Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-8
(Unicode)

ဒေါ်မေခ အိမ်ပြန်လာတော့ သားဖြစ်သူက အိမ်မှာ အငြိမ့်သားTV ကြည့်နေသည်။ အော် သူကတော့ အေးအေးဆေးဆေး နေနိုင်တာပေါ့။

" နေခမင်းမြတ် မင်း ငါ့အနောက်ကို လိုက်ခဲ့ပါဦး။"

သူဒေါသထွက်နေတာကို မြင်တာတောင် အရင်ကို ပျာပျာသလဲမရှိ။ တည်တည်ငြိမ်ငြိမ်နှင့် သူ့အနောက်က လိုက်လာသည်။ အခန်းထဲရောက်တော့ အိတ်ထဲက ဓာတ်ပုံအထပ်လိုက်ကို နေခံထံ ပစ်ပေးလိုက်သည်။

" ရော့ ကြည့် အဲ့ဓာတ်ပုံတွေကို မင်း ကိုယ်မင်း သိပ်လည်လှပြီလို့ သတ်မှတ်ထားတာလား။ ရှင်းစမ်းပါဦး။"

" မား ဘာလို့ သားအနောက်ကို လူတွေလိုက်ပြီး စုံစမ်းခိုင်းရတာလဲ။ သားအသက် ၂၅နှစ်တောင် ရှိပြီ။ သား ကလေးမဟုတ်တော့ဘူး။ သားမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ မရှိတော့ဘူးလား။ "

" အမလေး အမလေး နေခမင်းမြတ် မင်း ငါ့ကို ဘယ်တုန်းက အဲ့လောက်ထိ ပြန်ပြောခဲ့လို့လဲ။ ငါထင်ပါတယ် မင်းအဲ့လို အတန်းအစားတွေနဲ့ သွားပေါင်းလို့ အဲ့လောက်ထိ ရိုင်းစိုင်းလာတာ။ မင်းမေ့သွားပြီလား မင်းက သာမန်လူတစ်ယောက်မဟုတ်ဘူးနော်။ မင်းက အနုပညာရှင်တစ်ယောက် နိုင်ငံကျော် မင်းသားတစ်ယောက် ဒီမှာ ငါ တခါတည်းပြောမယ် မင်းကို နောက်တခါ အဲ့လိုအပြင်ထွက်ခွင့်မပြုနိုင်တော့ဘူး။ မင်း အဲ့က အပေါင်းအသင်းတွေနဲ့ အဆက်အသွယ်ဖျက်ပါ။ မင်းမဖျက်ရင် ငါ အဲ့ကလူတွေကို ဒုက္ခပေးမိလိမ့်မယ်။ "

" မား ရက်စက်တယ်။ မား သားကို အဲ့လိုချုပ်ကိုင်လို့မရဘူး။ သားလက်မခံနိုင်ဘူး။ "

သူမကို ငို၍ စိမ်းစိမ်းဝါးဝါးကြည့်ပြီး ရန်ထောင်နေသော သားဖြစ်သူကြောင့် ဒေါသပိုထွက်လာသည်။ ဒီလို အဆင့်အတန်းတွေနဲ့ သွားပေါင်းပြီး ရိုင်းစိုင်းလာရတယ်လို့။

သားဖြစ်သူနဲ့ မျက်နှာချင်းမဆိုင်ချင်တော့၍ ကျောခိုင်းပြီး လှည့်ထွက်ခဲ့သည်။ စိတ်ညစ်နေတဲ့ အချိန် အဖော်ပြုပြီး တိုင်ပင်ရင်ဖွင့်စရာဆိုလို့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းမတစ်ယောက်သာ ရှိသည်မို့ သူ့ဆီသာ ဖုန်းဆက်အကြောင်းကြားလိုက်သည်။

တူ...တူ..တူ...

" ဟယ်လို မေခ "

"အေး မမနိုင် နင်အခုဘယ်မှာလဲ။ "

" ငါလား ခ်ခ် ငါ့ကောင်လေးနဲ့ ပျော်နေတယ်။ "

" နင့်မလည်းလေ တမလွန်က ယောကျ်ားကို အားနာပါဦး။ တစ်နေ့တစ်နေ့ Smallလေးတွေနဲ့ သာယာနေတယ်။ "

"ဟဲ့ မေခ အခုငါ့ကို ဖုန်းဆက်တာ တရားချဖို့ ဆိုရင် ဖုန်းပြန်ချလိုက်တော့။ ငါအခု သာယာနေတယ်။ "

" မဟုတ်ဘူး။ ငါ့သားနဲ့ စကားများလာလို့ဟ။ နင်နဲ့ အေးဆေးတွေ့ချင်လို့ "

"ထူးထူးဆန်းဆန်း သားနဲ့ စကားများလာတယ်တဲ့လား။ အင်းပါ။အခု ငါ့အိမ်ကို လာခဲ့လို့ရတယ်။ ငါ နင့်ကို ပျော်စရာလေးနဲ့ မိတ်ဆက်ပေးမယ်။ "

" အေး ငါအခု ချက်ချင်းလာခဲ့မယ်။"

တီ....

ဖုန်းချလိုက်ပြီး သားဖြစ်သူရှိတဲ့ အခန်းဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် အိမ်အပြင်က ကားလေးကို မောင်းပြီး သူငယ်ချင်းမဆီသို့....

မြေနီကုန်းမီးပွိုင့်က နီနေသောကြောင့် သူမ ကားကို ရပ်လိုက်သည်။ ကားမှန်အပြင်က ရာသီဥတုက ကျစ်ကျစ်တောက်ပူနေသည်။ အပြင်ဘက်ကို မျက်လုံးကစားမိတုန်း မြင်ကွင်းထဲဝင်ရောက်လာသော ပုံရိပ်တစ်ခု ဦးမင်းမြတ် ဟုတ်တယ်။ သူမ မမှားဘူး။ သူမနဲ့ ကွာရှင်းထားခဲ့သော သူမရဲ့ အရင်က ယောကျ်ား ဦးမင်းမြတ်ဖြစ်သည်။ ဝတ်ပုံစားပုံ သပ်သပ်ရပ်ရပ်ဖြင့် မီးပွိုင့်နီနေသောကြောင့် တစ်ဖက်က ဒဂုံစင်တာဘက်ကို ကူးသွားသည်။

ဦးမင်းမြတ်ကို မြင်တော့ သားကြီးကို ပြန်သတိရသွားသည်။ ရုတ်တရက် ကားမီးပွိုင့်က ပြန်စိမ်းတော့ သူမ စင်တာဘက်ကို ချိုးကွေးချလိုက်သည်။

လုံခြုံးရေးတွေဘာတွေတောင် ဂရုမပြုမိ စင်တာထဲဝင်သွားသော ဦးမင်းမြတ်ကို လိုက်ရှာမိသည်။ ဘာလို့ သူတစ်ယောက်တည်းဖြစ်နေရတာလဲ။ သားကြီးရော သားကြီးက ဘယ်မှာလဲ။
ကော်ဖီဆိုင်တစ်ခုထဲဝင်သွားသော ဦးမင်းမြတ်နောက်ကို သူမပါ လိုက်ဝင်ခဲ့သည်။

" ကိုမင်းမြတ်"

ကော်ဖီမှာနေရာမှ သူမကို ပြန်လှည့်ကြည့်လာတော့ သူမမျက်လုံးတွေ မြင်ခဲ့တာမမှား သူမခင်ပွန်းဟောင်း အစစ်ပဲ။ သူမကို မြင်တော့ မျက်မှန်အောက်က မျက်လုံးတွေ ဝိုင်းသွားသည်။

" မေ... "

" စကားပြောရအောင် ကိုမင်းမြတ်"

" မင်းဟုတ်တယ်မလား မေ ကောင်းပြီ။ ထိုင်ရအောင် "

ကော်ဖီဆိုင်ရဲ့ အစွန်ဆုံးဝိုင်း၌သာ ထိုင်ဖြစ်ကြသည်။

" မေ ဘာသောက်မလဲ အကိုသွားမှာ ပေးရမလား။ "

" မလိုဘူး။ "

"အင်းပါ။ "

" သား ဘယ်မှာလဲ။ "

သူမမေးလိုက်တော့ သူက သူမရဲ့မျက်လုံးတွေကို တအံ့တသြကြည့်ပြီး ပြုံးလိုက်သည်။

"မေက မေ့သားကို မမေ့တော့ မမေ့ဘူးပဲ။ ဒါနဲ့များမေရယ်။ ဘာလို့များ ထားခဲ့နိုင်ရတာလဲ။"

ဦးမင်းမြတ်ရဲ့ အမေးကြောင့် သူမ မျက်နှာပျက်သွားရသည်။

" ဘာမှ လာမေးမနေနဲ့။ သားဘယ်မှာလဲပြော သားကို မေခပြန်ခေါ်ထားမယ်။ "

"ဟားဟားး မေရယ် မင်းက သိပ်တရားလှချည်လား။ ပထမက ကိုယ့်ရင်ကို ခွဲပြီး သားငယ်နဲ့အတူ ထွက်သွားတယ်။ ဟော အခုကျပြန်တော့ ကိုယ့်အနားမှာ ကျန်ခဲ့တဲ့ သားကြီးကိုပါ မင်းက ခေါ်ထုတ်သွားဖို့ ကြံနေပါရောလား။ မင်း ကိုယ့်အသည်းကို ဘယ်နှစ်ကြိမ်များတောင် အထပ်ထပ်ခွဲဖို့ ကြံနေတာလဲ မေရယ်။ "

" ကိုမင်းမြတ် မေ သားကြီးကို ပြန်တွေ့ချင်တယ်။ သားကြီးနဲ့ တွေ့ချင်တယ်။"

"ဟိုးးး မေ အခုထိ မာနတွေ မလျော့သေးပါလား။ ဒီပုံစံအတိုင်းဆိုရင် သားကြီးကို မေ တွေ့နိုင်သေးမှာ မဟုတ်ဘူး။"

ဘေစာရွက်ပေါ်မှာ ဖုန်းနံပါတ်တစ်ခုကို ချရေးပြီး သူမရှေ့၌ ချပေး၍ ထွက်သွားသော ကိုမင်းမြတ်ကြောင့် ဒေါ်မေခ ဒေါသထွက်လျက်သာ ကျန်ခဲ့သည်။

တီ...တီ....

ဟွန်းတီးနေတာ တော်တော်ကြာမှ မမနိုင်က တံခါးလာဖွင့်ပေးသည်။

" ရောက်ပြီပေါ့ မေခ လာ အိမ်ထဲဝင်"

မမနိုင်အနောက်မှ အိမ်ထဲလိုက်ဝင်လာတော့ ဧည့်ခန်းထဲမှာ ကောင်လေးတစ်ယောက်ထိုင်နေသည်။

သူမ ဧည့်ခန်းထဲဝင်လာတော့ ထိုင်နေတဲ့ထိုကောင်လေးက သူမကို တအံ့တသြကြည့်ပြီး မတ်တပ်ထရပ်လိုက်သည်။
သူမလည်း ထိုင်ဖို့ မေ့နေပြီး ရုတ်တရက်ကြီးမတ်တပ်ထရပ်လိုက်သော သူ့ကို စိုက်ကြည့်မိသည်။ သူ့မျက်လုံးတွေက ဒေါ်မေခနှင့် အကြည့်ဆုံသောအခါ မဝံ့မရဲခေါင်းငုတ်သွားပြီး လက်နှစ်ဖက်က ဂျင်းဘောင်းဘီဘေးကို ပွတ်သပ်နေသည်။

" အော် မေခ ဘာလုပ်နေတာလဲ။ ထိုင်လေ ကောင်လေးမလန့်နဲ့ ဒါမမသူငယ်ချင်း မေခတဲ့ မေခ ဒါက အခုလက်ရှိတို့ရဲ့ အပျော်လေး စက္ကတဲ့ "

" ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်။"

မိတ်ဆက်ပေးတော့ သူမကို နှုတ်ဆက်လာသည်။ သူမ အရှေ့မှာထိုင်ပြီး သူမကို မော့မကြည့်ရဲလောက်အောင် ဖြစ်နေတာကို မေခသတိထားမိသည်။

" မေခ နင်စိတ်ညစ်နေတာမလား။ သူလေးနဲ့ ပျော်ပါးကြည့်ပါလား။"

"ဗျာ...."

မေခတောင် ဘာမှ မတုံ့ပြန်ရသေးခင် အရှေ့က ကောင်လေးရဲ့ အံ့သြတကြီး တုံ့ပြန်သံနှင့်အတူ မတ်တပ်ထရပ်လိုက်တော့ မမနိုင်ရော မေခရော မော့ကြည့်ကြသည်။

" ဘာလို့လဲ စက္ကရဲ့ "

မမနိုင်က မေးလိုက်တော့ သူက မေခရဲ့မျက်လုံးတွေကို တုန်လှုပ်မှု အပြည့်ဖြင့် ပြန်ကြည့်လာသည်။

" ကျွန်တော် မလုပ်နိုင်တော့ဘူး။ ခွင့်ပြုပါဦး။ "

သူတို့ အရှေ့ကနေ ပြေးထွက်သွားတော့ မမနိုင်ကလည်း အံ့သြနေသလို မေခရဲ့ သွေးသားတွေကလည်း ပြောင်းပြန်စီးဆင်းသွားသလို တုန်လှုပ်နေသည်။

" ဘယ်လိုကောင်လေးပါလိမ့် မေခရယ် sorryပါ "

"မလိုပါဘူး မမနိုင်ရယ် ငါနင့်ဆီလာတာ စကားပြောချင်ရုံ သပ်သပ်ပဲကို "

" အင်း ငါသိပါတယ်။ "

မမနိုင်နဲ့ စကားပြောနေရင်း လက်ထဲရှိ ဖုန်းနံပါတ်ပါသော စာရွက်လေးကို ဖြန့်ဖြန့်ကြည့်မိသည်။ သားကြီးကို ပြန်တွေ့ရဖို့ နီးကပ်လာပြီပဲ။

(Zawgyi)

ေဒၚေမခ အိမ္ျပန္လာေတာ့ သားျဖစ္သူက အိမ္မွာ အၿငိမ့္သားTV ၾကည့္ေနသည္။ ေအာ္ သူကေတာ့ ေအးေအးေဆးေဆး ေနႏိုင္တာေပါ့။

" ေနခမင္းျမတ္ မင္း ငါ့အေနာက္ကို လိုက္ခဲ့ပါဦး။"

သူေဒါသထြက္ေနတာကို ျမင္တာေတာင္ အရင္ကို ပ်ာပ်ာသလဲမရွိ။ တည္တည္ၿငိမ္ၿငိမ္ႏွင့္ သူ႔အေနာက္က လိုက္လာသည္။ အခန္းထဲေရာက္ေတာ့ အိတ္ထဲက ဓာတ္ပုံအထပ္လိုက္ကို ေနခံထံ ပစ္ေပးလိုက္သည္။

" ေရာ့ ၾကည့္ အဲ့ဓာတ္ပုံေတြကို မင္း ကိုယ္မင္း သိပ္လည္လွၿပီလို႔ သတ္မွတ္ထားတာလား။ ရွင္းစမ္းပါဦး။"

" မား ဘာလို႔ သားအေနာက္ကို လူေတြလိုက္ၿပီး စုံစမ္းခိုင္းရတာလဲ။ သားအသက္ ၂၅ႏွစ္ေတာင္ ရွိၿပီ။ သား ကေလးမဟုတ္ေတာ့ဘူး။ သားမွာ ကိုယ္ပိုင္လြတ္လပ္ခြင့္ဆိုတာ မရွိေတာ့ဘူးလား။ "

" အမေလး အမေလး ေနခမင္းျမတ္ မင္း ငါ့ကို ဘယ္တုန္းက အဲ့ေလာက္ထိ ျပန္ေျပာခဲ့လို႔လဲ။ ငါထင္ပါတယ္ မင္းအဲ့လို အတန္းအစားေတြနဲ႔ သြားေပါင္းလို႔ အဲ့ေလာက္ထိ ႐ိုင္းစိုင္းလာတာ။ မင္းေမ့သြားၿပီလား မင္းက သာမန္လူတစ္ေယာက္မဟုတ္ဘူးေနာ္။ မင္းက အႏုပညာရွင္တစ္ေယာက္ ႏိုင္ငံေက်ာ္ မင္းသားတစ္ေယာက္ ဒီမွာ ငါ တခါတည္းေျပာမယ္ မင္းကို ေနာက္တခါ အဲ့လိုအျပင္ထြက္ခြင့္မျပဳႏိုင္ေတာ့ဘူး။ မင္း အဲ့က အေပါင္းအသင္းေတြနဲ႔ အဆက္အသြယ္ဖ်က္ပါ။ မင္းမဖ်က္ရင္ ငါ အဲ့ကလူေတြကို ဒုကၡေပးမိလိမ့္မယ္။ "

" မား ရက္စက္တယ္။ မား သားကို အဲ့လိုခ်ဳပ္ကိုင္လို႔မရဘူး။ သားလက္မခံႏိုင္ဘူး။ "

သူမကို ငို၍ စိမ္းစိမ္းဝါးဝါးၾကည့္ၿပီး ရန္ေထာင္ေနေသာ သားျဖစ္သူေၾကာင့္ ေဒါသပိုထြက္လာသည္။ ဒီလို အဆင့္အတန္းေတြနဲ႔ သြားေပါင္းၿပီး ႐ိုင္းစိုင္းလာရတယ္လို႔။

သားျဖစ္သူနဲ႔ မ်က္ႏွာခ်င္းမဆိုင္ခ်င္ေတာ့၍ ေက်ာခိုင္းၿပီး လွည့္ထြက္ခဲ့သည္။ စိတ္ညစ္ေနတဲ့ အခ်ိန္ အေဖာ္ျပဳၿပီး တိုင္ပင္ရင္ဖြင့္စရာဆိုလို႔ ငယ္ေပါင္းႀကီးေဖာ္ သူငယ္ခ်င္းမတစ္ေယာက္သာ ရွိသည္မို႔ သူ႔ဆီသာ ဖုန္းဆက္အေၾကာင္းၾကားလိုက္သည္။

တူ...တူ..တူ...

" ဟယ္လို ေမခ "

"ေအး မမႏိုင္ နင္အခုဘယ္မွာလဲ။ "

" ငါလား ခ္ခ္ ငါ့ေကာင္ေလးနဲ႔ ေပ်ာ္ေနတယ္။ "

" နင့္မလည္းေလ တမလြန္က ေယာက်္ားကို အားနာပါဦး။ တစ္ေန႔တစ္ေန႔ Smallေလးေတြနဲ႔ သာယာေနတယ္။ "

"ဟဲ့ ေမခ အခုငါ့ကို ဖုန္းဆက္တာ တရားခ်ဖို႔ ဆိုရင္ ဖုန္းျပန္ခ်လိုက္ေတာ့။ ငါအခု သာယာေနတယ္။ "

" မဟုတ္ဘူး။ ငါ့သားနဲ႔ စကားမ်ားလာလို႔ဟ။ နင္နဲ႔ ေအးေဆးေတြ႕ခ်င္လို႔ "

"ထူးထူးဆန္းဆန္း သားနဲ႔ စကားမ်ားလာတယ္တဲ့လား။ အင္းပါ။အခု ငါ့အိမ္ကို လာခဲ့လို႔ရတယ္။ ငါ နင့္ကို ေပ်ာ္စရာေလးနဲ႔ မိတ္ဆက္ေပးမယ္။ "

" ေအး ငါအခု ခ်က္ခ်င္းလာခဲ့မယ္။"

တီ....

ဖုန္းခ်လိုက္ၿပီး သားျဖစ္သူရွိတဲ့ အခန္းဘက္ကို ျပန္လွည့္ၾကည့္လိုက္သည္။ ထို႔ေနာက္ အိမ္အျပင္က ကားေလးကို ေမာင္းၿပီး သူငယ္ခ်င္းမဆီသို႔....

ေျမနီကုန္းမီးပြိဳင့္က နီေနေသာေၾကာင့္ သူမ ကားကို ရပ္လိုက္သည္။ ကားမွန္အျပင္က ရာသီဥတုက က်စ္က်စ္ေတာက္ပူေနသည္။ အျပင္ဘက္ကို မ်က္လုံးကစားမိတုန္း ျမင္ကြင္းထဲဝင္ေရာက္လာေသာ ပုံရိပ္တစ္ခု ဦးမင္းျမတ္ ဟုတ္တယ္။ သူမ မမွားဘူး။ သူမနဲ႔ ကြာရွင္းထားခဲ့ေသာ သူမရဲ႕ အရင္က ေယာက်္ား ဦးမင္းျမတ္ျဖစ္သည္။ ဝတ္ပုံစားပုံ သပ္သပ္ရပ္ရပ္ျဖင့္ မီးပြိဳင့္နီေနေသာေၾကာင့္ တစ္ဖက္က ဒဂုံစင္တာဘက္ကို ကူးသြားသည္။

ဦးမင္းျမတ္ကို ျမင္ေတာ့ သားႀကီးကို ျပန္သတိရသြားသည္။ ႐ုတ္တရက္ ကားမီးပြိဳင့္က ျပန္စိမ္းေတာ့ သူမ စင္တာဘက္ကို ခ်ိဳးေကြးခ်လိုက္သည္။

လုံၿခဳံးေရးေတြဘာေတြေတာင္ ဂ႐ုမျပဳမိ စင္တာထဲဝင္သြားေသာ ဦးမင္းျမတ္ကို လိုက္ရွာမိသည္။ ဘာလို႔ သူတစ္ေယာက္တည္းျဖစ္ေနရတာလဲ။ သားႀကီးေရာ သားႀကီးက ဘယ္မွာလဲ။
ေကာ္ဖီဆိုင္တစ္ခုထဲဝင္သြားေသာ ဦးမင္းျမတ္ေနာက္ကို သူမပါ လိုက္ဝင္ခဲ့သည္။

" ကိုမင္းျမတ္"

ေကာ္ဖီမွာေနရာမွ သူမကို ျပန္လွည့္ၾကည့္လာေတာ့ သူမမ်က္လုံးေတြ ျမင္ခဲ့တာမမွား သူမခင္ပြန္းေဟာင္း အစစ္ပဲ။ သူမကို ျမင္ေတာ့ မ်က္မွန္ေအာက္က မ်က္လုံးေတြ ဝိုင္းသြားသည္။

" ေမ... "

" စကားေျပာရေအာင္ ကိုမင္းျမတ္"

" မင္းဟုတ္တယ္မလား ေမ ေကာင္းၿပီ။ ထိုင္ရေအာင္ "

ေကာ္ဖီဆိုင္ရဲ႕ အစြန္ဆုံးဝိုင္း၌သာ ထိုင္ျဖစ္ၾကသည္။

" ေမ ဘာေသာက္မလဲ အကိုသြားမွာ ေပးရမလား။ "

" မလိုဘူး။ "

"အင္းပါ။ "

" သား ဘယ္မွာလဲ။ "

သူမေမးလိုက္ေတာ့ သူက သူမရဲ႕မ်က္လုံးေတြကို တအံ့တၾသၾကည့္ၿပီး ၿပဳံးလိုက္သည္။

"ေမက ေမ့သားကို မေမ့ေတာ့ မေမ့ဘူးပဲ။ ဒါနဲ႔မ်ားေမရယ္။ ဘာလို႔မ်ား ထားခဲ့ႏိုင္ရတာလဲ။"

ဦးမင္းျမတ္ရဲ႕ အေမးေၾကာင့္ သူမ မ်က္ႏွာပ်က္သြားရသည္။

" ဘာမွ လာေမးမေနနဲ႔။ သားဘယ္မွာလဲေျပာ သားကို ေမချပန္ေခၚထားမယ္။ "

"ဟားဟားး ေမရယ္ မင္းက သိပ္တရားလွခ်ည္လား။ ပထမက ကိုယ့္ရင္ကို ခြဲၿပီး သားငယ္နဲ႔အတူ ထြက္သြားတယ္။ ေဟာ အခုက်ျပန္ေတာ့ ကိုယ့္အနားမွာ က်န္ခဲ့တဲ့ သားႀကီးကိုပါ မင္းက ေခၚထုတ္သြားဖို႔ ႀကံေနပါေရာလား။ မင္း ကိုယ့္အသည္းကို ဘယ္ႏွစ္ႀကိမ္မ်ားေတာင္ အထပ္ထပ္ခြဲဖို႔ ႀကံေနတာလဲ ေမရယ္။ "

" ကိုမင္းျမတ္ ေမ သားႀကီးကို ျပန္ေတြ႕ခ်င္တယ္။ သားႀကီးနဲ႔ ေတြ႕ခ်င္တယ္။"

"ဟိုးးး ေမ အခုထိ မာနေတြ မေလ်ာ့ေသးပါလား။ ဒီပုံစံအတိုင္းဆိုရင္ သားႀကီးကို ေမ ေတြ႕ႏိုင္ေသးမွာ မဟုတ္ဘူး။"

ေဘစာ႐ြက္ေပၚမွာ ဖုန္းနံပါတ္တစ္ခုကို ခ်ေရးၿပီး သူမေရွ႕၌ ခ်ေပး၍ ထြက္သြားေသာ ကိုမင္းျမတ္ေၾကာင့္ ေဒၚေမခ ေဒါသထြက္လ်က္သာ က်န္ခဲ့သည္။

တီ...တီ....

ဟြန္းတီးေနတာ ေတာ္ေတာ္ၾကာမွ မမႏိုင္က တံခါးလာဖြင့္ေပးသည္။

" ေရာက္ၿပီေပါ့ ေမခ လာ အိမ္ထဲဝင္"

မမႏိုင္အေနာက္မွ အိမ္ထဲလိုက္ဝင္လာေတာ့ ဧည့္ခန္းထဲမွာ ေကာင္ေလးတစ္ေယာက္ထိုင္ေနသည္။

သူမ ဧည့္ခန္းထဲဝင္လာေတာ့ ထိုင္ေနတဲ့ထိုေကာင္ေလးက သူမကို တအံ့တၾသၾကည့္ၿပီး မတ္တပ္ထရပ္လိုက္သည္။
သူမလည္း ထိုင္ဖို႔ ေမ့ေနၿပီး ႐ုတ္တရက္ႀကီးမတ္တပ္ထရပ္လိုက္ေသာ သူ႔ကို စိုက္ၾကည့္မိသည္။ သူ႔မ်က္လုံးေတြက ေဒၚေမခႏွင့္ အၾကည့္ဆုံေသာအခါ မဝံ့မရဲေခါင္းငုတ္သြားၿပီး လက္ႏွစ္ဖက္က ဂ်င္းေဘာင္းဘီေဘးကို ပြတ္သပ္ေနသည္။

" ေအာ္ ေမခ ဘာလုပ္ေနတာလဲ။ ထိုင္ေလ ေကာင္ေလးမလန္႔နဲ႔ ဒါမမသူငယ္ခ်င္း ေမခတဲ့ ေမခ ဒါက အခုလက္ရွိတို႔ရဲ႕ အေပ်ာ္ေလး စကၠတဲ့ "

" ဟုတ္ကဲ့ ေတြ႕ရတာ ဝမ္းသာပါတယ္။"

မိတ္ဆက္ေပးေတာ့ သူမကို ႏႈတ္ဆက္လာသည္။ သူမ အေရွ႕မွာထိုင္ၿပီး သူမကို ေမာ့မၾကည့္ရဲေလာက္ေအာင္ ျဖစ္ေနတာကို ေမခသတိထားမိသည္။

" ေမခ နင္စိတ္ညစ္ေနတာမလား။ သူေလးနဲ႔ ေပ်ာ္ပါးၾကည့္ပါလား။"

"ဗ်ာ...."

ေမခေတာင္ ဘာမွ မတုံ႔ျပန္ရေသးခင္ အေရွ႕က ေကာင္ေလးရဲ႕ အံ့ၾသတႀကီး တုံ႔ျပန္သံႏွင့္အတူ မတ္တပ္ထရပ္လိုက္ေတာ့ မမႏိုင္ေရာ ေမခေရာ ေမာ့ၾကည့္ၾကသည္။

" ဘာလို႔လဲ စကၠရဲ႕ "

မမႏိုင္က ေမးလိုက္ေတာ့ သူက ေမခရဲ႕မ်က္လုံးေတြကို တုန္လႈပ္မႈ အျပည့္ျဖင့္ ျပန္ၾကည့္လာသည္။

" ကြၽန္ေတာ္ မလုပ္ႏိုင္ေတာ့ဘူး။ ခြင့္ျပဳပါဦး။ "

သူတို႔ အေရွ႕ကေန ေျပးထြက္သြားေတာ့ မမႏိုင္ကလည္း အံ့ၾသေနသလို ေမခရဲ႕ ေသြးသားေတြကလည္း ေျပာင္းျပန္စီးဆင္းသြားသလို တုန္လႈပ္ေနသည္။

" ဘယ္လိုေကာင္ေလးပါလိမ့္ ေမခရယ္ sorryပါ "

"မလိုပါဘူး မမႏိုင္ရယ္ ငါနင့္ဆီလာတာ စကားေျပာခ်င္႐ုံ သပ္သပ္ပဲကို "

" အင္း ငါသိပါတယ္။ "

မမႏိုင္နဲ႔ စကားေျပာေနရင္း လက္ထဲရွိ ဖုန္းနံပါတ္ပါေသာ စာ႐ြက္ေလးကို ျဖန္႔ျဖန္႔ၾကည့္မိသည္။ သားႀကီးကို ျပန္ေတြ႕ရဖို႔ နီးကပ္လာၿပီပဲ။


© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі