Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 18

အိပ်ပျော်နေတဲ့သူက
အရာရာကိုအေးချမ်းနေသလို
နိုးရင်တော့ခေါင်းကိုက်နေမှာကျိန်းသေသိတဲ့အတွက်
ဟင်းချိုပြင်ဆင်ခိုင်းထားတယ်

စိတ်ကျဉ်းကျပ်စေတဲ့အနောက်တိုင်းဝတ်စုံကို
လဲပေးပြီးခပ်ပွပွညအိပ်ဝတ်စုံလဲပေးလိုက်တယ်

မနှစ်မြို့တဲ့ရေမွှေးအနံ့က
နှာခေါင်းထဲဝင်လာတော့
အကျီတွေကိုအမှိုက်တောင်းထဲပစ်ထည့်လိုက်တယ်

လုပ်စရာအလုပ်မရှိမဲ့အတူတူ
ရိပေါ်ကရှောင်းကျန့်မျက်နှာလေးကို
လက်ထောက်ပြီးငေးကြည့်တယ်

အချိန်တွေဘယ်လောက်ကြာသွားလဲသူမသိ
သူသိတာ ရှောင်းကျန့် ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီ

မျက်လုံးကြီးကြီးလေးတွေကမှိတ်ထားတယ်
ပါးဖောင်းဖောင်းလေးတွေကနှာခေါင်းနှစ်ချင်စရာ
နှာခေါင်းလုံးလုံးလေးကချစ်စဖွယ်
နှုတ်ခမ်းပါးလေးကလည်းစွဲမက်ဖွယ်
နှုတ်ခမ်းပါးအောက်ကမှဲ့နက်လေးကတော့
ပိုပြီးမြတ်နိုးချင်စရာအကောင်းဆုံးပဲ

ဝဲကျနေတဲ့ဆံပင်တွေကလည်း
ခပ်အုပ်အုပ်ဖြစ်နေတယ်

အကျီပွပွကြောင့်မြင်နေရတဲ့
ညှပ်ရိုးတွေ ပိန်သွားပြန်တာလား
ဝလာတာလားရိပေါ်တွေးနေရတယ်

ဖုန်းလာတာကြောင့်
ချက်ချင်းဖုန်းသံတိုးပြီးကိုင်လိုက်ရတယ်
ဆိုယွန်းရဲ့ဆိုဆဲသံက ဖုန်းထဲကနေဟိန်းခနဲ

"ခွေးကောင် မင်းပြဿနာရှာထားတာလား"

"ဘာကိုလဲ "

"ဘာမှမဟုတ်ဘူး ကုမ္ပဏီကိုလာကြည့်"

"အင်း.ငါလာခဲ့မယ်
နေ့လည်လောက်ကျရင်အစည်းအဝေးခေါ်လိုက်"

ဖုန်းကိုချပြီးနာရီကိုကြည့်မိတော့
နံနက်၆နာရီ
ရှောင်းကျန့်ကနိုးမလာသေးဘူး

ရိပေါ်က မျက်နှာသစ်ရေချိုးခြင်း
အမှုကိုလုပ်နေတယ်

ထွက်လာတော့
ရှောင်းကျန့်က ထထိုင်နေတယ်

ရိပေါ်ကိုမြင်တော့သူကတစ်ခုခုရှင်းပြချင်နေသလို

"ခေါင်းမူးသေးလား
ဆေးရုံမှာကော ဂျူတီချိန်ရှိသေးလား"

"ဟင့်အင်း "

"ဒီမှာ ဟင်းချို မျက်နှာသွားသစ်လိုက်လေ"

"အင်း.."

ဘာမှမဆိုဘဲအရင်အတိုင်းပြန်ဖြစ်သွားသော
ရိပေါ်ကြောင့်ရှောင်းကျန့်ရင်အေးသွားသလို

မျက်နှာသစ်ပြီးထွက်လာတယ်

အမူးပြေဟင်းချိုလို့မဆိုရဘူး
ခေါင်းကိုက်တာသက်သာသွားတယ်

"ကျနော်ကုမ္ပဏီကိုသွားရမယ်
ညနေကျရင်ကျနော့်မွေးနေ့ကိုမမေ့နဲ့
ဆေးရုံပို့ပေးမယ် "

ရှောင်းကျန့် ကခေါင်းညိမ့်ပြီးသဘောတူတယ်

ဆေးရုံရောက်တော့ညဝတ်အကျီနဲ့
သူကိုင်ထားတဲ့အိတ်ကိုသတိရပြီး
သန့်စင်ခန်းထဲဝင်လဲတယ်

ရိပေါ်ကသေချာရွေးပေးတဲ့ရှပ်အဖြူက
ရှောင်းကျန့်အတွက်အံကိုက်ပဲ

အစည်းအဝေးမှာရိပေါ်က
ရှယ်ယာရှင်တွေအပြိုင်ငြင်းနေတာကို
နားထောင်နေတယ်

ဒီနည်းနဲ့သူ့ကိုဖြုတ်ချဖို့ကြိုးပမ်းနေသေးတယ်

အကြမ်းနည်းနဲ့အာဏာသုံးပြတော့
အကုန်တိတ်သွားတယ်

ညနေကျသူကအိမ်ကိုစောစောပြန်တယ်
မွေးနေ့မှာအကိုကစာအိတ်အနီလေးလက်ဆောင်ပေးတယ်
လုဟန်ကောကလည်းစာအိတ်နီလေးပဲ

ကိတ်မုန့်လေးလည်းရှိတယ်

သူတို့၃ယောက်ကိတ်မုန့်တွေနဲ့ပေသလူးနေအောင်ဆော့ပြီး
ပတ်ပြေးနေကြတဲ့အခါ
ဝမ်အိမ်တော်ကအစေခံတွေကပျော်ရွှင်နေကြတယ်

သူတို့ရှေ့မှာမြင်နေရတဲ့သခင်လေး၃ယောက်က
ကလေးငယ်လေးတွေလိုပါပဲ

ရှောင်းကျန့်ကခွဲစိတ်ခန်းထဲခြေချုပ်မိနေတယ်
ပြီးဆုံးသွားတဲ့အခါ ၁၀ နာရီထိုးနေပြီ
နောက်တစ်နေ့ကူးဖို့၂နာရီပဲလိုတော့တယ်

ထုပ်ပိုးထားတဲ့လက်ဆောင်လေးက
ကြွရွလို့

ရိပေါ်ကရှောင်းကျန့်ဆီသွားဖို့ပြင်နေပေမဲ့
သူကမေ့လျောနေဟန်

ရှောင်းကျန့်ကလည်း
အရေးပေါ်တွေကြားသူလည်းမေ့လျော့နေခဲ့ဟန်တူပါတယ်

နောက်တစ်နေ့ သတင်းစာခေါင်းစဉ်ပိုင်းတွင်
နှလုံးအထူးကုဒေါက်တာရှောင်ကလိင်တူနှစ်သက်သူ
ဆိုပြီးပါလာတယ်

သတင်းစာလည်းမဖတ်သလိုအင်တာနက်သိပ်မသုံးတဲ့
ရှောင်းကျန့်ကမသိပေ
ရိပေါ်ကတော့တောမီးသမျှပြန့်နေတဲ့သတင်းတွေကို
ဖုံးဖိနေတယ်

တရားခံကိုလည်းသူသိပေတယ်
ပါတီပွဲကကောင်မလေး

အခုတလောရွှမ်ချင်းကိုမယောင်မလည်လာချောင်းနေတဲ့
လူတစ်ယောက်ရှိတယ်
သူကတော့ပိုင်မိန်ဟွာ

ရွှမ်ချင်းကိုတွေ့တော့ စကားစပြောဖို့
ပြင်ပေမဲ့ ရုတ်တရက်ဖုန်းလက်ခံရပြီး
ချက်ချင်းပြေးထွက်သွားတယ်

ရွှမ်ချင်း က မိန်ဟွာကိုမြင်တော့
ထပ်လာပြန်ပြီလားဆိုတဲ့အကြည့်နဲဲ့
စိတ်လေဟန်ပြပေမဲ့
ချက်ချင်းလှည့်ထွက်သွားတဲ့အခါ
စိတ်ထဲတော်တော်ခုသွားတယ်

ပိုင်မိန်ဟွာ ကားကိုဘယ်လိုအမြန်နှုန်းနဲ့
မောင်းလာမှန်းမသိပေမဲ့
နောက်ဆုံးသူမရောက်လာတာက
ဝမ်ရိပေါ်ရှိရာကို

ရုံးခန်းထဲအလုပ်တွေရူပ်နေပြီး
သတင်းတွေကိုဖုံးနေတဲ့ရိပေါ်
မိန်ဟွာကလည်းသူ့ရဲ့အင်အားတစ်ချို့ကိုသုံးပြီး
သတင်းတစ်ချို့ကိုဖျက်ချခိုင်းနေတယ်

"နင်ငါ့ကိုဘာပြောခဲ့လဲ
ဒီလူကိုမထိခိုက်စေရပါဘူးဆို
အခုသူ့နာမည်ကျဆင်းအောင်နင်လုပ်နေတာ"

"တိတ်စမ်း..မင်းကဘာပြောပိုင်ခွင့်နဲ့လဲ "

"အခုရန်ဖြစ်မယ့်အချိန်မဟုတ်ဘူး
ငါပြောမယ် ဒီကိစ္စရဲ့တရားခံကိုသိလား "

"သိလည်းလုပ်လို့မရဘူး
သူကငါ့ကိုပစ်မှတ်ထားနေတာ
ဒါပေမဲ့ဘာမှမဆိုင်တဲ့သူကိုသွားထိပါးနေတာပဲ"

"ငါအကြံပေးမယ် နင်နဲ့ငါနဲ့ကုမ္ပဏီပူးပေါင်းပြီး
စေ့စပ်မယ်ဆိုတဲ့သတင်းလွှင့်လိုက်
ဒါကသူ့ကိုလူတွေရဲ့အာရုံကနေပျောက်ကွယ်စေမယ်
ငါပြောတာကိုနားလည်လား."

"ငါစဉ်းစားမယ် "

"စဉ်းစားဖို့အချိန်မရှိဘူး မဟုတ်ရင်ငါကသူနဲ့တွဲနေတယ်လို့
သတင်းလွှင့်မယ်"

"ဟုတ်ပြီလေ မင်းနဲ့ငါနဲ့လုပ်ရတာပေါ့ "

တစ်မနက်လုံး
Trending 1ဖြစ်နေတဲ့ဒေါက်တာရှောင်က
ညနေလောက်ကျပျောက်သွားပြီး
လူငယ်စီးပွားရှင်၂ယောက်ရဲ့စေ့စပ်တဲ့သတင်းတက်လာတယ်

သူ့ကိုဆေးရုံကလူတွေထူးထူးဆန်းဆန်းကြည့်ကြတာကို
ရှောင်းကျန့်အလေးမထားမိပေ

ကြာတော့သူမလုံမလဲဖြစ်လာသလိုခံစားရတယ်
ရွှမ်ချင်းကျဲကလည်းရာသီဥတုမသာယာပုံပေါ်တယ်

တစ်နေ့လုံးကစိုးရိမ်စိတ်တွေနဲ့ဖြတ်သန်းနေခဲ့ရသလို
ရှောင်းကျန့် ပင်ပန်းနေတယ်

နောက်ဆုံးသူဖုန်းဖွင့်ကြည့်မှ
စေ့စပ်သတင်းတစ်ခုနဲ့အတူကုမ္ပဏီ ၂ ခု
ပေါင်စည်းခြင်းဆိုတဲ့သတင်းကိုတွေ့တယ်

ရှောင်းကျန့် အိမ်ကိုပြန်ပြီး
ချက်ချင်းပင်နယ်မြို့ကိုဆင်းဖို့အတွက်
ဆေးရုံကိုချက်ချင်းပြောလေတယ်
နောက်နေ့သူမလာနိုင်တော့တဲ့အကြောင်း

ရိပေါ်ကရှောင်းကျန့်ရဲ့အလုပ်ခန်းထဲစောင့်နေတယ်
သတင်းတွေကိုရှောင်းကျန့်မသိနိုင်လောက်ဘူးလို့ထင်တာလည်းပါတာပေါ့

ထုပ်ပိုးထားတဲ့လက်ဆောင်လေးကိုဖြည်ကြည့်နေတယ်

ရှောင်းကျန့် ကဆေးရုံအုပ်အခန်းထဲကနေပြန်မရောက်သေးဘူး

သူပြန်ရောက်တော့ရိပေါ်ကhelmetကိုတောင်
ဆောင်းကြည့်နေတယ်

ရှောင်းကျန့် ကုတ်တွေဘာတွေလဲပြီး
အိတ်ယူကာထွက်သွားတယ်

သူစိတ်ထဲရူပ်ထွေးနေတယ်
တစ်နေ့ရိပေါ်ကမိန်းမယူမှာသိပေမဲ့
အခုလိုအရမ်းမြန်မယ်မထင်ခဲ့
သူ့ရဲ့နှလုံးသားလေးကဖိနှိပ်ခံထားရသလိုပဲ

အိမ်ပြန်နေတဲ့ရှောင်းကျန့်
အနောက်တိုင်းဝတ်စုံကိုအချိုးကျဝတ်ဆင်ထားပြီး
ဘေးအိတ်လေးကိုလွယ်ထားတယ်

ရှေ့ကိုရောက်လာတဲ့ဆိုင်ကယ်တစ်စီး
Helmetကိုချွတ်ပြီးစကားဆိုတယ်

"ဘယ်လိုလဲ ချောလား မမိုက်ဘူးလားပြော"

ရှောင်းကျန့်က စကားမဆိုဘဲစိုက်ကြည့်နေတယ်
မေးတဲ့ရိပေါ်ကပြုံးရယ်နေရာကနေ
ခပ်တည်တည်ဖြစ်သွားတယ်

ရှောင်းကျန့် နောက်ဆုံးစဉ်းစားလိုက်တယ်
သူသဘောကျမြတ်နိုးတဲ့အကြောင်းဖွင့်ဟဖို့ပေါ့

"မင်းကိုချစ်တယ်"

Helmetကိုင်ထားတဲ့ရိပေါ်ကရယ်တယ်
အရမ်းကိုနှစ်ခြိုက်တဲ့စကားတစ်ခွန်းကိုကြားလိုက်ရသလို
သူကျေနပ်သွားတယ်

"ငါလည်းမင်းကိုချစ်တယ်"

"ငါပြောတာ မင်းကို ငါ့ရဲ့ညီလေးအဖြစ်ချစ်ခဲ့တယ်
နောက်ငါလည်းနယ်ဘက်တွေကိုဆေးကုဖို့သွားရမယ်
မွေးနေ့လက်ဆောင်ကိုသေချာသိမ်းထားနော် "

"ရှောင်းကျန့် ခင်ဗျား.."

"အိမ်ကိုကောင်းကောင်းပြန်နော် ရိပေါ် "

ရိပေါ်ရဲ့မျှော်လင့်မှုကကြီးမားခဲ့လို့လား
သူနောက်ဆုံးကြားရတဲ့စကားတစ်ခွန်းအတွက်
ကြည်နူးဖို့စိတ်ကူးနေတုန်း
ပြိုပျက်ခဲ့ရပြီလား

ဒါပေမဲ့လည်း သူကြားချင်ရတဲ့စကားကိုကြားခဲ့ရတယ်
နောက်ဆက်တွဲစကားတွေကိုတော့ဖြတ်ချလိုက်တယ်

နောက်တစ်နေ့ ရှောင်းကျန့်အိမ်လေးဆီကို
ရိပေါ်ရောက်လာတယ်

အိမ်လေးကတိတ်ဆိတ်နေခဲ့တယ်

ဆေးရုံမှာရှိနေတဲ့အခန်းလေးကလည်းပိုင်ရှင်မဲ့နေတယ်

ရိပေါ်လက်ထဲကိုင်ထားတဲ့
ခေါက်ဆွဲလုပ်မယ့်ပစ္စည်းတွေကလည်း
ညိုးငယ်ဖွယ်

ရိပေါ်ကတော့ခါးသီးစွာပြုံးတယ်

သူသိသွားပြီ

တုံးအတဲ့ယုန်ငပိန်းလေးကထွက်ပြေးသွားခဲ့ပြီ


May 14 2020
© 梅花 白,
книга «DEFINE!».
Коментарі