Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-2
(Unicode)

အဲ့ဒီနေ့က အပြန်မှာ မိုးတဖွဲဖွဲကျနေခဲ့သည်။ ခက်ဇော်ကတော့ အဲ့ဒီဆိုင်အကြောင်း သူသိသလောက်ပြောပြသည်။   နေခတစ်ခါမှ မကြားဖူးတဲ့ လူတွေရဲ့ အသက်ရှင်မှုအကြောင်းရောပေါ့။

"နေခ ရောက်ပြီလေ။ ဆင်းတော့။"

"ဟေ "

ကိုယ့်အတွေးနဲ့ ကိုယ် နစ်မျောနေသူမို့ ကိုယ့်အိမ်ရှေ့ကားရပ်လိုက်ပြီမှန်းတောင် သူမသိ။

"ငူငိုင်မနေနဲ့ နေခ မင််းကို စိတ်ပေါ့ပါးအောင် ဒီလိုနေရာတွေ တမင်ခေါ်သွားတာ။  "

"အေး ငါသွားတော့မယ်။"

"နေဦး။ "

ကားတံခါးကို ဖွင့်ဖို့ ရွယ်လိုက်ပြီးမှ ခက်ဇော်အသံကြောင့် ပြန်လှည့်ကြည့်လိုက်သည်။

"ဘာလဲ။ "

"ဟို နောက်တခါမင်းအဲ့ဒီကို သွားချင်သေးလား။"

"အင်း "

"အေးပါ။ နောက်တစ်ခေါက်ပေါ့။ ကဲ သွားတော့ မင်းရဲ့မားစောင့်နေလောက်ပြီ။"

ခက်ဇော်ရဲ့ ကားလေး ခြံရှေ့က ထွက်သွားမှ သူအိမ်ထဲကို ဝင်လိုက်သည်။ သူတို့ထွက်သွားတဲ့ အချိန်နဲ့ဆို ၅နာရီခွဲလောက်မှ ပြန်ရောက်တာက သိပ်နောက်မကျဘူးမလား။

ဒီအချိန်ဆို မားက အိမ်မှာ မရှိလောက်ဘူးလေ။ မားက ညနေပိုင်းတွေမှာ သူ့ကုမ္ပဏီကို သွားနေကြ။

အိမ်ပြန်ရောက်တာနဲ့ အရင်ဆုံးလုပ်မိတာက ရေချိုးတာပဲ။ ရေချိုးခန်းထဲမှာ ရေပန်းဖွင့်ချ၍ ရေပန်းအောက်မှာ ဝင်ရပ်နေချိန်မှာ စင်ပေါ်၌ မျက်နှာသေနှင့် သီချင်းဆိုနေသော သူ့ပုံရိပ်က ခေါင်းထဲဝင်လာသည်။

"သူ့မျက်လုံးတွေက နွေဦးနဲ့ တူလိုက်တာ..."

သူ ရေချိုးခန်းက ပြန်ထွက်လာကာ အဝတ်အစား လဲနေချိန်မှာ မားဆီက ဖုန်းဝင်လာသည်။

"ဟယ်လို မား"

"အင်း သားရေ မားလေ ဒီနေ့ည မှော်ဘီဘက်မှာ night scene ရိုက်ရမှာမို့ ဒီည ပြန်မလာဖြစ်တော့ဘူး။ "

"ဗျာ "

"ဟုတ်တယ် ကလေးရေ။ ဟိုမင်းသမီးလေ နောက်ရက်ကျ သူနောက်တစ်ကားရိုက်ရမယ်ဆိုပြီး ရစ်နေလို့ ဒီနေ့ အပြီးရိုက်ပေးရမှာ "

"ဟုတ်ကဲ့ပါ။ သားအဆင်ပြေပါတယ်။"

"အင်း သား မားမရှိလည်း ထမင်းကိုစောစောစားရမယ်နော်။"

"မား သားကို စိတ်ချပါ။ "

"ok ok ဒါပဲနော် မားရဲ့ ကလေးလေး "

"ဟုတ်ကဲ့ "

မား ဖုန်းချသွားတော့မှ နေခက အဝတ်အစားလဲခြင်းကို အပြီးသတ်ကာ   အံဆွဲထဲမှာ  သိမ်းထားတာ ကြာသော ကားသော့လေးကို ထုတ်လိုက်သည်။

" ဒီနေ့ သား မားစကားကို နားမထောင်ချင်ဘူး။ ဒီနေ့တစ်ရက်တည်းပါ။"

ပထမဦးဆုံး ဒီလူ့အကြောင်းကို စိတ်ဝင်စားမိသည်။ သူနဲ့ စကားတွေပြောပြီး သူငယ်ချင်းဖြစ်ရရင် ကောင်းမှာပဲ။ သူ့ကို ထပ်တွေ့ချင်တယ်။

ဂိုဒေါင်ထဲမှာ သိမ်းထာတာ ကြာပြီ ဖြစ်သော သူ့မော်ဒယ်မြင့်ကားဖြူလေးကို မောင်းပြီး ခက်ဇော်နဲ့ အတူသွားခဲ့သော ဆိုင်လေးဆီသို့.......

ညချမ်းချိန်ဖြစ်ပေမယ့် ဆိုင်လေးက သူနဲ့ ခက်ဇော်နေ့ခင်းက လာခဲ့တဲ့ ပုံစံအတိုင်းပဲ။ လူကတော့ စည်မြဲ။
ဆိုင်လေးရဲ့ အပြင်ဘက်မှာလည်း ရောင်စုံမီးလုံးများက တလက်လက်

သူ့ပုံစံက နေ့ခင်းကလာသလို ရုပ်ဖျက်ထားတာမို့ သူ့ကို ဘယ်သူမှ အာရုံမစိုက်မိကြပါ။ ကောင်တာမှာ ထိုင်နေတဲ့ ကောင်မလေး၃ယောက်ဆီ ကပ်သွားလိုက်သည်။

"ဟို ညီမတို့ ဒီဆိုင်က ထက်ဦးခန့် ဆိုတဲ့ "

"အော် ဒီက အကိုက ဦးခန့်ကို လာရှာတာလား။ ဦးခန့်က နေ့ခင်းက သူ့အော်ဒါနဲ့ ပါသွားတယ်။ ဘာများပြောပေးရမလဲမသိဘူးရှင့်။ "

သူ ဘာများမှာခဲ့ရမှာလဲ။ ထက်ဦးခန့်ကို သူက အဝေးမှ လှမ်းမြင်ရုံသာ မြင်ခဲ့ရတာမလား။ ထက်ဦးခန့်က သူ့ကို သိတောင်သိမှာ မဟုတ်ဘူးလေ။ နောက်ပြီး သူ့ဘက်ကသာ ထက်ဦးခန့်နဲ့တွေ့ဖို့ စိတ်အားထက်သန်နေပေမယ့် ထက်ဦးခန့်က သူနဲ့ ရင်နှီးတဲ့ ဆက်ဆံရေးမျိုးမဟုတ်တော့ လက်ခံတွေ့ပါ့မလား။

"ဟော ဟိုမှာ ဦးခန့်ပြန်လာပြီ အကို "

"ဟမ် "

ကောင်မလေးအပြောကြောင့် သူအနောက်ကို လှည့်ကြည့်လိုက်တော့ သေချာပါသည်။ သူပါ နေ့ခင်းက ထွက်သွားတဲ့ အင်္ကျီနဲ့ပဲ။ သူကလည်း ဆိုင်ထဲဝင်လာပြီး နေခရှိနေရာ ကောင်တာဘက်ကို လျှောက်လာသည်။

"ဦးခန့် အတော်ပဲ။ ဒီအကိုက ဦးခန့်ကို တွေ့ချင်လို့တဲ့။"

"ဟင် "

ထက်ဦးခန့်က သူ့ဘက်ကို လှည့်ကြည့်လာသည်။ ဦးထုပ်ကို ငိုက်ဆောင်းထားသည့်အပြင် maskပါတပ်ထားတော့ သူ့မျက်လုံးများမှ အပ တခြားအစိတ်အပိုင်းများကို မမြင်ရ။

ထက်ဦးခန့်ရဲ့ စူးရှသော မျက်လုံးကျဥ်းကျဥ်းများက သူ့ကို စိုက်ကြည့်သည်။

"ဒီကတစ်ယောက်က ကျွန်တော့်ကို ဘာကိစ္စနဲ့ တွေ့ချင်တာလဲမသိဘူး။ ကျွန်တော် ခင်ဗျားကို မမြင်ဖူးဘူး။"

"ဟို ခန စကားပြောချင်လို့ ရလား။"

တစ်ခုတည်းပေါ်လွင်နေတဲ့ သူ့မျက်လုံးများက ထက်ဦးခန့်ကို စကားပြောခွင့်ရအောင် တောင်းခံနေမှန်းသိသာသည်။

" အပြင်က ဝိုင်းမှာ ပြောကြမယ်လေ။"

ထက်ဦးခန့်က အရင် ဦးဆောင်ပြီး သူ့ကို ဆိုင်အပြင်ခေါ်ထုတ်သွားတာမို့ သူ အနောက်ကနေလိုက်သွားသည်။

" ဒီမှာ ထိုင်ပါဗျ။"

ထက်ဦးခန့်က သူ့အရှေ့က ခုံကို လက်ပြပြီး ဖိတ်ခေါ်သည်။

"ပြောလို့ရပါပြီ။"

ထက်ဦးခန့်ရှေ့မှာ ထိုင်နေရင်းနဲ့ကို သူ့အရှိန်အဝါတွေက ကျဆင်းနေသလိုပဲ။ မိမိထက် တောင့်တင်း​သော ခန္ဓာကိုယ် ကျယ်ပြန့်သော ရင်အုပ်နှင့် ဆံပင်အနက်တိုတိုတို့က သူ့ကို ပိုပြီးယောကျ်ားပီသစေသလား။ ကကြီးပုံနဖူးနဲ့ မျက်လုံးခပ်မှေးမှေးပေါ်မှာ မျက်တောင်မွှေးစိပ်စိပ်တွေက သူ့မျက်လုံးတွေကို ပိုစူးရှစေလိမ့်မည်။ နှုတ်ခမ်းထူထူတွေနဲ့ ဖြောင့်စင်းသော နှာတံ အို...စွဲဆောင်မှုရှိလိုက်တာ။

" ဟို ပြောစရာရှိတယ်ဆိုတာ။ "

မပြုံးမရယ်တတ်တဲ့ သူ့ပုံစံက သဘောကောင်းပုံရသည်။ အခုတင် မိမိရဲ့ ညိမ်နေပုံကို စိတ်ရှည်ပေးနေတယ်မလား။

ခေါင်းပေါ်က ဦးထုပ်ကို ချွတ်လိုက်တော့ စုသိမ်းထားသော ဆံပင်ငွေရောင်တွန့်တွန့်တွေက ဆင်းကျလာသည်။ maskကိုပါ တစ်ပြိုင်နက်ချွတ်လိုက်သည်။

" မင်း "

ရုတ်တရက် ဝုန်းခနဲ ထရပ်လိုက်သော သူ့ကို နေခ နားမလည်

" ဟို ထက်ဦးခန့် ခဏလေး ဘာလို့လဲ။ "

" မင်း နေခမင်းမြတ် "

" အင်း ငါ နေခမင်းမြတ်ဟုတ်တယ်။ မင်း ငါ့ကို သိတယ်လား။"

သူက နှုတ်ခမ်းကို တွန့်ရုံ မဲ့ပြုံးတပ်ဆင်လိုက်တာ မြန်လိုက်တာ။ စောနလို မိမိအပေါ် ဖော်ရွေမှုတွေ ပျောက်သွားလိုက်တာများ။

"သိတယ်လားတဲ့။ ဟက် "

ခါးထောက်ပြီး မိမိကို လောင်ရီပြနေပြန်သည်။

" ထက်ဦးခန့် ဘာလို့လဲဟင်။ ငါက စကားပြောချင်လို့။"

"မင်းလို မိုးပေါ်ကကျလာတဲ့ ရွှေမင်းသားလေးက ဘာလို့ ဒီလို စုတ်ပဲ့တဲ့နေရာကို ရောက်လာရတာလဲ ဟမ် "

မဟုတ်သေးပါဘူး။ ပထမဦးဆုံးတွေ့ဆုံမှုမှာ မိမိကို သူဘာလို့ ရန်ထမူရတာလဲ။

" ငါကလေ မင်းအကြောင်းသိချင်လို့။"

"ဟားဟားးဟားးး"

ခါးထောက်ပြီးတော့ကို မိမိကို ခါးခါးသီးသီး လှောင်ပြောင်ရယ်နေပါလား.....။

"တောင်းပန်ပါတယ်။ ငါစပ်စုသလို ဖြစ်သွားလို့လားဟမ်။ စိတ်မဆိုးပါနဲ့နော်။"

"မင်းက ငါ့အကြောင်းဘာသိချင်နေရတာလဲ။ မင်းစိတ်ဝင်စားစရာ ငါ့မှာ ဘာမှမရှိဘူး။ ငါ့ဘက်က ထပ်တောင်းပန်ပါတယ်။ ငါတို့ကို ထပ်ဒုက္ခမပေးနဲ့တော့။ "

"ထက်ဦးခန့် ငါ့ကို ဘာတွေပြောနေလဲ ငါနားမလည်တော့ဘူးနော်။ ငါ့ကို ဘာကြောင့် ရန်သူလို ဆက်ဆံနေရတာလဲ။ ငါ မင်းကို တစ်ခါမှလည်း ဒုက္ခမပေးဖူးပါဘူး။ "

"ဟားဟား မင်းက ဒုက္ခမပေးဖူးပေမယ့် ငါတို့က ဒုက္ခရောက်ခဲ့ပြီးပြီ။ ဘာလဲ အခု ငါ့ကို လာရှာတာ ငါ့အကြောင်းထက် မင်း "

လက်ညှိုးထိုးပြီးတော့ မိမိကို လှောင်သလို ကြည့်လာပြန်သည်။

" ငါနဲ့ အိပ်ဖို့လား။"

"ဘာ "

သူ မိမိကို ဘာစကားတွေ ပြောနေပါလိမ့် သေချာတာတော့ မိမိရဲ့ ယောကျ်ားသိက္ခာကို ချနေတာလား။

" ဆောရီးကွာ။ ငါယောကျ်ားတွေ စိတ်မဝင်စားဘူး။ မင်းခြောက်နေရင်လည်း တခြားမှာ သွားခံလိုက်။"

"ထက်ဦးခန့် မင်းစကားတွေ လွန်လာပြီနော် တောက်! "

နေခမင်းမြတ်ဆိုတဲ့ ကျွန်တော်ကလည်း မာနမင်းသားလေးမလား။ ဒီလောက်ထိ ပြောခံရမှတော့ စကားဆက်မပြောချင်တော့ဘူး။ ထက်ဦးခန့်ဆိုတဲ့ လူကို ကျောခိုင်းပြီး ထို ဆိုင်မှ ထွက်ခဲ့သည်။
________________
မာနကို ဦးစားပေးပြီး တစ်ခါတည်းပဲ အရင်ဦးဆုံး အနားက ထွက်သွားမိပေမယ့် နောင်တစ်ချိန် ဒီကောင်လေးက  မောင့် အရိပ်တောင် လိုက်ဖမ်းနေတဲ့ လူသားလေးဖြစ်လာမယ်လို့ ကိုယ်တိုင်တောင် မထင်ခဲ့ရိုး အမှန်ပါ....။

(Zawgyi)

အဲ့ဒီေန႔က အျပန္မွာ မိုးတဖြဲဖြဲက်ေနခဲ့သည္။ ခက္ေဇာ္ကေတာ့ အဲ့ဒီဆိုင္အေၾကာင္း သူသိသေလာက္ေျပာျပသည္။   ေနခတစ္ခါမွ မၾကားဖူးတဲ့ လူေတြရဲ႕ အသက္ရွင္မႈအေၾကာင္းေရာေပါ့။

"ေနခ ေရာက္ၿပီေလ။ ဆင္းေတာ့။"

"ေဟ "

ကိုယ့္အေတြးနဲ႔ ကိုယ္ နစ္ေမ်ာေနသူမို႔ ကိုယ့္အိမ္ေရွ႕ကားရပ္လိုက္ၿပီမွန္းေတာင္ သူမသိ။

"ငူငိုင္မေနနဲ႔ ေနခ မင္္းကို စိတ္ေပါ့ပါးေအာင္ ဒီလိုေနရာေတြ တမင္ေခၚသြားတာ။  "

"ေအး ငါသြားေတာ့မယ္။"

"ေနဦး။ "

ကားတံခါးကို ဖြင့္ဖို႔ ႐ြယ္လိုက္ၿပီးမွ ခက္ေဇာ္အသံေၾကာင့္ ျပန္လွည့္ၾကည့္လိုက္သည္။

"ဘာလဲ။ "

"ဟို ေနာက္တခါမင္းအဲ့ဒီကို သြားခ်င္ေသးလား။"

"အင္း "

"ေအးပါ။ ေနာက္တစ္ေခါက္ေပါ့။ ကဲ သြားေတာ့ မင္းရဲ႕မားေစာင့္ေနေလာက္ၿပီ။"

ခက္ေဇာ္ရဲ႕ ကားေလး ၿခံေရွ႕က ထြက္သြားမွ သူအိမ္ထဲကို ဝင္လိုက္သည္။ သူတို႔ထြက္သြားတဲ့ အခ်ိန္နဲ႔ဆို ၅နာရီခြဲေလာက္မွ ျပန္ေရာက္တာက သိပ္ေနာက္မက်ဘူးမလား။

ဒီအခ်ိန္ဆို မားက အိမ္မွာ မရွိေလာက္ဘူးေလ။ မားက ညေနပိုင္းေတြမွာ သူ႔ကုမၸဏီကို သြားေနၾက။

အိမ္ျပန္ေရာက္တာနဲ႔ အရင္ဆုံးလုပ္မိတာက ေရခ်ိဳးတာပဲ။ ေရခ်ိဳးခန္းထဲမွာ ေရပန္းဖြင့္ခ်၍ ေရပန္းေအာက္မွာ ဝင္ရပ္ေနခ်ိန္မွာ စင္ေပၚ၌ မ်က္ႏွာေသႏွင့္ သီခ်င္းဆိုေနေသာ သူ႔ပုံရိပ္က ေခါင္းထဲဝင္လာသည္။

"သူ႔မ်က္လုံးေတြက ေႏြဦးနဲ႔ တူလိုက္တာ..."

သူ ေရခ်ိဳးခန္းက ျပန္ထြက္လာကာ အဝတ္အစား လဲေနခ်ိန္မွာ မားဆီက ဖုန္းဝင္လာသည္။

"ဟယ္လို မား"

"အင္း သားေရ မားေလ ဒီေန႔ည ေမွာ္ဘီဘက္မွာ night scene ႐ိုက္ရမွာမို႔ ဒီည ျပန္မလာျဖစ္ေတာ့ဘူး။ "

"ဗ်ာ "

"ဟုတ္တယ္ ကေလးေရ။ ဟိုမင္းသမီးေလ ေနာက္ရက္က် သူေနာက္တစ္ကား႐ိုက္ရမယ္ဆိုၿပီး ရစ္ေနလို႔ ဒီေန႔ အၿပီး႐ိုက္ေပးရမွာ "

"ဟုတ္ကဲ့ပါ။ သားအဆင္ေျပပါတယ္။"

"အင္း သား မားမရွိလည္း ထမင္းကိုေစာေစာစားရမယ္ေနာ္။"

"မား သားကို စိတ္ခ်ပါ။ "

"ok ok ဒါပဲေနာ္ မားရဲ႕ ကေလးေလး "

"ဟုတ္ကဲ့ "

မား ဖုန္းခ်သြားေတာ့မွ ေနခက အဝတ္အစားလဲျခင္းကို အၿပီးသတ္ကာ   အံဆြဲထဲမွာ  သိမ္းထားတာ ၾကာေသာ ကားေသာ့ေလးကို ထုတ္လိုက္သည္။

" ဒီေန႔ သား မားစကားကို နားမေထာင္ခ်င္ဘူး။ ဒီေန႔တစ္ရက္တည္းပါ။"

ပထမဦးဆုံး ဒီလူ႔အေၾကာင္းကို စိတ္ဝင္စားမိသည္။ သူနဲ႔ စကားေတြေျပာၿပီး သူငယ္ခ်င္းျဖစ္ရရင္ ေကာင္းမွာပဲ။ သူ႔ကို ထပ္ေတြ႕ခ်င္တယ္။

ဂိုေဒါင္ထဲမွာ သိမ္းထာတာ ၾကာၿပီ ျဖစ္ေသာ သူ႔ေမာ္ဒယ္ျမင့္ကားျဖဴေလးကို ေမာင္းၿပီး ခက္ေဇာ္နဲ႔ အတူသြားခဲ့ေသာ ဆိုင္ေလးဆီသို႔.......

ညခ်မ္းခ်ိန္ျဖစ္ေပမယ့္ ဆိုင္ေလးက သူနဲ႔ ခက္ေဇာ္ေန႔ခင္းက လာခဲ့တဲ့ ပုံစံအတိုင္းပဲ။ လူကေတာ့ စည္ၿမဲ။
ဆိုင္ေလးရဲ႕ အျပင္ဘက္မွာလည္း ေရာင္စုံမီးလုံးမ်ားက တလက္လက္

သူ႔ပုံစံက ေန႔ခင္းကလာသလို ႐ုပ္ဖ်က္ထားတာမို႔ သူ႔ကို ဘယ္သူမွ အာ႐ုံမစိုက္မိၾကပါ။ ေကာင္တာမွာ ထိုင္ေနတဲ့ ေကာင္မေလး၃ေယာက္ဆီ ကပ္သြားလိုက္သည္။

"ဟို ညီမတို႔ ဒီဆိုင္က ထက္ဦးခန္႔ ဆိုတဲ့ "

"ေအာ္ ဒီက အကိုက ဦးခန္႔ကို လာရွာတာလား။ ဦးခန္႔က ေန႔ခင္းက သူ႔ေအာ္ဒါနဲ႔ ပါသြားတယ္။ ဘာမ်ားေျပာေပးရမလဲမသိဘူးရွင့္။ "

သူ ဘာမ်ားမွာခဲ့ရမွာလဲ။ ထက္ဦးခန္႔ကို သူက အေဝးမွ လွမ္းျမင္႐ုံသာ ျမင္ခဲ့ရတာမလား။ ထက္ဦးခန္႔က သူ႔ကို သိေတာင္သိမွာ မဟုတ္ဘူးေလ။ ေနာက္ၿပီး သူ႔ဘက္ကသာ ထက္ဦးခန္႔နဲ႔ေတြ႕ဖို႔ စိတ္အားထက္သန္ေနေပမယ့္ ထက္ဦးခန္႔က သူနဲ႔ ရင္ႏွီးတဲ့ ဆက္ဆံေရးမ်ိဳးမဟုတ္ေတာ့ လက္ခံေတြ႕ပါ့မလား။

"ေဟာ ဟိုမွာ ဦးခန္႔ျပန္လာၿပီ အကို "

"ဟမ္ "

ေကာင္မေလးအေျပာေၾကာင့္ သူအေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ ေသခ်ာပါသည္။ သူပါ ေန႔ခင္းက ထြက္သြားတဲ့ အက်ႌနဲ႔ပဲ။ သူကလည္း ဆိုင္ထဲဝင္လာၿပီး ေနခရွိေနရာ ေကာင္တာဘက္ကို ေလွ်ာက္လာသည္။

"ဦးခန္႔ အေတာ္ပဲ။ ဒီအကိုက ဦးခန္႔ကို ေတြ႕ခ်င္လို႔တဲ့။"

"ဟင္ "

ထက္ဦးခန္႔က သူ႔ဘက္ကို လွည့္ၾကည့္လာသည္။ ဦးထုပ္ကို ငိုက္ေဆာင္းထားသည့္အျပင္ maskပါတပ္ထားေတာ့ သူ႔မ်က္လုံးမ်ားမွ အပ တျခားအစိတ္အပိုင္းမ်ားကို မျမင္ရ။

ထက္ဦးခန္႔ရဲ႕ စူးရွေသာ မ်က္လုံးက်ဥ္းက်ဥ္းမ်ားက သူ႔ကို စိုက္ၾကည့္သည္။

"ဒီကတစ္ေယာက္က ကြၽန္ေတာ့္ကို ဘာကိစၥနဲ႔ ေတြ႕ခ်င္တာလဲမသိဘူး။ ကြၽန္ေတာ္ ခင္ဗ်ားကို မျမင္ဖူးဘူး။"

"ဟို ခန စကားေျပာခ်င္လို႔ ရလား။"

တစ္ခုတည္းေပၚလြင္ေနတဲ့ သူ႔မ်က္လုံးမ်ားက ထက္ဦးခန္႔ကို စကားေျပာခြင့္ရေအာင္ ေတာင္းခံေနမွန္းသိသာသည္။

" အျပင္က ဝိုင္းမွာ ေျပာၾကမယ္ေလ။"

ထက္ဦးခန္႔က အရင္ ဦးေဆာင္ၿပီး သူ႔ကို ဆိုင္အျပင္ေခၚထုတ္သြားတာမို႔ သူ အေနာက္ကေနလိုက္သြားသည္။

" ဒီမွာ ထိုင္ပါဗ်။"

ထက္ဦးခန္႔က သူ႔အေရွ႕က ခုံကို လက္ျပၿပီး ဖိတ္ေခၚသည္။

"ေျပာလို႔ရပါၿပီ။"

ထက္ဦးခန္႔ေရွ႕မွာ ထိုင္ေနရင္းနဲ႔ကို သူ႔အရွိန္အဝါေတြက က်ဆင္းေနသလိုပဲ။ မိမိထက္ ေတာင့္တင္း​ေသာ ခႏၶာကိုယ္ က်ယ္ျပန္႔ေသာ ရင္အုပ္ႏွင့္ ဆံပင္အနက္တိုတိုတို႔က သူ႔ကို ပိုၿပီးေယာက်္ားပီသေစသလား။ ကႀကီးပုံနဖူးနဲ႔ မ်က္လုံးခပ္ေမွးေမွးေပၚမွာ  မ်က္ေတာင္ေမႊးစိပ္စိပ္ေတြက သူ႔မ်က္လုံးေတြကို ပိုစူးရွေစလိမ့္မည္။ ႏႈတ္ခမ္းထူထူေတြနဲ႔ ေျဖာင့္စင္းေသာ ႏွာတံ အို...စြဲေဆာင္မႈရွိလိုက္တာ။

" ဟို ေျပာစရာရွိတယ္ဆိုတာ။ "

မၿပဳံးမရယ္တတ္တဲ့ သူ႔ပုံစံက သေဘာေကာင္းပုံရသည္။ အခုတင္ မိမိရဲ႕ ညိမ္ေနပုံကို စိတ္ရွည္ေပးေနတယ္မလား။

ေခါင္းေပၚက ဦးထုပ္ကို ခြၽတ္လိုက္ေတာ့ စုသိမ္းထားေသာ ဆံပင္ေငြေရာင္တြန္႔တြန္႔ေတြက ဆင္းက်လာသည္။ maskကိုပါ တစ္ၿပိဳင္နက္ခြၽတ္လိုက္သည္။

" မင္း "

႐ုတ္တရက္ ဝုန္းခနဲ ထရပ္လိုက္ေသာ သူ႔ကို ေနခ နားမလည္

" ဟို ထက္ဦးခန္႔ ခဏေလး ဘာလို႔လဲ။ "

" မင္း ေနခမင္းျမတ္ "

" အင္း ငါ ေနခမင္းျမတ္ဟုတ္တယ္။ မင္း ငါ့ကို သိတယ္လား။"

သူက ႏႈတ္ခမ္းကို တြန္႔႐ုံ မဲ့ၿပဳံးတပ္ဆင္လိုက္တာ ျမန္လိုက္တာ။ ေစာနလို မိမိအေပၚ ေဖာ္ေ႐ြမႈေတြ ေပ်ာက္သြားလိုက္တာမ်ား။

"သိတယ္လားတဲ့။ ဟက္ "

ခါးေထာက္ၿပီး မိမိကို ေလာင္ရီျပေနျပန္သည္။

" ထက္ဦးခန္႔ ဘာလို႔လဲဟင္။ ငါက စကားေျပာခ်င္လို႔။"

"မင္းလို မိုးေပၚကက်လာတဲ့ ေ႐ႊမင္းသားေလးက ဘာလို႔ ဒီလို စုတ္ပဲ့တဲ့ေနရာကို ေရာက္လာရတာလဲ ဟမ္ "

မဟုတ္ေသးပါဘူး။ ပထမဦးဆုံးေတြ႕ဆုံမႈမွာ မိမိကို သူဘာလို႔ ရန္ထမူရတာလဲ။

" ငါကေလ မင္းအေၾကာင္းသိခ်င္လို႔။"

"ဟားဟားးဟားးး"

ခါးေထာက္ၿပီးေတာ့ကို မိမိကို ခါးခါးသီးသီး ေလွာင္ေျပာင္ရယ္ေနပါလား.....။

"ေတာင္းပန္ပါတယ္။ ငါစပ္စုသလို ျဖစ္သြားလို႔လားဟမ္။ စိတ္မဆိုးပါနဲ႔ေနာ္။"

"မင္းက ငါ့အေၾကာင္းဘာသိခ်င္ေနရတာလဲ။ မင္းစိတ္ဝင္စားစရာ ငါ့မွာ ဘာမွမရွိဘူး။ ငါ့ဘက္က ထပ္ေတာင္းပန္ပါတယ္။ ငါတို႔ကို ထပ္ဒုကၡမေပးနဲ႔ေတာ့။ "

"ထက္ဦးခန္႔ ငါ့ကို ဘာေတြေျပာေနလဲ ငါနားမလည္ေတာ့ဘူးေနာ္။ ငါ့ကို ဘာေၾကာင့္ ရန္သူလို ဆက္ဆံေနရတာလဲ။ ငါ မင္းကို တစ္ခါမွလည္း ဒုကၡမေပးဖူးပါဘူး။ "

"ဟားဟား မင္းက ဒုကၡမေပးဖူးေပမယ့္ ငါတို႔က ဒုကၡေရာက္ခဲ့ၿပီးၿပီ။ ဘာလဲ အခု ငါ့ကို လာရွာတာ ငါ့အေၾကာင္းထက္ မင္း "

လက္ညႇိဳးထိုးၿပီးေတာ့ မိမိကို ေလွာင္သလို ၾကည့္လာျပန္သည္။

" ငါနဲ႔ အိပ္ဖို႔လား။"

"ဘာ "

သူ မိမိကို ဘာစကားေတြ ေျပာေနပါလိမ့္ ေသခ်ာတာေတာ့ မိမိရဲ႕ ေယာက်္ားသိကၡာကို ခ်ေနတာလား။

" ေဆာရီးကြာ။ ငါေယာက်္ားေတြ စိတ္မဝင္စားဘူး။ မင္းေျခာက္ေနရင္လည္း တျခားမွာ သြားခံလိုက္။"

"ထက္ဦးခန္႔ မင္းစကားေတြ လြန္လာၿပီေနာ္ ေတာက္! "

ေနခမင္းျမတ္ဆိုတဲ့ ကြၽန္ေတာ္ကလည္း မာနမင္းသားေလးမလား။ ဒီေလာက္ထိ ေျပာခံရမွေတာ့ စကားဆက္မေျပာခ်င္ေတာ့ဘူး။ ထက္ဦးခန္႔ဆိုတဲ့ လူကို ေက်ာခိုင္းၿပီး ထို ဆိုင္မွ ထြက္ခဲ့သည္။
________________
မာနကို ဦးစားေပးၿပီး တစ္ခါတည္းပဲ အရင္ဦးဆုံး အနားက ထြက္သြားမိေပမယ့္ ေနာင္တစ္ခ်ိန္ ဒီေကာင္ေလးက  ေမာင့္ အရိပ္ေတာင္ လိုက္ဖမ္းေနတဲ့ လူသားေလးျဖစ္လာမယ္လို႔ ကိုယ္တိုင္ေတာင္ မထင္ခဲ့႐ိုး အမွန္ပါ....။


© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі