Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 15

ရိပေါ် ရှောင်းကျန့်ဆီရောက်လာခဲ့ပုံက

"အကို..... အကိုဘာလုပ်နေလဲ "

ဆေးရုံမှာအလုပ်လုပ်နေတဲ့ရှစ်ရွှင်း
ငြိမ်ငြိမ်မနေရ
အနားမှာသာလိကာလိုစကားများနေတဲ့သူ့ညီ

"ပြောစရာရှိတာပြော "

"ဒီလိုဆိုတော့လည်း...
ဒေါက်တာရှောင်တို့ကဘယ်သွားကြလဲ"

"နယ်လေးတစ်မြို့မှာလုပ်အားပေးတာ
မင်းသွားချင်ရင်လိပ်စာက.........."

"ဟုတ်ပြီ အကို ကျေးဇူးပဲ..
ကျနော့်ကုမ္ပဏီကိုဆိုယွန်းဆီခဏအပ်ခဲ့မယ် "

"မင်း ကုမ္ပဏီထောင်ထားတာ
လျောက်သွားဖို့အတွက်လား.."

"မဟုတ်ဘူး အပျင်းပြေဆော့ဖို့
ကျနော်သွားပြီ"

"လောင်ဝမ်..ရိပေါ်ကိုဘာမှမဆူဘူးလား"

"ကျနော်ကဘာကိုဆူရမှာလဲ ဟန်.."

"ဟို..မင်းကလိင်တူချင်းကြိုက်တာလက်ခံတာလား.."

"ကျနော်အဲ့တာတွေမသိဘူး
ညီစိတ်ချမ်းသာရင်ရပြီ...
အဲ့ကလေးအခုထိတက်ကြွနေခဲ့တာ
ဒေါက်တာရှောင်ကျေးဇူးတွေအများကြီးပါတယ်.."

"အင်း.အင်း.."

လုပ်လက်စစာရင်းတွေကိုငြိမ်ငြိမ်လေးပြန်လုပ်နေတဲ့ လုဟန်
မျက်နှာလေးကညိုးနွမ်းလို့...

လောင်ဝမ်ကလိင်တူလက်မခံတဲ့ပုံပါပဲ

စာရင်းတွေလုပ်နေရင်းသက်ပြင်းတွေချနေမှန်းမသိ
ချမိနေသော လုဟန်

ရှစ်ရွှင်း လုဟန်ကိုခိုးကြည့်လိုက်တိုင်း
ခေါင်းတစ်ခါခါနဲ့သက်ပြင်းတွေချနေတာပဲ
မြင်ရတယ်

ငါပြောတာလွန်သွားလို့လား..
ငါကအဲ့တာတွေလက်မခံပေမဲ့လည်း..
ဟင်း..ဒီတိုင်းလေးပဲကောင်းပါတယ်...

အိမ်သို့ပြန်ရောက်သော်အတွေးတွေဖြင့်ငြိမ်နေသောလုဟန်
သူလုပ်နေကျအလုပ်တွေပါမေ့ပြီး
အခန်းထဲဝင်သွားတယ်

ရှစ်ရွှင်း မှာအူကြောင်ကြောင်နဲ့

ဘာလဲ ဟန်ကငါ့ကိုဂရုမစိုက်တာလား..

ထမင်းစားရမယ့်အချိန်ထိထွက်မလာတာကြောင့်
အခန်းထဲဝင်ကြည့်တော့
အကျီတောင်မလဲဘဲအိပ်ပျော်နေတယ်

ဘာတွေများဖြစ်နေလို့ပါလိမ့်..

စောင်သေချာခြုံပေးပြီး
ထမင်းစားဖို့ကိုယ့်ဘာသာပဲပြင်ဆင်ရတော့တယ်

"ခွေးကောင်ရိပေါ်.
ကုမ္ပဏီကိုစပ်တူဖွင့်ပေမဲ့
ဘာလို့ငါပဲအလုပ်လုပ်နေရတာလဲ.."

ဆိုယွန်းကတော့တပျစ်တောက်တောက်နဲ့
ပြောပြီးအလုပ်တွေလုပ်နေတယ်..

ရိပေါ်ကတော့ကျောပိုးအိတ်တစ်လုံးနဲ့
ဆိုင်ကယ်စီးပြီးနယ်မြို့လေးဆီထွက်လာနေတယ်...

လက်လှမ်းပြနေတဲ့ရိပေါ်ကို
ရှောင်းကျန့်ကြည့်နေတယ်

ငါပဲမှားမြင်မိနေတာလား

"ရှောင်းကျန့်ကော..."

တကယ်ကြီးမြင်နေရတာလား...

ရိပေါ် ဆိုင်ကယ်ကိုရပ်ပြီး
ရှောင်းကျန့်ဆီကိုလာတယ်

"နှမ်းခင်းထဲဘာလုပ်နေတာလဲ
အတွဲချောင်းနေတာလား.."

"ဒီကိုဘယ်လိုရောက်လာတာလဲ.."

ငါ့နောက်လိုက်လာတာလား

"ဒေါက်တာတွေအတွက်စားဖိုမှူးလိုက်လုပ်ပေးတာပါ"

"မင်းတစ်​ယောက်တည်းလား.."

"ဟုတ်တယ် သွားမယ်လေ ညနေတောင်ရောက်နေပြီ"

"အင်း.."

Helmetကိုသေချာဆောင်းပေးပြီး
စုရပ်ကိုပြန်သွားလေတယ်

ဆရာဝန်လေးတွေကတော့ထပ်ပြီးအံ့သြရပြန်တယ်
Tracer 85ကဒေါက်တာရှောင်နဲ့အတူပါလာတယ်
အဲ့တာကလည်းသူတို့အတွက်ဟင်းချက်ပေးဖို့

ငါတို့အရင်ဘဝကကောင်းမှုတွေအများကြီး
လုပ်ခဲ့ပုံရတယ်..

နောက်မှရောက်လာတဲ့ရိပေါ်အတွက်
အခန်းကမရှိဘူးဖြစ်နေတယ်

သူရှောင်းကျန့်ကိုခွင့်တောင်းတယ်
တစ်ခန်းတည်းနေလို့ရမလားလို့

ရင်းနှီးနေတဲ့သူ့အတွက်
ရှောင်းကျန့်က လွယ်လွယ်ကူကူပဲခေါင်းညိမ့်တယ်

လာလှူဒါန်းတဲ့ကုမ္ပဏီကလူတွေပြန်သွားပြီကြားတော့
ရွှမ်ချင်းထခုန်မတတ်ပျော်သွားတယ်

ပြန်ကြ..အရူပ်ထုပ်ပိုင်မိန်ဟွာ

သာယာတဲ့မနက်ခင်းမှာ
ရှောင်းကျန့်ကအရင်နိုးလာတယ်
ဘေးနားကအိပ်ပျော်နေတဲ့သူက
ပေါက်စီလုံးလေးလိုပဲ
ဖြူဖြူဥဥချစ်စရာလေး..

စောသေးတဲ့မနက်ခင်းမှာ
လမ်းထလျောက်ဖို့ရှောင်းကျန့်ဆုံးဖြတ်လိုက်တယ်

တီရှပ်အဖြူအပေါ်မှာအပြာရောင်ရှပ်ကို
ဝတ်လိုက်တယ်
ဂျင်းပန်နဲ့အတူပေါ့
အခုတလောသူကမျက်မှန်ကူနေရပြီ
အဝေးမှုန်ဖြစ်တာကြောင့်
မျက်မှန်လေးတပ်နေရပြီ

လမ်းသွားရင်းခလုတ်တိုက်ပေါင်းမနည်းတာကြောင့်

ဝေလီဝေလင်းအလှဟာ
သူ့ရဲ့ရင်ကိုအေးစေတယ်

လမ်းလျောက်နေတုန်းသူ့ရှေ့မှာလည်း
လမ်းလျောက်နေတဲ့သူတစ်ယောက်ရှိတယ်
ခဏနေတော့ဘေးကမြောင်းထဲပြုတ်ကျသွားတယ်

မိန်ဟွာတစ်ယောက်လမ်းလျောက်နေတုန်း
ဖုန်းလာတာကြောင့်ဖုန်းကိုထုတ်မလို့ကို
အိတ်ကပ်ထဲကနေတော်တော်နဲ့ထုတ်မရတာကြောင့်
အားနဲ့ဆွဲထုတ်လိုက်တော့
ချော်ပြီးဘေးကမြောင်းထဲကျသွားတယ်

ကံကောင်းတာကမြောင်းလေးက
သူ့ခြေမျက်စိနားလောက်ပဲရှိပြီးရေတွေမရှိဘူး

ဒါပေမဲ့သူ့​ခြေချင်းဝတ်ကတော့နာသွားပြီ

ဖုန်းဆက်တဲ့သူကိုကြည့်တော့
သူ့ရဲ့အတွင်းရေးမှူး

စိတ်တိုတိုနဲ့မကိုင်ဘဲ
လမ်းဘေးထိုင်ချနေလိုက်တယ်..

ခဏနေမှထရမယ်
မိန်ဟွာ ကိုယ့်အတွေးနဲ့ကိုယ်ဖြစ်နေတုန်း
ဘေးနားကနေစကားသံကြားရတယ်

"ခြေချင်းဝတ်လည်သွားတဲ့ပုံပဲ
အဆင်ပြေရဲ့လား."

လာပြောတဲ့သူကရှောင်းကျန့်မှန်းသိရော
မိန်ဟွာမျက်နှာကြီးရဲတက်လာတယ်
ငါကြိုက်တဲ့သူကငါ့ကိုစကားစပြောတယ်

နင်တို့ပြောပါဦး ငါဖိတ်စာရိုက်လိုက်ရတော့မလား

"အဆင်ပြေပါတယ် "

"ကျနော်ကဒီနေရာမှာလုပ်အားပေးတဲ့ဆရာဝန်ပါ
စိတ်မရှိရင်ဆေးကုပေးတဲ့နေရာကိုလိုက်ခဲ့ပါလား
ကြာသွားရင်ဒဏ်ဖြစ်သွားမှာစိုးလို့ပါ."

"ဟုတ်ကဲ့ ကျမလိုက်ခဲ့ပါ့မယ်.."

ဇက်ခနဲကောက်ထလိုက်တာကြောင့်
ရှောင်းကျန့်လန့်သွားတယ်

မိန်ဟွာကနာနေပေမဲ့လည်း
သူ့ရဲ့အပျော်ကြောင့်နာကျင်မှုမရှိ
သိုသော် နာကျင်နေတဲ့ပုံစံပြန်ပြင်ရလေသည်

"တွဲပေးရဦးမလား."

"ရပါတယ် ရပါတယ်"

အသားချင်းမထိပါနဲ့စကားနဲ့တင်
လူကပန်းတွေပွင့်ပြီးနိဗ္ဗာန်​တောင်တက်ချင်နေပြီ

ရှောင်းကျန့် မိန်ဟွာကိုပတ်တီးစည်းပေးနေတုန်း
ရိပေါ်ကထွက်လာတယ်

ပျားသွားဖမ်းမယ့်လူလိုတစ်ကိုယ်လုံးအနက်နဲ့
သို့သော်စပို့ရှပ်ကလက်တိုဖြစ်တာကြောင့်
သန်မာတဲ့လက်မောင်းတွေကိုထင်းခနဲမြင်နေရတယ်
Rolexနာရီကိုဝတ်ဆင်ထားတာကြောင့်
သူကဘွိုင်းဖရန့်တိုက်ဖြစ်နေတယ်

ဆေးထည့်ပေးနေတဲ့လူကိုကြည့်နေတယ်
သတိထားမိတော့မှနှုတ်ဆက်တဲ့ရှောင်းကျန့်

"နှိုးပြီလား.."

ရိပေါ်ကိုတွေ့တာနဲ့မိန်ဟွာမျက်နှာကတင်းမာသွားတယ်
သို့သော်ခဏပါပဲ.
သူကအပြုံးလေးနဲ့နှုတ်ဆက်တယ်

ရိပေါ်ကသူ့ကိုဂရုပြုခြင်းတော့မရှိဘူး

"ပြီးပြီလား "

"အင်း..ပြီးပြီ..မင်းဘယ်သွားမလို့လဲ"

"ဈေးသွားကြမယ်လေ."

"မင်းကဈေးဘယ်မှာလဲသိလို့လား."

"မသိဘူး ကောလိုက်ပြ.."

"ဒါဆိုလည်းခဏစောင့်
ငါ့ပိုက်ဆံအိတ်သွားယူလိုက်ဦးမယ်"

ထွက်သွားတဲ့သူတွေကိုကြည့်ရင်း
မိန်ဟွာ ခပ်တိုးတိုးရယ်ရင်းခေါင်းခါတယ်
ငါ့အတွက်နေရာတကယ်မရှိတာပဲ

"ဒီကမိန်းကလေးခြေချင်းဝတ်လည်နေတာ
ခြေထောက်ကိုအရမ်းအားမပြုနဲ့"

"အော် ဟုတ်ကဲ့"

ရွှမ်ချင်း လူနာထင်ပြီးဂရုတစိုက်ပြောနေပေမဲ့
လူနာကပိုင်မိန်ဟွာဖြစ်နေတယ်

"ဟွန့် "

သူ့ကိုဘလိုင်းကြီးလာ ဟွန့် တဲ့သူကိုကြည့်တော့
အော် ဟိုတစ်ယောက်..

ငါဒီနေ့ဘာမကောင်းမှုတွေလုပ်ခဲ့လို့လဲ..

ဈေးထဲအစုံဝယ်နေတဲ့ရိပေါ်
ဘေးနားကရှောင်းကျန့်ကတော့
သူဝယ်သမျှလိုက်ငေးနေတယ်

ကလေးလေးနှစ်ယောက်ကဆိုင်တစ်ဆိုင်ရှေ့ထိုင်ငိုနေတယ်
ကလေးမလေးနဲ့ကောင်လေး
ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့
မျက်ဝန်းတွေထဲကမျက်ရည်တွေကရေတံခွန်လိုစီးကျနေတယ်

ကလေးချစ်တတ်တဲ့ရှောင်းကျန့်က
ထိုကလေးတွေဆီသွားပြီး
စကားတွေပြောတယ်

"ပါးပါးနဲ့မားမားရော..."

"ဟင့်အင်း..အူဝါး.."

ဘာမေးမေးငိုနေတာကြောင့်
ဆက်မမေးဘဲကလေးမလေးကိုပွေ့လိုက်တယ်

"တိတ် တိတ် ပါးပါးနဲ့မားမားက
ပြန်လာမှာပေါ့.."

ရှောင်းကျန့်ကိုမတွေ့လို့လိုက်ရှာနေတဲ့ရိပေါ်
ကလေးတွေနဲ့အတူရှောင်းကျန့်ကိုတွေ့တော့မှ
သူသက်ပြင်းချမိတယ်

ဘေးနားကကောင်လေးကတရူံရူံနဲ့
ငိုချင်တာကိုသည်းခံနေတဲ့ပုံစံလေး
ရှောင်းကျန့်လက်ထဲက ကလေးမလေးတော့
အားရပါးရကိုငိုနေတယ်

ကြည့်ရတာမိဘနဲ့လိုက်လာရင်းကျန်ခဲ့တဲ့ပုံပဲ

ထိုကောင်လေးကိုရိပေါ်ကလက်တစ်ဖက်နဲ့လှမ်းချီလိုက်တယ်
တစ်ဖက်ကအထုတ်တွေဆွဲထားရတယ်လေ

သူချီလိုက်တော့သူ့ပုခုံးကိုခေါင်းမှီရင်း
တအိအိထငိုတယ်

ကလေးမချော့တတ်ပါဘူးဆိုမှပဲကွာ

"ရိပေါ်"

"အင်း..သူတို့မိဘတွေကိုပြန်ရှာပေးမှာလား"

"သူတို့မိဘတွေလည်းရှာနေလောက်မယ်ထင်တယ်
ငါတို့အပြင်ဘက်ကထိုင်ခုံမှာထိုင်ပြီးစောင့်နေရအောင်"

နယ်ဈေးလေးကမနက်ခင်းမှာလူအပြည့်ပါပဲ
လူကွဲမှာစိုးလို့ရိပေါ်က
အထုတ်တွေပြောင်းသယ်ပြီး
ရှောင်းကျန့်လက်တစ်ဖက်ကိုကိုင်လိုက်တယ်

ရှောင်းကျန့်ကပြူးကြောင်ကြောင်လေးနဲ့ပြန်ကြည့်တော့
လူကွဲမှာစိုးလို့တဲ့

ရိပေါ်ပေါင်ပေါ်မှာကောင်လေး
ကိုအာလာလေးလိုကပ်နေတယ်
ရှောင်းကျန့်ပေါ်မှာကလေးမလေးက
ယုန်လေးလိုခေါင်းလေးတင်ပြီးအိပ်ပျော်နေတယ်

သူတို့နှစ်ယောက်ကိုမြင်တဲ့မိန်းကလေးတစ်စုကတော့
ဓာတ်ပုံတွေခိုးခိုးရိုက်သွားကြတယ်

သူတို့တွေပြောတဲ့စကားကတော့
သာယာပြီးလိုက်ဖက်တဲ့မိသားစုလေး..


May 6 2020
© 梅花 白,
книга «DEFINE!».
Коментарі