Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 17

သာယာလှတဲ့နယ်မြို့လေးကနေ
နောက်ဆုံးတော့ပြန်လာခဲ့ရတယ်

ပျင်းရိဖွယ်ကောင်းတဲ့တစ်နေ့တာကို
ပြန်ပြီးလည်ပတ်ရတယ်

ရှောင်းကျန့် အသက်၃၀ပြည့်ခါနီးနေပြီ
သူဖြတ်သန်းခဲ့ရတဲ့ ၃နှစ်အတွင်းမှာ
ရိပေါ်ကတစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်တယ်

နယ်မြို့လေးတွေဆီဆေးအိတ်လေးလွယ်ပြီး
ဆေးကုဖို့ကရှောင်းကျန့်ရဲ့ရည်မှန်းချက်

သူဘဏ်အကောင့်ထဲမှာလည်း
ပိုက်ဆံတွေကလုံလုံလောက်လောက်ရှိနေပြီ
နယ်မြို့လေးတွေဆီသွားဖို့အတွက်
ဆေးရုံကနေထွက်ခွာဖို့ပဲလိုတော့တယ်

ဒီမနက်အိမ်ကနေထွက်တော့
မစီးတာကြာတဲ့မြေအောက်ရထားစီးဖို့
တွေးမိတယ်

ပတ်ထားတဲ့နာရီလေးကိုကြည့်ရင်း
ရထားကိုစောင့်နေတယ်

ရထားရောက်တော့
အလျိုလျိုရထားပေါ်ကိုတက်ကြတယ်

မနက်ပိုင်းအလုပ်သွားတဲ့လူများတာကြောင့်
ကျပ်ညှပ်နေကြတယ်
ရှောင်းကျန့် အရင်နှစ်တွေကိုတောင်ပြန်ရောက်သွားသလိုခံစားရတယ်

တစ်ဆက်တည်းတွေးမိလိုက်တာက
သူနဲ့ဆုံတွေ့ဖူးတဲ့ကလေးတစ်ယောက်ကိုပါ
အင်း အခုဆိုသူလည်းတော်တော်ကြီးနေလောက်မှာ

နောက်ဆုံးတော့ရှောင်းကျန့်ဆေးရုံကိုရောက်လာတယ်
ဆေးရုံကိုထွက်စာတင်ပြီးရင်၂လလောက်စောင့်ရသေးတယ်
သူ့နေရာမှာတာဝန်ယူပေးမယ့်လူကို
စောင့်ကြိုနေရတဲ့သဘောပေါ့

နေ့စဉ်တာဝန်တစ်ခုလို
ဆေးရုံတစ်ခုလုံးကိုလှည့်ပတ်နေတယ်
ရွှမ်ချင်းကျဲနဲ့ကော်ဖီသောက်ရင်း
စကားစမြည်ပြောဖြစ်ပြန်တယ်

အများစုကလူနာအကြောင်းတွေ
ယွင့်လီလေး​တောင်နေပြန်ကောင်းနေပြီ
ဆေးရုံကနေဆင်းခွင့်မရသေးပေမဲ့
တော်တော်ကိုထူထူထောင်ထောင်ဖြစ်နေပြီ

ကလေးမလေးကသိပ်ကိုရဲရင့်တာ

ကိုယ်ပိုင်အခန်းထဲလူနာမှတ်တမ်းတွေစစ်နေတုန်း
ရိပေါ်ဆီကနေဖုန်းဝင်လာတယ်

သူ့အလုပ်နဲ့သူရူပ်နေတဲ့သူက
အခုတော့ဖုန်းတွေဆက်နေတယ်

ရိပေါ်လည်းအမှန်တကယ်အလုပ်တွေရူပ်နေခဲ့တာ
ပစ်ထားမိတဲ့အပိုင်းတွေကိုပြန်ပြီးတာဝန်ယူနေရသလို
ထပ်ထုတ်မယ့်ဆိုင်ကယ်မော်ဒယ်လ်အသစ်တွေအတွက်
ဒီဇိုင်းပိုင်းကိုလည်းစဉ်းစားနေရတယ်

အကိုဆီကနေဖုန်းဝင်လာတော့
သူ့ရဲ့မွေးနေ့မှာဘာလုပ်မလဲလို့မေးတယ်

မွေးနေ့ကိုတောင်မေ့နေခဲ့တယ်
အဲ့လောက်ထိအလုပ်တွေရူပ်နေခဲ့တာပဲ

မွေးနေ့ဆိုမှသူဖုန်းဆက်ရမယ့်လူတစ်ယောက်ရှိတယ်

"ဟဲလို ရှောင်းကျန့်ကော"

"အင်း..မင်းအလုပ်တွေပြီးပြီလား.."

"မပြီးသေးဘူး ပြောစရာရှိလို့"

"ဘာကိုလဲ ရိပေါ်"

"နောက်တစ်ပတ်နေရင်ကျနော့်မွေးနေ့လေ
ရှောင်းကျန့်ကောကဘာလက်ဆောင်ပေးမှာလဲ"

"ဘာလိုချင်လဲ. "

"ခန့်မှန်းကြည့်ပေါ့ "

"Helmetလား.."

"မွေးနေ့ကျမှပေး
လက်ဆောင်ကိုကြိုအသိမပေးရဘူးလေ"

"ဟုတ်ပါပြီ "

"ဒါဆို..."

သူဋ္ဌေးဝမ်. ဒီဇိုင်းလေးတစ်ချက်လောက်ကြည့်ပေးပါ

"ဖုန်းချလိုက်တော့ ရိပေါ် "

"ဟုတ်ပြီ.."

ရှောင်းကျန့်အတွေးတွေကပြေးလွှားနေတယ်
ဒီခွေးပေါက်လေးကိုထားခဲ့နိုင်မလားဆိုတဲ့
မေးခွန်းကိုပေါ့

ရယူခြင်းမဟုတ်သလို​ပေးဆပ်ခြင်းလည်းမဟုတ်ဘဲ
တိတ်ဆိတ်နေတဲ့မြတ်နိုးခြင်းတွေကလည်း
အချစ်ပါပဲ

ကိုယ်နဲ့မသက်ဆိုင်တဲ့အရာတွေကို
ဝယ်ယူရတာ တကယ်ကိုခက်ခဲတယ်
ခင်းကျင်းပြထားတဲ့helmetတွေကအရောင်စုံလေးတွေ

နောက်ဆုံးသူတွေးနေတာ
ပထမဆုံးတွေ့ဆုံခြင်းမှာဆိုင်ကယ်အစိမ်းရောင်လေး
Helmet အစိမ်းရောင်လေးကို
လှမ်းယူတော့နောက်တစ်ယောက်ကပါ
ယူနေတယ်

အနီရဲရဲအကျီနဲ့ပီကေတစ်ဖောက်ဖောက်ဝါးနေတဲ့
ကလေးမလေး ရိပေါ်နဲ့ရွယ်တူဖြစ်မယ်ထင်တယ်

"ဒီက ဦးလေး.ဒါ ညီမယူထားတာ
ဦးလေးလက်လျော့လိုက်."

ပုံမှန်ဆိုလက်လျော့မိမှာမှန်ပေမဲ့
ဒါကသူ့ရဲ့နောက်ဆုံးလက်ဆောင်လေး
တခြားဟာတွေလည်းမစဉ်းစားတတ်တာကြောင့်
သူကတွေဝေနေတယ်

"စိတ်မရှိရင် ဦးကို ဒါလေးပေးပါ
ဦးအတွက်အရေးကြီးတဲ့သူကိုပေးမှာမို့လို့"

မျက်လုံးတစ်ဖက်ကိုမှေးကျဉ်းပြီးကြည့်နေတဲ့
ကောင်မလေး ရှောင်းကျန့် ကိုအကဲခတ်နေသယောင်

"ဟုတ်ပြီ ပေးလိုက်မယ် ဒါပေမဲ့ ခိုင်းတာလုပ်ရမယ်"

"ခက်ခဲတာမဟုတ်ရင်ပေါ့"

"ဒါဆိုသဘောတူတယ်ဟုတ်. ဖုန်းနံပါတ်လေး ပေးလိုက်ပါလား"

"အင်း.."

ရှောင်းကျန့် ကိုယ့်ကိုမေးမြန်းနေရပြီ
ဘာကြောင့်သဘောတူလိုက်ရတာလဲဆိုတာကိုပေါ့

သေချာထုပ်ပိုးထားတဲ့Helmetအစိမ်းရောင်လေး
တစ်ခုအတွက်ထဲနဲ့ပေါ့

ဆေးရုံမှာရှောင်းကျန့်ကပေါ့ပေါ့ပါးပါးပဲ
အရေးကြီးတဲ့caseလည်းမရှိသလို
အရာအားလုံးကအဆင်ပြေနေတယ်

မကြာခင်ရိပေါ်မွေးနေ့လည်းရောက်တော့မယ်

ရိပေါ်မွေးနေ့မရောက်ခင်တစ်ရက်အလို
ရှောင်းကျန့်ဆီ ကောင်မလေးကဆက်သွယ်ခဲ့တယ်

သူနဲ့ပါတီတစ်ခုတက်ပေးဖို့
သူ့လိုလူကပါတီတက်ပေးရဦးမယ်

ပေးခဲ့တဲ့ကတိကိုမဖျက်ချင်တာကြောင့်
သူကလိုက်သွားခဲ့တယ်

သူမထင်ထားတဲ့ကိစ္စတစ်ချို့လည်းရှိနေခဲ့တယ်
အဲ့ဒါကရိပေါ်လည်းပါတီမှာရှိနေတာကိုပဲ

သူရိပေါ်ကိုနှုတ်ဆက်ဖို့ပြင်တော့
ခက်ထန်တဲ့မျက်ဝန်းတွေနဲ့ဆုံမိတယ်
နားထဲလေတွေထွက်သွားသလို
လက်တွေတုန်လာတယ်

ရိပေါ်ရဲ့အကြည့်တွေက
သူ့မှာအပြစ်ရှိနေသလို
ဘေးကကောင်မလေးက
ရှောင်းကျန့်ကိုသူကောင်လေးပါဆိုပြီးမိတ်ဆက်တယ်

ရှောင်းကျန့် အသက်ရူမဝသလိုပဲ
ဘေးနားကလေထုကအေးစက်နေပြီ
ခပ်ထေ့ထေ့ပြုံးနေတဲ့ကောင်မလေးရဲ့အပြုံးက
လှောင်ပြောင်နေသယောင်

အယောင်ယောင်အမှားမှားနဲ့
ဝိုင်ဖြူတွေကိုမရပ်မနားသောက်မိတယ်

လဲကျခါနီးမှာသူ့ကိုပွေ့ချီသွားတဲ့လူတစ်ယောက်
ရင်းနှီးတဲ့ကိုယ်သင်းနံ့ကရိပေါ်မှန်း
ရှောင်းကျန့် သိသည်

အသိစိတ်မပျောက်ခင်
ရှောင်းကျန့်စကားတစ်ခွန်းကိုရအောင်ပြောတယ်

"အထင်လွဲနေတာ.."

ကောင်မလေးကတော့မဲ့ပြုံးနဲ့
ဝိုင်ခွက်ကိုလှည့်ရင်း
ပါတီကလူတွေကိုပြောတယ်

"ဘယ်လိုလဲ အခုအခြေအနေကိုမှန်းဆတတ်ပြီလား"

ပါတီကလူတွေကမယုံကြည်နိုင်ခြင်းတွေနဲ့
ဝမ်ရှစ်ရွှင်း ရဲ့ညီ ဝမ်ရိပေါ် က
လိင်တူနှစ်သက်တဲ့သူလား

ဘာအပြစ်အနာအဆာမှမရှိတဲ့သူမှာလည်း
ဒီလိုအားနည်းချက်ရှိခဲ့တာလား
တားမြစ်ထားတဲ့ဥပဒေတွေက
အသုံးမဝင်ဘူးလား

သူတို့ကရွံရှာသလိုဖြစ်ပြီး
တစ်ချို့ကတော့ ရွှေထုပ်ကိုတွေ့သလို
ပျော်နေကြတယ်
သေချာတာကတော့ကောင်းခြင်းမဟုတ်ပေ

ရိပေါ်ရှောင်းကျန့်ကိုဟိုတယ်ခန်းထဲမှာ
သိပ်ပေးခဲ့တယ်

ဟိုတယ်အခန်းထဲကပြန်ထွက်လာပြီး
ပါတီကိုပြန်သွားတယ်

"ခင်ဗျားတို့ကိုပြောစရာရှိတယ်
ဘယ်လိုနည်းနဲ့မှဖြုတ်ချလို့မရလို့
ဒီလိုနည်းနဲ့ဖြုတ်ချမယ်မကြံနဲ့
ခင်ဗျားတို့ရဲ့သိက္ခာတွေမကျချင်ရင်
ဆန္ဒကိုသိက္ခာနဲ့ထိန်းထား
ဘာမဆိုင်တဲ့သူတွေပါခဲ့ရင်
ခင်ဗျားတို့ရဲ့အထုပ်တွေဖြည်ချပြမယ် "

စတိုင်ပန်ထဲလက်ထည့်ပြီးထွက်သွားတဲ့ပုံက
တစ်လောကလုံးကိုအောင်နိုင်တဲ့ ဘုရင်တစ်ပါးအလား

ကောင်မလေးအနားရောက်တော့
နားနားကပ်ပြီးစကားတစ်ခွန်းပြောတယ်

"ငါ့လူကိုမထိနဲ့
အောက်တန်းကျတဲ့နည်းတွေနဲ့မင်းက
အထက်တန်းစားလိုပြုမူမနေနဲ့ "

"နင်..."

တက်ကြွနေတဲ့ပါတီက
ချက်ချင်း တိတ်ဆိတ်နေတာ
အပ်ကျသံတောင်မကြားရတော့ပေ
ဒါကဝမ်ရိပေါ်ရဲ့အာဏာလား.








May 14 2020
© 梅花 白,
книга «DEFINE!».
Коментарі