Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-20
(Unicode)

ညနေပိုင်းကျမှ မားဆီကို ပြန်မည်ဟုတွေးထား၍ မနက်ပိုင်းမောင်နှင့်အတူ Hotelကို လိုက်ခဲ့၏။ Hotelရောက်တော့ မောင့်သူငယ်ချင်းနှင့် တွေ့သည်။ ကိုကြီးစက္ကက အစကတည်းက သဘောကောင်းသူမို့ မောင့်ကို နားလည်လက်ခံပေးလိုက်ပြီ ထင်ပါရဲ့။ မောင့်လက်ကို ချိတ်ပြီး ဝင်လာသော သူ့ကို Hotelက လူတွေက ဝိုင်းကြည့်ကြသည်။ သို့ပေမယ့် ဒီလျှို့ဝှက်ချက်ကို အပြင်မပေါက်ကြားရလေအောင် ကိုကြီးစက္ကက ထိန်းပေးသည်။

မောင်က သီချင်းသွားဆိုလိုက် နားလိုက်နှင့် နေခကတော့ မောင့်အနားမှာ မပြတ်ရှိနေသည်။

" မောင် ဒီလောက်အသံကောင်းတာ။ ဘာလို့ အဆိုတော်မလုပ်တာလဲ။"

" သီချင်းပဲဆိုချင်တာ။"

" အင်းလေ။ အဲ့ကြောင့် အဆိုတော်လုပ်လို့ ပြောတာပေါ့။"

" အခုလည်း ဆိုနေရတာပဲလေ။"

"ဒါပေမဲ့ မောင့်မှာ ဒီလောက် fanများပြီး လူချစ်လူခင်ပေါနေတာ။ အဆိုတော်လုပ်ရင် အောင်မြင်မှာ။"

သူ့စကားကို မောင်က ဟက်ခနဲရယ်ချလိုက်သည်။

" ငါ မအောင်မြင်ချင်ဘူး။ "

" အွန်းပါ။ အဲ့ဆိုလည်းသီချင်းမဆိုနဲ့တော့လေ။ အခုဆိုနေတာတောင် လူသိများနေပြီ။ ဒါမှ မဟုတ် မောင် ဒီလိုလုပ်"

မောင့်ဘက်ကို လှည့်လိုက်ပြီး မောင့်မျက်လုံးတွေကို သေချာကြည့်လိုက်သည်။ မောင်ကလည်း သူဘာပြောမလဲဆိုပြီး ကြည့်နေသည်။

" မောင်က သီချင်းဆိုချင်တာမလား။ ရေချိုးခန်းထဲမှာ ဆို မောင့်အသံရဲ့ မူပိုင်ခွင့်ကို ငါ့ကိုရောင်းလိုက် ငါ့ခွင့်ပြုချက်မရဘဲ ပါ့ပလစ်မှာ မောင်လုံးဝသီချင်းဆိုခွင့်မရှိဘူး။ "

သူ့အကြံကို လက်ခံလားဆိုတဲ့သဘောနဲ့ မျက်ခုံးပင့်ပြလိုက်သည်။ သူ့မျက်လုံးကို စိုက်ကြည့်နေသော မောင့်နှုတ်ခမ်းတွေ ပြုံးချင်ချင်ဖြစ်သွား၏။ ထို့နောက် မောင်က သူ့ကို မျက်နှာလွှဲလိုက်သည်။ပြုံးချင်တာတောင် ချွေတာနေသော မောင်ပါလေ။

" ပေါက်ကရတွေ "

" ဟာ မောင်ကလည်း အခု မောင်နဲ့ ငါ လုပ်ငန်းသဘောဆွေးနွေးနေတာ။ ငါက အလုပ်ရှင် မောင်က အလုပ်သမားဖြစ်သွားပြီ။ ကဲ မောင် လက် ခံလား။"

" လက် မခံဘူး။"

" တကယ်လား။"

" အင်း "

"ဟုတ်ပြီလေ။ မောင် ခဏစောင့် "

နေခ မောင့်ရှေ့ကနေ ထထွက်လာလိုက်ပြီး ကိုကြီးစက္ကကို သွားရှာလိုက်၏။

စက္ကဆိုင်အပြင်မှာ ထိုင်နေတုန်း ဟန်လင်းညိုကားဝင်လာတာကို လှမ်းတွေ့ရသည်။

"ဟက် မနေနိုင်ဘဲနဲ့များ "

စက္က မျက်နှာလွှဲထားလိုက်သည်။ အနားကို လာရပ်သော ခြေတစ်စုံကို သတိထားမိပေမယ့် မသိချင်ယောင်ဆောင်ထားလိုက်သည်။

" စက္က "

အရှေ့မှာ ဝင်ထိုင်သည်။ သူ့မျက်နှာကို စိုက်ကြည့်နေတာ စက္ကသိပေမယ့် လျစ်လျူရှုထားလျက်။

" စက္က ဟိုနေ့က ကိစ္စအတွက် မင်းကို ငါတောင်းပန်ပါတယ်ကွာ။"

" တကယ်တော့ မင်းလည်း မှားတာပဲမလား။ မင်းစိတ်ထဲ သူက အဆင်မပြေနေရင်တောင် သူ့ရှေ့မှာတော့ မပြောသင့်ဘူးလေ။ ငါလည်း မျက်နှာပျက်ခဲ့ရတာပဲ။ "

" မသိဘူး။ အဲ့တာ ခင်ဗျားတို့ကိစ္စ သူ့ကိုပဲ သွားတောင်းပန်လိုက်ပါ။"

မသိစိတ်က အရွဲ့တိုက်ချင်နေတာကလည်း မတတ်နိုင်ဘူး။

" ဟို မင်းကလည်းကွာ။"

" ကိုကြီးစက္က ဟင် ဒေါက်တာ "

"နေခပါလား။"

" အမ်"

ညီလေးနဲ့ ဒီလူနဲ့က သိနေတာလား။

" ဒေါက်တာ ဘယ်လိုလုပ်ဒီကို "

" ဟို ဒီလိုပဲ စက္ကဆီလာတာ။"

" အော် "

" နေခကရော "

" ကျွန်တော်လည်း သူငယ်ချင်းဆီလာတာ။"

" ညီလေးက သူနဲ့သိတာလား။"

" ဟုတ် ကိုကြီး ဒေါက်တာက ကျွန်တော်တို့မိသားစုဒေါက်တာလေ။"

"ဒီနေရာမှာ ဒေါက်တာလို့မခေါ်ပါနဲ့ကွာ။ အစ်ကိုလို့ခေါ်လည်းရပါတယ်။"

"ဟုတ်ကဲ့ "

ဒီလူက မိသားစုဒေါက်တာဆိုတော့ မေမေတို့ ညီလေးတို့နားမှာ အနီးကပ်ပြုစုစောင့်ရှောက်ရတာပေါ့။

"ညီလေး ထက်ခန့်ရော "

"ဟို သူက အထဲမှာ ကိုကြီးကို ကျွန်တော် ပြောစရာရှိလို့။ "

"အော် ညီလေး ထိုင်လေ။"

နေခက ဟန်လင်းညိုဘေးကို ဝင်ထိုင်လိုက်သည်။

" ဟို ကိုကြီးကိုပြောရမှာ အားနာပေမယ့် ထက်ဦးခန့်ကိုလေ ဒီဆိုင်မှာ သီချင်းမဆိုခိုင်းပါနဲ့တော့လား။ ကျွန်တော်က ထက်ဦးခန့်ရဲ့ အသံကို မူပိုင်ခွင့်ဝယ်ချင်လို့ပါ။"

"ဟေ "

စက္က ညီဖြစ်သူရဲ့ စကားကို အနည်းငယ်အံ့အားသင့်ပြီးမှ ထရယ်မိသည်။ သူ့ညီပီသပေတယ်။ အရမ်း အတ္တကြီးတတ်တာပဲ။

" ဟားးဟားးဟားး ညီလေးရယ်။ ညီလေးလိုချင်ရင် ကိုကြီး ထက်ဦးခန့်တင်မကဘူး။ ဒီ hotelရော barရော အကုန်ပေးမယ်။ ထက်ခန့်ကို အလုပ်ဖြုတ်စေချင်တာလား။ ရတယ်လေ။ ကိုကြီးလည်း ထက်ခန့်ကို ဒီအလုပ်တွေ ဆက်မလုပ်စေချင်ပါဘူး။ ဆိုတော့ ညီလေးကြိုက်တာစီမံပါဗျာ။"

" ဟာ တကယ်လား ကိုကြီး ။ အဲ့တာကြောင့် ကိုကြီးကို ကျွန်တော်အမြဲအားကိုးနေရတာ။ ကျေးဇူးတင်ပါတယ် ကိုကြီး ။ "

" အင်းပါ အဲ့တာတွေ မလိုပါဘူး။ ငါ့ ညီလေးပျော်ရင် ပြီးတာပဲ။ "

ပြေးပေတော့ မောင်ရေ။
နေခမင်းမြတ်တစ်ယောက်အပြုံးလုံးစို့ပြီး စက္ကတို့အနားမှ ထွက်သွားသည်။

" စက္က "

"ဟင် အော် ခင်ဗျား "

" မင်းတို့က ညီအစ်ကိုအရင်းတွေလား။"

"ဟမ် အဟွတ် အဟွတ် "

"ငါမေးတာဖြေ မလိမ်နဲ့။"

" ခင်ဗျားဘာကြောင့် ဒီလို တပ်အပ်ပြောတာလဲ။"

" အန်တီမေခ စက္ကမင်းမြတ် နေခမင်းမြတ် နောက်တစ်ချက် မင်းတို့က တူတာရှိတယ်။ မင်းရော သူရောက မင်းတို့အမေဆီက အတ္တတွေအမွေရထားသလိုပဲ။ တစ်ခုခုကို လိုချင်ရင် မရရအောင် ယူတတ်တယ်။"

" ဟားဟားး ခင်ဗျားစကားတွေက မှန်သင့်သလောက်မှန်ပေမယ့် ဒါတူတာနဲ့တင် သားအမိဆိုပြီး တပ်အပ်မပြောနိုင်ဘူးလေ။ နောက်ပြီး ကျွန်တော်တို့ အခြေအနေက သူတို့အနေအထားနဲ့ အဆင့်အတန်းအကွာကြီး "

" ဒါတင်မကသေးဘူး။ မင်းအဖေနဲ့ ငါစကားပြောကြည့်ဖူးတယ်။ သူ့အိမ်ထောင်ရေးအကြောင်းကို ပြောပြဖူးတယ်။ သူ့မိန်းမက ဆင်းရဲတဲ့ ဒဏ်ကို မခံနိုင်လို့ ဗိုက်တစ်လုံးနဲ့ ထွက်ပြေးခဲ့တယ်။ မလိမ်နဲ့ စက္က မင်း နေခနဲ့စကားပြောနေတဲ့အချိန် မင်းအသံတွေ အကြည့်တွေကရတဲ့ မေတ္တာဓာတ်ကို ဘေးက ငါတောင်ခံစားမိတယ်။ "

ဟန်လင်းညိုရဲ့ စကားတွေက တိကျနေပြီမို့ သူဘာမှ ပြန်မပြောနိုင်တွေဝေမိ၏။ ညီလေးက သူ့လိုလူရဲ့ ညီဆိုပြီး တစိမ်းတွေရှေ့မှာ သိသာအောင် နေခဲ့မိပြီလား။

" ဒေါ်မေခနဲ့ ငါ့အဖေနဲ့က သူငယ်ချင်းကွ။ ငါ့အဖေပြောပြဖူးသလောက်ဆိုရင် ဒေါ်မေခက ယောကျ်ားနောက်ကို လိုက်ပြေးဖူးတယ်။ မိဘတွေက မမွေဖြတ်လိုက်ရတဲ့အထိ။ နောက်ပြီး အိမ်ပေါ်ကိုယ်ဝန်နဲ့ ပြန်တတ်ခဲ့တယ်တဲ့။ ငါ ဆရာဝန်ဖြစ်တော့ သူတို့မိသားစုရဲ့ အနီးကပ်မိသားစုဒေါက်တာလုပ်ပေးရတယ်လေ။ သူတို့ အတွင်းရေးကို ငါသိသင့်သလောက်ငါသိတယ်။"

" ကျွန်တော်တောင်းပန်ပါတယ် အစ်ကို ။ ဒီကိစ္စတွေကို တခြားလူကို အသိမပေးပါနဲ့။ အမေနဲ့ ညီလေးကို တောင်မှပေါ့။"

ဟန်လင်းညို စက္ကကိုကြည့်ပြီး သနားလာသည်။ ဒီကောင်လေးကို စစတွေ့ခြင်းက ဂျစ်ကန်လေး အရွဲ့တိုက်တတ်တဲ့ကောင်လေးလို့ပဲ သိထားခဲ့တာ။ ဘယ်သူထင်မလဲ စက္ကရဲ့ အိမ်က မိသားစုသုံးယောက်ရိုက်ထားတဲ့ပုံကို သူမြင်ခဲ့တာ။ စတွေ့တုန်းက ဒေါ်မေခနဲ့ တူလိုက်တာလို့ တွေးမိခဲ့တာ။ စက္ကရဲ့ အဖေကိုယ်တိုင် သူ့အိမ်ထောင်ရေးအကြောင်းပြောပြတော့မှ သူဆက်စပ်မိခဲ့သည်။ အဖေ့ကို ပြန်မေးခဲ့ချိန် အဖေက ဒေါ်မေခရဲ့ မိဘတွေအပေါ်လိမ်ခဲ့မှုကို ပြန်ပြောပြခဲ့သည်။

" စိတ်မပူနဲ့ စက္က အန်တီက သူ့မိဘတွေအိမ်ပေါ်ပြန်တက်တော့ သူ့ယောကျ်ားက ဆုံးသွားပြီလို့ လိမ်ခဲ့တာ။ နေခကိုလည်း တစ်ဦးတည်းသော သားပါလို့ လိမ်ခဲ့တာ။ "

"အော်....အမေ့ရဲ့ မှတ်ဉာဏ်ထဲမှာ ကျွန်တော်တို့သားအဖက သေလူဖြစ်ခဲ့ပြီးပြီပေါ့။ ညီလေးအတွက်ဆို ဘယ်တော့မှ မရှိခဲ့ဖူးတဲ့ လူတွေလို့ သတ်မှတ်ခံရလေမလား။ "

" ငါစိတ်မကောင်းပါဘူး။ စက္ကရာ "

" ကျွန်တော့်ဘဝနဲ့ ကျွန်တော့်ကံပဲလေ။ "

အရှေ့မှာ ထိုင်နေရာကနေ စက္ကဘေးကို ဝင်ထိုင်လိုက်ပြီး ပခုံးကို ပုတ်ပေး၍ အားပေးစကားဆိုလိုက်သည်။ ဒီကောင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုရဲ့ ရိုက်ခတ်ဒဏ်ကို အတော်ခံစားခဲ့ရပါလား။ ဒီကောင်လေးလိုအပ်နေသော မေတ္တာတရားကို ပေးအပ်ပြီး စောင့်ရှောက်ပေးနိုင်အောင် သူကြိုးစားရမည်။

" ဒါနဲ့ မနက်ဖြန် ငါနဲ့ ပဲခူးကို စိတ်ပြေလက်ပျောက် လိုက်ခဲ့ပါလား။ "

" အင်း "

" လိမ္မာတယ်။ အဲ့လို လိမ္မာပါကွ။ မလိမ္မာတဲ့ကလေးတွေဆို ငါကမချစ်ဘူး။ "

" အောင်မယ် ခင်ဗျားက ကျွန်တော့်ကို ကလေးတစ်ယောက်လို မြင်နေတာလား။ ကျွန်တော်နည်းနည်းလေး အားနည်းပြလိုက်တာနဲ့ ခင်ဗျားဆရာကြီးလုပ်တော့တာပဲ။"

"ဟားဟားး မင်းကလည်း နည်းနည်းလေးတောင် သနားဖို့မကောင်းပါဘူးကွာ။ "

" ဟက် အမှန်အတိုင်းပြောရရင် ကျွန်တော့်ရဲ့ ဒီလိုပုံစံကို ခင်ဗျားတစ်ယောက်တည်းမြင်ဖူးတာ။ ထက်ခန့်တောင် မမြင်ဖူးဘူး။ ထက်ခန့်ရဲ့ အမြင်မှာ ကျွန်တော်က အရမ်းသန်မာပြခဲ့တာ။ အားလုံးရဲ့ရှေ့မှာရော ထက်ခန့်ကို ကာကွယ်ပေးရင်း နှစ်သိမ့်ရင်းနဲ့ အချိန်တွေ ကုန်ခဲ့တာ။ အဟက် ရယ်ရတယ်။"

ဘယ်လောက်တောင် မြိုသိပ်ပြီး နာကျင်နေခဲ့ရမလဲ။ ဒီနာကျင်နေတဲ့ အဆိုးလေးက သူငယ်ချင်းကိုတောင် နှစ်သိမ့်ပေးခဲ့တယ်တဲ့လား။ ကိုယ့်ကိုယ်ယုံကြည်ပြီး ကိုယ့်ရှေ့မှာ ခံစားချက်တွေ ဖွင့်ပြခဲ့တာမို့ သူကလည်း စက္ကကို ပြန်နှစ်သိမ့်ပေးရလိမ့်မည်။

~~~~~~~~~~~~

တချို့လူတွေက မေတ္တာငတ်နေသည် မှန်သော်လည်း တစ်ဘဝစာလုံးအတွက်မဟုတ်ရင် မပေးအပ်ခဲ့သင့် ။
___________

( က ခ ညီအစ်ကို နှစ်ယောက်က ထက်ဦးခန့်ကို အရုပ်မှတ်နေကြတာလား။)

က - ထက်ခန့်ကို ငါကစောင့်ရှောက်လာတာ။ ငါမှန်တယ်ထင်ရင်လုပ်မှာပဲ။ငါ့ညီလေးစိတ်ချမ်းသာဖို့ ဟားဟားး။

ခ - မောင်က တို့အရုပ်ပဲလေ ယူ ဘာဖြစ်ချင်နေတာလဲ။ယူ မကျေနပ်ဘူးလား။ 🙃

(မဟုတ်ဘူး သဘောရိုးနဲ့ စတာ စတာ)

ဇာတ်ရှိန်မြင့်လာပြီ။ 😬
မနက်ဖြန်တစ်ပိုင်းဆက်တင်ပေးမယ်နော်။❤️
Ongoing ၃ပုဒ်ကို ရက်မပြတ်upပေးနေပါတယ်။ ဒါကြောင့် ညကျမှ တင်ပေးမိတာ နားလည်ပေးပါ။

(Zawgyi)

ညေနပိုင္းက်မွ မားဆီကို ျပန္မည္ဟုေတြးထား၍ မနက္ပိုင္းေမာင္ႏွင့္အတူ Hotelကို လိုက္ခဲ့၏။ Hotelေရာက္ေတာ့ ေမာင့္သူငယ္ခ်င္းႏွင့္ ေတြ႕သည္။ ကိုႀကီးစကၠက အစကတည္းက သေဘာေကာင္းသူမို႔ ေမာင့္ကို နားလည္လက္ခံေပးလိုက္ၿပီ ထင္ပါရဲ႕။ ေမာင့္လက္ကို ခ်ိတ္ၿပီး ဝင္လာေသာ သူ႔ကို Hotelက လူေတြက ဝိုင္းၾကည့္ၾကသည္။ သို႔ေပမယ့္ ဒီလွ်ိဳ႕ဝွက္ခ်က္ကို အျပင္မေပါက္ၾကားရေလေအာင္ ကိုႀကီးစကၠက ထိန္းေပးသည္။

ေမာင္က သီခ်င္းသြားဆိုလိုက္ နားလိုက္ႏွင့္ ေနခကေတာ့ ေမာင့္အနားမွာ မျပတ္ရွိေနသည္။

" ေမာင္ ဒီေလာက္အသံေကာင္းတာ။ ဘာလို႔ အဆိုေတာ္မလုပ္တာလဲ။"

" သီခ်င္းပဲဆိုခ်င္တာ။"

" အင္းေလ။ အဲ့ေၾကာင့္ အဆိုေတာ္လုပ္လို႔ ေျပာတာေပါ့။"

" အခုလည္း ဆိုေနရတာပဲေလ။"

"ဒါေပမဲ့ ေမာင့္မွာ ဒီေလာက္ fanမ်ားၿပီး လူခ်စ္လူခင္ေပါေနတာ။ အဆိုေတာ္လုပ္ရင္ ေအာင္ျမင္မွာ။"

သူ႔စကားကို ေမာင္က ဟက္ခနဲရယ္ခ်လိုက္သည္။

" ငါ မေအာင္ျမင္ခ်င္ဘူး။ "

" အြန္းပါ။ အဲ့ဆိုလည္းသီခ်င္းမဆိုနဲ႔ေတာ့ေလ။ အခုဆိုေနတာေတာင္ လူသိမ်ားေနၿပီ။ ဒါမွ မဟုတ္ ေမာင္ ဒီလိုလုပ္"

ေမာင့္ဘက္ကို လွည့္လိုက္ၿပီး ေမာင့္မ်က္လုံးေတြကို ေသခ်ာၾကည့္လိုက္သည္။ ေမာင္ကလည္း သူဘာေျပာမလဲဆိုၿပီး ၾကည့္ေနသည္။

" ေမာင္က သီခ်င္းဆိုခ်င္တာမလား။ ေရခ်ိဳးခန္းထဲမွာ ဆို ေမာင့္အသံရဲ႕ မူပိုင္ခြင့္ကို ငါ့ကိုေရာင္းလိုက္ ငါ့ခြင့္ျပဳခ်က္မရဘဲ ပါ့ပလစ္မွာ ေမာင္လုံးဝသီခ်င္းဆိုခြင့္မရွိဘူး။ "

သူ႔အႀကံကို လက္ခံလားဆိုတဲ့သေဘာနဲ႔ မ်က္ခုံးပင့္ျပလိုက္သည္။ သူ႔မ်က္လုံးကို စိုက္ၾကည့္ေနေသာ ေမာင့္ႏႈတ္ခမ္းေတြ ၿပဳံးခ်င္ခ်င္ျဖစ္သြား၏။ ထို႔ေနာက္ ေမာင္က သူ႔ကို မ်က္ႏွာလႊဲလိုက္သည္။ၿပဳံးခ်င္တာေတာင္ ေခြၽတာေနေသာ ေမာင္ပါေလ။

" ေပါက္ကရေတြ "

" ဟာ ေမာင္ကလည္း အခု ေမာင္နဲ႔ ငါ လုပ္ငန္းသေဘာေဆြးေႏြးေနတာ။ ငါက အလုပ္ရွင္ ေမာင္က အလုပ္သမားျဖစ္သြားၿပီ။ ကဲ ေမာင္ လက္ ခံလား။"

" လက္ မခံဘူး။"

" တကယ္လား။"

" အင္း "

"ဟုတ္ၿပီေလ။ ေမာင္ ခဏေစာင့္ "

ေနခ ေမာင့္ေရွ႕ကေန ထထြက္လာလိုက္ၿပီး ကိုႀကီးစကၠကို သြားရွာလိုက္၏။

စကၠဆိုင္အျပင္မွာ ထိုင္ေနတုန္း ဟန္လင္းညိဳကားဝင္လာတာကို လွမ္းေတြ႕ရသည္။

"ဟက္ မေနႏိုင္ဘဲနဲ႔မ်ား "

စကၠ မ်က္ႏွာလႊဲထားလိုက္သည္။ အနားကို လာရပ္ေသာ ေျခတစ္စုံကို သတိထားမိေပမယ့္ မသိခ်င္ေယာင္ေဆာင္ထားလိုက္သည္။

" စကၠ "

အေရွ႕မွာ ဝင္ထိုင္သည္။ သူ႔မ်က္ႏွာကို စိုက္ၾကည့္ေနတာ စကၠသိေပမယ့္ လ်စ္လ်ဴရႈထားလ်က္။

" စကၠ ဟိုေန႔က ကိစၥအတြက္ မင္းကို ငါေတာင္းပန္ပါတယ္ကြာ။"

" တကယ္ေတာ့ မင္းလည္း မွားတာပဲမလား။ မင္းစိတ္ထဲ သူက အဆင္မေျပေနရင္ေတာင္ သူ႔ေရွ႕မွာေတာ့ မေျပာသင့္ဘူးေလ။ ငါလည္း မ်က္ႏွာပ်က္ခဲ့ရတာပဲ။ "

" မသိဘူး။ အဲ့တာ ခင္ဗ်ားတို႔ကိစၥ သူ႔ကိုပဲ သြားေတာင္းပန္လိုက္ပါ။"

မသိစိတ္က အ႐ြဲ႕တိုက္ခ်င္ေနတာကလည္း မတတ္ႏိုင္ဘူး။

" ဟို မင္းကလည္းကြာ။"

" ကိုႀကီးစကၠ ဟင္ ေဒါက္တာ "

"ေနခပါလား။"

" အမ္"

ညီေလးနဲ႔ ဒီလူနဲ႔က သိေနတာလား။

" ေဒါက္တာ ဘယ္လိုလုပ္ဒီကို "

" ဟို ဒီလိုပဲ စကၠဆီလာတာ။"

" ေအာ္ "

" ေနခကေရာ "

" ကြၽန္ေတာ္လည္း သူငယ္ခ်င္းဆီလာတာ။"

" ညီေလးက သူနဲ႔သိတာလား။"

" ဟုတ္ ကိုႀကီး ေဒါက္တာက ကြၽန္ေတာ္တို႔မိသားစုေဒါက္တာေလ။"

"ဒီေနရာမွာ ေဒါက္တာလို႔မေခၚပါနဲ႔ကြာ။ အစ္ကိုလို႔ေခၚလည္းရပါတယ္။"

"ဟုတ္ကဲ့ "

ဒီလူက မိသားစုေဒါက္တာဆိုေတာ့ ေမေမတို႔ ညီေလးတို႔နားမွာ အနီးကပ္ျပဳစုေစာင့္ေရွာက္ရတာေပါ့။

"ညီေလး ထက္ခန္႔ေရာ "

"ဟို သူက အထဲမွာ ကိုႀကီးကို ကြၽန္ေတာ္ ေျပာစရာရွိလို႔။ "

"ေအာ္ ညီေလး ထိုင္ေလ။"

ေနခက ဟန္လင္းညိဳေဘးကို ဝင္ထိုင္လိုက္သည္။

" ဟို ကိုႀကီးကိုေျပာရမွာ အားနာေပမယ့္ ထက္ဦးခန္႔ကိုေလ ဒီဆိုင္မွာ သီခ်င္းမဆိုခိုင္းပါနဲ႔ေတာ့လား။ ကြၽန္ေတာ္က ထက္ဦးခန္႔ရဲ႕ အသံကို မူပိုင္ခြင့္ဝယ္ခ်င္လို႔ပါ။"

"ေဟ "

စကၠ ညီျဖစ္သူရဲ႕ စကားကို အနည္းငယ္အံ့အားသင့္ၿပီးမွ ထရယ္မိသည္။ သူ႔ညီပီသေပတယ္။ အရမ္း အတၱႀကီးတတ္တာပဲ။

" ဟားးဟားးဟားး ညီေလးရယ္။ ညီေလးလိုခ်င္ရင္ ကိုႀကီး ထက္ဦးခန္႔တင္မကဘူး။ ဒီ hotelေရာ barေရာ အကုန္ေပးမယ္။ ထက္ခန္႔ကို အလုပ္ျဖဳတ္ေစခ်င္တာလား။ ရတယ္ေလ။ ကိုႀကီးလည္း ထက္ခန္႔ကို ဒီအလုပ္ေတြ ဆက္မလုပ္ေစခ်င္ပါဘူး။ ဆိုေတာ့ ညီေလးႀကိဳက္တာစီမံပါဗ်ာ။"

" ဟာ တကယ္လား ကိုႀကီး ။ အဲ့တာေၾကာင့္ ကိုႀကီးကို ကြၽန္ေတာ္အၿမဲအားကိုးေနရတာ။ ေက်းဇူးတင္ပါတယ္ ကိုႀကီး ။ "

" အင္းပါ အဲ့တာေတြ မလိုပါဘူး။ ငါ့ ညီေလးေပ်ာ္ရင္ ၿပီးတာပဲ။ "

ေျပးေပေတာ့ ေမာင္ေရ။
ေနခမင္းျမတ္တစ္ေယာက္အၿပဳံးလုံးစို႔ၿပီး စကၠတို႔အနားမွ ထြက္သြားသည္။

" စကၠ "

"ဟင္ ေအာ္ ခင္ဗ်ား "

" မင္းတို႔က ညီအစ္ကိုအရင္းေတြလား။"

"ဟမ္ အဟြတ္ အဟြတ္ "

"ငါေမးတာေျဖ မလိမ္နဲ႔။"

" ခင္ဗ်ားဘာေၾကာင့္ ဒီလို တပ္အပ္ေျပာတာလဲ။"

" အန္တီေမခ စကၠမင္းျမတ္ ေနခမင္းျမတ္ ေနာက္တစ္ခ်က္ မင္းတို႔က တူတာရွိတယ္။ မင္းေရာ သူေရာက မင္းတို႔အေမဆီက အတၱေတြအေမြရထားသလိုပဲ။ တစ္ခုခုကို လိုခ်င္ရင္ မရရေအာင္ ယူတတ္တယ္။"

" ဟားဟားး ခင္ဗ်ားစကားေတြက မွန္သင့္သေလာက္မွန္ေပမယ့္ ဒါတူတာနဲ႔တင္ သားအမိဆိုၿပီး တပ္အပ္မေျပာႏိုင္ဘူးေလ။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ အေျခအေနက သူတို႔အေနအထားနဲ႔ အဆင့္အတန္းအကြာႀကီး "

" ဒါတင္မကေသးဘူး။ မင္းအေဖနဲ႔ ငါစကားေျပာၾကည့္ဖူးတယ္။ သူ႔အိမ္ေထာင္ေရးအေၾကာင္းကို ေျပာျပဖူးတယ္။ သူ႔မိန္းမက ဆင္းရဲတဲ့ ဒဏ္ကို မခံႏိုင္လို႔ ဗိုက္တစ္လုံးနဲ႔ ထြက္ေျပးခဲ့တယ္။ မလိမ္နဲ႔ စကၠ မင္း ေနခနဲ႔စကားေျပာေနတဲ့အခ်ိန္ မင္းအသံေတြ အၾကည့္ေတြကရတဲ့ ေမတၱာဓာတ္ကို ေဘးက ငါေတာင္ခံစားမိတယ္။ "

ဟန္လင္းညိဳရဲ႕ စကားေတြက တိက်ေနၿပီမို႔ သူဘာမွ ျပန္မေျပာႏိုင္ေတြေဝမိ၏။ ညီေလးက သူ႔လိုလူရဲ႕ ညီဆိုၿပီး တစိမ္းေတြေရွ႕မွာ သိသာေအာင္ ေနခဲ့မိၿပီလား။

" ေဒၚေမခနဲ႔ ငါ့အေဖနဲ႔က သူငယ္ခ်င္းကြ။ ငါ့အေဖေျပာျပဖူးသေလာက္ဆိုရင္ ေဒၚေမခက ေယာက်္ားေနာက္ကို လိုက္ေျပးဖူးတယ္။ မိဘေတြက မေမြျဖတ္လိုက္ရတဲ့အထိ။ ေနာက္ၿပီး အိမ္ေပၚကိုယ္ဝန္နဲ႔ ျပန္တတ္ခဲ့တယ္တဲ့။ ငါ ဆရာဝန္ျဖစ္ေတာ့ သူတို႔မိသားစုရဲ႕ အနီးကပ္မိသားစုေဒါက္တာလုပ္ေပးရတယ္ေလ။ သူတို႔ အတြင္းေရးကို ငါသိသင့္သေလာက္ငါသိတယ္။"

" ကြၽန္ေတာ္ေတာင္းပန္ပါတယ္ အစ္ကို ။ ဒီကိစၥေတြကို တျခားလူကို အသိမေပးပါနဲ႔။ အေမနဲ႔ ညီေလးကို ေတာင္မွေပါ့။"

ဟန္လင္းညိဳ စကၠကိုၾကည့္ၿပီး သနားလာသည္။ ဒီေကာင္ေလးကို စစေတြ႕ျခင္းက ဂ်စ္ကန္ေလး အ႐ြဲ႕တိုက္တတ္တဲ့ေကာင္ေလးလို႔ပဲ သိထားခဲ့တာ။ ဘယ္သူထင္မလဲ စကၠရဲ႕ အိမ္က မိသားစုသုံးေယာက္႐ိုက္ထားတဲ့ပုံကို သူျမင္ခဲ့တာ။ စေတြ႕တုန္းက ေဒၚေမခနဲ႔ တူလိုက္တာလို႔ ေတြးမိခဲ့တာ။ စကၠရဲ႕ အေဖကိုယ္တိုင္ သူ႔အိမ္ေထာင္ေရးအေၾကာင္းေျပာျပေတာ့မွ သူဆက္စပ္မိခဲ့သည္။ အေဖ့ကို ျပန္ေမးခဲ့ခ်ိန္ အေဖက ေဒၚေမခရဲ႕ မိဘေတြအေပၚလိမ္ခဲ့မႈကို ျပန္ေျပာျပခဲ့သည္။

" စိတ္မပူနဲ႔ စကၠ အန္တီက သူ႔မိဘေတြအိမ္ေပၚျပန္တက္ေတာ့ သူ႔ေယာက်္ားက ဆုံးသြားၿပီလို႔ လိမ္ခဲ့တာ။ ေနခကိုလည္း တစ္ဦးတည္းေသာ သားပါလို႔ လိမ္ခဲ့တာ။ "

"ေအာ္....အေမ့ရဲ႕ မွတ္ဉာဏ္ထဲမွာ ကြၽန္ေတာ္တို႔သားအဖက ေသလူျဖစ္ခဲ့ၿပီးၿပီေပါ့။ ညီေလးအတြက္ဆို ဘယ္ေတာ့မွ မရွိခဲ့ဖူးတဲ့ လူေတြလို႔ သတ္မွတ္ခံရေလမလား။ "

" ငါစိတ္မေကာင္းပါဘူး။ စကၠရာ "

" ကြၽန္ေတာ့္ဘဝနဲ႔ ကြၽန္ေတာ့္ကံပဲေလ။ "

အေရွ႕မွာ ထိုင္ေနရာကေန စကၠေဘးကို ဝင္ထိုင္လိုက္ၿပီး ပခုံးကို ပုတ္ေပး၍ အားေပးစကားဆိုလိုက္သည္။ ဒီေကာင္ေလးက ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မိသားစုရဲ႕ ႐ိုက္ခတ္ဒဏ္ကို အေတာ္ခံစားခဲ့ရပါလား။ ဒီေကာင္ေလးလိုအပ္ေနေသာ ေမတၱာတရားကို ေပးအပ္ၿပီး ေစာင့္ေရွာက္ေပးႏိုင္ေအာင္ သူႀကိဳးစားရမည္။

" ဒါနဲ႔ မနက္ျဖန္ ငါနဲ႔ ပဲခူးကို စိတ္ေျပလက္ေပ်ာက္ လိုက္ခဲ့ပါလား။ "

" အင္း "

" လိမၼာတယ္။ အဲ့လို လိမၼာပါကြ။ မလိမၼာတဲ့ကေလးေတြဆို ငါကမခ်စ္ဘူး။ "

" ေအာင္မယ္ ခင္ဗ်ားက ကြၽန္ေတာ့္ကို ကေလးတစ္ေယာက္လို ျမင္ေနတာလား။ ကြၽန္ေတာ္နည္းနည္းေလး အားနည္းျပလိုက္တာနဲ႔ ခင္ဗ်ားဆရာႀကီးလုပ္ေတာ့တာပဲ။"

"ဟားဟားး မင္းကလည္း နည္းနည္းေလးေတာင္ သနားဖို႔မေကာင္းပါဘူးကြာ။ "

" ဟက္ အမွန္အတိုင္းေျပာရရင္ ကြၽန္ေတာ့္ရဲ႕ ဒီလိုပုံစံကို ခင္ဗ်ားတစ္ေယာက္တည္းျမင္ဖူးတာ။ ထက္ခန္႔ေတာင္ မျမင္ဖူးဘူး။ ထက္ခန္႔ရဲ႕ အျမင္မွာ ကြၽန္ေတာ္က အရမ္းသန္မာျပခဲ့တာ။ အားလုံးရဲ႕ေရွ႕မွာေရာ ထက္ခန္႔ကို ကာကြယ္ေပးရင္း ႏွစ္သိမ့္ရင္းနဲ႔ အခ်ိန္ေတြ ကုန္ခဲ့တာ။ အဟက္ ရယ္ရတယ္။"

ဘယ္ေလာက္ေတာင္ ၿမိဳသိပ္ၿပီး နာက်င္ေနခဲ့ရမလဲ။ ဒီနာက်င္ေနတဲ့ အဆိုးေလးက သူငယ္ခ်င္းကိုေတာင္ ႏွစ္သိမ့္ေပးခဲ့တယ္တဲ့လား။ ကိုယ့္ကိုယ္ယုံၾကည္ၿပီး ကိုယ့္ေရွ႕မွာ ခံစားခ်က္ေတြ ဖြင့္ျပခဲ့တာမို႔ သူကလည္း စကၠကို ျပန္ႏွစ္သိမ့္ေပးရလိမ့္မည္။

~~~~~~~~~~~~

တခ်ိဳ႕လူေတြက ေမတၱာငတ္ေနသည္ မွန္ေသာ္လည္း တစ္ဘဝစာလုံးအတြက္မဟုတ္ရင္ မေပးအပ္ခဲ့သင့္ ။
___________

( က ခ ညီအစ္ကို ႏွစ္ေယာက္က ထက္ဦးခန္႔ကို အ႐ုပ္မွတ္ေနၾကတာလား။)

က - ထက္ခန္႔ကို ငါကေစာင့္ေရွာက္လာတာ။ ငါမွန္တယ္ထင္ရင္လုပ္မွာပဲ။ငါ့ညီေလးစိတ္ခ်မ္းသာဖို႔ ဟားဟားး။

ခ - ေမာင္က တို႔အ႐ုပ္ပဲေလ ယူ ဘာျဖစ္ခ်င္ေနတာလဲ။ယူ မေက်နပ္ဘူးလား။ 🙃

(မဟုတ္ဘူး သေဘာ႐ိုးနဲ႔ စတာ စတာ)

ဇာတ္ရွိန္ျမင့္လာၿပီ။ 😬
မနက္ျဖန္တစ္ပိုင္းဆက္တင္ေပးမယ္ေနာ္။❤️
Ongoing ၃ပုဒ္ကို ရက္မျပတ္upေပးေနပါတယ္။ ဒါေၾကာင့္ ညက်မွ တင္ေပးမိတာ နားလည္ေပးပါ။

© အမရာခွန်း (Ten),
книга «မောင့်ခြေဖျားကအထက်တန်းစားဝိုင်».
Коментарі