Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 3
ရှစ်ရွှင်း.စာရင်းတွေစစ်ပြီး
ဆေးရုံကိုတစ်ချက်လျောက်ကြည့်နေတယ်...
လုဟန်ကစာအုပ်လေးကိုင်ပြီးအနောက်ကနေ
ပါလာတယ်..

နေရာအသီးသီးမှာအဆင်ပြေနေတာမြင်ရတော့
ရှစ်ရွှင်း ပြုံးမိတယ်
သူကြိုးစားရကြိုးနပ်တယ်

နောက်ကလူသားရဲ့အကူအညီတွေလည်း
ပါတာပေါ့

သမင်မျက်လုံးလေးတွေ
နှုတ်ခမ်းပါးသေး​သေးလေးတွေ.
အသက်အရွယ်နဲ့မလိုက်နုနယ်နေတာက
သူ့ကိုတော်တော်ကြီးဒုက္ခပေးတယ်

စိတ်မချလွန်းလို့အတွင်းရေးမှူးအဖြစ်ခန့်ထားတာတောင်မှ
လိုက်ကြိုက်နေတဲ့သူတွေရှိလို့စိတ်မအေးရဘူး

ညီကိုစိတ်ပူရသူ့ကိုစိတ်ပူရ
ဆေးရုံကိုအုပ်ချုပ်ရနဲ့ဆံပင်ဖြူတော့မှာပဲ

ရှေ့ကခေါင်းတရမ်းရမ်းဖြစ်နေတဲ့သူကို
လုဟန်ငေးကြည့်နေတယ်
ခေါင်းကိုက်နေလို့များလား

အခုတလောဆေးရုံအဆောင်သစ်ဆောက်လုပ်ဖို့အတွက်
အလုပ်တွေများနေတာ..
အိမ်ပြန်ရောက်ရင်သံပုရာရည်ဖျော်ပေးမှပဲ..

"ဟန်..ပြန်မယ်လေ."

ဘယ်တော့မှလုဟန်ကို.ကောကောလို့မခေါ်ခဲ့
အဖျားစွတ်ခေါ်တာမျိုးလည်းမဟုတ်
နောက်ဆုံးတစ်လုံးလေးကိုသာခေါ်တယ်
ဒါကရှစ်ရွှင်းအရွယ်ရောက်ကတည်းကပဲ

သူကလည်းအဲ့လိုခေါ်တာမျိုးကိုဘာကြောင့်
သဘောကျလဲမပြောတတ်.သူများတွေခေါ်တာနဲ့
မတူလို့.ဟုတ်တယ်.အဲ့ဒါကြောင့်ပါ

အတွင်းရေးမှူးဖြစ်သော်လည်း
လုဟန်ဘယ်တော့မှကားမမောင်းရ
ထိုင်တာတောင်ရှစ်ရွှင်းဘေးမှာ.

လုဟန်အတွက်ကတော့ရှစ်ရွှင်းဘာလုပ်လုပ်အကောင်းချည်းပဲ
ဘာမှငြင်းဆိုခြင်းမရှိ

အရာရာကိုကိုယ်တိုင်လုပ်ရတာသဘောကျတဲ့ရှစ်ရွှင်းက
ဒရိုင်ဘာတောင်မငှါး
ညီကလည်းကားထက်ဆိုင်ကယ်ကိုသာစွဲမြဲစွာ
စီးတဲ့သူ.

ဝမ်အိမ်တော်ကိုထိန်းသိမ်းဖို့နဲ့စောင့်ရှောက်ဖို့
အစေခံအနည်းငယ်သာရှိတယ်
အစေခံတွေကိုမိသားစုလိုသဘောထားပေမဲ့
စည်းကမ်းတင်းကျပ်တယ်

သဘောကောင်းတဲ့သခင်ကိုအစေခံတွေကလည်း
သစ္စာစောင့်သိကြတယ်
အများစုက ဝမ်သခင်ကြီးလက်ထက်ကလူတွေပဲ

ထမင်းချက်တဲ့တာဝန်ကိုတော့လုဟန်ကပဲတာဝန်ယူရတယ်
အစားအသောက်ကြေးမများကြပေမဲ့
ကြီးကြီးလင်းမရှိတော့တဲ့နောက်ပိုင်းလုဟန်ကပဲ
ဟင်းချက်တာဝန်ယူကတယ်
တခြားသူဆိုညီအကိုနှစ်ယောက်စလုံးကမစားကြဘူး

နံနံပင်အရမ်းကြိုက်တဲ့သူ့ညီကို
လျော့စားဖို့ပြောတယ်
ရိပေါ်ကငြင်းတယ်
အဲ့နေ့ကစပြီးနံနံပင်ကိုမမြင်ရတော့ဘူး

ထမင်းနဲ့နံနံပင်ဆိုနံနံပင်ပဲရွေးမယ့်သူမျိုး

ကလေးစိတ်မပျောက်တဲ့ညီအကိုနှစ်ယောက်ကို
ထိန်းနေရတဲ့လုဟန်တာဝန်ကလည်းမသေးဘူး

အိမ်မှာဆိုညီအကိုနှစ်ယောက်
အမြဲသတ်တာကိုမြင်ရလိမ့်မယ်

ဘာကြောင့်လို့သင်ထင်ပါသလဲ
အဖြေမှန်ကဂိမ်းကြောင့်ပါ.

ဂိမ်းဆော့လျှင်ရူံးလေ့မရှိတဲ့နှစ်ယောက်ပြိုင်ဆော့လျှင်
ဘယ်လိုပြသနာတွေတက်နိုင်သလဲ
သရေအမြဲကျနိုင်ပါတယ်..

အနိုင်အရူံးမပေါ်လျှင်မနိုင်မချင်းဆော့နေတာ
ထမင်းမေ့ဟင်းမေ့ပါပဲ
ဆိုင်ကယ်စီးပြိုင်မလား
ဟုတ်ကဲ့ သရေပါပဲရှင်

ရှစ်ရွှင်းဆိုင်ကယ်စီးတာသဘောကျလို့
သူပါစီးချင်တယ်ဆိုပြီးပူဆာတဲ့
၁၃နှစ်သားလေးရိပေါ်

သိပ်မသင်ပေးချင်ရှာဘူး
ဆိုင်ကယ်နောက်တစ်စီးပြေးဝယ်ပြီး
သင်ပေးတော့တာပဲ

သူများဆိုင်တွေဝင်တိုက်မိလို့
လုဟန်ခမျာပိုက်ဆံထုပ်ပိုက်ပြီးလျော်ပေးလိုက်ရတာ.
အသက်ငယ်ငယ်လေးနဲ့ကလေးအဖေလိုပဲ
အလုပ်လုပ်နေရင်းကြားထဲကပြေးလာရတာ
ဝမ်သခင်ကြီးကျန်းမာရေးမကောင်းတော့သူပဲလာရတယ်

အပြစ်လုပ်ထားတဲ့သူတွေကိုကြည့်တော့
နှစ်ယောက်သားစပ်ဖြဲဖြဲနဲ့ပြုံးပြသေးတယ်
ခဏလေးပါပဲအပြင်မှာမှန်းသိတော့
ချက်ချင်းတည်ကြတယ်

Cool Guysတွေပေါ့.သိပ်မပြောချင်ဘူး
အသက်ကမပြည့်သေးဘူးလူကြီးအထာတွေကဖမ်းနေပြီ

ငယ်ငယ်ကအကြောင်းတွေတွေးမိတော့
လုဟန်ပြုံးမိတယ်
ခုကားမောင်းနေတဲ့ရှစ်ရွှင်းကိုကြည့်ပြီး
ကောင်းကောင်းကြီးပြင်းလာတာပဲဆိုပြီး
ဂုဏ်ယူမိတယ်

ဖြောင့်တန်းနေတဲ့မျက်ခုံး
ခြငေ်္သ့လိုစူးရှတဲ့မျက်ဝန်းတွေ
ပါးလျတဲ့နှုတ်ခမ်းလေးကတင်းတင်းစေ့ထားတယ်
V-shaped မေးရိုးကလည်းထင်းလို့

ညီအကိုနှစ်ယောက်လုံးတစ်ပုံစံထည်း
ကွာတာဆိုလို့ရိပေါ်လေးကပါးဖောင်းတာနဲ့
အရပ်နည်းနည်းပုတာပဲရှိမယ်
အသက်၂၁ပဲရှိသေးတာကလေးကအရပ်ရှည်လာမှာပါ

ရိပေါ်လေးဆိုမှ.ပြိုင်ပွဲဘယ်နေ့လဲမေးရဦးမယ်
အစားသေချာစားမှာတော့စိတ်မပူရပါဘူး
ကျန်းမာရေးကိုပဲ..

ဝမ်အိမ်တော်ထဲကိုကားလေးဝင်လာတယ်
ရှစ်ရွှင်းကကားပေါ်ကဆင်းပြီး
အခန်းထဲတန်းဝင်သွားတယ်

လုဟန်.အိတ်တွေသွားထားလိုက်တယ်
အဝတ်အစားလဲပြီးသံပုရာရည်ဖျော်လိုက်တယ်

ရှစ်ရွှင်းကရေချိုးနေလောက်မှာ
ခဏနားပြီးမှချိုးတာမဟုတ်ဘူး
အမြဲပြောလည်းဂရုမစိုက်

သံပုရာရည်ထည့်ထားတဲ့ခွက်လေးကို
အခန်းထဲသွားထားပေးတဲ့အချိန်
ရှစ်ရွှင်းကထွက်လာတယ်

အင်း..ဆစ်ပတ်တွေနဲ့
အားငယ်သွားပြီ
ငါ့ကျရှိပါရဲ့ရေးရေးလေးမတရားလိုက်တဲ့လောကကြီး

"ဟန်.ဘာပြောစရာရှိလို့လဲ.."

"မရှိပါဘူး.ခဏနေရင်ထမင်းစားလို့ရပြီလို့."

"ကျနော်အဝတ်အစားလဲပြီးဆင်းလာခဲ့မယ်.."

"ခေါင်းကရေတွေစင်အောက်သုတ်ဦး.."

"ပင်ပန်းတယ်.. သုတ်ပေးပါလား"

ဟုတ်ကဲ့ ဒီလိုလည်းပေကတ်တတ်ပါသေးတယ်

မွေ့ယာပေါ်မှာလုဟန်ကိုထိုင်ခိုင်းတယ်
ရှစ်ရွှင်းကအောက်မှာထိုင်ချလိုက်တာပဲ

ခေါင်းသုတ်ပေးတာကိုဇိမ်ခံနေတဲ့လူသားပါပဲ
ခေါင်းရေမစင်ရင်ဖျားတတ်တဲ့သူကို
လုဟန်ကအမြဲသုတ်ပေးကတယ်

ရေမရှိတော့မှလုဟန်ကသဘတ်ကိုသိမ်းလိုက်တယ်
ဆံသားပျော့ပျော့လေးတွေက
ငယ်ငယ်လေးတုန်းကလိုပဲ

ငြိမ်နေတဲ့ရှစ်ရွှင်းကိုကြည့်မိတော့
အိပ်တောင်ပျော်နေပြီ

"ရှစ်ရွှင်း..ထဦး..အဝတ်အစားလဲဦး.."

နိုးလိုက်ရင်ချက်ချင်းနိုးလာတယ်
အဝတ်အစားလဲပြီးအိပ်တော့မယ်ဟန်ပြင်နေတဲ့သူကို
ထမင်းစားပွဲရှေ့ခေါ်လာရတယ်

အစားအသောက်ပျက်လို့မရဘူး
အခုရက်ပိုင်းထမင်းမစားတဲ့ရက်တွေကဆက်နေတာ
အပြေးအလွှားသွားရတဲ့အစည်းအဝေးပွဲ
မြေနေရာ..ဆောက်လက်စအဆောင်သစ်ကိုလည်း
စိတ်မချလို့ကိုယ်တိုင်ကြီးကြပ်နေတာနဲ့
မစားဖြစ်တဲ့ရက်တွေ
ကြာရင်အစာအိမ်ထိမှာစိတ်ပူရတယ်

လုဟန်ကိုကျဆေးရုံမှာပဲနေခိုင်းပြီး
လိုအပ်တာတွေကိုစီစဉ်ခိုင်းတယ်
တကယ်ကဘာမှမလိုအပ်ဘဲ

ညစာစားပြီးတော့ရှစ်ရွှင်းဟန်မဆောင်နိုင်ဘဲ
တစ်ချိုးတည်းအိပ်ပျော်သွားတယ်

လုဟန် သိမ်းစရာရှိတာသိမ်းပြီး
ရှစ်ရွှင်းအခန်းဘေးကသူ့အခန်းထဲဝင်လှဲလိုက်တယ်
တစ်နေ့တာကုန်သွားပြန်ပြီ..

ပြိုင်ပွဲက၆လပိုင်း၂၅ရက်နေ့
ခုက၄လပိုင်းနွေပူပူမှာ
ရိပေါ်ကလေ့ကျင့်နေတယ်

အခုတလောမေ့ဖျောက်ထားတဲ့ပုံရိပ်ကိုသတိမရမိဘူး
ပြိုင်ပွဲကိုအပြည့်အဝအာရုံစိုက်ထားတယ်
ဒီနေ့ညနေကျရင်အိမ်ကိုခဏပြန်ရင်ကောင်းမယ်
လုဟန်ကောရဲ့လက်ရာကိုလွမ်းလှပြီ

နေနိုင်လိုက်တဲ့အကို.လူတောင်မလာဘူး
ဖုန်းပဲဆက်တယ်..
သူလည်းဆေးရုံသစ်ဆောက်တာနဲ့အလုပ်များနေမှာပေါ့
ရုပ်ချောပြီးစိတ်သဘောထားကောင်းတဲ့ငါကပဲ
သွားတွေ့ရမှာပေါ့

ချွေးတွေရွဲနစ်နေတဲ့အကျႌကိုလဲလိုက်တယ်
မျက်စိဒေါက်ထောက်လိုက်ကြည့်နေတဲ့နည်းပြကြောင့်
မလဲဘဲမနေရဲဘူး
မဟုတ်ရင်အကိုကိုပြန်တိုင်မှာ..

ပွဲကြည့်စင်မှာထိုင်ပြီးရေတစ်ဘူးနဲ့
တခြားသူတွေကိုလိုက်ကြည့်နေတယ်
နေပူတယ်ညနေမှအကို့ဆီသွားမယ်

အားနေတဲ့အချိန်ဘာလုပ်ရမလဲ
နေ့လည်၂နာရီဆိုတော့...
ထမင်းမစားဖြစ်လောက်ဘူးထင်တယ်

ရိပေါ်.နည်းပြကိုခွင့်တောင်းပြီးထွက်လာခဲ့တယ်
ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားတဲ့ရှပ်အဖြူနဲ့ဂျင်းဘောင်းဘီ
ကျောပိုးအိတ်လေးတစ်လုံးကနောက်မှာလွယ်ထားတယ်

Helmetအမဲလေးကိုပြောင်းဆောင်းလိုက်တယ်
Perfect! Let's Go.

ကိတ်ဆိုင်ရှေ့လက်ပိုက်ပြီးကြည့်နေတော့
ဆိုင်ရှင်မှာဒူးတုန်နေရတယ်

Helmetကြိီးဆောင်းထားတော့မျက်နှာလည်းမမြင်ရဘူး
လူမိုက်လား
.လူမိုက်ဆိုကအောင်လည်းကျောင်းသားပုံစံလေးနဲ့

ကိတ်တွေကဘာဖြစ်နေလို့လဲဟင်
ဘာပြသနာရှိလို့လဲ
မဝယ်ရင်လည်းပြန်သွားပေးပါတောင်းပန်ပါတယ်

"ဒီကိတ်အနီကဘာအရသာလဲ.."

"စတော်ဘယ်ရီ...အရသာနဲ့ချယ်ရီ..အရသာပါ.."

"Deliveryရှိလား"

"ရှိ.ရှိပါတယ်."

"ဒါဆို.ထန်းယွဲ့ဆေးရုံက.အဲ့ကိုပို့ပေးပါ"

"ဟုတ်ကဲ့.."

ရှောင်းကျန့် မနက်ကတည်းကခွဲခန်းဝင်နေတာ
၈နာရီတောင်ကြာတယ်..
ကံကောင်းထောက်မစွာနဲ့လူနာကိုကယ်နိုင်ပေလို့

ခွဲစိတ်ပြီးမှပဲအကုန်လုံးအသက်ဝဝရူရဲတော့တယ်
ရှောင်းကျန့် ကြောက်နေတာ
ဒီလူကိုသာလက်လွှတ်လိုက်ရရင်ဆိုတဲ့အတွေးတွေက
တစ်ချိန်လုံးကြီးစိုးနေခဲ့တာ

အပြင်မှာတည်ငြိမ်နေသလောက်
စိတ်ထဲမှာကမ်ဘာပျက်မတတ်ပဲ..

နောက်ဆုံးပြီးမှသွားပဲ
တင်းထားတဲ့စိတ်တွေကိုလျော့လိုက်တော့
အခန်းထဲအရုပ်ကြိုးပြတ်လဲကျသွားတယ်

တုန်ရီနေတဲ့လက်တွေကို
တည်ငြိမ်ဖို့စိတ်ငြိမ်ဆေးသောက်လိုက်ရတယ်
ဗိုက်ထဲမှာအစာမရှိဘဲနဲ့

တည်ငြိမ်သွားတော့မှကုတ်ပြန်ဝတ်ပြီး
သူ့အခန်းထဲငြိမ်ငြိမ်လေးထိုင်နေတယ်
ယောက်ယက်ခတ်သွားတဲ့စိတ်ကိုအနားပေးဖို့

နပ်စ်မလေးတစ်ယောက်က
ကိတ်လေးတွေကိုလာပို့ပေးတယ်
အနီရဲရဲကိတ်လေးတွေ
စာလေးတစ်စောင်ရယ်
ဘာစာသားမှမပါဘဲ.
အသဲပုံလေးနဲ့အစက်လေးတစ်စက်ကိုသာရေးဆွဲထားတယ်

ဒီလိုမျိုးတွေရနေတာက
သူဆေးကျောင်းမပြီးခင်ကတည်းကပဲ
သူသဘောကျမိတဲ့အရာဆိုလည်းမမှားဘူး
သေချာသိမ်းထားတဲ့စာလေးတွေကအခုဆို
တော်တော်များနေပြီ

ဒီတစ်စောင်လည်းထပ်ပြီးသိမ်းဆည်းရမယ့်အရာပေါ့

ကိတ်တွေကအနီရဲရဲလေးတွေ
ဘာအရသာလဲမပြောတတ်ဘူး
နည်းနည်းစီဖဲ့စားကြည့်တော့
စတော်ဘယ်ရီနဲ့ချယ်ရီအရသာ..
ဘာမှမစားရသေးတဲ့သူ့အတွက်..
အဆင်ပြေသွားတာပေါ့

ဘယ်သူဘာပေးပေးငြင်းတတ်တဲ့
ဒေါက်တာရှောင်က
ထိုစာလေးပါတဲ့ဘယ်အရာကိုမဆို
လက်ခံတတ်တယ်..

သူ့ကိုပေါ့ပါးစေတယ်လို့ခံစားရတဲ့အတွက်ကြောင့်ပါတဲ့..



November 17 2019



© 梅花 白,
книга «DEFINE!».
Коментарі