Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-12
(Unicode)

နေခ မနေ့က မောင့်ဆီကို လာတွေ့မယ်လို့ ပြောထား၍ မား ကုမ္ပဏီအသွားကို ထိုင်စောင့်နေသည်။ မားမရိပ်မိအောင် သူ့အခန်းထဲ၌သာ သူနေ၍ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ မားက သူ့အခန်းကို လာချောင်းသော အခါ၌ သူကုတင်ပေါ်မှာ အိပ်နေသည်ကို မြင်ပြီး တိတ်တဆိတ်ပြန်ထွက်သွားသည်။

မားရဲ့ ကားသံကို အခန်းထဲက ကြားတော့ သူ ကုတင်ပေါ်မှာ ခုန်ပေါက်လိုက်ပြီး ရေချိုးခန်းသို့ ဝင်သည်။ ခဏအကြာတော့ ရေမိုးချိုးအဝတ်အစားလဲပြီး  မောင့်ဆီကို သွားဖို့ ခြေလှမ်းစသည်။

မောင့်အမြင်မှာ ပိုပြီးနုငယ်သည်ဟု ထင်ရအောင် အပြာနုရောင် တီရှပ်လေးကို ဒူးအထက်ဂျင်းပျော့အဖြူလေးနှင့် တွဲဖက်ဝတ်ဆင်ထားသည်။ မောင်က ဒီအချိန်ဆို သူ့အလုပ်မှာပဲ ရှိနိုင်တာကြောင့် ဆိုင်ကိုသာ ဦးတည်သွားလိုက်သည်။ ဆိုင်ရှေ့ကားရပ်ပြီးတော့ ဦးထုပ်အနက်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး maskအနက်ကို တပ်လိုက်၍ ဆိုင်ထဲဝင်မိသည်။

" ဟို ထက်ဦးခန့် "

"အော် အစ်ကို ထက်ဦးခန့်က အနောက်က ဟိုတယ်ထဲမှာ ညာဘက်ချိုးပြီး ဟိုဘက် ထောင့်ဆုံးအခန်းထဲမှာ ရှိလိမ့်မယ်။ ဝင်သွားလိုက်နော်။ "

"ဟုတ်ကဲ့ "

နေ့လည်ဘက်မို့ထင်တယ်။ မောင်က အခန်းထဲမှာ နားနေတာနေမှာပေါ့။ ကောင်မလေးညွှန်သည့်အတိုင်း သူဝင်သွားလိုက်တော့ ဟုတ်ပါ့။ မောင်ရှိနေတာပဲ။  ကျောခိုင်းထားသော မောင်က ဘာတွေ အလုပ်ရှုပ်နေသည်လဲ။

" မောင်....အမလေး! "

မောင့်ကိုသာ အာရုံထားမိတာ​မို့ ကိုကြီးစက္ကက ရုတ်တရက်ကြီး အရှေ့မှာပိတ်ရပ်လိုက်တော့ နေခလန့်ပြီး အော်လိုက်သည်။ ကိုယ့်ရင်ဘက်ကို ဖိပြီး ငြိမ်သွားသော နေခကို ကိုကြီးစက္ကက စိုးရိမ်မှုဖြင့် ငုံ့မိုးကြည့်လာပြီး မေးလာသည်။

" ညီလေး လန့်သွားတာလား။"

"အာ...နည်းနည်းပါ။ "

မောင်ကလည်း သူ့ဘက်ကို လှည့်ကြည့်လာတာမို့ သူလှမ်းပြုံးပြလိုက်သည်။ မောင့်အနားလျှောက်သွားပြီး မောင့်ဘေးဝင်ထိုင်လိုက်တော့ မောင်လုပ်နေသည့်အလုပ်ကြောင့် သူ မောင့်ကို တအံ့တသြပြန်ကြည့်မိသည်။

" ဟင်...မောင် ဒါ ဒါ သိုးမွှေးထိုးနေတာမလား။ "

" အင်း "

မောင့်ကို ဘယ်လိုနားလည်ရမလဲ။ မောင်က ဒီလိုကြီးလုပ်တတ်လိမ့်မယ်လို့ နေခတစ်ခါလေးမှတောင် မမှန်းဆဖူးဘူး။

"အို...မောင်က ဒါမျိုးတွေလည်း လုပ်တတ်တယ်လား။ တော်လိုက်တာ။ "

"ဟုတ်တယ် ညီလေးရဲ့။ ထက်ခန့်က တစ်ခါတစ်ခါအဲ့လို သိုးမွှေးထိုးတတ်တယ်။"

ကိုကြီးစက္ကက သူ့အရှေ့ကခုံကို ဝင်ထိုင်ပြီး ပြောသည်။

" ညီလေး ဒီကို ထပ်လာလည်တာပေါ့။ ကဲ ပြော ညီလေး ဘာစားချင်လဲ။"

" အာ...မဟုတ်တာ ကိုကြီး ကျွန်တော်က ထက်ဦးခန့်ကို တွေ့ချင်ရုံသပ်သပ်လာတာပါ။"

နေခပြန်ပြောလိုက်သော စကားကို ကိုကြီးက ပြုံးပြီး ခေါင်းညိမ့်သည်။

" နေခက ထက်ခန့်ကို အတော်ခင်တာပဲနော်။ ကိုကြီးကိုလည်း အဲ့လိုခင်ရင် ကောင်းမယ်။"

သိုးမွှေးထိုးနေရင်း ထက်ခန့်ရဲ့ လက်တွေက တုံ့သွားသည်။ နေခလည်း ရှက်ကိုးရှက်ကန်းနှင့် ရီပြလိုက်သည်။

" မဟုတ်ဘူး စက္က နေခက ငါ့ချစ်သူ "

" ဘာ ဘယ်လို "

အရှေ့က စက္ကက သူ့စကားကြောင့် ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။
နေခကလည်း မောင် ဒီလိုကြီးတခြားလူကို ပြောပြလိမ့်မည် မထင်၍ မောင့်ကို တအံ့တသြကြည့်လိုက်သည်။ မောင်က တခြားသူရှေ့ သူတို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကို ထုတ်ပြလိုက်ပြီမို့ သူကျေကျေနပ်နပ်ကြီး ပြုံးမိပြန်သည်။

စက္ကက ဒီလို အခြေအနေ​ကြီးကို မယုံသင်္ကာဖြစ်လာ၍ ထိုင်နေသော ထက်ခန့်ရဲ့ လက်ကို ဆွဲပြီး နေခအရှေ့မှ ထွက်သွားသည်။ စက္ကရဲ့ အပြုအမူကို နေခနားမလည်နိုင်တော့ဘဲ အခန်းထဲ၌သာ ကျန်ရစ်ခဲ့တော့သည်။

" ဒါတကယ်ပဲလား ထက်ခန့် "

ထက်ဦးခန့်ရဲ့ အင်္ကျီကော်လံကို ဆွဲပြီး စက္ကက မေးလိုက်သည်မို့ သူခဏတော့ တုံ့ဆိုင်းသွားသည်။

" ဟုတ်တယ် "

သူ့ရဲ့ အဖြေကို ကြားပြီးတော့ စက္ကရဲ့ လက်တွေ ပြေလျော့သွားပြီး ခေါင်းငိုက်စိုက်ကျသွားသည်။

" ဘယ်တုန်းကတည်းကလဲ။"

"မကြာသေးဘူး။ ငါမင်းကို ဒီလိုပြောပြတာ ငါမင်းကို တကယ်အလေးထားလို့ပါ။ ငါ ဒီလိုမျိုး...."

" တော်တော့ ထက်ဦးခန့် ! "

တစ်ယောက်တည်းရှိတဲ့ သူငယ်ချင်းပေမို့ အလေးထားပြီး ပြောမိသော်လည်း ပြန်ရလိုက်သည်က မိမိကို ကျောခိုင်းပြီး ထွက်သွားသော စက္ကရဲ့ပုံစံပင်

" စက္က မင်း ငါ့ကို ရွံလို့လား။ "

" နေခမင်းမြတ်လည်း နစ်နာလိမ့်မယ်။ နောက်ပြီး မင်းအတွက်လည်း မကောင်းဘူး။ မင်းတို့နှစ်ယောက်လုံးနာကျင်ရမှာ ငါကြိုသိနေတယ်။ "

" ငါလက်မခံနိုင်ဘူး။ ငါ ရှေ့ဆက်တိုးမှာပဲ။ "

သူ့ရဲ့ စကားကြောင့် အနောက်ကို စူးစိုက်၍ လှည့်ကြည့်လာပြီး ထွက်သွားသည်။

စက္ကမရှိတော့မှ ထက်ဦးခန့် နေခရှိနေသော အခန်းထဲကို ပြန်ဝင်သွားလိုက်သည်။

" နေခ "

" မောင်ပြန်လာပြီ။ ကိုကြီးက ဘာဖြစ်သွားတာလဲ။ ငါနဲ့ မောင့်ရဲ့ ဆက်ဆံရေးကို လက်မခံဘူးလား။ "

" စိတ်မပူနဲ့  စက္က လက်မခံနိုင်တဲ့ အခြေအနေဆိုတာ မရှိဘူး။ "

" အော်...."

ကိုကြီးက ခဏစိတ်လှုပ်ရှားသွားလို့ နေမှာပါ။ မောင့်ကို မောင့်သူငယ်ချင်းက နားလည်ပေးနိုင်မှာပါ။ ဒါဆို သူ့သူငယ်ချင်း ခက်ဇော်ကရော ဒီလိုမောင်နဲ့ အခြေအနေကို ဖွင့်ပြောဖို့ အားယူရဦးမည်။

***********
စက္ကအပြင်ကို ထွက်လာခဲ့လိုက်ပြီး ဆိုင်ရဲ့ barမှာ အရက်ထိုင်သောက်နေလိုက်သည်။

ညီလေး မိုက်လိုက်တာ အမေသိရင် မင်းဘယ်လိုရင်ဆိုင်မှာလဲ။ ထက်ခန့်ကို အမေက သေချာပေါက်ဒုက္ခပေးမှာပဲ။ အမေက မင်းတို့ရဲ့ အခြေအနေကို လက်ခံပေးမယ်ထင်နေလား။ ထက်ခန့်က ဘယ်လိုလူမျိုးလဲ ဆိုတာကိုရော ညီလေးမသိဘူးလား။ ထက်ခန့်နဲ့ပတ်သတ်ပြီး မင်းရဲ့သိက္ခာကိုရော မြောင်းထဲ ပစ်လိုက်တော့မယ်ပေါ့။ နှစ်ဦးနှစ်ဖက်ထိခိုက်မဲ့ ကိစ္စကို တကယ်ပဲ ရှေ့ဆက်တိုးကြမယ်တဲ့လား။ ရွံတယ်တဲ့လား ငါက မင်းကို ရွံရင် ငါ့ညီကိုပါ ရွံရမှာလား။ အဟက် ငါကိုယ်တိုင်က ရွံစရာကောင်းနေပြီမလား။

ဘီယာကို တစ်ခွက်မော့လိုက် ရင်ထဲက စကားတစ်ခွန်းပြောလိုက်နှင့် ခါးသီးမှုကို အာရုံမစိုက်နိုင်ဘဲ ရင်ထဲက အပူကို အပူနဲ့ ထပ်ဆင့်ငြိမ်းသည်။ ခေါင်းက တရိပ်ရိပ်မူးလာသည်။ သူ့အခြေအနေမဟန်တော့တာ သိပေမယ့် အရှေ့ကဝိတ်တာကောင်လေးကလည်း မတားရဲ ဖြစ်နေသည်။ ခဏကြာတော့ ခေါင်ငိုက်စိုက်ကျသွားတော့သည်။

" အကိုစက္က အကို ဟာ...ဒုက္ခပဲ။ ထက်ဦးခန့်ကို သွားခေါ်မှ ဖြစ်တော့မယ်။ ငါ့မှာလည်း မအားရတဲ့ကြားထဲကွာ။"

" ညီလေး ဒါ စက္ကမလား။"

ခေါင်းကုတ်ပြီး အဖေတနေချိန် အနားက လာရပ်သော လူကြောင့် ဝိတ်တာကောင်လေးရဲ့ မျက်နှာချက်ချင်း လင်းလက်သွားသည်။

ဝိတ်တာကောင်လေးရဲ့ အကူအညီဖြင့် ကိုယ့်ထက်အရပ်မြင့်ပြီး ထွားနေသော စက္ကရဲ့ ခန္ဓာကိုယ်ကို ကားပေါ်တင်လိုက်ရသည်။

" ကျေးဇူးပဲ ညီ"

"ဟုတ်ကဲ့ ရပါတယ်ဗျ။ သူ့အိမ်ကိုသာ လိုက်ပို့ပေးလိုက်ပါ။ "

" စိတ်ချစိတ်မပူနဲ့။"

ဟန်လင်းညို အရှေ့က ကောင်လေးကို ပြုံးပြပြီး ကားစက်နှိုး၍ ထိုဆိုင်ထဲမှ ထွက်ခဲ့သည်။ ကားမောင်းရင်း ဘေးက ငမူးရဲ့ အခြေအနေကို အကဲခတ်လိုက်သည်။ ဘယ်နှယ့် ဒီလို နေ့ခင်းကြောင်တောင်အချိန်ကြီး မူးကွဲနေရတယ်လို့။ ဒီကောင်လေး အသည်းတွေ ဘာတွေ ကွဲနေတာတော့ မဟုတ်ဘူးမလား။

ကားမောင်းလာရင်းမှ ချက်ချင်းထိုးရပ်လိုက်သည်။ အိမ်လိုက်ပို့ပေးမယ်ဆိုပြီး ခေါ်လိုက်ပြီးခါမှ အိမ်လိပ်စာမမေးလိုက်ရ ကားပြန်ကွေ့ဖို့ကျတော့လည်း အဆင်မပြေသည့် အဆုံး သူ့ကွန်ဒိုကိုသာ ခေါ်လာခဲ့တော့သည်။

ကွန်ဒိုရောက်တော့ ငမူးက နည်းနည်းအခြေအနေဟန်လာသည်။ မူးနေသော သူ့ကို အခန်းထဲက ဆိုဖာပေါ် ပစ်ချပြီး အိပ်ခိုင်းလိုက်သည်။

သူ့ကို အပေါ်အထိတွဲခေါ်လာရ၍ လူကလည်း မောနေသည်။ ရေချိုးပြီး ပြန်ထွက်လာတော့ ဧည့်ခန်းက ငမူးက ပြန်နိုးလာပြီ။ အခန်းထဲဝင်လာသော သူ့ကို ထိုင်နေရင်း မျက်လုံးလှန်ကြည့်ပြီး ဂျစ်ကန်ကန်မေးသည်။

" ကျွန်တော် ဘာလို့ ဒီရောက်နေတာလဲ။"

" မင်းမူးနေလို့ "

" မူးနေတဲ့ ကျွန်တော်က လမ်းလျှောက်ပြီး ခင်ဗျားအခန်းထဲရောက်နေတယ်ဆိုတာက မဖြစ်နိုင်ဘူးမလား။"

" အာ... ငါ အဲ့လိုမပြောပါဘူး။ မင်းရဲ့ ဆိုင်မှာ မူးပြီးမှောက်နေတာတွေ့လို့ ငါ အမြင်မတော်လို့ခေါ်လာတာ။"

" ခင်ဗျားထပ်ပြီး ကျွန်တော့်ဆိုင်ကို လမ်းကြုံပြန်ပြီလား။"

ကိုယ်ကလည်း ကူညီပြီး ခေါ်လာပေးသေးတယ် မယုံသင်္ကာပြန်မေးတာလည်း ခံရသေးတာမို့ ဟန်လင်းညို နဲနဲတော့ ပေါက်လာပြီ။

(Zawgyi)

ေနခ မေန႔က ေမာင့္ဆီကို လာေတြ႕မယ္လို႔ ေျပာထား၍ မား ကုမၸဏီအသြားကို ထိုင္ေစာင့္ေနသည္။ မားမရိပ္မိေအာင္ သူ႔အခန္းထဲ၌သာ သူေန၍ အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္။ မားက သူ႔အခန္းကို လာေခ်ာင္းေသာ အခါ၌ သူကုတင္ေပၚမွာ အိပ္ေနသည္ကို ျမင္ၿပီး တိတ္တဆိတ္ျပန္ထြက္သြားသည္။

မားရဲ႕ ကားသံကို အခန္းထဲက ၾကားေတာ့ သူ ကုတင္ေပၚမွာ ခုန္ေပါက္လိုက္ၿပီး ေရခ်ိဳးခန္းသို႔ ဝင္သည္။ ခဏအၾကာေတာ့ ေရမိုးခ်ိဳးအဝတ္အစားလဲၿပီး  ေမာင့္ဆီကို သြားဖို႔ ေျခလွမ္းစသည္။

ေမာင့္အျမင္မွာ ပိုၿပီးႏုငယ္သည္ဟု ထင္ရေအာင္ အျပာႏုေရာင္ တီရွပ္ေလးကို ဒူးအထက္ဂ်င္းေပ်ာ့အျဖဴေလးႏွင့္ တြဲဖက္ဝတ္ဆင္ထားသည္။ ေမာင္က ဒီအခ်ိန္ဆို သူ႔အလုပ္မွာပဲ ရွိႏိုင္တာေၾကာင့္ ဆိုင္ကိုသာ ဦးတည္သြားလိုက္သည္။ ဆိုင္ေရွ႕ကားရပ္ၿပီးေတာ့ ဦးထုပ္အနက္ကို ခပ္ငိုက္ငိုက္ေဆာင္းၿပီး maskအနက္ကို တပ္လိုက္၍ ဆိုင္ထဲဝင္မိသည္။

" ဟို ထက္ဦးခန္႔ "

"ေအာ္ အစ္ကို ထက္ဦးခန္႔က အေနာက္က ဟိုတယ္ထဲမွာ ညာဘက္ခ်ိဳးၿပီး ဟိုဘက္ ေထာင့္ဆုံးအခန္းထဲမွာ ရွိလိမ့္မယ္။ ဝင္သြားလိုက္ေနာ္။ "

"ဟုတ္ကဲ့ "

ေန႔လည္ဘက္မို႔ထင္တယ္။ ေမာင္က အခန္းထဲမွာ နားေနတာေနမွာေပါ့။ ေကာင္မေလးၫႊန္သည့္အတိုင္း သူဝင္သြားလိုက္ေတာ့ ဟုတ္ပါ့။ ေမာင္ရွိေနတာပဲ။  ေက်ာခိုင္းထားေသာ ေမာင္က ဘာေတြ အလုပ္ရႈပ္ေနသည္လဲ။

" ေမာင္....အမေလး! "

ေမာင့္ကိုသာ အာ႐ုံထားမိတာ​မို႔ ကိုႀကီးစကၠက ႐ုတ္တရက္ႀကီး အေရွ႕မွာပိတ္ရပ္လိုက္ေတာ့ ေနခလန္႔ၿပီး ေအာ္လိုက္သည္။ ကိုယ့္ရင္ဘက္ကို ဖိၿပီး ၿငိမ္သြားေသာ ေနခကို ကိုႀကီးစကၠက စိုးရိမ္မႈျဖင့္ ငုံ႔မိုးၾကည့္လာၿပီး ေမးလာသည္။

" ညီေလး လန္႔သြားတာလား။"

"အာ...နည္းနည္းပါ။ "

ေမာင္ကလည္း သူ႔ဘက္ကို လွည့္ၾကည့္လာတာမို႔ သူလွမ္းၿပဳံးျပလိုက္သည္။ ေမာင့္အေနားလွ်ာက္သြားၿပီး ေမာင့္ေဘးဝင္ထိုင္လိုက္ေတာ့ ေမာင္လုပ္ေနသည့္အလုပ္ေၾကာင့္ သူ ေမာင့္ကို တအံ့တၾသျပန္ၾကည့္မိသည္။

" ဟင္...ေမာင္ ဒါ ဒါ သိုးေမႊးထိုးေနတာမလား။ "

" အင္း "

ေမာင့္ကို ဘယ္လိုနားလည္ရမလဲ။ ေမာင္က ဒီလိုႀကီးလုပ္တတ္လိမ့္မယ္လို႔ ေနခတစ္ခါေလးမွေတာင္ မမွန္းဆဖူးဘူး။

"အို...ေမာင္က ဒါမ်ိဳးေတြလည္း လုပ္တတ္တယ္လား။ ေတာ္လိုက္တာ။ "

"ဟုတ္တယ္ ညီေလးရဲ႕။ ထက္ခန္႔က တစ္ခါတစ္ခါအဲ့လို သိုးေမႊးထိုးတတ္တယ္။"

ကိုႀကီးစကၠက သူ႔အေရွ႕ကခုံကို ဝင္ထိုင္ၿပီး ေျပာသည္။

" ညီေလး ဒီကို ထပ္လာလည္တာေပါ့။ ကဲ ေျပာ ညီေလး ဘာစားခ်င္လဲ။"

" အာ...မဟုတ္တာ ကိုႀကီး ကြၽန္ေတာ္က ထက္ဦးခန္႔ကို ေတြ႕ခ်င္႐ုံသပ္သပ္လာတာပါ။"

ေနချပန္ေျပာလိုက္ေသာ စကားကို ကိုႀကီးက ၿပဳံးၿပီး ေခါင္းညိမ့္သည္။

" ေနခက ထက္ခန္႔ကို အေတာ္ခင္တာပဲေနာ္။ ကိုႀကီးကိုလည္း အဲ့လိုခင္ရင္ ေကာင္းမယ္။"

သိုးေမႊးထိုးေနရင္း ထက္ခန္႔ရဲ႕ လက္ေတြက တုံ႔သြားသည္။ ေနခလည္း ရွက္ကိုးရွက္ကန္းႏွင့္ ရီျပလိုက္သည္။

" မဟုတ္ဘူး စကၠ ေနခက ငါ့ခ်စ္သူ "

" ဘာ ဘယ္လို "

အေရွ႕က စကၠက သူ႔စကားေၾကာင့္ ဝုန္းခနဲ မတ္တပ္ထရပ္လိုက္သည္။
ေနခကလည္း ေမာင္ ဒီလိုႀကီးတျခားလူကို ေျပာျပလိမ့္မည္ မထင္၍ ေမာင့္ကို တအံ့တၾသၾကည့္လိုက္သည္။ ေမာင္က တျခားသူေရွ႕ သူတို႔ႏွစ္ေယာက္ရဲ႕ ပတ္သတ္မႈကို ထုတ္ျပလိုက္ၿပီမို႔ သူေက်ေက်နပ္နပ္ႀကီး ၿပဳံးမိျပန္သည္။

စကၠက ဒီလို အေျခအေန​ႀကီးကို မယုံသကၤာျဖစ္လာ၍ ထိုင္ေနေသာ ထက္ခန္႔ရဲ႕ လက္ကို ဆြဲၿပီး ေနခအေရွ႕မွ ထြက္သြားသည္။ စကၠရဲ႕ အျပဳအမူကို ေနခနားမလည္ႏိုင္ေတာ့ဘဲ အခန္းထဲ၌သာ က်န္ရစ္ခဲ့ေတာ့သည္။

" ဒါတကယ္ပဲလား ထက္ခန္႔ "

ထက္ဦးခန္႔ရဲ႕ အက်ႌေကာ္လံကို ဆြဲၿပီး စကၠက ေမးလိုက္သည္မို႔ သူခဏေတာ့ တုံ႔ဆိုင္းသြားသည္။

" ဟုတ္တယ္ "

သူ႔ရဲ႕ အေျဖကို ၾကားၿပီးေတာ့ စကၠရဲ႕ လက္ေတြ ေျပေလ်ာ့သြားၿပီး ေခါင္းငိုက္စိုက္က်သြားသည္။

" ဘယ္တုန္းကတည္းကလဲ။"

"မၾကာေသးဘူး။ ငါမင္းကို ဒီလိုေျပာျပတာ ငါမင္းကို တကယ္အေလးထားလို႔ပါ။ ငါ ဒီလိုမ်ိဳး...."

" ေတာ္ေတာ့ ထက္ဦးခန္႔ ! "

တစ္ေယာက္တည္းရွိတဲ့ သူငယ္ခ်င္းေပမို႔ အေလးထားၿပီး ေျပာမိေသာ္လည္း ျပန္ရလိုက္သည္က မိမိကို ေက်ာခိုင္းၿပီး ထြက္သြားေသာ စကၠရဲ႕ပုံစံပင္

" စကၠ မင္း ငါ့ကို ႐ြံလို႔လား။ "

" ေနခမင္းျမတ္လည္း နစ္နာလိမ့္မယ္။ ေနာက္ၿပီး မင္းအတြက္လည္း မေကာင္းဘူး။ မင္းတို႔ႏွစ္ေယာက္လုံးနာက်င္ရမွာ ငါႀကိဳသိေနတယ္။ "

" ငါလက္မခံႏိုင္ဘူး။ ငါ ေရွ႕ဆက္တိုးမွာပဲ။ "

သူ႔ရဲ႕ စကားေၾကာင့္ အေနာက္ကို စူးစိုက္၍ လွည့္ၾကည့္လာၿပီး ထြက္သြားသည္။

စကၠမရွိေတာ့မွ ထက္ဦးခန္႔ ေနခရွိေနေသာ အခန္းထဲကို ျပန္ဝင္သြားလိုက္သည္။

" ေနခ "

" ေမာင္ျပန္လာၿပီ။ ကိုႀကီးက ဘာျဖစ္သြားတာလဲ။ ငါနဲ႔ ေမာင့္ရဲ႕ ဆက္ဆံေရးကို လက္မခံဘူးလား။ "

" စိတ္မပူနဲ႔  စကၠ လက္မခံႏိုင္တဲ့ အေျခအေနဆိုတာ မရွိဘူး။ "

" ေအာ္...."

ကိုႀကီးက ခဏစိတ္လႈပ္ရွားသြားလို႔ ေနမွာပါ။ ေမာင့္ကို ေမာင့္သူငယ္ခ်င္းက နားလည္ေပးႏိုင္မွာပါ။ ဒါဆို သူ႔သူငယ္ခ်င္း ခက္ေဇာ္ကေရာ ဒီလိုေမာင္နဲ႔ အေျခအေနကို ဖြင့္ေျပာဖို႔ အားယူရဦးမည္။

***********
စကၠအျပင္ကို ထြက္လာခဲ့လိုက္ၿပီး ဆိုင္ရဲ႕ barမွာ အရက္ထိုင္ေသာက္ေနလိုက္သည္။

ညီေလး မိုက္လိုက္တာ အေမသိရင္ မင္းဘယ္လိုရင္ဆိုင္မွာလဲ။ ထက္ခန္႔ကို အေမက ေသခ်ာေပါက္ဒုကၡေပးမွာပဲ။ အေမက မင္းတို႔ရဲ႕ အေျခအေနကို လက္ခံေပးမယ္ထင္ေနလား။ ထက္ခန္႔က ဘယ္လိုလူမ်ိဳးလဲ ဆိုတာကိုေရာ ညီေလးမသိဘူးလား။ ထက္ခန္႔နဲ႔ပတ္သတ္ၿပီး မင္းရဲ႕သိကၡာကိုေရာ ေျမာင္းထဲ ပစ္လိုက္ေတာ့မယ္ေပါ့။ ႏွစ္ဦးႏွစ္ဖက္ထိခိုက္မဲ့ ကိစၥကို တကယ္ပဲ ေရွ႕ဆက္တိုးၾကမယ္တဲ့လား။ ႐ြံတယ္တဲ့လား ငါက မင္းကို ႐ြံရင္ ငါ့ညီကိုပါ ႐ြံရမွာလား။ အဟက္ ငါကိုယ္တိုင္က ႐ြံစရာေကာင္းေနၿပီမလား။

ဘီယာကို တစ္ခြက္ေမာ့လိုက္ ရင္ထဲက စကားတစ္ခြန္းေျပာလိုက္ႏွင့္ ခါးသီးမႈကို အာ႐ုံမစိုက္ႏိုင္ဘဲ ရင္ထဲက အပူကို အပူနဲ႔ ထပ္ဆင့္ၿငိမ္းသည္။ ေခါင္းက တရိပ္ရိပ္မူးလာသည္။ သူ႔အေျခအေနမဟန္ေတာ့တာ သိေပမယ့္ အေရွ႕ကဝိတ္တာေကာင္ေလးကလည္း မတားရဲ ျဖစ္ေနသည္။ ခဏၾကာေတာ့ ေခါင္ငိုက္စိုက္က်သြားေတာ့သည္။

" အကိုစကၠ အကို ဟာ...ဒုကၡပဲ။ ထက္ဦးခန္႔ကို သြားေခၚမွ ျဖစ္ေတာ့မယ္။ ငါ့မွာလည္း မအားရတဲ့ၾကားထဲကြာ။"

" ညီေလး ဒါ စကၠမလား။"

ေခါင္းကုတ္ၿပီး အေဖတေနခ်ိန္ အနားက လာရပ္ေသာ လူေၾကာင့္ ဝိတ္တာေကာင္ေလးရဲ႕ မ်က္ႏွာခ်က္ခ်င္း လင္းလက္သြားသည္။

ဝိတ္တာေကာင္ေလးရဲ႕ အကူအညီျဖင့္ ကိုယ့္ထက္အရပ္ျမင့္ၿပီး ထြားေနေသာ စကၠရဲ႕ ခႏၶာကိုယ္ကို ကားေပၚတင္လိုက္ရသည္။

" ေက်းဇူးပဲ ညီ"

"ဟုတ္ကဲ့ ရပါတယ္ဗ်။ သူ႔အိမ္ကိုသာ လိုက္ပို႔ေပးလိုက္ပါ။ "

" စိတ္ခ်စိတ္မပူနဲ႔။"

ဟန္လင္းညိဳ အေရွ႕က ေကာင္ေလးကို ၿပဳံးျပၿပီး ကားစက္ႏႈိး၍ ထိုဆိုင္ထဲမွ ထြက္ခဲ့သည္။ ကားေမာင္းရင္း ေဘးက ငမူးရဲ႕ အေျခအေနကို အကဲခတ္လိုက္သည္။ ဘယ္ႏွယ့္ ဒီလို ေန႔ခင္းေၾကာင္ေတာင္အခ်ိန္ႀကီး မူးကြဲေနရတယ္လို႔။ ဒီေကာင္ေလး အသည္းေတြ ဘာေတြ ကြဲေနတာေတာ့ မဟုတ္ဘူးမလား။

ကားေမာင္းလာရင္းမွ ခ်က္ခ်င္းထိုးရပ္လိုက္သည္။ အိမ္လိုက္ပို႔ေပးမယ္ဆိုၿပီး ေခၚလိုက္ၿပီးခါမွ အိမ္လိပ္စာမေမးလိုက္ရ ကားျပန္ေကြ႕ဖို႔က်ေတာ့လည္း အဆင္မေျပသည့္ အဆုံး သူ႔ကြန္ဒိုကိုသာ ေခၚလာခဲ့ေတာ့သည္။

ကြန္ဒိုေရာက္ေတာ့ ငမူးက နည္းနည္းအေျခအေနဟန္လာသည္။ မူးေနေသာ သူ႔ကို အခန္းထဲက ဆိုဖာေပၚ ပစ္ခ်ၿပီး အိပ္ခိုင္းလိုက္သည္။

သူ႔ကို အေပၚအထိတြဲေခၚလာရ၍ လူကလည္း ေမာေနသည္။ ေရခ်ိဳးၿပီး ျပန္ထြက္လာေတာ့ ဧည့္ခန္းက ငမူးက ျပန္ႏိုးလာၿပီ။ အခန္းထဲဝင္လာေသာ သူ႔ကို ထိုင္ေနရင္း မ်က္လုံးလွန္ၾကည့္ၿပီး ဂ်စ္ကန္ကန္ေမးသည္။

" ကြၽန္ေတာ္ ဘာလို႔ ဒီေရာက္ေနတာလဲ။"

" မင္းမူးေနလို႔ "

" မူးေနတဲ့ ကြၽန္ေတာ္က လမ္းေလွ်ာက္ၿပီး ခင္ဗ်ားအခန္းထဲေရာက္ေနတယ္ဆိုတာက မျဖစ္ႏိုင္ဘူးမလား။"

" အာ... ငါ အဲ့လိုမေျပာပါဘူး။ မင္းရဲ႕ ဆိုင္မွာ မူးၿပီးေမွာက္ေနတာေတြ႕လို႔ ငါ အျမင္မေတာ္လို႔ေခၚလာတာ။"

" ခင္ဗ်ားထပ္ၿပီး ကြၽန္ေတာ့္ဆိုင္ကို လမ္းႀကဳံျပန္ၿပီလား။"

ကိုယ္ကလည္း ကူညီၿပီး ေခၚလာေပးေသးတယ္ မယုံသကၤာျပန္ေမးတာလည္း ခံရေသးတာမို႔ ဟန္လင္းညိဳ နဲနဲေတာ့ ေပါက္လာၿပီ။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі