Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-16
(Unicode)

( ဘုရားရေ သူငါတို့ ဦးခန့်ကို ဘယ်လိုတောင်ပြောချလိုက်တာလဲ)

(တွေ့လား သောက်လုံးတွေမြင်အောင်ကြည့်ကြ ငါတို့မင်းသားက ဘန်ကောက်မှာတဲ့ )

(အဲ့တာက သတင်းအမှား တကယ်က နေခလေးက ကျွန်မနှလုံးသားထဲမှာ ဝါးဟားဟားး )

(နေခရဲ့ အမေက အဲ့လို အဆင့်အတန်းခွဲတတ်တာလားဟယ် ဟဲ့ကောင်မတွေ ငါတော့ ဒီနေ့ကစပြီး ထက်ဦးခန့်fanနော် နင်တို့ နေခကို anti ပြီ )

(ဒီလိုကောင်မမျိုး ငါတို့ဖန်ဒန်းထဲက ထွက်သွားလိုက်စမ်းပါ )

(အမလေး ဖန်ဒန်းကြီး သန့်သွားပြီ )

ဒေါ်မေခရဲ့ အင်တာဗျူးဟာ မိနစ်အနည်းငယ်အတွင်း သတင်းရေးခြင်းခံနေရပြီ။ ထိုအင်တာဗျူးကြောင့် နေခရဲ့ အမေက အတော်မောက်မာပါလားဆိုပြီး fanတချို့က ကဲ့ရဲ့ခြင်းကို ခံခဲ့ရသည်။

( ဒီလိုအဆင့်အတန်းမရှိတဲ့ နေရာဆိုတာ ဘာအဓိပ္ပာယ်လဲ အဒေါ်ကြီး ဒါထက်ဦးခန့် ဖန်ဒန်းကို ပေါ်တင်စိန်ခေါ်လိုက်တာလား )

(ငါတို့ အကိုကြီးနောက်ကို သူ့သားက ကောက်ကောက်ပါနေလို့ ပူလောင်နေတာလား အဘွားကြီး )

( barမှာ သီချင်းဆိုတဲ့ကောင်လေးလောက် သူ့သားက အချစ်မခံရတော့ လောင်ပြီပေါ့ )

(နေပါဦးအမတို့ ဒီအခြေအနေလေးကို Fanficလေးတစ်ပုဒ်လောက်မဖန်တီးချင်ဘူးလား barက အဆိုတော်ကောင်လေးဆီမှာ နိုင်ငံကျော်မာနခဲမင်းသားကြီးက b ထိုင်လိုက်ရတာတို့ ဘာတို့လေ )

( လုပ်လိုက်စမ်းပါ )

(ရှင်ပဲ ဖန်တီးလိုက်တော့ရှင် )

( ficရေးမယ်ဆိုတဲ့ အမ ရေးပြီးရင် ဒီကို link ချပေးပါဦး )

( ချပြီကွာ )

တီ...တီ...

Commentတွေကို လိုက်ဖတ်နေရင်း မားဆီက ဖုန်းဝင်လာတော့ နေခကိုင်လိုက်သည်။

" ဟယ်လို မား "

"အော် နေခမင်းမြတ် မင်းအခု ဖုန်းကိုင်ဖော်ရသေးတယ်ပေါ့။ ပြောစမ်း ဘယ်တွေသွားပြီး ဘာတွေလုပ်နေလဲ။ အခုဘယ်မှာလဲ။"

"မား ဟို ..."

"နေဦး အခု ဘယ်သူနဲ့ ရှိနေတာလဲ မှန်မှန်ပြောစမ်း။"

" သားက ခက်ဇော်နဲ့ "

" မလိမ်နဲ့ အခုလေးတင် ငါခက်ဇော်နဲ့ ဖုန်းပြောပြီးပြီနော်။ မင်းအခုဘယ်မှာလဲ။"

" အင့် သားအမှန်တိုင်းပြောရင် မားဆူမှာလား အင့် "

" မဆူဘူးပြော "

" ဟိုထက်ဦးခန့်နဲ့ အတူရှိနေတာ။"

" အေး လိပ်စာပြော ငါအခုလာခေါ်မယ်။"

"ဗျာ မား မပေးဘူး သွား လာမခေါ်နဲ့။ သား မောင်နဲ့အတူရှိနေတယ်။ စိတ်ချလိုက်နော် မား သားအပြင်တွေလျှောက်မသွားဘူး။ မောင့်အနားမှာပဲ လိမ်လိမ်မာမာရှိနေမယ်။ အခြေအနေတွေ ငြိမ်ရင် သားပြန်လာခဲ့မယ်နော် နော် ဒါပဲနော် မား တာ့တာ အများကြီး ချစ်တယ်။ "

တီ.....

ပြောချင်တာတွေ ဆက်တိုက်ပြောပြီး ဖုန်းကို အမြန်ချလိုက်ရသည်။ ဟူးးး မားရဲ့ အော်သံကို မခံနိုင်ပါဘူး။

ဟိုဘက်က ဒေါ်မေခရဲ့ သားဆီက  ကြားရသော စကားကြောင့် သွေးတက်နေပုံကို နေခမင်းမြတ်တစ်ယောက်တော့မသိပါ။

********

"ဒီမှာ နေခမင်းမြတ်က နိုင်ငံကျော်မင်းသားနော်။ ဒီလိုအဆင့်အတန်းမရှိတဲ့ နေရာကို သွားစရာအကြောင်းမရှိဘူး။ နောက်ပြီး အဲ့ပုံမတက်လာခင်ကတည်းက သားကရှူတင်ပြီးပြီးချင်းညတွင်းချင်း ဘန်ကောက်ကို သူ့မန်နေဂျာနဲ့ ထွက်သွားခဲ့တာ။ ဒီလို မတိကျပဲ စွပ်စွဲတဲ့သဘောပြောနေမယ််ဆိုရင် သူ့မန်နေဂျာကတစ်ဆင့်ရှင်တို့ကို တရားစွဲရလိမ့်မယ်နော်။"

Mediaတစ်ခုက တက်လာသော သတင်းများနှင့်အတူ အမေ့ရဲ့ ဖြေရှင်းချက်ကိုပါ စက္ကနားထောင်နေခဲ့သည်။ ဆက်မကြည့်ရဲတော့လောက်အောင် ဝမ်းနည်းမှုတွေရော သိမ်ငယ်စိတ်တွေပါဝင်လာသည်။

သားရှိနေတဲ့အရပ်က အမေ့အတွက် တကယ်ပဲ အဆင့်အတန်းမရှိတာလား။ ဒီလိုသားမျိုးကိုမွေးထုတ်ခဲ့မိတာသာ အမေသိခဲ့ရင် အရမ်းစိတ်ပျက်ရမှာပဲ။ သားက အမေ့အတွက် သိက္ခာကျစေမဲ့သားမျိုးမို့ တစ်သက်လုံး အမေ့ကို အမေလို့ ထုတ်တောင်မခေါ်ရဲပါဘူး။

" စက္က အပြင်မှာ ဧည့်သည်ရောက်နေတယ်။"

"ဟင် အေးအေး လွှတ်လိုက်လေ။"

ဧည့်သည်ဆိုပြီး လာနေကျဇယားတွေပဲရှိတာမို့ လက်ခံတွေဆုံလိုက်သည်။ ဒါပေမဲ့ အခန်းတံခါးကို ဖွင့်ပြီး ဝင်လာတဲ့ လူကိုမြင်တော့ သူ့နှုတ်ခမ်းတွေ အနည်းငယ်လှုပ်ရှားမိသည်။

" အမေ.."

အမေကလည်း သူ့အရှေ့အံ့သြမှုအနည်းငယ်ဖြစ်သွားသည်ထင်ပါ့။

" ထိုင်မယ်နော်။"

" အော် ဟုတ်ကဲ့ အန်တီ"

" မင်းက ဒီကပိုင်ရှင်မလား။ "

"ဟုတ်ကဲ့ ဘာကူညီပေးရမလဲဗျ။"

"ဒါနဲ့ ငါမင်းကို တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ နေဦး။"

စဥ်းစားနေသော အမေကြောင့် စက္ကသိမ်ငယ်မှုဖြင့် ခေါင်းငုံ့မိသည်။

" အော် ဟားဟား ဟုတ်သားပဲ။ မင်းက မမနိုင်ရဲ့ smallလေးပဲ မေ့သွားတာ sorry "

နှိပ်ချသလိုလှောင်ပြောင်ခနဲ့ခံရမှုအပေါ်  သားအမေ့ကို စိတ်မဆိုးပါဘူး။ မျက်နှာမဖော်ဝံ့ရုံလေးတင်ပါ။

" အော် မင်းကို ပြောစရာရှိလို့ ငါဒီကို လာခဲ့တာ။ မင်းတို့ဆိုင်မှာ အလုပ်လုပ်တဲ့ ထက်ဦးခန့်ဆိုတဲ့ ကောင်လေးကို မင်းသိတယ်မလား။"

"ဟုတ်ကဲ့ ဘာအကြောင်းရှိလို့လဲဗျ။"

" သူ့ကို အလုပ်ဖြုတ်ပေးပါ။"

"ဗျာ..."

စက္ကပြန်ပြောရမဲ့စကားတွေ ပျောက်ရှသွားပြီး မယုံနိုင်လောက်အောင် ရက်စက်တတ်သော မိခင်ဖြစ်သူကို ငေးကြောင်ကြည့်မိသည်။

" အော် ငါမင်းကို အလကားမခိုင်းပါဘူး။ ငွေပေးမှာပါ။ မင်းသူ့ကို ပိုက်ဆံပေးပြီး အလုပ်ဖြုတ်ပေးပါ။ ငါ့သားနဲ့ ဆက်မပတ်သတ်စေချင်လို့။"

" ဟုတ်ကဲ့ အန်တီဖြစ်စေချင်တာက ဒီလိုမျိုးပေမယ့် ကျွန်တော်တို့ဘက်က လိုက်ပြီး မဖြည့်ဆည်းပေးနိုင်ဘူးဗျ။ လောကမှာ ငွေနဲ့ ဖျက်ဆီးလို့မရတဲ့ ဆက်ဆံရေးတွေ အများကြီးရှိတယ်ဆိုတာ အန်တီသိသင့်တယ်။ နောက်ပြီး ထက်ဦးခန့်က ကျွန်တော့်တို့barရဲ့ ပင်တိုင်အဆိုတော်ပါ။ ဒီထက်ပိုပြောရရင် ကျွန်တော့်အရင်နှီးဆုံး သူငယ်ချင်းပါ။ အဲ့ဒီတော့ အန်တီ ကျွန်တော့်ကို ဖိအားပေးဖို့ လက်လျော့လိုက်ပါ။"

"အေးပေါ့လေ။ မင်းတို့ အဆင့်အတန်းအတူတူချင်းက တစ်ယောက်ဘဝတစ်ယောက်နားလည်တာမဆန်းပါဘူး။ ခဏတာ ပျော်တော်ဆက်လေးတွေရဲ့ ကိုယ်ချင်းစာတတ်မှုပေါ့။ တစ်ခုတော့ သိထား ငါ့သားနဲ့ ပတ်သတ်လာရင် မင်းရော မင်းသူငယ်ချင်းပါ ဒုက္ခရောက်အောင် လုပ်ပြမယ်။ နောက်ပြီး မင်းသူငယ်ချင်းကို နိုင်အောင်ထိန်းထား ငါ့သားနဲ့ မပတ်သတ်စေနဲ့။ "

အမေ့ရဲ့ မောက်မာမှုက ဘယ်အတိုင်းအတာမှာ အဆုံးသတ်မလဲ။ အဆုံးထိ သားလိုက်ပြီး နားလည်ခွင့်လွှတ်ပေးမှာမို့ အဆုံးသတ်မှာ အမေပျော်နိုင်ဖို့ပဲ ဆုတောင်းပါတယ်။

အနားမှ ထွက်သွားသော ဒေါက်ဖိနပ်သံတခွက်ခွက်ကို မကြားရတော့၍  စက္ကစိတ်ညစ်ညူးခြင်းကြောင့် အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည်။

ခြံရှေ့၌ ပိတ်ရပ်ထားသော ကားအဖြူကြောင့် စက္ကကားကို အပြင်မှာသာရပ်လိုက်သည်။

" ဒီလူ ဘာလာလုပ်ပြန်ပြီလဲ။"

အိမ်ထဲဝင်သွားတော့ အဖေ့ရဲ့ ရယ်သံများနှင့် အဲ့လူရဲ့ ရယ်သံများကို ကြားရသည်။

"ဟားဟား မောင်ရင်က သိပ်နောက်တတ်တာပဲ။ မင်းအားတဲ့အချိန်တွေ ငါ့ဆီလာလည်လို့ ရတယ်နော်။ "

" အဖေ့ "

" ဟာ သားအစောကြီးပြန်ရောက်ပါလား။"

အဖေ့နားသွားရပ်လိုက်ပြီး အရှေ့က လူကို ဘုကြည့်ကြည့်လိုက်သည်။ အဲ့လူက သူ့ကို ပြုံးပြပြီး မျက်မှန်ကို အပေါ်ကို ပင့်တင်လိုက်သေးသည်။

" သား မင်းသူငယ်ချင်းလား။ "

" ဟို မဟုတ်ဘူးအဖေ "

"ဘာမဟုတ်တာလဲ စက္ကမင်းမြတ် "

" ဟင် သားသူ့ကို မသိဘူးလား။"

" ဟို သိတယ်။ ဒါမဲ့ သူက သားသူငယ်ချင်းမဟုတ်ဘူး ဒီတိုင်း အသိပါ။"

"အော် အေးအေး သားတို့ အေးဆေးစကားပြောကြလေ။ အဖေအပေါ်တက်တော့မယ်။"

"ဟုတ်ကဲ့ အဖေ "

အဖေအပေါ်တက်သွားတော့ သူလည်း ထိုလူအရှေ့ဝင်ထိုင်လိုက်သည်။

" ခင်ဗျား ဘယ်လိုလုပ်ရောက်နေရတာလဲ။"

"ဒီအတိုင်းပဲ။ မင်းဖုန်းနံပါတ်လည်း မသိတော့ အိမ်လိုက်လာတာ။"

" ကိစ္စရှိလို့လား။"

"ဟင့်အင်း မရှိဘူး။ ပျင်းလို့ ဒီတိုင်း "

" ခင်ဗျားမှာ ပျင်းဖို့ အချိန်ရှိသေးတယ်ပေါ့။ "

"စက္က ကိုယ့်ထက်အကြီးတွေနဲ့ စကားပြောရင် မရိုင်းရဘူး။"

"ကျစ် "

"ဟားဟား "

စက္ကစိတ်ရှုပ်သွားပုံကို သူသဘောတကျရယ်လိုက်သည်။

" အစ်ကို ကျွန်တော်က အစ်ကိုအပျင်းပြေဆော့လို့ရတဲ့ အရုပ်မဟုတ်ဘူး။ အစ်ကိုပျင်းရင် တခြားစိတ်ဝင်စားစရာကောင်းတာ တစ်ခုခုလုပ်ပေါ့။"

" ဘယ်ဟာက စိတ်ဝင်စားစရာကောင်းလဲ ငါမသိဘူး။ အခုလောလောဆယ်တော့ မင်းကို စိတ်ဝင်စားနေတယ်။"

"ဗျာ..."

"ဟာ မဟုတ်ဘူး။ ငါပြောချင်တာကကွာ။ ငါ့မှာ ထူးထူးခြားခြားအပေါင်းအသင်းမရှိဘူး။ ငါ့အသိထဲမှာလည်း ဆရာဝန်တွေ ချည်းပဲဆိုတော့ ပျင်းဖို့ ကောင်းတယ်။ မင်းလို အဆိုးအသွမ်းလေးကို ပြုပြင်ပေးရတာက စိတ်ဝင်စားစရာကောင်းတယ်မလား။"

ဒီလူက သူ့ကို ဆရာကြီးလုပ်ဖို့ အိမ်အထိတောင် လိုက်လာတာပဲ။ တစ်သက်နဲ့တစ်ကိုယ် ကိုယ်နေချင်သလို နေလာတာ။ ဘယ်သူပုံသွင်းပေးတာမှ လက်မခံနိုင်ဘူး။

" ဒီမှာ အစ်ကို ကျွန်တော်က ဘာဖြစ်နေလို့..."

" မရဘူး။ မနက်ဖြန် ငါအပြင်သွားမှာ မင်းအဖော်လိုက်ခဲ့ပေး ဒါပဲ။ အခုငါပြန်ပြီ။"

" ဟာ ခင်ဗျား..."

သူလှမ်းတားချိန်တောင်မရလိုက် ထွက်သွားခဲ့ပြီ။ အသက်၃၀နားကပ်မှ လူတစ်ယောက်ရဲ့ စည်းကမ်းနဲ့ထိန်းချုပ်မှုကို ခံရတော့မည်။

********
A/N

ဒေါ်မေခ : ငါ့သားက ငါ့ထိန်းချုပ်မှုအောက်မှာပဲ ပြားပြားဝတ်ဘာညာဘာညာ

နေခမင်းမြတ် : မောင့်ကို ချစ်ဖို့မွေးဖွားလာပါတယ်.....။

(Zawgyi)

( ဘုရားေရ သူငါတို႔ ဦးခန္႔ကို ဘယ္လိုေတာင္ေျပာခ်လိုက္တာလဲ)

(ေတြ႕လား ေသာက္လုံးေတြျမင္ေအာင္ၾကည့္ၾက ငါတို႔မင္းသားက ဘန္ေကာက္မွာတဲ့ )

(အဲ့တာက သတင္းအမွား တကယ္က ေနခေလးက ကြၽန္မႏွလုံးသားထဲမွာ ဝါးဟားဟားး )

(ေနခရဲ႕ အေမက အဲ့လို အဆင့္အတန္းခြဲတတ္တာလားဟယ္ ဟဲ့ေကာင္မေတြ ငါေတာ့ ဒီေန႔ကစၿပီး ထက္ဦးခန္႔fanေနာ္ နင္တို႔ ေနခကို anti ၿပီ )

(ဒီလိုေကာင္မမ်ိဳး ငါတို႔ဖန္ဒန္းထဲက ထြက္သြားလိုက္စမ္းပါ )

(အမေလး ဖန္ဒန္းႀကီး သန္႔သြားၿပီ )

ေဒၚေမခရဲ႕ အင္တာဗ်ဴးဟာ မိနစ္အနည္းငယ္အတြင္း သတင္းေရးျခင္းခံေနရၿပီ။ ထိုအင္တာဗ်ဴးေၾကာင့္ ေနခရဲ႕ အေမက အေတာ္ေမာက္မာပါလားဆိုၿပီး fanတခ်ိဳ႕က ကဲ့ရဲ႕ျခင္းကို ခံခဲ့ရသည္။

( ဒီလိုအဆင့္အတန္းမရွိတဲ့ ေနရာဆိုတာ ဘာအဓိပၸာယ္လဲ အေဒၚႀကီး ဒါထက္ဦးခန္႔ ဖန္ဒန္းကို ေပၚတင္စိန္ေခၚလိုက္တာလား )

(ငါတို႔ အကိုႀကီးေနာက္ကို သူ႔သားက ေကာက္ေကာက္ပါေနလို႔ ပူေလာင္ေနတာလား အဘြားႀကီး )

( barမွာ သီခ်င္းဆိုတဲ့ေကာင္ေလးေလာက္ သူ႔သားက အခ်စ္မခံရေတာ့ ေလာင္ၿပီေပါ့ )

(ေနပါဦးအမတို႔ ဒီအေျခအေနေလးကို Fanficေလးတစ္ပုဒ္ေလာက္မဖန္တီးခ်င္ဘူးလား barက အဆိုေတာ္ေကာင္ေလးဆီမွာ ႏိုင္ငံေက်ာ္မာနခဲမင္းသားႀကီးက b ထိုင္လိုက္ရတာတို႔ ဘာတို႔ေလ )

( လုပ္လိုက္စမ္းပါ )

(ရွင္ပဲ ဖန္တီးလိုက္ေတာ့ရွင္ )

( ficေရးမယ္ဆိုတဲ့ အမ ေရးၿပီးရင္ ဒီကို link ခ်ေပးပါဦး )

( ခ်ၿပီကြာ )

တီ...တီ...

Commentေတြကို လိုက္ဖတ္ေနရင္း မားဆီက ဖုန္းဝင္လာေတာ့ ေနခကိုင္လိုက္သည္။

" ဟယ္လို မား "

"ေအာ္ ေနခမင္းျမတ္ မင္းအခု ဖုန္းကိုင္ေဖာ္ရေသးတယ္ေပါ့။ ေျပာစမ္း ဘယ္ေတြသြားၿပီး ဘာေတြလုပ္ေနလဲ။ အခုဘယ္မွာလဲ။"

"မား ဟို ..."

"ေနဦး အခု ဘယ္သူနဲ႔ ရွိေနတာလဲ မွန္မွန္ေျပာစမ္း။"

" သားက ခက္ေဇာ္နဲ႔ "

" မလိမ္နဲ႔ အခုေလးတင္ ငါခက္ေဇာ္နဲ႔ ဖုန္းေျပာၿပီးၿပီေနာ္။ မင္းအခုဘယ္မွာလဲ။"

" အင့္ သားအမွန္တိုင္းေျပာရင္ မားဆူမွာလား အင့္ "

" မဆူဘူးေျပာ "

" ဟိုထက္ဦးခန္႔နဲ႔ အတူရွိေနတာ။"

" ေအး လိပ္စာေျပာ ငါအခုလာေခၚမယ္။"

"ဗ်ာ မား မေပးဘူး သြား လာမေခၚနဲ႔။ သား ေမာင္နဲ႔အတူရွိေနတယ္။ စိတ္ခ်လိုက္ေနာ္ မား သားအျပင္ေတြေလွ်ာက္မသြားဘူး။ ေမာင့္အနားမွာပဲ လိမ္လိမ္မာမာရွိေနမယ္။ အေျခအေနေတြ ၿငိမ္ရင္ သားျပန္လာခဲ့မယ္ေနာ္ ေနာ္ ဒါပဲေနာ္ မား တာ့တာ အမ်ားႀကီး ခ်စ္တယ္။ "

တီ.....

ေျပာခ်င္တာေတြ ဆက္တိုက္ေျပာၿပီး ဖုန္းကို အျမန္ခ်လိုက္ရသည္။ ဟူးးး မားရဲ႕ ေအာ္သံကို မခံႏိုင္ပါဘူး။

ဟိုဘက္က ေဒၚေမခရဲ႕ သားဆီက  ၾကားရေသာ စကားေၾကာင့္ ေသြးတက္ေနပုံကို ေနခမင္းျမတ္တစ္ေယာက္ေတာ့မသိပါ။

********

"ဒီမွာ ေနခမင္းျမတ္က ႏိုင္ငံေက်ာ္မင္းသားေနာ္။ ဒီလိုအဆင့္အတန္းမရွိတဲ့ ေနရာကို သြားစရာအေၾကာင္းမရွိဘူး။ ေနာက္ၿပီး အဲ့ပုံမတက္လာခင္ကတည္းက သားကရႉတင္ၿပီးၿပီးခ်င္းညတြင္းခ်င္း ဘန္ေကာက္ကို သူ႔မန္ေနဂ်ာနဲ႔ ထြက္သြားခဲ့တာ။ ဒီလို မတိက်ပဲ စြပ္စြဲတဲ့သေဘာေျပာေနမယ္္ဆိုရင္ သူ႔မန္ေနဂ်ာကတစ္ဆင့္ရွင္တို႔ကို တရားစြဲရလိမ့္မယ္ေနာ္။"

Mediaတစ္ခုက တက္လာေသာ သတင္းမ်ားႏွင့္အတူ အေမ့ရဲ႕ ေျဖရွင္းခ်က္ကိုပါ စကၠနားေထာင္ေနခဲ့သည္။ ဆက္မၾကည့္ရဲေတာ့ေလာက္ေအာင္ ဝမ္းနည္းမႈေတြေရာ သိမ္ငယ္စိတ္ေတြပါဝင္လာသည္။

သားရွိေနတဲ့အရပ္က အေမ့အတြက္ တကယ္ပဲ အဆင့္အတန္းမရွိတာလား။ ဒီလိုသားမ်ိဳးကိုေမြးထုတ္ခဲ့မိတာသာ အေမသိခဲ့ရင္ အရမ္းစိတ္ပ်က္ရမွာပဲ။ သားက အေမ့အတြက္ သိကၡာက်ေစမဲ့သားမ်ိဳးမို႔ တစ္သက္လုံး အေမ့ကို အေမလို႔ ထုတ္ေတာင္မေခၚရဲပါဘူး။

" စကၠ အျပင္မွာ ဧည့္သည္ေရာက္ေနတယ္။"

"ဟင္ ေအးေအး လႊတ္လိုက္ေလ။"

ဧည့္သည္ဆိုၿပီး လာေနက်ဇယားေတြပဲရွိတာမို႔ လက္ခံေတြဆုံလိုက္သည္။ ဒါေပမဲ့ အခန္းတံခါးကို ဖြင့္ၿပီး ဝင္လာတဲ့ လူကိုျမင္ေတာ့ သူ႔ႏႈတ္ခမ္းေတြ အနည္းငယ္လႈပ္ရွားမိသည္။

" အေမ.."

အေမကလည္း သူ႔အေရွ႕အံ့ၾသမႈအနည္းငယ္ျဖစ္သြားသည္ထင္ပါ့။

" ထိုင္မယ္ေနာ္။"

" ေအာ္ ဟုတ္ကဲ့ အန္တီ"

" မင္းက ဒီကပိုင္ရွင္မလား။ "

"ဟုတ္ကဲ့ ဘာကူညီေပးရမလဲဗ်။"

"ဒါနဲ႔ ငါမင္းကို တစ္ေနရာရာမွာ ေတြ႕ဖူးသလိုပဲ ေနဦး။"

စဥ္းစားေနေသာ အေမေၾကာင့္ စကၠသိမ္ငယ္မႈျဖင့္ ေခါင္းငုံ႔မိသည္။

" ေအာ္ ဟားဟား ဟုတ္သားပဲ။ မင္းက မမႏိုင္ရဲ႕ smallေလးပဲ ေမ့သြားတာ sorry "

ႏွိပ္ခ်သလိုေလွာင္ေျပာင္ခနဲ႔ခံရမႈအေပၚ  သားအေမ့ကို စိတ္မဆိုးပါဘူး။ မ်က္ႏွာမေဖာ္ဝံ့႐ုံေလးတင္ပါ။

" ေအာ္ မင္းကို ေျပာစရာရွိလို႔ ငါဒီကို လာခဲ့တာ။ မင္းတို႔ဆိုင္မွာ အလုပ္လုပ္တဲ့ ထက္ဦးခန္႔ဆိုတဲ့ ေကာင္ေလးကို မင္းသိတယ္မလား။"

"ဟုတ္ကဲ့ ဘာအေၾကာင္းရွိလို႔လဲဗ်။"

" သူ႔ကို အလုပ္ျဖဳတ္ေပးပါ။"

"ဗ်ာ..."

စကၠျပန္ေျပာရမဲ့စကားေတြ ေပ်ာက္ရွသြားၿပီး မယုံႏိုင္ေလာက္ေအာင္ ရက္စက္တတ္ေသာ မိခင္ျဖစ္သူကို ေငးေၾကာင္ၾကည့္မိသည္။

" ေအာ္ ငါမင္းကို အလကားမခိုင္းပါဘူး။ ေငြေပးမွာပါ။ မင္းသူ႔ကို ပိုက္ဆံေပးၿပီး အလုပ္ျဖဳတ္ေပးပါ။ ငါ့သားနဲ႔ ဆက္မပတ္သတ္ေစခ်င္လို႔။"

" ဟုတ္ကဲ့ အန္တီျဖစ္ေစခ်င္တာက ဒီလိုမ်ိဳးေပမယ့္ ကြၽန္ေတာ္တို႔ဘက္က လိုက္ၿပီး မျဖည့္ဆည္းေပးႏိုင္ဘူးဗ်။ ေလာကမွာ ေငြနဲ႔ ဖ်က္ဆီးလို႔မရတဲ့ ဆက္ဆံေရးေတြ အမ်ားႀကီးရွိတယ္ဆိုတာ အန္တီသိသင့္တယ္။ ေနာက္ၿပီး ထက္ဦးခန္႔က ကြၽန္ေတာ့္တို႔barရဲ႕ ပင္တိုင္အဆိုေတာ္ပါ။ ဒီထက္ပိုေျပာရရင္ ကြၽန္ေတာ့္အရင္ႏွီးဆုံး သူငယ္ခ်င္းပါ။ အဲ့ဒီေတာ့ အန္တီ ကြၽန္ေတာ့္ကို ဖိအားေပးဖို႔ လက္ေလ်ာ့လိုက္ပါ။"

"ေအးေပါ့ေလ။ မင္းတို႔ အဆင့္အတန္းအတူတူခ်င္းက တစ္ေယာက္ဘဝတစ္ေယာက္နားလည္တာမဆန္းပါဘူး။ ခဏတာ ေပ်ာ္ေတာ္ဆက္ေလးေတြရဲ႕ ကိုယ္ခ်င္းစာတတ္မႈေပါ့။ တစ္ခုေတာ့ သိထား ငါ့သားနဲ႔ ပတ္သတ္လာရင္ မင္းေရာ မင္းသူငယ္ခ်င္းပါ ဒုကၡေရာက္ေအာင္ လုပ္ျပမယ္။ ေနာက္ၿပီး မင္းသူငယ္ခ်င္းကို ႏိုင္ေအာင္ထိန္းထား ငါ့သားနဲ႔ မပတ္သတ္ေစနဲ႔။ "

အေမ့ရဲ႕ ေမာက္မာမႈက ဘယ္အတိုင္းအတာမွာ အဆုံးသတ္မလဲ။ အဆုံးထိ သားလိုက္ၿပီး နားလည္ခြင့္လႊတ္ေပးမွာမို႔ အဆုံးသတ္မွာ အေမေပ်ာ္ႏိုင္ဖို႔ပဲ ဆုေတာင္းပါတယ္။

အနားမွ ထြက္သြားေသာ ေဒါက္ဖိနပ္သံတခြက္ခြက္ကို မၾကားရေတာ့၍  စကၠစိတ္ညစ္ညဴးျခင္းေၾကာင့္ အိမ္ျပန္ရန္ ဆုံးျဖတ္လိုက္သည္။

ၿခံေရွ႕၌ ပိတ္ရပ္ထားေသာ ကားအျဖဴေၾကာင့္ စကၠကားကို အျပင္မွာသာရပ္လိုက္သည္။

" ဒီလူ ဘာလာလုပ္ျပန္ၿပီလဲ။"

အိမ္ထဲဝင္သြားေတာ့ အေဖ့ရဲ႕ ရယ္သံမ်ားႏွင့္ အဲ့လူရဲ႕ ရယ္သံမ်ားကို ၾကားရသည္။

"ဟားဟား ေမာင္ရင္က သိပ္ေနာက္တတ္တာပဲ။ မင္းအားတဲ့အခ်ိန္ေတြ ငါ့ဆီလာလည္လို႔ ရတယ္ေနာ္။ "

" အေဖ့ "

" ဟာ သားအေစာႀကီးျပန္ေရာက္ပါလား။"

အေဖ့နားသြားရပ္လိုက္ၿပီး အေရွ႕က လူကို ဘုၾကည့္ၾကည့္လိုက္သည္။ အဲ့လူက သူ႔ကို ၿပဳံးျပၿပီး မ်က္မွန္ကို အေပၚကို ပင့္တင္လိုက္ေသးသည္။

" သား မင္းသူငယ္ခ်င္းလား။ "

" ဟို မဟုတ္ဘူးအေဖ "

"ဘာမဟုတ္တာလဲ စကၠမင္းျမတ္ "

" ဟင္ သားသူ႔ကို မသိဘူးလား။"

" ဟို သိတယ္။ ဒါမဲ့ သူက သားသူငယ္ခ်င္းမဟုတ္ဘူး ဒီတိုင္း အသိပါ။"

"ေအာ္ ေအးေအး သားတို႔ ေအးေဆးစကားေျပာၾကေလ။ အေဖအေပၚတက္ေတာ့မယ္။"

"ဟုတ္ကဲ့ အေဖ "

အေဖအေပၚတက္သြားေတာ့ သူလည္း ထိုလူအေရွ႕ဝင္ထိုင္လိုက္သည္။

" ခင္ဗ်ား ဘယ္လိုလုပ္ေရာက္ေနရတာလဲ။"

"ဒီအတိုင္းပဲ။ မင္းဖုန္းနံပါတ္လည္း မသိေတာ့ အိမ္လိုက္လာတာ။"

" ကိစၥရွိလို႔လား။"

"ဟင့္အင္း မရွိဘူး။ ပ်င္းလို႔ ဒီတိုင္း "

" ခင္ဗ်ားမွာ ပ်င္းဖို႔ အခ်ိန္ရွိေသးတယ္ေပါ့။ "

"စကၠ ကိုယ့္ထက္အႀကီးေတြနဲ႔ စကားေျပာရင္ မ႐ိုင္းရဘူး။"

"က်စ္ "

"ဟားဟား "

စကၠစိတ္ရႈပ္သြားပုံကို သူသေဘာတက်ရယ္လိုက္သည္။

" အစ္ကို ကြၽန္ေတာ္က အစ္ကိုအပ်င္းေျပေဆာ့လို႔ရတဲ့ အ႐ုပ္မဟုတ္ဘူး။ အစ္ကိုပ်င္းရင္ တျခားစိတ္ဝင္စားစရာေကာင္းတာ တစ္ခုခုလုပ္ေပါ့။"

" ဘယ္ဟာက စိတ္ဝင္စားစရာေကာင္းလဲ ငါမသိဘူး။ အခုေလာေလာဆယ္ေတာ့ မင္းကို စိတ္ဝင္စားေနတယ္။"

"ဗ်ာ..."

"ဟာ မဟုတ္ဘူး။ ငါေျပာခ်င္တာကကြာ။ ငါ့မွာ ထူးထူးျခားျခားအေပါင္းအသင္းမရွိဘူး။ ငါ့အသိထဲမွာလည္း ဆရာဝန္ေတြ ခ်ည္းပဲဆိုေတာ့ ပ်င္းဖို႔ ေကာင္းတယ္။ မင္းလို အဆိုးအသြမ္းေလးကို ျပဳျပင္ေပးရတာက စိတ္ဝင္စားစရာေကာင္းတယ္မလား။"

ဒီလူက သူ႔ကို ဆရာႀကီးလုပ္ဖို႔ အိမ္အထိေတာင္ လိုက္လာတာပဲ။ တစ္သက္နဲ႔တစ္ကိုယ္ ကိုယ္ေနခ်င္သလို ေနလာတာ။ ဘယ္သူပုံသြင္းေပးတာမွ လက္မခံႏိုင္ဘူး။

" ဒီမွာ အစ္ကို ကြၽန္ေတာ္က ဘာျဖစ္ေနလို႔..."

" မရဘူး။ မနက္ျဖန္ ငါအျပင္သြားမွာ မင္းအေဖာ္လိုက္ခဲ့ေပး ဒါပဲ။ အခုငါျပန္ၿပီ။"

" ဟာ ခင္ဗ်ား..."

သူလွမ္းတားခ်ိန္ေတာင္မရလိုက္ ထြက္သြားခဲ့ၿပီ။ အသက္၃၀နားကပ္မွ လူတစ္ေယာက္ရဲ႕ စည္းကမ္းနဲ႔ထိန္းခ်ဳပ္မႈကို ခံရေတာ့မည္။

********
A/N

ေဒၚေမခ : ငါ့သားက ငါ့ထိန္းခ်ဳပ္မႈေအာက္မွာပဲ ျပားျပားဝတ္ဘာညာဘာညာ

ေနခမင္းျမတ္ : ေမာင့္ကို ခ်စ္ဖို႔ေမြးဖြားလာပါတယ္.....။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі