Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 5
ရိပေါ်ကဒီနေ့လွယ်အိတ်တစ်လုံးနဲ့
လက်ထဲမှာစကိတ်ကိုကိုင်ထားတယ်

လက်ရှည်အဝါရောင်လေးကိုမှကာကီရောင်ဘောင်းဘီတိုနဲ့
တွဲဝတ်ထားတယ်
ခြေမျက်စိဖုံးတဲ့ခြေအိတ်လေးနဲ့ကြားထဲကလစ်ဟာနေတဲ့
ခြေသလုံးဖွေးဖွေးလေးတွေ
ဦးထုပ်အမည်းလေးကိုခပ်ငိုက်ငိုက်စောင်းထားတယ်
သူကကလေးပေါက်စလေးလိုပဲ

သစ်ပင်ကိုပျင်းတိပျင်းရွဲ့မှီထားတယ်
မလဲရသေးတဲ့ပတ်တီးလေးကလည်း
အဝါရောင်တောင်သန်းတော့မယ်
ဘာလို့လဲရမှာလဲ.မလဲဘူး

ရှောင်းကျန့်ဒီနေ့အိမ်မှာလိုအပ်တာတွေဝယ်ဖို့
ထွက်လာတယ်အများကြီးတော့မဟုတ်
တစ်ကိုယ်ရည်သန့်ရှင်းတဲ့ပစ္စည်းလေးတွေ
ပြီးရင်ကော်ဖီဆိုင်လေးထိုင်စာအုပ်ခဏဖတ်ပြီးရင်
ပြန်ဖို့အစီအစဉ်ချထားတယ်

နားရက်ရတာကြောင့်မလျာ်ဖြစ်တဲ့မွေ့ယာခင်းတွေ
ခန်းစီးစတွေကိုမနက်ကတည်းကလျော်လှန်းထားလိုက်တယ်
ပြန်လာရင်ခြောက်လောက်ပြီ

တီရှပ်အဖြူလေးပေါ်မှရှပ်အကျီအပြာလေးထပ်ဝတ်ထားတယ်
ဂျင်းအဖြူလေးနဲ့သူကလူငယ်ဆန်နေတယ်
မညှပ်တာကြာတဲ့ဆံပင်လေးကခပ်အုပ်အုပ်ဖြစ်နေတယ်

အင်းဆံပင်ဝင်ညှပ်ရမယ်

ဒီနေ့တော့ဘတ်စ်မစီးတော့ဘူး
တက္ကစီနဲ့သွားရမယ်

ပေကျင်းကိုရောက်တာကြာနေပေမဲ့
ကုန်တိုက်တွေကိုမလာဖူးဘူး
ခုတော့ဘာမြင်မြင်သူ့မှာတဝိုးဝိုးနဲ့
ပါးစပ်အဟောင်းသားလေးအံ့သြနေရတယ်

ဝယ်စရာရှိတာတွေမဝယ်ခင်
ဆံပင်ညှပ်ဖို့ဆိုင်ရှာနေတာ.
ခက်ခဲလွန်းတယ်..

ရွှမ်းချင်းကျဲ ကိုခေါ်လာရင်ကောင်းသား
ခုတော့တစ်ယောက်တည်းကြောင်တောင်တောင်
သူ့ကိုဝင်တိုက်မိတဲ့လူ

"တောင်းပန်ပါတယ်. "

"ရပါတယ်.ကိစ္စမရှိပါဘူး"

"ဟာ.ကော..ကျနော့်ကိုဆေးထည့်ပေးတဲ့ဒေါက်တာမဟုတ်လား"

"မင်းက.."

"ဟုတ်တယ်ကျနော်ဒီမှာပတ်တီးတောင်မဖြည်ရသေးဘူး"

"ပတ်တီးကမလဲဘူးလား"

"အာ.လဲဖို့မေ့နေတာ..ကော ကဘာလုပ်နေတာလဲ"

"ဆံပင်ညှပ်မလို့အပြင်မထွက်တာကြာတော့
ဘယ်မှာမှန်းမသိဘူး"

"လာ.ကျနော်ခေါ်သွားပေးမယ်."

ဆုပ်ကိုင်ခံလိုက်ရတဲ့လက်ဖဝါးတစ်ဖက်
နွေးထွေးသွားတယ်

သူရှေ့ကကောင်လေးက
သူ့ကိုလုံခြုံမှုတွေပေးနေသလိုပဲ

"ဝေ့.ရှီးချန်ကော..
ကျနော်လူခေါ်လာတယ်
သေချာလေးညှပ်ပေးနော်"

"ဆရာဝမ်ကလေ.."

မျက်နှာရိပ်မျက်နှာကဲပြရသေးတယ်
သိလို့မဖြစ်ဘူး
ရိုးအေးတဲ့သူတစ်ယောက်..
အေးဆေးနေပါစေ

ရှောင်းကျန့်ကိုဆိုင်ကိုကြည့်နေတယ်
ဆံပင်ညှပ်ဆိုင်ကတော်တော်သန့်ရှင်းနေတယ်
ဂရုတစိုက်လုပ်ပေးတဲ့သူကြောင့်
သူ့မှာသက်တောင့်သက်သာပဲ

ဘေးကနေထိုင်ကြည့်နေတဲ့ကောင်လေးက
မျက်တောင်မခတ်ဘူး

ဆံပင်တွေအတော်တိုသွားတယ်
စိတ်အိုက်မခံနိုင်တဲ့သူ့အတွက်အရမ်းအဆင်ပြေတယ်
ကျေးဇူးတင်ကြောင်းပြောပြီးဆိုင်ထဲကနေထွက်လာတယ်
စောနကကောင်လေးလည်းဘေးကနေပါလာတယ်

သူ့ဘေးနားတစ်ယောက်ယောက်ရှိနေရင်
စိတ်ရူပ်တတ်ပေမဲ့
ဒီကောင်လေးကိုကျစိတ်မရူပ်မိဘူး

ဘေးနားကနေသူ့အကြောင်းတွေပြောပြနေတဲ့ကောင်လေး
ကော်ဖီဆိုင်ထိုင်တော့နွားနို့တစ်ခွက်သာမှာတယ်
ကောင်လေးနာမည်ကရိပေါ်တဲ့

နာမည်လေးကခေါ်လို့​ကောင်းတယ်
ရိပေါ်..

ညနေအိမ်ပြန်တဲ့အချိန်အထိ
ရိပေါ်ကဘေးကနေလိုက်ပါလာတယ်
စကိတ်လေးကိုပိုက်ပြီးလိုက်လာပုံက
ကလေးလေးလိုပဲ..
ချစ်ဖို့ကောင်းတဲ့ကလေးလေး

အဲ့နေ့ကစပြီးရှောင်းကျန့်နဲ့ဘဝထဲ
စာလေးတွေနဲ့အတူ
ကောင်လေးတစ်ယောက်ပါဝင်ရောက်လာခဲ့တယ်

ရှောင်းကျန့် ကအားလပ်တဲ့အချိန်မှာရောက်လာတတ်တဲ့
စာလေးတွေကိုမျှော်နေတယ်

ပြီးတော့..ကောင်လေးတစ်ယောက်ကိုရောပဲ

ရိပေါ်အခုတလောလေ့ကျင်နေတာ
ဘယ်မှတောင်မသွားဖြစ်ဘူး
တစ်ပတ်တစ်ခါလာကြည့်ပေးတဲ့အကိုကိုတောင်
နှင်ထုတ်လိုက်တယ်

လုဟန်ကောကိုစိတ်ဆိုးတိုင်း
လာလာဟောက်နေတယ်
သူ့ကိုစိတ်အေးအေးထားဖို့နဲ့
မင်းလုပ်နိုင်မှာပါဆိုပြီးအားပေးသွားတယ်

သူလည်းကြာကြာမနေရပါဘူး
ဆေးရုံကိုပြန်ပြေးရတာပါပဲ

ပြိုင်ပွဲရက်နီးလာတာနဲ့ရိပေါ်စိတ်တွေမတရားလှုပ်ရှားနေတယ်
အိပ်ပျော်ဖို့မနည်းကြိုးစားနေရတယ်
ပြိုင်ပွဲရက်က၂ရက်ပဲလိုတော့တယ်
ရိပေါ်ရင်ထဲလည်းမီးတောင်လိုပဲပူလောင်နေတယ်

သူလုပ်နိုင်မှာပါ..

မတွေ့ရတာကြာတဲ့ကောင်လေးကို
ရှောင်းကျန့်သတိရမိသလိုလို
ရွှမ်းချင်းကျဲ ကတောင်သူ့ကိုစသွားတယ်
ကောင်မလေးရနေပြီလားတဲ့

ခဏတာခင်မိတဲ့ကောင်လေးတစ်ယောက်ကို
အနားမှာရှိစေချင်မိတာဘာကြောင့်လဲ

ကိုယ့်ကိုသုံးသပ်ကြည့်လည်း
အဖြေကထွက်မလာဘူး

တကယ်ပဲ..ဘာတွေဖြစ်နေလဲမသိဘူး..
ဟူး.


November 20 2019
© 梅花 白,
книга «DEFINE!».
Коментарі