Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 20
Side Story - 2
  • [ တွေ့ဆုံခြင်းအစ ]

ဆယ်မကျော်တကျော်ကလေးလေးရိပေါ်က
စကိတ်လေးကိုဆွဲလို့
သူ့ထက်အကောင်ကြီးတဲ့သူတွေကြား
စကိတ်ပြိုင်ဖို့ကြိုးတိုးနေတယ်

နောက်ကလိုက်ထိန်းနေရတဲ့ဦးလေးကြီးခမျာ
မျက်ခုံးတွေတသီတသန်းလှုပ်နေပြီ

ပြိုင်ပွဲလေးကသိပ်မကြီးကျယ်သလို
အပျော်တမ်းကစားတဲ့သူတွေကြား
ကလေးလေးတစ်ယောက်က
အားကြိုးမာန်တက်ဆော့ကစားနေတယ်

အမောမခံနိုင်ပေမဲ့ပြိုင်ပွဲကို
အရူံးလည်းမပေးချင်ဘူး

နောက်ဆုံးနိုင်ခါနီးလေးမှာ
ခြေချော်ပြီးအသက်ရူမဝဖြစ်လာတယ်

လဲကျတဲ့နေရာမှာပဲရင်ဘတ်ကိုဖိကိုင်ပြီး
အသက်ရူနေတာ
ကမ်းပေါ်ကပ်နေတဲ့ငါးလေးတစ်ကောင်လိုပဲ

အနီးအနားရှိသူတွေကလည်း
ဘာလုပ်ပေးရမှန်းမသိပျာယာခတ်နေတယ်
ရိပေါ်ကိုကြည့်နေရတဲ့နောက်လိုက်ဦးလေးကအဆိုးဆုံးပေါ့

လူအုပ်ထဲကိုပြေးဝင်လာတဲ့လူငယ်တစ်ယောက်
ရိပေါ် ကိုသေချာစစ်ဆေးနေတယ်

"အသက်ကိုဖြည်းဖြည်းချင်းရူပြီး
စိတ်ကိုလျော့လိုက် ဟုတ်ပြီလား "

ရိပေါ်ရဲ့လက်ကိုသေချာဆုပ်ကိုင်ထားပြီး
တစ်ဖက်ကရိပေါ်ကိုယ်ကိုသူပွေ့ထူပေးထားတယ်

အသက်ရူသံတည်ငြိမ်သွားတဲ့အခါ
ရိပေါ်မောပန်းစပြုလာတယ်

သူ့ကိုပွေ့ချီပြီး
ထိုင်နေသောရှောင်းကျန့်
ကလေးငယ်လေးကအမောဖောက်နေတာ

ပေါ့ပါးတဲ့ကိုယ်လေးကို
ပွေ့ဖက်ထားပြီးဘေးကခုံတန်းလေးမှာ
ထိုင်နေတယ်

ဦးလေးကြီးတစ်ယောက်ကလည်း
ဘေးမှာရပ်စောင့်နေတယ်

"ဒီကလေးရဲ့အုပ်ထိန်းသူလား"

"ဟုတ်ပါတယ် သခင်လေးကအဆင်ပြေရဲ့လား"

"ခဏလောက်နားလိုက်ရင်သူသက်သာသွားမှာပါ"

နိုးလာတဲ့အခါ ရိပေါ်ကသူမြင်နေရတဲ့မျက်နှာချောချောကို
ငေးကြည့်နေတယ်

ဒီလူက တကယ်ကိုကြည့်ကောင်းတာပဲ

"နိုးလာပြီလား ကလေး"

ခေါင်းလည်းမငြိမ့်သလို
စကားလည်းပြန်မပြောပေ

"ဦးလေး သူ့ကိုချီနိုင်မလား
ကျနော်ပွေ့ချီပေးခဲ့မယ် အိမ်ကဘယ်နားမှာလဲ"

"ကားကဒီနားမှာပါ.."

ပွေ့ချီထားတဲ့ကလေးလေးကို
တစ်ချက်ငုံ့ကြည့်ပြီးပြုံးပြတယ်

"ကျန်းမာရေးဂရုစိုက်.."

တရွေ့ရွေ့ပျောက်သွားတဲ့ကျောပြင်

မြင်မြင်ချင်းအချစ်ကိုယုံလား
ကျနော်ကတော့ယုံတယ်

ကံတရားကကျနော့်ဘက်မှာလား
မသေချာပေမဲ့
ရှာမတွေ့တဲ့ခင်ဗျားကို
မျက်လှည့်ဆန်ဆန်ထပ်တွေ့ခဲ့ရပြန်တယ်

အကိုနဲ့ဆိုင်ကယ်စီးပြိုင်နေရင်း
ဆိုင်တွေကိုဝင်တိုက်မိတယ်

အဲ့ဆိုင်မှာခင်ဗျားကရှိနေခဲ့တယ်

ခင်ဗျားရဲ့အကြောင်းတွေစုံစမ်းတယ်

အခက်အခဲတွေကိုကူညီပေးချင်ပေမဲ့
ခင်ဗျားကငွေကိုလက်မခံဘူး

ကူညီဖူးတဲ့ကလေးတစ်ယောက်ကပေးတယ်ဆိုမှ
ကြိတ်မှိတ်လက်ခံတဲ့ခင်ဗျားရဲ့
အခက်တွေ့နေတဲ့ရုပ်လေးကအခုထိမျက်လုံးထဲက
မထွက်နိုင်ဘူး

ဆရာဝန်ပေါက်စလေးကအလုပ်တွေများနေတယ်
ကျနော်ကလည်းဆရာဝန်ပေါက်စလေးကို
ဂရုစိုက်ရင်းအလုပ်တွေရူပ်တယ်

အနီရောင်စာရွက်လေးတွေရယ်
ကိတ်အမျိုးမျိုးရယ်

ပေးပို့နေကြစာတွေကိုလက်မခံပေမဲ့
ကြာလာတော့လည်း ခင်ဗျားကမငြင်းတော့ဘဲ
လက်ခံတယ်

ခင်ဗျားကိုအနိုင်ကျင့်တဲ့သူတွေကို
အနောက်ကနေတိတ်တိတ်လေးပြန်အနိုင်ကျင့်ရတာ
ပျော်ဖို့ကောင်းတယ်

အကိုကတော့ဒေါသတွေအကြီးအကျယ်ထွက်ခဲ့တယ်

လူတစ်ယောက်ကြောင့်နဲ့သူ့ညီပျက်စီးနေတယ်လို့
ထင်ခဲ့တာကြောင့်

ကျနော်အသက်ပြည့်တော့ပါးပါးကဆုံးသွားတယ်
ထိန်းချုပ်ထားတဲ့စိတ်တွေက
ပြိုလဲတယ်

အကိုကတော့သူ့ကိုအားပေးပေမဲ့
သူဘယ်လိုမှရပ်တည်နိုင်စွမ်းမရှိဘူး

အခါမသင့်ရွာတဲ့မိုးတွေကြား
ရိပေါ်ကအရူးလိုငိုကြွေးနေမိတယ်

နောက်ဆုံးသူလဲကျသွားတဲ့နေရာက
သူ့ရဲ့နှလုံးသားစေစားရာ
ရှောင်းကျန့်ဆီဖြစ်နေတယ်

မှောင်မည်းနေတဲ့အခန်းလေးထဲမှာ
အလင်းရောင်မှိန်ပျပျထွန်းထားတယ်

နဖူးပေါ်ကရေပတ်ဝတ်ကစိုနေတုန်းပဲ
မကြာခဏလဲပေးပုံရတယ်

အခန်းတံခါးဖွင့်ဝင်လာတဲ့သူက
ရှောင်းကျန့်

"ကောင်လေး နောက်တစ်ခါမိုးရေထဲလျောက်မသွားနဲ့"

အေးချမ်းတဲ့သူကစကားတွေအပိုမပြောခဲ့ဘူး

ရုတ်ချည်းထငိုတဲ့အခါ
ခပ်တိုးတိုးချော့သံလေးက
နားထဲစွဲထင်တယ်

ဒီလိုအေးချမ်းလှတဲ့လူကို
ကျနော့်အပိုင်လုပ်ဖို့အဲ့အချိန်ကတည်းက
တွေးခဲ့မိတယ်

ကျနော်ကမကောင်းတဲ့သူမလား ရှောင်းကျန့်

ခင်ဗျားနောက်မှာတစ်ချိန်လုံးရှိနေတဲ့
ကျနော့်ကိုခင်ဗျားမသိခဲ့ဘူး

လူနာတွေကြားပြေးလွှားနေတဲ့ခင်​ဗျားက
အရမ်းကိုကြည့်ကောင်းတယ်

ကော်ရစ်ဒါထောင့်မှာငေးကြည့်နေတဲ့ကျနော့်ကို
ခင်ဗျား လှည့်ကြည့်ပြီးပြုံးပြလိုက်တဲ့အချိန်
ခင်ဗျားသိသွားပြီလားဆိုပြီးတွေးပူနေခဲ့တာ

တကယ်တော့ကလေးမလေးတစ်ယောက်ကို
ပြုံးပြနေခဲ့တာပဲ

ရက်တွေလတွေကထပ်နေပြီ
ခင်ဗျားဘေးမှာပေါ်ပေါ်ထင်ထင်နဲ့
ကပ်နိုင်ခဲ့ပြီ

နောက်ဆုံးကျတော့လည်း
တုံးအတဲ့ယုန်ငတုံးလေးက
စေ့စပ်သတင်းဆိုတာနဲ့ထွက်ပြေးသွားခဲ့တယ်





May 15 2020
© 梅花 白,
книга «DEFINE!».
Коментарі