Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-24
(Unicode)

နေခမင်းမြတ် အိမ်ထဲ၌ ပိတ်ခံထားရ၍ သောင်းကျန်းနေသည်။ ခက်ဇော်လည်း တားလို့မရ။ ပန်းအိုးတွေရော ၊ ဖန်ခွက်တွေပါ ရိုက်ခွဲနေတော့သည်။ အချိန်တိုင်းကျွေးသမျှ အစားအသောက်ကို စားပြီးလျှင် ဖျက်ဆီးရေးအလုပ်ကို စတင်သည်။ သူ့အိပ်ခန်းတစ်ခန်းလုံးလည်း ရစရာကိုမရှိ။ မီးဖိုချောင်ထဲက ပုကန်တွေ အထပ်လိုက်ကို အားရပါးရခွဲနေတာ။ အဲ့တာပြီးရင် ခြံထဲရှိ ပန်းအိုးတွေရော ကြာရင် သူ့အမေ မွဲကိန်းမြင်သည်။

" ခက်ဇော် ငါ့ကို အခုမောင့်ဆီ ပို့ပေးပါ"

" နေခ ငါမင်းကို ကူညီပေးချင်ပေမယ့် ငါ မင်းအမေကို ငါ့အမေထက်ကြောက်ရတယ်ဟ "

" မရဘူးကွာ ငါ့ကို မောင့်ဆီ ပို့ပေး မပို့ပေးရင် မင်း ငါနဲ့ မပေါင်းနဲ့တော့ "

"ပြောရမခက်နဲ့ နေခ လိုက်မပို့ပေးနိုင်ဘူး "

ကိုယ့်သူငယ်ချင်းရဲ့ လင်ဒါရူးလယ်ဗယ်က အရမ်းမြင့်နေတာ သိပေမယ့်လည်း လိုက်ပို့လိုက်လို့မရ။ ဒေါ်မေခကို သူအလွန်ကြောက်ရသည်။ ဟိုကောင်နဲ့မှ သွားကြိုက်ရတယ်လို့ သူအံ့သြမိသည်။ ဘယ်လိုကောင်စားမျိုးလဲ ဆိုတာလည်း သူ သေချာပြောပြထားပြီးသား ဒီကောင်ကိုက သွားပတ်သတ်တာ။

(ဗုန်း! ခွမ်း!  )

" ဟမ် "

နေခအနားက ပျောက်သွား၍ လက်လျော့လိုက်ပြီထင်တာ နောက်တစ်ခုလသွားဖျက်ဆီးပစ်နေပြန်ပြီ။ သူသွားကြည့်လိုက်တော့ သူ့အမေကိုယ်တိုင်မြတ်နိုးလွန်းလို့ ဝယ်စုထားတဲ့ ပန်းချိီကားနှစ်ချပ်မှာ အစိပ်စိပ်အမွှာမွှာ ဖြစ်နေသည်။

" နေခ မင်းဘာလုပ်လိုက်တာလဲ မင်းအမေပြန်လာရင်တော့ ငါ့သတ်တော့မှာပဲ "

" ငါ့ကို လိုက်ပို့ပေးမှာလား မပေးဘူးလား လိုက်မပို့ပေးရင် ဒီဟာတွေ မင်းခွဲတာလို့ မားကို တိုင်လိုက်မယ် "

" ဟင် နေခမင်းမြတ် မင်း မင်း ရူးသွားပြီလား ဟာ..."

" ဘယ်လိုသဘောရလဲ "

ဒီအရူးကို ဟိုကောင်က ဘယ်လိုများ ပြုစားထားလဲမသိ။ သူ့ဘဝက စုပ်လည်း စူး၊ စားလည်း ရူးဆိုသလို ဖြစ်နေပြီ။ နောက်ဆုံးတော့လည်း သူ့အကြိုက်လိုက်၍ ခက်ဇော် ပို့ပေးရတော့မည်။

" မနက်ဖြန် အန်တီ ပဲခူးသွားမယ်လို့ ပြောတယ် မင်းကို ငါလိုက်ပို့မယ် အခုတော့ မဖြစ်ဘူး ခဏနေ အန်တီပြန်လာတော့မှာ "

" အိုကေ အစထဲက အဲ့လိုပို့ပေးလိုက်ရင် ပြီးနေတာကို ပလ္လင်ခံနေသေးတယ် ဒါတွေ မင်းပဲ ကြည့်ရှင်းလိုက်တော့ "

အကွဲအကြေတွေကြားမှာ သူ့ကို ထားခဲ့ပြီး ထွက်သွားသည်။

~~~~~~

စက္က ညနေကျရင် အမေ့အိမ်သွားရမှာဆိုတော့ ရင်ခုန်နေသည်။ သူတစ်ယောက်တည်းသွားရမှာ ကြောက်၍ ဟန်လင်းညိုက အဖော်လိုက်ပေးမည်ဟု ဆိုသည်။

" ဒါနဲ့ မင်းအမေက ဘာလို့ ဒီစာရင်းတွေ ရုတ်တရက်လိုနေတာလဲ "

" ကျွန်တော်လည်း မခန့်မှန်းတတ်ဘူးလေ "

" ကောင်းရော "

အမေ့အိမ်ရောက်တော့ သူခမ်းနားလှသော အိမ်ကြီးကို ဝေ့ဝဲကြည့်မိသည်။ အမေက အရမ်းချမ်းသာတာပဲလား။ အစ်ကိုကတော့ သူရောက်ဖူးနေကျအိမ်မို့ သူ့အတွက် ဘာမှမထူးဆန်း စက္ကကသာ မျက်လုံးကစားနေတာ။

" အော် မင်းရောက်နေပြီပဲ ဟင် "

အမေက သူ့အရှေ့ဝင်ထိုင်ရင်း အစ်ကို့ကို တွေ့တော့ အံ့သြသွားသည်။

" ဒေါက်တာက ဘယ်လိုလုပ် "

" စက္ကနဲ့ ကျွန်တော်က ရင်းနှီးပါတယ် အဲ့ဒါကြောင့် အန်တီတို့အိမ်လာမယ်ဆိုတော့ ကျွန်တော်လည်း အဖော်လိုက်လာတာ "

"အော်... ဒါနဲ့ ငါမှာလိုက်တာ ပါလား"

" ဟုတ်ကဲ့ ဒီမှာပါ "

စာရွက်စာတမ်းတွေ ထည့်ထားတဲ့ဖိုင်ကို အမေ့ရှေ့တိုးပေးလိုက်သည်။ အမေက ဖွင့်ကြည့်ပြီးမှ ခေါင်းညိတ်ပြသည်။

" ဟာ ကိုကြီးနဲ့ ဒေါက်တာပါလား "

" ညီလေး "

နေခက အမေ့ဘေးဝင်ထိုင်တော့ စက္ကပြုံးလိုက်သည်။ ညီလေးကို အမေနဲ့ ဒီလိုအတူတွေ့ရတာ သူစိတ်ချမ်းသာသလို ညီလေးရဲ့ ဘဝပေးကုသိုလ်ကံကိုလည်း အားကျမိသေးသည်။ အစ်ကိုက သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

" ကိုကြီးကို မေးရဦးမယ် မောင်နေကောင်းရဲ့လား ဘာတွေလုပ်နေလဲ "

" နေခ! "

ဒေါ်မေခ ဒေါသထွက်သွားသည်။ စက္ကကလည်း အမေ့ရှေ့မှာတင် ထက်ဦးခန့်အကြောင်းထုတ်မေးခံရ၍ အံ့သြသွားမိသည်။ အမေက ညီလေးရဲ့ လက်နှစ်ဖက်ကို ဆွဲညှစ်သည်။ ညီလေးကတော့ ဆူပုတ်ပုတ်ဖြင့် ။

" မောင့်ကို ပြန်ပြောပေးပါဦး နေခကို မားက ဖမ်းထားလို့ မောင့်ကို လာမတွေ့နိုင်တာလို့ လွမ်းနေပါတယ်လို့ မောင်စိတ်ဆိုးနေမှာ စိုးလို့ "

"နေခမင်းမြတ် ! "

အမေ အတော်ဒေါသထွက်နေပြီ။ ညီလေးကလည်း အရိပ်အကဲမသိတာလား။ တမင်ပင် အရွဲ့တိုက်နေလေသလား။

" နင် အဲ့အကောင်ကို တော်တော်ချစ်နေတာလား နေခမင်းမြတ် ! "

နေခ မားအတင်းဆုပ်ကိုင်ထားတဲ့ လက်ကို ရုန်းလိုက်ပြီး မားအနားက ထလိုက်သည်။

" ချစ်တယ် ချစ်တယ် မောင့်ကို သိပ်ချစ်တယ် ! နေခမင်းမြတ်က ထက်ဦးခန့်ကို သိပ်ချစ်တယ် ! မားသိထားလိုက် အဲ့တာ "

ထို့နောက် နေခ မားတို့ရှိနေရာက ကျောခိုင်းထွက်ခဲ့သည်။

စက္ကကြည့်နေရင်း အမေ့ရဲ့သွေးတွေ ပွက်ပွက်ဆူနေပြီဆိုတာ သိသည်။ သူတို့ရှေ့မှာမို့  အမေပိုရှက်ပြီး ဒေါသပိုထွက်နေလိမ့်မည်။

" ဟို အန်တီ မနက်ဖြန် ပဲခူးက ပွဲကို အမေတို့နဲ့ လိုက်မှာလား "

မတည်မငြိမ်ဖြစ်နေသော အခြေအနေကို ဟန်လင်းညိုက ဝင်ထိန်းသည်။ ဒေါ်မေခ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြသည်။

" လိုက်ရမှာပေါ့ ဒေါက်တာ့ရဲ့အဖေက အန်တီကိုရော မမနိုင်ကိုရော အပါခေါ်နေတာလေ "

" ဟုတ်တာပေါ့ အဖေက အဲ့လိုပဲ "

" ဒေါက်တာ့ကိုလည်း ဒေါက်တာ့ယောက္ခမက အပါခေါ်သေးတယ်မလား "

" ဟုတ်ကဲ့ "

ဟန်လင်းညို ရယ်ရင်း ဖြေလိုက်သည်။ အချိန်ခဏလေးအတွင်း စက္က မိမိကိုယ်ကိုယ် ပျောက်ကွယ်သွားသကဲ့သို့ ခံစားရသည်။

" ငယ်ငယ်တုန်းကဆို အန်တီရယ် မမနိုင်ရယ် နောက်ပြီး နွယ့်ရဲ့ အမေရယ်ကို ဒေါက်တာ့အဖေက ဘယ်သွားသွားအပါခေါ်တာ သူငယ်ချင်းတွေ စုစုရုံးရုံးနဲ့ သိပ်ပျော်စရာကောင်းတယ် "

အမေက ပြောပြီး ပြုံးနေလေသည်။ အစ်ကိုကလည်း အမေပြောသမျှကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေခဲ့သည်။ နားမလည်နိုင်သူ စက္ကမှာသာ သူတို့စကားဝိုင်းထဲ မျက်စိကလယ်ကလယ်ဖြင့် ။

" ဒါနဲ့ နွယ်လေးရော နေကောင်းရဲ့လား "

" ဗျာ ဟို "

" ဒေါက်တာတို့ မတွေ့ဖြစ်ကြဘူးလား "

" ဟုတ်ကဲ့ ကျွန်တော်လည်း မအားတာနဲ့ပဲ "

အစ်ကိုက ရယ်ကျဲကျဲဖြင့် ဖြေတော့ အမေက သူ့ဘက်ကို တစ်ချက်လှမ်းကြည့်ပြီး အစ်ကို့ကို ပြန်ပြောသည်။

" ဒေါက်တာရယ် ဒေါက်တာ့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အလကားအကျိုးမရှိတဲ့လူတွေနဲ့ မဖြုန်းပစ်ပါနဲ့ ကိုယ့်ဇနီးလောင်းလေးအတွက် အချိန်ပေးသင့်တယ် "

" ဗျာ... "

အစ်ကိုလည်း ဆိုလိုရင်းကို နားလည်သွားပုံပင် စက္ကကို အားနာသလိုလှမ်းကြည့်သည်။ စက္က မျက်နှာလွှဲလိုက်သည်။

" အန်တီ့အတွက် အကျိုးမရှိတဲ့လူတစ်ယောက်က ကျွန်တော့်အတွက် တန်ဖိုးရှိတဲ့ လူတစ်ယောက်လည်း ဖြစ်နိုင်တာပဲလေ နွယ်က ကျွန်တော်အချိန်တန်ရင် လက်ထပ်ရမဲ့ မိန်းကလေးပဲ သူအခုချိန်မှာ လွတ်လွတ်လပ်လပ်နေနိုင်အောင် ကျွန်တော်အချိန်ပေးထားတာပါ "

အစ်ကိုက စကားကိုလှအောင်ပြော၍ ခွင့်ပြုပါဦးဟုဆိုပြီး စက္ကရဲ့ လက်ကို ဆွဲခေါ်သွားသည်။ အမေ ဘာဖြစ်ပြီးကျန်ခဲ့မလဲ တွေးပင်မကြည့်ရဲပါ။

ဒီရက်ပိုင်း ဒေါ်မေခ ဘာတစ်ခုမှ စိတ်တိုင်းကျမဖြစ်ပါ။ ဒေါက်တာ့ကိုပဲ ကြည့်တော့ သူ့သားလို ဖြစ်မှာဆိုး၍ တားနေတဲ့ကြားက ဒီကောင်လေးကို ကာကွယ်ပေးသွားသေးသည်။ စက္ကနဲ့ ထက်ဦးခန့်က သူ့ကို အတော်စိတ်အနှောက်အယှက်ပေးနိုင်လွန်းသည်။

စက္ကပေးခဲ့သော အလုပ်သမားဦးရေ စာရင်းကို ဒေါ်မေခကြည့်နေသည်။ မိန်းကလေးဝန်ထမ်းတွေရဲ့ ကိုယ်ရေးအကျဥ်းကို ကြည့်ရန်မလို ယောကျ်ားလေးဝန်ထမ်းတွေပဲ ရွေးကြည့်ရသည်။

" ဒီစာရင်းက အကုန်ပဲလား "

" မဖြစ်နိုင်တာ ဒီမှာပါတဲ့ ယောကျ်ားလေးတွေရဲ့ ဖခင်နာမည်တွေမှာ ဦးမင်းမြတ်နာမည်တစ်လုံးမှ မပါဘူး မွေးသက္ကရာဇ်တွေကလည်း မဟုတ်သေးပါဘူး "

" ဦးမင်းမြတ် ငါ့ကို လိမ်လိုက်တာလား သားကို ပြန်ခေါ်မှာဆိုးလို့ "

ဒေါ်မေခ တစ်ယောက်တည်းခေါင်းချောက် နေသည်။ မနေနိုင်တဲ့ အဆုံး ဦးမင်းမြတ်ကို ဖုန်း​ကောက်ဆက်လိုက်သည်။

တူ...တူ...

" ဟယ်လို "

" မေ ဘာလို့လဲ "

" ရှင် ကျွန်မကို လိမ်နေတာလား သားအဲ့မှာ တကယ်မရှိပါဘူး "

" ဟာ မေရာ ကိုယ်မလိမ်ပါဘူး သားက အဲ့မှာ သီချင်းဆိုတာလေ "

" ဘာ ! သီချင်းဆိုတယ် "

" အင်း အဲ့က..."

ဦးမင်းမြတ်ရဲ့ စကားကို ဆုံးအောင် နားမထောင်နိုင်တော့ဘဲ ဒေါ်မေခ ဖုန်းပြန်ချလိုက်ပြီး ချက်ချင်း စက္ကကို လှမ်းခေါ်သည်။

တူ...

" ဟယ်လို အန်တီ "

" ငါ့ကို ပြောစမ်း မင်းငါ့ကို ပေးတဲ့ စာရင်းတွေထဲမှာ သီချင်းဆိုတဲ့လူတွေရဲ့ စာရင်းမပါဘူး "

" ဗျာ အန်တီ အကုန်ပါပါတယ်ဗျ ကောင်မလေးတွေရဲ့ နာမည်တွေရော နေရပ်လိပ်စာတွေပါ ပါတယ် "

" ငါပြောတာ ကောင်မလေး မဟုတ်ဘူး ကောင်လေး "

" အော်... ဆိုင်မှာ ပင်တိုင် သီချင်းဆိုတာက ထက်ဦးခန့်တစ်ယောက်ပဲ ရှိတာ  အန်တီလိုလိုပိုပို ထက်ဦးခန့်ရဲ့ အကြောင်းတွေပါ ထည့်ပေးထားတယ်လေ တစ်ခါတလေတော့ အပြင်က အဆိုတော်တွေ အပျင်းပြေလာဆိုတာတော့ ရှိတယ် "

ဒေါ်မေခရဲ့ စိတ်တွေ အရမ်းလှုပ်ရှားနေသည်။ ဖုန်းကိုင်ထားတဲ့ လက်တွေကလည်း တုန်ရင်နေသည်။

" မဖြစ်နိုင်ဘူး ထက်ဦးခန့်ရဲ့ အကြောင်းလည်း ငါဖတ်ပြီးပြီ တခြားဆိုတဲ့ သူမရှိတော့ဘူးလား "

"အင်း.... ဟားဟား အန်တီရယ် ကျွန်တော်လည်း တစ်ခါတလေတော့ဆိုတယ်လေ "

" ဘာ !  "

" အန်တီ ဘာဖြစ်လို့လဲဟင် "

ဒေါ်မေခရဲ့ လက်ထဲက ဖုန်းလေး လွတ်ကျသွားခဲ့သည်။

" မဖြစ်နိုင်တာ စက္ကက ငါ့သားလည်း မဖြစ်နိုင်ပါဘူး နောက်ပြီး သူ့ပုံစံက နည်းနည်း "

ဒေါ်မေခ မျက်လုံးတွေ မှေးကျဥ်းသွားသည်။ ဦးမင်းမြတ်ရဲ့ ငယ်ငယ်တုန်းက လမ်းသရဲ ပုံစံ ဝတ်စားဆင်ယင်မှုကို ပြန်မြင်ယောင်လာသည်။ စက္ကနဲ့ အတော်တူနေခဲ့တာပဲ။

" ဒါပေမဲ့ စက္က... စက္က.. စက္ကရဲ့ နာမည်အရင်းက ဘယ်သူလဲ ငါ့သားရဲ့နာမည်ကို ငါ စက်သော်ကလို့ ပေးခဲ့တာလေ "

တူ...တူ....

" ဟယ်လို ဦးမင်းမြတ် "

" မေ ဘာတွေဖြစ်နေတာလဲ "

" ရှင် ကျွန်မမေးတာဖြေ သားရဲ့ နာမည်ကို ပြောင်းခဲ့သေးလား "

"ဟူးးး "

ဦးမင်းမြတ်ရဲ့ သက်ပြင်းချလိုက်သံကြောင့် ဒေါ်မေခမျက်ရည်တွေ စီးကျလာခဲ့သည်။

" အင်း စက်သော်ကဆိုတဲ့ နာမည်ကို ကိုယ်ပြောင်းလိုက်တာ စက္ကမင်းမြတ်လို့ သားငယ်ကို မင်းကိုယ်ဝန်လွယ်တုန်းက နေခမင်းမြတ်ဆိုတဲ့ နာမည်လေးပေးမယ်လို့ မင်းပြောဖူးတယ်လေ အဲ့တာကြောင့် ညီအစ်ကိုနှစ်ယောက်နာမည်တူအောင်လို့ ကျောင်းအပ်တော့ ကိုယ်ပြောင်းပေးခဲ့တယ် "

ဒေါ်မေခ အသံပင်မထွက်နိုင်လောက်အောင် ကြမ်းပြင်ပေါ်  ဒူးထောက်ကျပြီး တသိမ့်သိမ့်ရှိုက်ငို၏။

ငါ ဘယ်လိုတောင် သားအပေါ် ရက်စက်ခဲ့တာလဲ။ ငါက ဘယ်လောက်တောင် ယုတ်မာလိုက်တဲ့ မိခင်လဲ။ တစ်ချိန်လုံး ငါက ကိုယ့်သားကိုယ်အထင်သေးတဲ့ အကြည့်တွေနဲ့ ကိုယ်တိုင် နှိမ့်ချနေခဲ့တာလား။

(Zawgyi)

ေနခမင္းျမတ္ အိမ္ထဲ၌ ပိတ္ခံထားရ၍ ေသာင္းက်န္းေနသည္။ ခက္ေဇာ္လည္း တားလို႔မရ။ ပန္းအိုးေတြေရာ ၊ ဖန္ခြက္ေတြပါ ႐ိုက္ခြဲေနေတာ့သည္။ အခ်ိန္တိုင္းေကြၽးသမွ် အစားအေသာက္ကို စားၿပီးလွ်င္ ဖ်က္ဆီးေရးအလုပ္ကို စတင္သည္။ သူ႔အိပ္ခန္းတစ္ခန္းလုံးလည္း ရစရာကိုမရွိ။ မီးဖိုေခ်ာင္ထဲက ပုကန္ေတြ အထပ္လိုက္ကို အားရပါးရခြဲေနတာ။ အဲ့တာၿပီးရင္ ၿခံထဲရွိ ပန္းအိုးေတြေရာ ၾကာရင္ သူ႔အေမ မြဲကိန္းျမင္သည္။

" ခက္ေဇာ္ ငါ့ကို အခုေမာင့္ဆီ ပို႔ေပးပါ"

" ေနခ ငါမင္းကို ကူညီေပးခ်င္ေပမယ့္ ငါ မင္းအေမကို ငါ့အေမထက္ေၾကာက္ရတယ္ဟ "

" မရဘူးကြာ ငါ့ကို ေမာင့္ဆီ ပို႔ေပး မပို႔ေပးရင္ မင္း ငါနဲ႔ မေပါင္းနဲ႔ေတာ့ "

"ေျပာရမခက္နဲ႔ ေနခ လိုက္မပို႔ေပးႏိုင္ဘူး "

ကိုယ့္သူငယ္ခ်င္းရဲ႕ လင္ဒါ႐ူးလယ္ဗယ္က အရမ္းျမင့္ေနတာ သိေပမယ့္လည္း လိုက္ပို႔လိုက္လို႔မရ။ ေဒၚေမခကို သူအလြန္ေၾကာက္ရသည္။ ဟိုေကာင္နဲ႔မွ သြားႀကိဳက္ရတယ္လို႔ သူအံ့ၾသမိသည္။ ဘယ္လိုေကာင္စားမ်ိဳးလဲ ဆိုတာလည္း သူ ေသခ်ာေျပာျပထားၿပီးသား ဒီေကာင္ကိုက သြားပတ္သတ္တာ။

(ဗုန္း! ခြမ္း!  )

" ဟမ္ "

ေနခအနားက ေပ်ာက္သြား၍ လက္ေလ်ာ့လိုက္ၿပီထင္တာ ေနာက္တစ္ခုလသြားဖ်က္ဆီးပစ္ေနျပန္ၿပီ။ သူသြားၾကည့္လိုက္ေတာ့ သူ႔အေမကိုယ္တိုင္ျမတ္ႏိုးလြန္းလို႔ ဝယ္စုထားတဲ့ ပန္းခ်ိီကားႏွစ္ခ်ပ္မွာ အစိပ္စိပ္အမႊာမႊာ ျဖစ္ေနသည္။

" ေနခ မင္းဘာလုပ္လိုက္တာလဲ မင္းအေမျပန္လာရင္ေတာ့ ငါ့သတ္ေတာ့မွာပဲ "

" ငါ့ကို လိုက္ပို႔ေပးမွာလား မေပးဘူးလား လိုက္မပို႔ေပးရင္ ဒီဟာေတြ မင္းခြဲတာလို႔ မားကို တိုင္လိုက္မယ္ "

" ဟင္ ေနခမင္းျမတ္ မင္း မင္း ႐ူးသြားၿပီလား ဟာ..."

" ဘယ္လိုသေဘာရလဲ "

ဒီအ႐ူးကို ဟိုေကာင္က ဘယ္လိုမ်ား ျပဳစားထားလဲမသိ။ သူ႔ဘဝက စုပ္လည္း စူး၊ စားလည္း ႐ူးဆိုသလို ျဖစ္ေနၿပီ။ ေနာက္ဆုံးေတာ့လည္း သူ႔အႀကိဳက္လိုက္၍ ခက္ေဇာ္ ပို႔ေပးရေတာ့မည္။

" မနက္ျဖန္ အန္တီ ပဲခူးသြားမယ္လို႔ ေျပာတယ္ မင္းကို ငါလိုက္ပို႔မယ္ အခုေတာ့ မျဖစ္ဘူး ခဏေန အန္တီျပန္လာေတာ့မွာ "

" အိုေက အစထဲက အဲ့လိုပို႔ေပးလိုက္ရင္ ၿပီးေနတာကို ပလႅင္ခံေနေသးတယ္ ဒါေတြ မင္းပဲ ၾကည့္ရွင္းလိုက္ေတာ့ "

အကြဲအေၾကေတြၾကားမွာ သူ႔ကို ထားခဲ့ၿပီး ထြက္သြားသည္။

~~~~~~

စကၠ ညေနက်ရင္ အေမ့အိမ္သြားရမွာဆိုေတာ့ ရင္ခုန္ေနသည္။ သူတစ္ေယာက္တည္းသြားရမွာ ေၾကာက္၍ ဟန္လင္းညိဳက အေဖာ္လိုက္ေပးမည္ဟု ဆိုသည္။

" ဒါနဲ႔ မင္းအေမက ဘာလို႔ ဒီစာရင္းေတြ ႐ုတ္တရက္လိုေနတာလဲ "

" ကြၽန္ေတာ္လည္း မခန္႔မွန္းတတ္ဘူးေလ "

" ေကာင္းေရာ "

အေမ့အိမ္ေရာက္ေတာ့ သူခမ္းနားလွေသာ အိမ္ႀကီးကို ေဝ့ဝဲၾကည့္မိသည္။ အေမက အရမ္းခ်မ္းသာတာပဲလား။ အစ္ကိုကေတာ့ သူေရာက္ဖူးေနက်အိမ္မို႔ သူ႔အတြက္ ဘာမွမထူးဆန္း စကၠကသာ မ်က္လုံးကစားေနတာ။

" ေအာ္ မင္းေရာက္ေနၿပီပဲ ဟင္ "

အေမက သူ႔အေရွ႕ဝင္ထိုင္ရင္း အစ္ကို႔ကို ေတြ႕ေတာ့ အံ့ၾသသြားသည္။

" ေဒါက္တာက ဘယ္လိုလုပ္ "

" စကၠနဲ႔ ကြၽန္ေတာ္က ရင္းႏွီးပါတယ္ အဲ့ဒါေၾကာင့္ အန္တီတို႔အိမ္လာမယ္ဆိုေတာ့ ကြၽန္ေတာ္လည္း အေဖာ္လိုက္လာတာ "

"ေအာ္... ဒါနဲ႔ ငါမွာလိုက္တာ ပါလား"

" ဟုတ္ကဲ့ ဒီမွာပါ "

စာ႐ြက္စာတမ္းေတြ ထည့္ထားတဲ့ဖိုင္ကို အေမ့ေရွ႕တိုးေပးလိုက္သည္။ အေမက ဖြင့္ၾကည့္ၿပီးမွ ေခါင္းညိတ္ျပသည္။

" ဟာ ကိုႀကီးနဲ႔ ေဒါက္တာပါလား "

" ညီေလး "

ေနခက အေမ့ေဘးဝင္ထိုင္ေတာ့ စကၠၿပဳံးလိုက္သည္။ ညီေလးကို အေမနဲ႔ ဒီလိုအတူေတြ႕ရတာ သူစိတ္ခ်မ္းသာသလို ညီေလးရဲ႕ ဘဝေပးကုသိုလ္ကံကိုလည္း အားက်မိေသးသည္။ အစ္ကိုက သူ႔လက္တစ္ဖက္ကို ဆုပ္ကိုင္လိုက္သည္။

" ကိုႀကီးကို ေမးရဦးမယ္ ေမာင္ေနေကာင္းရဲ႕လား ဘာေတြလုပ္ေနလဲ "

" ေနခ! "

ေဒၚေမခ ေဒါသထြက္သြားသည္။ စကၠကလည္း အေမ့ေရွ႕မွာတင္ ထက္ဦးခန္႔အေၾကာင္းထုတ္ေမးခံရ၍ အံ့ၾသသြားမိသည္။ အေမက ညီေလးရဲ႕ လက္ႏွစ္ဖက္ကို ဆြဲညႇစ္သည္။ ညီေလးကေတာ့ ဆူပုတ္ပုတ္ျဖင့္ ။

" ေမာင့္ကို ျပန္ေျပာေပးပါဦး ေနခကို မားက ဖမ္းထားလို႔ ေမာင့္ကို လာမေတြ႕ႏိုင္တာလို႔ လြမ္းေနပါတယ္လို႔ ေမာင္စိတ္ဆိုးေနမွာ စိုးလို႔ "

"ေနခမင္းျမတ္ ! "

အေမ အေတာ္ေဒါသထြက္ေနၿပီ။ ညီေလးကလည္း အရိပ္အကဲမသိတာလား။ တမင္ပင္ အ႐ြဲ႕တိုက္ေနေလသလား။

" နင္ အဲ့အေကာင္ကို ေတာ္ေတာ္ခ်စ္ေနတာလား ေနခမင္းျမတ္ ! "

ေနခ မားအတင္းဆုပ္ကိုင္ထားတဲ့ လက္ကို ႐ုန္းလိုက္ၿပီး မားအနားက ထလိုက္သည္။

" ခ်စ္တယ္ ခ်စ္တယ္ ေမာင့္ကို သိပ္ခ်စ္တယ္ ! ေနခမင္းျမတ္က ထက္ဦးခန္႔ကို သိပ္ခ်စ္တယ္ ! မားသိထားလိုက္ အဲ့တာ "

ထို႔ေနာက္ ေနခ မားတို႔ရွိေနရာက ေက်ာခိုင္းထြက္ခဲ့သည္။

စကၠၾကည့္ေနရင္း အေမ့ရဲ႕ေသြးေတြ ပြက္ပြက္ဆူေနၿပီဆိုတာ သိသည္။ သူတို႔ေရွ႕မွာမို႔  အေမပိုရွက္ၿပီး ေဒါသပိုထြက္ေနလိမ့္မည္။

" ဟို အန္တီ မနက္ျဖန္ ပဲခူးက ပြဲကို အေမတို႔နဲ႔ လိုက္မွာလား "

မတည္မၿငိမ္ျဖစ္ေနေသာ အေျခအေနကို ဟန္လင္းညိဳက ဝင္ထိန္းသည္။ ေဒၚေမခ ၿပဳံးလိုက္ၿပီး ေခါင္းညိတ္ျပသည္။

" လိုက္ရမွာေပါ့ ေဒါက္တာ့ရဲ႕အေဖက အန္တီကိုေရာ မမႏိုင္ကိုေရာ အပါေခၚေနတာေလ "

" ဟုတ္တာေပါ့ အေဖက အဲ့လိုပဲ "

" ေဒါက္တာ့ကိုလည္း ေဒါက္တာ့ေယာကၡမက အပါေခၚေသးတယ္မလား "

" ဟုတ္ကဲ့ "

ဟန္လင္းညိဳ ရယ္ရင္း ေျဖလိုက္သည္။ အခ်ိန္ခဏေလးအတြင္း စကၠ မိမိကိုယ္ကိုယ္ ေပ်ာက္ကြယ္သြားသကဲ့သို႔ ခံစားရသည္။

" ငယ္ငယ္တုန္းကဆို အန္တီရယ္ မမႏိုင္ရယ္ ေနာက္ၿပီး ႏြယ့္ရဲ႕ အေမရယ္ကို ေဒါက္တာ့အေဖက ဘယ္သြားသြားအပါေခၚတာ သူငယ္ခ်င္းေတြ စုစု႐ုံး႐ုံးနဲ႔ သိပ္ေပ်ာ္စရာေကာင္းတယ္ "

အေမက ေျပာၿပီး ၿပဳံးေနေလသည္။ အစ္ကိုကလည္း အေမေျပာသမွ်ကို ေခါင္းတညိတ္ညိတ္ျဖင့္ နားေထာင္ေနခဲ့သည္။ နားမလည္ႏိုင္သူ စကၠမွာသာ သူတို႔စကားဝိုင္းထဲ မ်က္စိကလယ္ကလယ္ျဖင့္ ။

" ဒါနဲ႔ ႏြယ္ေလးေရာ ေနေကာင္းရဲ႕လား "

" ဗ်ာ ဟို "

" ေဒါက္တာတို႔ မေတြ႕ျဖစ္ၾကဘူးလား "

" ဟုတ္ကဲ့ ကြၽန္ေတာ္လည္း မအားတာနဲ႔ပဲ "

အစ္ကိုက ရယ္က်ဲက်ဲျဖင့္ ေျဖေတာ့ အေမက သူ႔ဘက္ကို တစ္ခ်က္လွမ္းၾကည့္ၿပီး အစ္ကို႔ကို ျပန္ေျပာသည္။

" ေဒါက္တာရယ္ ေဒါက္တာ့ရဲ႕ တန္ဖိုးရွိတဲ့အခ်ိန္ေတြကို အလကားအက်ိဳးမရွိတဲ့လူေတြနဲ႔ မျဖဳန္းပစ္ပါနဲ႔ ကိုယ့္ဇနီးေလာင္းေလးအတြက္ အခ်ိန္ေပးသင့္တယ္ "

" ဗ်ာ... "

အစ္ကိုလည္း ဆိုလိုရင္းကို နားလည္သြားပုံပင္ စကၠကို အားနာသလိုလွမ္းၾကည့္သည္။ စကၠ မ်က္ႏွာလႊဲလိုက္သည္။

" အန္တီ့အတြက္ အက်ိဳးမရွိတဲ့လူတစ္ေယာက္က ကြၽန္ေတာ့္အတြက္ တန္ဖိုးရွိတဲ့ လူတစ္ေယာက္လည္း ျဖစ္ႏိုင္တာပဲေလ ႏြယ္က ကြၽန္ေတာ္အခ်ိန္တန္ရင္ လက္ထပ္ရမဲ့ မိန္းကေလးပဲ သူအခုခ်ိန္မွာ လြတ္လြတ္လပ္လပ္ေနႏိုင္ေအာင္ ကြၽန္ေတာ္အခ်ိန္ေပးထားတာပါ "

အစ္ကိုက စကားကိုလွေအာင္ေျပာ၍ ခြင့္ျပဳပါဦးဟုဆိုၿပီး စကၠရဲ႕ လက္ကို ဆြဲေခၚသြားသည္။ အေမ ဘာျဖစ္ၿပီးက်န္ခဲ့မလဲ ေတြးပင္မၾကည့္ရဲပါ။

ဒီရက္ပိုင္း ေဒၚေမခ ဘာတစ္ခုမွ စိတ္တိုင္းက်မျဖစ္ပါ။ ေဒါက္တာ့ကိုပဲ ၾကည့္ေတာ့ သူ႔သားလို ျဖစ္မွာဆိုး၍ တားေနတဲ့ၾကားက ဒီေကာင္ေလးကို ကာကြယ္ေပးသြားေသးသည္။ စကၠနဲ႔ ထက္ဦးခန္႔က သူ႔ကို အေတာ္စိတ္အေႏွာက္အယွက္ေပးႏိုင္လြန္းသည္။

စကၠေပးခဲ့ေသာ အလုပ္သမားဦးေရ စာရင္းကို ေဒၚေမခၾကည့္ေနသည္။ မိန္းကေလးဝန္ထမ္းေတြရဲ႕ ကိုယ္ေရးအက်ဥ္းကို ၾကည့္ရန္မလို ေယာက်္ားေလးဝန္ထမ္းေတြပဲ ေ႐ြးၾကည့္ရသည္။

" ဒီစာရင္းက အကုန္ပဲလား "

" မျဖစ္ႏိုင္တာ ဒီမွာပါတဲ့ ေယာက်္ားေလးေတြရဲ႕ ဖခင္နာမည္ေတြမွာ ဦးမင္းျမတ္နာမည္တစ္လုံးမွ မပါဘူး ေမြးသကၠရာဇ္ေတြကလည္း မဟုတ္ေသးပါဘူး "

" ဦးမင္းျမတ္ ငါ့ကို လိမ္လိုက္တာလား သားကို ျပန္ေခၚမွာဆိုးလို႔ "

ေဒၚေမခ တစ္ေယာက္တည္းေခါင္းေခ်ာက္ ေနသည္။ မေနႏိုင္တဲ့ အဆုံး ဦးမင္းျမတ္ကို ဖုန္း​ေကာက္ဆက္လိုက္သည္။

တူ...တူ...

" ဟယ္လို "

" ေမ ဘာလို႔လဲ "

" ရွင္ ကြၽန္မကို လိမ္ေနတာလား သားအဲ့မွာ တကယ္မရွိပါဘူး "

" ဟာ ေမရာ ကိုယ္မလိမ္ပါဘူး သားက အဲ့မွာ သီခ်င္းဆိုတာေလ "

" ဘာ ! သီခ်င္းဆိုတယ္ "

" အင္း အဲ့က..."

ဦးမင္းျမတ္ရဲ႕ စကားကို ဆုံးေအာင္ နားမေထာင္ႏိုင္ေတာ့ဘဲ ေဒၚေမခ ဖုန္းျပန္ခ်လိုက္ၿပီး ခ်က္ခ်င္း စကၠကို လွမ္းေခၚသည္။

တူ...

" ဟယ္လို အန္တီ "

" ငါ့ကို ေျပာစမ္း မင္းငါ့ကို ေပးတဲ့ စာရင္းေတြထဲမွာ သီခ်င္းဆိုတဲ့လူေတြရဲ႕ စာရင္းမပါဘူး "

" ဗ်ာ အန္တီ အကုန္ပါပါတယ္ဗ် ေကာင္မေလးေတြရဲ႕ နာမည္ေတြေရာ ေနရပ္လိပ္စာေတြပါ ပါတယ္ "

" ငါေျပာတာ ေကာင္မေလး မဟုတ္ဘူး ေကာင္ေလး "

" ေအာ္... ဆိုင္မွာ ပင္တိုင္ သီခ်င္းဆိုတာက ထက္ဦးခန္႔တစ္ေယာက္ပဲ ရွိတာ  အန္တီလိုလိုပိုပို ထက္ဦးခန္႔ရဲ႕ အေၾကာင္းေတြပါ ထည့္ေပးထားတယ္ေလ တစ္ခါတေလေတာ့ အျပင္က အဆိုေတာ္ေတြ အပ်င္းေျပလာဆိုတာေတာ့ ရွိတယ္ "

ေဒၚေမခရဲ႕ စိတ္ေတြ အရမ္းလႈပ္ရွားေနသည္။ ဖုန္းကိုင္ထားတဲ့ လက္ေတြကလည္း တုန္ရင္ေနသည္။

" မျဖစ္ႏိုင္ဘူး ထက္ဦးခန္႔ရဲ႕ အေၾကာင္းလည္း ငါဖတ္ၿပီးၿပီ တျခားဆိုတဲ့ သူမရွိေတာ့ဘူးလား "

"အင္း.... ဟားဟား အန္တီရယ္ ကြၽန္ေတာ္လည္း တစ္ခါတေလေတာ့ဆိုတယ္ေလ "

" ဘာ !  "

" အန္တီ ဘာျဖစ္လို႔လဲဟင္ "

ေဒၚေမခရဲ႕ လက္ထဲက ဖုန္းေလး လြတ္က်သြားခဲ့သည္။

" မျဖစ္ႏိုင္တာ စကၠက ငါ့သားလည္း မျဖစ္ႏိုင္ပါဘူး ေနာက္ၿပီး သူ႔ပုံစံက နည္းနည္း "

ေဒၚေမခ မ်က္လုံးေတြ ေမွးက်ဥ္းသြားသည္။ ဦးမင္းျမတ္ရဲ႕ ငယ္ငယ္တုန္းက လမ္းသရဲ ပုံစံ ဝတ္စားဆင္ယင္မႈကို ျပန္ျမင္ေယာင္လာသည္။ စကၠနဲ႔ အေတာ္တူေနခဲ့တာပဲ။

" ဒါေပမဲ့ စကၠ... စကၠ.. စကၠရဲ႕ နာမည္အရင္းက ဘယ္သူလဲ ငါ့သားရဲ႕နာမည္ကို ငါ စက္ေသာ္ကလို႔ ေပးခဲ့တာေလ "

တူ...တူ....

" ဟယ္လို ဦးမင္းျမတ္ "

" ေမ ဘာေတြျဖစ္ေနတာလဲ "

" ရွင္ ကြၽန္မေမးတာေျဖ သားရဲ႕ နာမည္ကို ေျပာင္းခဲ့ေသးလား "

"ဟူးးး "

ဦးမင္းျမတ္ရဲ႕ သက္ျပင္းခ်လိုက္သံေၾကာင့္ ေဒၚေမခမ်က္ရည္ေတြ စီးက်လာခဲ့သည္။

" အင္း စက္ေသာ္ကဆိုတဲ့ နာမည္ကို ကိုယ္ေျပာင္းလိုက္တာ စကၠမင္းျမတ္လို႔ သားငယ္ကို မင္းကိုယ္ဝန္လြယ္တုန္းက ေနခမင္းျမတ္ဆိုတဲ့ နာမည္ေလးေပးမယ္လို႔ မင္းေျပာဖူးတယ္ေလ အဲ့တာေၾကာင့္ ညီအစ္ကိုႏွစ္ေယာက္နာမည္တူေအာင္လို႔ ေက်ာင္းအပ္ေတာ့ ကိုယ္ေျပာင္းေပးခဲ့တယ္ "

ေဒၚေမခ အသံပင္မထြက္ႏိုင္ေလာက္ေအာင္ ၾကမ္းျပင္ေပၚ  ဒူးေထာက္က်ၿပီး တသိမ့္သိမ့္ရႈိက္ငို၏။

ငါ ဘယ္လိုေတာင္ သားအေပၚ ရက္စက္ခဲ့တာလဲ။ ငါက ဘယ္ေလာက္ေတာင္ ယုတ္မာလိုက္တဲ့ မိခင္လဲ။ တစ္ခ်ိန္လုံး ငါက ကိုယ့္သားကိုယ္အထင္ေသးတဲ့ အၾကည့္ေတြနဲ႔ ကိုယ္တိုင္ ႏွိမ့္ခ်ေနခဲ့တာလား။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі