Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-7
(Unicode)

နေခသည် ညင်သာစွာ လှုပ်ရှားနေသော မောင့်ရဲ့ လက်တွေကိုသာ ငေးလျက်ရှိသည်။ မောင်ဂီတာကိုင်ပုံက သူ့မျက်လုံးထဲ၌ စွဲဆောင်မှု ရှိလွန်းသည်။

" နေခ မင်း ငါ့ဆီကို အမြဲလာတာ မင်းအတွက် မကောင်ဘူး။ မင်းရဲ့ ပရိသတ်တွေ သိသွားရင် မင်းကို သူတို့က ...."

"ရှူးးးး တိတ်တော့ မောင် ငါမောင့်ဆီ လာတာ ဘယ်သူ့ကိုမှ ထိခိုက်တာ မဟုတ်ဘူး။ "

မောင် သူ့ကို ပြန်ကြည့်လာတဲ့ အကြည့်က စူးရှလွန်းသည်။ ငါက မောင့်အနားနေချင်လို့လေ ဘာအပြစ်ရှိလို့လဲ။

မောင့်ရင်ခွင်ထဲကို တိုးဝင်လိုက်ပြီး မောင့်ခါးကို ကျစ်ကျစ်ပါအောင် ဖက်ထားလိုက်သည်။ ငါက နောင်အနာဂတ်မှာလည်း မောင့်ကို ဆက်ဖက်တွယ်နေဦးမှာပဲ။

" နေခ ငါတို့ ၃ရက်လောက်မတွေ့ဘဲ နေကြရအောင် "

" ဘာလို့လဲ မောင် အကြောင်းပြချက်က ဘာလဲ။"

" ငါ ငါ့အမေကို သွားတွေ့ရမှာမို့ "

" အော် တော်သေးတာပေါ့ မောင်ရယ် ငါ့ကိုထားပြီး ဘယ်များသွားမလို့လဲလို့။  မောင့်အမေက ဘယ်မှာနေတာမို့လို့ ၃ရက်တောင်လဲ။ "

" ပဲခူး "

" အော် အင်းပါ။ မောင်ပြန်လာတာနဲ့ ငါ့ဆီကို ဖုန်းဆက်နော်။ "

" အင်းး"

"ချစ်တယ် မောင် ငါ့ကိုဘာအကြောင်းကြောင့်နဲ့မှ ထားခဲ့ဖို့ မတွေးပါနဲ့။ "

မောင့်နဖူးကို မော့နမ်းလိုက်တော့လည်း မောင့်ဆီက တုံ့ပြန်မှုမရပါ။ မောင်က ငါနဲ့ ပတ်သတ်ရင် အေးတိအေးစက်နိုင်လိုက်တာ။

*********
" အဖေ ညီလေးကလေ သိပ်ချစ်ဖို့ကောင်းတယ် သိလား။ ဒီနေ့ ညီလေးက ဆိုင်လာတော့ သား မုန့်တွေ အများကြီး ကျွေးလိုက်တယ်။ "

ကုလားထိုင်ပေါ်ထိုင်နေသော အဖေ့ရဲ့ မျက်နှာက ပြုံးသွားပြီး ဖတ်လက်စ သတင်းစာကို ခေါက်လိုက်သည်။

"သားငယ်က သားကျွေးတဲ့ မုန့်တွေကို စားတယ် ဟုတ်လား။ သားတို့ စကားတွေ အများကြီး ပြောခဲ့မှာပေါ့။"

" အင်းပေါ့ အဖေရဲ့။ ညီလေးက အဆင့်အတန်းလည်း မခွဲခြားတတ်ဘူး။ ပြုံးရွှင်နေတာပဲဗျာ။"

" အင်းးး သူ့အမေနဲ့အတူနေပြီး သူ့အမေရဲ့ အကျင့်တွေ ကူးမှာကို အဖေသိပ်ကြောက်တာ။ "

" အမေက အဲ့ဒီလောက်တောင် မောက်မာတာပဲလားဟင် "

" အင်းးး သားထင်ထားတာထက်ကို မေခက အများကြီး မောက်မာတယ်  ရက်စက်တယ် တစ်ကိုယ်ကောင်းဆန်တယ်။"

"အော်...."

အမေက အဲ့ဒီလောက်တောင် ကြောက်ဖို့ ကောင်းတာတဲ့လား။ အမေက သားကို ငယ်ငယ်က ထားခဲ့ရက်တာကို သားမေ့သွားမိတယ်။ အမေက သားကို တကယ်ပဲ မလိုချင်လို့ စွန့်ပစ်ခဲ့တာပဲလား။ အမေ့ကို ပြန်တွေ့တဲ့အခါ သားက အမေ့ကို မမုန်းပါဘူးလို့ ​အမေသိအောင် ပြောရဦးမယ် ထင်တယ်။ သား စိတ်မနာရက်ပါဘူး။ ဘာလို့ဆို သားကို လူ့လောကရောက်အောင် မွေးထုတ်ပေးခဲ့တဲ့ အမေပဲလေ။ အမေသာ သားကို ပြန်တွေ့တဲ့အချိန် သားကိုထားရက်ခဲ့တာကို ပြန်တွေးမိပြီး နောင်တရလိမ့်မယ် ထင်တယ်။

*******

ဒေါ်မေခ ရုံးခန်းထဲမှာ ထိုင်နေရင်းကို စိတ်က သားဆီရောက်နေသည်။ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ရာမှ ထွက်လာတဲ့ပုံတွေက သူ့ရင်ကို အပူဟပ်သည်။

" နေခမင်းမြတ် နေခမင်းမြတ် ဘယ်လို အတန်းအစားတွေနဲ့ သွားပတ်သတ်နေတာလဲ။ ငါ နင့်ကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်တော့ဘူး။ ခက်ဇော်ဆိုတာကလည်း သားကို ဂရုမစိုက်ဘူးလား။ ဒီအတိုင်းထားရင် ငါ့ကုမ္ပဏီ ငါ့နာမည်ကတော့ အကြီးကြီးပျက်တော့မှာပဲ။ "

ကြာတော့ ဒီအခန်းထဲမှာ ဆက်ပြီး မထိုင်နိုင်တော့၍ ဖုန်းနှင့် ပိုက်ဆံအိတ်ကို လှမ်းကိုင်လိုက်ပြီး အိမ်ပြန်ရန် ကုမ္ပဏီအောက်ကို ဆင်းခဲ့သည်။

" အာ့ မင်း ငါ့ကို မမြင်ဘူးလား။ "

ကားပါကင်ဘက်နားအရောက် လူငယ်တစ်ယောက်က အားပြင်းပြင်းနှင့်ဝင်တိုက်လိုက်သဖြင့် လက်ထဲက ပိုက်ဆံအိတ်ထွက်ကြသွားသည်။

" စောရီးပါ အန်တီ သား နည်းနည်းလောသွားလို့ပါ။ ဘယ်နား နာသွားသေးလဲဟင်။ "

ဦးထုတ်က ငိုက်စောင်းထားသည့်အပြင် ဝတ်ထားစားထားတဲ့ပုံစံကလည်း ထောင့်မကျိုးနှင့်မို့ ဒေါ်မေခ စကားဖက်မပြောချင်တော့၍ ထိုလူငယ်ကောက်ပေးသော ပိုက်ဆံအိတ်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး မိမိကားရှိရာသို့သာ ထွက်လာခဲ့သည်။

နေရာ၌ ကျန်ခဲ့သော ကောင်လေးထံမှ ထွက်ပေါ်လာသည့် အသံတိုးတိုးကိုလည်း ဒေါ်မေခ မကြားလိုက်ပါ။

" အမေ..."

********
သူဆိုင်ထဲဝင်လာပြီး အမောဖြေနေတုန်းအနား၌ ပွတ်တီးပွတ်သပ်လာလုပ်နေသော အန်တီကြီးကို စက္ကပြုံးပြလိုက်ပြီး ဟိုဘက်ဝိုင်းကို လှည့်ထွက်မည်အပြု

" ကောင်လေး "

သူ့လက်ကို ပြန်ဆွဲချလိုက်ပြီး သူ့ခါးကို ဖက်တွယ်လာသည်။

" ကောင်လေး ဒီနေ့ တို့မင်းနဲ့ ပျော်ချင်တယ်ကွယ် "

" အဟမ်း ဒီက "

စက္ကတို့ကလည်း ဒီအလုပ်ကို လုပ်လာတာကြာပြီမို့ ကျောသားရင်သားမခွဲခြားတတ်တော့ပါ။

"မမ နာမည်က ခင်မမနိုင် "

"ဟုတ်ကဲ့ ကျွန်တော် မမနိုင်လို့ပဲ ခေါ်ပါ့မယ်။ ကျွန်တော့်နာမည်က.... "

" စက္က "

" အဟင်း ဒီက မမနိုင်က ကျွန်တော့်နာမည် သိတယ်ပေါ့။ "

"ဟီး သိတာပေါ့။ တို့က ကောင်လေးကို သတိထားမိတာကြာပေါ့။ ကောင်လေးကရော တို့နဲ့အတူရှိဖို့ ဆန္ဒရှိရဲ့လား။"

" သိပ်သေချာတာပေါ့။ "

မမနိုင်ရှေ့က ဘီယာခွက်ကို ကောက်မော့လိုက်ပြီး မမနိုင်ရဲ့ လက်ကိုဆွဲ၍ ဆိုင်အပြင်ကို ထွက်ခဲ့သည်။

ဒီနေ့ ထက်ခန့်ကလည်း ခွင့်ယူထားတာမို့ စက္ကတစ်ယောက်တည်း အထီးကျန်နေတာ အခုတော့ အလုပ်ရပြီမို့ သူအပျင်းပြေပြီ။

(Zawgyi)

ေနခသည္ ညင္သာစြာ လႈပ္ရွားေနေသာ ေမာင့္ရဲ႕ လက္ေတြကိုသာ ေငးလ်က္ရွိသည္။ ေမာင္ဂီတာကိုင္ပုံက သူ႔မ်က္လုံးထဲ၌ စြဲေဆာင္မႈ ရွိလြန္းသည္။

" ေနခ မင္း ငါ့ဆီကို အၿမဲလာတာ မင္းအတြက္ မေကာင္ဘူး။ မင္းရဲ႕ ပရိသတ္ေတြ သိသြားရင္ မင္းကို သူတို႔က ...."

"ရႉးးးး တိတ္ေတာ့ ေမာင္ ငါေမာင့္ဆီ လာတာ ဘယ္သူ႔ကိုမွ ထိခိုက္တာ မဟုတ္ဘူး။ "

ေမာင္ သူ႔ကို ျပန္ၾကည့္လာတဲ့ အၾကည့္က စူးရွလြန္းသည္။ ငါက ေမာင့္အနားေနခ်င္လို႔ေလ ဘာအျပစ္ရွိလို႔လဲ။

ေမာင့္ရင္ခြင္ထဲကို တိုးဝင္လိုက္ၿပီး ေမာင့္ခါးကို က်စ္က်စ္ပါေအာင္ ဖက္ထားလိုက္သည္။ ငါက ေနာင္အနာဂတ္မွာလည္း ေမာင့္ကို ဆက္ဖက္တြယ္ေနဦးမွာပဲ။

" ေနခ ငါတို႔ ၃ရက္ေလာက္မေတြ႕ဘဲ ေနၾကရေအာင္ "

" ဘာလို႔လဲ ေမာင္ အေၾကာင္းျပခ်က္က ဘာလဲ။"

" ငါ ငါ့အေမကို သြားေတြ႕ရမွာမို႔ "

" ေအာ္ ေတာ္ေသးတာေပါ့ ေမာင္ရယ္ ငါ့ကိုထားၿပီး ဘယ္မ်ားသြားမလို႔လဲလို႔။  ေမာင့္အေမက ဘယ္မွာေနတာမို႔လို႔ ၃ရက္ေတာင္လဲ။ "

" ပဲခူး "

" ေအာ္ အင္းပါ။ ေမာင္ျပန္လာတာနဲ႔ ငါ့ဆီကို ဖုန္းဆက္ေနာ္။ "

" အင္းး"

"ခ်စ္တယ္ ေမာင္ ငါ့ကိုဘာအေၾကာင္းေၾကာင့္နဲ႔မွ ထားခဲ့ဖို႔ မေတြးပါနဲ႔။ "

ေမာင့္နဖူးကို ေမာ့နမ္းလိုက္ေတာ့လည္း ေမာင့္ဆီက တုံ႔ျပန္မႈမရပါ။ ေမာင္က ငါနဲ႔ ပတ္သတ္ရင္ ေအးတိေအးစက္ႏိုင္လိုက္တာ။

*********
" အေဖ ညီေလးကေလ သိပ္ခ်စ္ဖို႔ေကာင္းတယ္ သိလား။ ဒီေန႔ ညီေလးက ဆိုင္လာေတာ့ သား မုန္႔ေတြ အမ်ားႀကီး ေကြၽးလိုက္တယ္။ "

ကုလားထိုင္ေပၚထိုင္ေနေသာ အေဖ့ရဲ႕ မ်က္ႏွာက ၿပဳံးသြားၿပီး ဖတ္လက္စ သတင္းစာကို ေခါက္လိုက္သည္။

"သားငယ္က သားေကြၽးတဲ့ မုန္႔ေတြကို စားတယ္ ဟုတ္လား။ သားတို႔ စကားေတြ အမ်ားႀကီး ေျပာခဲ့မွာေပါ့။"

" အင္းေပါ့ အေဖရဲ႕။ ညီေလးက အဆင့္အတန္းလည္း မခြဲျခားတတ္ဘူး။ ၿပဳံး႐ႊင္ေနတာပဲဗ်ာ။"

" အင္းးး သူ႔အေမနဲ႔အတူေနၿပီး သူ႔အေမရဲ႕ အက်င့္ေတြ ကူးမွာကို အေဖသိပ္ေၾကာက္တာ။ "

" အေမက အဲ့ဒီေလာက္ေတာင္ ေမာက္မာတာပဲလားဟင္ "

" အင္းးး သားထင္ထားတာထက္ကို ေမခက အမ်ားႀကီး ေမာက္မာတယ္  ရက္စက္တယ္ တစ္ကိုယ္ေကာင္းဆန္တယ္။"

"ေအာ္...."

အေမက အဲ့ဒီေလာက္ေတာင္ ေၾကာက္ဖို႔ ေကာင္းတာတဲ့လား။ အေမက သားကို ငယ္ငယ္က ထားခဲ့ရက္တာကို သားေမ့သြားမိတယ္။ အေမက သားကို တကယ္ပဲ မလိုခ်င္လို႔ စြန္႔ပစ္ခဲ့တာပဲလား။ အေမ့ကို ျပန္ေတြ႕တဲ့အခါ သားက အေမ့ကို မမုန္းပါဘူးလို႔ ​အေမသိေအာင္ ေျပာရဦးမယ္ ထင္တယ္။ သား စိတ္မနာရက္ပါဘူး။ ဘာလို႔ဆို သားကို လူ႔ေလာကေရာက္ေအာင္ ေမြးထုတ္ေပးခဲ့တဲ့ အေမပဲေလ။ အေမသာ သားကို ျပန္ေတြ႕တဲ့အခ်ိန္ သားကိုထားရက္ခဲ့တာကို ျပန္ေတြးမိၿပီး ေနာင္တရလိမ့္မယ္ ထင္တယ္။

*******

ေဒၚေမခ ႐ုံးခန္းထဲမွာ ထိုင္ေနရင္းကို စိတ္က သားဆီေရာက္ေနသည္။ လူလႊတ္ၿပီး စုံစမ္းခိုင္းလိုက္ရာမွ ထြက္လာတဲ့ပုံေတြက သူ႔ရင္ကို အပူဟပ္သည္။

" ေနခမင္းျမတ္ ေနခမင္းျမတ္ ဘယ္လို အတန္းအစားေတြနဲ႔ သြားပတ္သတ္ေနတာလဲ။ ငါ နင့္ကို ဒီအတိုင္း လႊတ္ထားလို႔ မျဖစ္ေတာ့ဘူး။ ခက္ေဇာ္ဆိုတာကလည္း သားကို ဂ႐ုမစိုက္ဘူးလား။ ဒီအတိုင္းထားရင္ ငါ့ကုမၸဏီ ငါ့နာမည္ကေတာ့ အႀကီးႀကီးပ်က္ေတာ့မွာပဲ။ "

ၾကာေတာ့ ဒီအခန္းထဲမွာ ဆက္ၿပီး မထိုင္ႏိုင္ေတာ့၍ ဖုန္းႏွင့္ ပိုက္ဆံအိတ္ကို လွမ္းကိုင္လိုက္ၿပီး အိမ္ျပန္ရန္ ကုမၸဏီေအာက္ကို ဆင္းခဲ့သည္။

" အာ့ မင္း ငါ့ကို မျမင္ဘူးလား။ "

ကားပါကင္ဘက္နားအေရာက္ လူငယ္တစ္ေယာက္က အားျပင္းျပင္းႏွင့္ဝင္တိုက္လိုက္သျဖင့္ လက္ထဲက ပိုက္ဆံအိတ္ထြက္ၾကသြားသည္။

" ေစာရီးပါ အန္တီ သား နည္းနည္းေလာသြားလို႔ပါ။ ဘယ္နား နာသြားေသးလဲဟင္။ "

ဦးထုတ္က ငိုက္ေစာင္းထားသည့္အျပင္ ဝတ္ထားစားထားတဲ့ပုံစံကလည္း ေထာင့္မက်ိဳးႏွင့္မို႔ ေဒၚေမခ စကားဖက္မေျပာခ်င္ေတာ့၍ ထိုလူငယ္ေကာက္ေပးေသာ ပိုက္ဆံအိတ္ကို ဆတ္ခနဲ ဆြဲယူလိုက္ၿပီး မိမိကားရွိရာသို႔သာ ထြက္လာခဲ့သည္။

ေနရာ၌ က်န္ခဲ့ေသာ ေကာင္ေလးထံမွ ထြက္ေပၚလာသည့္ အသံတိုးတိုးကိုလည္း ေဒၚေမခ မၾကားလိုက္ပါ။

" အေမ..."

********
သူဆိုင္ထဲဝင္လာၿပီး အေမာေျဖေနတုန္းအနား၌ ပြတ္တီးပြတ္သပ္လာလုပ္ေနေသာ အန္တီႀကီးကို စကၠၿပဳံးျပလိုက္ၿပီး ဟိုဘက္ဝိုင္းကို လွည့္ထြက္မည္အျပဳ

" ေကာင္ေလး "

သူ႔လက္ကို ျပန္ဆြဲခ်လိုက္ၿပီး သူ႔ခါးကို ဖက္တြယ္လာသည္။

" ေကာင္ေလး ဒီေန႔ တို႔မင္းနဲ႔ ေပ်ာ္ခ်င္တယ္ကြယ္ "

" အဟမ္း ဒီက "

စကၠတို႔ကလည္း ဒီအလုပ္ကို လုပ္လာတာၾကာၿပီမို႔ ေက်ာသားရင္သားမခြဲျခားတတ္ေတာ့ပါ။

"မမ နာမည္က ခင္မမႏိုင္ "

"ဟုတ္ကဲ့ ကြၽန္ေတာ္ မမႏိုင္လို႔ပဲ ေခၚပါ့မယ္။ ကြၽန္ေတာ့္နာမည္က.... "

" စကၠ "

" အဟင္း ဒီက မမႏိုင္က ကြၽန္ေတာ့္နာမည္ သိတယ္ေပါ့။ "

"ဟီး သိတာေပါ့။ တို႔က ေကာင္ေလးကို သတိထားမိတာၾကာေပါ့။ ေကာင္ေလးကေရာ တို႔နဲ႔အတူရွိဖို႔ ဆႏၵရွိရဲ႕လား။"

" သိပ္ေသခ်ာတာေပါ့။ "

မမႏိုင္ေရွ႕က ဘီယာခြက္ကို ေကာက္ေမာ့လိုက္ၿပီး မမႏိုင္ရဲ႕ လက္ကိုဆြဲ၍ ဆိုင္အျပင္ကို ထြက္ခဲ့သည္။

ဒီေန႔ ထက္ခန္႔ကလည္း ခြင့္ယူထားတာမို႔ စကၠတစ္ေယာက္တည္း အထီးက်န္ေနတာ အခုေတာ့ အလုပ္ရၿပီမို႔ သူအပ်င္းေျပၿပီ။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі