Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 9

ရွှမ်ချင်းတစ်ယောက်ရှောင်းကျန့်ကိုဆေးလူးပေးနေတယ်
ဘယ်လိုဖြစ်လာရပြန်တာလဲမေးတော့

မတော်တဆလို့ပဲပြန်ဖြေတယ်
ဒီဒေါက်တာရှောင်နဲ့ကတော့

တံခါးဝမှာစောင့်နေတဲ့ကောင်လေးကတော့
ရှောင်းကျန့်လက်ကဒဏ်ရာကိုသာ
တစိုက်မတ်မတ်ငေးနေတယ်
မျက်ခုံးတွေကတွန့်ချိုးပြီးဒေါသထွက်နေသလို

ရှောင်းကျန့်ကလှည့်ကြည့်တော့
ချက်ချင်းမျက်နှာလေးက ကလေးလေးလိုချစ်စဖွယ်ကောင်းသွားတယ်

ရွှမ်ချင်းတစ်ယောက်တိတ်တခိုးရယ်မိတယ်
ဒီမအူမလည်ကောင်လေးကိုစိတ်ချလို့ရပြီထင်ပါရဲ့

တစ်ယောက်နဲ့တစ်ယောက် ဘေးချင်းကပ်လျှောက်နေကြတယ်

စကားလည်းတစ်ခွန်းမှမဆိုကြပေမဲ့
မျက်လုံးချင်းဆုံပြီးခဏခဏပြုံးမိတယ်

ဒဏ်ရာကသေးပေမဲ့ပတ်တီးစည်းပေးလိုက်တဲ့ရွှမ်ချင်းကျဲ.
တိုးတိုးလေးကပ်ပြီးမေးသေးတယ်

နင့်ကောင်လေးလားတဲ့

ဒီကျဲကျဲနဲ့ကတော့မလွယ်ဘူး

"ကျနော် သွားတော့မယ်နော်"

ရှောင်းကျန့်ခေါင်းညိမ့်လိုက်သည်

အရာအားလုံးကသူနေရာနဲ့သူလည်ပတ်နေလျက်

ပိုင်အိမ်တော်..
အခန်းထဲတွင်ရှိသမျှပစ္စည်းများကိုရိုက်ခွဲနေသောမိန်းမပျို

လိုချင်တဲ့အရာမရရင်ဖျက်ဆီးတတ်တဲ့မိန်ဟွာ
အခုတော့သူလိုချင်တဲ့လူတစ်ယောက်ကို
ယောကျာ်းလေးတစ်ယောက်လက်ထဲကနေလုရတော့မယ်

ဘာမို့လို့လဲ ဝမ်ရိပေါ်
မင်းလိုသူငယ်နှပ်စားကဘာမို့လို့လဲ

ကမ်းလှမ်းထားတဲ့ကြော်ငြာအကြောင်း
ပြောပြတော့

"မင်းကြိုက်ရင်လုပ်လေ"

ရှစ်ရွှင်းက သူညီစိတ်ချမ်းသာဖို့ပဲတွေးတယ်

ခွင့်ပြုချက်ရတာနဲ့သူလည်း
ကြော်ငြာရိုက်မယ့်အ​ကြောင်း
တစ်ဖက်ကိုအသိပေးလိုက်တယ်

ဘာကြော်ငြာလဲ
သိချင်စိတ်တွေချိုးနှိမ်ပြီးအိပ်ဖို့ပြင်တယ်
မအိပ်ခင် အိတ်ကပ်ထဲထည့်ထားတဲ့စာလေးကိုလည်း
သေချာပြန်သိမ်းထားလိုက်တယ်

အင်း ပိုင်ရှင်ဆီမရောက်ဖြစ်လိုက်တဲ့စာလေး

ရိပေါ်ကအခုတလောကြော်ငြာရိုက်ဖို့ကြိုးပမ်းနေတယ်
ဘယ်အရာမဆိုခဏလေးသင်ရုံနဲ့ရိပေါ်က
ကောင်းကောင်းတတ်မြောက်တယ်

ဆိုင်ကယ် ဒါမှမဟုတ် Racing Suitကြော်ငြာပေးရမယ်
ထင်ပေမဲ့ လက်တွေ့ကျ ခေါင်းလျော်ရည်

ဘာဆိုင်လို့လဲလို့ဘုတောတိုးတော့
ဆိုင်ကယ်စီးလို့ဆံပင်ကေပျက်
ချွေးတွေနစ်နေလည်း
စတိုင်လ်ကျစေတဲ့ခေါင်းလျော်ရည်ပါတဲ့

ခေါင်းလျော်ပြရမှာလားဆိုတော့
ဆိုင်ကယ်စီးရင်းကပြရုံပါပဲ

အိုခေ ဒီလောက်ကတော့ရတယ်

Tracer 85 လေးပါဝင်တဲ့
Head & Shoulder Shampoo လေးဟာ
ကြော်ငြာပြီးသိပ်မကြာဆိုးအောက်ခဲ့ပါတယ်

နှလုံးနုနယ်တဲ့မမတွေဟာ
Tracer85လေးရဲ့ကကွက်တွေခေါင်းတွေဝေ့ယမ်းမှုတွေကြား နှလုံးသားတွေပြုတ်ထွက်ခဲ့လို့ပါတဲ့

မမတွေပဲဆိုတော့ ကိုကိုတွေလည်းပါခဲ့ပါတယ်တဲ့

Tracer85ကတကယ် ဝေါင်း
ကျနော်သူ့ကိုအားကျပြီးလိုက်လုပ်ကြည့်တယ်
ဇက်နာတာပဲအဖက်တင်ပါတယ်ဗျာ..

တက်သစ်စကြော်ငြာမင်းသားလေး
ဝမ်ရိပေါ်
သူ့ရဲ့အချိုးအစားပြေပြစ်တဲ့ကိုယ်ရယ်
ဂျစ်ကန်ကန်အပြုအမူလေးတွေကြောင့်
မဂ္ဂဇင်းတိုက်တစ်ချို့ကမော်ဒယ်အဖြစ်ငှားဖို့
ကမ်းလှမ်းကြောင်း ရှစ်ရွှင်းဆီကိုပြောကြတယ်

ဆေးရုံတစ်ဖက်နဲ့မအားပေမဲ့
သူ့ညီအတွက်ကောင်းသင့်မကောင်းသင့်
ဆုံးဖြတ်ပြီးပြန်ပြောပေးမယ်လို့
အကုန်လုံးကိုပြောလွှတ်တယ်

ကျောင်းပြီးခါနီးသူဝါသနာပါရာလုပ်ဖို့တွေးထားတဲ့
သူ့ညီကို ရူပ်ပွေလွန်းတဲ့မီဒီယာလောကနဲ့မပတ်သတ်စေချင်ဘူး

ကျောင်းအေးဆေးတက်ပါစေလေ
ဒီအကြောင်းတွေနောက်မှပဲပြောပြရမယ်

ကျောင်းတက်နေတဲ့နောက်ဆုံးနှစ်ကျောင်းသားရိပေါ်လေးက
ဂျုနီယာတွေကြားအရမ်းအောင်မြင်နေခဲ့တယ်

ဒါပေမဲ့လည်း သူကတစ်ယောက်မှကိုအလေးထားခြင်းမရှိဘူး
အနားမှာသူ့သူငယ်ချင်းဆိုယွန်းကလွဲပြီးတခြားမရှိဘူး

အတန်းချိန်လစ်ဖို့ကြံနေတဲ့ရိပေါ်က
ဆိုယွန်းကတားတယ်

"မင်းလည်းရောဂါသည်ပဲ
ဆေးရုံမှာကြမ်းတိုက်တဲ့အလုပ်ယူထားပါလား
ကျောင်းတက်မနေနဲ့"

"မင်းပြောမှစဉ်းစားမိတယ်.."

အတည်ကြီးတွေစဉ်းစားနေတဲ့ရိပေါ်ကြောင့်
ဆိုယွန်းတိုင်နဲ့သာပြေးဆောင့်ချင်နေတော့တယ်

"ဟေ့ကောင် ငါကစကားအဖြစ်ပြောတာလေ."

"ငါတကယ်စဉ်းစားတာ
သူကိုစိတ်မချဘူး.."

"မင်းသူနာပြုသင်တန်းတက်ပါလား"

"မတက်ပါဘူး ငါစိတ်မရှည်တာနဲ့အကုန်သေကုန်လိမ့်မယ်"

"အဲ့ဒါဆိုလည်းမုန့်သွားစားရအောင်ဟာ
ဗိုက်ဆာတယ် ကျောင်းကပြီးတော့မယ်
မင်းကအတန်းလစ်လို့ကောင်းတုန်း"

"Roll1ကအတန်းမမှန်လည်းရတယ် "

ဆိုယွန်းစိတ်မထိန်းနိုင်ဘဲထသတ်ကြတော့တယ်
လုံးထွေးသတ်ပုတ်နေတဲ့၂ယောက်
တကယ့်ကလေးတွေလိုပါပဲ

အခုတလောညဂျုတီတွေဆက်တိုက်ဝင်ရတာကြောင့်
တော်တော်ပင်ပန်းနေသောဒေါက်တာရှောင်လေး

ကိုယ်ပိုင်အခန်းလေးထဲဝင်ပြီးကျောချဖို့ပြင်လိုက်ပေမဲ့
အသင့်ရောက်နေတဲ့မုန့်ဘူးလေး၂ခု

ခေါင်းကိုတဗျင်းဗျင်းကုတ်ချလိုက်တော့သည်

ဘူး၂ခုထဲကစာရွက်ရှိမယ့်ဘူးလေးလိုက်ရှာနေသည်
အပြာဘူးနဲ့အနီဘူး အနီဘူးလေးကိုကိုင်ပြီးဖွင့်တော့
ထင်ထားတဲ့အတိုင်းစာရွက်လေးပါလာတယ်

အပြာဘူးကိုတော့ ဝင်လာတဲ့ဂျုနီယာတစ်ယောက်ကို
ပေးလိုက်တယ်

အနီဘူးထဲကစာလေးကရိုးရှင်းစွာပဲ

"ကုန်အောင်စားနော် "

ရှောင်းကျန့်ပင်ပန်းပေမဲ့ပါးလေးတွေက
သိသိသာသာဖောင်းနေတယ်

အချိန်မှန်ပို့ပေးတဲ့မုန့်ဘူးလေးတွေကြောင့်များလား..




April 28 2020
© 梅花 白,
книга «DEFINE!».
Коментарі