Episode - 0
"မြင်မြင်ချင်းအချစ်ကိုယုံလား.."
ဂျူတီကုတ်လေးဝတ်ထားတဲ့သူပြန်ဖြေတယ်
"မယုံဘူး."
မေးလိုက်တဲ့ကောင်လေးကခေါင်းလေးတညိမ့်ညိမ့်နဲ့
"ခင်ဗျားနှလုံးသားထဲမှာငါကဘယ်လိုလဲ"
"ငါ့နှလုံးသားထဲမှာမင်းကအရမ်းကြင်နာတတ်တယ်
သန်မာပြီးယုံကြည်စိတ်ချရတယ်
မင်းကငါတမ်းတရှာဖွေနေတဲ့ရဲရင့်မှုပဲ"
မေးလိုက်တဲ့ကောင်လေးကရှက်သလိုဖြစ်ပြီး
လည်ပင်းကိုအကြောင်းမဲ့ပွတ်နေမိတယ်.
အိမ်ပြန်နေတဲ့ကောင်လေးတစ်ယောက်
အနောက်တိုင်းဝတ်စုံကိုအချိုးကျဝတ်ဆင်ထားပြီး
ဘေးအိတ်လေးကိုလွယ်ထားတယ်
ရှေ့ကိုရောက်လာတဲ့ဆိုင်ကယ်တစ်စီး
Helmetကိုချွတ်ပြီးစကားဆိုတယ်
"ဘယ်လိုလဲ ချောလား မမိုက်ဘူးလားပြော"
စကားမဆိုဘဲစိုက်ကြည့်နေတယ်
မေးတဲ့ကောင်လေးကပြုံးရယ်နေရာကနေ
ခပ်တည်တည်ဖြစ်သွားတယ်
"မင်းကိုချစ်တယ်"
Helmetကို်င်ထားတဲ့ကောင်လေးကရယ်တယ်
အရမ်းကိုနှစ်ခြိုက်တဲ့စကားတစ်ခွန်းကိုကြားလိုက်ရသလို
သူကျေနပ်သွားတယ်
"ငါလည်းမင်းကိုချစ်တယ်."
Коментарі