Part-23
(Unicode)
လူတွေအားလုံးဝိုင်းကြည့်နေတာကို သိပေမယ့် သူ့ခြေထောက်တွေ ထောက်ဖို့ အားအင်မရှိ။ မြေပြင်ပေါ်ဒူးထောက်ကျနေသော သူ့ကို အနားက ဝန်ထမ်းတွေက ဆွဲထူပေးသည်။ သို့ပေမယ့် လှမ်းဖို့ ရွယ်လိုက်တဲ့ ခြေလှမ်းတိုင်းအတွက် နာကျင်မှုတွေ ကပ်ပါလာသည်။ သူ နားချင်ပြီ။ အိပ်ရာပေါ်ပစ်လှဲလိုက်ပြီး ချုံးပွဲချငိုလိုက်ချင်တော့သည်။
ကားကို ကြုံသလို ထိုးရပ်လိုက်ပြီး အခန်းထဲကို ဝင်ခဲ့သည်။ ခုတင်ပေါ်ပစ်လှဲလိုက်ပြီး မျက်လုံးမှိတ်လိုက်သည့်တိုင် ပိုးဟပ်ဖြူလေးရဲ့ နာကျင်နေတဲ့ မျက်နှာက သူ့အမှောင်ထုထဲဝင်ရောက်လာသည်။ သူ့ရဲ့ စကားသံလေးများကို ပြန်ကြားနေရသည်။ ဒီအခန်းကို ပိုးဟပ်ဖြူလေးဟာ ခဏတော့လာနေဖူးတာမို့ ချစ်စရာကောင်းတဲ့ အတတ်လေးရဲ့ စကားတွေကို စုပ်ယူထားတာ ဖြစ်နိုင်သည်။
(ငါသိတယ် ထက်ဦးခန့်က ဘယ်လိုလူမျိုးလဲဆိုတာ ဘာအလုပ်ကို လုပ်နေလဲဆိုတာရော။ ဒါပေမယ့် ငါမလွန်ဆန်နိုင်ဘူး မင်းနဲ့ဝေးရာနေဖို့ နောက်ပြီး မင်းကို )
ဝေးရာမှာ မနိုင်နဲ့တဲ့လူကို နီးအောင်သိမ်းယူပြီး ဖျက်ဆီးဖို့ ကြံခဲ့တာလည်း မောင်ပဲ။ နာကျင်နေတဲ့ ပုံရိပ်လေးတွေကြောင့်လက်တွန့်နေခဲ့တာလည်း မောင်ပဲ။
(မောင် ရှောင်မပြေးပါနဲ့ ငါ မောင့်ကို အရမ်းချစ်မိနေလို့ပါ )
မောင်ရှောင်ပြေးချင်တယ်။ မင်းကို မောင့် ပရိယာယ်တွေထဲ ဆွဲမသွင်းချင်ဘူး။
( ကလေးရှက်ရင် ခေါင်းငုံ့ပြီး ပုန်းတတ်ကြတယ်။လူကြီးတွေ ရှက်ရင်ကျ စပ်ဖြီးဖြီးကြီးတဲ့ မောင်ရှက်တော့ ငါနဲ့ မျက်နှာချင်းမဆိုင်ရဲတော့ဘဲ မျက်နှာလွှဲတတ်သလား။ )
တစ်ခါတစ်ခါ စကားတတ်လေးက မောင့်စိတ်ကို အမျိုးမျိုးဖတ်နေတဲ့ နေရာမှာလည်း အကျွမ်းတဝင်ရှိသေးသည်။
( ခင်ဗျားစောက်ပါးစပ်ကို ပိတ်ထားလိုက်! အခုချိန်ကစပြီး ထက်ဦးခန့်ဆိုတဲ့လူက ကျွန်တော့်အပိုင် ခင်ဗျားဆီဘယ်တော့မှ ရောက်လာမယ် မထင်နဲ့။ လာ မောင် သွားမယ်။ )
နောက်ပြီး မောင်သိလိုက်ရတာက မောင့်ကလေးလေးဟာ မောင်မုန်းတဲ့ သူ့အမေဆီက အမွေရထားတဲ့အတ္တတွေနဲ့ မောင့်ကို အပိုင်ချည်နေတတ်သေးသည်။
( အား ရှက်လိုက်တာ။ တော်ပြီ ပန်းကန်တွေ မောင်ပဲ ဆေးတော့ ငါ ပြန်အိပ်တော့မယ်။ )
အရှက်သည်းမှုကို အကြောင်းပြပြီး သူဌေးသားလေးက သူ့ကို ပန်းကန်ဆေးခိုင်းခဲ့သေးသည်။
(မောင့်ရင်ခွင်ကိုပဲ ကမ္ဘာထင်ပြီး ရှင်သန်နေတဲ့လူမို့ မောင်ကသာ နေရာမပေးတော့ရင် ငါပြိုပျက်သွားမှာ။ )
ဒီလို စကားတွေကြားရတဲ့အချိန် ငါလည်း မင်းအတွက် ရှေ့ရေးကို တွေးပြီး ဘယ်လောက်ရင်ပူလိုက်ရလဲ။ ငါမျက်နှာသာပေးပြီး အနားခေါ်ထားမိတာ မှားပြီလားဆိုတဲ့ အတွေးက ငါ့ကို အကြိမ်ကြိမ်သတ်နေခဲ့တယ်။
(မောင်ကလွဲပြီး ငါဘာမှ စိတ်မဝင်စားဘူး။ မောင့်ထက် ဘယ်အရာကမှ ငါ့နေရာမှာ ဘောင်မဝင်ခဲ့ဘူး။ မောင်က ငါမငြီးငွေ့နိုင်တဲ့ သင်ခန်းစာပဲ။ )
ငါသာ မင်းဘေးမှာ မရှိတော့ရင် မင်းဘယ်လိုရပ်တည်နေမလဲဆိုတာ တွေးကြည့်ရုံနဲ့ ငါပျောက်ကွယ်သွားသလို ခံစားရတယ်။
( မောင် ငါ့ကို ထပ်မယူတော့ဘူးလား။)
ပထမဦးဆုံးအကြိမ် ရယူခဲ့မှုမှာ ကလေးငယ်ဆီကရသည့် နာကျင်စွာအော်ညည်းသံတွေက မောင့်အတွက် နားဝင်မချိုခဲ့ဘူး။ တစ်ကြိမ်တစ်ခါသာ ပတ်သတ််ခဲ့ရုံနဲ့ မင်းအပေါ်သာယာမိနေတဲ့ မောင့်စိတ်ကို မောင်တအားလန့်ခဲ့ရသည်။ မင်းရဲ့ အထိအတွေ့တွေမှာ ပျော်ဝင်သွားမှာ မောင်သိပ်ကြောက်သည်။
(မောင်က မချစ်ဘူးဆိုရင်တော့ ငါပြန်မလာတော့ပါဘူး။ မောင်နဲ့ ဝေးဝေးမှာပဲ နေမှာပေါ့။ အဲ့တော့ မောင်က ချစ်လားဟင်။ )
သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးငယ်က တစ်ခါတစ်ခါ သူ့ဆီက ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကြားရဖို့ ညာဏ်ဆင်တတ်သေးသည်။
နောက်ဆုံးစကားလုံးတွေနဲ့ အနိုင်ယူခံရတာတောင် ကလေးငယ်က သူ့ကို မမုန်းသွားဘူးပဲ။ လက်လွှတ်ပေးလိုက်ချင်ပေမယ့် အနားမှာ ဖမ်းချုပ်ထားချင်သည့် အတ္တလေးကလည်း ရှိသေးသည်။ တစ်သက်လုံးသိမ်းပိုက်ထားချင်ပေမယ့် မောင့်လိုလူရဲ့အနားမှာ မင်းရဲ့သိက္ခာတွေကို ငဲ့ကွက်မိသေးသည်။ မင်းကို ဖက်တွယ်ထားပြီး မင်းအမေကိုကျ သေအောင် မုန်းနေတဲ့ မောင့်ကို ဘယ်သူမှ နားလည်ပေးနိုင်ကြမယ် မထင်ဘူး။
နေရောင်တွေပျောက်ဆုံးသွားခဲ့ပြီ။ အခန်းငယ်လေးဟာ အမှောင်ထုထဲရောက်လုချေပြီ။ ရေခဲသေတ္တာထဲက ဘီယာဘူး ၅ဘူးလောက်ယူလိုက်ပြီး ခုတင်ဘေးမှာ ပြန်ထိုင်လိုက်သည်။ ခါးသက်သက်ဘီယာကို မော့သောက်ရင်း ကလေးငယ်မေးခဲ့တဲ့ မေးခွန်းတွေကို ဖြေနေခဲ့သည်။ ထို့နောက် သီချင်းလေးကို နှုတ်ဖျားမှ လေးလေးပင်ပင်ဆိုနေခဲ့သည်။
မတွေးချင်လည်း ပြန်တွေးနေမိ~~~~
မေ့ရင်လည်း ပြန်သတိရပြီး~~~~
အမှတ်မရှိသေးဘူး ငါ လွမ်းဆွတ်~~~
မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ~~~~
မှားနေလည်း ငါဆက်မှားပြီ~~~
ဒုက္ခများကုန်ပြီ.....ဟီး~~ဟား~~
ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နှစ်ခဲ့~~
ဖြတ်တောက်တိုင်းလည်း ဖြတ်ဖို့ခက်တဲ့
သံယောဇဥ်
သံယောဇဥ်... သံယောဇဥ် ငါလေ အပျက်ပျက်နဲ့ သွေးထွက်ခဲ့တယ်~~~
သံယောဇဥ် သံယောဇဥ် လူကို အရူးတစ်ပိုင်း ဖြစ်စေတဲ့....
သံယောဇဥ် သံယောဇဥ် နေမြင့်လို့ အရူးရင့်ခဲ့တယ်....
ဒီ သံယောဇဥ်...ဒီသံယောဇဥ်
ဒီသံယောဇဥ် ဒီသံယောဇဥ်
အို....သံယောဇဥ်~~~
သီချင်းဆိုလို့ အပြီး တဟားဟားအော်ရယ်လိုက်သည်။ တံခါးဖွင့်သံကို ကြားသည်။ အခန်းမီးတွေကို တစ်ယောက်ယောက်ဖွင့်လိုက်တာကို သူသိသည်။ အနားကို လာထိုင်တာ စက္ကဆိုတာလည်း သူသိသည်။ စက္ကက သူ့ကို ဆွဲဖက်လိုက်ပြီး နှစ်သိမ့်ပေးနေသည်။ သူ စက္ကရဲ့ ပခုံးပေါ်မှာသာ အိပ်ပျော်သွားခဲ့သည်။ နောက်ပြီး ဘာတွေ ဆက်ဖြစ်သွားမှန်း သူမသိခဲ့။
_____________
ဒေါ်မေခ သားကို အိမ်ပြန်ခေါ်လာခဲ့သည်။ အိမ်ရောက်တော့ သားက ပြန်သတိရလာသည်။ မိသားစုဒေါက်တာကလည်း ဖုန်းမကိုင်သဖြင့် နီးစပ်ရာ ဆရာဝန်သာ ခေါ်ရသည်။ ဆရာဝန်ကတော့ စိတ်ဖိစည်းမှုများပြီး ခဏအနားယူသွားတာပါဟု ပြောသည်။ သားကို ခက်ဇော်နှင့် စိတ်ချလက်ချထားခဲ့ပြီး အရင်က လိပ်စာဟောင်းတစ်ခုကို သွားရှာခဲ့သည်။
လမ်းလေးထဲကို ကားဝင်တော့ အရင်က မြေနီလမ်းလေးကို ကတ္တရာခင်းထားသည်။ အရင်လို ဆင်းရဲသားရပ်ကွက်မဟုတ် အသင့်အတင့်ပြေလည်လာကြပုံ ရှိသည်။ ဒေါ်မေခ ခြံလေးတစ်ခုရှေ့မှာ ရပ်ပြီး ကားပေါ်က ဆင်းလိုက်သည်။ ခြံထဲကြည့်လိုက်တော့ နှစ်ထပ်တိုက်အသေးလေးက တိတ်ဆိတ်နေသည်။ သူဝင်သွားလိုက်သည်။ ဖုန်းကြိုဆက်ထားခြင်းမရှိတာမို့ ဦးမင်းမြတ်ရှိပါ့မလားဟု တွေးမိသေး။ ဧည့်ခန်းထဲမှာတော့ ဘယ်သူမှ မရှိ။ သူဝင်ထိုင်လိုက်ပြီး အရှေ့က ခုံပေါ်က မိသားစုသုံးယောက်ရိုက်ထားတဲ့ ဓာတ်ပုံလေးကို လက်လှမ်းယူလိုက်သည်။ မှတ်မှတ်ရရဆို သား၁နှစ်ကျော်ကျော်လောက်က ရိုက်ထားတဲ့ပုံလေးပေါ့။ ပုံလေးကို ကြည့်နေရင်း အရင်ကအကြောင်းတွေ ပြန်တွေးမိပြီး မျက်ရည်ဝဲမိသည်။ သားကြီးကို ပြန်တွေ့ရတော့မည်ဆိုတော့ သူ့ဆန္ဒတွေ ပြည့်ဝတော့မည်။
" မေ "
အပေါ်ထပ်ကနေ ဦးမင်းမြတ်ကဆင်းလာတော့ ဒေါ်မေခ မျက်ရည်သုတ်လိုက်သည်။
" မေ ဘယ်ကနေ ဘယ်လို "
" သား ဘယ်မှာလဲ "
" မေ ကိုယ့်ဆီ လာတာမဟုတ်ဘူးလား "
" ရှင့်ဆီ ကျွန်မက ဘာကိစ္စလာရမှာလဲ သားကို တွေ့ချင်လို့လာတာ "
" ဟင်းးး မေရယ် သားက ရှိပါတယ် "
ဒေါ်မေခရဲ့ မျက်လုံးတွေ အရောင်လက်သွားသည်။
" ဒါပေမဲ့ "
" ဒါပေမဲ့ ဘာလဲ "
" အခု အိမ်မှာ မရှိဘူးလေ သူ့အလုပ်မှာ မေအရမ်းတွေ့ချင်ရင် အဲ့အလုပ်ကို လိုက်တွေ့လည်း ရတယ် "
" အဲ့တာဆို ကျွန်မကို သူ့အလုပ်လိပ်စာပေး "
" အင်း Fantasy ကို သိတယ်မလား သူ အဲ့မှာ အလုပ်လုပ်တာလေ "
" ဘာ ! သားက ဘာလို့ အဲ့လိုနေရာမျိုးမှာ အလုပ်လုပ်ရတာလဲ ရှင်သားကို ကောင်းကောင်းမစောင့်ရှောက်ထားဘူးလား "
" မေရယ် မေ ကိုယ်တို့ကို ဘယ်လိုအခြေအနေနဲ့ ထားခဲ့လဲဆိုတာ မေ မှတ်မိပါသေးတယ်နော် "
" ရှင် ! "
ဒေါ်မေခ ပိုက်ဆံအိတ်ကို ဆွဲယူပြီး ဦးမင်းမြတ်ရှေ့ကနေ ထထွက်လာခဲ့သည်။ သူ့စိတ်တွေ အရမ်းလှုပ်ရှားနေခဲ့သည်။ သူ့သားက ဘယ်လိုလုပ် ဒီလိုနေရာမျိုးမှာ အလုပ်လုပ်နေရတာလဲ။ ဒီနေရာက ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်သလဲ။ သားက ရိုးရိုးဝန်ထမ်းအနေနဲ့ အလုပ်လုပ်နေတာမျိုးပဲ ဖြစ်ပါစေဟု ဒေါ်မေခ ဆုတောင်းလိုက်သည်။
ကားမောင်းနေရင်း ခင်မမနိုင်ကို ဖုန်းခေါ်လိုက်သည်။
" ဟယ်လို "
"မေခကြီး ပြဿနာတွေ တက်နေမှ ခင်မမနိုင်ကို သတိရနေတယ်ပေါ့ ဟုတ်လား "
"မမနိုင် နင်အပိုတွေပြောမနေနဲ့ ဟိုတစ်ခါ နင်နဲ့အတူရှိခဲ့တဲ့ စက္ကဆိုတဲ့ ကောင်လေးရဲ့ ဖုန်းနံပါတ်ကို သိလား "
" အင်းသိတယ် နင် ဘာလုပ်မို့လဲ "
" ငါ့ကို ပေးစမ်းပါ "
" ဟယ် ကောင်မကြီး နင်ကဲတော့မယ်ပေါ့ "
" မမနိုင် ! အပိုတွေ ပြောမနေနဲ့ ငါအရမ်း အရေးကြီးနေလို့ "
" အေးပါဟယ် ငါအခုပဲ ပို့ပေးလိုက်မယ် "
ခဏနေတော့ သူ့ဆီကို စက္ကရဲ့ Ph no လေးရောက်လာခဲ့သည်။ သူ ချက်ချင်းကောက်ခေါ်လိုက်ပေမယ့် ဟိုဘက်က ဖုန်းကိုင်ခြင်းမရှိ။ ဖုန်းစိမ်းမို့လားမသိ။ သူခေါ်ထားတာအများကြီးတွေ့ရင်တော့ ပြန်ခေါ်လာမှာပါဆိုပြီး စက္ကဆီက ဖုန်းကို စောင့်နေလိုက်သည်။ ညနက်တဲ့အထိ စက္ကဆီက ဖုန်းပြန်မခေါ်လာတော့ သူစိတ်ညစ်သွားသည်။
____________
နောက်တစ်နေ့ စက္က အိပ်ရာနိုးချိန် ဖုန်းဖွင့်ကြည့်လိုက်သည်။ ဖုန်းစိမ်းတစ်ခုမှ Missed callတွေ အများကြီးဝင်ထားတာတွေ့တော့ ကြောင်သွားသည်။ အရေးကြီးလို့ ဆက်သွယ်လာတာ ဖြစ်လိမ့်မည်ဟု တွေးပြီး ပြန်ခေါ်လိုက်သည်။
တီ ....
ဖုန်းက ဝင်တုန်းရှိသေး ဟိုဘက်မှ ချက်ချင်းဟယ်လိုဟူသည့် အသံကို ကြားရသည်။ ကြားရတာ အမျိုးသမီးတစ်ယောက်အသံ ဖြစ်နေသည်။
" ဟယ်လို ဘယ်သူလည်း မသိဘူးဗျ "
" ငါ ဒေါ်မေခ "
"ဗျာ..."
အမေ့နာမည်ကြောင့် သူနားကနေဖုန်းကို ခွာပြီး ဖုန်းနံပါတ်ကို ပြန်ကြည့်လိုက်သည်။ အမေက ဘယ်ကနေ သူ့ဖုန်းနံပါတ်ရလာတာလဲ။ နောက်ပြီး ဘာအကြောင်းရှိလို့လဲ။
" ဟုတ်ကဲ့ ဘာကိစ္စများရှိလို့လဲဗျ "
" ငါ မင်းဆီက အကူအညီတစ်ခုလိုချင်လို့ "
အမေက သူ့ဆီက ဘာများအကူအညီလိုချင်တာလဲ။ အမေလိုအပ်တာဆို သူ ကူညီဖို့ အသင့်။
" ဟုတ် ရပါတယ် ပြောပါ "
" ငါမင်းတို့ဆီမှာ လုပ်တဲ့ အလုပ်သမားတွေရဲ့ စာရင်း အတိအကျလိုချင်တယ် အထူးသဖြင့် သူတို့နေရပ်လိပ်စာ သူတို့မိဘနာမည် "
"ဗျာ... ဘာလုပ်ဖို့ "
" မင်း မကူညီနိုင်ဘူးလား ငါငွေပေးမှာပါ အလကားမယူဘူး "
" ဗျာ အန်တီလိုချင်ရင် ကျွန်တော်ပေးပါ့မယ် ငွေကြေးမလိုပါဘူး "
" ပြီးတာပဲ ဒီနေ့ ညနေလောက်ရနိုင်လား "
" ရပါတယ် "
" ငါ့အိမ်လိပ်စာပေးမယ် မင်းလာပေးပေးပါ ငါမင်းတို့ဆိုင်လာလို့မရဘူး "
" ဟုတ် ကျွန်တော်သိပါတယ် ကျွန်တော် ဆက်ဆက်လာပေးပါ့မယ် "
ဟုတ်တာပေါ့။ ဒီလို အချိန် အမေက ဘယ်လိုလုပ် သူ့ဆိုင်ကို လာလို့ရပါ့မလဲ။ အမေက ဘာကြောင့် ဒီစာရင်းတွေ လိုချင်နေမှန်းမသိပေမယ့် ကိုယ့်အမေဆိုတော့လည်း အမေ့မှာ သိခွင့်ရှိပါတယ်။
(Zawgyi)