောင် သူနဲ့ တွဲရိုက်ခဲ့တဲ့ ကျွန်မတို့ရဲ့ မင်းသမီးကို အားနာသင့်တယ်မလား)

( သူ့ကိုတော့ လုံးဝမကွေးနိုင်မဲ့ အဖြောင့်ကြီးလို့ ထင်ထားခဲ့တာလေဟာ T T)

( နင်တို့ ဒီလိုလောင်နေချိန် ငါကတော့ သူ့Semeကြီးကိုပဲ သိချင်တယ်)

(နေခမင်းမြတ်လို ဗလတောင့်တဲ့အချေမင်းသားကိုတောင် အောက်ပို့တယ်ဆိုတော့ ဒီဘဲကြီးက အထက်တကာ့အထက်ပုဂ္ဂိုလ်ကြီးပဲ ဖြစ်ရမယ်)

(ကိုနေခရေ မနေ့ကမှ ရိုက်တင်ခဲ့တဲ့ ဆစ်ပက်ကြီးကို အားနာပါဦးဟ ဂေးရင်တောင် အထက်ပုဂ္ဂိုလ်လောက်တော့ ဖြစ်သင့်တယ်မလား )

Celeစုံထောက်က တင်လိုက်တဲ့ပုံက ၅မိနစ်အတွင်း share တွေ commentတွေ ထောင်ချည်ကုန်သည်။

( ဒါ ဟို bar က အစ်ကိုမလား @may su ရေ လာကြည့်ပါဦး ညည်း ဦးခန့်လို့ အော်အော်နေတဲ့ တစ်ယောက်လားလို့)

(ဟမ် ဘာကြီးလားဟ။ မဖြစ်နိုင်ဘူးလေ။ အမလေး သေပါပြီ ငါ့oppa)

ပုံက လူငယ်လူကြီးမရွေး ပျော်ပါးသောက်စားလို့ရတဲ့ fantasy hotel & bar ရှေ့မှာ ရိုက်ထားတဲ့ပုံ နေခမင်းမြတ်ကို ထက်ဦးခန့်က ဆွဲသိမ်းပြီး တားနေတဲ့ပုံဖြစ်သည်။ အရှေ့က အမျိုးသမီးတစ်ယောက်ကလည်း ပါသေးသည်။ သို့ပေမယ့် နေခမင်းမြတ်က ရုပ်ဖျက်ထား၍ သူပါဟု အတပ်မပြောနိုင် ဖြစ်နေကြသည်။

fantasyရဲ့ နာမည်ကြီးတဲ့ အဓိကအချက်က စက္ကမင်းမြတ်နဲ့ ထက်ဦးခန့်ကြောင့် ဖြစ်သည်။ အရွယ်သုံးပါးအမျိုးသမီးတွေရဲ့ အကြိုက်နှင့် ထပ်တူကျနေသော သူတို့နှစ်ယောက်ကြောင့် fantasyက တခြား hotelတွေ barတွေထက်အောင်မြင်မှုနှုန်း ပိုမြန်သည်။ သူတို့ fan pageတွေတောင် ရှိသေး။ သူတို့ သီချင်းဆိုပုံတွေ လှုပ်ရှားပုံတွေကို ဆိုင်ကို တကူးတလာပြီး ရိုက်ယူကြသည်။

ထိုအခြေအနေကြောင့် ဒေါ်မေခ commentတွေကို ဖတ်ရင်း မူးမေ့လဲချင်တော့သည်။ cele စုံထောက်က တခြားmediaတွေလို ပိုက်ဆံပေးပြီး လွယ်လွယ်သတင်းဖျက်ခိုင်းလို့ ရတဲ့ mediaမဟုတ်ဘူး။ ဒီလိုအခြေအနေအထိ သားဖြစ်သူကို လွှတ်ထားမိလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်ရပြန်သည်။

သားဖြစ်သူရဲ့ အခန်းကို သွားခေါက်တော့ သားက အခန်းထဲမှာမရှိ။ ဒီနေ့ ရှူတင်မရှိတဲ့ကိစ္စကို ဒီကောင်လေးဘယ်သွားနေလဲမသိဘူး။ ခက်ဇော်ကို ဖုန်းဆက်ပြီး သားကို အမြန်လိုက်ရှာခိုင်းလိုက်သည်။

တီ...တီ...

" ဟယ်လို ခက်ဇော် သားဘယ်မှာလဲ။ သားကို တွေ့ပြီလား။"

" ဟယ်လို အန်တီစိတ်ကို အေးအေးထား နေခကို အဲ့ဆိုင်မှာ မတွေ့တော့ဘူး။ သူဘယ်ကို အဲ့ကောင်နဲ့ပါသွားလဲ မသိဘူး။"

" ငါသေသာ သေလိုက်ချင်တော့တာပဲ။ နေခမင်းမြတ် နေခမင်းမြတ် အခုသူအဲ့Barကို သွားပြီး အပျော်အပါးလိုက်စားနေတယ်လို့ သူ့ပရိတ်သတ်တွေက ထင်ကုန်ကြပြီ။"

"ဟို ဟုတ်လို့လား အန်တီရဲ့။ ကျွန်တော်commentတွေကို ဖတ်ကြည့်သလောက်တော့ သူ့ကို ဟိုကောင်လေးနဲ့ "

ဆက်ပြောသင့်မပြောသင့်စဥ်းစားပြီးတော့ သူနှုတ်ပိတ်လိုက်သည်။ အခုခေတ်လူကြီးတွေက ဘာမှ နားလည်တာမဟုတ်ဘူး။ ဒီလို လွယ်လွယ်နဲ့ အခြေအနေကို ပြောပြလိုက်လျှင် သွေးတက်သွားလိမ့်မည်။

နေခမင်းမြတ်ရေ..ရွှေသွေး ....မအေဘေး မွှေတယ်ဟ!

"စိတ်မပူနဲ့ အန်တီ သူပြန်လာမှာပါ။ ဒီအခြေအနေကို သူမသိသေးလို့ နေမှာပါ။ "

" သူအခု ဒီလိုလျှောက်သွားနေလို့ မရဘူးလေ။ mediaတွေက သူ့နောက်လိုက်နေမှာ "

"အင်း ဒါပေမဲ့ အခုလို ရှောင်နေလိုက်တာလည်း ကောင်းတယ် မဟုတ်ဘူးလား။"

" သားခက်ဇော်ရယ် အန်တီ အားကိုးပါတယ်။ သားသူငယ်ချင်းကို ရအောင်ရှာပေးပါ။"

"စိတ်ချအန်တီ "

ခက်ဇော်နဲ့ ဖုန်းပြောပြီးတာတောင် သူ့စိတ်က မအေးရသေး။ ဒီသားတစ်ယောက်နဲ့တော့ တော်တော်စိတ်ဆင်းရဲရသည်။ အော် သားကြီးကတော့ သားငယ်လို မဆိုးလောက်ပါဘူး။ အမေ့သားကြီးကတော့ လိမ္မာမှရမယ်။ သတိရမိတော့ ဦးမင်းမြတ်ပေးခဲ့သော ဖုန်းနံပါတ်လေးကို နှိတ်ကြည့်ပြီး ခေါ်ကြည့်ရင် ကောင်းမလားဟု တွေးပြီးမှ ပြန်ချလိုက်သည်။ ကျွန်မရဲ့ သားအပေါ်မထိန်းသိမ်းနိုင်ဖြစ်နေတဲ့ပုံကို ရှင့်ကို မမြင်စေချင်ဘူး။

(Zawgyi)

စကၠကို ျပန္ပို႔ေပးၿပီးေတာ့ ဟန္လင္းညိဳ သူ႔ကြန္ဒိုကို မျပန္ေသးဘဲ အေဖနဲ႔အေမကို မေတြ႕ရတာၾကာ၍ အိမ္ကို ျပန္မိသည္။ ေဆးခန္းနဲ႔ အိမ္က အနည္းငယ္လွမ္း၍ ၿမိဳ႕ထဲမွာတင္ ကြန္ဒိုတစ္ခုဝယ္ၿပီး တစ္ေယာက္တည္းေနထိုင္ခဲ့သည္။ အသက္၃၀ေက်ာ္ေယာက်ာ္းတစ္ေယာက္ျဖစ္ေနၿပီမို႔ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ႏိုင္ၿပီဆိုေသာ သေဘာကိုေဆာင္ခ်င္သည္။ အေဖက ကုမၸဏီတစ္ခုလုံးကို ဦးစီးလုပ္ကိုင္ေနတာမို႔ မိဘေတြအတြက္ ဘယ္ေသာအခါမွ စိတ္မပူရ။ အေဖနဲ႔ အေမရယ္ သူရယ္ပဲ ရွိတာမို႔ မိသားစုဘဝက ေျခာက္ကပ္ကပ္ျဖစ္ေနသည္ကအမွန္။ အိမ္ေထာင္ျပဳဖို႔က်ေတာ့လည္း သူ႔မွာ ခ်စ္သူရည္းစားဟူ၍ မရွိ။ အေဖနဲ႔ အေမကေတာ့ အိမ္ေထာင္ျပဳခိုင္းေနၿပီ။

" အေမ "

"ဟယ္ သားျပန္လာတယ္။"

အေမက သူ႔ကို ျမင္ေတာ့ ေျပးဖက္ရွာသည္။

" ဟယ္ ကိုကို "

" အေတာ္ပဲ ႏြယ္က အေမတို႔အဖို႔ မုန္႔လာပို႔ေပးတာ။"

"ေအာ္ ႏြယ္လည္း ေရာက္ေနတာပဲ။"

ႏြယ္လို႔ အတိုေကာက္ေခၚတဲ့ မိုးသားႏြယ္ဆိုတာ သူနဲ႔ေဆြမ်ိဳးမေတာ္စပ္ေပမယ့္ မိဘခ်င္းရင္းႏွီးေတာ့ အေမက မ်က္စိက်ၿပီး သူမနဲ႔ သေဘာတူေနတာ ျဖစ္သည္။ ႏြယ္က သူ႔ထက္၈ႏွစ္ေလာက္ငယ္ေပမယ့္ ႏြယ္က ျမန္မာမႈကို အေလးထားၿပီး အိေျႏၵႀကီးေသာ မိန္းကေလးျဖစ္သည္။ သူအိမ္မွာ မရွိခ်ိန္တိုင္းသူ႔မိဘႏွစ္ပါးကို အေဖာ္လာျပဳေပးေနက်မို႔ အေမက သူမနဲ႔ ဟန္လင္းညိဳကို အမ်ားႀကီးနီးစပ္ေစခ်င္သည္။ သူ႔ဘက္ကေတာ့ ႏြယ့္ကို ကိုယ့္ညီမအရင္းတစ္ေယာက္လို တန္ဖိုးထားသည္။ ႏြယ္က သူမျငင္းပယ္ႏိုင္ေလာက္ေအာင္ အဖက္ဖက္က ျပည့္စုံေသာမိန္းကေလး ျဖစ္သည္။

" အေဖေရာ အေမ "

" သားအေဖက ျပန္မေရာက္ေသးဘူး။ ခဏေနျပန္လာလိမ့္မယ္။ "

"ေအာ္ ....."

" ကိုကိုေရာ့ ႏြယ္ကိုယ္တိုင္လုပ္ထားတဲ့ မုန္႔ေလး စားၾကည့္ "

" အင္း"

ႏြယ္ပုကန္နဲ႔ ယူလာေသာ မုန္႔ခ်ိဳကို အနည္းငယ္စားၾကည့္ၿပီး စားေကာင္းေၾကာင္းေခါင္းညိတ္ျပလိုက္သည္။

" သား ဒီည ဒီမွာပဲ အိပ္သြားမယ္မလား။"

"ဟုတ္ကဲ့ အေမ ၇နာရီေတာင္ထိုးၿပီဆိုေတာ့ ဒီမွာ အိပ္သြားမယ္။"

" ေအာ္ ဒါဆို ႏြယ့္ကို အိပ္ျပန္လိုက္ပို႔ေပးလိုက္ပါလား သား ေမွာင္ေနၿပီမို႔ "

"ဟုတ္ကဲ့ အေမ သားလိုက္ပို႔ေပးလိုက္ပါ့မယ္။ လာ ႏြယ္ "

" ဟုတ္ကဲ့ ကိုကို "

ႏြယ္က သူတို႔ရဲ႕ တစ္လမ္းေက်ာ္မွာေနတာမို႔ လမ္းေလွ်ာက္ၿပီးသာလိုက္ပို႔ျဖစ္သည္။

" ကိုကို ဒီမွာပဲ ျပန္လာေနပါလား။"

"အင္း အစ္ကိုလည္း ေနခ်င္ပါတယ္။ ဒါေပမဲ့ သြားရလာရတာ အဆင္မေျပဘူးေလ။"

" အင္းေပါ့။"

လမ္းေလွ်ာက္ေနရင္း ႏွစ္ေယာက္ၾကားက ေလထုက ျပန္တိတ္ဆိတ္သြားျပန္သည္။

" ေဟာ ေရာက္ၿပီ။ ကိုကို လိုက္ပို႔ေပးတာ ေက်းဇူးပဲေနာ္။ ဂ႐ုစိုက္ျပန္ "

" အင္း bye bye "

ႏႈတ္ဆက္ၿပီး ျပန္အလွည့္ ႏြယ္က သူ႔ကို ႐ုတ္တရက္ လွမ္းေခၚသည္။

" ကိုကို "

"ဟင္ "

" ကိုကို ႏြယ့္ကို အဆက္အသြယ္မျဖတ္ထားပါနဲ႔လား။ ႏြယ္တို႔က တခ်ိန္လက္ထပ္ရမဲ့လူေတြေလ။ တစ္ေယာက္နဲ႔တစ္ေယာက္ ဒီထက္ပိုၿပီး ရင္းရင္းႏွီးႏွီးတိုင္တိုင္ပင္ပင္ရွိသင့္တယ္ မဟုတ္ဘူးလား။"

" အင္းပါ။ ႏြယ္ေျပာတာ မွန္ပါတယ္။ ဒါေပမဲ့ အစ္ကိုက မအားတာမ်ားတယ္ေလ။ စိတ္ခ်ပါ။ အစ္ကိုတို႔က တခ်ိန္လက္ထပ္ရမွာပဲ ဒီလိုႏွစ္ေယာက္ၾကားကိစၥေတြက မလိုပါဘူး။ "

ၿပဳံးျပရင္း ေက်ာခိုင္းလွည့္ထြက္ခဲ့သည္။ တကယ္ဆို သူ႔ဘဝႀကီးက အထီးက်န္ဆန္လိုက္တာ။ သူ႔အသက္က လူပ်ိဳႀကီးစာရင္းပင္ ဝင္လုၿပီ။ ဒီလိုမ်ိဳးလူငယ္ေတြနဲ႔အတူ အေပ်ာ္အပါးအခ်ိန္ေပးဖို႔ သူ႔စိတ္အစဥ္က မေဆာင္ေတာ့ဘူး။ ကိုယ္လက္ထပ္မဲ့မိန္းကေလးကို အားနာေပမယ့္လည္း မတတ္ႏိုင္ဘူးေပါ့။

*******
(omo~omo ဒါ ေနခမင္းျမတ္ႀကီးမလား )

(ငါ့အထင္မဟုတ္ေလာက္ဘူးထင္တယ္ေနာ္ )

( ပထမအလႊာက အမ်ိဳးသမီး စကားကို ဆင္ျခင္ေျပာ ငါတို႔ေနခက မာနမင္းသားေနာ္။ ၾကမ္းၾကမ္းရမ္းရမ္း အဟင္း )

(ဒီမွာ အလႊာေတြထည့္ေျပာမေနနဲ႔ နင္တို႔ရဲ႕ မာနမင္းသားႀကီးက ဟိုက ေကာင္ေလးရင္ခြင္ထဲမွာ ျမဳတ္ေနတာ မျမင္ဘူးလား )

( အမေလးေသပါၿပီ ဒါဘယ္လိုေတာင္ဖက္ထားတာလဲ သူဆိုတာ ေသခ်ာေနၿပီကို ငါ့ရဲ႕ဝါရင့္ႏွလုံးသားႀကီးက ဒီအေျခအေနကို ေကာင္းေကာင္းႀကီးခံစားမိေနတယ္ )

( ေသရင္ သြားေသလိုက္ပါအမ shipperဆိုၿပီး ဖင္စယားေတာ့မယ္မလား သူ႔ကို အားမနာရင္ေတာင္ သူနဲ႔ တြဲ႐ိုက္ခဲ့တဲ့ ကြၽန္မတို႔ရဲ႕ မင္းသမီးကို အားနာသင့္တယ္မလား)

( သူ႔ကိုေတာ့ လုံးဝမေကြးႏိုင္မဲ့ အေျဖာင့္ႀကီးလို႔ ထင္ထားခဲ့တာေလဟာ T T)

( နင္တို႔ ဒီလိုေလာင္ေနခ်ိန္ ငါကေတာ့ သူ႔Semeႀကီးကိုပဲ သိခ်င္တယ္)

(ေနခမင္းျမတ္လို ဗလေတာင့္တဲ့အေခ်မင္းသားကိုေတာင္ ေအာက္ပို႔တယ္ဆိုေတာ့ ဒီဘဲႀကီးက အထက္တကာ့အထက္ပုဂၢိဳလ္ႀကီးပဲ ျဖစ္ရမယ္)

(ကိုေနခေရ မေန႔ကမွ ႐ိုက္တင္ခဲ့တဲ့ ဆစ္ပက္ႀကီးကို အားနာပါဦးဟ ေဂးရင္ေတာင္ အထက္ပုဂၢိဳလ္ေလာက္ေတာ့ ျဖစ္သင့္တယ္မလား )

Celeစုံေထာက္က တင္လိုက္တဲ့ပုံက ၅မိနစ္အ တြင္း share ေတြ commentေတြ ေထာင္ခ်ည္ကုန္သည္။

( ဒါ ဟို bar က အစ္ကိုမလား @may su ေရ လာၾကည့္ပါဦး ညည္း ဦးခန္႔လို႔ ေအာ္ေအာ္ေနတဲ့ တစ္ေယာက္လားလို႔)

(ဟမ္ ဘာႀကီးလားဟ။ မျဖစ္ႏိုင္ဘူးေလ။ အမေလး ေသပါၿပီ ငါ့oppa)

ပုံက လူငယ္လူႀကီးမေ႐ြး ေပ်ာ္ပါးေသာက္စားလို႔ရတဲ့ fantasy hotel & bar ေရွ႕မွာ ႐ိုက္ထားတဲ့ပုံ ေနခမင္းျမတ္ကို ထက္ဦးခန္႔က ဆြဲသိမ္းၿပီး တားေနတဲ့ပုံျဖစ္သည္။ အေရွ႕က အမ်ိဳးသမီးတစ္ေယာက္ကလည္း ပါေသးသည္။ သို႔ေပမယ့္ ေနခမင္းျမတ္က ႐ုပ္ဖ်က္ထား၍ သူပါဟု အတပ္မေျပာႏိုင္ ျဖစ္ေနၾကသည္။

fantasyရဲ႕ နာမည္ႀကီးတဲ့ အဓိကအခ်က္က စကၠမင္းျမတ္နဲ႔ ထက္ဦးခန္႔ေၾကာင့္ ျဖစ္သည္။ အ႐ြယ္သုံးပါးအမ်ိဳးသမီးေတြရဲ႕ အႀကိဳက္ႏွင့္ ထပ္တူက်ေနေသာ သူတို႔ႏွစ္ေယာက္ေၾကာင့္ fantasyက တျခား hotelေတြ barေတြထက္ေအာင္ျမင္မႈႏႈန္း ပိုျမန္သည္။ သူတို႔ fan pageေတြေတာင္ ရွိေသး။ သူတို႔ သီခ်င္းဆိုပုံေတြ လႈပ္ရွားပုံေတြကို ဆိုင္ကို တကူးတလာၿပီး ႐ိုက္ယူၾကသည္။

ထိုအေျခအေနေၾကာင့္ ေဒၚေမခ commentေတြကို ဖတ္ရင္း မူးေမ့လဲခ်င္ေတာ့သည္။ cele စုံေထာက္က တျခားmediaေတြလို ပိုက္ဆံေပးၿပီး လြယ္လြယ္သတင္းဖ်က္ခိုင္းလို႔ ရတဲ့ mediaမဟုတ္ဘူး။ ဒီလိုအေျခအေနအထိ သားျဖစ္သူကို လႊတ္ထားမိေလျခင္းဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ ေဒါသထြက္ရျပန္သည္။

သားျဖစ္သူရဲ႕ အခန္းကို သြားေခါက္ေတာ့ သားက အခန္းထဲမွာမရွိ။ ဒီေန႔ ရႉတင္မရွိတဲ့ကိစၥကို ဒီေကာင္ေလးဘယ္သြားေနလဲမသိဘူး။ ခက္ေဇာ္ကို ဖုန္းဆက္ၿပီး သားကို အျမန္လိုက္ရွာခိုင္းလိုက္သည္။

တီ...တီ...

" ဟယ္လို ခက္ေဇာ္ သားဘယ္မွာလဲ။ သားကို ေတြ႕ၿပီလား။"

" ဟယ္လို အန္တီစိတ္ကို ေအးေအးထား ေနခကို အဲ့ဆိုင္မွာ မေတြ႕ေတာ့ဘူး။ သူဘယ္ကို အဲ့ေကာင္နဲ႔ပါသြားလဲ မသိဘူး။"

" ငါေသသာ ေသလိုက္ခ်င္ေတာ့တာပဲ။ ေနခမင္းျမတ္ ေနခမင္းျမတ္ အခုသူအဲ့Barကို သြားၿပီး အေပ်ာ္အပါးလိုက္စားေနတယ္လို႔ သူ႔ပရိတ္သတ္ေတြက ထင္ကုန္ၾကၿပီ။"

"ဟို ဟုတ္လို႔လား အန္တီရဲ႕။ ကြၽန္ေတာ္commentေတြကို ဖတ္ၾကည့္သေလာက္ေတာ့ သူ႔ကို ဟိုေကာင္ေလးနဲ႔ "

ဆက္ေျပာသင့္မေျပာသင့္စဥ္းစားၿပီးေတာ့ သူႏႈတ္ပိတ္လိုက္သည္။ အခုေခတ္လူႀကီးေတြက ဘာမွ နားလည္တာမဟုတ္ဘူး။ ဒီလို လြယ္လြယ္နဲ႔ အေျခအေနကို ေျပာျပလိုက္လွ်င္ ေသြးတက္သြားလိမ့္မည္။

ေနခမင္းျမတ္ေရ..ေ႐ႊေသြး ....မေအေဘး ေမႊတယ္ဟ!

"စိတ္မပူနဲ႔ အန္တီ သူျပန္လာမွာပါ။ ဒီအေျခအေနကို သူမသိေသးလို႔ ေနမွာပါ။ "

" သူအခု ဒီလိုေလွ်ာက္သြားေနလို႔ မရဘူးေလ။ mediaေတြက သူ႔ေနာက္လိုက္ေနမွာ "

"အင္း ဒါေပမဲ့ အခုလို ေရွာင္ေနလိုက္တာလည္း ေကာင္းတယ္ မဟုတ္ဘူးလား။"

" သားခက္ေဇာ္ရယ္ အန္တီ အားကိုးပါတယ္။ သားသူငယ္ခ်င္းကို ရေအာင္ရွာေပးပါ။"

"စိတ္ခ်အန္တီ "

ခက္ေဇာ္နဲ႔ ဖုန္းေျပာၿပီးတာေတာင္ သူ႔စိတ္က မေအးရေသး။ ဒီသားတစ္ေယာက္နဲ႔ေတာ့ ေတာ္ေတာ္စိတ္ဆင္းရဲရသည္။ ေအာ္ သားႀကီးကေတာ့ သားငယ္လို မဆိုးေလာက္ပါဘူး။ အေမ့သားႀကီးကေတာ့ လိမၼာမွရမယ္။ သတိရမိေတာ့ ဦးမင္းျမတ္ေပးခဲ့ေသာ ဖုန္းနံပါတ္ေလးကို ႏွိတ္ၾကည့္ၿပီး ေခၚၾကည့္ရင္ ေကာင္းမလားဟု ေတြးၿပီးမွ ျပန္ခ်လိုက္သည္။ ကြၽန္မရဲ႕ သားအေပၚမထိန္းသိမ္းႏိုင္ျဖစ္ေနတဲ့ပုံကို ရွင့္ကို မျမင္ေစခ်င္ဘူး။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі