Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-10
(Unicode)

2014 ခုနှစ်

နေခမင်းမြတ်ဘဝမှာ ပထမဦးဆုံးရိုက်မည့် ရုပ်ရှင်ကားမို့လို့ ပေါ့ဆ၍ မရ။
Practise ခဏ ခဏလုပ်ပြီးသည့်တိုင် သူ့ကိုယ်သူ အားရခြင်း မရှိသေး။

" နွေဦး နေနေဘာလိုသေးလဲ။"

"ဟာ နေနေရယ် နေနေက အခုတင်ပြည့်စုံနေပြီ။ ဘာမှ မလိုတော့ဘူး။ စိတ်အေးအေးထား ရိုက်ကွင်းရောက်ရင် သေချာလုပ်နော်။ "

" အင်းပါ နွေဦးရယ်။ နေနေ အကောင်းဆုံးကြိုးစားမှာပါ။ "

နွေဦးက သူ့အဝတ်အစားတွေကို စီပေးရင်း ဖိုက်တင်းဟု ဆို၍ လက်တံတောင်ဆစ်ကို ကွေးပြသည်။

" နေနေ နွေဦးပြောဦးမယ်။ အခု နေနေနဲ့ တွဲရိုက်ရမဲ့ လူကြမ်းမင်းသားကို သတိထားသလား။ "

"ဟင် ဘာလို့တုန်း နွေဦးရဲ့။ "

" အော်... သူက နွေဦးတို့လို မိန်းမလျာတွေကို တို့ကလား ထိကလားနဲ့လေ။ နေနေ့ကိုတောင် နွေဦးနဲ့ သိပ်ရောလို့ သူက နေနေ့ကို ထိချင်နေတာ။ နွေဦ်းက ဒီလောကထဲမှာ နေလာတာကြာပြီ။ ဘယ်လူက ဘယ်မျက်လုံးနဲ့ ကြည့်လဲ ဘယ်စိတ်ရှိလဲ ဆိုတာ နွေဦးက သိတယ်။ အဲ့တာ နေနေ့ကို သတိထားရအောင် ပြောတာ။ "

" အဟက် "

ဆေးဆိုးပန်းရိုက်ထားသော မျက်နှာပေါ်က ချွေးစက်အချို့ကို လက်ဖြင့် သပ်ချပြီး မဲ့ကာရွဲ့ကာ ပြောလာသော နွေဦးကြောင့် နေခ ရီလိုက်သည်။

" အင်းပါ နွေဦးရဲ့။ နေနေက နွေဦးတို့လို မိန်းမတွေကို စိတ်မဝင်စားတတ်ပေမဲ့ အဲ့လို ယောကျ်ားတွေကို စိတ်မဝင်စားဘူး။ ဝေးဝေးက ရှောင်မှာ သူတို့လည်း နေနေ့ရဲ့ မာနကို ကြည့်ပြီး အနားကပ်မလာရဲပါဘူး။"

"ဟီးဟီး နေနေက တော်တယ်။ နေနေက ယောကျ်ားတွေကို ကြိုက်တတ်ပေမယ့် နွေဦးလို မိန်းမလိုဝတ်ပြီး မနွဲ့နေစေချင်ဘူး။ ဒီလိုဝတ်ထားတော့ နွေဦးကိုဆို တွေ့သမျှယောကျ်ားတွေက စစရာ နောက်စရာဆိုပြီး နှောက်ယှက်ကြတယ်။ အထင်သေးကြတယ်။ နွေဦးကို ကတိပေး နေနေ နွေဦးလိုတော့ ဒီလိုကြီး ဝတ်စားမနေရဘူး။ "

"အင်းပါ နွေဦးရဲ့။ နေနေလည်း အဲ့လိုကြီး မိန်းမလို မနေချင်ပါဘူး။ နေနေက ယောကျ်ားလေးတွေကိုပဲ ကြိုက်တတ်ပေမယ့် မိန်းကလေးဖြစ်ချင်တာမှ မဟုတ်တာ။ "

နွေဦးက သူ့ကို ကျေနပ်ကြောင်း ပြုံးပြလာ၍ သူကလည်း နွေဦးကို ပြန်ပြုံးပြလိုက်သည်။ နွေဦးက သူ့အတွက် အမတစ်ယောက်လိုပဲ နေနေဆိုပြီး စတွေ့ကတည်းက သူ့ကို ခေါ်ခဲ့တာ။ နွေဦးနဲ့စကားပြောတိုင်း သူက သူ့ကိုယ်သူ နေနေလို့ပဲ နာမ်စားသုံးခဲ့သည်။

ကလင်....ကလင်....

"ဟော နေနေ နွေဦးရဲ့ ညီ လာကြိုပြီထင်တယ်။"

" အင်း အောက်မှာ စက်ဘီးဘဲလ်သံကြားတယ်။ "

သူ့ညီလာကြိုတိုင်း နွေဦးက လုပ်လက်စအလုပ်တွေ လက်စသတ်ပြီး အိမ်ပြန်ရန် ပြင်တော့သည်။

" နွေဦး ပြန်ပြီနော် နေနေ တာ့တာ "

" အင်းပါ တာ့တာ "

နွေဦးရဲ့ တက်ကြွနေပုံကို ကြည့်ပြီး နေခ ရယ်မိသည်။ ဝရန်တာကနေထွက်ပြီး နွေဦး သူ့ညီ စက်ဘီးနောက်က ခါးဖက်၍ ပါသွားပုံကိုလည်း လိုက်ကြည့်မိသေးသည်။

" ထက်ခန့် ညီလေး အမေအိမ်မှာပဲ မလား။"

" အင်း ကိုကို "

" ညီလေး ကျောင်းပြန်ဆက်တက်ပါလား။ "

" ကိုကိုရယ် အခြေအနေတွေလည်း ကိုကိုရိပ်စားမိရက်နဲ့။ မေမေ့ဆေးဖိုးနဲ့တောင် အသုံးစရိတ်ကမလောက်တာ။ ကျွန်တော် စက္ကဆီက အလုပ်တစ်ခုခုရှာပါဦးမယ်။"

" ငါ့ညီပင်ပန်းမှာပေါ့။ "

" ထားလိုက်ပါ။ "

ထက်ခန့် ကျောနောက်က ကိုကို့ရဲ့ သက်ပြင်းချသံတိုးတိုးကို ကြားလိုက်သည်။ မိန်းမလျာဘဝနဲ့ မိတ်ကပ်ပြင်ပြီး ရှာကျွေးနေတဲ့ အကိုကို မထောက်ဘဲ ကျောင်းဆက်မတတ်နိုင်တာကတော့ သူ့စိတ်ရင်းအမှန် ဖြစ်သည်။ နောက်ပြီး အခြောက်ရဲ့ညီလို့ ပတ်ဝန်းကျင်က ကဲ့ရဲ့တာတွေ ကျောင်းက အပေါင်းအပါတွေက ကိုကြီးကိုဆို ပုတ်ခတ်ပြောဆိုတာတွေကိုလည်း ထက်ခန့်မုန်းတယ်။ အရင်လို စက္ကကအနားမှာ မရှိ၍ ကျောင်းဆက်တက်ရင်လည်း သူပဲ အထီးကျန်နေတော့မှာ ကိုကြီးကို အဲ့လိုစော်ကားပြောဆိုကြတိုင်း ထက်ခန့်နှင့်အတူ စက္ကက ရန်ပေါင်းဖြစ်ပေးသည်။ စက္ကလောက် သူ့အပေါ်ဘယ်ကောင်မှ မကောင်း၍ သူကလည်း ဘယ်ကောင်နှင့်မှ မပေါင်းပါ။

************

နေခမင်းမြတ်တစ်ယောက် အခန်းထဲမှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် လုပ်နေသည်။ မောင်က ဒီနေ့ပြန်ရောက်မှာကို သူက သွားမတွေ့ရတော့ဘူးတဲ့။ ကြေညာသုံးခုရိုက်ဖို့ ကမ်းလှမ်းခံထားရ၍ မဖြစ်မနေသွားပေးရမည်။ မားကလည်း ရက်လေးရွှေ့ခိုင်းတာကို သူ့ကို မသင်္ကာသလိုကြည့်သည်။ မောင့်ကို ဖုန်းဆက်ပြီး အကျိုးအကြောင်းလေးပြောထားမှပါ။ မောင့်ကို လွမ်းနေပါတယ် ဆိုမှ ဟွန့် ။

တူ..

"ဟယ်လို "

ဖုန်းစဝင်ဝင်ချင်း မောင်က ချက်ချင်းကိုင်လိုက်သည်။

" အင်း မောင့် ငါ ပြောစရာ ရှိလို့။ "

"ပြော "

မောင့်အသံ အောအောက ပြတ်သားလွန်းသည်။ စကားလုံးတစ်လုံးထက်ပိုပြီး ထွက်သွားမှာကို မောင်က တွန့်တိုနေတာလား။

" ငါလေ ဒီနေ့ မောင့်ဆီ မရောက်လာနိုင်တော့ဘူး ထင်တယ်။ "

သူ့အသံက ဝမ်းနည်းမှုတွေ ပါနေတာတောင် မောင့်ဘက်က စကားပြန်မလာတော့ သူပဲ ဆက်ပြောရသည်။

" ငါ ကြေညာရိုက်ဖို့ ရှိတယ်။"

" အင်း "

" ​ကျောက်တော်ကြီးဘုရားမှာတဲ့ ဟူးးး"

တီ....

"ဟင် မောင် ဟယ် မောင်ကလည်း ဘာလို့ ဖုန်းကို ရုတ်တရက်ကြီး ချသွားရတာလဲ ဟွန့် "

မောင်က ရက်စက်လွန်းသည်။ လူချင်းမတွေ့ရလို့ အသံလေးကြားချင်ပါတယ် ဆိုမှ အမြဲတမ်း အဲ့လို အချိုးချိုးတတ်သည်။ ကျန်ခဲ့တဲ့ ရက်တွေမှာ ဖုန်းပြောတိုင်းလည်း နေခဘက်ကသာ ရွှန်းရွှန်းဝေအောင် ကြံဖန်ပြောတတ်ပေမယ့် မောင့်ဘက်က အင်း ဆိုတဲ့ တစ်လုံးထက်ပိုမရလာခဲ့။ သူ့ဘက်က ပြောဖို့ ကုန်သွားလို့ ရပ်သွားလျှင် မောင့်ဘက်က သက်ပြင်းချသံသဲ့သဲ့ကို ကြားရသည်။ မောင်က သိပ်နားလည်ရခက်တာပဲ။

ခဏအကြာတော့ မားလာခေါ်သဖြင့် သူ ရိုက်ကွင်းကို လိုက်သွားရသည်။ မားက အခုနောက်ပိုင်း သူ့ကို ဘယ်မှ စိတ်ချပြီး တစ်ယောက်တည်း မလွှတ်တော့။

​ကျောက်တော်ကြီးဘုရားရောက်တော့ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့အတူ ဘုရားအရင် ကန်တော့ရသည်။

" သား ရော့ နန်းတွင်းအဝတ်အစား"

မား သူ့လက်ထဲ ထိုးပေးသော ဝတ်စုံကို သူ့ကြည့်လိုက်သည်။ ရွှေရောင် ရွှေခတ်တွေနဲ့ လက်ဖက်ရည် ကြေညာတာ အဲ့လောက်လို လို့လား။ စိတ်ရှုပ်လိုက်တာ။ တော်ဝင်လက်ဖက်ရည်ထုပ်ဆိုတော့ အင်းပေါ့ ထားလိုက်ပါလေ။

ရိုက်ကူးရေးစတော့ သူ့လိုပဲ မိန်းကလေး ယောကျ်ားလေးတွေက နန်းတွင်းပုံစံဝတ်စားထားကြသည်။ ဘုရင်က တိုင်းရေးပြည်ရေးဆွေးနွေးလို့ စိတ်ရှုပ်သွားချိန် လက်ဖက်ရည် လာဆက်သတော့ စိတ်ကြည်နူးသွားသည်ပေါ့။

အဓိပ္ပာယ်မရှိလိုက်တာ။ မိန်းမလှလေးတွေ ဆက်သလိုက်တယ်ဆို တော်သေး။ အယ် မဟုတ်သေးပါဘူး။

သူ့ကို လာဆက်သသော လက်ဖက်ရည်ကို သူတစ်ငုံသောက်လိုက်ပြီး စိတ်လန်းဆန်းသွားကြောင်း သရုပ်ဆောင်ပြရသည်။
မျက်နှာကတော့ အမှန်သရုပ်ဆောင်နေပေမယ့် အာခံတွင်းထဲကတော့ ဘာအရသာမှ မရ။ ရေလောက်အောင် အရသာ ရှိမနေဘူး။
ဒါကြီးကို ဒီကြေညာပြီးရင် ငါ့ကို စပွန်ဆာပေးလိုက်မလို့လား။ ဒီလို အရသာမရှိတာမျိုးကိုလေ။

ပထမကြေညာပြီးသွားတော့ နောက်တစ်ခုက ပုဆိုးတဲ့ ပုဆိုးကတော့ မဆိုးပါဘူး။ လမ်းလေးလျှောက်ပြ ဘာပြရုံပေါ့။

သူတို့ပေးသော ပုဆိုးလေးကို မဝတ်တတ် ဝတ်တတ် လဲဝတ်ပြီး ပြန်အထွက် လက်မောင်းကို ဖမ်းဆွဲခံလိုက်ရသည်။ သူ လှည့်ကြည့်လိုက်တော့

" ဟင် မောင် ဘယ်လိုလုပ် အွတ် "

မောင်က သူ့လက်နှစ်ဖက်ကို တစ်ဖက်ထဲဖြင့် နောက်ပြန်ချုပ်ပြီး သူ့ပါးစပ်ကို အုပ်၍ ခေါ်သွားသည်။ သူ့မှာ ရုန်းနေသော်လည်း မောင့်အားကို မယှဥ်သာ။ ကြာတော့ အသက်ရှူပင်ကြပ်လာသည်။

" အာ့ မောင် "

မောင်က သူ့ကို အတင်း ကားထဲကို ဆွဲသွင်းသည်။ မောင်ချုပ်ကိုင်ခဲ့သော သူ့လက်ဆစ်တွေက နီရဲကျန်ခဲ့သည်။ မောင်က တစ်ဖက်မှာ ဝင်ထိုင်ပြီး ဘာစကားမှ ပြောမလာခဲ့။ ကားကို back ဆုတ်တော့မှ နေခ အသိဝင်လာခဲ့သည်။

" ဟင် မောင် ဘယ်ခေါ်သွားမလို့လဲ။ငါ ကြေညာရိုက်နေတာ မပြီးသေးဘူး။ "

မောင့်ဆီက ဘာဖြေရှင်းချက်မှ မရ အတော်ကြာတော့ မောင့်ကားလေးက ထွက်ခွာနေပြီ။

" မောင် ဖြေပါဦး။ မားလည်း ပါတယ်။ မားဆူလိမ့်မယ် မောင်ရဲ့။ မောင် ဘာလို့ ရုတ်တရက်ကြီး ဆွဲခေါ်ရတာလဲ။ "

မီးပွိုင့်တစ်ခုရောက်တော့ မောင်က ကားကို ရပ်လိုက်ပြီး သူ့ကို ကြည့်လာသည်။

" မလိုက်ချင်ဘူးလား နေခ "

" ဟင် "

မောင့် အမေးကြောင့် သူ မောင့်ကို ကြောင်ကြည့်နေပြီးမှ ဟက်ခနဲ ရီချလိုက်သည်။ မီးပွိုင့်က စိမ်းသွားပြီမို့ အရှေ့က ကားတွေတောင် ထွက်သွားပြီး သူတို့ကားသာ ဆက်ရပ်နေသေး၍ အနောက်ကကားတွေက ဟွန်းတွေ ဆက်တိုက်တီးလာသည်။

" ဟားဟား မောင်ရယ် မောင် ငါ့ကို အရမ်းတွေ့ချင်ပြီး စိတ်မထိန်းနိုင်လို့ ပြေးလာတာမလား။ မညာပါနဲ့ မောင်ရယ်။ အိုကေ အိုကေ မောင် ဘယ်ဆီခေါ်မလဲ ငါလိုက်ခဲ့ပါ့မယ်။ ဆက်မောင်း မောင် "

မောင်က ရှက်ကိုးရှက်ကန်းဖြစ်သွားပြီးမှ နေခကို မျက်နှာလွှဲပြီး ကားကို မောင်းထွက်လိုက်သည်။

(Zawgyi)

2014 ခုႏွစ္

ေနခမင္းျမတ္ဘဝမွာ ပထမဦးဆုံး႐ိုက္မည့္ ႐ုပ္ရွင္ကားမို႔လို႔ ေပါ့ဆ၍ မရ။
Practise ခဏ ခဏလုပ္ၿပီးသည့္တိုင္ သူ႔ကိုယ္သူ အားရျခင္း မရွိေသး။

" ေႏြဦး ေနေနဘာလိုေသးလဲ။"

"ဟာ ေနေနရယ္ ေနေနက အခုတင္ျပည့္စုံေနၿပီ။ ဘာမွ မလိုေတာ့ဘူး။ စိတ္ေအးေအးထား ႐ိုက္ကြင္းေရာက္ရင္ ေသခ်ာလုပ္ေနာ္။ "

" အင္းပါ ေႏြဦးရယ္။ ေနေန အေကာင္းဆုံးႀကိဳးစားမွာပါ။ "

ေႏြဦးက သူ႔အဝတ္အစားေတြကို စီေပးရင္း ဖိုက္တင္းဟု ဆို၍ လက္တံေတာင္ဆစ္ကို ေကြးျပသည္။

" ေနေန ေႏြဦးေျပာဦးမယ္။ အခု ေနေနနဲ႔ တြဲ႐ိုက္ရမဲ့ လူၾကမ္းမင္းသားကို သတိထားသလား။ "

"ဟင္ ဘာလို႔တုန္း ေႏြဦးရဲ႕။ "

" ေအာ္... သူက ေႏြဦးတို႔လို မိန္းမလ်ာေတြကို တို႔ကလား ထိကလားနဲ႔ေလ။ ေနေန႔ကိုေတာင္ ေႏြဦးနဲ႔ သိပ္ေရာလို႔ သူက ေနေန႔ကို ထိခ်င္ေနတာ။ ေႏြဦ္းက ဒီေလာကထဲမွာ ေနလာတာၾကာၿပီ။ ဘယ္လူက ဘယ္မ်က္လုံးနဲ႔ ၾကည့္လဲ ဘယ္စိတ္ရွိလဲ ဆိုတာ ေႏြဦးက သိတယ္။ အဲ့တာ ေနေန႔ကို သတိထားရေအာင္ ေျပာတာ။ "

" အဟက္ "

ေဆးဆိုးပန္း႐ိုက္ထားေသာ မ်က္ႏွာေပၚက ေခြၽးစက္အခ်ိဳ႕ကို လက္ျဖင့္ သပ္ခ်ၿပီး မဲ့ကာ႐ြဲ႕ကာ ေျပာလာေသာ ေႏြဦးေၾကာင့္ ေနခ ရီလိုက္သည္။

" အင္းပါ ေႏြဦးရဲ႕။ ေနေနက ေႏြဦးတို႔လို မိန္းမေတြကို စိတ္မဝင္စားတတ္ေပမဲ့ အဲ့လို ေယာက်္ားေတြကို စိတ္မဝင္စားဘူး။ ေဝးေဝးက ေရွာင္မွာ သူတို႔လည္း ေနေန႔ရဲ႕ မာနကို ၾကည့္ၿပီး အနားကပ္မလာရဲပါဘူး။"

"ဟီးဟီး ေနေနက ေတာ္တယ္။ ေနေနက ေယာက်္ားေတြကို ႀကိဳက္တတ္ေပမယ့္ ေႏြဦးလို မိန္းမလိုဝတ္ၿပီး မႏြဲ႕ေနေစခ်င္ဘူး။ ဒီလိုဝတ္ထားေတာ့ ေႏြဦးကိုဆို ေတြ႕သမွ်ေယာက်္ားေတြက စစရာ ေနာက္စရာဆိုၿပီး ေႏွာက္ယွက္ၾကတယ္။ အထင္ေသးၾကတယ္။ ေႏြဦးကို ကတိေပး ေနေန ေႏြဦးလိုေတာ့ ဒီလိုႀကီး ဝတ္စားမေနရဘူး။ "

"အင္းပါ ေႏြဦးရဲ႕။ ေနေနလည္း အဲ့လိုႀကီး မိန္းမလို မေနခ်င္ပါဘူး။ ေနေနက ေယာက်္ားေလးေတြကိုပဲ ႀကိဳက္တတ္ေပမယ့္ မိန္းကေလးျဖစ္ခ်င္တာမွ မဟုတ္တာ။ "

ေႏြဦးက သူ႔ကို ေက်နပ္ေၾကာင္း ၿပဳံးျပလာ၍ သူကလည္း ေႏြဦးကို ျပန္ၿပဳံးျပလိုက္သည္။ ေႏြဦးက သူ႔အတြက္ အမတစ္ေယာက္လိုပဲ ေနေနဆိုၿပီး စေတြ႕ကတည္းက သူ႔ကို ေခၚခဲ့တာ။ ေႏြဦးနဲ႔စကားေျပာတိုင္း သူက သူ႔ကိုယ္သူ ေနေနလို႔ပဲ နာမ္စားသုံးခဲ့သည္။

ကလင္....ကလင္....

"ေဟာ ေနေန ေႏြဦးရဲ႕ ညီ လာႀကိဳၿပီထင္တယ္။"

" အင္း ေအာက္မွာ စက္ဘီးဘဲလ္သံၾကားတယ္။ "

သူ႔ညီလာႀကိဳတိုင္း ေႏြဦးက လုပ္လက္စအလုပ္ေတြ လက္စသတ္ၿပီး အိမ္ျပန္ရန္ ျပင္ေတာ့သည္။

" ေႏြဦး ျပန္ၿပီေနာ္ ေနေန တာ့တာ "

" အင္းပါ တာ့တာ "

ေႏြဦးရဲ႕ တက္ႂကြေနပုံကို ၾကည့္ၿပီး ေနခ ရယ္မိသည္။ ဝရန္တာကေနထြက္ၿပီး ေႏြဦး သူ႔ညီ စက္ဘီးေနာက္က ခါးဖက္၍ ပါသြားပုံကိုလည္း လိုက္ၾကည့္မိေသးသည္။

" ထက္ခန္႔ ညီေလး အေမအိမ္မွာပဲ မလား။"

" အင္း ကိုကို "

" ညီေလး ေက်ာင္းျပန္ဆက္တက္ပါလား။ "

" ကိုကိုရယ္ အေျခအေနေတြလည္း ကိုကိုရိပ္စားမိရက္နဲ႔။ ေမေမ့ေဆးဖိုးနဲ႔ေတာင္ အသုံးစရိတ္ကမေလာက္တာ။ ကြၽန္ေတာ္ စကၠဆီက အလုပ္တစ္ခုခုရွာပါဦးမယ္။"

" ငါ့ညီပင္ပန္းမွာေပါ့။ "

" ထားလိုက္ပါ။ "

ထက္ခန္႔ ေက်ာေနာက္က ကိုကို႔ရဲ႕ သက္ျပင္းခ်သံတိုးတိုးကို ၾကားလိုက္သည္။ မိန္းမလ်ာဘဝနဲ႔ မိတ္ကပ္ျပင္ၿပီး ရွာေကြၽးေနတဲ့ အကိုကို မေထာက္ဘဲ ေက်ာင္းဆက္မတတ္ႏိုင္တာကေတာ့ သူ႔စိတ္ရင္းအမွန္ ျဖစ္သည္။ ေနာက္ၿပီး အေျခာက္ရဲ႕ညီလို႔ ပတ္ဝန္းက်င္က ကဲ့ရဲ႕တာေတြ ေက်ာင္းက အေပါင္းအပါေတြက ကိုႀကီးကိုဆို ပုတ္ခတ္ေျပာဆိုတာေတြကိုလည္း ထက္ခန္႔မုန္းတယ္။ အရင္လို စကၠကအနားမွာ မရွိ၍ ေက်ာင္းဆက္တက္ရင္လည္း သူပဲ အထီးက်န္ေနေတာ့မွာ ကိုႀကီးကို အဲ့လိုေစာ္ကားေျပာဆိုၾကတိုင္း ထက္ခန္႔ႏွင့္အတူ စကၠက ရန္ေပါင္းျဖစ္ေပးသည္။ စကၠေလာက္ သူ႔အေပၚဘယ္ေကာင္မွ မေကာင္း၍ သူကလည္း ဘယ္ေကာင္ႏွင့္မွ မေပါင္းပါ။

************

ေနခမင္းျမတ္တစ္ေယာက္ အခန္းထဲမွာ ဟိုဘက္ေလွ်ာက္လိုက္ ဒီဘက္ေလွ်ာက္လိုက္ လုပ္ေနသည္။ ေမာင္က ဒီေန႔ျပန္ေရာက္မွာကို သူက သြားမေတြ႕ရေတာ့ဘူးတဲ့။ ေၾကညာသုံးခု႐ိုက္ဖို႔ ကမ္းလွမ္းခံထားရ၍ မျဖစ္မေနသြားေပးရမည္။ မားကလည္း ရက္ေလးေ႐ႊ႕ခိုင္းတာကို သူ႔ကို မသကၤာသလိုၾကည့္သည္။ ေမာင့္ကို ဖုန္းဆက္ၿပီး အက်ိဳးအေၾကာင္းေလးေျပာထားမွပါ။ ေမာင့္ကို လြမ္းေနပါတယ္ ဆိုမွ ဟြန္႔ ။

တူ..

"ဟယ္လို "

ဖုန္းစဝင္ဝင္ခ်င္း ေမာင္က ခ်က္ခ်င္းကိုင္လိုက္သည္။

" အင္း ေမာင့္ ငါ ေျပာစရာ ရွိလို႔။ "

"ေျပာ "

ေမာင့္အသံ ေအာေအာက ျပတ္သားလြန္းသည္။ စကားလုံးတစ္လုံးထက္ပိုၿပီး ထြက္သြားမွာကို ေမာင္က တြန္႔တိုေနတာလား။

" ငါေလ ဒီေန႔ ေမာင့္ဆီ မေရာက္လာႏိုင္ေတာ့ဘူး ထင္တယ္။ "

သူ႔အသံက ဝမ္းနည္းမႈေတြ ပါေနတာေတာင္ ေမာင့္ဘက္က စကားျပန္မလာေတာ့ သူပဲ ဆက္ေျပာရသည္။

" ငါ ေၾကညာ႐ိုက္ဖို႔ ရွိတယ္။"

" အင္း "

" ​ေက်ာက္ေတာ္ႀကီးဘုရားမွာတဲ့ ဟူးးး"

တီ....

"ဟင္ ေမာင္ ဟယ္ ေမာင္ကလည္း ဘာလို႔ ဖုန္းကို ႐ုတ္တရက္ႀကီး ခ်သြားရတာလဲ ဟြန္႔ "

ေမာင္က ရက္စက္လြန္းသည္။ လူခ်င္းမေတြ႕ရလို႔ အသံေလးၾကားခ်င္ပါတယ္ ဆိုမွ အၿမဲတမ္း အဲ့လို အခ်ိဳးခ်ိဳးတတ္သည္။ က်န္ခဲ့တဲ့ ရက္ေတြမွာ ဖုန္းေျပာတိုင္းလည္း ေနခဘက္ကသာ ႐ႊန္း႐ႊန္းေဝေအာင္ ႀကံဖန္ေျပာတတ္ေပမယ့္ ေမာင့္ဘက္က အင္း ဆိုတဲ့ တစ္လုံးထက္ပိုမရလာခဲ့။ သူ႔ဘက္က ေျပာဖို႔ ကုန္သြားလို႔ ရပ္သြားလွ်င္ ေမာင့္ဘက္က သက္ျပင္းခ်သံသဲ့သဲ့ကို ၾကားရသည္။ ေမာင္က သိပ္နားလည္ရခက္တာပဲ။

ခဏအၾကာေတာ့ မားလာေခၚသျဖင့္ သူ ႐ိုက္ကြင္းကို လိုက္သြားရသည္။ မားက အခုေနာက္ပိုင္း သူ႔ကို ဘယ္မွ စိတ္ခ်ၿပီး တစ္ေယာက္တည္း မလႊတ္ေတာ့။

​ေက်ာက္ေတာ္ႀကီးဘုရားေရာက္ေတာ့ ႐ိုက္ကူးေရးအဖြဲ႕သားေတြနဲ႔အတူ ဘုရားအရင္ ကန္ေတာ့ရသည္။

" သား ေရာ့ နန္းတြင္းအဝတ္အစား"

မား သူ႔လက္ထဲ ထိုးေပးေသာ ဝတ္စုံကို သူ႔ၾကည့္လိုက္သည္။ ေ႐ႊေရာင္ ေ႐ႊခတ္ေတြနဲ႔ လက္ဖက္ရည္ ေၾကညာတာ အဲ့ေလာက္လို လို႔လား။ စိတ္ရႈပ္လိုက္တာ။ ေတာ္ဝင္လက္ဖက္ရည္ထုပ္ဆိုေတာ့ အင္းေပါ့ ထားလိုက္ပါေလ။

႐ိုက္ကူးေရးစေတာ့ သူ႔လိုပဲ မိန္းကေလး ေယာက်္ားေလးေတြက နန္းတြင္းပုံစံဝတ္စားထားၾကသည္။ ဘုရင္က တိုင္းေရးျပည္ေရးေဆြးေႏြးလို႔ စိတ္ရႈပ္သြားခ်ိန္ လက္ဖက္ရည္ လာဆက္သေတာ့ စိတ္ၾကည္ႏူးသြားသည္ေပါ့။

အဓိပၸာယ္မရွိလိုက္တာ။ မိန္းမလွေလးေတြ ဆက္သလိုက္တယ္ဆို ေတာ္ေသး။ အယ္ မဟုတ္ေသးပါဘူး။

သူ႔ကို လာဆက္သေသာ လက္ဖက္ရည္ကို သူတစ္ငုံေသာက္လိုက္ၿပီး စိတ္လန္းဆန္းသြားေၾကာင္း သ႐ုပ္ေဆာင္ျပရသည္။
မ်က္ႏွာကေတာ့ အမွန္သ႐ုပ္ေဆာင္ေနေပမယ့္ အာခံတြင္းထဲကေတာ့ ဘာအရသာမွ မရ။ ေရေလာက္ေအာင္ အရသာ ရွိမေနဘူး။
ဒါႀကီးကို ဒီေၾကညာၿပီးရင္ ငါ့ကို စပြန္ဆာေပးလိုက္မလို႔လား။ ဒီလို အရသာမရွိတာမ်ိဳးကိုေလ။

ပထမေၾကညာၿပီးသြားေတာ့ ေနာက္တစ္ခုက ပုဆိုးတဲ့ ပုဆိုးကေတာ့ မဆိုးပါဘူး။ လမ္းေလးေလွ်ာက္ျပ ဘာျပ႐ုံေပါ့။

သူတို႔ေပးေသာ ပုဆိုးေလးကို မဝတ္တတ္ ဝတ္တတ္ လဲဝတ္ၿပီး ျပန္အထြက္ လက္ေမာင္းကို ဖမ္းဆြဲခံလိုက္ရသည္။ သူ လွည့္ၾကည့္လိုက္ေတာ့

" ဟင္ ေမာင္ ဘယ္လိုလုပ္ အြတ္ "

ေမာင္က သူ႔လက္ႏွစ္ဖက္ကို တစ္ဖက္ထဲျဖင့္ ေနာက္ျပန္ခ်ဳပ္ၿပီး သူ႔ပါးစပ္ကို အုပ္၍ ေခၚသြားသည္။ သူ႔မွာ ႐ုန္းေနေသာ္လည္း ေမာင့္အားကို မယွဥ္သာ။ ၾကာေတာ့ အသက္ရႉပင္ၾကပ္လာသည္။

" အာ့ ေမာင္ "

ေမာင္က သူ႔ကို အတင္း ကားထဲကို ဆြဲသြင္းသည္။ ေမာင္ခ်ဳပ္ကိုင္ခဲ့ေသာ သူ႔လက္ဆစ္ေတြက နီရဲက်န္ခဲ့သည္။ ေမာင္က တစ္ဖက္မွာ ဝင္ထိုင္ၿပီး ဘာစကားမွ ေျပာမလာခဲ့။ ကားကို back ဆုတ္ေတာ့မွ ေနခ အသိဝင္လာခဲ့သည္။

" ဟင္ ေမာင္ ဘယ္ေခၚသြားမလို႔လဲ။ငါ ေၾကညာ႐ိုက္ေနတာ မၿပီးေသးဘူး။ "

ေမာင့္ဆီက ဘာေျဖရွင္းခ်က္မွ မရ အေတာ္ၾကာေတာ့ ေမာင့္ကားေလးက ထြက္ခြာေနၿပီ။

" ေမာင္ ေျဖပါဦး။ မားလည္း ပါတယ္။ မားဆူလိမ့္မယ္ ေမာင္ရဲ႕။ ေမာင္ ဘာလို႔ ႐ုတ္တရက္ႀကီး ဆြဲေခၚရတာလဲ။ "

မီးပြိဳင့္တစ္ခုေရာက္ေတာ့ ေမာင္က ကားကို ရပ္လိုက္ၿပီး သူ႔ကို ၾကည့္လာသည္။

" မလိုက္ခ်င္ဘူးလား ေနခ "

" ဟင္ "

ေမာင့္ အေမးေၾကာင့္ သူ ေမာင့္ကို ေၾကာင္ၾကည့္ေနၿပီးမွ ဟက္ခနဲ ရီခ်လိုက္သည္။ မီးပြိဳင့္က စိမ္းသြားၿပီမို႔ အေရွ႕က ကားေတြေတာင္ ထြက္သြားၿပီး သူတို႔ကားသာ ဆက္ရပ္ေနေသး၍ အေနာက္ကကားေတြက ဟြန္းေတြ ဆက္တိုက္တီးလာသည္။

" ဟားဟား ေမာင္ရယ္ ေမာင္ ငါ့ကို အရမ္းေတြ႕ခ်င္ၿပီး စိတ္မထိန္းႏိုင္လို႔ ေျပးလာတာမလား။ မညာပါနဲ႔ ေမာင္ရယ္။ အိုေက အိုေက ေမာင္ ဘယ္ဆီေခၚမလဲ ငါလိုက္ခဲ့ပါ့မယ္။ ဆက္ေမာင္း ေမာင္ "

ေမာင္က ရွက္ကိုးရွက္ကန္းျဖစ္သြားၿပီးမွ ေနခကို မ်က္ႏွာလႊဲၿပီး ကားကို ေမာင္းထြက္လိုက္သည္။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі