Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-18
(Unicode)

မူးနေတဲ့ မောင့်ကို ခုံပေါ်က ဆွဲထူပြီး ကုတင်ပေါ်ပို့ရသည်။ မောင့်အရပ်က အရှည်ကြီးမို့ သူမောင့်ခန္ဓာကိုယ်ကိုမနိုင်။

" အားးး လေးလိုက်တာ။ "

အိပ်ရာပေါ်ပစ်တင်လိုက်ပြီး သူမောင့်အဝတ်အစားတွေကို ချွတ်လိုက်သည်။
ထို့နောက် မောင့်အနားဝင်လှဲပြီး မောင့်မျက်နှာကို အနီးကပ်စိုက်ကြည့်မိသည်။

" မောင် "

" အွန်း "

မောင့်ဆီက ပြန်ထူးသံကြားတော့ သူပြုံးလိုက်သည်။

" မောင် ငါမေးတာ အမှန်တိုင်း​ဖြေပါလား။"

" အွန်း "

မောင်က မူးကြောင်ကြောင်နှင့် မျက်လုံးဖွင့်ကြည့်သည်။

" ငါ့ကို ချစ်လား။ "

" အွန်း "

မောင့်လက်တွေက ​သူ့မျက်နှာအနားကို လှမ်းလာပြီး သူ့မျက်နှာအနှံ့ထိတွေ့သည်။

" မောင် ချစ်တယ်လို့ဖြေလေ အွတ် "

မောင်က သူ့နှုတ်ခမ်းတွေကို အုပ်လိုက်ပြီး သူ့ကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

" ချစ်တယ်လို့ ပြောလေ "

မူးနေတာတောင် ဟန်ဆောင်ကောင်းနေပါလား မောင်။

" မောင် ငါ့ကို နမ်းချင်လား။"

သူ့စကားကြားတော့ မောင်က သူ့မျက်နှာကို ငုံးကြည့်သည်။ သူကလည်း မောင့်မျက်နှာကို ပြန်မော့ကြည့်လျက်။
အချိန်ကြာကြာစိုက်ကြည့်နေပြီးနောက် မောင်က သူ့မျက်နှာကို လက်နှစ်ဖက်နှင့် ပင့်မော့လိုက်ပြီး နှုတ်ခမ်းကို ထိရုံလောက်လေးဖိကပ်နမ်းသည်။ မောင်လွှတ်ပေးတော့ သူမောင့်လည်ပင်းကို ပြန်သိုင်းဖက်လိုက်ပြီး မောင့်နှုတ်ခမ်းတွေကို ဦးဆောင်နမ်းလိုက်သည်။

" မောင် ငါ့ကို ထပ်မယူတော့ဘူးလား။"

" ဟင့်အင်း "

" ဘာလို့လဲ။"

မောင့်ဆီက စကားသံပြန်မကြားရတော့ဘဲ မျက်လုံးတွေမှိတ်သွားတော့ နေခ စိတ်ညစ်သွားသည်။

" မင်းနာမှာဆိုးလို့..."

ခဏကြာမှ ထွက်လာတဲ့ အသံလေးက တကယ့်ကို တိုးဖျဖျလေးပါ။ ရင်ခွင်ထဲက နေခတောင် သဲ့သဲ့လေးပင် ကြားနိုင်သည့် လေသံလေး ဒါပေမဲ့ နေခနှုတ်ခမ်းတွေ တွန့်ကွေးမိသည်။

မောင်သိလား။ မရိုးသားတဲ့ လူက ရှုံးရမှာ ကြောက်လို့ ရိုးသားတဲ့ ငါကပဲ မောင့်ကို အရှုံးပေးလိုက်တယ်။ ငါ့သမိုင်းမှာ မောင့်ကို အနိုင်ယူခဲ့တာ မရှိစေရဘူး။

~~~~~~~~~

ညနေစောင်းမှ ပြန်နိုးလာတဲ့ မောင်က အမူးပြေသွားလောက်ပြီ။ မောင်အိပ်နေစဥ် တစ်ချိန်လုံးမောင့်မျက်နှာကို စိုက်ကြည့်နေခဲ့တာမို့ မောင့်မျက်တောင်မွှေးလေးတွေကို ဘယ်နှစ်ချောင်းရှိမည်မှန်းပင် ရည်ပြီးနေပြီ။ မောင်သည် သူ့ကို ရင်ခွင်ထဲထည့်ထားရာကနေလွှတ်ပြီး ရုတ်တရက်ထထိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ အဝတ်မရှိသည်ကိုလည်း သတိပြုမိရော နေခကို စိုးရိမ်တကြီးပြန်ကြည့်သည်။

" ငါ မင်းနဲ့ "

" ဘာမှ မဖြစ်ပါဘူး မောင် ။ အဝတ်တွေက ငါချွတ်ပေးထားတာ။ "

" အင်း "

သူပါ ထထိုင်ပြီး မောင့်ခါးကို ဖက်လိုက်သည်။ မောင့်ကျောပြင်အနှံ့အနမ်းတွေကိုလည်း ပေးမိသည်။ ဘယ်တော့မှ မငြင်းဆန်တတ်တဲ့မောင်က ဒီနေ့ကျမှ ရုန်းသည်။ မောင်က ထမည်ပြင်တော့ သူမောင့်ကို ပြန်ဆွဲချလိုက်သည်။

" မောင် ငါရှိတာကို ဘယ်သွားမို့လဲ။ ငါနဲ့အတူနေလေ။"

" ငါ မင်းကို မလိုချင်ဘူး။ "

" ငါကတော့ မောင့်ကို လိုအပ်တယ်။"

နေခရဲ့ လက်တွေဟာ မောင့်ခန္ဓာကိုယ် အောက်ပိုင်းကို ထိတွေ့လှုပ်ရှားသည်။ မောင့်ကျောပြင်ဟာ မောဟိုက်သကဲ့သို့ အသက်ရှူပြင်းလာသည်။ မောင့်ဆန္ဒတွေက သူ့လက်အပေါ်လွှတ်ချအပြီးမှာတော့ မောင်ဟာ ပြန်ညိမ်သက်သွားသည်။ မောင့်ခါးကို အနောက်ကနေဖက်တွယ်ထားရင်း မောင့်ကျောပြင်ကို ထပ်နမ်းလိုက်သည်။

" သိပ်ချစ်တယ် မောင် "

~~~~~~~~~~

စက္က ဟန်လင်းညိုရွေးပေးလိုက်သော အနောက်တိုင်းဆန်ဆန်ဝတ်စုံတွေကို စိုက်ကြည့်နေသည်။ ဒီဟာတွေ hotelကို ဝတ်သွားရင်တော့ အထူးအဆန်းကြည့်တာ ခံရတော့မည်။ သို့ပေမဲ့ အလုပ်မရှိတဲ့ ဆရာဝန်ရဲ့ အားအားယားယားလာကြည့်ဦးမည်ဆိုတဲ့ စကားကြောင့် ဝတ်ရပေမည်။ တစ်သက်နဲ့တစ်ကိုယ် ဘယ်သူ့စကားမှ နားမထောင်ခဲ့ဖူးသမျှ ဒီလူနဲ့တွေ့မှ ခေါင်းငုံ့ပြီး နာခံနေရသည်က မဟုတ်သေး။ နေရထိုင်ရကျပ်စေသော အဝတ်အစားများကို ကောက်ဝတ်လိုက်ပြီး hotelကို သွားရန်ပြင်တော့သည်။

" ဟာ သား သန့်လို့ပြန့်လို့ပါလား။ ဘာလဲ ကောင်မလေးတွေ ဘာတွေနဲ့ ချိန်းထားသလား။ "

" မဟုတ်ပါဘူး။ အဖေရာ ဟိုတနေ့ကလာသွားတဲ့ လူပေါ့။ သားကို ဒါတွေဝတ်ဖို့စီစဥ်ပေးလိုက်တာ။"

" အော် အေးကောင်းတာပေါ့။ ဒီကောင်လေးကို အဖေကျေးဇူးတင်ရမှာပဲ။ ငါ့သားမိုက်ကို ပြုပြင်ပေးနေတာ ဆိုတော့။ "

" ဟာ.. အဖေရာ။ အဖေပဲ ကျေးဇူးတင်နေလိုက် သားတော့ စိတ်ညစ်လို့ သေတော့မယ်။ အဖေ သူ့ရှေ့မှာ သွားချီးကျူးပြမနေနဲ့ဦး။ ဟိုက ပိုရောင့်တက်လာဦးမယ်။"

" ဟားဟားးး ငါ့သား အဲ့လို လူကောင်းသူကောင်းနဲ့ တွေ့တာ အဖေဝမ်းသာပါတယ်။"

"  ဟာ အဖေရယ် ချွေးမတွေ့တာ ကျလို့။ သားသွားပြီ။"

" အေးအေး "

စက္ကကားမောင်းလာရင်း ဘေးက ဖုန်းမည်လာတာမို့ ကောက်ကိုင်လိုက်သည်။

" ဟယ်လို စက္က မင်းဘယ်မှာလဲ။"

ဖုန်းကိုင်လိုက်ပြီဆိုတာနဲ့ ဟိုလူ့ရဲ့ ခပ်စွာစွာအသံက ထွက်လာသည်။

" ဘယ်မှာ ဖြစ်ဖြစ်ပေါ့ဗျ။"

" ငါ့ကို လာခေါ်ပေးပါလား။ မြန်မာပလာဇာရှေ့မှာ ကားပျက်နေလို့ကွ။"

" Taxi တွေ ဘယ်နားထားလဲ။ taxi နဲ့ ပြန်ပေါ့။"

" လာပါကွာ။ ငါ taxi မစီးချင်ဘူး။"

" ပြီးရော ပြီးရော သိပ်အလုပ်ရှုပ်တာပဲ။"

"မြန်မြန်လာနော်။"

စက္ကကားပြန်ကွေ့လိုက်ပြီး သူ့ဆီသွားရပြန်သည်။ မြန်မာပလာဇာရှေ့ရောက်တော့ သူ့ကိုတွေ့သည်။ သူတစ်ယောက်တည်းမဟုတ် သူ့ဘေးမှာ သူ့လိုမျက်မှန်သမားတစ်ယောက်က ပါသေးသည်။ သူ့သူငယ်ချင်းက ကားအနောက်ခန်းမှာ ထိုင်ပြီး သူက မိမိဘေးရောက်လာသည်။

" ကျေးဇူးပဲ စက္က ငါ့ဆေးခန်းကိုပဲ ပို့ပေး။"

" ခင်ဗျားကားရော "

" ငါလူခေါ်ထားတယ် သူတို့လာယူလိမ့်မယ်။"

" အင်း "

ဘေးကနေ စက္ကကို အကဲခတ်ပြီး ပြုံးနေသေးသည်။

" အစကတည်းက ဒီလိုဝတ်သင့်တာ။ မင်းအရပ်ကြီးနဲ့ ကြည့်ကောင်းတာကို "

"တော်ပါ။ စိတ်ရှုပ်တယ်။"

" ဟားဟားး အင်းပါ။ နောက်တော့ အသားကျသွားမှာပေါ့။"

အနောက်က သူ့သူငယ််ချင်းကိုလည်း စကားတွေလှည့်ပြောနေသေးသည်။ ရီလိုက်မောလိုက်နှင့် စက္ကကသာ ကြည့်နေရင်း စိတ်ရှုပ်နေတာ သူကတော့ အေးဆေးပင်။

" စက္ကလာ မင်းပါဆင်း "

" ဘာလို့လဲ။ ကျွန်တော်သွားတော့မယ်လေ။"

" လာပါဆို "

ဘာကိစ္စမှန်းမသိအတင်းဆင်းခိုင်းနေသည်မို့ မျက်နှာမအီမလည်နှင့် ဆင်းရသည်။

" မင်းကလည်းကွာ အချင်းချင်းတွေ ငါတို့ကြားမှာ ပြောဖို့လိုလား။"

ရုတ်တရက်ကြီး ဟန်လင်းညိုကို သူ့သူငယ်ချင်းက အနောက်ကနေ သိုင်းဖက်လိုက်ပြီး ပြောနေတာကြောင့် စက္ကမျက်မှောင်ကြုတ်မိသည်။

" အဟမ်း "

သူငယ်ချင်းတွေက ဆေးခန်းထဲထိဝင်ပြီး ဖက်နေစရာလိုလို့လား။ ဒါကို အဲ့လူကလည်း ဘာမသိညာမသိ ညိမ်နေတာပဲ။ မြွေမြွေချင်းခြေမြင်နေတာမို့ အဲ့လူရင်ခွင်ထဲက ဟန်လင်းညိုကို သူဆွဲထုတ်လိုက်သည်။

" ဒီမှာ ကျွန်တော့်ကို ဆက်နေခိုင်းတာ။ ဒီလိုမြင်ကွင်းမျိုးကို ပြမို့လား။ အမြင်ကို မတော်ဘူး။ ကျွန်တော်ပြန်တော့မယ်။"

" စက္က မင်းဘယ်လိုပြောလိုက်တာလဲ။ မပြန်နဲ့ဦး မင်း ငါနဲ့ စာရင်းရှင်းစရာရှိသေးတယ်။"

" ပြန်မယ်ဗျာ "

" မင်း ! သူငယ်ချင်း ငါတို့နောက်မှ အေးဆေးထပ်တွေ့ကြတာပေါ့။"

ဟန်လင်းညိုက သူ့သူငယ်ချင်းကို ပညာသားပါပါပြန်လွှတ်လိုက်တော့ ထိုလူက စက္ကကို မျက်စောင်းထိုးကြည့်ပြီး ပြန်သွားသည်။

" စက္က မင်းအဆင့်အတန်းကို ဖော်ပြလိုက်တာလား။ ဘယ်လိုတောင် ရိုင်းလိုက်တာလဲ။ မင်းကို ငါက ညီတစ်ယောက်လို သဘောထားပြီး အနားခေါ်ထားလိုက်တာ မှားတာပဲ။ မင်းပြောလိုက်တာ အဲ့တာ ငါ့ကျေးဇူးရှင်ကွ။"

" အဟက် ကျေးဇူးရှင် ဟုတ်လား။ အဲ့ကျေးဇူးရှင်အတွက်ကြောင့် ဘဝကြီးတစ်ခုလုံးပေးဆပ်မလို့လား။ "

" မင်း ! ဘာစကားတွေ ပြောနေတာလဲ စက္က ။ မင်းရဲ့ အတွေးတွေက အဲ့လောက်တောင် အောက်တန်းကျရလား။ "

" ဟုတ်တယ် ကျွန်တော်က အဲ့လို အောက်တန်းကျတယ်။ ဒါပေမဲ့ ခင်ဗျားလို မိုးမမြင်လေမမြင်ဖြစ်နေတာမဟုတ်ဘူး။ "

" သွား မင်း ထွက်သွားတော့။"

" သွားမှာ ခင်ဗျားလို လူအနားလည်း တစ်စက္ကန့်တောင် မနေဘူး။ "

အစကတည်းက ဒေါသကြီးသူမို့ ဒီလိုလူတွေနဲ့ မပတ်သတ်ချင်ခဲ့ဘူး။ ကိုယ်ကစပြီး ပတ်သတ်ခဲ့တာလည်း မဟုတ်ဘူး။ သူက စခဲ့တာ။ သူမမောင်းထုတ်လည်း ကိုယ်က သွားချင်နေတာပဲ မလား။ နေခဲ့လိုက်တော့ လွယ်အိတ်ကြီးရေ။

ဆိုင်ကိုသွားတဲ့လမ်းမှာလည်း စိတ်ကမကြည်။ တမင်ပူးကပ်ပြီး အသားယူပြနေတဲ့ ဟိုလူ့ရုပ်ကြီးပဲ မြင်ယောင်နေသည်။

" ဟာ! "

(တီ...တီ)

" ငါ့-ိုးမသား -ီးမို့ ကျော်တက်တာလားကွ။"

" အကုန်တိုက်သတ်ပစ်လိုက်လို့ ! "

ကားကို သတ်မှတ်ထားသောအရှိန်ထက် ပိုမြှင့်ပြီးမောင်း၍ ကျော်တက်သွားသော ကားကို ပြန်ကျော်တက်ခဲ့သည်။

(Zawgyi)

မူးေနတဲ့ ေမာင့္ကို ခုံေပၚက ဆြဲထူၿပီး ကုတင္ေပၚပို႔ရသည္။ ေမာင့္အရပ္က အရွည္ႀကီးမို႔ သူေမာင့္ခႏၶာကိုယ္ကိုမႏိုင္။

" အားးး ေလးလိုက္တာ။ "

အိပ္ရာေပၚပစ္တင္လိုက္ၿပီး သူေမာင့္အဝတ္အစားေတြကို ခြၽတ္လိုက္သည္။
ထို႔ေနာက္ ေမာင့္အနားဝင္လွဲၿပီး ေမာင့္မ်က္ႏွာကို အနီးကပ္စိုက္ၾကည့္မိသည္။

" ေမာင္ "

" အြန္း "

ေမာင့္ဆီက ျပန္ထူးသံၾကားေတာ့ သူၿပဳံးလိုက္သည္။

" ေမာင္ ငါေမးတာ အမွန္တိုင္းေျဖပါလား။"

" အြန္း "

ေမာင္က မူးေၾကာင္ေၾကာင္ႏွင့္ မ်က္လုံးဖြင့္ၾကည့္သည္။

" ငါ့ကို ခ်စ္လား။ "

" အြန္း "

ေမာင့္လက္ေတြက သူ႔မ်က္ႏွာအနားကို လွမ္းလာၿပီး သူ႔မ်က္ႏွာအႏွံ႔ထိေတြ႕သည္။

" ေမာင္ ခ်စ္တယ္လို႔ေျဖေလ အြတ္ "

ေမာင္က သူ႔ႏႈတ္ခမ္းေတြကို အုပ္လိုက္ၿပီး သူ႔ကို ရင္ခြင္ထဲဆြဲသြင္းလိုက္သည္။

" ခ်စ္တယ္လို႔ ေျပာေလ "

မူးေနတာေတာင္ ဟန္ေဆာင္ေကာင္းေနပါလား ေမာင္။

" ေမာင္ ငါ့ကို နမ္းခ်င္လား။"

သူ႔စကားၾကားေတာ့ ေမာင္က သူ႔မ်က္ႏွာကို ငုံးၾကည့္သည္။ သူကလည္း ေမာင့္မ်က္ႏွာကို ျပန္ေမာ့ၾကည့္လ်က္။
အခ်ိန္ၾကာၾကာစိုက္ၾကည့္ေနၿပီးေနာက္ ေမာင္က သူ႔မ်က္ႏွာကို လက္ႏွစ္ဖက္ႏွင့္ ပင့္ေမာ့လိုက္ၿပီး ႏႈတ္ခမ္းကို ထိ႐ုံေလာက္ေလးဖိကပ္နမ္းသည္။ ေမာင္လႊတ္ေပးေတာ့ သူေမာင့္လည္ပင္းကို ျပန္သိုင္းဖက္လိုက္ၿပီး ေမာင့္ႏႈတ္ခမ္းေတြကို ဦးေဆာင္နမ္းလိုက္သည္။

" ေမာင္ ငါ့ကို ထပ္မယူေတာ့ဘူးလား။"

" ဟင့္အင္း "

" ဘာလို႔လဲ။"

ေမာင့္ဆီက စကားသံျပန္မၾကားရေတာ့ဘဲ မ်က္လုံးေတြမွိတ္သြားေတာ့ ေနခ စိတ္ညစ္သြားသည္။

" မင္းနာမွာဆိုးလို႔..."

ခဏၾကာမွ ထြက္လာတဲ့ အသံေလးက တကယ့္ကို တိုးဖ်ဖ်ေလးပါ။ ရင္ခြင္ထဲက ေနခေတာင္ သဲ့သဲ့ေလးပင္ ၾကားႏိုင္သည့္ ေလသံေလး ဒါေပမဲ့ ေနခႏႈတ္ခမ္းေတြ တြန႔္ေကြးမိသည္။

ေမာင္သိလား။ မ႐ိုးသားတဲ့ လူက ရႈံးရမွာ ေၾကာက္လို႔ ႐ိုးသားတဲ့ ငါကပဲ ေမာင့္ကို အရႈံးေပးလိုက္တယ္။ ငါ့သမိုင္းမွာ ေမာင့္ကို အႏိုင္ယူခဲ့တာ မရွိေစရဘူး။

~~~~~~~~~

ညေနေစာင္းမွ ျပန္ႏိုးလာတဲ့ ေမာင္က အမူးေျပသြားေလာက္ၿပီ။ ေမာင္အိပ္ေနစဥ္ တစ္ခ်ိန္လုံးေမာင့္မ်က္ႏွာကို စိုက္ၾကည့္ေနခဲ့တာမို႔ ေမာင့္မ်က္ေတာင္ေမႊးေလးေတြကို ဘယ္ႏွစ္ေခ်ာင္းရွိမည္မွန္းပင္ ရည္ၿပီးေနၿပီ။ ေမာင္သည္ သူ႔ကို ရင္ခြင္ထဲထည့္ထားရာကေနလႊတ္ၿပီး ႐ုတ္တရက္ထထိုင္လိုက္သည္။ သူ႔ခႏၶာကိုယ္မွာ အဝတ္မရွိသည္ကိုလည္း သတိျပဳမိေရာ ေနခကို စိုးရိမ္တႀကီးျပန္ၾကည့္သည္။

" ငါ မင္းနဲ႔ "

" ဘာမွ မျဖစ္ပါဘူး ေမာင္ ။ အဝတ္ေတြက ငါခြၽတ္ေပးထားတာ။ "

" အင္း "

သူပါ ထထိုင္ၿပီး ေမာင့္ခါးကို ဖက္လိုက္သည္။ ေမာင့္ေက်ာျပင္အႏွံ႔အနမ္းေတြကိုလည္း ေပးမိသည္။ ဘယ္ေတာ့မွ မျငင္းဆန္တတ္တဲ့ေမာင္က ဒီေန႔က်မွ ႐ုန္းသည္။ ေမာင္က ထမည္ျပင္ေတာ့ သူေမာင့္ကို ျပန္ဆြဲခ်လိုက္သည္။

" ေမာင္ ငါရွိတာကို ဘယ္သြားမို႔လဲ။ ငါနဲ႔အတူေနေလ။"

" ငါ မင္းကို မလိုခ်င္ဘူး။ "

" ငါကေတာ့ ေမာင့္ကို လိုအပ္တယ္။"

ေနခရဲ႕ လက္ေတြဟာ ေမာင့္ခႏၶာကိုယ္ ေအာက္ပိုင္းကို ထိေတြ႕လႈပ္ရွားသည္။ ေမာင့္ေက်ာျပင္ဟာ ေမာဟိုက္သကဲ့သို႔ အသက္ရႉျပင္းလာသည္။ ေမာင့္ဆႏၵေတြက သူ႔လက္အေပၚလႊတ္ခ်အၿပီးမွာေတာ့ ေမာင္ဟာ ျပန္ညိမ္သက္သြားသည္။ ေမာင့္ခါးကို အေနာက္ကေနဖက္တြယ္ထားရင္း ေမာင့္ေက်ာျပင္ကို ထပ္နမ္းလိုက္သည္။

" သိပ္ခ်စ္တယ္ ေမာင္ "

~~~~~~~~~~

စကၠ ဟန္လင္းညိဳေ႐ြးေပးလိုက္ေသာ အေနာက္တိုင္းဆန္ဆန္ဝတ္စုံေတြကို စိုက္ၾကည့္ေနသည္။ ဒီဟာေတြ hotelကို ဝတ္သြားရင္ေတာ့ အထူးအဆန္းၾကည့္တာ ခံရေတာ့မည္။ သို႔ေပမဲ့ အလုပ္မရွိတဲ့ ဆရာဝန္ရဲ႕ အားအားယားယားလာၾကည့္ဦးမည္ဆိုတဲ့ စကားေၾကာင့္ ဝတ္ရေပမည္။ တစ္သက္နဲ႔တစ္ကိုယ္ ဘယ္သူ႔စကားမွ နားမေထာင္ခဲ့ဖူးသမွ် ဒီလူနဲ႔ေတြ႕မွ ေခါင္းငုံ႔ၿပီး နာခံေနရသည္က မဟုတ္ေသး။ ေနရထိုင္ရက်ပ္ေစေသာ အဝတ္အစားမ်ားကို ေကာက္ဝတ္လိုက္ၿပီး hotelကို သြားရန္ျပင္ေတာ့သည္။

" ဟာ သား သန႔္လို႔ျပန႔္လို႔ပါလား။ ဘာလဲ ေကာင္မေလးေတြ ဘာေတြနဲ႔ ခ်ိန္းထားသလား။ "

" မဟုတ္ပါဘူး။ အေဖရာ ဟိုတေန႔ကလာသြားတဲ့ လူေပါ့။ သားကို ဒါေတြဝတ္ဖို႔စီစဥ္ေပးလိုက္တာ။"

" ေအာ္ ေအးေကာင္းတာေပါ့။ ဒီေကာင္ေလးကို အေဖေက်းဇူးတင္ရမွာပဲ။ ငါ့သားမိုက္ကို ျပဳျပင္ေပးေနတာ ဆိုေတာ့။ "

" ဟာ.. အေဖရာ။ အေဖပဲ ေက်းဇူးတင္ေနလိုက္ သားေတာ့ စိတ္ညစ္လို႔ ေသေတာ့မယ္။ အေဖ သူ႔ေရွ႕မွာ သြားခ်ီးက်ဴးျပမေနနဲ႔ဦး။ ဟိုက ပိုေရာင့္တက္လာဦးမယ္။"

" ဟားဟားးး ငါ့သား အဲ့လို လူေကာင္းသူေကာင္းနဲ႔ ေတြ႕တာ အေဖဝမ္းသာပါတယ္။"

"  ဟာ အေဖရယ္ ေခြၽးမေတြ႕တာ က်လို႔။ သားသြားၿပီ။"

" ေအးေအး "

စကၠကားေမာင္းလာရင္း ေဘးက ဖုန္းမည္လာတာမို႔ ေကာက္ကိုင္လိုက္သည္။

" ဟယ္လို စကၠ မင္းဘယ္မွာလဲ။"

ဖုန္းကိုင္လိုက္ၿပီဆိုတာနဲ႔ ဟိုလူ႔ရဲ႕ ခပ္စြာစြာအသံက ထြက္လာသည္။

" ဘယ္မွာ ျဖစ္ျဖစ္ေပါ့ဗ်။"

" ငါ့ကို လာေခၚေပးပါလား။ ျမန္မာပလာဇာေရွ႕မွာ ကားပ်က္ေနလို႔ကြ။"

" Taxi ေတြ ဘယ္နားထားလဲ။ taxi နဲ႔ ျပန္ေပါ့။"

" လာပါကြာ။ ငါ taxi မစီးခ်င္ဘူး။"

" ၿပီးေရာ ၿပီးေရာ သိပ္အလုပ္ရႈပ္တာပဲ။"

"ျမန္ျမန္လာေနာ္။"

စကၠကားျပန္ေကြ႕လိုက္ၿပီး သူ႔ဆီသြားရျပန္သည္။ ျမန္မာပလာဇာေရွ႕ေရာက္ေတာ့ သူ႔ကိုေတြ႕သည္။ သူတစ္ေယာက္တည္းမဟုတ္ သူ႔ေဘးမွာ သူ႔လိုမ်က္မွန္သမားတစ္ေယာက္က ပါေသးသည္။ သူ႔သူငယ္ခ်င္းက ကားအေနာက္ခန္းမွာ ထိုင္ၿပီး သူက မိမိေဘးေရာက္လာသည္။

" ေက်းဇူးပဲ စကၠ ငါ့ေဆးခန္းကိုပဲ ပို႔ေပး။"

" ခင္ဗ်ားကားေရာ "

" ငါလူေခၚထားတယ္ သူတို႔လာယူလိမ့္မယ္။"

" အင္း "

ေဘးကေန စကၠကို အကဲခတ္ၿပီး ၿပဳံးေနေသးသည္။

" အစကတည္းက ဒီလိုဝတ္သင့္တာ။ မင္းအရပ္ႀကီးနဲ႔ ၾကည့္ေကာင္းတာကို "

"ေတာ္ပါ။ စိတ္ရႈပ္တယ္။"

" ဟားဟားး အင္းပါ။ ေနာက္ေတာ့ အသားက်သြားမွာေပါ့။"

အေနာက္က သူ႔သူငယ္ခ်င္းကိုလည္း စကားေတြလွည့္ေျပာေနေသးသည္။ ရီလိုက္ေမာလိုက္ႏွင့္ စကၠကသာ ၾကည့္ေနရင္း စိတ္ရႈပ္ေနတာ သူကေတာ့ ေအးေဆးပင္။

" စကၠလာ မင္းပါဆင္း "

" ဘာလို႔လဲ။ ကြၽန္ေတာ္သြားေတာ့မယ္ေလ။"

" လာပါဆို "

ဘာကိစၥမွန္းမသိအတင္းဆင္းခိုင္းေနသည္မို႔ မ်က္ႏွာမအီမလည္ႏွင့္ ဆင္းရသည္။

" မင္းကလည္းကြာ အခ်င္းခ်င္းေတြ ငါတို႔ၾကားမွာ ေျပာဖို႔လိုလား။"

႐ုတ္တရက္ႀကီး ဟန္လင္းညိဳကို သူ႔သူငယ္ခ်င္းက အေနာက္ကေန သိုင္းဖက္လိုက္ၿပီး ေျပာေနတာေၾကာင့္ စကၠမ်က္ေမွာင္ၾကဳတ္မိသည္။

" အဟမ္း "

သူငယ္ခ်င္းေတြက ေဆးခန္းထဲထိဝင္ၿပီး ဖက္ေနစရာလိုလို႔လား။ ဒါကို အဲ့လူကလည္း ဘာမသိညာမသိ ညိမ္ေနတာပဲ။ ေႁမြေႁမြခ်င္းေျချမင္ေနတာမို႔ အဲ့လူရင္ခြင္ထဲက ဟန္လင္းညိဳကို သူဆြဲထုတ္လိုက္သည္။

" ဒီမွာ ကြၽန္ေတာ့္ကို ဆက္ေနခိုင္းတာ။ ဒီလိုျမင္ကြင္းမ်ိဳးကို ျပမို႔လား။ အျမင္ကို မေတာ္ဘူး။ ကြၽန္ေတာ္ျပန္ေတာ့မယ္။"

" စကၠ မင္းဘယ္လိုေျပာလိုက္တာလဲ။ မျပန္နဲ႔ဦး မင္း ငါနဲ႔ စာရင္းရွင္းစရာရွိေသးတယ္။"

" ျပန္မယ္ဗ်ာ "

" မင္း ! သူငယ္ခ်င္း ငါတို႔ေနာက္မွ ေအးေဆးထပ္ေတြ႕ၾကတာေပါ့။"

ဟန္လင္းညိဳက သူ႔သူငယ္ခ်င္းကို ပညာသားပါပါျပန္လႊတ္လိုက္ေတာ့ ထိုလူက စကၠကို မ်က္ေစာင္းထိုးၾကည့္ၿပီး ျပန္သြားသည္။

" စကၠ မင္းအဆင့္အတန္းကို ေဖာ္ျပလိုက္တာလား။ ဘယ္လိုေတာင္ ႐ိုင္းလိုက္တာလဲ။ မင္းကို ငါက ညီတစ္ေယာက္လို သေဘာထားၿပီး အနားေခၚထားလိုက္တာ မွားတာပဲ။ မင္းေျပာလိုက္တာ အဲ့တာ ငါ့ေက်းဇူးရွင္ကြ။"

" အဟက္ ေက်းဇူးရွင္ ဟုတ္လား။ အဲ့ေက်းဇူးရွင္အတြက္ေၾကာင့္ ဘဝႀကီးတစ္ခုလုံးေပးဆပ္မလို႔လား။ "

" မင္း ! ဘာစကားေတြ ေျပာေနတာလဲ စကၠ ။ မင္းရဲ႕ အေတြးေတြက အဲ့ေလာက္ေတာင္ ေအာက္တန္းက်ရလား။ "

" ဟုတ္တယ္ ကြၽန္ေတာ္က အဲ့လို ေအာက္တန္းက်တယ္။ ဒါေပမဲ့ ခင္ဗ်ားလို မိုးမျမင္ေလမျမင္ျဖစ္ေနတာမဟုတ္ဘူး။ "

" သြား မင္း ထြက္သြားေတာ့။"

" သြားမွာ ခင္ဗ်ားလို လူအနားလည္း တစ္စကၠန႔္ေတာင္ မေနဘူး။ "

အစကတည္းက ေဒါသႀကီးသူမို႔ ဒီလိုလူေတြနဲ႔ မပတ္သတ္ခ်င္ခဲ့ဘူး။ ကိုယ္ကစၿပီး ပတ္သတ္ခဲ့တာလည္း မဟုတ္ဘူး။ သူက စခဲ့တာ။ သူမေမာင္းထုတ္လည္း ကိုယ္က သြားခ်င္ေနတာပဲ မလား။ ေနခဲ့လိုက္ေတာ့ လြယ္အိတ္ႀကီးေရ။

ဆိုင္ကိုသြားတဲ့လမ္းမွာလည္း စိတ္ကမၾကည္။ တမင္ပူးကပ္ၿပီး အသားယူျပေနတဲ့ ဟိုလူ႔႐ုပ္ႀကီးပဲ ျမင္ေယာင္ေနသည္။

" ဟာ! "

(တီ...တီ)

" ငါ့-ိုးမသား -ီးမို႔ ေက်ာ္တက္တာလားကြ။"

" အကုန္တိုက္သတ္ပစ္လိုက္လို႔ ! "

ကားကို သတ္မွတ္ထားေသာအရွိန္ထက္ ပိုျမႇင့္ၿပီးေမာင္း၍ ေက်ာ္တက္သြားေသာ ကားကို ျပန္ေက်ာ္တက္ခဲ့သည္။


© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі