Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-6
(Unicode)

အဖျားက မကျသေးသော်လည်း မတွေ့ရတာ နှစ်ရက်လောက်ရှိပြီ ဖြစ်သောကြောင့် မား လစ်တုန်း ထက်ဦးခန့်ရှိသော ဆိုင်ဆီသို့ ထွက်ခဲ့သည်။ နေလည်ခင်းချိန်ဖြစ်၍ ဆိုင်က လူရှင်းနေသည်။ တီးဝိုင်းကလည်း မရှိသေး၍ ထက်ဦးခန့်ကို ဘယ်လိုရှာရမှန်းမသိ။ ထက်ဦးခန့် ဒီနေ့ဆိုင်မလာဘူးဆိုလျှင် ဟိုတစ်ခေါက်က ရောက်ခဲ့သော တိုက်ခန်းကို သူသွားရှာမည်။

"ဟိတ် "

" အမလေး "

အနောက်က ရုတ်တရက် အသံထွက်ပေါ်လာပြီး ပခုံးကို လှမ်းဖမ်းခံရ၍ သူလန့်သွားပြီး နောက်လှည့်ကြည့်လိုက်သည်။

"ဟို ညီလေးလန့်သွားလား "

"အာ....မလန့်ပါဘူး "

မလန့်ဘူးလို့ ပြောလိုက်ပေမယ့် ရုတ်တရက်သူလန့်သွားတာက ဧကန်။ မိမိအရှေ့က အသားညိုညိုလူကောင်ခပ်ထွားထွားနှင့် လမ်းသရဲပုံစံဝတ်စားထားသော ထိုလူကို အကဲခတ်လိုက်သည်။

"ညီလေးက ထက်ဦးခန့်ကို လာရှာတာလား။ "

"ဟုတ်ကဲ့ အကိုဘယ်လိုလုပ်သိသလဲ။"

"အာ...ညီလေး ဒီဆိုင်ကို ခဏ ခဏလာနေတာ ၊ ဒီကလူတွေက ရိပ်မိတာပေါ့။ "

"ဟို ဟုတ် ဒါနဲ့ သူဘယ်မှာလဲမသိဘူး"

"ထက်ခန့် သူ့မမလာလို့ပါသွားတယ်။ လာ ညီလေး ဒီနေရာမှာ မတ်တပ်ရပ်စောင့်မနေနဲ့။ ဒီမှာ တခြားလူတွေ ညီလေးကို မြင်သွားရင် ညီလေးဂုဏ်သိက္ခာအတွက်မကောင်းဘူး။"

" အာ....ရ "

မိမိစကားပင်မဆုံးသေး မိမိပခုံးကို ရင်ခွင်ထဲဆွဲသိမ်း၍ နီးစပ်ရာ အခန်းဆီဝင်သွားသည်။ အခုမှ တွေ့ဖူးတဲ့ တစိမ်းတစ်ယောက်ဆီမှရတဲ့ ဒီလိုဂရုစိုက်မှုမျိုးက နေခအတွက် အမှန်နွေးထွေးစေသည်။

အခန်းထဲနှစ်ယောက်အတူရောက်သွားသော်လည်း မနေတတ်မထိုင်တတ်မိမျိုးမဖြစ်။ သူက ဆိုင်ထဲရှိစားပွဲထိုးများကို ခေါ်ပြီး အစားအသောက်များပါ မှာကျွေးနေပြီမို့ နေခ နည်းနည်းတော့ အားနာလာသည်။

" ကိုကြီးတစ်ခုမေးမယ်နော်။ ညီလေးရဲ့လွတ်လပ်ခွင့်ပဲဆိုပေမယ့် ညီလေးဘာလို့ ဒီလိုနေရာကိုလာရတာလဲ။ "

"ဟို ကျွန်တော်က ထက်ဦးခန့်နဲ့ ရင်းနှီးလို့ ဒီကိုလာဖြစ်တာပါ "

"အင်းးး ဒီနေရာက ညီလေးတို့လို လူမျိုးတွေနဲ့ ဘယ်လိုမှ မအပ်စပ်ဘူး။ ဒီကိုလည်း အပျော်အပါးအတွက်ကလွဲလို့ လာကြတဲ့သူမရှိဘူးလေ။ ဒီနေရာကို တော်တော်များများက နိမ့်ကျတဲ့နေရာလို့ သတ်မှတ်ထားတာကွ။ ညီလေးရော ဘယ်လိုထင်လဲ။"

" ကျွန်တော်ကတော့ အဲ့လိုမျိုး မတွေးပါဘူး။ ဒီမှာ အလုပ်လုပ်နေတဲ့လူတွေကိုလည်း ကျွန်တော်အထင်မသေးပါဘူး။ အဆင့်အတန်းလည်း မခွဲခြားပါဘူး။"

"ဟား...ဝမ်းသာလိုက်တာ ငါ့ညီလေးရယ် တော်သေးတာပေါ့ တခြားလူတွေ ဘယ်လို အမြင်မျိုးနဲ့ အကဲခတ်ခတ် ညီလေးမျက်လုံးထဲမှာ ကိုကြီးတို့က မနိမ့်ကျရင် ရပြီ။ ထက်ဦးခန့်ကလည်း လူကောင်းလေးပါ သူက ညီလေးရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်လာမှာပါ။"

" ဟုတ်ကဲ့ ဟီးးး"

"ညီလေး စားစား ဒီဆိုင်မှာရှိတဲ့ အကောင်းဆုံးတွေချည်းပဲ။ ညီလေး အတွက်သီးသန့် နောက်လည်း လာခဲ့ဦးနော်။ "

"အာ...."

" ကဲပါ ထည့်စား "

ပြောပြောဆိုဆိုနှင့် မိမိပုကန်ထဲအသားကြော်များထပ်ထည့်ပေးပြန်သည်။

" စားပါ ကိုကြီးလည်း စား "

နေခက ပြန်ထည့်ပေးလိုက်တော့ မိမိအရှေ့က လူက ပြုံးဖြီးသွားသည်။ တကယ်ပါ။ ဆံပင်ရွှေရောင်ဆိုးထားပြီး ဝတ်ပုံစားပုံက လမ်းသရဲstyleထွက်နေတာကလွဲရင် အရှေ့က အကိုက စိတ်ထားအရမ်းဖြူစင်သည်။

" ဒါနဲ့ ကိုကြီးနာမည်က "

စားနေရင်းတန်းလန်းနဲ့ လှမ်းမေးလိုက်တော့ သူကလည်းမိမိကို ပြန်မော့ကြည့်လာပြီး ပြုံးလိုက်သည်။

" ကိုကြီးနာမည်က စက္က ဒီဆိုင်က ကိုကြီးပိုင်တာ "

"အာ..... မိုက်တယ် "

သူပြောတဲ့ နာမည်ကို သဘောကျပြီး ခက်ရင်းနှင့်ဇွန်းကို ကိုင်ထားလျက် လက်မနှစ်ဖက်ထောင်ပြပြီး ပြောလိုက်တော့

"ဟားဟားး ညီလေးက ချစ်ဖို့ကောင်းလိုက်တာ "

စားနေရင်း မိမိခေါင်းကို လှမ်းဆွဲဖွပြီး ပြုံးရယ်ပြောလိုက်သော သူ့ကြောင့် ရင်ထဲက နွေးထွေးမှု ပိုရလာသည်။ သူ့ဘဝမှာ အချိန်ခနလေးအတွင်း ခင်မင်မိတာ ဒီကိုကြီးတစ်ယောက်ထဲပဲ ရှိတယ်။

" စက္က "

"ဟာ.. ထက်ခန့် လာထိုင် ဒီမှာ မင်းဧည့်သည် "

တွေ့ချင်တဲ့လူကို တွေ့ရပြီမို့ နေခမင်းမြတ်ရဲ့ မျက်နှာက ပိုပြီး ပြုံးရွှင်သွားသည်။ မိမိဘေးရောက်လာသော သူ့မျက်နှာက လိုတာထပ်ပို ပျက်နေသည်။

" နေခမင်းမြတ် ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ "

" ထက်ဦးခန့်ကလည်း ငါ မင်းနဲ့ မတွေ့ရတာကြာပြီလေကွာ "

"ထက်ခန့် ဘယ်လိုပြောလိုက်တာလဲ သူက မင်းကို တွေ့ချင်လို့ ဒီလိုနေရာကိုလာခဲ့တာလေ"

ကိုကြီးက ထဆူလိုက်မှ နေခလည်း အားကိုးရပြီမို့ အားတက်သွားသည်။

"ဟုတ်ပါ့"

ကိုကြီးစကားကို ထောက်ခံလိုက်ပြီး ခက်ရင်းကို ကောက်ကိုင်မည်အပြု ထက်ဦးခန့်က သူ့လက်ကိုဆွဲလိုက်ခြင်းကြောင့် လက်ထဲမရောက်ခင် ခက်ရင်းလေးက တချွင်ချွင်အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့  ပြုတ်ကျသွားသည်။

ထိုအခန်းထဲမှ မိမိလက်ကို ဆွဲပြီး ခေါ်ထုတ်သွားခြင်းကြောင့် မိမိမှာ ကိုကြီးစက္ကကိုတောင် ပြန်မနှုတ်ဆက်ခဲ့လိုက်ရပါ။

ဆိုင်အပြင်ရောက်တော့ မိမိလက်ကို ဖြုတ်ချပြီး မိမိကို ကျောခိုင်း၍ ခါးထောက်နေသည်။ သူ့မျက်နှာအခြေအနေဘာဖြစ်နေသလဲ မိမိမှာ မသိရ။

" အခုဘာဇယားတွေ ထပ်​ရှုပ်နေပြန်ပြီလဲ နေခမင်းမြတ် အကိုစက္ကနဲ့ကရော ဘယ်လို အခြေအနေတွေလဲ "

"ဟမ် ကိုကြီးနဲ့က ဘာဖြစ်လို့လဲ။ ကိုကြီးကို ငါက ရိုးရိုးသားသားခင်တာပါ ငါတကယ် ချစ်တာ မင်းကိုလေ "

" ဘာ ငါ့ကို ချစ်တယ် ဟုတ်လား "

ချက်ချင်းမိမိဘက်ကို လှည့်လာပြီး စူးရှသော မျက်လုံးများနှင့် စိုက်ကြည့်၍ ပြန်မေးသည်။

" အင်း ငါလေ မင်းကို ချစ်တယ် "

ထပ်ပြောလိုက်သောအခါ မိမိကို ကျောခိုင်း၍ ရှောင်ထွက်သွားရန် ပြင်သည်။

" မောင် ရှောင်မပြေးပါနဲ့ ငါ မောင့်ကို အရမ်းချစ်မိနေလို့ပါ "

အော်ပြောမိသော မိမိရဲ့ စကားအသုံးအနှုန်းအောက်မှာ သူ့ခြေလှမ်းတွေ တုံ့ခနဲ ရပ်တန့်သွားသည်။

"နာကျင်ရလိမ့်မယ် "

"ဟမ် မောင် ဘာပြောလိုက်တာလဲ "

"နာကျင်ရလိမ့်မယ်လို့ "

"အကြိမ်တစ်ရာမက နာကျင်ရရင်တောင် ငါက မောင့်ကိုပဲ ချစ်နေမှာ မောင့်အနားမှာ နေဖို့ပဲ ရွေးချယ်နေမှာ "

မိမိအနားကို ပြန်လှည့်လျှောက်လာပြီး မိမိလက်ကို ပြန်ဆွဲ၍ ခေါ်သွားသည်။ ဒီလို မှပေါ့ မောင်ရယ်။

ကားပေါ်ရောက်တော့ မိမိကို ခါးပတ်သေချာပတ်ပေးသည်။

" မင်းရဲ့ ရွေးချယ်မှုပဲ နေခမင်းမြတ် "

" ဒါပေါ့ "

" အင်း ဘာလို့ ငါ့ကို ရုတ်တရက်ကြီး မောင်လို့ ထခေါ်ရတာလဲ "

"ချစ်လို့ ခေါ်ချင်လို့ ဒီအတိုင်း "

"ငါကတော့ မင်းကို မုန်းပစ်ချင်လောက်အောင် မုန်းတယ် "

"ဟမ် မောင့်စကားကြီးက ဘယ်လိုကြီးလဲ ငါ တခါတခါ မောင့်စကားတွေကို နားမလည်ဘူး။ မောင်ရယ် ငါနားလည်အောင်ပြောစမ်းပါ မောင် ငါ့ကို အခုမချစ်ရင်တောင် တစ်နေ့ချစ်လာမှာပါ အဲ့လိုချစ်လာအောင်လည်း ငါ့ဘက်က လုပ်မှာမို့ "

" အဟက် "

အက်ကွဲနေတဲ့ မောင့်ရီသံကတောင် ငါ့အတွက် သိပ်နားထောင်ကောင်းတာပဲ မောင်.....။

*****************

" ထက်ခန့် နေဦး။ "

သူဆိုင်ထဲပြန်ဝင်လာချိန် စက္ကက ဆေးလိပ်သောက်နေရင်း လှမ်းတားလိုက်သည်။

" ဘာလဲ စက္က "

"နေခမင်းမြတ်နဲ့ မင်းက ဘယ်လိုအခြေအနေတွေလဲ။ "

" ဘာလို့သိချင်နေတာလဲ စက္က "

ထက်ခန့်က မသင်္ကာတဲ့ အနေနဲ့ ပြန်မေးလိုက်သော်လည်း စက္ကရဲ့ ပုံစံက ပကတိရိုးသားနေလျှက်

"  ဘာမှတော့ မဟုတ်ပါဘူး။ သူက နိုင်ငံကျော်မင်းသားမို့ မင်းနဲ့ ရှိနေချိန် နေတာထိုင်တာ သွားတာလာတာ နဲနဲပါးပါးဂရုစိုက်ပေးလိုက်ပါ။ "

"မလိုပါဘူး။ သူက ကလေးမှ မဟုတ်တာ "

" ငါ့မျက်လုံးထဲမှာတော့ သူက ကလေးလေးပဲလေ "

စက္ကရဲ့ တန်ပြန်စကားကြောင့် သူ စက္ကရဲ့ မျက်နှာကို ခပ်တင်းတင်းပြန်ကြည့်လိုက်သည်။ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ စက္ကကို ဒီလိုပြန်ကြည့်ဖူးတာ သူ့အတွက် ပထမဆုံးပဲ။

" သူ့ကို သေချာပြန်ပို့ပေးလိုက်ရဲ့လား။ ဂရုစိုက်ပေးပါကွာ။ "

သူ့ပခုံးကို ပုတ်ပြီး လေပြေလေးနဲ့ပြော၍ ထွက်သွားသော စက္က​ကို သူနားမလည်ဖြစ်ရသည်။ ဒီကောင်ဘယ်တုန်းက သူများကို ဂရုစိုက်ပေးတတ်သွားတာလဲ။

(Zawgyi)

အဖ်ားက မက်ေသးေသာ္လည္း မေတြ႕ရတာ ႏွစ္ရက္ေလာက္ရွိၿပီ ျဖစ္ေသာေၾကာင့္ မား လစ္တုန္း ထက္ဦးခန္႔ရွိေသာ ဆိုင္ဆီသို႔ ထြက္ခဲ့သည္။ ေနလည္ခင္းခ်ိန္ျဖစ္၍ ဆိုင္က လူရွင္းေနသည္။ တီးဝိုင္းကလည္း မရွိေသး၍ ထက္ဦးခန္႔ကို ဘယ္လိုရွာရမွန္းမသိ။ ထက္ဦးခန္႔ ဒီေန႔ဆိုင္မလာဘူးဆိုလွ်င္ ဟိုတစ္ေခါက္က ေရာက္ခဲ့ေသာ တိုက္ခန္းကို သူသြားရွာမည္။

"ဟိတ္ "

" အမေလး "

အေနာက္က ႐ုတ္တရက္ အသံထြက္ေပၚလာၿပီး ပခုံးကို လွမ္းဖမ္းခံရ၍ သူလန္႔သြားၿပီး ေနာက္လွည့္ၾကည့္လိုက္သည္။

"ဟို ညီေလးလန္႔သြားလား "

"အာ....မလန္႔ပါဘူး "

မလန္႔ဘူးလို႔ ေျပာလိုက္ေပမယ့္ ႐ုတ္တရက္သူလန္႔သြားတာက ဧကန္။ မိမိအေရွ႕က အသားညိဳညိဳလူေကာင္ခပ္ထြားထြားႏွင့္ လမ္းသရဲပုံစံဝတ္စားထားေသာ ထိုလူကို အကဲခတ္လိုက္သည္။

"ညီေလးက ထက္ဦးခန္႔ကို လာရွာတာလား။ "

"ဟုတ္ကဲ့ အကိုဘယ္လိုလုပ္သိသလဲ။"

"အာ...ညီေလး ဒီဆိုင္ကို ခဏ ခဏလာေနတာ ၊ ဒီကလူေတြက ရိပ္မိတာေပါ့။ "

"ဟို ဟုတ္ ဒါနဲ႔ သူဘယ္မွာလဲမသိဘူး"

"ထက္ခန္႔ သူ႔မမလာလို႔ပါသြားတယ္။ လာ ညီေလး ဒီေနရာမွာ မတ္တပ္ရပ္ေစာင့္မေနနဲ႔။ ဒီမွာ တျခားလူေတြ ညီေလးကို ျမင္သြားရင္ ညီေလးဂုဏ္သိကၡာအတြက္မေကာင္းဘူး။"

" အာ....ရ "

မိမိစကားပင္မဆုံးေသး မိမိပခုံးကို ရင္ခြင္ထဲဆြဲသိမ္း၍ နီးစပ္ရာ အခန္းဆီဝင္သြားသည္။ အခုမွ ေတြ႕ဖူးတဲ့ တစိမ္းတစ္ေယာက္ဆီမွရတဲ့ ဒီလိုဂ႐ုစိုက္မႈမ်ိဳးက ေနခအတြက္ အမွန္ေႏြးေထြးေစသည္။

အခန္းထဲႏွစ္ေယာက္အတူေရာက္သြားေသာ္လည္း မေနတတ္မထိုင္တတ္မိမ်ိဳးမျဖစ္။ သူက ဆိုင္ထဲရွိစားပြဲထိုးမ်ားကို ေခၚၿပီး အစားအေသာက္မ်ားပါ မွာေကြၽးေနၿပီမို႔ ေနခ နည္းနည္းေတာ့ အားနာလာသည္။

" ကိုႀကီးတစ္ခုေမးမယ္ေနာ္။ ညီေလးရဲ႕လြတ္လပ္ခြင့္ပဲဆိုေပမယ့္ ညီေလးဘာလို႔ ဒီလိုေနရာကိုလာရတာလဲ။ "

"ဟို ကြၽန္ေတာ္က ထက္ဦးခန္႔နဲ႔ ရင္းႏွီးလို႔ ဒီကိုလာျဖစ္တာပါ "

"အင္းးး ဒီေနရာက ညီေလးတို႔လို လူမ်ိဳးေတြနဲ႔ ဘယ္လိုမွ မအပ္စပ္ဘူး။ ဒီကိုလည္း အေပ်ာ္အပါးအတြက္ကလြဲလို႔ လာၾကတဲ့သူမရွိဘူးေလ။ ဒီေနရာကို ေတာ္ေတာ္မ်ားမ်ားက နိမ့္က်တဲ့ေနရာလို႔ သတ္မွတ္ထားတာကြ။ ညီေလးေရာ ဘယ္လိုထင္လဲ။"

" ကြၽန္ေတာ္ကေတာ့ အဲ့လိုမ်ိဳး မေတြးပါဘူး။ ဒီမွာ အလုပ္လုပ္ေနတဲ့လူေတြကိုလည္း ကြၽန္ေတာ္အထင္မေသးပါဘူး။ အဆင့္အတန္းလည္း မခြဲျခားပါဘူး။"

"ဟား...ဝမ္းသာလိုက္တာ ငါ့ညီေလးရယ္ ေတာ္ေသးတာေပါ့ တျခားလူေတြ ဘယ္လို အျမင္မ်ိဳးနဲ႔ အကဲခတ္ခတ္ ညီေလးမ်က္လုံးထဲမွာ ကိုႀကီးတို႔က မနိမ့္က်ရင္ ရၿပီ။ ထက္ဦးခန္႔ကလည္း လူေကာင္းေလးပါ သူက ညီေလးရဲ႕ သူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္လာမွာပါ။"

" ဟုတ္ကဲ့ ဟီးးး"

"ညီေလး စားစား ဒီဆိုင္မွာရွိတဲ့ အေကာင္းဆုံးေတြခ်ည္းပဲ။ ညီေလး အတြက္သီးသန္႔ ေနာက္လည္း လာခဲ့ဦးေနာ္။ "

"အာ...."

" ကဲပါ ထည့္စား "

ေျပာေျပာဆိုဆိုႏွင့္ မိမိပုကန္ထဲအသားေၾကာ္မ်ားထပ္ထည့္ေပးျပန္သည္။

" စားပါ ကိုႀကီးလည္း စား "

ေနခက ျပန္ထည့္ေပးလိုက္ေတာ့ မိမိအေရွ႕က လူက ၿပဳံးၿဖီးသြားသည္။ တကယ္ပါ။ ဆံပင္ေ႐ႊေရာင္ဆိုးထားၿပီး ဝတ္ပုံစားပုံက လမ္းသရဲstyleထြက္ေနတာကလြဲရင္ အေရွ႕က အကိုက စိတ္ထားအရမ္းျဖဴစင္သည္။

" ဒါနဲ႔ ကိုႀကီးနာမည္က "

စားေနရင္းတန္းလန္းနဲ႔ လွမ္းေမးလိုက္ေတာ့ သူကလည္းမိမိကို ျပန္ေမာ့ၾကည့္လာၿပီး ၿပဳံးလိုက္သည္။

" ကိုႀကီးနာမည္က စကၠ ဒီဆိုင္က ကိုႀကီးပိုင္တာ "

"အာ..... မိုက္တယ္ "

သူေျပာတဲ့ နာမည္ကို သေဘာက်ၿပီး ခက္ရင္းႏွင့္ဇြန္းကို ကိုင္ထားလ်က္ လက္မႏွစ္ဖက္ေထာင္ျပၿပီး ေျပာလိုက္ေတာ့

"ဟားဟားး ညီေလးက ခ်စ္ဖို႔ေကာင္းလိုက္တာ "

စားေနရင္း မိမိေခါင္းကို လွမ္းဆြဲဖြၿပီး ၿပဳံးရယ္ေျပာလိုက္ေသာ သူ႔ေၾကာင့္ ရင္ထဲက ေႏြးေထြးမႈ ပိုရလာသည္။ သူ႔ဘဝမွာ အခ်ိန္ခနေလးအတြင္း ခင္မင္မိတာ ဒီကိုႀကီးတစ္ေယာက္ထဲပဲ ရွိတယ္။

" စကၠ "

"ဟာ.. ထက္ခန္႔ လာထိုင္ ဒီမွာ မင္းဧည့္သည္ "

ေတြ႕ခ်င္တဲ့လူကို ေတြ႕ရၿပီမို႔ ေနခမင္းျမတ္ရဲ႕ မ်က္ႏွာက ပိုၿပီး ၿပဳံး႐ႊင္သြားသည္။ မိမိေဘးေရာက္လာေသာ သူ႔မ်က္ႏွာက လိုတာထပ္ပို ပ်က္ေနသည္။

" ေနခမင္းျမတ္ ဘယ္လိုလုပ္ ဒီကိုေရာက္ေနတာလဲ "

" ထက္ဦးခန္႔ကလည္း ငါ မင္းနဲ႔ မေတြ႕ရတာၾကာၿပီေလကြာ "

"ထက္ခန္႔ ဘယ္လိုေျပာလိုက္တာလဲ သူက မင္းကို ေတြ႕ခ်င္လို႔ ဒီလိုေနရာကိုလာခဲ့တာေလ"

ကိုႀကီးက ထဆူလိုက္မွ ေနခလည္း အားကိုးရၿပီမို႔ အားတက္သြားသည္။

"ဟုတ္ပါ့"

ကိုႀကီးစကားကို ေထာက္ခံလိုက္ၿပီး ခက္ရင္းကို ေကာက္ကိုင္မည္အျပဳ ထက္ဦးခန္႔က သူ႔လက္ကိုဆြဲလိုက္ျခင္းေၾကာင့္ လက္ထဲမေရာက္ခင္ ခက္ရင္းေလးက တခြၽင္ခြၽင္အသံႏွင့္အတူ ၾကမ္းျပင္ေပၚသို႔  ျပဳတ္က်သြားသည္။

ထိုအခန္းထဲမွ မိမိလက္ကို ဆြဲၿပီး ေခၚထုတ္သြားျခင္းေၾကာင့္ မိမိမွာ ကိုႀကီးစကၠကိုေတာင္ ျပန္မႏႈတ္ဆက္ခဲ့လိုက္ရပါ။

ဆိုင္အျပင္ေရာက္ေတာ့ မိမိလက္ကို ျဖဳတ္ခ်ၿပီး မိမိကို ေက်ာခိုင္း၍ ခါးေထာက္ေနသည္။ သူ႔မ်က္ႏွာအေျခအေနဘာျဖစ္ေနသလဲ မိမိမွာ မသိရ။

" အခုဘာဇယားေတြ ထပ္​ရႈပ္ေနျပန္ၿပီလဲ ေနခမင္းျမတ္ အကိုစကၠနဲ႔ကေရာ ဘယ္လို အေျခအေနေတြလဲ "

"ဟမ္ ကိုႀကီးနဲ႔က ဘာျဖစ္လို႔လဲ။ ကိုႀကီးကို ငါက ႐ိုး႐ိုးသားသားခင္တာပါ ငါတကယ္ ခ်စ္တာ မင္းကိုေလ "

" ဘာ ငါ့ကို ခ်စ္တယ္ ဟုတ္လား "

ခ်က္ခ်င္းမိမိဘက္ကို လွည့္လာၿပီး စူးရွေသာ မ်က္လုံးမ်ားႏွင့္ စိုက္ၾကည့္၍ ျပန္ေမးသည္။

" အင္း ငါေလ မင္းကို ခ်စ္တယ္ "

ထပ္ေျပာလိုက္ေသာအခါ မိမိကို ေက်ာခိုင္း၍ ေရွာင္ထြက္သြားရန္ ျပင္သည္။

" ေမာင္ ေရွာင္မေျပးပါနဲ႔ ငါ ေမာင့္ကို အရမ္းခ်စ္မိေနလို႔ပါ "

ေအာ္ေျပာမိေသာ မိမိရဲ႕ စကားအသုံးအႏႈန္းေအာက္မွာ သူ႔ေျခလွမ္းေတြ တုံ႔ခနဲ ရပ္တန္႔သြားသည္။

"နာက်င္ရလိမ့္မယ္ "

"ဟမ္ ေမာင္ ဘာေျပာလိုက္တာလဲ "

"နာက်င္ရလိမ့္မယ္လို႔ "

"အႀကိမ္တစ္ရာမက နာက်င္ရရင္ေတာင္ ငါက ေမာင့္ကိုပဲ ခ်စ္ေနမွာ ေမာင့္အနားမွာ ေနဖို႔ပဲ ေ႐ြးခ်ယ္ေနမွာ "

မိမိအနားကို ျပန္လွည့္ေလွ်ာက္လာၿပီး မိမိလက္ကို ျပန္ဆြဲ၍ ေခၚသြားသည္။ ဒီလို မွေပါ့ ေမာင္ရယ္။

ကားေပၚေရာက္ေတာ့ မိမိကို ခါးပတ္ေသခ်ာပတ္ေပးသည္။

" မင္းရဲ႕ ေ႐ြးခ်ယ္မႈပဲ ေနခမင္းျမတ္ "

" ဒါေပါ့ "

" အင္း ဘာလို႔ ငါ့ကို ႐ုတ္တရက္ႀကီး ေမာင္လို႔ ထေခၚရတာလဲ "

"ခ်စ္လို႔ ေခၚခ်င္လို႔ ဒီအတိုင္း "

"ငါကေတာ့ မင္းကို မုန္းပစ္ခ်င္ေလာက္ေအာင္ မုန္းတယ္ "

"ဟမ္ ေမာင့္စကားႀကီးက ဘယ္လိုႀကီးလဲ ငါ တခါတခါ ေမာင့္စကားေတြကို နားမလည္ဘူး။ ေမာင္ရယ္ ငါနားလည္ေအာင္ေျပာစမ္းပါ ေမာင္ ငါ့ကို အခုမခ်စ္ရင္ေတာင္ တစ္ေန႔ခ်စ္လာမွာပါ အဲ့လိုခ်စ္လာေအာင္လည္း ငါ့ဘက္က လုပ္မွာမို႔ "

" အဟက္ "

အက္ကြဲေနတဲ့ ေမာင့္ရီသံကေတာင္ ငါ့အတြက္ သိပ္နားေထာင္ေကာင္းတာပဲ ေမာင္.....။

*****************

" ထက္ခန္႔ ေနဦး။ "

သူဆိုင္ထဲျပန္ဝင္လာခ်ိန္ စကၠက ေဆးလိပ္ေသာက္ေနရင္း လွမ္းတားလိုက္သည္။

" ဘာလဲ စကၠ "

"ေနခမင္းျမတ္နဲ႔ မင္းက ဘယ္လိုအေျခအေနေတြလဲ။ "

" ဘာလို႔သိခ်င္ေနတာလဲ စကၠ "

ထက္ခန္႔က မသကၤာတဲ့ အေနနဲ႔ ျပန္ေမးလိုက္ေသာ္လည္း စကၠရဲ႕ ပုံစံက ပကတိ႐ိုးသားေနလွ်က္

"  ဘာမွေတာ့ မဟုတ္ပါဘူး။ သူက ႏိုင္ငံေက်ာ္မင္းသားမို႔ မင္းနဲ႔ ရွိေနခ်ိန္ ေနတာထိုင္တာ သြားတာလာတာ နဲနဲပါးပါးဂ႐ုစိုက္ေပးလိုက္ပါ။ "

"မလိုပါဘူး။ သူက ကေလးမွ မဟုတ္တာ "

" ငါ့မ်က္လုံးထဲမွာေတာ့ သူက ကေလးေလးပဲေလ "

စကၠရဲ႕ တန္ျပန္စကားေၾကာင့္ သူ စကၠရဲ႕ မ်က္ႏွာကို ခပ္တင္းတင္းျပန္ၾကည့္လိုက္သည္။ အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္တဲ့ စကၠကို ဒီလိုျပန္ၾကည့္ဖူးတာ သူ႔အတြက္ ပထမဆုံးပဲ။

" သူ႔ကို ေသခ်ာျပန္ပို႔ေပးလိုက္ရဲ႕လား။ ဂ႐ုစိုက္ေပးပါကြာ။ "

သူ႔ပခုံးကို ပုတ္ၿပီး ေလေျပေလးနဲ႔ေျပာ၍ ထြက္သြားေသာ စကၠ​ကို သူနားမလည္ျဖစ္ရသည္။ ဒီေကာင္ဘယ္တုန္းက သူမ်ားကို ဂ႐ုစိုက္ေပးတတ္သြားတာလဲ။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі