Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 4
"ဝေ့..အကိုဘယ်မှာလဲ.."

"ငါကဆေးရုံမှာလေ.."

"အိမ်မှာမရှိဘူးပေါ့.."

"မဟုတ်ဘူးအိမ်မှာ​ဆေးရုံကိုပျင်းလို့လာဆော့နေတာ"

ညီကနည်းနည်းရွဲ့ရင်အကိုကအဲ့ထက်ပိုရွဲ့တယ်

"အားနေတယ်ထင်နေတာ.ဒါဆိုလည်း
ကျနော်ဆေးရုံကိုလာခဲ့မယ်"

"ဒီနေ့အားလို့လား.ညီ."

"နားလိုက်တာ.ပြီးတော့လုဟန်ကောရဲ့လက်ရာကိုလည်း
လွမ်းနေလို့.ကျနော်ဆေးရုံရှေ့ရောက်နေပြီ"

"အင်း.ရုံးခန်းထဲလာခဲ့.."

"အွန်း.အွန်း."

"ရိပေါ်လေးလား.."

"ဒီနေ့တော့စောစောပြန်ရမယ်.ဟန်..
ရိပေါ်က.ဟန်.ချက်တာစားချင်လို့တဲ့"

"ဒါလေးလက်စသတ်ပြီးရင်
ဒီနှစ်စာရင်းတွေပြီးပြီ."

"အင်း..ပြီးတော့မှာပါ"

ရိပေါ်ဖုန်းချလိုက်ပြီးဆေးရုံထဲကိုဝင်လာတယ်
ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့လူတွေ
လူတစ်ယောက်ကို​ယောကျာ်းလေးနပ်စ်တွေနဲ့
လုံခြုံရေးတွေကဝို်င်းထားတယ်

ရိပေါ်ဆက်သွားဖို့ပြင်လိုက်တယ်
သူနဲ့မဆိုင်ဘူးလေပြီးတော့စပ်စုတာ
သူ့ဝါသနာမဟုတ်

ဆက်သွားဖို့ပြင်လိုက်မှ
တွေ့လိုက်ရတဲ့မျက်နှာ..
စိုးထိတ်မှုတွေနဲ့..
အဲ့လိုပုံစံကိုမတွေ့ရတာအတော်ကြာနေပြီကို

လူအုပ်ကိုသေချာကြည့်မိတော့
ကလေးမလေးတစ်ယောက်ကိုချီပိုးပြီး
လည်ပင်းကိုဓားနဲ့ထောက်ထားတဲ့သူ

"မင်းတို့ရှေ့မတိုးနဲ့နော်
ဒီကလေးမလေးကိုသတ်ပစ်လိုက်မှာ."

စိတ်လွတ်နေတဲ့လူနာတစ်ယောက်ကို
ဖြောင်းဖျဖို့ကြိုးစားနေပေမဲ့
ယွင့်လီလေးကိုဓားနဲ့ထောက်ထားတာက
နှလုံးရောဂါရှိတဲ့ကလေးလေးကလန့်လို့မရဘူး

"လီလီလေး..မကြောက်နဲ့နော်..ကိုကိုရှိတယ်.."

ကလေးကိုစကားတွေပြောနေပေမဲ့
ရှောင်းကျန့်ကိုယ်တိုင်ကတုန်လှုပ်နေတယ်
သူရှေ့ဆက်မတိုးရဲဘူး..
ခွဲစိတ်တဲ့နေရာမှာတော်ပေမဲ့
အခုလိုဖြစ်လာတဲ့အခါကျရင်
ကျောက်ရုပ်လိုရပ်နေမိတာကလွဲရင်
ဘာမှမလုပ်နိုင်ဘူး..

သူသိပ်ချစ်ရတဲ့ကလေးမလေးကိုလည်း
မထိခိုက်စေချင်ဘူး
သူအားမွေးပြီးလူနာဆီတဖြည်းဖြည်းတိုးကပ်သွားတယ်

"လူနာ..စိတ်လျော့ပါ မခွဲစိတ်ချင်ဘူးဆိုရင်လည်း
ကျနော်တို့မခွဲစိတ်တော့ဘူး"

"မင်းတို့ကယုံရတဲ့ကောင်တွေမဟုတ်ဘူး"

"လက်ထဲက ကလေးကိုလွှတ်လိုက်ပါ."

"မလွှတ်ပေးဘူး."

ရှောင်းကျန့်တည်တည်ငြိမ်ငြိမ်နဲ့ရှေ့ဆက်နေတာ
အဲ့လူရှေ့ကိုရောက်နေပြီ

"ကလေးကျနော့်ကိုပေးပါ
ကျနော်ကတိပေးတယ်.ခင်ဗျားလုံးဝမခွဲစိတ်ရဘူး"

လီလီလေးကဒေါက်တာကိုကိုပဲကြည့်နေတယ်
သူ့ကိုကိုငိုတော့မှာလား
ထောက်ထားတဲ့ဓားကြီးကလည်းနာတယ်
ကိုကိုငိုတာကသူ့ကိုပါငိုစေချင်တယ်

မားမားလည်းမရှိဘူးမားမား ကိုကို.ကိုမငိုဖို့ပြောပေးပါလား
ဒီလူကြီးကလည်းသူ့ကိုမလွှတ်ပေးဘူး

ရှောင်းကျန့် တွေဝေနေတဲ့လူကြီးလက်ထဲကနေ
လီလီလေးကိုဆွဲခေါ်လိုက်တယ်
ရုတ်ခနဲလွတ်သွားတဲ့ကလေးမကြောင့်
လန့်ပြီးဓားနဲ့ထိုးမယ့်အချိန်
ရှောင်းကျန့်ရှေ့ကဝင်ကာတဲ့လူတစ်ယောက်

"နာလိုက်တာ..ခွဲစိတ်ခန်းသုံးဓားလို့မပြောရဘူး
ထက်လိုက်တာ."

ရိပေါ်.ဓားကိုအလျင်အမြန်ဖမ်းလိုက်ပေမဲ့
အရှိန်လွန်ပြီးဓားကိုဖမ်းဆုပ်မိသွားတယ်
ကြောင်အသွားတဲ့လူကြီးရဲ့လက်ကိုဖြတ်ရိုက်လိုက်ပြီး
ဓားကိုလွတ်ချလိုက်တယ်

ငါ့ရဲ့ဘယ်ဘက်လက်လေးကတော့..ဟင်း

ရှောင်းကျန့်လီလီလေးကိုရင်ခွင်ထဲဖက်ထားပြီး
ရပ်​နေတာ..
လဲသွားတဲ့လူကိုခေါ်သွားမှပဲ
သက်ပြင်းချလိုက်တယ်

လူနာကဘယ်လိုလဲသွားတာလဲ
အမ်..နောက်လှည့်ကြည့်မိမှ
ကူညီပေးတဲ့ကောင်လေးကိုတွေ့တယ်
ဒါပေမဲ့လက်ကသွေးတွေထွက်နေတယ်

ရင်ခွင်ထဲကလီလီလေးကလန့်ပြီးအိပ်ပျော်သွားတဲ့ပုံပဲ
အရမ်းကြီးမလန့်သွားတာကျေးဇူးတင်ရမယ်

"ဒီကကောင်လေး..လက်ကိုဆေးထည့်ဖို့ကိုယ့်နောက်လိုက်ခဲ့ပါလား"

ဘေးတစ်စောင်းရပ်နေတဲ့ကောင်လေးက
သူ့ဘက်လှည့်မလာဘူး
ခဏနေတော့ပါးမို့တွေတက်အောင်ပြုံးပြီး
ခေါင်းညိမ့်တယ်

ရှောင်းကျန့်လီလီလေးကိုသူ့အခန်းထဲသေချာချပေးလိုက်တယ်
သေချာစစ်ဆေးပြီးDripချိတ်ပေးခဲ့တယ်

သူ့ရဲ့အခန်းထဲရောက်တော့
ကောင်လေးကိုထိုင်ဖို့နေရာပေးလိုက်တယ်
ဆေးတွေပတ်တီးတွေယူပြီး
ဒဏ်ရာကိုအရက်ပြန်နဲ့ဆေးကြောလိုက်တယ်

အရမ်းမနက်လို့တော်သေးတယ်
ဆေးသေချာထည့်ပေးပြီး
ပတ်တီးလေးကိုသေချာစည်းပေးလိုက်တယ်

"ရေမဝင်စေနဲ့..ဆေးပုံမှန်သောက်
အခုတလောဘယ်လက်ကိုသိပ်မလှုပ်ရှားနဲ့"

"ဟုတ်.."

ကောင်လေးကသူတွေ့ဖူးတဲ့တစ်ယောက်နဲ့သိပ်ဆင်တယ်

ရိပေါ်ပတ်တီးဖြူဖြူလေးကိုပြုံးပြီး
ကြည့်နေတယ်

"ဒဏ်ရာကဘယ်လိုရလာတာလဲ"

"အကို..ဆေးရုံကိုကြည့်ဖို့လုံခြုံရေးတိုးသင့်တယ်
ဒီနေ့လူနာတစ်ယောက်သောင်းကျန်းလို့
ကျနော်ဝင်ထိန်းလိုက်တာ.."

"အဲ့ကိစ္စတွေကိုသေချာပြန်လုပ်ရမယ်
မင်းလည်းအခုနောက်ပိုင်းနေရာတကာပါလာတယ်
ပြိုင်ပွဲကိုအာရုံစိုက်မင်းကိုယ်မင်းတစ်ခုခုမဖြစ်စေနဲ့"

"အကိုဂရုစိုက်ပေးလေ"

"မင်းရဲ့လူကိုဂရုစိုက်ခိုင်းလေ
သူ့လည်းပတ်သတ်နေတယ်မလားဒီကိစ္စမှာ.."

"နည်းနည်း"

"အဆောင်သစ်ဆောက်တာကအဲ့ကိစ္စတွေကြောင့်
ခုကဋ္ဌာနတွေရောနေလို့လူနာတွေကကျပ်နေတာ
ကလေးတွေကိုခွဲထုတ်လိုက်ရင်ရပြီ.
သိပ်မကြာခင်ပြီးတော့မှာပါ.
အဲ့ခါကျရင်စိတ်မပူရတော့ဘူး"

"အကိုသာအတော်ဆုံး.."

"ခွေးကောင်..ပြန်မယ်.
အကုန်ပြီးပြီ."

"လုဟန်ကောရော."

"မင်း.စားချင်တာတွေချက်ဖို့သွားဝယ်နေတယ်"

"တစ်ယောက်တည်းလွှတ်ရဲတယ်ပေါ့
ကျနော်ကဆိုင်ကယ်ပါတယ်နော်
အကို့ကားကိုမစီးဘူး."

"မင်းကိုလည်းမခေါ်ဘူး.ငါသူ့ကိုသွားပြန်ခေါ်မှာ
အိမ်မှာစောင့်နေ"

"စားလို့ရရင်ခေါ်လေကျနော်လည်းလိုက်ပို့လိုက်ဦးမယ်"

"မင်း အဲ့လက်နဲ့ဆိုင်ကယ်စီးဦးမလို့လား"

"ရတယ် ဘယ်သူ့ရဲ့ညီလဲ.ရှစ်ရွှင်း ရဲ့ညီဝမ်ရိပေါ်လေ
ဒီလောက်တော့ အပျော့"

"ပြောရခက်တယ် "

"သိရဲ့သားနဲ့ အကိုကလည်း"

"သွားတော့..ဒီတစ်ခေါက် သူနားရက်."

"ဟုတ်ကဲ့.အဲ အကိုဆိုင်ကယ်မစီးတော့ဘူး
တစ်ယောက်ယောက်ကိုလာယူခိုင်းလိုက်.ဟီး."

"အမျိုးမျိုး ခွေးကောင်လေး"

"နားလည်ပေးသင့်ပါတယ်ဗျာ..သွားပြီ.."

ရှစ်ရွှင်းကတော့ပျော်နေတဲ့ညီကိုကြည့်ပြီး
ပြုံးတယ်..ပြီးတော့မှ.
သတိရသွားတယ်

"ဒီကိစ္စတွေထပ်မဖြစ်ဖို့သေချာဂရုစိုက်ထားပါ
ကလေးတွေအဆောင်သစ်မရောက်မချင်း
ထပ်ပြီးပြဿနာမဖြစ်အောင်ကြည့်နေ."

မှာစရာရှိတာမှာပြီးဆေးရုံထဲကနေထွက်လာတယ်
တစ်စုံတစ်ယောက်ကိုကြိုရဦးမယ်လေ

ရှောင်းကျန့်ဒီနေ့ကိစ္စတော်တော်များများကိုတွေ့ကြုံရတယ်
စိတ်တွေတည်ငြိမ်ဖို့ဆေးသောက်ထားပေမဲ့လည်း

အိမ်ပြန်လမ်းမှာစာရွက်လေးတစ်ရွက်ကို
ခပ်ဖွဖွဆုပ်ကိုင်ထားပြီးပြုံးနေတယ်..
ရောက်မလာတာကြာနေတဲ့စာရွက်လေး.
ရတဲ့နေ့မှာလည်းသူ့အတွက်စိတ်မတည်ငြိမ်မှုတွေပဲရတဲ့နေ့မှာ
ဒီစာရွက်လေးနဲ့တောင့်ခံနေရတာ
ဆေးမလိုအပ်ဘူး..

ဘာမှမသိတဲ့လူအေးကြီးက
အသဲပုံဆိုတာအချစ်ကိုရည်ညွှန်းတယ်ဆိုတာကိုတော့
မပြောလည်းသိလောက်မယ်ထင်ပါရဲ့

ဘတ်စ်ကားစီးတော့
ထောင့်ကျကျနေရာလေးကိုရွေးပြီးယူလိုက်တယ်
ခဏကြာတော့ကား​လေးကလူတွေနဲ့အပြည့်ဖြစ်လာတယ်
ညနေပိုင်းအဲ့တာကြောင့်မပြန်ချင်တာ

တစ်ယောက်ခုံလေးမှာထိုင်နေတဲ့ရှောင်းကျန့်နား
လူတွေအုံလာတယ်
ဆေးနံ့တွေပဲအမြဲခံနေရတဲ့သူက
ထူးပြားတဲ့ရေမွှေးအနံ့တွေမခံနိုင်ဘူး

ခေါင်းတွေမူးလာသလိုပဲ
လူတိုးလို့သူ့ဘက်ယိုင်လာတဲလူတစ်ယောက်
လက်နှစ်ဘက်နဲ့ထောက်ထားပြီးလူတိုးတာ
တောင့်ခံနေတဲ့ပုံပဲ

သူ့ဆီကရတဲ့ရနံ့ကရှောင်းကျန့်ကိုခေါင်းကိုက်ပျောက်စေတယ်
ငါဒီအနံ့ကိုရင်းနှီးပါတယ်
တတောက်တောက်နဲ့ဘာတွေကျလာတာလဲ
ပုခုံးကိုကြည့်မိတော့သွေးတွေ
ဘယ်သူ့ဆီကလဲ

လက်ထောက်ထားတဲ့ကောင်လေးဆီ
လက်မှာပတ်တီးနဲ့..သွေးတွေကနီရဲ
လူကိုကြည့်မိတော့ဆေးရုံကတစ်ယောက်

"ဟီး.ပေကုန်ပြီ"

နောက်တစ်မှတ်တိုင်ဆိုသူ့အိမ်ရောက်တော့မှာ
ဒီများတဲ့လူအုပ်ထဲကနေ
ရှောင်းကျန့်ထွက်တော့ရိပေါ်ကကာပေးထားတယ်

ဒီဆရာဝန်သေးသေးလေးကလူတိုးရင်အရိုးကျိုးမှာ
ငါလည်းအရပ်မြန်မြန်ရှည်မှပါ..
ဒါမှရင်ခွင်ထဲထည့်ထားနိုင်မှာ

ရှောင်းကျန့်ဆင်းသွားတော့ရိပေါ်ပါလိုက်ဆင်းလာတယ်
အိမ်ရောက်ဖို့လိုသေးတာကိုဘာဆင်းလုပ်တာလဲ

ရှောင်းကျန့်ရှေ့ကနေဆက်လျောက်နေတယ်
သူယုံတယ်ဒီကောင်လေးလိုက်လာမယ်လို့
သူ့အိမ်ရှေ့ရောက်တော့ကောင်လေးကပြန်လှည့်နေပြီ

"မင်း.ခဏနေဦး."

"ကျနော်ကိုလား"

ရိပေါ်ဘေးဘီကိုကြည့်တော့သူပဲရှိ
ငါ့ပြောတာနေမှာပါ..

ဒီတစ်ခေါက်ရှောင်းကျန့်အိမ်လေးကသန့်နေတယ်
မလျော်ရသေးတာအကုန်အခြောက်လျော်ဆိုင်ပို့ထားတယ်
ဖုန်လေးတွေလည်းမရှိဘူး
သူမသွားခင်ကတည်းကရှင်းထားခဲ့တာ
ရေခဲသေတ္တာထဲမှာတော့ထုံးစံအတိုင်းရေဘူးပဲရှိတယ်

"လက်ကိုမလှုပ်ရှားပါနဲ့ဆိုတာကိုနားမလည်တာလား
မင်းကသွေးတောင်ထွက်နေပြီ"

ရိပေါ်ရင်ထဲထပ်တစ်ရာပန်းတွေအဆုပ်လိုက်
အဆုပ်လိုက်ပွင့်နေသလိုပဲ
ဒီနေ့မှာသူသတိထားမိအောင်လုပ်နိုင်သွားတာ

လက်ကတော့နာတယ်..
ပြိုင်ပွဲကလိုသေးလို့မစိုးတော့မစိုးရိမ်ရဘူး
တော်သေးတာပေါ့

ပတ်တီးအသစ်လဲပေးလိုက်တယ်
ရှောင်းကျန့်အာရုံထဲဒီနေ့စာအိတ်လေးနဲ့ဒီကောင်လေးပဲ
ရှိနေတယ်

တစ်ခုကပျော်ရွှင်မှုကိုခံစားရပြီး
​နောက်တစ်ခုကစိတ်ပူပန်မှုတွေ.
ဒါကိုလည်းရှောင်းကျန့်စိတ်မခုဘဲကျေနပ်နေမိသလိုပဲ
ဘာတွေပြောင်းလဲနေလဲမသိတာ
ဒီကောင်လေးကတစ်ခုခုတော့တစ်ခုခုပဲ

ဒီတစ်ခေါက်ကောင်လေးကသူ့ဘာသာသူပြန်သွားတယ်
ရှောင်းကျန့်စိတ်ထဲထွက်သွားတဲ့သူကိုကျောပြင်ကိုကြည့်ပြီး
တစ်ခုခုဝေးကွာသွားသလိုခံစားရတယ်

တစ်ယောက်တည်းနေရလို့ခြောက်ခြားတာ
ဟူး.စာအိတ်လေးကိုသေချာသိမ်းလိုက်တယ်
မနက်ကျဘာမှလုပ်စရာမရှိတော့
ဘာလုပ်ရင်ကောင်းမလဲမသိ
မနက်မှဆက်စဉ်းစားတာ​ပေါ့.
သိမ်းစရာရှိတာတွေလုပ်စရာရှိတာတွေလုပ်ပြီး
ရှောင်းကျန့် အိပ်ရာစောစောဝင်တယ်

ရိပေါ်အတွက်ဒီနေ့ကတော့..
ပျော်စရာတွေချည်းပဲ
လုဟန်ကောချက်ထားတာတွေကို
ဗိုက်ကားအောင်စားပြီး
ညီအကိုနှစ်ယောက်ဂိမ်းပြိုင်ဆော့သေးတယ်

လုဟန်ကောကအသီးတွေခွာပေးတယ်
အရမ်းကြီးညဥ့်နက်တဲ့အထိမဆော့ဘဲ
ခဏလောက်ဆော့ပြီးအိပ်ရာဝင်ကြတယ်
အကိုကအနိုင်ကျင့်လို့သိပ်ကောင်း

လုဟန်ကောကိုစိတ်ကောက်နေတဲ့အကို
ဘာကြောင့်လဲမေးတော့လည်းမဖြေဘူး
သူတို့ကိစ္စသူတို့ရှင်းပါစေ
ရိပေါ်လွှတ်ပေးထားလိုက်တယ်..

လက်ကပတ်တီးကိုကြည့်ပြီး
လေထဲခြေထောက်တွေခါရမ်းလိုက်တယ်
နောက်ဆုံးတော့သတိထားမိသွားပြီ
နောက်ဆုံးတော့..အဟား..




November 20 1019
© 梅花 白,
книга «DEFINE!».
Коментарі