Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 25
  • Bonus Chapter - 3
  • [သက်ဆိုင်သူများသဝန်တိုခြင်း]

လုဟန်နဲ့ရှစ်ရွှင်းတို့
ဆေးရုံကနေအားလပ်ရက်ယူပြီး
ရှောင်းကျန့် တို့အိမ်လေးဆီလာနေကြတယ်

သူတို့လည်းစက်ရုပ်လိုလည်ပတ်နေရတဲ့အလုပ်ထဲကနေ
ခဏတာအနားယူလို့ရသည်မဟုတ်လား

စကားတတ်သောကလေးနှစ်ယောက်ကြောင့်
ရှစ်ရွှင်း မှာအမောပြေရတယ်

လုဟန်နဲ့ရှောင်းကျန့်ကမီးဖိုချောင်ထဲ
မုန့်လေးတွေလုပ်နေကြတယ်

ကိုယ်နှင့်မခွာဆောင်ထားတဲ့ဖုန်းလေးက
အဆက်မပြတ်တုန်ခါနေတယ်

တစ်ခါဖုန်းမကိုင်မိလို့
ကောင်းကောင်းကြီးအရစ်ခံရပြီးနောက်ပိုင်း
ဖုန်းကိုသွားလေရာယူထားတော့တယ်

"ဟဲလို ကျန့်ကျန့်လေး"

"ရွှမ်ချင်းကျဲ"

"ကျန့်ကျန့်တို့အိမ်လေးကဘယ်မှာလဲ
ကျဲတို့ရှာမတွေ့ဘူး."

အိမ်ရှေ့ထွက်ကြည့်တော့
မုန့်ထုပ်လေးတွေအသီးတွေကိုင်ထားတဲ့
မိန်းမပျိုလေးနှစ်ယောက်

ရှောင်းကျန့် အိမ်ထဲကနေထွက်ပြီး
သွားခေါ်တယ်

"ရွှမ်ချင်းကျဲ ဘယ်တုန်းကပြန်ရောက်တာလဲ "

"မနေ့ကတင် တူလေးတွေကိုတွေ့ချင်လို့လေ
ဘယ်မလဲ ချစ်စရာတူလေးတွေ"

"ဟိုမှာ ဆေးရုံအုပ်ဝမ်ဆီမှာဆော့နေကြတယ်"

"အားလီ အားယွမ် လာပါဦး"

"တီတီလေး.."

မိန်ဟွာကတော့ဘေးကနေသာကြည့်တယ်
ကလေးတွေကိုမချစ်ဘူး
ဒါပေမဲ့ ဒီကလေးတွေကတော့
ရွှမ်ချင်းကချစ်လို့သူလည်းသဘောကျတယ်

မကြာခင်ရိပေါ်ရောက်လာတယ်
ဒီနေ့တော့ရှောင်းကျန့်အိမ်လေးကလူစုံနေပြီ

ပျော်ပျော်ရွှင်ရွှင်စားသောက်ကြတဲ့ညနေခင်းလေး
ကလေးနှစ်ယောက်ကြောင့်
လူကြီးခြောက်ယောက်မှာအပြုံးတွေမပြတ်ပေ

"ဒါနဲ့ငါတို့ဒီတိုင်းချည်းပဲကပျင်းဖို့ကောင်းတယ်
ကျန့်ကျန့်ကလည်းအသက်သုံးဆယ်ကျော်နေပြီ
သူကလပ်မရောက်ဖူးသေးဘူး
ကလပ်သွားရအောင်လား."

"ရွှမ်ချင်းကျဲ ကျနော်မလိုက်ဘူးနော်
အားလီနဲ့အားယွမ်ကိုထားခဲ့ရမှာ."

"ရတယ် ရတယ် ငါတို့ကြည့်ပေးမယ်"

"အကိုကမလိုက်ဘူးလား.."

"ငါတို့နှစ်ယောက်ကမတက်ချင်မှအဆုံး
လူတွေအများကြီးနဲ့ထပ်မတွေ့ချင်တော့ဘူး
ဟန် ရော လိုက်သွားမလား"

"အင်း လောင်ဝမ်နဲ့အတူတူနေခဲ့မယ်
ငါလည်းပျင်းတယ် "

"ကျန့်ကောရော သွားမလား.ကျနော့်သူငယ်ချင်းနဲ့ချိန်းထားတာရှိတယ်
သွားကြမလား.."

"အင်း သွားကြတာပေါ့ "

မီးရောင်စုံတွေကြား
လူငယ်တွေမြူးထူးလို့
ရှောင်းကျန့်နဲ့ရွှမ်ချင်းကျဲကတော့
လူလတ်ပိုင်းတွေဖြစ်နေပြီ

ဝိုင်းတစ်ဝိုင်းမှာထိုင်နေပြီး
သစ်သီးဖျော်ရည်သောက်နေတယ်

ရွှမ်ချင်းကျဲ နဲ့ စကားတွေအတိုင်ဖောက်ညီနေတယ်
ဘေးကနှစ်ယောက်ကိုမေ့လျော့နေပြီ
ကလပ်ထဲရောက်နေတာလား
မိသားစုKTVကိုရောက်နေတာလား
မကွဲသောနှစ်ယောက်

မိန်ဟွာကတော့မတွေ့တာကြာလို့စကားပြောပါစေဆိုပြီး
လွှတ်ပေးထားပြီးဝိုင်ကိုဇိမ်ခံပြီးသောက်နေတယ်

ရိပေါ်ကဆိုယွန်းတို့နဲ့အတူတူရှိပြီး
ရှောင်းကျန့်ရှိရာကိုပြုံးပြီးကြည့်နေတယ်

ရှောင်းကျန့်ရှိရာသို့
ဟန်ပါပါရောက်လာတဲ့ကောင်မလေးနှစ်​ယောက်
တစ်ချက်ချက်ထထရယ်တဲ့အခါ
ယုန်သွားလေးတွေကလစ်ဟလို့
လူငယ်လေးလိုပဲ

ရွှမ်ချင်းဘက်ကိုလည်း
ကောင်လေးတွေကဖို့လာခေါ်နေတယ်

မိန်ဟွာ သန့်စင်ခန်းခဏသွားနေတုန်း
သူတို့ဝိုင်းကိုလူစုံရောက်နေပြီ
ဘေးမှာလူတွေရောက်နေမှန်းမသိလောက်အောင်
နှစ်ယောက်သားလေပင်လယ်ထဲမျောနေတုန်း

"ဒီက မောင်လေးတို့
သူက အမရဲ့အပိုင် လစ်တော့"

စကားစဖို့ကြံတဲ့အချိန်မိန်းမလှလေးရောက်လာလို့
တွဲကမလားပဲမေးမလို့ကို
အနှင်ခံလိုက်ရတယ်

ဝူး ဝူး အဟင့် တွဲကချင်တာကို

ရှောင်းကျန့်နားဝင်ထိုင်မယ်လုပ်တဲ့ကောင်မလေးနှစ်ယောက်ဟာလည်းဘေးကိုတွန်းထုတ်ခံရပြီး

"ငါ့ကောင်လေး.လာမထိနဲ့"

အဟင့် ကိုလူချောကလည်း
ကိုလူချောနဲ့တွဲကလို့မရဘူးလား

လေပင်လယ်ထဲမျောနေဆဲနှစ်ယောက်ကတော့
ဘာမှမသိပေ

ရိပေါ်ကိုဆိုယွန်းကသူ့ကောင်မလေးကို
လာမိတ်ဆက်ပေးတဲ့အချိန်ဖုန်းဝင်လာလို့
ဆိုယွန်းကခဏထွက်သွားလေတယ်

သူငယ်ချင်းရဲ့ကောင်မလေးကို
မတ်တပ်ရပ်ခိုင်းရင်မကောင်းလို့
ဘေးကထိုင်ခုံကိုထိုင်ဖို့ပြောလိုက်တယ်

တစ်စုံတစ်ယောက်ကတော့
ကော့တေးနဲ့သစ်သီးဖျော်ရည်မှားသောက်မိတဲ့အထိ
အထင်လွဲနေပြီ

ရွှမ်ချင်း တားမလို့ပဲရှိသေး
မိန်ဟွာကလက်ကိုဆွဲထားတယ်
မေးဆတ်ပြလိုက်တော့

ရိပေါ်နဲ့စကားပြောနေတဲ့ကောင်မလေး

"အဲ့တာသူ့သူငယ်ချင်းကောင်မလေး
ငြိမ်ငြိမ်နေ အေးဆေးလှတဲ့ရှောင်းကျန့်
သဝန်တိုတာမြင်ရခဲတယ် "

ကော့တေးတစ်ခွက် နှစ်ခွက်
တစ်ပုလင်း နှစ်ပုလင်း
ရှောင်းကျန့် မှောက်လေပြီ

စကားပြောနေတာကြောင့်
Laptopအသေးလေးထုတ်ပြီး
စာရင်းတွေကြည့်နေတဲ့ရိပေါ်ခမျာ
ဘေးက ဆိုယွန်းကောင်မလေးပြောမှသိတော့တယ်

"ရှင့်ကောင်လေးမူးနေပြီ "

ဆိုယွန်းကပြန်မလာသေးဘူး
မူးနေတဲ့ရှောင်းကျန့်ကိုအိမ်ပြန်ခေါ်သွားချင်နေပြီ

မိန်ဟွာကသူတို့စောင့်နေပေးမယ်လို့ပြောတယ်
ဒါဆိုသူအိမ်ပြန်လို့ရပြီ

မူးနေတဲ့သူကိုတွဲချီီဖို့ပြင်တော့

သူ့လည်ပင်းကိုလက်ချိတ်ပြီး

"ကလေးလေး ကိုကို ကို့ပွေ့ချီသွား.."

"ဟမ်.."

သွေးတွေအထက်အောက်ပြောင်းပြန်ဖြစ်သွားသလိုပဲ
ခေါင်းထဲမှာ အချက်ပေးသံတွေဆူညံသွားတယ်

မိန်ဟွာနဲ့ရွှမ်ချင်းကတော့ခပ်တိုးတိုးရယ်တယ်

"ကျန့်ကျန့် နင့်ကောင်လေးငါ့ကိုပေးမလား"

"ကလေးလေးကငါ့အပိုင် ရွှမ်ချင်းကျဲ ကျနော်စိတ်မဆိုးချင်ဘူး"

မူးနေပေမယ့်သိသား ရွှမ်ချင်းကတော့အူတက်နေပြီ
ထပ်စရင်ငိုတော့မှာလား..

"ရိပေါ်လေးရေ မြန်မြန်ခေါ်သွားလိုက်တော့
မင်းကိုသဝန်တိုရလွန်းလို့သူငိုတော့မယ် "

ရွှမ်ချင်း လက်နဲ့ပုတ်မှအသိဝင်လာသောရိပေါ်

"ဟုတ် ကျနော်ခေါ်သွားတော့မယ်.."

ဘယ်သူကိုမှဂရုမစိုက်ဘဲ
ပွေ့ချီပြီးထွက်သွားတယ်

ကားပေါ်နေရာချပေးတာတောင်မဆင်းဘူး

"ကျန့်ကော ထိုင်ခုံပေါ်ထိုင်လေ ကျနော်ကားမောင်းရမှာ"

"မင်းကငါ့ကိုမချစ်တော့ဘူးလား ဟင်"

ထငိုသောရှောင်းကျန့်ကြောင့်
ရိပေါ်ပျာသွားတယ်

"မငိုနဲ့နော် ကျနော့်ပေါ်မှာပဲထိုင်
သေချာဖက်ထားနော် ကျနော့်ကို "

ပေါင်ပေါ်လူတင်ပြီးကားမောင်းရတာအဆင်တော့မပြေပေမဲ့
အိမ်ကိုတော့လျောလျောရူရူရောက်လာတယ်

လုဟန်ကအိမ်တံခါးဖွင့်ပေးတယ်
ဘယ်လိုဖြစ်လာတာလဲမေးတော့
ရယ်ပြရုံသာတတ်နိုင််တယ်

အငိုသန်တဲ့အမူးသမားလေး

အိပ်ရာပေါ်ချပေးတော့လည်း
ရိပေါ် ကိုမလွတ်

"မင်းကငါ့ကိုမချစ်တော့ဘူး
မင်းကကောင်မလေးနဲ့စကား​ပြောနေပြီ
ငါ့ကိုဂရုမစိုက်တော့ဘူး"

ရိပေါ်ကတော့ရေသုတ်ဝတ်ယူပြီး
သန့်ရှင်းရေးလုပ်ပေးတယ်
သူကိုယ်တိုင်ရေချိုးပြီး
ကုတင်ပေါ်တက်လာတယ်

အမူးသမားလေးကတော့ငိုလို့ကောင်းတုန်း

"ရိပေါ်ငါ့ကိုမချစ်ဘူး"

"ဘယ်သူပြောတာလဲ မချစ်ဘူးလို့"

"ငါဖက်တာကိုဖြုတ်ချတယ် ရိပေါ်မချစ်ဘူး"

"အခုဖက်လေ စောနကသန့်ရှင်းရေးလုပ်ပေးတာလေ"

စကားဆုံးတာနဲ့ရိပေါ်ကိုယ်ပေါ်တက်လာတယ်

ရီဝေနေတဲ့ရှောင်းကျန့်ဟာ
မီးရောင်အောက်လှပနေတယ်

"ငါသူတို့လိုရင်ဘတ်မရှိဘူး.
ရိပေါ်ကသူတို့တွေလိုဖောင်းကြွနေတဲ့ရင်ဘတ်ကို
ကြိုက်တာလား"

"မကြိုက်ပါဘူး "

"ရိပေါ် ကလေးလေးကငါ့အပိုင်ဖြစ်ကြောင်း
လုပ်ရမယ်."

ခွေးပေါက်စလေးတွေလိုတရူံရူံနဲ့ရိပေါ်မျက်နှာကိုနမ်းတယ်
လည်ပင်းတွေကိုပါထိနေတာကြောင့်
ရိပေါ်မှာရယ်ချင်စိတ်ကိုသည်းခံနေရတယ်
ခပ်နက်နက်ကိုက်လိုက်တဲ့ရှောင်းကျန့်

ရိပေါ်နာသွားပေမဲ့ဘာမှမပြော
ရှောင်းကျန့်ဆံစတွေကိုသာလက်တွေနဲ့ပွတ်သပ်နေတယ်

အမူးသမားလေးကတော့
ရိပေါ်လည်ပင်းနားခေါင်းစိုက်လို့
အသက်ရူမှန်မှန်နဲ့အိပ်ပျော်သွားပြီ

"သဝန်တိုတာ ချစ်ဖို့ကောင်းလိုက်တာ
နောက်တစ်ခါအရက်တွေပဲလှိမ့်တိုက်ရမလား
ကောင်မလေးတွေနဲ့တွဲသွားတွဲလာလုပ်ပြရမလား"

ရိပေါ်ကတော့အမူးသမားလေးကိုဖက်ပြီး
ပြုံးပျော်နေတဲ့မျက်နှာနဲ့အိပ်ရာဝင်တယ်

အမူးသမားလေးကလည်း
အိပ်မက်ထဲမှာကလေးလေးကသူ့အပိုင်ဖြစ်ကြောင်း
လက်သီးလက်မောင်းတန်းပြီးကြွေးကြော်တယ်

ချစ်မိရင်သဝန်တိုကြတာ
လူ့သဘာဝပါပဲ



May 18 2020
© 梅花 白,
книга «DEFINE!».
Коментарі