Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 13

စတိုင်ပန်အနက်ရောင်ကိုဝတ်ဆင်ထားပြီး
ရှပ်အကျီအဖြူရောင်ကိုလက်ခေါက်တင်ထားတယ်
Coma Hairနဲ့ရှောင်းကျန့်ဟာ
လူကြီးလူကောင်းပုံစံဖြစ်နေတယ်

သူဒီလိုပြင်ပြီးဘယ်သွားမလို့လဲဆိုတော့
ရိပေါ်ချိန်းထားလို့
ဘာလုပ်ဖို့လဲဆိုတာတော့သူမသိဘူး

အိမ်ရှေ့ထွက်တော့ဆိုင်ကယ်တစ်စီးက
သူ့ကိုစောင့်ကြိုနေတယ်
ဆိုင်ကယ်ပေါ်မှာရှိနေသူကဝမ်ရိပေါ်

ဒါဆိုဆိုင်ကယ်နဲ့သွားကြမှာလား
ဆိုင်ကယ်မစီးချင်ဘူး
အကာအကွယ်မဲ့သလိုခံစားရလို့

အိမ်ထဲဝင်ရမလိုအပြင်ထွက်ရမလိုလိုဖြစ်နေတဲ့ရှောင်းကျန့်

"ရှောင်းကျန့်ကော လာလေ ဘာတွေရပ်ကြည့်နေတာတုန်း"

"အေး အေး"

"ဒါကြီးနဲ့ဘယ်သွားမလို့လဲ "

"ကျနော်လည်းမသိဘူး ဘယ်သွားချင်လဲ "

"မသိဘဲနဲ့ဘာလို့ဒါကြီးနဲ့တုန်း"

"ဘတ်စ်စီးရင်လူတိုးရလို့လေ
ကျွမ်းကျင်တာဆိုလို့ဆိုင်ကယ်ပဲရှိတာကို"

"စကားပြောလို့ကောင်းတဲ့နေရာသွားကြမယ်"

"မြစ်ကမ်းဘေးသွားမယ်လေ "

"အဆင်ပြေတာပဲ "

"ဒါဆိုတက် "

"ဖြစ်ပါ့မလား."

"ဖြစ်ပါတယ် "

တုန်တုန်ရီရီနဲ့ဆိုင်ကယ်ကိုခွထိုင်လိုက်တယ်
ရိပေါ်ဆောင်းပေးထားတဲ့helmet အနီရောင်လေး

ဆိုင်ကယ်နောက်မြီးကိုကိုင်ထားတဲ့ရှောင်းကျန့်လက်က
ဆိုင်ကယ်လည်းထွက်ရော
ရိပေါ်ခါးပေါ်ရောက်လာတယ်

တုန်ရီနေတဲ့လက်တွေကဘယ်လောက်ထိ
စိတ်လှုပ်ရှားနေလဲဆိုတာသိသာစေတယ်

ဆိုင်ကယ်အရှိန်ကိုလျော့ပြီးဖြည်းဖြည်းချင်းမောင်းနေတယ်
အပေါ်ကနေလက်တွေကိုအုပ်ကိုင်ချင်ပေမဲ့လည်း
မသင့်တော်ဘူးလို့ခံစားရတယ်

ဒါပေမဲ့လည်းနောက်ကရင်ခွင်နွေးနွေးကတော့
သူ့ကိုအားကိုးတကြီးဖက်တွယ်ထားတယ်

မြစ်ကမ်းဘေးရောက်တော့
ရှောင်းကျန့်မူးနောက်နေတယ်
ခဏဆိုပြီးထွက်သွားတဲ့ရိပေါ်

လှုပ်ရှားနေတဲ့ပုံရိပ်တွေကိုကြည့်ပြီး
အမူးပြေလာသလိုပဲ

မျက်စိရှေ့ရောက်လာတဲ့ကော်ဖီဘူး

"အမေရီကာနို သောက်လိုက်ပါဦး "

ရိပေါ် လက်ထဲမှာတော့ရေတစ်ဘူးနဲ့
မုန့်ထုပ်တွေရှိနေတယ်

"ရှောင်းကျန့်ကော ကျနော့်ကိုမေးစရာတွေမရှိဘူးလား"

"ရှိတယ် အများကြီးပဲ"

"မေးလေ ဖြေပေးမယ်"

"Tracer 85 က မင်းလား
ဝမ်ရှစ်ရွှင်းရဲ့ညီကရောမင်းပဲလား"

"အခုမှသိတာလား..သိတာကြာပြီလို့တောင်ထင်နေတာ"

"ငါ ငါ အခုမှသိဝာ"

ရှက်သလိုနဲ့ခေါင်းငုံ့သွားတဲ့ယုန်ငတုံး
အေးလေ သူလိုအလုပ်ထဲခေါင်းစိုက်နေတဲ့သူက
ဘယ်သိမှာတုန်း

"ဒါပဲလား ...မေးစရာက."

"ဒါပဲ..ကျန်တာမရှိဘူး.."

လေတိုက်နေတဲ့အခ်ချန်လွှင့်နေတဲ့ဆံစတွေ
အဖြူရောင်ရှပ်ဝတ်ထားလို့ဒီလူကအဖြူရောင်နတ်သားလို
နီညိုရောင်နေမင်းကြီးကိုနောက်ခံထားတဲ့အတွက်
သူ့ရှေ့ကမြင်ကွင်းကအဖိုးမဖြတ်နိုင်အောင်ပဲလှပနေတယ်

"ဒီမြင်ကွင်းကအရမ်းလှတယ်..."

"ရှောင်းကျန့်ကိုကြည့်ပြီးရိပေါ်ကပြောလိုက်ပေမယ့်

ရှောင်းကျန့်ကတော့လှုပ်ရှားနေတဲ့ပုံရိပ်တွေကိုကြည့်ပြီး
ပြန်ဖြေတယ်

"ဟုတ်တယ် အရမ်းလှတယ်."

"ဒါနဲ့ ကော"

စိတ်လိုလက်ရ ကော လို့ခေါ်တော့
မူပိုင်အပြုံးလေးနဲ့လှည့်ကြည့်တယ်

လှတယ် မဟုတ်ဘူး လှတာထက်ပိုတယ်
ဒေစီပန်းတစ်ပွင့်ကိုပါပန်ပေးချင်စိတ်ပေါက်တဲ့အထိ

"ပြောလေ ရိပေါ်"

"ဟို...နက်ဖြန် ကျနော့်ပြိုင်ပွဲရှိတယ်
အဲ့ဒါ."

"လာကြည့်ဖို့ကိုလား..."

"အင်း..."

"လက်မှတ်ဝယ်တာပဲ ရိပေါ်
ဒါပေမယ့်ငါဝယ်ခါနီးလက်မှတ်ကုန်သွားတယ်."

"ကျနော့်မှာ ကော အတွက် လက်မှတ်တစ်စောင်ရှိတယ်"

"ကျေးဇူးပဲ ရိပေါ် သေချာ လာအားပေးမယ်"

"ညနေစောင်းနေပြီ ပြန်ကြမယ်လေ"

ဘေးနားကမုန့်အိတ်တွေကိုကြည့်ပြီး
ရှောင်းကျန့်ဆွံ့အသွားတယ်
သူဒီမုန့်တွေအကုန်စားလိုက်တာလား

"ဘာဖြစ်တာလဲ"

"ငါဒီမုန့်တွေအကုန်စားလိုက်တာလား"

"အင်း"

"နောက်တစ်ခါဆိုငါပြန်ဝယ်ကျွေးပါ့မယ်"

"ရပါတယ် ရှောင်းကျန့်ကော ရာ"

ပြိုင်ပွဲနေ့ရောက်တော့
ရိပေါ်က ဂနာမငြိမ် ဖြစ်နေတယ်
အကိုနဲ့အတူခေါ်ဖို့ပြောခဲ့ပေမယ့်
သူ့ဘာသာသူလာဖို့ပြောခဲ့တယ်

အကိုကတော့သူ့ကိုခေါင်းတစ်ချက်ခေါက်တယ်
လုပ်ချင်သလိုတွေလုပ်နေတာမင်ူကအကြီးလားတဲ့

လုဟန်ကော က ကြားထဲကမုန့်စားရင်း
ထိုင်ကြည့်တယ်
မနည်းပြန်ချော့ရတဲ့အကို
ဒါတောင်သူကြိုက်တဲ့မုန့်တွေလုပ်ကျွေးရသေးတယ်

အချိန်မစသေးတော့ သူကဖုန်းကြည့်နေတယ်
သူ့ရဲ့ ဖန်လေးတွေက ဓာတ်ပုံလိုက်ရိုက်နေတော့
နှင်ထုတ်တယ်

ထွက်သွား...

မသွားဘူး...

သွား မင်းတို့ကိုဝင်တိုက်မိနေမယ်
ဓာတ်ပုံရိုက်ချင်ရင်ပြိုင်ပွဲပြီးရင်
အရိုက်ခံမယ် ဟုတ်ပြီလား...

ဟုတ်ကဲ့ လို့ သံပြိုင်အော်ပြီး ထွက်သွားကြတယ်
စောက်ကလေးမတွေ

လူတစ်ယောက်ကိုရှာနေတယ် မတွေ့သေးဘူး
ပြိုင်ပွဲကစတော့မယ်မလာသေးဘူး

အဖွဲ့သားတွေကအားပေးနေလည်းလူရှာနေတယ်
ခုထိကိုအရိပ်တောင်မမြင်ရသေးဘူး

ရှစ်ရွှင်းကတော့ ထိုင်ကြည့်နေတယ်
သူ့ကိုကြည့်တယ်ထင်ပြီး
လက်ထောင်ပြမယ်ရှိသေး သူမဟုတ်မှန်းသိတော့
လက်ခလယ်ထောင်ပြလိုက်တယ်

ရိပေါ် ရှောင်းကျန့်ကိုရှာရင်းရယ်မိသွားတယ်
လက်အုပ်လေးချီပြလိုက်တယ် အကို့ကို

ဒါကသူတို့ညီအကိုတွေပဲသိတဲ့ဆဲနည်း

ရှစ်ရွှင်းဒေါသပုန်ထပြီး
လည်ပင်းကိုဖြတ်တဲ့ပုံစံလုပ်ပြတယ်

ရိပေါ်ကတော့တခွီခွီနဲ့

ဒီတစ်ခေါက်သူ့ရဲ့ဝတ်စုံကလိမေ္မာ်ရောင်
ပြိုင်ပွဲစတော့မယ့်အချိန်နောက်ဆုံးတစ်ခေါက်လှည့်ကြည့်တော့

သူ့ကိုဖိုက်တင်းဆိုတဲ့ပုံစံနဲ့ရှောင်းကျန့်ကရှိနေခဲ့တယ်

ဒီတစ်ခါတော့ဘာပြဿနာပဲရှိရှိနိုင်အောင်လုပ်မယ်

စထွက်သွားတဲ့ပြိုင်ပွဲဝင်အသီးသီး
နောက်ဆုံးပန်းတိုင်ကိုရောက်ခဲ့တဲ့သူကဝမ်ရိပေါ်

ဖန်ဂဲလ်မလေးတွေရဲ့အသံကလည်း
အုတ်အော်သောင်းနင်း
ရှန်ပိန်ဗူးကိုဖောက်လို့ရိပေါ်အောင်ပွဲခံနေတယ်
တစ်စုံတစ်ယောက်ဆီသွားချင်ပေမယ့်လည်း
ဒီငတိမလေးတွေကိုဓာတ်ပုံရိုက်ပေးဖို့ကတိပေးထားတယ်

ကျောက်ရုပ်ကိုချထားတဲ့အလား ဓာတ်ပုံအရိုက်ခံလိုက်တယ်
ဆုယူတော့လည်းကျောက်ရုပ်
ဆိုင်းထိုးပေးတော့လည်းရုပ်သေနဲ့..

စိတ်ထဲမှာတော့အော်ဟစ်နေတာ
ငါနိုင်ပြီ..

နောက်ဆုံးသူရှောင်းကျန့်ဆီလာတော့
ရှောင်းကျန့်က သူ့ကို ဒေစီအဖြူရောင်ပန်းစည်းလေး
ပေးတယ်

"ပထမဆုရလို့ဂုဏ်ပြုပါတယ်.."

ဒေစီပန်းရဲ့အဓိပ္ပာယ်က..
ဖြူစင်ခြင်းနဲ့ ငယ်ရွယ်ခြင်း..
ချန်ထားရစ်တဲ့နောက်အဓိပ္ပာယ်က
ဘယ်တော့မှ မင်းကိုပြောပြမှာမဟုတ်ဘူး...

ညနေရောက်တော့ ပွဲအတွက်
ပြင်ဆင်နေတယ်
သူ့ကိုဝတ်စုံကအစပြင်ဆင်ပေးလိုက်တဲ့ဆေးရုံအုပ်ဝမ်

ပွဲထဲရောက်တော့  ဆေးလောကအကြောင်းပြောဆိုကြတယ်
အနည်းငယ်ဆွေးနွှေးပြီးတဲ့အချိန်
ပါတီချိန်ရောက်လာတယ်

အကုန်လုံးအကြိတ်အနယ်ဆွေးနွှေးပြီးကြာတော့
မောပန်းနေကြတဲ့အချိန်
ရှန်ပိန်တွေဝိုင်တွေရောက်လာတော့
တက်ကြွသွားတယ်

သောက်လေ့သောက်ထမရှိတဲ့ရှောင်းကျန့်က
ရှန်ပိန်တစ်ခွက်ယူပြီးကိုင်ထားတယ်

သောက်ဖို့ကိုမမျှော်မှန်းဘူး
ဘီယာတစ်ငုံနဲ့တောင်မှောက်တတ်တာသူ့ကိုယ်သူအသိ
ဆေးရုံအုပ်ဝမ်ကတော့ အလုပ်ရှင်တွေနဲ့စကားပြောနေကြတယ်

သူ့ကိုပြန်ဖို့ကားခေါ် ပေးထားတယ်ဆိုလို့
သူငြိမ်ငြိမ်လေးစောင့်နေတယ်

ရှန်ပိန်ခွက်ကိုချပြီးရေထည့်ထားတဲ့
ခွက်ကိုကောက်သောက်တယ်
သူမသိခဲ့တာ ရေထည့်ထားတဲ့ခွက်ကဝိုင်ဖြူထည့်ထားတာကိုပဲ

ပိုင်မိန်ဟွာပွဲထဲမှာ ရှောင်းကျန့်ကိုတွေ့လို့
အနားကိုကပ်လာတယ်

အနားရောက်တော့ခေါင်းမှောက်နေတဲ့ရှောင်းကျန့်
နာမည်ခေါ်တော့ရယ်ပြတယ်

ငါ့ကိုသိလို့လားတဲ့

သူတစ်ယောက်တည်းလာခဲ့တယ်ထင်ပြီး
ရှောင်းကျန့်ကိုပြန်ပို့ဖို့ပြင်တယ်

ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးကို
မိန်ဟွာသေချာတွဲနေရတယ်
တွေ့သမျှလူလိုက်ရယ်ပြနေလို့

သူသာတိုက်ကွမ်ဒိုခါးပတ်အနက်မဟုတ်ရင်
ဒီကိုယ်ကိုထိန်းနိုင်မယ်မထင်ဘူး
အခုတော့ပေါ့ပေါ့ပါးပါးနဲ့ခေါ်လာတယ်

အိမ်ကိုပြန်ပို့ရအောင်လည်း
သူကအိမျကိုမသိဘူး

ဟိုတယ်မှာပွဲလုပ်တာကြောင့်
ဟိုတယ်မှာအခန်းတစ်ခန်းယူပြီး
ရှောင်းကျန့်ကိုခေါ်လာတယ်

အိပ်ရာပေါ်မှာကလေးလေးလိုကွေးပြီး
အိပ်ပျော်သွားတဲ့ရှောင်းကျန့်

ဒီလူသားကိုသူမအပိုင်လိုချင်မိတာမဆန်းပါဘူး

ဗီလိန်မတွေလို တစ်ညတာမှားတယ်ဆိုပြီး
လိမျညာရမလား...
မလုပ်သင့်ဘူး

ကုတင်ပေါ်မှာအိပ်နေတဲ့ကောင်လေးကို
ကုတင်ဘေးမှာထိုင်ငေးနေတဲ့ကောင်မလေးတစ်ယောက်

ထိုအချိန်စိတ်ပူပန်နေတဲ့လူတစ်ယောက်လည်းရှိတယ်

တဒီးဒီးမြည်နေတဲ့ဖုန်းကြောင့်
မိန်ဟွာ ရှောင်းကျန့်အိတ်ကပ်ထဲကဖုန်းကိုယူလိုက်တယ်

Contact Name က  Wang တစ်လုံးထဲ
သူသိလိုက်တယ် သူမ ယုတ်မာဖို့တွေးလိုက်ပေမယ့်လည်း
ချစ်တဲ့သူကရွံမုန်းတာကို မခံချင်ဘူးလေ

"ဟဲလို"

"ရှောင်းကျန့်...အမ် ခင်ဗျားဘယ်သူလဲ"

"ရှောင်းကျန့်မူးနေတယ်.
ပွဲလုပ်တဲ့ဟိုတယ်မှာ အခန်းနံပါတ် ၅၀၁ ကိုလာခဲ့"

ဟိုတယ်ရှေ့မှာရှောင်းကျန့်ထွက်အလာကိုစောင့်နေပေမယ့်
ထွက်မလာတာကြောင့်ရိပေါ် က ဖုန်းဆက်လိုက်တာ
သူ့ရဲ့ယုန်ငတုံးလေးကမူးပြီးရေတိမ်နစ်တော့မယ်

အခန်း ၅၀၁ ကို မြန်မြန်သွားလိုက်တယ်
မြင်လိုက်ရတဲ့မြင်ကွင်းက
ရှောင်းကျန့်က ကလေးတစ်ယောက်လိုအိပ်နေတယ်

ကောင်မလေးတသ်ယောက်နဲ့ရွှမ်ချင်းကျဲ

"ရိပေါ် ရောက်လာပြီလား
ရှောင်းကျန့်လေးမူးနေတာ အစ်မနဲ့သူကဒီမှာခဏထားထားတာ
အိမ်ခေါ်သွားပေးမလား.."

"အင်း အိမ်ခေါ်သွားပေးမယ်.."

ခြေတံရှည်တွေနဲ့လူတစ်ယောက်ကို မ ရတာ
သိပ်တော့အဆင်ပြေမနေပေမဲ့
ရိပေါ်ကတော့ ကလေးတစ်ယောက်လိုရအောင် မ ချီသွားတယ်

တက္ကစီငှားပြီးရှောင်းကျန့်အိမ်ကိုမောင်းခိုင်းတယ်

Side Story:

လွန်ခဲ့သော ဆယ်မိနစ်ခန့်
ရွှမ်ချင်းဟိုတယ်မှာသူ့မိတ်ဆွေဆီခဏလာတာ
အခန်းတစ်ခန်းကထွက်လာတဲ့ကောင်မလေးတစ်ယောက်က
သူ့လက်ကိုဆွဲပြီးအခန်းထဲခေါ်သွားတယ်

"ဘာလုပ်တာလဲ"

"ငါက ပိုင်မိန်ဟွာ ဟိုမှာ မင်းရဲ့မောင်လေးလိုခင်ရတဲ့သူ
ရှောင်းကျန့် သူမူးနေလို့အခန်းငှားပေးထားတာ
မကြာခင်ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးလာလိမ့်မယ်
အထင်လွဲမှာစိုးလို့မင်းကိုခေါ်လိုက်ရုံပဲ
ဘာအကန့်မှမရှိဘူး"

ပြန်ပြောရန်ပြင်လိုက်တဲ့အချိန်
ရိပေါ်ကရောက်လာတယ်....


May 3 2020
© 梅花 白,
книга «DEFINE!».
Коментарі