Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 8
ထန်းယွဲ့ဆေးရုံ အဆောင်သစ်ဖွင့်ပွဲ.
အကုန်လုံးကအလုပ်ကိုယ်စီရူပ်နေကြတယ်

ရှောင်းကျန့်လေးကဆေးရုံပန်းခြံလေးထဲမယ်
ယွင့်လီလေးနဲ့ပုံတွေဆေးခြယ်နေတာ

ရှစ်ရွှင်းအဆောင်သစ်ဖွင့်ဖို့အလုပ်များနေတယ်
ပြီးတော့ထပ်ဝင်လာတဲ့ရှယ်ယာရှင်အသစ်တွေအတွက်လည်း
အစည်းအဝေးခေါ်ပြီးရှင်းပြနေသည်

အမြင်မကြည်တဲ့သူဖြစ်နေပေမဲ့လည်း
ကိုယ်ကပိုင်ရှင်ဆိုတဲ့ဂုဏ်နဲ့စိတ်ကိုထိန်းထားတယ်

သူကတော့ဘာမှမသိဘူး
စာအုပ်လေးထဲပြောသမျှကိုခေါင်းတညိမ့်ညိမ့်နဲ့
လိုက်မှတ်နေတယ်

အေးလေ ပြောလည်းဘာသိမှာလဲ
အလကားနေလိုက်ပြောနေတဲ့သူလို့ပဲထင်မှာပေါ့

မိန်းကလေးတစ်ယောက်ကို
အမြင်မကြည်တာလည်းလူကြီးလူကောင်းမဆန်ပါဘူး
တိုက်ဆိုင်တာနေမှာပါ.

ရှစ်ရွှင်း အစည်းအဝေးကိုသာအာရုံစိုက်ပြီး
အသေးစိတ်ရှင်းပြနေသည်

ချောမောကြော့ရှင်းတဲ့အနေအထားနဲ့
ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်အချိုးအစား
သွယ်လျတဲ့လက်ချောင်းတွေမှာ
လက်သည်းနီရဲရဲနဲ့
ဖြောင့်တန်းနေတဲ့မျက်ခုံး.
မထူမပါးနှုတ်ခမ်းတွေကအနားသပ်ထားတယ်

စူးရှတဲ့မျက်လုံးအကြည့်တွေက
ကျားသစ်မလိုပဲ.

လူတစ်ယောက်ကိုစိတ်ဝင်စားလို့
ကိုယ်ပိုင်လုပ်ငန်းရှိရဲ့သားနဲ့
ဒီထန်းယွဲ့ဆေးရုံမှာရှယ်ယာလာဝင်တာ..
သူကတော့ပိုင်မိန်ဟွာ..

လူတစ်ယောက်ကသူမရဲ့စိတ်ဝင်စားမှုတွေကို
အပိုင်သိမ်းသွားတယ်.
ချောမောတဲ့ယောကျာ်းတွေထက်မြက်တဲ့ယောကျာ်းတွေက
သူမကိုမြင်ရုံနဲ့ချစ်မိသွားကြတယ်

အဲ့လူကျသူမကိုသတိတောင်မထားမိတဲ့ပုံပဲ

ထန်းယွဲ့ဆေးရုံပိုင်ရှင်ရှင်းပြနေတဲ့အကြောင်းအရာတွေကို
မသိဘူး.အကျိုးအမြတ်ကိုလည်းစိတ်ထဲမရှိ
သူသိတာ.သူစိတ်ကိုသိမ်းသွားတဲ့သူ

ပျင်းရိဖွယ် အစည်းအဝေးကိုစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းနေတယ်
ပုံမှန်ဆို သူမကသေချာနားထောင်ပြီး
ကွန်းပလိန်းတက်လေ့ရှိပေမဲ့
အခုတော့တော်တော်ကိုပြီးစေချင်နေပြီ

ငါသူနဲ့တွေ့ဖို့မစောင့်နိုင်တော့ဘူး...

"ဒါဆို ကျနော်ပြောချင်တာ
နားလည်မယ်လို့ထင်ပါတယ်.."

နောက်ဆုံးတော့ပြီးပြီ..
ထွက်ခွာသွားတဲ့ရှယ်ယာရှင်တွေကုန်သွားမှပဲ
ရှစ်ရွှင်း လုဟန်ကိုစကားစပြောတယ်.

"ဟန်.."

လုဟန်စာအုပ်တွေလွတ်ကျမတတ်လန့်သွားတယ်
အားကြီးနဲ့မခေါ်နဲ့လေ

"ဘာလို့လဲ.ရှစ်ရွှင်း.."

"ကျနော်မေးစရာရှိတယ်.
စောနကရှယ်ယာဝင်မိန်းကလေးကိုသိလား"

"မသိပါဘူး..အာ.မားကတ်မှာ
ပိုက်ဆံအိတ်ကျန်ခဲ့လို့
လိုက်ပေးတာပါ."

"အော်.အဲ့လိုလား.
ဘာလို့အစောကတည်းကမရှင်းပြလဲ"

ငါရှင်းပြရင်စကားမပြောဘဲ
ထွက်ထွက်သွားတာဘယ်သူလဲ.

"အင်း.နောက်ကျရင်ဘာဖြစ်ဖြစ်ရှင်းပြမယ်"

"ကောင်းပြီ.သွားမယ်.အဆောင်သစ်ကို
သွားကြည့်ရအောင်"

အခုမှပြုံးယောင်သန်းလာတဲ့ရှစ်ရွှင်းကိုကြည့်ပြီး
လုဟန် ခေါင်းတခါခါ
အဲ့တာကြောင့်တစ်ချိန်လုံးငါ့ကိုစကားမပြောတာလား

ဒီကလေးဆန်တဲ့ကောင်လေးနဲ့ကတော့..မလွယ်လိုက်တာ.

ရိပေါ် နည်းပြဆီကဖုန်းရလို့
အသင်းဆီမှာရောက်နေတယ်

"ရိပေါ်.မင်းကိုကြော်ငြာရိုက်ဖို့အတွက်
ကမ်းလှမ်းထားတယ်"

"Racerတစ်ယောက်ကဘာကြော်ငြာရိုက်ရမှာလဲ"

ဆိုင်ကယ်ကြော်ငြာပေးရမှာလား
ဘာလဲRacing suitတွေကြော်ငြာရမှာလား
ဘာလို့ငါ့ကိုကမ်းလှမ်းတာလဲ
ဝှိုင်း

"ပြီးတော့ ကျနော်ကကျော်ကြားနေတဲ့သူလည်းမဟုတ်ဘူး
FIA မှာရူံးသွားတဲ့လူတစ်ယောက်ပဲကို"

"ငါလည်းဘာကြောင့်မင်းကို
ကမ်းလှမ်းလဲမပြောတတ်ပေမဲ့
မင်းမှာအရည်အချင်းရှိပါတယ်
အခုကစကိတ်တွေကိုကြော်ငြာပေးရမှာ
မင်းကအဲ့တာကျွမ်းတယ်မဟုတ်ဘူးလား"

"ကျနော်ကမလေ့ကျင့်ရတော့ဘူးလား"

"သေချင်နေပြီလား "

"နည်းပြကလည်း ညင်ညင်သာသာ​ပြောပါ
စကိတ်ဆိုကျနော်လက်ခံပါတယ်
ကျနော့်မျက်နှာကြီးTVထဲပါလာတော့မယ်"

"မျက်နှာအုပ်ပြီးရိုက်လေ ငါ့သားရ့ဲ"

"ကျနော်သွားတော့မယ်နော်.
ခေါင်းဖြီးဖို့နောက်နေ့ကျဘီးယူလာပေးမယ် နည်းပြ"

ကတုံးကိုအပြောင်ရိတ်ထားတာမှမှန်လေးလို
ချောနေတဲ့ခေါင်းကို.ခေါင်းဖြီးဖို့အတွက် ဘီးဆိုတော့

"ဝမ်ရိပေါ်!!!!!!!!"

နည်းပြရဲ့ချိုသာတဲ့အဆဲသံတွေကို
အသင်းသားတွေကထရယ်ကြတယ်
နည်းပြကိုကလိရဲတာရိပေါ်ပဲရှိတယ်

မိုးရာသီမှာဆိုင်ကယ်စီးရတာသိပ်မလွတ်လပ်ပေမဲ့
ဒီနေ့နေသာတာကြောင့်
နည်းနည်းတော်သေးတယ်လို့ပြောကမယ်

အကိုခေါ်ထားလို့ဆေးရုံကိုသွားရဦးမယ်
ဒီနေ့မှသေချာပြင်ဆင်.ပြင်ဆင်..

ဝတ်နေကြပုံစံကိုနဲနဲပြောင်းထားတာ
ကြည့်ကောင်းနေမှာပါ

အပေါ်အောက်အမြဲအနက်ဝတ်လေ့ရှိတဲ့သူက
ဒီနေ့ကျအဖြူရောင်ကိုဝတ်ထားတယ်
ကိုယ့်ရဲ့အကြိုက်ဆုံးအစိမ်းရောင်ကိုအပေါ်မှာထပ်ဝတ်ထားတယ်

Gucciကအသစ်ဝယ်ထားတဲ့
ကျွဲခေါင်းပုံဆွဲကြိုးလေးကိုဆွဲတယ်
ဘယ်လက်မှာRolexတံဆိပ်နာရီကိုပတ်ထားတယ်
Helmetချွတ်လိုက်တော့ပွသွားတဲ့ဆံပင်ကို
ပြန်သပ်လိုက်တယ်
ငါတော်တော်ကြည့်ကောင်းနေပြီ

အကိုဆီပဲအရင်သွားလိုက်တယ်
သွားနေတဲ့တစ်လျောက်မျက်လုံးကစားကြည့်ပေမဲ့
ဒေါက်တာယုန်လေးကအပျောက်ကောင်းနေတယ်

အကိုဘေးနားသွားတော့
တစ်ချက်ကြည့်တယ်

"ငါမင်းမလာဘူးထင်နေတာ."

"သဘောတော့သိပ်မကျပေမဲ့အကိုခေါ်ထားတာပဲကို
လာရမှာပေါ့"

"ခဏလေးပဲနေရင်ရပြီ
မင်းကငါ့ညီဆိုတာသိစေချင်လို့.."

ဒိတ်ဒိတ်ကြဲနှစ်ယောက်ကို
မသိတဲ့သူတွေမရှိလောက်ပါဘူး
လုဟန်ကတော့ကလေးဆန်တဲ့ညီအကိုတွေကိုကြည့်ပြီး
ခေါင်းတခါခါနဲ့ရယ်နေတယ်

ယွင့်လီလေးကိုချီပြီးအခန်းထဲသေချာပြန်ပို့ပေးတယ်
ကလေးလေးက
အခုတလောအပြင်းစားဆေးတွေသွင်းနေရတာကြောင့်
နုန်းခွေနေပေမဲ့မျက်နှာလေးကလန်းနေတယ်

ယွင့်လီလေးမားမားရောက်လာမှပဲ
သူပြန်ထွက်လာတယ်.

လူနာလိုက်ကြည့်နေတဲ့ရွှမ်ချင်းကျဲကိုမြင်တော့
နောက်ကနေလိုက်လာတယ်

"ကျဲ.."

ဂျူနီယာလေးတွေရှေ့ဆိုတာမေ့ပြီး
ကလေးလိုချွဲမိတော့မလို့
မနည်းအရှိန်သတ်လိုက်ရတယ်.
ရှက်လိုက်တာ..

တစ်ချိန်လုံး
ပြုံးနေတတ်ပေမဲ့စည်းကမ်းကြီးတဲ့
ဒေါက်တာရှောင်းကျန့်ကိုလူတိုင်းရှိန်ကြတယ်

အခုကျကလေးလိုချွဲ ချွဲနေတာ...

"ကျန်တာဆက်ကြည့်လိုက်တော့နော်
အမတို့သွားတော့မယ်.ဒေါက်တာရှောင်
သွားမယ် "

"အင်း.."

"ရှောင်းကျန့် ဘာဖြစ်လို့လဲ"

"ပင်ပန်းလို့ ရွှမ်ချင်းကျဲကိုကော်ဖီဝယ်တိုက်ခိုင်းမလို့"

"ဒါများ.ဘာများလဲလို့.
နားချိန်ရှိတာပဲကော်ဖီဆိုင်သွားထိုင်ကြမလား"

"စက်ကော်ဖီပဲသောက်မယ်လေ.."

ဆေးရုံတစ်ရုံလုံးမှာရွှမ်ချင်းကျဲတစ်ယောက်ကိုသာ
အဖက်လုပ်တယ်
ကျန်တဲ့သူတွေဆိုအလိုက်သင့်ပဲနေပေးတယ်
သူကလူတွေနဲ့ပတ်သတ်ရမှာထိတ်လန့်နေတယ်

တစ်စုံတစ်ယောက်ကတော့သူ့ဘဝထဲကို
လုံးလုံးလျားလျားဝင်ရောက်ပတ်သတ်ဖို့
ကြိုးစားအားထုတ်နေတယ်

လက်ထဲကိုင်ထားတဲ့
စာရွက်အနီရောင်လေးကိုကြည့်ပြီး
သဘောကျနေတယ်

စာရွက်ကိုလက်ခံရရှိမယ့်သူလေးကိုကြည့်တော့
ဂျူတီကုတ်အဖြူလေးပေါ်မှာကော်ဖီတွေစွန်းထင်းနေတယ်

သူ့ရှေ့မှာရပ်နေတဲ့လူတစ်ယောက်
ပြုတ်ကျသွားတဲ့ကော်ဖီခွက်လေးကိုငေးကြည့်နေတယ်
ခင်ဗျားကတော့..

စာရွက်ကိုဘောင်းဘီအိတ်ထဲခေါက်ထည့်လိုက်ပြီး
သူတို့အနားဖြတ်လျောက်သွားသလိုပုံစံနဲ့
အနားကိုသွားမိတယ်

"ကျွန်မကိုကော်ဖီတွေစွန်းကုန်ပြီ
ဘယ်လိုလုပ်မလဲ "

ရှောင်းကျန့်ဘာပြောရမလဲသူမသိဘူး
ဒါသူ့ဘက်ကအမှားမဟုတ်ဘူး.
ရွှမ်ချင်းကျဲဝယ်တိုက်ထားတဲ့ကော်ဖီခွက်လေးကိုသာ
ငေးကြည့်နေတယ်

ဖုန်းကြည့်ပြီးလျောက်လာတဲ့သူ့ကို
ရှောင်လိုက်ပေမဲ့ဘယ်လိုဝင်တိုက်မိသွားမှန်းမသိဘူး
ကော်ဖီပူပူတွေကလက်ကိုရော
ဂျူတီကုတ်တွေကိုပါပေကုန်ပြီ

ရှေ့ကလူကိုတော့နည်းနည်းသာပေသွားတယ်

ရှေ့ပဲဆက်သွားဖို့ပြင်လိုက်ပေမဲ့
ပိတ်ရပ်ပြီးသူ့ကိုမေးခွန်းတွေမေးနေတယ်
ဘယ်လိုလုပ်မလဲ တစ်ခုခုဆိုပြောမထွက်တဲ့ပါးစပ်နဲ့

"ကော..ရှောင်းကျန့်ကော."

တခြားသူတွေထက်ခြားနားတဲ့အသံက
သူ့နားထဲရုတ်ချည်းဝင်ရောက်လာတယ်

အဲ့အသံက..ရိပေါ်...

မော့ကြည့်လာတဲ့မျက်ဝန်းတွေက
ကာကွယ်ပေးမှုကိုအဆုံးအစမဲ့လိုအပ်နေသလို

"ဒီကဘာဖြစ်သွားလဲမသိပေမဲ့
ဒီဘက်ကလူကတော့လက်အပူလောင်နေပြီ
အဲ့တော့ကျနော်တို့ဆေးသွားထည့်လိုက်ဦးမယ်
ခင်ဗျားလည်းအပူလောင်သွားရင်
ဒီကဆရာဝန်တွေကကုပေးလိမ့်မယ်.ဟုတ်ပြီလား

ကျနော်တို့သွားရအောင်.."

တစ်ဖက်ကိုလှည့်ပြောတဲ့အချိန်
တည်တင်းနေတဲ့မျက်နှာက
ရှောင်းကျန့်အတွက်ကျလတ်ဆတ်တဲ့
လေညှင်းလေးလိုပဲ

ရှောင်းကျန့်ရှေ့မို့သူ့ဒေါသတွေလျော့ချထားတာ

ဒါကရိပေါ်ရဲ့ပုံစံပဲ..
ဒီလူကိုထိတဲ့သူမှန်သမျှ.
တစ်ခုခုလုပ်ပစ်ဖို့လည်းဝန်မလေးဘူး
အဲ့လူကမိန်းကလေးဖြစ်နေရင်တောင်မှပေါ့..

March 25 2020
© 梅花 白,
книга «DEFINE!».
Коментарі