Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-21
(Unicode)

နေခ မောင်ရှိနေတဲ့ နေရာကို ပြန်သွားလိုက်သည်။ မောင့်ဘေးမှာ ဝင်ထိုင်လိုက်တော့ မောင်က သူ့ကို ဘာလဲလို့ မော့ကြည့်လာသည်။ သူကတော့ အောင်နိုင်သူအပြုံးနှင့်။

" မောင် နောက်နေ့က စပြီး Fantasyကို လာစရာမလိုတော့ဘူး ကိုကြီးက မောင့်ကို အလုပ်ဖြုတ်လိုက်ပြီ "

မောင်က သူ့ကို မယုံသင်္ကာနှင့် ကြည့်သည်။

" အဲ့ဒိီတော့ မောင် ထမင်းမငတ်ချင်ရင် မောင့်အသံရဲ့ မူပိုင်ခွင့်ကို ငါ့ကို ရောင်းလိုက် "

" မဖြစ်နိုင်တာ "

" ဖြစ်နိုင်တာပေါ့ ရောင်းပြီးရင် မောင့်ကို တခြားလူတွေရှေ့တောင် စကားပြောခွင့် ငါမပေးတော့ဘူး "

" နေခ မင်းရူးနေလား "

"ရူးတယ် မောင်နဲ့ပတ်သတ်ရင် ငါရူးတယ် "

" မင်းက ဘယ်လောက်ပေးပြီး ဝယ်မှာလဲ "

" အဟဲ "

နေခ မတ်တပ်ရပ်လိုက်ပြီး အင်္ကျီကို စတိုင်ကျကျ သေချာပြန်ပြင်လိုက်သည်။
ထို့နောက် မောင့်ပေါင်ပေါ်တက်ခွလိုက်သည်။ မောင်က အလန့်တကြားသူ့ကို ကြည့်နေသည်။ မောင့်မျက်ကို သူ့မျက်နှာနား ဆွဲကပ်လိုက်သည်။ မောင့်နှာခေါင်းနဲ့ သူ့နှာခေါင်းကို ထိကပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

" ငါ့တစ်ဘဝလုံးနဲ့ မောင် "

" အာ့ "

မောင်သည် သူမထင်ထားတဲ့ လုပ်ရက်ကို လုပ်သည်။ သူ့ခန္ဓာကိုယ်ကို ခွာလျက်တိုင်း ခါးမှချီလျက် မတ်တပ်ထရပ်လိုက်ပြီး အရှေ့က ခုံပေါ်လှဲချလိုက်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်အပေါ် အုပ်မိုးလိုက်ပြီး သူ့နှုတ်ခမ်းတွေကို ပြုတ်ထွက်မတတ် စုပ်ယူနမ်းရှိုက်သည်။ ပထမက လန့်သွားသော်လည်း မောင်က စနမ်းလာတာမို့ မောင့်ကျောပြင်ကိုဖက်တွယ်ရင်း မောင့်အနမ်းများကို ပြန်တုံ့ပြန်မိသည်။ အတော်ကြာမှ မောင်က သူ့အပေါ်မှ ဖယ်ခွာပြီး ကျောခိုင်းလိုက်သည်။

" ငါမှ မင်းကို မလိုချင်တာ နေခမင်းမြတ်"

" အဲ့ဆို ဘာလို့ နမ်းလဲ "

မောင်က ထွက်သွားရန် ခြေလှမ်းစသည်မို့ နေခ အသံကျယ်ကြီးနဲ့ မောင့်ကို ဆက်တိုက်အော်မေးသည်။

တစ်လှမ်း...

" ဘာလို့ နမ်းသေးလဲလို့ "

နှစ်လှမ်း....

" မောင် ဖြေလေ "

သုံးလှမ်း....

" မောင်နမ်းသွားတာ နိုင်ငံကျော်မင်းသားရဲ့ နှုတ်ခမ်းနော် "

လေးလှမ်း....

" ပြည်သူပိုင် နှုတ်ခမ်းနော် အဖိုးတန်တယ်နော် "

ငါးလှမ်း....

" မောင်လွယ်လွယ်မရဘူး အခုပြန်လာပြီး တာဝန်ယူစမ်း "

ခြောက်လှမ်း....

" ထက်ဦးခန့် ! ငါ့ဆီပြန်လာစမ်း "

တံခါးနားရောက်ဖို့ သုံးလေးလှမ်းလောက်လည်း လိုရော နေခ ဖိနပ်တစ်ဖက်ကို ချွတ်လိုက်သည်။

(ဝှီး..... ဘုတ် )

တံခါးနားရောက်ခါနီး မောင့်ကျောပြင်ကို တည့်တည့်ပစ်လိုက်သည်။ မောင်က နာသွားသည်ထင် ရပ်လိုက်သည်။ ကိုယ့်ဒေါသနဲ့ ကိုယ်မို့ လုပ်မိလုပ်ရာလုပ်လိုက်ပေမယ့် ဖိနပ်နဲ့ ကောက်ပစ်လိုက်တာကြီးကို ပြန်တွေးပြီး မောင့်ကို အားနာသွားရသည်။ သို့ပေမယ့် မလျော့ချင်။

" နာတယ်မလား မောင် မောင့်ကျောပြင် နာတာက ငါ့ရင်ဘတ်က အနာလောက် မနာလောက်ပါဘူး ငါက မောင်အဲ့လို ဂရုမစိုက်ကျောခိုင်းခံရတိုင်း နှလုံးသားထဲက နာတာ "

မောင်က သူ့စကားအဆုံး အခန်းထဲက ထွက်သွားသည်။ မောင့်ကို ငါလက်မလျော့နိုင်ဘူးနော် မောင် ။

~~~~~~~~~
ဟန်လင်းညိုနဲ့ နှစ်ယောက်အတူ ရယ်မော၍ စကား​ထိုင်ပြောနေချိန် အမေရောက်ချလာတာတွေ့ရသည်။ စက္က လန့်သွားပြီး ညီလေးကို ပြန်အကြောင်းကြားဖို့ ပြင်လိုက်ပေမယ့် မမီလိုက် ထက်ဦးခန့်က အပြင်ကို ထွက်လာပြီး အမေနဲ့ တန်းတိုးသည်။

( ဖြောင်းးး)

ထက်ဦးခန့်ရဲ့ ပါးပြင်ကို အားပြင်းပြင်းနဲ့ အမေက ရိုက်ချလိုက်သည်။ စက္က မနေနိုင်တော့ဘဲ ထက်ဦးခန့်ရဲ့ ရှေ့ကို ပိတ်ရပ်လိုက်သည်။

" အန်တီ ဒါဘာလုပ်တာလဲ ကျွန်တော့်ဆိုင်ဝင်လာပြီး ကျွန်တော့်လူကို "

" ငါ့သား ဘယ်မှာလဲ ငါ့သားကို အခုချက်ချင်း ထုတ်ပေးစမ်း "

" မပေးနိုင်ဘူး! "

ထက်ဦ်းခန့်က အရှေ့က စက္ကကို တွန်းဖယ်ပြီး အမေနှင့် ထိပ်တိုက်ရင်ဆိုင်သည်။

" ကျွန်တော် နေခကို ခင်ဗျားလက်ထဲပြန်မထည့်ပေးနိုင်ဘူး "

ဆိုင်ထဲက ဝန်ထမ်းတချို့က လှမ်းကြည့်ကြသည်။ စက္ကနှင့် ဟန်လင်းညိုကလည်း အခြေအနေကို မဟန့်တားနိုင်။

" မင်းအဲ့လို စကားမျိုးပြောရအောင် မင်းက ငါ့သားနဲ့ဘာဆိုင်လို့လဲ "

" သူက ကျွန်တော့်ချစ်သူ "

" ဘာ ဘာစကားလဲ အဲ့တာ မင်းလို ယောကျ်ားဖာတစ်ယောက်က ငါ့သားနဲ့ ချစ်သူတဲ့လား ကြားရတဲ့ ငါ့နားကို ငါပြန်ဆေးချင်လိုက်တာ မင်းဖယ် ငါ့သားဘယ်မှာလဲ "

ထက်ဦးခန့်ကို တစ်လုံးတည်းနဲ့ ချိုးချသွားတဲ့ စကားအပေါ် စက္ကအများကြီး တုန်လှုပ်မိသည်။ အမေက ထက်ဦးခန့်ကို တွန်းထုတ်ပြီး အထဲကို ဝင်ရန် ခြေလှမ်းစသည်။

" ဟုတ်တယ် ကျွန်တော်က ယောကျ်ားဖာ ကျွန်တော့်လို ယောကျ်ားဖာတစ်ယောက်ရဲ့ ခြေဖျားအောက်မှာ ပျော်မွေ့နေတဲ့ ခင်ဗျားသားရဲ့ ဂုဏ်ပုဒ်ကိုရော ခင်ဗျား သတ်မှတ်ပေးလိုက်ပါဦး ဒေါ်မေခ "

ထက်ဦးခန့်ရဲ့ စကားကြောင့် အမေက ထက်ဦးခန့်ဘက်ကို လှည့်ကြည့်သည်။ လှည့်လာခဲ့သော အမေ့မျက်နှာက အများကြီးသွေးပျက်နေခဲ့၏။

" မင်း မင်း "

" ရိုက်လေ ခင်ဗျားရိုက် "

ထက်ဦးခန့်က လက်ရွယ်လိုက်သော အမေ့ရှေ့ကို ပါးထိုးပေးသည်။ စက္က ကျောခိုင်းလိုက်သည်။ အမေ့အနောက်က မျက်ရည်လည်ရွဲဖြင့် ညီငယ်ရဲ့ မျက်နှာကိုလည်း ဆက်မကြည့်ရက်တော့။ ထက်ဦးခန့်ကတော့ ညီလေးကို မမြင်ဘဲ အမေ့ကိုသာ စကားတွေနှင့် အနိုင်ယူနေခဲ့သည်။

" တော်ပါတော့ မားရယ် "

နေခရဲ့ အသံကြောင့် ရွယ်ထားသော လက်ကို ပြန်ချလိုက်သည်။ ထက်ဦးခန့်ကလည်း အခုမှ နေခကို မြင်ပြီး ဆွံ့အသွားသည်။

သားရဲ့ မျက်နှာက ငိုယိုထားလိုက်တာ ရင်နင့်စရာ။

" နေခ သားတွေ့လား မင်းချစ်တဲ့ အကောင်က မင်းအပေါ် ဘယ်လိုတန်ဖိုးထားလိုက်သလဲဆိုတာ "

" သားမြင်ပါတယ် သားမားနဲ့ ပြန်လိုက်ခဲ့ပါ့မယ် မောင့်ကိုတော့ မရိုက်ပါနဲ့ မောင့်ကို ထပ်ပြီး ထပ်ပြီး...."

" နေခ ! "

" သားးး "

ငိုရင်း တစ်လုံးချင်းဆီ အားယူပြောနေသော နေခမင်းမြတ်မေ့လဲကျသွားသည်။

" ဖယ် မင်း ငါ့သားကို မထိနဲ့ မင်းလို ရွံဖို့ကောင်းတဲ့ အကောင်နဲ့ ငါ့သားကို ငါရအောင် ခွဲပြမယ် "

ထက်ဦးခန့်လက်ထဲက ညီလေးကို အမေက အတင်းဆွဲလုသွားပြီး သူနဲ့အတူ ပါလာတဲ့ ကောင်လေးကို ချီခိုင်း၍ ကားထဲကို ခေါ်သွားခိုင်းသည်။ ထက်ဦးခန့်ကတော့ မြေပြင်ပေါ်မှာသာ ထိုင်ချလျက်သား။

အပေါက်ဝ၌ ရပ်နေသော သူ့ကို အမေက ရွံရှာသလိုစိုက်ကြည့်ပြီး ပခုံးကို ဝင်တိုက်၍ ကျောခိုင်းလျက်။

" မင်းတို့လို ရွံစရာကောင်းတဲ့ ကောင်တွေနဲ့ ငါ့သားကို မပတ်သတ်ခိုင်းဘူး "

အမေထွက်သွားတော့ သူ့ခြေထောက်တွေ မခံနိုင်တော့ဘဲ ခွေကျချင်မိသည်။ အစ်ကိုကတော့ ဘေးက ထိန်းပေးသည်။

( တောက် )

" ဘယ်လို အမေမျိုးလဲ "

ဟန်လင်းညိုလက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားမိသည်။ စက္က ဘယ်လောက်တောင် အားငယ်ပြီး သွေးပျက်နေမလဲ ဟန်လင်းညို တွေးကြည့်၍ တောင်မရနိုင်တော့ပါ။

စက္ကကို ထိုနေရာမှ သူ့ကားထဲကို ဆွဲခေါ်လာခဲ့သည်။

" ငိုချလိုက် စက္က  မင်းမျိုသိပ်မထားနဲ့ အရမ်းပင်ပန်းနေခဲ့တယ် မလား "

" ကျွန်တော် ဘာလို့ ကျွန်တော် အားးးး "

သူ့ကို ဖက်တွယ်ပြီး အားရပါးရငိုချနေသော ဒီကောင်လေးရဲ့ ကျောပြင်ကို သူပွတ်သပ်ပေးလျက်။

" အမေပြောသလိုတာဆို ကျွန်တော်က ထက်ဦးခန့်နဲ့ မခြားနားဘူး ကျွန်တော်ကလည်း အဲ့လိုလူပဲ ကျွန်တော်ကတောင် ပိုပြီး အစ်ကို သိလား ..ကျွန်တော်က...ကျွန်တော်က....အားးး"

" ငါသိတယ် စက္က ငါမင်းကို ဘယ်လိုမှ မမြင်ပါဘူး မင်းအဖေပြောပြခဲ့တယ် "

" ဗျာ..."

သူ့ကို တွန်းထုတ်ပြီး အလန့်တကြားကြည့်သည်။ မဟုတ်မှ သူ့အဖေကို

" အဖေက အဖေက သိနေခဲ့တာလား ကျွန်တော် ဘာအလုပ်လုပ်တယ်ဆိုတာကို "

" အင်း သူသိတယ် ဒါပေမဲ့ မင်းမျက်နှာငယ်မှာ ဆိုလို့ "

"အားးး  အဖေ ဘယ်လောက်စိတ်ထိခိုက်နေရမလဲ ကျွန်တော်က အမေ့အရွယ် မိန်းမတွေနဲ့ ပတ်သတ်ခဲ့တာ ကျွန်တော်က ကျွန်တော့်မိဘတွေအတွက် မကောင်းတဲ့လူပါ အားးး "

( ဒုန်း ဒုန်း )

" စက္က မလုပ်နဲ့ စက္က တော်တော့ဆို "

ဘေးက ကားမှန်တွေကို အားရပါးရဆွဲထိုးနေပြီ။ လက်နှစ်ဖက်ကို ဆွဲချုပ်ပေမယ့် သူ့အားကို မိမိမယှဥ်နိုင်။ ကိုယ်လုံးနှင့် အတင်းဝင်တိုးမှ ညိမ်သွားပြီး မိမိကို ဖက်ငိုတော့သည်။

သူ့ကျောပြင်ကတော့ စက္ကရဲ့ သွေးတွေရော မျက်ရည်တွေရောနှင့်။ အားကို တကြီး ဖက်တွယ်ခံထားရတာမို့ စိတ်ထဲမှာတော့ ကိုယ်ဟာ သူ့အားကိုးရာ ရင်ဖွင့်ရာဆိုသည့် အသိဟာ ကြည်နူးစရာကောင်းသည်။ နောက်ရက်တွေမှာ မင်းကို ထပ်မနာကျင်စေချင်တော့ဘူး။

__________

(Zawgyi)

ေနခ ေမာင္ရွိေနတဲ့ ေနရာကို ျပန္သြားလိုက္သည္။ ေမာင့္ေဘးမွာ ဝင္ထိုင္လိုက္ေတာ့ ေမာင္က သူ႔ကို ဘာလဲလို႔ ေမာ့ၾကည့္လာသည္။ သူကေတာ့ ေအာင္ႏိုင္သူအၿပဳံးႏွင့္။

" ေမာင္ ေနာက္ေန႔က စၿပီး Fantasyကို လာစရာမလိုေတာ့ဘူး ကိုႀကီးက ေမာင့္ကို အလုပ္ျဖဳတ္လိုက္ၿပီ "

ေမာင္က သူ႔ကို မယုံသကၤာႏွင့္ ၾကည့္သည္။

" အဲ့ဒိီေတာ့ ေမာင္ ထမင္းမငတ္ခ်င္ရင္ ေမာင့္အသံရဲ႕ မူပိုင္ခြင့္ကို ငါ့ကို ေရာင္းလိုက္ "

" မျဖစ္ႏိုင္တာ "

" ျဖစ္ႏိုင္တာေပါ့ ေရာင္းၿပီးရင္ ေမာင့္ကို တျခားလူေတြေရွ႕ေတာင္ စကားေျပာခြင့္ ငါမေပးေတာ့ဘူး "

" ေနခ မင္း႐ူးေနလား "

"႐ူးတယ္ ေမာင္နဲ႔ပတ္သတ္ရင္ ငါ႐ူးတယ္ "

" မင္းက ဘယ္ေလာက္ေပးၿပီး ဝယ္မွာလဲ "

" အဟဲ "

ေနခ မတ္တပ္ရပ္လိုက္ၿပီး အက်ႌကို စတိုင္က်က် ေသခ်ာျပန္ျပင္လိုက္သည္။
ထို႔ေနာက္ ေမာင့္ေပါင္ေပၚတက္ခြလိုက္သည္။ ေမာင္က အလန္႔တၾကားသူ႔ကို ၾကည့္ေနသည္။ ေမာင့္မ်က္ကို သူ႔မ်က္ႏွာနား ဆြဲကပ္လိုက္သည္။ ေမာင့္ႏွာေခါင္းနဲ႔ သူ႔ႏွာေခါင္းကို ထိကပ္လိုက္ၿပီး တိုးတိုးေလးေျပာလိုက္သည္။

" ငါ့တစ္ဘဝလုံးနဲ႔ ေမာင္ "

" အာ့ "

ေမာင္သည္ သူမထင္ထားတဲ့ လုပ္ရက္ကို လုပ္သည္။ သူ႔ခႏၶာကိုယ္ကို ခြာလ်က္တိုင္း ခါးမွခ်ီလ်က္ မတ္တပ္ထရပ္လိုက္ၿပီး အေရွ႕က ခုံေပၚလွဲခ်လိုက္သည္။

ထို႔ေနာက္ သူ႔ခႏၶာကိုယ္အေပၚ အုပ္မိုးလိုက္ၿပီး သူ႔ႏႈတ္ခမ္းေတြကို ျပဳတ္ထြက္မတတ္ စုပ္ယူနမ္းရႈိက္သည္။ ပထမက လန္႔သြားေသာ္လည္း ေမာင္က စနမ္းလာတာမို႔ ေမာင့္ေက်ာျပင္ကိုဖက္တြယ္ရင္း ေမာင့္အနမ္းမ်ားကို ျပန္တုံ႔ျပန္မိသည္။ အေတာ္ၾကာမွ ေမာင္က သူ႔အေပၚမွ ဖယ္ခြာၿပီး ေက်ာခိုင္းလိုက္သည္။

" ငါမွ မင္းကို မလိုခ်င္တာ ေနခမင္းျမတ္"

" အဲ့ဆို ဘာလို႔ နမ္းလဲ "

ေမာင္က ထြက္သြားရန္ ေျခလွမ္းစသည္မို႔ ေနခ အသံက်ယ္ႀကီးနဲ႔ ေမာင့္ကို ဆက္တိုက္ေအာ္ေမးသည္။

တစ္လွမ္း...

" ဘာလို႔ နမ္းေသးလဲလို႔ "

ႏွစ္လွမ္း....

" ေမာင္ ေျဖေလ "

သုံးလွမ္း....

" ေမာင္နမ္းသြားတာ ႏိုင္ငံေက်ာ္မင္းသားရဲ႕ ႏႈတ္ခမ္းေနာ္ "

ေလးလွမ္း....

" ျပည္သူပိုင္ ႏႈတ္ခမ္းေနာ္ အဖိုးတန္တယ္ေနာ္ "

ငါးလွမ္း....

" ေမာင္လြယ္လြယ္မရဘူး အခုျပန္လာၿပီး တာဝန္ယူစမ္း "

ေျခာက္လွမ္း....

" ထက္ဦးခန္႔ ! ငါ့ဆီျပန္လာစမ္း "

တံခါးနားေရာက္ဖို႔ သုံးေလးလွမ္းေလာက္လည္း လိုေရာ ေနခ ဖိနပ္တစ္ဖက္ကို ခြၽတ္လိုက္သည္။

(ဝွီး..... ဘုတ္ )

တံခါးနားေရာက္ခါနီး ေမာင့္ေက်ာျပင္ကို တည့္တည့္ပစ္လိုက္သည္။ ေမာင္က နာသြားသည္ထင္ ရပ္လိုက္သည္။ ကိုယ့္ေဒါသနဲ႔ ကိုယ္မို႔ လုပ္မိလုပ္ရာလုပ္လိုက္ေပမယ့္ ဖိနပ္နဲ႔ ေကာက္ပစ္လိုက္တာႀကီးကို ျပန္ေတြးၿပီး ေမာင့္ကို အားနာသြားရသည္။ သို႔ေပမယ့္ မေလ်ာ့ခ်င္။

" နာတယ္မလား ေမာင္ ေမာင့္ေက်ာျပင္ နာတာက ငါ့ရင္ဘတ္က အနာေလာက္ မနာေလာက္ပါဘူး ငါက ေမာင္အဲ့လို ဂ႐ုမစိုက္ေက်ာခိုင္းခံရတိုင္း ႏွလုံးသားထဲက နာတာ "

ေမာင္က သူ႔စကားအဆုံး အခန္းထဲက ထြက္သြားသည္။ ေမာင့္ကို ငါလက္မေလ်ာ့ႏိုင္ဘူးေနာ္ ေမာင္ ။

~~~~~~~~~
ဟန္လင္းညိဳနဲ႔ ႏွစ္ေယာက္အတူ ရယ္ေမာ၍ စကား​ထိုင္ေျပာေနခ်ိန္ အေမေရာက္ခ်လာတာေတြ႕ရသည္။ စကၠ လန္႔သြားၿပီး ညီေလးကို ျပန္အေၾကာင္းၾကားဖို႔ ျပင္လိုက္ေပမယ့္ မမီလိုက္ ထက္ဦးခန္႔က အျပင္ကို ထြက္လာၿပီး အေမနဲ႔ တန္းတိုးသည္။

( ေျဖာင္းးး)

ထက္ဦးခန္႔ရဲ႕ ပါးျပင္ကို အားျပင္းျပင္းနဲ႔ အေမက ႐ိုက္ခ်လိုက္သည္။ စကၠ မေနႏိုင္ေတာ့ဘဲ ထက္ဦးခန္႔ရဲ႕ ေရွ႕ကို ပိတ္ရပ္လိုက္သည္။

" အန္တီ ဒါဘာလုပ္တာလဲ ကြၽန္ေတာ့္ဆိုင္ဝင္လာၿပီး ကြၽန္ေတာ့္လူကို "

" ငါ့သား ဘယ္မွာလဲ ငါ့သားကို အခုခ်က္ခ်င္း ထုတ္ေပးစမ္း "

" မေပးႏိုင္ဘူး! "

ထက္ဦ္းခန္႔က အေရွ႕က စကၠကို တြန္းဖယ္ၿပီး အေမႏွင့္ ထိပ္တိုက္ရင္ဆိုင္သည္။

" ကြၽန္ေတာ္ ေနခကို ခင္ဗ်ားလက္ထဲျပန္မထည့္ေပးႏိုင္ဘူး "

ဆိုင္ထဲက ဝန္ထမ္းတခ်ိဳ႕က လွမ္းၾကည့္ၾကသည္။ စကၠႏွင့္ ဟန္လင္းညိဳကလည္း အေျခအေနကို မဟန္႔တားႏိုင္။

" မင္းအဲ့လို စကားမ်ိဳးေျပာရေအာင္ မင္းက ငါ့သားနဲ႔ဘာဆိုင္လို႔လဲ "

" သူက ကြၽန္ေတာ့္ခ်စ္သူ "

" ဘာ ဘာစကားလဲ အဲ့တာ မင္းလို ေယာက်္ားဖာတစ္ေယာက္က ငါ့သားနဲ႔ ခ်စ္သူတဲ့လား ၾကားရတဲ့ ငါ့နားကို ငါျပန္ေဆးခ်င္လိုက္တာ မင္းဖယ္ ငါ့သားဘယ္မွာလဲ "

ထက္ဦးခန္႔ကို တစ္လုံးတည္းနဲ႔ ခ်ိဳးခ်သြားတဲ့ စကားအေပၚ စကၠအမ်ားႀကီး တုန္လႈပ္မိသည္။ အေမက ထက္ဦးခန္႔ကို တြန္းထုတ္ၿပီး အထဲကို ဝင္ရန္ ေျခလွမ္းစသည္။

" ဟုတ္တယ္ ကြၽန္ေတာ္က ေယာက်္ားဖာ ကြၽန္ေတာ့္လို ေယာက်္ားဖာတစ္ေယာက္ရဲ႕ ေျခဖ်ားေအာက္မွာ ေပ်ာ္ေမြ႕ေနတဲ့ ခင္ဗ်ားသားရဲ႕ ဂုဏ္ပုဒ္ကိုေရာ ခင္ဗ်ား သတ္မွတ္ေပးလိုက္ပါဦး ေဒၚေမခ "

ထက္ဦးခန္႔ရဲ႕ စကားေၾကာင့္ အေမက ထက္ဦးခန္႔ဘက္ကို လွည့္ၾကည့္သည္။ လွည့္လာခဲ့ေသာ အေမ့မ်က္ႏွာက အမ်ားႀကီးေသြးပ်က္ေနခဲ့၏။

" မင္း မင္း "

" ႐ိုက္ေလ ခင္ဗ်ား႐ိုက္ "

ထက္ဦးခန္႔က လက္႐ြယ္လိုက္ေသာ အေမ့ေရွ႕ကို ပါးထိုးေပးသည္။ စကၠ ေက်ာခိုင္းလိုက္သည္။ အေမ့အေနာက္က မ်က္ရည္လည္႐ြဲျဖင့္ ညီငယ္ရဲ႕ မ်က္ႏွာကိုလည္း ဆက္မၾကည့္ရက္ေတာ့။ ထက္ဦးခန္႔ကေတာ့ ညီေလးကို မျမင္ဘဲ အေမ့ကိုသာ စကားေတြႏွင့္ အႏိုင္ယူေနခဲ့သည္။

" ေတာ္ပါေတာ့ မားရယ္ "

ေနခရဲ႕ အသံေၾကာင့္ ႐ြယ္ထားေသာ လက္ကို ျပန္ခ်လိုက္သည္။ ထက္ဦးခန္႔ကလည္း အခုမွ ေနခကို ျမင္ၿပီး ဆြံ႕အသြားသည္။

သားရဲ႕ မ်က္ႏွာက ငိုယိုထားလိုက္တာ ရင္နင့္စရာ။

" ေနခ သားေတြ႕လား မင္းခ်စ္တဲ့ အေကာင္က မင္းအေပၚ ဘယ္လိုတန္ဖိုးထားလိုက္သလဲဆိုတာ "

" သားျမင္ပါတယ္ သားမားနဲ႔ ျပန္လိုက္ခဲ့ပါ့မယ္ ေမာင့္ကိုေတာ့ မ႐ိုက္ပါနဲ႔ ေမာင့္ကို ထပ္ၿပီး ထပ္ၿပီး...."

" ေနခ ! "

" သားးး "

ငိုရင္း တစ္လုံးခ်င္းဆီ အားယူေျပာေနေသာ ေနခမင္းျမတ္ေမ့လဲက်သြားသည္။

" ဖယ္ မင္း ငါ့သားကို မထိနဲ႔ မင္းလို ႐ြံဖို႔ေကာင္းတဲ့ အေကာင္နဲ႔ ငါ့သားကို ငါရေအာင္ ခြဲျပမယ္ "

ထက္ဦးခန္႔လက္ထဲက ညီေလးကို အေမက အတင္းဆြဲလုသြားၿပီး သူနဲ႔အတူ ပါလာတဲ့ ေကာင္ေလးကို ခ်ီခိုင္း၍ ကားထဲကို ေခၚသြားခိုင္းသည္။ ထက္ဦးခန္႔ကေတာ့ ေျမျပင္ေပၚမွာသာ ထိုင္ခ်လ်က္သား။

အေပါက္ဝ၌ ရပ္ေနေသာ သူ႔ကို အေမက ႐ြံရွာသလိုစိုက္ၾကည့္ၿပီး ပခုံးကို ဝင္တိုက္၍ ေက်ာခိုင္းလ်က္။

" မင္းတို႔လို ႐ြံစရာေကာင္းတဲ့ ေကာင္ေတြနဲ႔ ငါ့သားကို မပတ္သတ္ခိုင္းဘူး "

အေမထြက္သြားေတာ့ သူ႔ေျခေထာက္ေတြ မခံႏိုင္ေတာ့ဘဲ ေခြက်ခ်င္မိသည္။ အစ္ကိုကေတာ့ ေဘးက ထိန္းေပးသည္။

( ေတာက္ )

" ဘယ္လို အေမမ်ိဳးလဲ "

ဟန္လင္းညိဳလက္သီးကို တင္းတင္းၾကပ္ၾကပ္ဆုပ္ထားမိသည္။ စကၠ ဘယ္ေလာက္ေတာင္ အားငယ္ၿပီး ေသြးပ်က္ေနမလဲ ဟန္လင္းညိဳ ေတြးၾကည့္၍ ေတာင္မရႏိုင္ေတာ့ပါ။

စကၠကို ထိုေနရာမွ သူ႔ကားထဲကို ဆြဲေခၚလာခဲ့သည္။

" ငိုခ်လိုက္ စကၠ  မင္းမ်ိဳသိပ္မထားနဲ႔ အရမ္းပင္ပန္းေနခဲ့တယ္ မလား "

" ကြၽန္ေတာ္ ဘာလို႔ ကြၽန္ေတာ္ အားးးး "

သူ႔ကို ဖက္တြယ္ၿပီး အားရပါးရငိုခ်ေနေသာ ဒီေကာင္ေလးရဲ႕ ေက်ာျပင္ကို သူပြတ္သပ္ေပးလ်က္။

" အေမေျပာသလိုတာဆို ကြၽန္ေတာ္က ထက္ဦးခန္႔နဲ႔ မျခားနားဘူး ကြၽန္ေတာ္ကလည္း အဲ့လိုလူပဲ ကြၽန္ေတာ္ကေတာင္ ပိုၿပီး အစ္ကို သိလား ..ကြၽန္ေတာ္က...ကြၽန္ေတာ္က....အားးး"

" ငါသိတယ္ စကၠ ငါမင္းကို ဘယ္လိုမွ မျမင္ပါဘူး မင္းအေဖေျပာျပခဲ့တယ္ "

" ဗ်ာ..."

သူ႔ကို တြန္းထုတ္ၿပီး အလန္႔တၾကားၾကည့္သည္။ မဟုတ္မွ သူ႔အေဖကို

" အေဖက အေဖက သိေနခဲ့တာလား ကြၽန္ေတာ္ ဘာအလုပ္လုပ္တယ္ဆိုတာကို "

" အင္း သူသိတယ္ ဒါေပမဲ့ မင္းမ်က္ႏွာငယ္မွာ ဆိုလို႔ "

"အားးး  အေဖ ဘယ္ေလာက္စိတ္ထိခိုက္ေနရမလဲ ကြၽန္ေတာ္က အေမ့အ႐ြယ္ မိန္းမေတြနဲ႔ ပတ္သတ္ခဲ့တာ ကြၽန္ေတာ္က ကြၽန္ေတာ့္မိဘေတြအတြက္ မေကာင္းတဲ့လူပါ အားးး "

( ဒုန္း ဒုန္း )

" စကၠ မလုပ္နဲ႔ စကၠ ေတာ္ေတာ့ဆို "

ေဘးက ကားမွန္ေတြကို အားရပါးရဆြဲထိုးေနၿပီ။ လက္ႏွစ္ဖက္ကို ဆြဲခ်ဳပ္ေပမယ့္ သူ႔အားကို မိမိမယွဥ္ႏိုင္။ ကိုယ္လုံးႏွင့္ အတင္းဝင္တိုးမွ ညိမ္သြားၿပီး မိမိကို ဖက္ငိုေတာ့သည္။

သူ႔ေက်ာျပင္ကေတာ့ စကၠရဲ႕ ေသြးေတြေရာ မ်က္ရည္ေတြေရာႏွင့္။ အားကို တႀကီး ဖက္တြယ္ခံထားရတာမို႔ စိတ္ထဲမွာေတာ့ ကိုယ္ဟာ သူ႔အားကိုးရာ ရင္ဖြင့္ရာဆိုသည့္ အသိဟာ ၾကည္ႏူးစရာေကာင္းသည္။ ေနာက္ရက္ေတြမွာ မင္းကို ထပ္မနာက်င္ေစခ်င္ေတာ့ဘူး။

__________

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі