Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-22
(Unicode)

လက်က ဒဏ်ရာတွေကို ဆေးထည့်ပေးရင်း ဟန်လင်းညို သက်ပြင်းခဏခဏချမိသည်။ အရှေ့က စက္ကကတော့ မျက်နှာသေနှင့်။ မျက်နှာကသာ ခံစားချက်မဲ့နေတာ နှလုံးသားက မည်မျှတောင် နာကျင်နေလဲ ဆိုတာ မခန့်မှန်းနိုင်။ ဆေးသေတ္တာလေးကို မ၍ သူလည်း အဝတ်အစားလဲဖို့ ထရသည်။

အနားကထထွက်သွားတာတောင် သူ့ကို အကြည့်တစ်ချက်မကြည့်ဘဲ ထိုင်မှိုင်နေသည်။ အဝတ်အစားလဲပြီးတော့ စက္ကစားဖို့ တစ်ခုခုပြင်ဆင်ပေးရသည်။
ညစာတော့ သေချာစားရှာသည်။

" ဒီည အိမ်မပြန်နဲ့တော့ စက္က ငါနဲ့ပဲ အိပ်  မင်းအဖေကိုလည်း မင်းရင်မဆိုင်ချင်ဘူးမလား "

" ကျေးဇူးပါ အစ်ကို ကျွန်တော့်အပေါ်ကောင်းပေးလို့ "

" မလိုပါဘူး ငါ့စိတ်ကလည်း မင်းကို ကူညီချင်နေတာ "

စက္က ဟန်လင်းညိုကို မော့ကြည့်လိုက်သည်။ သူ့အတွက် အစ်ကို့လက်ရာက ကောင်းလွန်းနေသည်။ ဒီလို လက်ရာမျိုး ဒီလိုနွေးထွေးမှုမျိုးက သူ့အတွက် ပထမဦးဆုံးပဲ။ အစ်ကိုက သူ့အပေါ်သိပ်နွေးထွေးလွန်းသည်။ သူ့ရဲ့ ဂျစ်ကန်ကန် စကားလုံးတွေကို အစ်ကိုက စိတ်မဆိုးသည့်အပြင် အမြဲအပြုံးနှင့် နှစ်သိမ့်ပေးတတ်လွန်းသည်။ ကြာလာရင် အစ်ကို့မေတ္တာတွေအောက် အသားကျသွားပြီး အစ်ကို့ကို တွယ်တာမိသွားမှာ သူကြောက်သည်။

အစ်ကို့ရဲ့ ဘေးခန်းမှာ အစ်ကိုက သူ့ကိုပေးအိပ်သည်။ နေ့ခင်းက အမေ့အကြောင်း သူစဥ်းစားနေသေးသည်။ တစ်သက်လုံးအမေလို့ မခေါ်ရဲလောက်အောင် သိမ်ငယ်ခဲ့ရသည်။ ထက်ဦးခန့်အဆင်ပြေပါ့မလားဟု သူတွေးပူရပြန်သည်။ ဝန်ထမ်းတစ်ယောက်ဆီက စာတစ်စောင်ဝင်လာသောကြောင့် သူအင်တာနက်ပေါ်တက်ကြည့်လိုက်သည်။

လိုင်းပေါ်က ပွက်လောရိုက်နေသော သတင်းများကြောင့် စက္ကလန့်သွားသည်။ mediaက ဖြန့်ထားသော videoများ၊ ဓာတ်ပုံများက မနည်းမနော။ fanတွေလည်း သတ်နေကြပြီ။
ဆဲထားဆိုထားကြတာတွေကလည်း မနည်းမို့ သူ ထက်ဦးခန့်ဆီ ဖုန်းခေါ်လိုက်သည်။ တတီတီခေါ်နေတာတောင် ထက်ဦးခန့်က မကိုင်တော့ သူစိတ်ပူလွန်ပြီး တိုက်ခန်းကို လိုက်သွားရန် ပြင်လိုက်သည်။

( ဒုန်း ဒုန်း )

အခန်းတံခါးကို တရစပ်ထုနေသောကြောင့် ဟန်လင်းညို အမြန်သွားဖွင့်ပေးလိုက်သည်။

" စက္က ဘာလဲ "

" အစ်ကို ကျွန်တော် ထက်ခန့်ဆီ သွားချင်တယ် "

" အင်း အင်း ငါလိုက်ပို့ပေးမယ် ခဏစောင့် ကားသော့ယူလိုက်ဦးမယ် "

"ဟုတ်ကဲ့ "

ဟန်လင်းညို ကားမောင်းနေရင်း စက္ကကို လှမ်းကြည့်နေသည်။ ထက်ဦးခန့်ကို ဒီလောက်အရေးပေးပြီး ဂရုစိုက်ရသလားဟု သူတွေးမိသည်။ သူ လိုင်းပေါ်က ပွက်လောရိုက်နေသော သတင်းများကို တွေ့ပြီးပါပြီ။ ဒီသတင်းကြောင့် စက္ကတို့ အမေရော ထက်ဦးခန့်ရော အတော်အထိနာကြသည်။

တိုက်ခန်းအောက်ရောက်သည်နှင့် စက္က ဘာမှမပြောဘဲ အရင်ဆင်းသွားသည်။ သူ စက္ကအနောက်ကို အမီလိုက်ရသည်။ အခန်းရှေ့ရောက်တော့ စက္ကက သူ့အိတ်ကပ်ထဲမှာ ပါလာသော သော့ဖြင့် တံခါးကို ဖွင့်ပြီးဝင်သည်။ အခန်းထဲဝင်လိုက်တော့ မှောင်မဲနေ၏။

စက္ကက ချက်ချင်း အနီးက မီးခလုတ်ကို ဖွင့်လိုက်တော့ ခုတင်ဘေးမှာ ထက်ဦးခန့် ထိုင်နေသည်။ ဟန်လင်းညို လိုက်မဝင်သွားဘဲ တံခါးအဝမှာသာ ရပ်ပြီး ကြည့်နေလိုက်သည်။

" ဟျောင့် ထက်ခန့် ဘာလို့အမှောင်ထဲမှာ ထိုင်နေတာလဲ ဘာလို့ ငါဖုန်းခေါ်နေတာ မကိုင်တာလဲလို့ "

စက္ကက ထက်ဦးခန့်ရဲ့ ပခုံးတွေကို ကိုင်လှုပ်ပြီး မေးနေသည်။ ထက်ဦးခန့်ရဲ့ ပုံစံက အသိမရှိသည့်အပြင် အရက်တွေ သောက်ထားပုံ ရသည်။ ထက်ဦးခန့်က ခံစားချက်မဲ့နေသော အကြည့်များဖြင့် စက္ကကို ပြန်ကြည့်လာသည်။

" စက္က ငါလေ ကိုကို့ကို သိပ်လွမ်းတယ် ငါ "

ထက်ဦးခန့်ရဲ့ မျက်လုံးတွေမှ မျက်ရည်တွေ စီးကျလာသည်။ ထက်ဦးခန့်ရဲ့ ခံစားချက်တွေကို နားလည်စွာဖြင့် စက္ကစိုက်ကြည့်နေသည်။

" ကိုကိုရှိနေရင် ငါလုပ်တာတွေက မှားနေလား မှန်နေလား သူသေချာပေါက်လမ်းပြပေးမှာ "

" ငါ ကိုကို့အတွက် လက်စားချေပေးပြီးပြီပဲ ဒါမဲ့ မင်းသိလား ငါမပျော်ဘူး "

" ကိုကို့ရဲ့ အသက်နဲ့သိက္ခာအတွက် သူတို့သားအမိပြန်ပေးဆပ်နေရတာကို ငါပြုံးပြုံးကြီး ကြည့်နေချင်ခဲ့တာ ငါ ငါ "

ရှိုက်ကြီးတငင်ငိုနေသော ထက်ဦးခန့်ကို  စက္က ဆွဲဖက်လိုက်သည်။

မင်းမပျော်သလို ငါလည်း မပျော်ဘူး။ ငါလည်း အမြဲတမ်း ငါ့အမေအတွက် မင်းအပေါ်အပြစ်မကင်းသလို ခံစားရတယ်။ ညီလေးခံစားနေရတာ မမြင်ချင်သလို မင်းနာကျင်မှာကိုလည်း ငါမလိုလားဘူး။ ဒါပေမဲ့ သူများကို စာနာနိုင်ဖို့ထက် ငါ့ကိုယ်ငါတောင် မပျောက်ဆုံးသွားအောင် ထိန်းသိမ်းနေရတယ်။

ရင်ထဲက စကားတွေကို ထိန်းချုပ်ထားလိုက်ပြီး အစ်ကိုကြီးတစ်ယောက်ရဲ့ ပုံစံအတိုင်း နှစ်သိမ့်ပေးရသည်။ အတော်ကြာတော့ ထက်ဦးခန့်အိပ်ပျော်သွားသည်။ ထက်ဦးခန့်ခုတင်ဘေးက အမှိုက်တွေကို သိမ်းပေးပြီး အစ်ကိုရှိနေတာကို ပြန်သတိရသည်။

" သူအိပ်သွားပြီဆိုတော့ ကျွန်တော်တို့ ပြန်ရအောင် "

" အင်း မင်းလည်း ပင်ပန်းနေပြီ "

" အစ်ကို့ကို ဒုက္ခတွေပဲ ပေးမိပြီ "

" မလိုပါဘူး မင်းအတွက်ပဲ "

စက္က ပြုံးလိုက်သည်။ ကျွန်တော်က ခွေးတစ်ကောင်လိုပဲဆိုတာ အစ်ကို မသိဘူးလားမသိ။ တစ်ခါအစာချကျွေးဖူးရင် အဲ့လူနောက်ပဲ တကောက်​ကောက်လိုက်တတ်တယ်။ ကိုယ့်ကို မေတ္တာတစ်ခါပေးဖူးရင် အမြဲတမ်းအဲ့လူဆီက မေတ္တာဆက်ရမှ ကျွန်တော့်အတွက် အဆင်ပြေမှာ။ ကျွန်တော့်ရဲ့ ပုန်းကွယ်နေတဲ့ အတ္တတွေက အစ်ကို့အပေါ်သက်ရောက်မိတော့မယ် ထင်တယ်။

~~~~~~~~
ဝါးခြမ်းခင်း၊ သွပ်မိုးထားသော အိမ်ငယ်လေးဆီသို့ ဒေါ်မေခဝင်လာခဲ့သည်။ ချောင်းတဟွတ်ဟွတ်ဖြင့် ဒေါ်ခင်ဦးဟာ လှလှပပဝတ်ဆင်ထားသော ဒေါ်မေခကို မျက်နှာငယ်ဖြင့် ကြည့်သည်။

" ဒီက အမက ဘယ်သူလဲရှင့် "

ဒေါ်မေခ မတ်တပ်ရပ်လျက် အိမ်ဖွဲ့စည်းပုံကို ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

" ဒါ နွေဦးခန့်တို့ အိမ်လား "

" ဟုတ်ကဲ့ ဒီက အမက "

" ငါက အရင်က သူ့အလုပ်ရှင် "

" အတော်ပဲ အမရယ် သားကြီး ဆုံးတာသွေးရိုးသားရိုးမဟုတ်ဘူး အဲ့တာ ကျွန်မက သားကြီးရဲ့ အလုပ်ဘယ်နားမှာလည်း မသိလို့ အဟွတ် အဟွတ် လိုက်စုံစမ်းဖို့ မဖြစ်နိုင်ဘူးဖြစ်နေတယ် "

" သူ့ အလုပ်လား သူ့အလုပ်က မိန်းမလို ဝတ်ပြီး အလှပြင်ပေးတဲ့အလုပ်လေ ရှင်းရှင်းပြောရရင် အခြောက်ပေါ့ "

"  ရှင်...... ကျွန်မသိပါတယ် ဒါမဲ့ကျွန်မသားလေးက ဘဝပေးကုသိုလ်ကံမှ မကောင်းခဲ့တာ ကျွန်မ သူ့အားနည်းချက်လေးကို အပြစ်မတင်ရက်ပါဘူး "

" ဘာ ဒါဆို ရှင်က ရှင့်သားကို အားပေးအားမြှောက်ခဲ့တာပေါ့ "

" ဟို မဟုတ်ပါဘူး "

" ဟာ ထားလိုက်ပါတော့ ဒီကိုလာတာ ရှင့်ကို ဒီစကားတွေ ပြောဖို့မဟုတ်ဘူး ရှင်အခု ဖွင့်ထားတဲ့အမှုကို ပြန်ရုပ်သိမ်းပေးပါ "

" အို... အမဘယ်လိုပြောလိုက်တာလဲ ကျွန်မသားက အသတ်ခံခဲ့ရတာအသိသာကြီးလေ တရားမျှတအောင် ကျွန်မဘက်က "

" တော်စမ်းပါ အခြောက်တစ်ယောက်သေသွားတာ ဘာအရေးလဲ အဲ့အမှုကြောင့် ကျွန်မတို့ဆီကို လာပြီး ဟိုစုံစမ်း ဒီစုံစမ်းနဲ့ ကျွန်မကြားထဲက အာရုံနောက်တယ် ရှင့်သားက ဘယ်နေရာမှာ ဘာဖြစ်ပြီး အလုပ်ခံရမှန်းမသိ ကျွန်မတို့ ကြားထဲက "

ဒေါ်မေခရဲ့ ရက်စက်ကြမ်းတမ်းသော စကားများကို ကြားပြီး ဒေါ်ခင်ဦး မျက်ရည်ကျမိသည်။ ခဏနေတော့ အရှေ့ကို ငွေထုပ်တစ်ထုပ် ဘုတ်ခနဲ ပစ်ပေါက်ပေးတာ ခံရသည်။

" အဲ့ငွေယူပြီး အမှုပိတ်လိုက်တော့ "

" အခြောက်တစ်ယောက်ဖြစ်တာနဲ့ ရင်ငုံနှုတ်ပိတ်ပြီး သားကြီးရဲ့ မတရားမှုကို အပြီးသတ်လိုက်ရမယ်ပေါ့ ကျွန်မမေးပါရစေ ဒီနေရာမှာ ရှင့်သားဆိုရင်ရော အခြောက်တစ်ယောက်အတွက် ဥပဒေက အကျုံးမဝင်တော့ဘူးလား "

" အို....ရှုပ်ရှုပ်ယှက်ယှက်တွေ ဒီအမှုက ရှင်တို့ ပိတ်သည်ဖြစ်စေ မပိတ်သည်ဖြစ်စေ ရှုံးမှာပဲ အဲ့တော့ ဒီငွေတွေယူပြီး ကျေအေးလိုက်တော့ ကျွန်မသွားပြီ "

ဒေါ်မေခ အိမ်ထဲမှ ပြန်ထွက်လာတော့ ခြံဝ၌ စက်ဘီးတစ်စီးနဲ့ ကောင်လေးနှစ်ယောက်ရပ်နေတာတွေ့သည်။ မမြင်ချင်ယောင်ဆောင်ပြီး ကားပေါ်တက်၍ ထိုနေရာမှ ထွက်ခဲ့သည်။

အမေ့ကို ပထမဦးဆုံးအကြိမ်တွေ့လိုက်ရတော့ စက္က မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကားထွက်သွားသည်အထိ လှမ်းကြည့်နေသေးသည်။ အမေပြောသွားတဲ့ စကားတွေကို ပြန်တွေးပြီး ထက်ဦးခန့်ကို လှည့်ကြည့်လိုက်သည်။

ထက်ဦးခန့် ခြံရှေ့ကို ရောက်နေတာကြာပြီ။ အပြင်ကနေ အိမ်ထဲက အသံတွေကို နားထောင်နေခဲ့သည်။ ကိုကို့ရဲ့ သေဆုံးမှုက ကိုကို့အလုပ်ရှင်နဲ့ ပတ်သတ်နေခဲ့လိမ့်မည်ဟု သူမတွေးမိခဲ့။ ကိုကိုက နေနေဆိုသော ကောင်လေးကို အရမ်းချစ်ပြီး ဂရုစိုက်တာကိုသာ သိသည်။

အိမ်ထဲကို ပြေးဝင်လာတော့ အမေလဲနေတာကို တွေ့သည်။ ဘေးမှာ စောနမိန်းမပစ်ပေးသွားသော ငွေထုပ်ရှိနေသည်။ ထက်ဦးခန့် တောက်တစ်ချက် ခပ်ပြင်းပြင်းခေါက်လိုက်သည်။ စက္ကနှင့်အတူ အမေ့ကို ဆေးရုံအမြန်ပို့ခဲ့ရသည်။ ထိုနေ့မှ စ၍ ထက်ဦးခန့်ရဲ့ အတွေးတွေထဲမှာ ကိုကို့အတွက် ဒေါ်မေခကို နင်း​ချေဖို့သာ ရှိတော့သည်။

(Zawgyi)

လက္က ဒဏ္ရာေတြကို ေဆးထည့္ေပးရင္း ဟန္လင္းညိဳ သက္ျပင္းခဏခဏခ်မိသည္။ အေရွ႕က စကၠကေတာ့ မ်က္ႏွာေသႏွင့္။ မ်က္ႏွာကသာ ခံစားခ်က္မဲ့ေနတာ ႏွလုံးသားက မည္မွ်ေတာင္ နာက်င္ေနလဲ ဆိုတာ မခန္႔မွန္းႏိုင္။ ေဆးေသတၱာေလးကို မ၍ သူလည္း အဝတ္အစားလဲဖို႔ ထရသည္။

အနားကထထြက္သြားတာေတာင္ သူ႔ကို အၾကည့္တစ္ခ်က္မၾကည့္ဘဲ ထိုင္မႈိင္ေနသည္။ အဝတ္အစားလဲၿပီးေတာ့ စကၠစားဖို႔ တစ္ခုခုျပင္ဆင္ေပးရသည္။
ညစာေတာ့ ေသခ်ာစားရွာသည္။

" ဒီည အိမ္မျပန္နဲ႔ေတာ့ စကၠ ငါနဲ႔ပဲ အိပ္  မင္းအေဖကိုလည္း မင္းရင္မဆိုင္ခ်င္ဘူးမလား "

" ေက်းဇူးပါ အစ္ကို ကြၽန္ေတာ့္အေပၚေကာင္းေပးလို႔ "

" မလိုပါဘူး ငါ့စိတ္ကလည္း မင္းကို ကူညီခ်င္ေနတာ "

စကၠ ဟန္လင္းညိဳကို ေမာ့ၾကည့္လိုက္သည္။ သူ႔အတြက္ အစ္ကို႔လက္ရာက ေကာင္းလြန္းေနသည္။ ဒီလို လက္ရာမ်ိဳး ဒီလိုေႏြးေထြးမႈမ်ိဳးက သူ႔အတြက္ ပထမဦးဆုံးပဲ။ အစ္ကိုက သူ႔အေပၚသိပ္ေႏြးေထြးလြန္းသည္။ သူ႔ရဲ႕ ဂ်စ္ကန္ကန္ စကားလုံးေတြကို အစ္ကိုက စိတ္မဆိုးသည့္အျပင္ အၿမဲအၿပဳံးႏွင့္ ႏွစ္သိမ့္ေပးတတ္လြန္းသည္။ ၾကာလာရင္ အစ္ကို႔ေမတၱာေတြေအာက္ အသားက်သြားၿပီး အစ္ကို႔ကို တြယ္တာမိသြားမွာ သူေၾကာက္သည္။

အစ္ကို႔ရဲ႕ ေဘးခန္းမွာ အစ္ကိုက သူ႔ကိုေပးအိပ္သည္။ ေန႔ခင္းက အေမ့အေၾကာင္း သူစဥ္းစားေနေသးသည္။ တစ္သက္လုံးအေမလို႔ မေခၚရဲေလာက္ေအာင္ သိမ္ငယ္ခဲ့ရသည္။ ထက္ဦးခန္႔အဆင္ေျပပါ့မလားဟု သူေတြးပူရျပန္သည္။ ဝန္ထမ္းတစ္ေယာက္ဆီက စာတစ္ေစာင္ဝင္လာေသာေၾကာင့္ သူအင္တာနက္ေပၚတက္ၾကည့္လိုက္သည္။

လိုင္းေပၚက ပြက္ေလာ႐ိုက္ေနေသာ သတင္းမ်ားေၾကာင့္ စကၠလန္႔သြားသည္။ mediaက ျဖန္႔ထားေသာ videoမ်ား၊ ဓာတ္ပုံမ်ားက မနည္းမေနာ။ fanေတြလည္း သတ္ေနၾကၿပီ။
ဆဲထားဆိုထားၾကတာေတြကလည္း မနည္းမို႔ သူ ထက္ဦးခန္႔ဆီ ဖုန္းေခၚလိုက္သည္။ တတီတီေခၚေနတာေတာင္ ထက္ဦးခန္႔က မကိုင္ေတာ့ သူစိတ္ပူလြန္ၿပီး တိုက္ခန္းကို လိုက္သြားရန္ ျပင္လိုက္သည္။

( ဒုန္း ဒုန္း )

အခန္းတံခါးကို တရစပ္ထုေနေသာေၾကာင့္ ဟန္လင္းညိဳ အျမန္သြားဖြင့္ေပးလိုက္သည္။

" စကၠ ဘာလဲ "

" အစ္ကို ကြၽန္ေတာ္ ထက္ခန္႔ဆီ သြားခ်င္တယ္ "

" အင္း အင္း ငါလိုက္ပို႔ေပးမယ္ ခဏေစာင့္ ကားေသာ့ယူလိုက္ဦးမယ္ "

"ဟုတ္ကဲ့ "

ဟန္လင္းညိဳ ကားေမာင္းေနရင္း စကၠကို လွမ္းၾကည့္ေနသည္။ ထက္ဦးခန္႔ကို ဒီေလာက္အေရးေပးၿပီး ဂ႐ုစိုက္ရသလားဟု သူေတြးမိသည္။ သူ လိုင္းေပၚက ပြက္ေလာ႐ိုက္ေနေသာ သတင္းမ်ားကို ေတြ႕ၿပီးပါၿပီ။ ဒီသတင္းေၾကာင့္ စကၠတို႔ အေမေရာ ထက္ဦးခန႔္ေရာ အေတာ္အထိနာၾကသည္။

တိုက္ခန္းေအာက္ေရာက္သည္ႏွင့္ စကၠ ဘာမွမေျပာဘဲ အရင္ဆင္းသြားသည္။ သူ စကၠအေနာက္ကို အမီလိုက္ရသည္။ အခန္းေရွ႕ေရာက္ေတာ့ စကၠက သူ႔အိတ္ကပ္ထဲမွာ ပါလာေသာ ေသာ့ျဖင့္ တံခါးကို ဖြင့္ၿပီးဝင္သည္။ အခန္းထဲဝင္လိုက္ေတာ့ ေမွာင္မဲေန၏။

စကၠက ခ်က္ခ်င္း အနီးက မီးခလုတ္ကို ဖြင့္လိုက္ေတာ့ ခုတင္ေဘးမွာ ထက္ဦးခန္႔ ထိုင္ေနသည္။ ဟန္လင္းညိဳ လိုက္မဝင္သြားဘဲ တံခါးအဝမွာသာ ရပ္ၿပီး ၾကည့္ေနလိုက္သည္။

" ေဟ်ာင့္ ထက္ခန္႔ ဘာလို႔အေမွာင္ထဲမွာ ထိုင္ေနတာလဲ ဘာလို႔ ငါဖုန္းေခၚေနတာ မကိုင္တာလဲလို႔ "

စကၠက ထက္ဦးခန္႔ရဲ႕ ပခုံးေတြကို ကိုင္လႈပ္ၿပီး ေမးေနသည္။ ထက္ဦးခန္႔ရဲ႕ ပုံစံက အသိမရွိသည့္အျပင္ အရက္ေတြ ေသာက္ထားပုံ ရသည္။ ထက္ဦးခန္႔က ခံစားခ်က္မဲ့ေနေသာ အၾကည့္မ်ားျဖင့္ စကၠကို ျပန္ၾကည့္လာသည္။

" စကၠ ငါေလ ကိုကို႔ကို သိပ္လြမ္းတယ္ ငါ "

ထက္ဦးခန္႔ရဲ႕ မ်က္လုံးေတြမွ မ်က္ရည္ေတြ စီးက်လာသည္။ ထက္ဦးခန္႔ရဲ႕ ခံစားခ်က္ေတြကို နားလည္စြာျဖင့္ စကၠစိုက္ၾကည့္ေနသည္။

" ကိုကိုရွိေနရင္ ငါလုပ္တာေတြက မွားေနလား မွန္ေနလား သူေသခ်ာေပါက္လမ္းျပေပးမွာ "

" ငါ ကိုကို႔အတြက္ လက္စားေခ်ေပးၿပီးၿပီပဲ ဒါမဲ့ မင္းသိလား ငါမေပ်ာ္ဘူး "

" ကိုကို႔ရဲ႕ အသက္နဲ႔သိကၡာအတြက္ သူတို႔သားအမိျပန္ေပးဆပ္ေနရတာကို ငါၿပဳံးၿပဳံးႀကီး ၾကည့္ေနခ်င္ခဲ့တာ ငါ ငါ "

ရႈိက္ႀကီးတငင္ငိုေနေသာ ထက္ဦးခန္႔ကို  စကၠ ဆြဲဖက္လိုက္သည္။

မင္းမေပ်ာ္သလို ငါလည္း မေပ်ာ္ဘူး။ ငါလည္း အၿမဲတမ္း ငါ့အေမအတြက္ မင္းအေပၚအျပစ္မကင္းသလို ခံစားရတယ္။ ညီေလးခံစားေနရတာ မျမင္ခ်င္သလို မင္းနာက်င္မွာကိုလည္း ငါမလိုလားဘူး။ ဒါေပမဲ့ သူမ်ားကို စာနာႏိုင္ဖို႔ထက္ ငါ့ကိုယ္ငါေတာင္ မေပ်ာက္ဆုံးသြားေအာင္ ထိန္းသိမ္းေနရတယ္။

ရင္ထဲက စကားေတြကို ထိန္းခ်ဳပ္ထားလိုက္ၿပီး အစ္ကိုႀကီးတစ္ေယာက္ရဲ႕ ပုံစံအတိုင္း ႏွစ္သိမ့္ေပးရသည္။ အေတာ္ၾကာေတာ့ ထက္ဦးခန္႔အိပ္ေပ်ာ္သြားသည္။ ထက္ဦးခန္႔ခုတင္ေဘးက အမႈိက္ေတြကို သိမ္းေပးၿပီး အစ္ကိုရွိေနတာကို ျပန္သတိရသည္။

" သူအိပ္သြားၿပီဆိုေတာ့ ကြၽန္ေတာ္တို႔ ျပန္ရေအာင္ "

" အင္း မင္းလည္း ပင္ပန္းေနၿပီ "

" အစ္ကို႔ကို ဒုကၡေတြပဲ ေပးမိၿပီ "

" မလိုပါဘူး မင္းအတြက္ပဲ "

စကၠ ၿပဳံးလိုက္သည္။ ကြၽန္ေတာ္က ေခြးတစ္ေကာင္လိုပဲဆိုတာ အစ္ကို မသိဘူးလားမသိ။ တစ္ခါအစာခ်ေကြၽးဖူးရင္ အဲ့လူေနာက္ပဲ တေကာက္​ေကာက္လိုက္တတ္တယ္။ ကိုယ့္ကို ေမတၱာတစ္ခါေပးဖူးရင္ အၿမဲတမ္းအဲ့လူဆီက ေမတၱာဆက္ရမွ ကြၽန္ေတာ့္အတြက္ အဆင္ေျပမွာ။ ကြၽန္ေတာ့္ရဲ႕ ပုန္းကြယ္ေနတဲ့ အတၱေတြက အစ္ကို႔အေပၚသက္ေရာက္မိေတာ့မယ္ ထင္တယ္။

~~~~~~~~
ဝါးျခမ္းခင္း၊ သြပ္မိုးထားေသာ အိမ္ငယ္ေလးဆီသို႔ ေဒၚေမခဝင္လာခဲ့သည္။ ေခ်ာင္းတဟြတ္ဟြတ္ျဖင့္ ေဒၚခင္ဦးဟာ လွလွပပဝတ္ဆင္ထားေသာ ေဒၚေမခကို မ်က္ႏွာငယ္ျဖင့္ ၾကည့္သည္။

" ဒီက အမက ဘယ္သူလဲရွင့္ "

ေဒၚေမခ မတ္တပ္ရပ္လ်က္ အိမ္ဖြဲ႕စည္းပုံကို ၾကည့္လိုက္ၿပီး ႏွာေခါင္းရႈံ႕လိုက္သည္။

" ဒါ ေႏြဦးခန္႔တို႔ အိမ္လား "

" ဟုတ္ကဲ့ ဒီက အမက "

" ငါက အရင္က သူ႔အလုပ္ရွင္ "

" အေတာ္ပဲ အမရယ္ သားႀကီး ဆုံးတာေသြး႐ိုးသား႐ိုးမဟုတ္ဘူး အဲ့တာ ကြၽန္မက သားႀကီးရဲ႕ အလုပ္ဘယ္နားမွာလည္း မသိလို႔ အဟြတ္ အဟြတ္ လိုက္စုံစမ္းဖို႔ မျဖစ္ႏိုင္ဘူးျဖစ္ေနတယ္ "

" သူ႔ အလုပ္လား သူ႔အလုပ္က မိန္းမလို ဝတ္ၿပီး အလွျပင္ေပးတဲ့အလုပ္ေလ ရွင္းရွင္းေျပာရရင္ အေျခာက္ေပါ့ "

"  ရွင္...... ကြၽန္မသိပါတယ္ ဒါမဲ့ကြၽန္မသားေလးက ဘဝေပးကုသိုလ္ကံမွ မေကာင္းခဲ့တာ ကြၽန္မ သူ႔အားနည္းခ်က္ေလးကို အျပစ္မတင္ရက္ပါဘူး "

" ဘာ ဒါဆို ရွင္က ရွင့္သားကို အားေပးအားေျမႇာက္ခဲ့တာေပါ့ "

" ဟို မဟုတ္ပါဘူး "

" ဟာ ထားလိုက္ပါေတာ့ ဒီကိုလာတာ ရွင့္ကို ဒီစကားေတြ ေျပာဖို႔မဟုတ္ဘူး ရွင္အခု ဖြင့္ထားတဲ့အမႈကို ျပန္႐ုပ္သိမ္းေပးပါ "

" အို... အမဘယ္လိုေျပာလိုက္တာလဲ ကြၽန္မသားက အသတ္ခံခဲ့ရတာအသိသာႀကီးေလ တရားမွ်တေအာင္ ကြၽန္မဘက္က "

" ေတာ္စမ္းပါ အေျခာက္တစ္ေယာက္ေသသြားတာ ဘာအေရးလဲ အဲ့အမႈေၾကာင့္ ကြၽန္မတို႔ဆီကို လာၿပီး ဟိုစုံစမ္း ဒီစုံစမ္းနဲ႔ ကြၽန္မၾကားထဲက အာ႐ုံေနာက္တယ္ ရွင့္သားက ဘယ္ေနရာမွာ ဘာျဖစ္ၿပီး အလုပ္ခံရမွန္းမသိ ကြၽန္မတို႔ ၾကားထဲက "

ေဒၚေမခရဲ႕ ရက္စက္ၾကမ္းတမ္းေသာ စကားမ်ားကို ၾကားၿပီး ေဒၚခင္ဦး မ်က္ရည္က်မိသည္။ ခဏေနေတာ့ အေရွ႕ကို ေငြထုပ္တစ္ထုပ္ ဘုတ္ခနဲ ပစ္ေပါက္ေပးတာ ခံရသည္။

" အဲ့ေငြယူၿပီး အမႈပိတ္လိုက္ေတာ့ "

" အေျခာက္တစ္ေယာက္ျဖစ္တာနဲ႔ ရင္ငုံႏႈတ္ပိတ္ၿပီး သားႀကီးရဲ႕ မတရားမႈကို အၿပီးသတ္လိုက္ရမယ္ေပါ့ ကြၽန္မေမးပါရေစ ဒီေနရာမွာ ရွင့္သားဆိုရင္ေရာ အေျခာက္တစ္ေယာက္အတြက္ ဥပေဒက အက်ဳံးမဝင္ေတာ့ဘူးလား "

" အို....ရႈပ္ရႈပ္ယွက္ယွက္ေတြ ဒီအမႈက ရွင္တို႔ ပိတ္သည္ျဖစ္ေစ မပိတ္သည္ျဖစ္ေစ ရႈံးမွာပဲ အဲ့ေတာ့ ဒီေငြေတြယူၿပီး ေက်ေအးလိုက္ေတာ့ ကြၽန္မသြားၿပီ "

ေဒၚေမခ အိမ္ထဲမွ ျပန္ထြက္လာေတာ့ ၿခံဝ၌ စက္ဘီးတစ္စီးနဲ႔ ေကာင္ေလးႏွစ္ေယာက္ရပ္ေနတာေတြ႕သည္။ မျမင္ခ်င္ေယာင္ေဆာင္ၿပီး ကားေပၚတက္၍ ထိုေနရာမွ ထြက္ခဲ့သည္။

အေမ့ကို ပထမဦးဆုံးအႀကိမ္ေတြ႕လိုက္ရေတာ့ စကၠ မ်က္လုံးေလး ကလယ္ကလယ္ျဖင့္ ကားထြက္သြားသည္အထိ လွမ္းၾကည့္ေနေသးသည္။ အေမေျပာသြားတဲ့ စကားေတြကို ျပန္ေတြးၿပီး ထက္ဦးခန္႔ကို လွည့္ၾကည့္လိုက္သည္။

ထက္ဦးခန္႔ ၿခံေရွ႕ကို ေရာက္ေနတာၾကာၿပီ။ အျပင္ကေန အိမ္ထဲက အသံေတြကို နားေထာင္ေနခဲ့သည္။ ကိုကို႔ရဲ႕ ေသဆုံးမႈက ကိုကို႔အလုပ္ရွင္နဲ႔ ပတ္သတ္ေနခဲ့လိမ့္မည္ဟု သူမေတြးမိခဲ့။ ကိုကိုက ေနေနဆိုေသာ ေကာင္ေလးကို အရမ္းခ်စ္ၿပီး ဂ႐ုစိုက္တာကိုသာ သိသည္။

အိမ္ထဲကို ေျပးဝင္လာေတာ့ အေမလဲေနတာကို ေတြ႕သည္။ ေဘးမွာ ေစာနမိန္းမပစ္ေပးသြားေသာ ေငြထုပ္ရွိေနသည္။ ထက္ဦးခန္႔ ေတာက္တစ္ခ်က္ ခပ္ျပင္းျပင္းေခါက္လိုက္သည္။ စကၠႏွင့္အတူ အေမ့ကို ေဆး႐ုံအျမန္ပို႔ခဲ့ရသည္။ ထိုေန႔မွ စ၍ ထက္ဦးခန္႔ရဲ႕ အေတြးေတြထဲမွာ ကိုကို႔အတြက္ ေဒၚေမခကို နင္း​ေခ်ဖို႔သာ ရွိေတာ့သည္။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі