Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 23

  • Bonus Chapter - 1
  • [အတွေ့အကြုံမရှိသောဆရာရှောင်]


မိန်ဟွာရဲ့အကူအညီနဲ့
နိုင်ငံခြားမှာလက်ထပ်မှတ်ပုံတင်နိုင်ခဲ့သော
ရိပေါ်နဲ့ရှောင်းကျန့်

သူတို့ရဲ့ဟန်နီးမွန်းမှာတော့
ရိပေါ်ကကုမ္ပဏီမှာအလုပ်တွေရူပ်နေခဲ့တယ်

ရှောင်းကျန့် က ကလေးတွေကို
ပုံပြင်ဖတ်ပြပြီးသိပ်နေတယ်

သူတို့ကအခုနယ်လေးကနေ
ရှောင်းကျန့် အရင်အိမ်လေးဆီကို
ပြောင်းလာတယ်

အရင်ကရှင်းလင်းနေတဲ့အိမ်လေးမှာ
ကလေးလေး၂ယောက်ရယ်ပရိဘောဂတွေရယ်
ကြောင်လေးနဲ့ခွေးလေးတစ်ကောင်ဆီရယ်
ဒေစီပန်းတွေရယ်တိုးလာတယ်

အလုပ်ကနေပြန်မရောက်​သေးတဲ့
ရိပေါ်ကိုစောင့်နေရင်း
ဇာတ်လမ်းတွဲထိုင်ကြည့်တယ်

Adult scenes တွေပါလာတဲ့အခါ
ရှောင်းကျန့်မျက်နှာကခရမ်းသီးမှည့်လိုဖြစ်လာတယ်

တစ်ဆက်တည်းသူတွေးမိလိုက်တာ
ရိပေါ်ကို

သွေးသားဆန္ဒကိုဘယ်လိုဖြေလျော့လည်း
သူသိချင်မိသွားတယ်

ချက်ချင်းပင်သူရှာလိုက်တယ်
မြင်လိုက်ရတဲ့အရာတွေကြောင့်
လူကအငွေ့ပျံသွားသလိုပဲ

ရိပေါ်ပြန်ရောက်လာတယ်
တစ်ယောက်တည်းကမ်ဘာတည်နေတဲ့ရှောင်းကျန့်ကို
စချင်တာကြောင့်
အနောက်ကနေခပ်ဖွဖွလေးလျောက်လာပြီး
ဘာတွေလုပ်နေလဲကြည့်တော့

Gay Pron Siteထဲဝင်နေတာ

"ရှောင်းကျန့် "

လန့်ပြီးဖုန်းတွေပါလွတ်ကျကုန်တယ်

"ဘယ်.ဘယ်တုန်းကပြန်ရောက်တာလဲ"

"စောနက ဘာတွေလုပ်နေတာလဲ
ပင်ပန်းလို့ကျနော့်ကိုဖက်ပေးပါဦး"

ရှောင်းကျန့်ရင်ခွင်ထဲတိုးဝင်ရင်း
ကိုယ်သင်းနံ့သင်းသင်းလေးကိုရူရိူက်တယ်

"ဘာတွေလျောက်လုပ်နေတာလဲ ရှောင်းကျန့် "

ကျောပြင်ကိုပွတ်သပ်ပေးနေတဲ့လက်တွေက
ခဏရပ်သွားတယ်

"ငါသိချင်တာရှာကြည့်နေတာပါ "

"ကျနော်လုပ်ပြရမလား.."

ရင်ခွင်ထဲကနေထွက်ပြီးရှောင်းကျန့်ကို
ဆိုဖာပေါ်တွန်းလှဲလိုက်တယ်

ရီဝေဝေအကြည့်တွေနဲ့
ရိပေါ်ဟာစွဲမက်ဖို့ကောင်းတယ်

ရှောင်းကျန့်နှုတ်ခမ်းပါးဆီတဖြည်းဖြည်းငုံ့ဆင်းလာတယ်
ခပ်ဖွဖွအထိအတွေ့တွေကလူကိုရစ်မူးစေတယ်

နှုတ်ခမ်းပါးကနေ
လည်တိုင်ဆီကိုခစားတော့
တုန်ရီနေတဲ့ကိုယ်လေး

ခပ်တိုးတိုးရယ်တော့
ရှောင်းကျန့်ကအူကြောင်ကြောင်လေးနဲ့
ပြန်ကြည့်တယ်

နဖူးကိုခပ်နက်နက်နမ်းရိူက်ပြီး
ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်

"ကျနော်ကခင်ဗျားကိုပဲလိုအပ်တာ
အဲ့ကိစ္စတွေမလုပ်ရလို့လည်း
ဘာမှမဖြစ်သွားဘူး.
အခုလိုလေးပဲကျနော့်ဘေးနားနေပေး ဟုတ်ပြီလား "

မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့
ရင်ခွင်ထဲကနေမော့ကြည့်တယ်

"အင်း ဒါပေမဲ့ လိုအပ်လို့ရှိရင်
ငါ့ ငါ့ကိုပြော ပြောပေါ့ "

ရင်ခွင်ထဲမျက်နှာအပ်ပြီး
ဗလုံးဗထွေးအသံတွေနဲ့ပြောတဲ့ရှောင်းကျန့်

ရိပေါ်မှာရယ်ချင်ပေမဲ့လည်းမရယ်ရက်ပေ

"အင်းလိုအပ်တာကအချိန်တိုင်းပဲ
ကျနော့်ကိုချစ်ပေးဖို့ပေါ့ "

"အိပ်တော့ အဲ့တာတွေထပ်စဉ်းစားမနေနဲ့"

"အင်း ရိပေါ် ချစ်တယ် "

ရင်ခွင်ထဲတိုးဝင်ရင်း
ချစ်ကြောင်းတွေဖော်ကျူးတဲ့အခါ
ဒီလူမှာလည်းကျေနပ်လွန်းလို့
ရူးမတတ်ပါပဲ

"ကျနော်လည်းချစ်တယ် "





May 16 2020
© 梅花 白,
книга «DEFINE!».
Коментарі