Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 1
[တောင်းဆိုချက်:
ကိုယ်ကဆရာဝန်တစ်ယောက်မဟုတ်သလို
Motorcycle Racerတစ်ယောက်လည်းမဟုတ်ပါ
တကယ်လို့အမှားပါရှိခဲ့လျှင်
ထောက်ပြပေးဖို့နှင့်ခွင့်လွှတ်ပေးဖို့
တောင်းဆိုပါရစေ]



"ဆရာ.လူနာကနှလုံးမခုန်တော့ဘူး."

အဆောက်အဦးတစ်ခုပြိုကျမှုကြောင့်
ဒဏ်ရာရတဲ့သူအများအပြားဟာ
ထန်းယွဲ့ဆေးရုံဆီသို့ရောက်လာကြတယ်

ညဘက်ဖြစ်တာကြောင့်ဂျူတီချိန်းသွားတဲ့ဆရာဝန်တွေ
ညဂျူတီကျတဲ့ဆရာဝန်လေး၁၀ယောက်သာရှိတယ်

ြိငိမ်သက်နေတဲ့ဆေးရုံက
လူနာတင်ယာဉ်တွေနဲ့လှုပ်လှုပ်ရှားရှားဖြစ်လာတယ်

သွေးထွက်လွန်နေတဲ့လူနာတွေ
အုတ်နံရံပိလို့သတိမေ့နေတဲ့လူတွေကြား
ဆရာဝန်လေးတွေကယောက်ယက်ခတ်နေခဲ့တယ်

အလုပ်သင်လေးတွေကများပြားလှတဲ့လူနာတွေကိုမြင်ပြီး
အမှားတစ်ခုခုလုပ်မိမှာကိုကြောက်ရွံနေကြတယ်

တုန်ရီနေတဲ့သူတို့က
ဂျူတီကုတ်ဆွဲပြီးချက်ချင်းရောက်လာတဲ့သူကိုမြင်တော့
ကြောက်ရွံစိတ်တွေပျောက်ကွယ်သွားတယ်

စစ်မြေပြင်ထဲရောက်နေတဲ့အချိန်
အကာအကွယ်ကိုတွေ့လိုက်ရသလိုမျိုး
သူတို့စိတ်တွေလုံခြုံသွားတယ်

"ဘာဖြစ်လာတာလဲ"

"အဆောက်အဦးပြိုကျလို့ပါ."

"သွေးထွက်လွန်နေတဲ့သူကိုတိတ်အောင်
အတတ်နိုင်ဆုံးလုပ်ပြီးPressureမလျော့စေနဲ့
ခွဲစိတ်ရမယ့်သူတွေကိုတစ်ခါတည်းပြင်ထား
ငါကိုယ်တိုင်ဝင်မယ်."

"ဟုတ်ကဲ့.ဆရာ.."

ရှောင်းကျန့်တစ်ယောက်သွေးသံတရဲရဲလူနာတွေကို
အသေးစိတ်လိုက်ကြည့်နေတယ်
မြန်ဆန်နေတဲ့လက်တွေနဲ့
လူနာရဲ့ခေါင်းကိုပတ်တီးစည်းပေးနေတယ်
တစ်ဖက်ကိုလည်းဆေးသွင်းပေးဖို့ပြောနေတာမရပ်ဘူး

"ဆရာ.လူနာကနှလုံးမခုန်တော့ဘူး."

Dripချိတ်နေရင်းကြားထဲကနေ
နှလုံးခုန်ရပ်သွားတဲ့လူနာ
ရှောင်းကျန့်လူနာအပေါ်တက်ခွလိုက်တယ်
လက်ဖနောင့်နဲ့နှလုံးအပေါ်ကိုဖိတယ်

ဖြောင့်တန်းမလိုဖြစ်နေတဲ့မျဉ်းကွေးလေး
ပြန်လည်အသက်ဝင်လာတယ်

"ဆရာ.ခွဲခန်းအဆင်သင့်ဖြစ်ပါပြီ."

"ငါလာမယ်..
ဒီလူနာကို သေချာစောင့်ကြည့်ပါ
အချိန်မရွေးနှလုံးရပ်နိုင်တယ်
သူကဆေးကိုခုခံနိုင်ဖို့ကိုယ်ခံအားအလုံအလောက်မရှိဘူး
Dripကုန်ရင်ထပ်မသွင်းနဲ့"

"ဟုတ်ကဲ့.ဆရာ."

ခြေတံရှည်တွေနဲ့မြန်မြန်လျောက်နေမိတယ်
လက်တွေကိုသေချာဆေးကြောပြီး
ခွဲခန်းဝတ်စုံကိုဝတ်တယ်

ခွဲခန်းထဲရောက်တော့
အကူနပ်စ်ကလက်အိတ်စွပ်ပေးတယ်
အပေါ်အကျႌကိုဝတ်ဆင်ပေးတယ်

"ကဲ.စကြရအောင်.ဓား."

နှလုံးသို့မထိသည့်တိုင်စိုက်ဝင်နေတဲ့သံချောင်းကို
သေချာထုတ်ယူရတယ်
သွေးကြောတွေကိုမဖြတ်တောက်မိဖို့ကို
သေချာအာရုံစိုက်ပြီးတော့

တကယ်တော့ဒီညကရှောင်းကျန့်ရဲ့နားချိန်
ခွဲခန်းဆက်တိုက်ဝင်ထားတဲ့ကိုယ်ဟာ
လေတိုက်ရင်လဲတော့မလိုပဲ

ပင်ပန်းလွန်းလို့နားနေတဲ့အချိန်
အရေးပေါ်လူနာတွေဝင်လာတော့
သူ့မှာထပြေးလာရတာ

ဆက်တိုက်ဆိုသလိုမနားရတဲ့သူဟာ
မိုက်ခနဲမူးဝေသွားတယ်
ဓားနဲ့ထိမိတဲ့သွေးကြောလေးကပေါက်ထွက်သွားပြီး
သွေးတွေလျံလာတယ်

"သွေးအိတ်လိုတယ်.သွေးကိုညစ်.
ရွှမ်ချင်းသွေးတွေကိုပိုက်နဲ့စုပ်ထုတ်...မြန်မြန်"

တတီတီနဲ့ကျနေတဲ့Pressure

မင်းသေလို့မဖြစ်ဘူး.ငါကရအောင်ကယ်မှာ
မင်းမိသားစုတွေရှိရင်သူတို့အကြောင်းတွေးနေ
ရှောင်းကျန့်စိတ်ထဲကနေရေရွတ်နေတယ်

Pressure ကပုံမှန်ပြန်ဖြစ်သွားတယ်
ပေါက်ထွက်သွားတဲ့သွေးကြောကိုလည်း
တားဆီးနိုင်လိုက်ပြီ

သံချောင်းကိုဂရုတစိုက်ထုတ်ယူပြီး
ခွဲစိတ်ခြင်းကိုအဆုံးသတ်လိုက်တယ်..

နာရီကိုကြည့်မိတော့.
2:30AM

ခုအချိန်လောက်ဆိုဂျူတီချိန်းတဲ့သူတွေ
ပြန်ရောက်လောက်ပြီ

သက်ပြင်းရှည်တစ်ခုကိုချပြီး
ခွဲခန်းထဲကနေထွက်လာတယ်
ပိုးသတ်ဝတ်စုံကိုအမှိုက်ပုံးထဲသေချာထည့်ပြီး
အဝတ်အစားလဲလိုက်တယ်.

ဒီနေ့လည်းငါအကောင်းဆုံးလုပ်ခဲ့တယ်

သူ့ရဲ့နားချိန်က6:00ဆိုရင်ပြည့်တော့မယ်
ရတဲ့အချိန်လေးမှာထိုးအိပ်ဖို့တွေးလိုက်ပေမဲ့
လူနာတွေကိုလိုက်ကြည့်ရဦးမယ်

အိတ်ထဲမှာဆောင်ထားလေ့ရှိတဲ့အကြွေတွေနဲ့
စက်ကော်ဖီပူပူတစ်ခွက်ဝယ်သောက်တယ်
မျက်နှာကသစ်စရာမလိုဘူး
သူခုချိန်ထိမအိပ်ရသေးဘူးလေ

ခါးသက်လွန်းတဲ့ကော်ဖီကစိတ်တွေကို
အနည်းငယ်လန်းဆန်းသွားတယ်

ကုတ်အကျႌအဖြူလေးကိုပြန့်အောင်လုပ်ပြီး
နားကြပ်ကိုလည်ပင်းမှာချိတ်လိုက်တယ်
ကော်ဖီကိုလက်စသတ်ပြီး
လူနာတွေရှိရာကိုထွက်လာတယ်

သူရဲ့မူပိုင်အပြုံးလေးနဲ့
လူနာတွေကိုလိုက်ကြည့်တယ်
ကလေးတွေကသူ့ကိုဆိုတော်တော်ချစ်ကြတယ်

"ဒေါက်တာကိုကို"

ဆိုပြီး.သကြားလုံးလေးတွေပေးတတ်တယ်
ငယ်ငယ်လေးနဲ့နှလုံးရောဂါခံစားနေရတဲ့ကလေးလေးတွေ
ရောဂါကြီးတစ်ခုကိုခံစားဖို့သိပ်ကို
ငယ်ရွယ်လွန်းပေမဲ့လည်း
ဘယ်တတ်နိုင်ပါ့မလဲ...

မနက်အစောကြီးရှိသေးတာကြောင့်
အိပ်မောကျနေတဲ့ကလေးလေးတွေ
သူတို့လေးတွေကိုတစ်ချက်ကြည့်ပြီး
အဘိုးအဘွားတွေဆီလှည့်ထွက်လာခဲ့တယ်

၃ရက်ဆက်တိုက်ပင်ပန်းထားတဲ့သူလို့မထင်လောက်အောင်
သူဟာလန်းဆန်းတက်ကြွနေခဲ့တယ်.

ညကမီးလောင်နေတဲ့လွင်ပြင်လိုဖြစ်နေတဲ့ဆေးရုံဟာ
အခုကျတော့လည်းတိတ်ဆိတ်ငြိမ်သက်ပြီး
အေးဆေးဖြစ်နေလို့

ကုတ်ထဲလက်နှစ်ဖက်ထည့်ပြီးဆေးရုံအနှံ
လျောက်သွားနေတဲ့ဒေါက်တာရှောင်းကျန့်

နပ်စ်မလေးတွေကဒေါက်တာကိုလည်းမြင်ရော
ချက်ချင်းပဲ အပြုံးပန်းဆင်ကြတယ်
ဆေးရုံတစ်ရုံလုံးရဲ့အမောပြေလေး

ဒေါက်တာလေးကပင်ပန်းမှုမရှိဘဲ
တက်ကြွတဲ့အပြုံးနဲ့လူတိုင်းကိုလိုက်နှုတ်ဆက်တယ်
လူနာတွေကိုဆိုသူပိုပြီးအပြုံးတွေ
ဝေဝေဆာဆာပေးမိတယ်

ထွက်လာတဲ့နေရောင်ခြည်နဲ့အပြိုင်
နွေးထွေးလွန်းတဲ့လူသားလေး

အဲ့လူသားလေးရဲ့စိတ်ထဲမှာ
ဖြစ်ပျက်နေတဲ့အရာတွေကိုတော့
ဘယ်သူကမှမသိရှိခဲ့ဘူး

အေးချမ်းလှတဲ့တောင်ပေါ်မြို့လေးဖြစ်တဲ့ချုံချင်းမှာ
မွေးလာတဲ့ရှောင်းကျန့်
အထက်တန်းမပြီးသေးတဲ့အချိန်ထိ
ဘဝလေးကစိုပြည်ခဲ့သေးတယ်

စိုက်ခင်းလေးတွေကိုစိုက်ပျိုးပြီး
အသီးအနှံလေးတွေကိုရောင်းတယ်
ရတဲ့ငွေလေးနဲ့ရှောင်းကျန့်တို့မိသားစုက
လောက်ငှအောင်နေခဲ့တယ်

တစ်ယောက်တည်းသာရှိတဲ့သားလေးကိုလည်း
အထိအခိုက်မခံဘဲစာကိုသာသင်ကြားစေတယ်

အထက်တန်းပြီးဖို့တစ်နှစ်အလိုမှာ
ရှောင်းကျန့်တို့မိသားစုလေးပြိုကွဲခဲ့ရတယ်

ချုံချင်းကနေတင်ပို့တဲ့သစ်သီးကားလေးက
လမ်းခုလတ်မှာတိမ်းမှောက်ခဲ့တယ်
အရေးပေါ်လူနာနှစ်ဦးကိုဆေးရုံသို့
အချိန်မီပို့နိုင်ခဲ့ပေမဲ့

နယ်ဆေးရုံဖြစ်တာတစ်ကြောင်း
တတ်ကျွမ်းတဲ့ဆရာဝန်မရှိတာကြောင့်
ရှောင်ပါးပါးကဆုံးပါးသွားခဲ့တယ်

နှလုံးရောဂါအခံရှိတဲ့မားမားကလည်း
ပါးပါးရဲ့ဈာပနထိခံနိုင်ခဲ့ပေမဲ့
နောက်တစ်နေ့ကျတော့.
ရှောင်ပါးပါးနောက်ကိုလိုက်ပါသွားတယ်

တစ်ယောက်တည်းကျန်ခဲ့တဲ့ရှောင်းကျန့်ကို
ဒေါ်လေးကစောင့်ရှောက်ပေးတယ်

တစ်ယောက်တည်းကျန်ခဲ့တဲ့ရှောင်းကျန့်
ရှောင်ပါးပါးတို့ချန်ခဲ့တဲ့အမွေလေးနဲ့လောက်ငှအောင်သုံးတယ်
ကျောင်းမှာထောက်ပံ့ကြေးရအောင်
စာကြိုးစားတယ်.

နှာခေါင်းသွေးတွေလျံပြီးအိပ်ရာထဲလဲတာတောင်
ရှောင်းကျန့်ကစာပဲလုပ်ခဲ့တယ်

သူဆရာဝန်ဖြစ်ဖို့!!!.

ဆေးကျောင်းတက်တဲ့အချိန်မှာ
သူ့မှာလုံလောက်တဲ့ငွေမရှိခဲ့ဘူး
အဒေါ်ရဲ့ယောကျာ်းကမကြည်ဖြူမှန်းသိတာကြောင့်
အကူအညီလိုအပ်ရင်တောင်လုံးဝမတောင်းခဲ့ဘူး

ရှောင်းကျန့်ကဟင်းချက်တတ်တယ်.
သူကစားသောက်ဆိုင်လေးတစ်ခုမှာအချိန်ပိုင်းဝင်လုပ်တယ်
သူကကျူရှင်မတက်ခဲ့ဘူး
အတန်းချိန်ပုံမှန်တက်ခဲ့ပြီးသေချာနားလည်အောင်
လုပ်တယ်

လကုန်တာနဲ့သူဟာအိမ်လခပေးရတယ်
ရတဲ့လစာလေးကအိမ်လခရယ်
ဆေးစာအုပ်ဖိုးတွေနဲ့ကုန်သွားတတ်တယ်

အဲ့အချိန်ဆိုရှောင်းကျန့်ကခေါက်ဆွဲပြုတ်ပဲစားခဲ့ရတယ်
တစ်ချို့ရက်တွေဆိုရေပဲသောက်နေခဲ့ရတယ်

ဆေးကျောင်းဒုတိယနှစ်မှာကလေးတစ်ယောက်ကို
ကူညီလို်က်လို့ကျေးဇူးဆပ်သွားတဲ့
လူတစ်ယောက်ကြောင့်
ဒုတိယနှစ်ကျောင်းစရိတ်ကအဆင်ပြေပြေပြီးသွားခဲ့ပြီး
အနည်းငယ်တောင်စုမိသလိုရှိလာတယ်

Houseဆင်းတဲ့အချိန်မှာ
တစ်ယောက်တည်းသမားမို့အမြဲအနိုင်ကျင့်ခံရတယ်
ရှောင်းကျန့်ကအပြုံးလေးနဲ့ပဲအဆုံးသတ်တယ်

သူရည်မှန်းချက်ပြည့်ဖို့ဒါတွေကဘာမှမဟုတ်ပါဘူး
အမြဲအဲ့စကားတစ်ခွန်းကိုသာနှလုံးမူပြီး
ငြိမ်နေခဲ့တယ်

ပြိုပျက်နေတဲ့ရင်ထဲကကြောက်စိတ်တွေကတော့
အော်ဟစ်ငိုကြွေးလို့နေတယ်

အခန်းသေးသေးလေးရဲ့ထောင့်လေးမှာ
ကြိတ်ပြီးငိုခဲ့ရတဲ့နေ့ရက်တွေ
ချမ်းလွန်းလို့အိပ်မပျော်တဲ့နေ့ရက်တွေမှာ
စာတွေပဲထိုင်ကျက်နေခဲ့ရတဲ့အချိန်တွေ

စားစရာလုံးဝမရှိတော့လို့ရေသောက်ပြီး
သည်းခံခဲ့ရတဲ့အချိန်တွေ
အဲ့အချိန်တွေကအခုတော့
ပြီးဆုံးသွားခဲ့ပြီ

အခုဆိုသူကလူတိုင်းအားကျလေးစားရတဲ့
ခွဲစိတ်ဆရာဝန်ဖြစ်နေပြီ.

အဘွားတစ်ယောက်နဲ့စကားပြောနေတဲ့
ရှောင်းကျန့်နားကိုအလုပ်သင်လေး
တစ်ယောက်ရောက်လာတယ်

လက်ထဲမှာလည်းမုန့်ဘူးလေးနဲ့

"စီနီယာ..စီနီယာကိုဆေးရုံအုပ်ကခွင့်ပေးလိုက်တယ်
ပြီးတော့.ဒါလေး.."

ထိုးပေးလာတဲ့မုန့်ဘူးလေးကိုမယူဘူး
ခွင့်ပေးလိုက်တယ်ဆိုတော့
သူနားလို့ရပြီပေါ့.

အဘွားကိုသေချာနှုတ်ဆက်ပြီး
သူကထွက်လာတယ်ညောင်းညာနေတဲ့ကိုယ်ကို
အကြောလျော့ရင်းနဲ့

မုန့်လာပေးတဲ့ချင်းကျင်းလိလေးခမျာငိုမဲ့မဲ့နဲ့
မမရွှမ်းချင်းပြောတာမှန်တယ်
စီနီယာကသမီးရည်းစားထားဖို့တကယ်စိတ်ကူးမရှိတာပဲ
အခုတော့အကြောရှည်မိလို့
စီနီယာအပြုံးလေးတောင်မရတော့ဘူး

မှားမှန်းသိပါပြီ.စီနီယာရေ..

ရှောင်းကျန့်ကငယ်ကတည်းကစာပဲလုပ်လာခဲ့တာ
ခေါင်းထဲမှာစာနဲ့မိဘပဲရှိခဲ့တာ

အခုတော့ခေါင်းထဲမှာလူနာတွေကိုကုသပေးဖို့ပဲ
သူကအချစ်ဆိုတာဘာမှန်းတောင်မသိဘူး
ရုံးကနပ်စ်မလေးတွေပြောနေကြတဲ့အချစ်ကားတွေကိုလည်း
သူမသိဘူး

သူကမြင်မြင်ချင်းအချစ်ကိုမယုံဘူး
ဘာကအချစ်ဘာကိုကြိုက်ရမှန်းလည်းမသိဘူး
သူ့စိတ်ထဲမိန်းမနဲ့ယောကျာ်းကအတူတူပဲ

သူကရိုးအေးတဲ့သူတစ်ယောက်
ဖုန်းတောင်မကောင်းတတ်လို့ဝယ်ထားတာ
သူ့စိတ်ရှိတိုင်းဆိုမဝယ်ဘူး

ဝယ်မယ့်အစား.
လူနာတွေအတွက်တစ်ခုခုလုပ်ပေးမိမှာ

သူကအသက်၂၇နှစ်ပြည့်တော့မယ်
၃၀ပြည့်ခါနီးကျရင်ဆေးရုံကနေထွက်ပြီး
ဆေးလွယ်အိတ်တစ်လုံးနဲ့ရွာတွေဆီ
လျောက်သွားဖို့တွေးတောထားတဲ့သူ

သူ့ရသမျှလစာဟာဆေးဖိုးဝါးခမတတ်နိုင်တဲ့သူတွေကို
စိုက်ပေးတာနဲ့ဘာမှမကျန်ဘူး
ဘဏ်အကောင့်ထဲမှာယွမ်တစ်သောင်းကလွဲပြီး
မတက်လာဘူး..

လစာလေးထဲကနေခြစ်ကုပ်ပြီး
အိမ်လေးတစ်လုံးဝယ်ထားတယ်
တစ်ထပ်တိုက်လေး.
အိမ်လေးကအခွံသာသာရှိတဲ့အိမ်လေး

အမြဲလိုလိုဆေးရုံမှာရှိနေတဲ့သူကြောင့်
အိမ်ကပြန်လာတိုင်းဖုန်တက်နေတယ်

ရေခဲသေတ္တာထဲမှာလည်းရေဘူးကလွဲပြီးမရှိဘူး
အဝတ်လျော်မယ်ကြံတိုင်းဆေးရုံကခေါ်တာနဲ့
မလျော်ဖြစ်တဲ့အဝတ်တွေကဟိုတစဒီတစ

ဒီနေ့တော့အိမ်ကိုရှင်းရမယ်..

ဆာလောင်နေတဲ့ဗိုက်လေးကိုအရင်ဖြည့်ရမယ်
အမြဲအသင့်စားတွေစားနေရတဲ့ရှောင်းကျန့်က
ဒီနေ့တော့ဆိုင်မှာထို်င်စားမယ်

မစားရတာကြာနေတဲ့ပန်းခေါက်ဆွဲပူပူလေး
ဆိုင်အဒေါ်ကြီးကရှောင်းကျန့်လည်းလာရော
ဝမ်းသာအားရကြိုဆိုတယ်

ဒီဆရာဝန်လေးကသိပ်ကိုချစ်ဖို့ကောင်းတဲ့ကောင်လေး
သူကသားလေးတစ်ယောက်လိုခင်တွယ်တယ်

ပန်းခေါက်ဆွဲကိုများများထည့်ပေးပြီး
ဗိုက်ဝအောင်စားဖို့ပြောတယ်

အစားအသောက်ဆိုစိတ်မပူရပါဘူး
နောက်တစ်ပွဲလောက်ဆိုပြီး
အဒေါ်ကြီးကိုထပ်တောင်းတယ်

ဒီကောင်လေးငြိမ်ငြိမ်လေးစားနေတာမြင်တော့
အဒေါ်ကြီးကပြုံးတယ်

အရင်ကလာစားရင်
တစ်လုတ်ပဲစားရသေးတယ်ပိုက်ဆံရှင်းပြီး
ဆေးရုံကိုပြန်ပြေးတာပဲ

အခုနားရက်ရလာတဲ့ပုံပဲ
အရပ်လေးသာရှည်ပြီး
ပိန်နေတဲ့ကောင်လေးကိုကြည့်ပြီး
အဒေါ်ကြီးကအားမလိုအားမရဖြစ်နေတယ်

ရှောင်းကျန့်ကစားလို့ပြီးတော့
အဒေါ်ကြီးကိုရိုရိုသေသေနှုတ်ဆက်ပြီး
ထွက်လာတယ်

သူဗိုက်ပြည့်သွားပြီ
ဗိုက်ပြည့်သွားရင်အိပ်ချင်လာတော့တာပဲ
တွေ့ရာနေရာထိုးအိပ်ချင်နေတယ်
မနည်းအားတင်းပြီးအိမ်ကိုရောက်အောင်ပြန်နေရတယ်

မေးရိုးလေးတွေထင်းနေတဲ့မျက်နှာ
ဝိုင်းစက်နေတဲ့ယုန်မျက်လုံးလေးတွေ
ထင်ရှားတဲ့နှာတံလေးနဲ့
နှုတ်ခမ်းပါးစုစုလေးတွေကိုထင်ရှားအောင်
အားဖြည့်ပေးနေတာကအောက်နှုတ်ခမ်းကမှဲ့နက်လေး
ခပ်အုပ်အုပ်ဖြစ်နေတဲ့ဆံပင်လေးတွေက
သူ့ကိုဆရာဝန်တစ်ယောက်လို့တောင်မထင်စေဘဲ
လူငယ်အသွင်ကိုဆောင်နေတယ်

ရှောင်းကျန့်အိမ်နားရောက်ခါနီးနေပြီ
ခြေလှမ်းဆယ်လှမ်းလောက်ထပ်လှမ်းလိုက်ရင်
အိမ်ရောက်ပြီ.

တစ်လှမ်း
နှစ်လှမ်း

လမ်းကြားလေးထဲကကြားနေရတဲ့ထိုးကြိတ်သံတွေ
ကိုယ်ခံပညာမတတ်တဲ့ရှောင်းကျန့်ကသွားမဆွဲရဲဘူး
ခပ်လှမ်းလှမ်းကနေကြည့််နေတယ်

ဆရာဝန်တစ်ယောက်ဖြစ်တော့ဒဏ်ရာရတဲ့သူတွေ့ရင်
ကောင်းကောင်းဆိုးဆိုးဆေးကုပေးချင်နေတော့တာပဲ

သူကရပ်ကြည့်နေတယ်
ရပ်ကြည့်နေတဲ့သူ့ကိုမြင်တော့
လူတွေကခဏရပ်သွားတယ်
ဖုန်းကိုထုတ်ပြီးရဲစခန်းကို
ဖုန်းခေါ်ချင်ယောင်ဆောင်ရသေးတယ်

"ဝေ့.ရဲစခန်းကလား.."

အသီးသီးဆိုင်ကယ်နဲ့ပြေးထွက်သွားကြတယ်
အထိုးခံရတဲ့ကောင်လေးကို
သွားကြည့်ရသေးတယ်

အကောင်သေးသေးလေးကို
လူကြီး၅ယောက်ကအနိုင်ကျင့်နေတာပဲ
မတရားလိုက်တာ.

ဆွဲထူပေးလိုက်တော့ထတောင်မထနိုင်ဘူး
နံရိုးအက်သွားတာလား.

ချိုင်းအောက်ကိုလက်လျိုလိုက်ပြီး
ကူတွဲလိုက်တယ်
ဘေးနားမှာလဲနေတဲ့ဆိိုင်ကယ်အစိမ်းရောင်လေး

မစပ်စုတာပဲကောင်းပါတယ်.

တွဲထားမိတဲ့ကောင်လေးက
သူ့ထက်အရပ်ပုတယ်ဆိုတော့
တွဲရလွယ်တာပေါ့.

အရပ်သာရှည်တာရှောင်းကျန့်ကအားမရှိဘူး
ခုထိလူတစ်ယောက်ကိုတောင် မဖို့ရာမစွမ်းသာဘူး
အသည်းအသန်ဖြစ်နေတဲ့မိန်းကလေးကိုချီပိုးတုန်းက
ခါးတောင်နာတယ်.အဲ့လောက်ထိသူကအားမရှိဘူး

စာပဲလုပ်ပြီးနေမထိလေမထိဆေးရုံမှာပဲနေတာ
အာ့ကြောင့်အားမရှိတာ.

ကောင်လေးရဲ့မျက်နှာမှာဒဏ်ရာတွေနဲ့
ဖူးယောင်နေတယ်
နီရဲနေတဲ့ဒဏ်ရာတွေကြားထဲမှ
လွတ်နေတဲ့နေရာလေးတွေကဖွေးလို့

ဒီကလေးတော်တော်အသားအရည်ကောင်းတာပဲ

ရှောင်းကျန့်အိမ်တံခါးလေးကိုဖွင့်လိုက်တယ်
မရှင်းရသေးတဲ့သူ့အိမ်ကသူ့ကိုပြုံးပြတယ်

"ဟိုင်း"

ကောင်လေးကိုလွတ်ရာနေရာချပေးလိုက်တယ်

ပွစာကျဲနေတဲ့အိမ်လေးကိုဖြစ်သလိုရှင်းလိုက်တယ်
အိတ်ထဲမှာရှိတဲ့ဆေးဘူးတွေကိုသွန်ချလိုက်တယ်

ဖူးယောင်နေတဲ့မျက်နှာတွေကိုဆေးထည့်ပေးလိုက်တယ်
ကောင်လေးကမျက်စောင်းနဲ့ကြည့်နေတယ်

ဟုတ်သား.လဲနေတဲ့သူကိုအိမ်ထဲခေါ်လာတယ်
အခုကျဆေးလူးပေးနေတယ်
ဘာစကားမှမပြောဘဲနဲ့.

"ငါကဆရာဝန်တစ်ယောက်."

ငါ့ကိုယ်ငါဆရာဝန်ဖြစ်ကြောင်းကြွားနေသလိုပဲ

စကားစပြောလေ့ပြောထမရှိတဲ့ရှောင်းကျန့်
စကားပြောဖို့အခက်တွေ့နေပြီ

"နံရိုးကိုထိသွားသေးလား.အသက်ရူကြည့်"

အသက်ရူသံကပုံမှန်ပါပဲ
ဒါဆိုအတွင်းကိုမထိသွားလောက်ဘူး

"ဆေးစာရေးပေးလိုက်မယ်.
အိမ်ရောက်ရင်.ဝယ်သောက်လိုက်."

ကောင်လေးကခေါင်းငြိမ့်ပြတယ်
ငါသူ့ကိုပြန်လွှတ်ရမယ်..

"ကားငှါးပေးမယ်.အိမ်ပြန်ဖို့အတွက်.."

ဆေးထည့်ပေးတယ်.အခုကျအိမ်ပြန်ဖို့အတွက်ပါ
တာဝန်ယူပေးနေတယ်

ခုနကအတိုင်းပဲတွဲလိုက်တယ်
ဒီကောင်လေးကဘာရေမွှေးသုံးလဲမသိ
သင်းသင်းလေး..အိပ်ချင်နေတဲ့စိတ်တွေတောင်ပြေသွားတယ်

တက္ကစီတစ်စီးကိုငှါးလိုက်တယ်
နောက်တံခါးကိုသေချာဖွင့်ပေးပြီး
ခေါင်းမတိုက်မိအောင်လက်ကလည်းခံပေးလိုက်သေးတယ်

ငါကလူနာကိုအမြဲဂရုစိုက်တယ်။

"သူ့ကိုသေချာအိမ်ပြန်ပို့ပေးလို်က်ပါ
ဒီမှာ.ကားခ.
ကောင်လေးအိမ်လိပ်စာပြောပြလိုက်နော်."

ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ပြီး
ရှောင်းကျန့်ပြန်လာတယ်

ပြုံးရယ်နေတဲ့လူတစ်ယောက်ကိုလည်း
သူသတိမထားမိဘူး

အိမ်ရောက်တာနဲ့သန့်ရှင်းရေးလုပ်မယ်ဆိုတဲ့စိတ်ကူးကို
ပယ်ဖျက်လိုက်ပြီ
အခုငါအိပ်တော့မယ်

အိပ်ရာပေါ်ဝမ်းလျားမှောက်လိုက်တယ်
စိတ်လွတ်ကိုယ်လွတ်ပဲ
ဒီနေ့ညလေးကအိပ်ရေးဝမယ့်ရက်လေး

တကယ်လည်းရှောင်းကျန့်ဟာ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့တယ်

နိုးလာတော့ဖုန်းကိုအရင်ကြည့်တယ်
ခေါ်ဆိုထားတဲ့ဖုန်းတစ်လုံးမှမရှိဘူး

ရေချိုးမယ်.တက်တက်ကြွကြွလေးဖြစ်အောင်
အိမ်ကိုနည်းနည်းရှင်းခဲ့မယ်
နောက်တစ်ခါနားရက်ရရင်
ဖုန်တောထဲမအိပ်ချင်ဘူး

အခြောက်လျော်ဆိုင်ကိုအပ်ထားတဲ့
ဂျူတီကုတ်လေးတွေကိုလာပို့တယ်
ဗီရိုထဲကအကျႌအဖြူလေးကိုထုတ်ဝတ်တယ်
ကုတ်ကိုအိတ်ထဲသေချာထည့်ပြီး
ဆေးရုံကိုလာနေပြီ

ဒီနေ့လည်းအကောင်းဆုံးဖြစ်အောင်လုပ်ရမယ်

ဆရာဝန်လေးကိုစောင့်နေတဲ့လူနာတွေ
ရှောင်းကျန့်လည်းရောက်ရော
နပ်စ်မလေးတွေကတိုင်ကြတယ်

ကလေးလေးတွေကသူတို့စကားနားမထောင်ဘူးတဲ့
ဆေးသောက်ဖို့အတွက်သူ့ကိုစောင့်နေကြတာတဲ့

ရှောင်းကျန့် ယွင့်လီလေးကိုချီလိုက်တယ်
ကလေးလေးတွေကိုတော့နိုင်ပါတယ်
လူကြီးတွေကိုပဲမနိုင်တာ

"ဘာလို့ဆေးမသောက်တာလဲ"

"ဒေါက်တာကိုကိုမှမဟုတ်တာ.."

"ကိုကိုမဟုတ်ရင်မသောက်ဘူးလား
ဆေးသောက်မှသက်သာမှာလေ.."

စဉ်းစားအမှုအရာလေးနဲ့ချစ်စရာကလေးမလေး

"ကိုကို့ကိုချစ်ရင်ဆေးသောက်ရမယ်နော်
ကိုကိုမရှိလည်းဒီကမမတွေဆေးတိုက်ရင်
သောက်ရမယ် ကတိပေး."

"ကိုကို့လိုသကြားလုံးမှမကျွေးတာကို."

ဆူပုပ်ပုပ်လေးနဲ့ပြန်ပြောတဲ့ယွင့်လီလေး

"ကိုကိုလာရင်ကျွေးမယ်လေ.ဟုတ်ပြီလား."

"တကယ်လား.."

"တကယ်"

"လီလီလေးရေ.."

"မားမားခေါ်နေတယ်.သေချာသွားနော်.."

"ဟုတ်..ကိုကို"

လှုပ်တုတ်လှုပ်တုတ်လေးနဲ့သွားနေတဲ့ကလေးမလေး

"ဒေါက်တာလေးမရှိတာဆေးရုံတစ်ရုံလုံးက
မေးနေကြတယ်..ကျွန်မတို့မယ်ပြန်ဖြေရတာမောလို့"

သဘောကျစွာနဲ့ ပြုံးရယ်တယ်

"နောက်တစ်ခါနားရက်ရရင်အကုန်လုံးကို
လိုက်ပြောလိုက်ပါ့မယ်."

"အဲ့လိုလုပ်သင့်တာဒေါက်တာရှောင်ရေ.."

တက်ကြွတဲ့ဆရာဝန်လေးရဲ့အပြုံးလေးကို
စောင့်ကြည့်နေတဲ့ကောင်လေးလည်းရှိခဲ့တယ်

သဘောကျစွာနဲ့ပြုံးရယ်ပြီး
အကိုရဲ့ရုံးခန်းဆီကိုလျောက်နေတယ်

အခန်းတံခါးကိုနှစ်ချက်ဆင့်ခေါက်လိုက်တော့

"ဝင်ခဲ့ပါ"

"ဟိုင်း..မိုင်ဘရားသား.."

စာရင်းတွေကြားမြှုပ်နေတဲ့အကိုကိုကြည့်ရင်း
ဝမ်းသာအားရနှုတ်ဆက်လိုက်တော့
ပျံလာတဲ့စာရွက်တွေ

"ရန်ဖြစ်ပြန်လာပြီ"

ပါးမို့လေးတွေတက်တဲ့အထိပြုံးရယ်နေတဲ့ကောင်လေး
လက်ထဲမှာ Helmetအစိမ်းရောင်ကိုလည်း
ကိုင်ထားတယ်....



November 12 2019

© 梅花 白,
книга «DEFINE!».
Коментарі